Wednesday, January 27, 2010

Written Record (1)

၁) မင်းလုပ်ချင်တာတွေကို ဘာကြောင့်လုပ်နိုင်မှာ မဟုတ်ဘူးလို့ ပြောတတ်တဲ့လူတွေ ရှိတယ်။ သူတို့ကို ဂရုမစိုက်ပါနဲ့။

(မှန်တယ်။ မလိုလို့ ပြောတာကို ထားလိုက်ဦး။ ကိုယ့်အကျိုးကို လိုလားပါတယ် ဆိုတဲ့ လူတွေဆီကတောင် စေတနာကောင်းနဲ့ အဲဒီစကားမျိုးကို ပြောတတ်ကြတယ်။ MMRD က MD ဦးမိုးကျော် ရဲ့ အမေကိုယ်တိုင်က
ဦးမိုးကျော် ရန်ကုန်လမ်းညွှန်ကို စလုပ်တော့မယ် ဆိုတော့ မင်းဟာက လိုမှ မလိုအပ်တာ။ ရန်ကုန်မှာနေတဲ့သူတိုင်း ဘယ်နေရာမှာ ဘာရှိတယ် ဆိုတာ အကုန်သိတယ် လို့ ပြောတယ်တဲ့။)

၂) ရှေ့နေကောင်း၊ စာရင်းကိုင်ကောင်းတွေနဲ့ ပေါင်းပါ။

၃) ငါတို့ တတ်နိုင်သမျှ ကြိုးစားပြီးပြီလို့ ပြောတာ အကျိုးမရှိဘူး။
လုပ်သင့်တာကို လုပ်မှ အောင်မြင်မယ်။

၎) Tennis ကစားဖက် ရွေးသလိုပဲ။ စီးပွားရေး လုပ်ငန်းမှာ လုပ်ဖော်ကိုင်ဖက် တစ်ယောက်ရွေးပါ။
ကိုယ် မတတ်တာ တတ်တဲ့ လူတစ်ယောက်ကို ခေါ်ပါ။

၅) ရှေ့နေတစ်ယောက်၊ စာရင်းကိုင်တစ်ယောက်ဆီက စီးပွားရေးလုပ်ငန်းအတွက် ဘယ်တော့မှ အကြံမတောင်းပါနဲ့။ သူတို့ဟာ ပြဿနာ ရှာတတ်တဲ့လူတွေဖြစ်တယ်။ အဖြေရှာတတ်တဲ့လူတွေ မဟုတ်ဘူး။

၆) * ဘဏ္ဍာရေးရှင်းတမ်းတစ်ခုကို ဖတ်တတ်အောင် လေ့လာဆည်းပူးထားပါ။

ရ) * ကိုယ့်ရဲ့ တန်ဖိုးထားမှုတွေနဲ့ သဟဇာတ ဖြစ်တဲ့ အလုပ်မျိုးကို ရွေးချယ်လုပ်ကိုင်ပါ။

၈) * Telephone ထူးတဲ့ အသံဟာ စိတ်လိုလက်ရ ခွန်အားရှိတဲ့အသံ ဖြစ်ပါစေ။

၉) မူလပုံစံ မပျက်ပါစေနဲ့။

၁ဝ) မြန်တာနဲ့ စွမ်းရည်မြင့်တယ်လို့ မထင်လိုက်နဲ့။

၁၁) ကိုယ့် စိတ်သဘောထားကို ကိုယ်ပြန်ပြီး ဆန်းစစ်ကြည့်။ မင်းအကြောင်းနဲ့ ပတ်သတ်လို့ လူတွေ ပထမဆုံး သတိထားမိမှာက မင်းရဲ့ စိတ်သဘောထားပဲ။

(အဲဒါတော့ လက်မခံဘူး။ သူသူကိုယ်ကိုယ် လူတစ်ယောက်ကို စတွေ့တာနဲ့ စိတ်သဘောထားကို နောက်ဆုံးမှ အကဲခတ်မိတာ။ လွန်စရာရှိရင် အဲဒီအချိန်မှာတင် လွန်သွားပြီးပြီ။)

၁၂) ထိုက်တန်ပြီလို့ ယူဆရင် ရာထူး၊ လစာ တိုးပေးဖို့ တောင်းဆိုပါ

***
ကျောင်းပြီးကာစလောက်က ကူးထားမိတဲ့ အာဘော်တွေ။
စာအုပ်နာမည် ရေးမှတ်မထားတော့ မသိတော့ဘူး။
ဘာသာပြန်တာ ခင်မောင်ညို (ဘောဂဗေဒ) ပါ။

သဘောတူတာ မတူတာ၊ ကိုယ့်အယူအဆနဲ့ ကိုက်တာ မကိုက်တာထက် စိတ်ဝင်စားလို့ ကူးထားခဲ့တာပါ။ ကျောင်းပြီးကာစဆိုတာလည်း တက်ကြွတဲ့ အချိန်ကိုး။

* ပြထားတာတွေကတော့ ကိုယ့်အတွက် စဉ်းစားစရာဖြစ်စေတဲ့ အချက်၊ ဒါမှမဟုတ် alert ဖြစ်သွားစေတဲ့ အချက်လို့ (အဲဒီအချိန်က) ယူဆခဲ့တာတွေပါ။ ကျန်နေပါသေးတယ်။

***
ဘာမှ တင်စရာ မရှိတာနဲ့ notebook တွေ ပြန်လှန်ပြီး တင်လိုက်တာ။

***

4 comments:

ဇွန်မိုးစက် said...

Thanks for sharing, Rita. :)

Vista said...

၈) * Telephone ထူးတဲ့ အသံဟာ စိတ်လိုလက်ရ ခွန်အားရှိတဲ့အသံ ဖြစ်ပါစေ။ )
- ( အရင် အလုပ်တုံးက ကိုယ့် ဂျပန် MD က သင်ပေးဖူးတယ်ဖုန်းပြောတဲ့အချိန်မှာ မင်းမျက်နှာကိုပြုံးထားပြီးပြောသင့်တယ်တဲ့။
အဲဒီ အပြုံးဟာ တစ်ဖက်သားဆီကို ကူးစက်သွားမယ်၊
ြ့ပုံးနေတဲ့အတွက် ဒေါသစကားတွေလည်း
မပြောဖြစ်တော့ဘူးတဲ့ ။ဘယ်လိုပြဿနာရှာတဲ့ customer ဖြစ်ဖြစ်ဒီလိုဆက်ဆံရမယ်တဲ့။ ဒါကြောင့်လည်း ဂျပန်တွေ တွေ့ လိုက်ရင် “ဟိုက် ဟိုက်“ နဲ့ ချိုနေတာထင်ရဲ့ ။

Rita said...

ဂျပန်တွေဟာ ပြုံးဖို့မေ့နေတဲ့လူတွေလို့ အိုဆာကာမှာ ကျောင်းတက်နေတဲ့ အစ်မတယောက်ပြောဖူးတယ်။

ကိုယ်ကတော့ ဘာကိုမဆို စိတ်ပါလက်ပါပဲ။ ရန်လိုရင်လည်း စိတ်ပါလက်ပါ။ ဒေါသထွက်ရင်လည်း စိတ်ပါလက်ပါ။ အတက်ခ်လုပ်ရင်လဲ စိတ်ပါလက်ပါ။

ဥပေက္ခာကပြုထားပြီဆိုရင်လည်း အရှင်းပဲ။ ဒီလိုမှ မဟုတ် ဆန့်ကျင်ဘက်လုပ်ဖို့ဆုံးဖြတ်လိုက်တာနဲ့ ကိုယ့်ဘာသာ သေရင်သေသွားပစေ သဘောထားပြီးသားဆိုတော့ ဘာကြီးလာပြောပြောနေနေ ကြောက်မှာလဲ မဟုတ်တော့ စိတ်ပါလက်ပါကို against တော့တာပဲ။

တေဇာရေးတဲ့ တောမီး ဖတ်ဖူးလား။ ဒေါသကို လျှော့လိုက်ပါ ဆိုတဲ့စကားတွေက ဒေါသကို ပိုပို ဆွပေးတယ်ဆိုတာ...

မယုံမရှိနဲ့။ တန်ရာတန်ရာပဲ ပေးတာကောင်းတယ်။

တီချမ်း said...

အလိုတော်
ဘယ်နယ့် အားနေရင် မောင် ကိုကို မရီတာ
တင်အုံးလေ
အကြွေးတွေကျန်နေတယ်နော်

(ကိုယ်ကတော့ မကျန်သလိုလို ဆရာလုပ်ပြောသွားသည်)