Thursday, January 14, 2010

ပြန်တင်ချင်တဲ့ comment တစ်ခု

(ငယ်ရွယ်တဲ့ ရဟန်းပျိုတွေ အနေနဲ့ ကာမဂုဏ် အာရုံတချို့ကို မကောင်းမှန်း သိပေမဲ့ မပယ်ဖျောက်နိုင်သေးတာမို့ မှားယွင်းနိုင်တယ်။ ဒါတွေကို ပြုရုံမျှနဲ့ သာသနာ ပျက်မသွားဘူး။ - စာရေးသူ တစ်ဦး ID ဖြင့် ရေးသည်။)

ဒါဟာ သူတို့ ပုထုဇဉ်မို့ပါ ဆိုပြီး လျော့တွေး ရမယ့် အရာလို့ ကိုယ်တော့ ခုထိ လက်မခံဘူး။
ဘာဖြစ်လို့ ဆိုတော့ လူပုထုဇဉ်မဟုတ်လို့ပဲ။ လူလိုနေချင်ရင် လူဝတ်နဲ့ပဲနေရုံရှိမယ်။
သင်္ကန်းဝတ်ပြီးထားရင်တော့ ရဟန်းလိုကျင့်မှရမယ်။ ဒီလို မကျင့်လို့ သာသနာ မပျက်ဘူး။ မကွယ်ဘူးပြောတယ်။ ဒါဖြင့် ဒီလို ကျင့်တဲ့သူတွေ များလာတာဟာ ထွန်းကားနေတာလား။


ပျက်ခြင်း ကွယ်ခြင်းထိ မရောက်ပေမယ့် ဒါဟာ မထွန်းကားခြင်း တနည်း မှေးမှိန်ခြင်းပဲ လို့ ကိုယ်ကတော့ ယူဆတယ်။ သာသနာကြီးရဲ့ အနှစ်သဘောကောင်းနေတာနဲ့ပဲ ကျန်တဲ့ လူတွေ သင်္ကန်းဝတ်တွေ ဘာလုပ်လုပ် ကောင်းမြဲ ကောင်းဆဲပဲ လို့ ယူဆရင်တော့ ကိုယ်နဲ့ တွေးတာခြင်း မတူတော့ဘူး။

တကယ်တော့ ဘယ်သူမှလည်း ဒါတွေချည်း ခေါင်းထဲထည့်ပြီး အကုသိုလ် ယူမနေဘူး။
လူဆိုတာ ငါငါငါနဲ့ ငါ့အတွက် ကောင်းအောင်ပဲ ဦးစားပေး စဉ်းစားနေကြတာမို့ ကိုယ့်အတွက် ကောင်းရာမွန်ရာ ပေးနိုင်မယ့် လေးစားလောက်သူတွေဆီကိုပဲ ချဉ်းကပ်ကြမှာ။
အဲဒီကိစ္စ ဘယ်သူ့ညွှန်ကြားချက်မှတောင် တကယ်တော့ မလိုအပ်ဘူး။
လူ ဆိုတာ ကိုယ့်အတွက် ကိုယ်တော့ လုပ်တတ်တာချည်းပဲ။
သို့သော် ဆိုခဲ့ပြီးသလို ပြောရေးရှိရင်တော့ ပြောအပ်လှ၏ ပဲ။


အနှစ်ကတော့ သင်္ကန်းဝတ်ရင် ရဟန်းဖြစ်ပြီ။
ပုထုဇဉ်မကလို့ ဘာဖြစ်ဖြစ် လူလိုနေချင်လို့ မရတော့ဘူး။
လူလို နေချင်ရင် လူပဲလုပ်နေဖို့ရှိတယ်။
သာသနာ့ဘောင်ဆိုတာ အသက်မွေးဝမ်းကျောင်းပြုရာအရပ် မဟုတ်ဘူး။
မကွယ်ရုံ မကွယ်တာနဲ့ ထွန်းကားတယ်ပြောတာနဲ့လည်း တကယ်တော့ တွေးကြည့်လေ မဆိုင်လေပဲ။

***
ပြန်တင်ချင်လာလို့ တင်လိုက်ပါတယ်။
ဒီကိစ္စ မပြီးသေးတာတော့ မဟုတ်ဘူး။
ဒါပေမဲ့ comment ထဲမှာ မထင်မရှားဖြစ်နေလို့၊ post ဖြစ်စေချင်လို့ ပြန်တင်တာပါ။

ဒီလိုမျိုး post ဖြစ်အောင် ပြန်တင်ခဲ့တဲ့ comment တွေ ရှိပါတယ်။

***

5 comments:

အရှင်ဝိသုတ said...

မရီတာ ရေးထားတာတွေအာလုံးကိုဖတ်သွားတယ်.နားလည်တာရှိသလို နားမလည်တာလည်းရှိ၏၊ ပြန်တင်ချင်တဲ့ comment တစ်ခုကိုတော့သေသေချာချာ ဖတ်ဖြစ်ပါတယ်၊ ဘာကိုဦးတည်ပီ ဘာကိုရည်ရွယ်ချက်ထား ရေးမှန်း မသိရိုးအမှန်ပါ.ဒါကြောင့် ကွန်မန့်ပေး တာများ ဦးတည်ချက်နဲ့ လွဲသွားရင် ခွင့်လွတ် ပါ.မရီတာပြောတဲ့အနှစ်ကတော့-----ဆိုတဲ့ဟာက ဒီနေရာမှာ ကွန်မန့်ပေးမဲ့ အနှစ်နဲ့တော့ တချို့မ တူပါဘူး.
အနှစ်ကတော့ ------ရဟန်းတိုင်းသက်န်ဝတ်ပီ၊ သင်က်န်းဝတ်တိုင်းရဟန်းမဟုတ်ပါ။

Anonymous said...

အို..အသိဥာဏ်နည်းပါးလိုက်တာ ။ "သင်္ကန်းဝတ်ရင် ရဟန်းဖြစ်ပြီ။" တဲ့...ဒေါ်ရီတာရယ်..စာတွေဖတ်လာသမျှ ဒီတစ်ချက်ကတော့....ခေါင်းမာနေမဲ့အစား၊ ပြန်ရန်မူနေမဲ့အစား သေချာ စဉ်းစားစေချင်မိပါတယ်။ သင်္ကန်းကို ခါးမှာ ပတ်တိုင်း ရဟန်းမဖြစ်နိုင်ပါဘူး၊ ရဟန်းတိုင်းကတော့ သင်္ကန်းဝတ်ကြပါတယ်။ နားလည်နိုင်ပါစေ....

Rita said...

ဦးဇင်း ကို သေချာပြန်မလို့ပါ။ ရုံးမှာမို့ ခု မပြန်ဖြစ်သေးပါ။ ညကျမှ email ပို့ဖြစ်ရင် ပို့၊ ဒါမှ မဟုတ်လဲ gtalk ကနေ ပြောပါမယ် ဘုရား။ ဦးဇင်းကို မေးစရာလည်း ရှိသေးတာကြောင့်ပါ။

Rita said...

Anonymous << မှန်တယ်။
အဲဒါကြောင့် ရဟန်းလို့ မသုံးဘဲ သင်္ကန်းဝတ်လို့ ကိုယ် တောက်လျောက် သုံးလာတာရော မြင်မိပါသလား။

ဒါကြောင့်မို့ ပြောခဲ့တာ။
ရဟန်းလို မကျင့်ချင်ဘဲ လူလိုကျင့်နေချင်ရင် သင်္ကန်းကို ဝတ်မနေသင့်ဘူး။ လူလိုပဲ နေသင့်တယ်။
ရဟန်းအသွင်ယူရင် ရဟန်းလို ကျင့်သင့်တယ်။

သာသနာ့ဘောင်ဟာ အသက်မွေးဝမ်းကျောင်း ပြုရာ အရပ်မဟုတ်ဘူး။

ကိုယ်ဘာကို ဆိုလိုတာလဲ ဆိုတာ (ခေါင်းမာနေမဲ့အစား၊ ပြန်ရန်မူနေမဲ့အစား သေချာ စဉ်းစားစေချင်မိပါတယ်။ နားလည်နိုင်ပါစေ။) << လက်ညောင်းလို့ Anonymous ရေးထားတာပဲ ပြန်ပြီး copy လုပ်ပေးလိုက်တယ်။

(သင်္ကန်းဝတ်ပြီးထားရင်တော့ ရဟန်းလိုကျင့်မှရမယ်။) လို့ ရေးထားတာကိုရော နားလည်ပါသလား။ ဘာကြောင့်ပဲ ဝတ်ဝတ် သင်္ကန်းဝတ်ပြီးထားရင်တော့ ရဟန်းလိုကျင့်မှ သင့်တော်မယ် လို့ ဆိုလိုတယ်။ မကျင့်ရင် ဘာဖြစ်မလဲ။ သာသနာကို စော်ကားရာကျတာပေါ့။ နားလည်မိပါသလား။

မလည်ဘူး ဆိုရင် အပေါ်ဆုံးက ပြောထားတဲ့ စကားလုံးကို ကိုယ့်ဘာသာ ပြန်ပြောလိုက်ပါ။
(အို..အသိဥာဏ်နည်းပါးလိုက်တာ) << တော်ကြာ ဘာကို ပြောမှန်း မသိ ဖြစ်နေဦးမှာ မြင်ယောင်လို့ copy ပဲ ကူးပေးလိုက်ပါတယ်။

:)

Anonymous said...

ခင်ဗျားလို ဂေါက်တောက်တောက် မျက်နှာပေးနဲ့ စုတ်ပြတ်တဲ့အတွေးခေါ်တွေနဲ့ အခုလို ပို့စ်တွေ ရေးတင်နေတာ ကိုယ့်ကိုကိုယ် ဘယ်ကို သွားတော့မယ်ဆိုတာ သတိထားမိပါသလား...။ စာများများဖတ်ပါ။ ဖတ်ပြီးလည်း တွေးခေါ်ပါ။ ခင်ဗျား ဦးနှောက် မီးခြစ်ဆံလောက်နဲ့ လိုက်တိုင်းတာ တွေးမနေဖို့ အကြံပေးချင်ပါတယ်။ ဒီကွန်းမန့်ကိုလဲ ခင်ဗျားလူအထင်ကြီးအောင် တင်ထားတဲ့ သတ္တိနှင့် တဖက်သားအပေါ် စဉ်းစား ချင့်ချိန်နိုင်စွမ်းတို့ ဟန်ချက်ညီနေခြင်းပင် ဖြစ်သည်..ဆိုတဲ့အတိုင်း .. ကိုယ့်ကိုကိုယ် ပြန်ချင့်ချိန်နိုင်ဖို့ တင်ရဲရင် တင်ကြည့်လိုက်ပါဗျာ။ ကွန်းမန့် များများ ရချင်ရင် တခြားနည်းနဲ့ လှုပ်ရှားပါ။ သာသနာတော်တွေ..ဂမ္ဘီရပညာတွေ မပါလာရင် ကောင်းမယ်ဗျာ.။ စေတနာဗရပွနဲ့ အကြံပေးတာတော့ မဟုတ်ဘူး။ ခင်ဗျားလို ဂေါက်တွေများလာရင် ဂေါက်သီးဂိုဏ်း ဖြစ်သွားမှာ စိုးလို့ပဲ။ ခင်ဗျား ဘယ်သူဆိုတာ .. သိပ်မလိုတော့ပါဘူး။