Monday, January 25, 2010

သစ္စာနီ - သံသရာ

သံသရာ

သူတို့... ဘာမှမတော်ကြပါဘူး။
သူတို့ မျက်နှာတွေက ခပ်ဆင်ဆင်

သူတို့ စကားလုံးတွေက ခပ်ဆင်ဆင်
သူတို့ ကောင်းကင်တွေက ခပ်ဆင်ဆင်

တစ်ယောက်ရဲ့ မျက်ရည်ကို
တစ်ယောက်က မီးလှုံကြ
တစ်ယောက်ရဲ့ အိပ်မက်ကို
တစ်ယောက်က ထွန်ယက်ကြ
တစ်ယောက်ရဲ့ ပင်လယ်မှာ
တစ်ယောက်က သောင်ထွန်းကြ
တစ်ယောက်ရဲ့ အသည်းနှလုံးကို
တစ်ယောက်က ဘာသာပြန်ကြ။

သူတို့... ဘာမှမတော်ကြပါဘူး
ကံက ကံမကောင်းဘူးတဲ့
လမ်းဟာ လမ်းပျောက်နေတယ်တဲ့

သူတို့... ဘာမှမတော်ကြပါဘူး။

***

မနေ့က post အဟောင်းတွေ ပြန်ဖတ်ရင်းနဲ့ တွေ့ခဲ့ရတဲ့ ကဗျာ။
ဖတ်တုန်းက စိတ်မဝင်စားဘဲ အမှတ်တမဲ့ ဖတ်ခဲ့မိတာ သေချာတယ်။
ပြန်ဖတ်မိတော့ ဖတ်ခဲ့ဖူးတယ်ဆိုတာတောင် သတိမရတော့ဘူး။

မနေ့ကတော့ အဲဒီဘလော့
က နောက်ဆုံး post ကို ဖတ်ပြီး၊ post အဟောင်းတစ်ခု ရှာရင်းနဲ့ အမှတ်မထင် ပြန်တွေ့တာ။ ဖတ်ဖတ်ချင်း တန်းခနဲ ပဲ မြင်သွားလိုက်တာ။ ထူးပဲထူးဆန်းသေးတော့...

ဘာကိုလဲ လို့ လာမမေးကြနဲ့။ လုံးဝ ဖြေမှာ မဟုတ်ဘူး။


အဲဒီအကြောင်းတွေ လုံးဝ မပြောရတော့ဘူး လို့ တစ်ချက်လွှတ်အမိန့် ထုတ်ထားခံရလို့။
:)

အဲဒီခေါင်းစဉ်အတိုင်းတပ်လို့ လွန်ခဲ့တဲ့လကမှ စိတ်ထဲကနေ ရေးထားတဲ့ ကဗျာတစ်ပုဒ်ပါ ရှိသေးတယ်။ ခေါင်းစဉ်က တမင်တူအောင် ပေးထားတာ မဟုတ်ဘဲ idea ကိုက တူနေတာ။
တင်ပါလားလို့ လာမပြောကြနဲ့။ လုံးဝ တင်မှာ မဟုတ်ဘူး။
အဲဒီအကြောင်းတွေ လုံးဝ မရေးရတော့ဘူး လို့ တစ်ချက်လွှတ်အမိန့် ထုတ်ထားခံရလို့။

:)

***
ကိုယ် ပထမဆုံး ဖတ်ဖူးတဲ့ လုံချင်း (မောင်စိန်ဝင်း - ပုတီးကုန်း ရဲ့ ပန်းခြွေတဲ့နွေ နှင်းဝေတဲ့ဆောင်း) မှာ ကဗျာသမားတွေ စုဆုံကြတော့ ဆရာဇော်ဂျီရဲ့ ဗေဒါလမ်း ကဗျာ အကြောင်း ပြောထားကြတဲ့ ဇာတ်ကွက်လေး ပါတယ်။ ဇာတ်ကွက်ဆိုပေမယ့် တကယ် စာရေးဆရာကိုယ်တိုင် ကြုံလာခဲ့တဲ့ ဇာတ်ကွက်အစစ် ဖြစ်မယ်ဆိုတာ သေချာပါတယ်။

လိုရင်းကတော့ အဲဒီ ကဗျာကို ရှုထောင့်အမျိုးမျိုးက ကြည့်လို့ ဘာကိုရေးထားတာပါလို့ သန်ရာသန်ရာ အဓိပ္ပါယ်ဖွင့်ကြတာကို ပြောထားတာပါ။ တချို့ကလည်း လောကဓံကို ဖွဲ့တာပါပေါ့။ တချို့ကလည်း ဒါ တရားသဘောနဲ့ ကြည့်ရင် ဘယ်လိုပါပေါ့။

အဲဒီမှာ ဆရာဇော်ဂျီက ပြုံးပြီး ပြန်ပြောတာက...
မြစ်ထဲ သင်္ဘောစီးရင်း ငါ မြင်တာကို ငါ ရေးလာတာပါ တဲ့။

***
ဒီမှာ မူရင်း post ပါ။

***

9 comments:

Nay Nay Naing said...

ကဗျာကောင်းတယ်။ ဒါနဲ့ ဒီပို့ စ် ဖတ်ပြီးပြီးချင်း သိချင်သွားတာက တစ်ချက်လွှတ်အမိန့် ထုတ်တာ ဘယ်သူလဲဆိုတာပါပဲ။ ;) နှစ်ခေါက်ဆို ပိုမှတ်မိသလို နှစ်ခါဆိုတော့ ပိုသိချင်သွားတော့တာပေါ့။

Vista said...

မနေနေ ကလည်း မေးစေချင်လို့ နှစ်ခါထပ်ရေးထားတာကို
ကျနော်ဆို မသိချင်ယောင်ဆောင်နေတာ မမေးဘူး။

JulyDream said...

ကိုယ်မြင်တာ ကိုယ်ခံစားမိတာ ကိုယ်တွေးမိတာ.. အဲဒါတွေကို ဘလော့မှာ ရေးတင်မိတယ်။ အဲဒီလို ရေးချင်တာ ရေးထားတာကို ဘာကြောင့်ရေးတယ် ဘယ်သူ့ကို ဦးတည် ပြောနေတာလဲ။ ဘာအဓိပ္ပါယ်လဲ ဆိုတာ လာလာမေးရင် ကျွန်တော်မှာ တကယ်မရှိတဲ့ ကျွဲမြီးတိုပါတယ်။ ဖတ်ပြီးရင် နားလည်သလို ဘာသာပြန်လိုက်ပေါ့။ အဖြေတိုက်ပေးရအောင် စာမေးပွဲ စစ်နေတာလည်း မဟုတ်ပြန်။ တချို့တလေများ ခက်လှပါပြီ။

JulyDream said...

ကွန့်မန့်က ပို့စ်ထဲမှာ ပါလာတဲ့ ...
ဆရာဇော်ဂျီက ပြုံးပြီး ပြန်ပြောတာက...
မြစ်ထဲ သင်္ဘောစီးရင်း ငါ မြင်တာကို ငါ ရေးလာတာပါ တဲ့။
... စာသားကို ဖတ်မိရင်း သဘောကျလို့ ပေးခဲ့တဲ့ ကွန့်မန့်ပါ။ တခြား အကြောင်းအရာတွေနဲ့ မသက်ဆိုင်ပါဘူး။

ကြိုတင် ရှင်းပြထားတာပါ။ အိုးမလုံတာတော့ မဟုတ်ပါဘူး။ ပညာအလွန်တတ် အရူးကြီး (အထီးအမ) တွေနဲ့ မပတ်သက်ချင်လို့ ရှင်းအောင် ပြန်ရေးတာပါ။

khin oo may said...

နောက်မမေးတော့ပါဘူး ဂျုလိုင်။

တီချမ်း said...

သူမ ဘာမှ မတော်ပါဘူး
သူမ ဘာမှမသိပါဘူး
တော်တယ်ထင်သလောက်တောင်
တကယ်ကမတော်ပါဘူး
မတော်ဘူးဆိုပြန်တော့လဲ
နည်းနည်းတော့ တော်တယ်ထင်ပါတယ်
ခွင့်ပြုချက်မလိုပါဘူး
ရေးခွင့်ပြုပါတယ်
ရေးခွင့်ပြုလိုက်ပါတယ်
လွတ်လပ်စွာပြောရေးဆိုခွင့်လို့ဆိုတယ်မှလား
မ“ဟင်”သေးသ၍ပေါ့လေ
သူမဘာမှမတော်ပါဘူး
စကားပြောတော်တာပါ

ဇွန်မိုးစက် said...

အပေါ်က ကဗျာ သုံးခေါက်မြောက် လာဖတ်သွားတယ်။ ကဗျာဆရာ ဆိုလိုရင်းကို ကြိုးစားပြီး ဘာသာပြန်နေတယ်။ အထူးသဖြင့် နောက်ဆုံးအပိုဒ်...။

ရီတာ...ခေါင်းစဉ်အတိအကျ သိရပြီ။း)
'ခြေမစုံ လက်မစုံ ကျွန်တော့်ဘဝ အတွေ့အကြုံ' by ရဲမြလွင်

Moe Tain Nyo said...

ကျွန်တော်လည်း မျိုးစုံလျှောက်စဉ်းစားကြည့်နေတာ။ အဓိပယ်ကို။

ADDRESSEE said...

idea တူတယ်ဆိုလို့ သစ္စာနီ ရေးတဲ့ကဗျာလဲ ခုဖော်ပြထားတဲ့ကဗျာနဲ့ ထွန်းဝေမြင့် ရေးတဲ့ကဗျာနဲ့ idea ခြင်း တူနေတယ်နောက် အစ္စရေးကဗျာ ဆရာ Pinina Amit ရဲ့Idea နဲ့ သွားဆင်နေပြန်ရော ထူးတော့ထူးဆန်းတယ်