Friday, November 7, 2008

Newborn President!

http://www.youtube.com/watch?v=Jll5baCAaQU


ဘာရယ် ညာရယ်တော့ မဟုတ်ပါဘူး
နိုင်ငံတကာရေးရာလည်း စိတ်မ၀င်စားအားတာ တော်တော်ကြာပေါ့ (ပင်ကိုကလည်း စိတ်မပါတာ တစ်ကြောင်း)

ခုလတ်တလော blog တွေ မသွားလိုက်နဲ့
သွားလိုက်တာနဲ့ Obama အကြောင်းပဲ တွေ့တွေ့ နေတော့ နဲနဲတော့ စိတ်ယိုင်သွားသား
ဒါနဲ့ သူ့အကြောင်းကို Wiki မှာ အရင်ဆုံး ရှာကြည့်မိတယ်
ပြီးတော့ အခု You Tube ပေါ့

စကားပြောတော့ တော်တော် ကောင်းတာကိုး
ရှေ့နေဖြစ်ဖို့ကို မွေးလာတဲ့ လူမျိုးပဲ

Michelle Obama ကိုညွှန်းသွားတာပဲ ကြည့်တော့
My best friend for the last 16 years... Wife of my family... Love of my life... Nation's First Lady တဲ့ (Listening ညံ့လို့...မှားနေရင်လည်း ပြင်ပေးပါ)

သူ့ အမျိုးသမီးရဲ့ support တွေ မပါဘဲ သူ ဒီည ဒီမှာ ရပ်ပြီး စကား ပြောနိုင်မှာ မဟုတ်ပါဘူးတဲ့ (ကိုယ်သာဆိုရင်တော့ နေရာမှာတင် အရေပျော်ပြီ)
လန်ထွက်နေတာပဲ စာရေးဆရာပါ လုပ်ဖို့ကောင်းတဲ့လူ...

ကိုယ်တော့ အမေရိကန် သမ္မတထက် အမေရိကန်တွေကိုပဲ ပိုပြီး အားကျတယ်
ဘယ်လောက် လွတ်လပ်သလဲ
ကိုယ်တင်ချင်တဲ့လူ တင်ရုံပဲ
ဘယ်တွန်းအားမှ မပါ... ဘယ်လို လက်တစ်လုံးကြားမှ မပါ
Michelle Obama နေရာမှာ ကိုယ်ဆိုရင်တော့ သူ သမ္မတ ဖြစ်သွားတာထက်
ကိုယ် သမ္မတကတော် ဖြစ်ရတာကို ပိုပြီး ပျော်မိမှာပဲ :P

(ေ
သြာ် ခဏလေးပဲ ဖြစ်ဖြစ် First Lady ဖြစ်ကြည့်ချင်လိုက်တာ)

3 comments:

Anonymous said...

အောင်မာ အောင်မာ first lady က ဖြစ်ချင်သေးတယ်ပေါ့လေ ပြောင်းပြန် lady first ပဲရမယ် ဟဲဟဲ

byakga said...

စာရေးဆရာလည်းလုပ်ပါ့ဗျား.. Dream From My Father ဆိုတဲ့စာအုပ် အင်တာနက်မှာ အလွယ်တကူရှာလို့ရပါတယ်။

မောင်ရှင်းသန့် said...

လွတ်လပ်စွာရွေးချယ်ခွင့် !
တွန်းအား ( အတင်းအဓမ္မ )
လက်တစ်လုံးကြား !

အင်း...........
၂၀၁၀