Sunday, November 2, 2008

မင်း နဲ့ ကိုယ်




မင်းက ကိုယ့်ရဲ့ ကော်ဖီ တစ်ခွက်ပါ

လေးလံ ထိုင်းမှိုင်းမှုတွေကို

ချေဖျက်ပေးသယောင်နဲ့

Caffeine ဓါတ် များများ

ရင်ခုန်မှုတွေသာပေးထားခဲ့တာ...

*
မင်းက ကိုယ့်ရဲ့ အိပ်မက်ချိုပါ

ပျော်ရွှင် ယစ်မူးစေခဲ့သလောက်

မနက်ခင်းကိုလဲ ရောက်ရော

ကိုယ်ကြောက်တဲ့ အလွမ်းတွေနဲ့ပဲချန်ထားရစ်ခဲ့တာ...

*

မင်းက ကိုယ့် နံနက်ခင်းရဲ့ အလင်းရောင်ပါ

မပိုင်ဆိုင်ရရင်တောင်...

အငွေ့ အသက်နဲ့တင်ရှင်သန်ခွင့်ရချင်ရဲ့ ...

*

ကိုယ်က အနန္တ စကြ၀ဠာပါ

ရင်ခွင်ထဲမှာရှိတဲ့ အလင်းပွင့်တွေက

မင်းအတွက် ချစ်ခြင်းတွေကို

ကိုယ်စားပြုရင်း ဖန်ဆင်းခဲ့တာပေါ့...

*

ကိုယ်က မဟာ သမုဒ္ဒရာပါ

မင်းအတွက် အချစ်တွေက

ရင်ထဲမှာ အရှိန် ပြင်းပြင်းနဲ့

သိမ်မွေ့ လှပစွာ စီးဆင်းခဲ့တာပေါ့...

*

ပြီးတော့...

ကိုယ်ဟာ မင်းပါ...


(about Feb 1999)


3 comments:

ဖြိုးဝေတိုး said...

ကဗျာလေးတွေကောင်းတယ်နော်..
ဆက်ရေးပါအမ.. အားပေးနေပါတယ်

Anonymous said...

ကဗျာလေး အတွေးကောင်းတယ် အရေး လဲ ကောင်းတယ် များများရေးနော် ညီမလေး

Anonymous said...

ကော်ဖီတစ်ခွက် Caffeine ဓါတ် များများနဲ့ အိပ်မက်တစ်ချို့ကို သောက်သုံးပြီး နံနက်ခင်း လင်းရောင်တွေရဲ့ အောက်မှာ စကြာဝဠာကို တစ်ပတ်ပတ် .. မဟာ သမုဒ္ဒရာဆိုတဲ့အထဲ ငြိမ့်ငြိမ့်လေး စီးဆင်းလိုက်ချင်မိပါရဲ့ ....

ကဗျာ တစ်ပုဒ်လုံးမှာ အဆုံးသတ် ပိတ်သိမ်းသွားတဲ့ " ပြီးတော့.....ကိုယ်ဟာ မင်းပါ... " ဆိုတဲ့ စကားကိုတော့ အနှစ်သက်မိဆုံးပါပဲ ...