
ချစ်သူ…
မနေ့တနေ့ကလိုပဲနော်…
မင်း ကိုယ့်ကို ကြည့်တဲ့ အကြည့်တွေက
ဒီမျက်လွှာတွေကို ညှို့ချ
ဘယ်တော့မှ အနိုင်မရစေခဲ့ဘူး…
*
ဘာမှ မပြောင်းလဲဘူး ချစ်သူ…
ဒီလို အကြည့်တွေနဲ့ပဲပေါ့…
ကိုယ့်ခြေလှမ်းတွေရဲ့ အသိမ်း အနုတ်ကို
အဝေးကတောင် ထိန်းချုပ်နိုင်ခဲ့တယ်…
*
အရင်အတိုင်းပါပဲ…
ဒီမျက်ဝန်း အကြည့်တွေက
ခံစားမှုတွေ နိုးထစေလို့
မင်း နဲ့ ကိုယ့်ရဲ့အကြောင်း
မဟောင်းသေးဘူးပဲ ထင်မိတယ်…
(ကိုယ် ဘယ်တော့မှ မနိုးထချင်ခဲ့တဲ့ အိပ်မက် တစ်ခု အကြောင်း)
No comments:
Post a Comment