Sunday, October 19, 2008

Love is...


အချစ် ဆိုတာ ထွန်းညှိလိုက်တာပဲ


လင်းပ လာမယ်
ပူလောင် လိမ့်မယ်
တစိမ့်စိမ့် အရည်ပျော်ပြီး
ကျွမ်းမြေ့ သွားမယ်

လေတိုက်ရုံနဲ့ ငြိမ်းလွယ်တယ်

(မှတ်ချက်။ ။ ကဗျာ မဟုတ်ပါ)

2 comments:

စိုးဇေယျထွန်း said...

လေတိုက်ရုံနဲ့ ငြိမ်း လွယ်ရင် အဲဒါ အချစ်စစ်မဟုတ်ဘူး

Anonymous said...

စာရေးသူက အဆုံးသတ်ကိုတော့ ရေးမသွားဘူး ... သူရေးထားတာ လင်းပလာတယ် .. ပူလောင်လိမ့်မယ် .. ကျွမ်းမြေ့သွားမယ် ... လေတိုက်ယုံနဲ့ ငြိမ်းလွယ်တယ် .... ပြီးတော့ကော .... အချစ်ဆိုတာ ထွန်းညှိလိုက်တာဆိုရင် သူ့ရဲ့ နောက်ဆက်တွဲ မှာပါလာမယ့် အဆုံးသတ်ရလာဒ်ကိုတော့ ရေးရမယ် .. ဒါပေမယ့် အဲဒါကို စာရေးသူက ဖော်ထုတ်မထားဘူး ... အဲဒါလေးက ကဗျာမဟုတ်ပါဘူးလို့ ပြောထားတဲ့ ဒီစာကြောင်းလေးတွေရဲ့ အသက်ပဲ .... အဆုံးသတ်ကို ဖော်ထုတ်မယ့် အစား လေတိုက်ယုံနဲ့ ငြိမ်းလွယ်တယ် ဆိုတာနဲ့တင် စကားကို ရပ်ထားတယ် .. ဒါက ဘာကိုဆိုလိုတာလဲ ??? ဖြစ်နိုင်ချေရှိတာကတော့ စာရေးသူရဲ့ စိတ်ထဲမှာ ထွန်းညှိလိုက်ပေမယ့် ဘယ်တော့မှ စိတ်သုန်းမသွားခဲ့သေးတဲ့ ခံစားချက်တစ်ခုခု ရှိနေလိမ့်မယ်လို့ ထင်မိတယ် ... အဲလိုများ ဖြစ်နိုင်မလား .. ??