Thursday, October 9, 2008

အချစ်ရှိတဲ့...သူ




ပေါ့လွင့်တဲ့ ငှက်တောင်မွေးကလေးလို


လေညင်းလေး တချက် ဝှေ့လိုက်ရုံနဲ့တင်


မြင့်တက် မြောက်ကြွ သွားတော့မယ်...


*

ဆောင်းဦးရာသီရဲ့ ရော်ရွက်ဝါကလေးလို

လေပြည်လေး တချက် ထိခတ်လိုက်
ရုံနဲ့တင်

ကြွေကျ သက်ဆင်း သွားနိုင်တယ်...


*

ပြတင်းတံခါးက ဇာခန်းဆီးကလေးလို


လေအေးအေး တချက် ဖြတ်တိုက်လိုက်
ရုံနဲ့တင်

တလွင့်လွင့် လှုပ်ရှား သွားတော့မယ်...


*

အို......နောက်ဆုံးတော့ကွယ်...


သစ်ရွက်ဖျားမှာ ခိုတွဲနေတဲ့ နှင်းပေါက်ကလေးလို


နေရောင်ခြည်က ညင်သာသာ ရှိုက်နမ်းရုံနဲ့တင်


ရှက်အမ်းစွာ လွင့်ပါးပျောက်ကွယ်...
...


သူမရဲ့ ဖြစ်တည်မှုတွေ ရပ်စဲရလိမ့်မယ်...

*
(May 2000)

(ပြန်ဖတ်မိတိုင်းမှာ ရေးနေစဉ် အချိန်က ခံစားမှုတွေကို အဲဒီအချိန်ကအတိုင်း ပြန်ခံစားနိုင်တဲ့ တစ်ပုဒ်တည်းသော ကဗျာ)

3 comments:

Anonymous said...

အချစ်သင်ရိုးညွှန်းတမ်း Text book တစ်အုပ် ထုတ်ချင်တယ်ဗျာ ... ကဗျာ တစ်ပုဒ်လည်း ထည့်ချင်တယ် ... " အချစ်ရှိတဲ့ သူ " ဆိုတဲ့ ကဗျာကို သင်ရိုးမာတိကာရဲ့ ရှေ့ဆုံးမှာ ထည့်မယ် ... :D

တီချမ်း said...

အော် ချစ်တတ်လိုက်တာနော်
ကံကောင်းတဲ့မောင်ပါလား
ကိုယ်ကတော့ အချစ်ကိုမယုံ
အဲ့ဒီစာအုပ်ထွက်ရင် ၀ယ်ဖတ်မယ်
သင်တန်းဖွင့်ရင် လဲလာတက်မယ် နော်
ကိုနေဒေး

Thandar Lwin said...

Hello Rita;

R u in Sg? I donated Gone with the wind part1 & 2 by Mya Than Tint and Sakarlet by Tin Maung myint to Lan Pya Kyal.If u in Sg, go & borrow it.