Friday, October 10, 2008

အချစ်ရှိတဲ့...သူ (၂)



လှိုင်းကြမ်းတဲ့ ပင်လယ်ထဲက

ရေခဲ ကျောက်ဆောင်တစ်ခုလို

အပေါ်ယံငြိမ်သက်တည်တံ့နေရပေမယ့်

အတွင်းဘက်မှာသေမလောက်လဲ တိုက်စားခံရမယ်…

*

ပစ်ကွင်းထဲက ပစ်မှတ်တစ်ခုလို

အဝေးမှာ မတ်မတ်ရပ်နေရပေမယ့်

မြောက်မြားစွာသော မီးပွင့်တွေရဲ့

ထိခတ် တိုက်ခိုက်မှုကိုလဲ ခံရမယ်…

*

ရစ်ပတ်ချည်နှောင်တတ်တဲ့

အစဉ်အလာဟောင်းတွေရဲ့ တဖက်မှာ

ကြိုးကွင်းတွေ အထပ်ထပ်ကို

ရုန်းထွက်ဖို့လဲကြိုးစားရလိမ့်မယ်…

*

ဒါပေမယ့်…တောက်လောင်နေတဲ့ မီးလျှံတစ်ခုလို

ပြင်းထန် ပြတ်သားတဲ့ ချစ်ခြင်းတရားတွေနဲ့

အရာရာကို လောင်ကျွမ်း ပျက်သုဉ်းစေပြီး

အဆုံးသတ်မှာ… သူအနိုင်ယူလိမ့်မယ်…

1 comment:

Anonymous said...

ခေါင်းစဉ်ကိုကြည့်ပြီး စာမဖတ်တတ်တဲ့ သူတစ်ယောက်အတွက် စာသားတွေကနေ တစ်ဆင့်ဆိုလိုရင်းကို အဦးဆုံးခံစားကြည့်မိတယ် ...

ကိုယ့်ကိုယ်ကိုယ် ပြန်မြင်နေခဲ့ရသလိုပါပဲလား ...

စကားလုံးတွေရဲ့ အဆုံးသတ်မှာ အနားသတ်ပုံရိပ်တွေ အစီအရီနဲ့ ... အချစ်ရှိတဲ့သူ ... အချစ်ရှိတဲ့သူ ....