Friday, February 18, 2011

အမှတ်တရလေးများ



အမှတ်တရလေးများ (တေးရေး - ဒေါမနစ် ၊ တေးဆို - မီးမီးခဲ)

မင်းပေးတဲ့ စံပယ်ဖြူပွင့်တွေလည်း နွမ်းခြောက်သွားခဲ့ပေမယ့် ရင်မှာမွှေးနေဆဲ

မင်းစိုက်ခဲ့ စံပယ်ရုံသစ်ပင်လည်း ကြီးရင့်သွားခဲ့ပေမယ့် ဖြူစင်မွှေးနေဆဲ
မင်းပြောတဲ့ ပုံပြင်လေးတွေလည်း ရင်မှာ ကြားယောင်ဆဲ
မင်းရေးတဲ့ ကာရန်လေးတွေလည်း တချို့တဝက် မရှိတော့ပေမယ့် ငါ ဆိုညည်းနေဆဲ
မင်းနမ်းတဲ့ နေရာပါးပြင်လည်း ခြောက်သွေ့သွားခဲ့ပေမယ့် ဒဏ်ရာဖြစ်နေဆဲ
မင်းချစ်တဲ့ ထိုင်ခုံလေးမှာလည်း ငါ ထိုင်ငေးနေဆဲ
မင့်အိပ်မက် မျှော်လင့်ခြင်းတွေလည်း မပြီးဆုံးသွားခဲ့ပေမယ့် ငါ တည်ဆောက်နေဆဲ
မင်းနင်းတဲ့ ခြေရာလေးတွေလည်း ပျောက်ပျက်သွားခဲ့ပေမယ့် ဖွေရှာ ငေးနေဆဲ
မင်းကမ်းတဲ့ အကြင်နာလက်တွေလည်း လှမ်းဆုတ်မရတော့ပေမယ့် ရင်မှာ တမ်းတဆဲ
မင်းသွားတဲ့ နေရာလေးတွေလည်း ငါ ရောက်သွားတတ်ဆဲ
မင်းအိပ်ခဲ့ ကမ္ဗလာစက်ရာလည်း အေးစက်သွားခဲ့ပေမယ့် ရင်မှာ နွေးနေဆဲ

***
'95 လောက်တုန်းက ဒေါမနစ် စီးရီးစ်တခွေထွက်တော့ အဲဒီသီချင်းနဲ့ ကြော်ညာခဲ့တာကို မှတ်မိနေတယ်။ ဒီသီချင်းကို ကြိုက်ပေမယ့် အဲဒီအခွေကိုတော့ မဝယ်ဖြစ်လိုက်ဘူး။ နောက်တော့ မေ့သွားရော။

city FM ကို ရုံးမှာ နားထောင်ဖြစ်တဲ့အချိန် မီးမီးခဲ ပြန်ဆိုတာကြားတော့ ချက်ချင်းပဲ မှတ်မိသွားတယ်။ ပျောက်သွားတဲ့ ပစ္စည်းတစ်ခု ပြန်တွေ့ရသလိုပဲ။ နားထောင်ရခဲတဲ့ သီချင်းတွေ ပြန်ရှာတွေ့ရတာ သိပ်ဝမ်းသာစရာကောင်းတယ်။

ညက facebook မှာ တင်တော့ ရွယ်တူချင်းတွေက သိကြတယ်။
သူငယ်ချင်းတယောက်ကတော့ အဲဒီသီချင်းကို ဘိုဘို လည်း ပြန်ဆိုထားသေးတယ် ပြောတယ်။

***
ခုတလော အမှတ်တရ (ဂျူး) ကို စိတ်ကူးနဲ့ ပြန်ရိုက်နေရင်း၊ ဇာတ်ဝင်သီချင်း ရှာနေမိတယ်။
(မှတ်ချက်။ မင်းသား မင်းသမီး ရှာမရသေး။ ဒါရိုက်တာတော့ ရပြီ)

တွေ့ရသလောက်ကို စာရင်းလုပ်ထားတဲ့ထဲ ဒီသီချင်းပါတယ်။
နောက် ဟိုးးး အရင်က သန္တာဦး ဆိုတဲ့
အမှတ်တရ သီချင်းရယ်။ အဲဒီသီချင်း မီမီဝင်းဖေ ပြန်ဆိုထားတာတွေ့တယ်။

ဇာတ်ကားတစ်ကားမှာ ဇာတ်ဝင်သီချင်း၊ နောက်ခံတေးဂီတတွေလည်း အင်မတန် ပို့ပေးနိုင်တယ်လို့ ထင်မိတယ်။ စကားမစပ် ဇာတ်လမ်းအသွားနဲ့ ဇာတ်ဝင်သီချင်း ဘာမှမဆိုင်ဘူးလို့ ထင်မိတာကတော့ စင်ရော်မောင်မောင်ရိုက်တဲ့ မောင်။ ဒါပေမဲ့လည်း အဲဒီကားပေါက်တော့ သီချင်းပါ ပြန်ပေါက်သွားပြန်ရော။

တီဗွီကြည့်ပြီး ပြိုင်ကားလည်းမောင်းချင်၊ ရေခဲပြင်လည်း စကိတ်စီးချင်၊ နှင်းလျှောလည်း စီးချင်ဖြစ်တတ်တဲ့ အရွယ်တုန်းကတော့ ရုပ်ရှင်ကြည့်ပြီး ကြိုက်တာတွေ့ရင် ဒါရိုက်တာလည်း လုပ်ချင်ခဲ့သေးတယ်။

ခုတော့လည်း ကြိုက်တဲ့ဝတ္ထုတွေကို ပရိုဂျူဆာလုပ် ရိုက်ခိုင်းပြီးတော့ပဲ သိမ်းထားချင်တော့တယ်။

***

5 comments:

Ko Boyz said...

ပရိုဂျူဆာ လုပ်ဦးမလား..။
နေပါ...။ နားပါ...။

Rita said...

ဘီလျှံနာလောက် ဖြစ်ရင်ပေါ့။ ခုတော့ လုပ်မလား။

ညိမ်းနိုင် said...

သိပ်ကြိုက်ခဲ့တဲ့သီချင်း...၊ခုတော့မေ့နေတာ.....:D
အစပြန်ဖော်ပေးတာ ကျေးကျေး မရီတာ....:)

NangNyi said...

မင်းသမီးလုပ်ချင်လို့ လာလျှောက်တာ (စုစုထွေး စုစုထွေး) :D

Rita said...

အင်း အရပ်တော့ တူတယ် =D