
နှစ်ပိဿာခွဲ
(တေးရေး - မြို့မငြိမ်း၊ တေးဆို - လေဘာတီ မမြရင်။
ဝင်းဦး၊ တင်တင်မြ၊ ချိုပြုံး)
စိန်ခြူးကြာညောင် လရောင်တွေလင်းပါလို့
မှန်ရွှေပြတင်းဆီက မယ်ခုမျှော်
သုံးချက်စည်တော် ရိုက်ဆော်ကာ ညှင်းတယ်လေး
လင်းပြန်လုနော်
ရှေးက လှိုင်ထိပ်ခေါင်တင် သခင်မမော်
သူ့မောင်တော်ပြန်လာခဲ စက်လည်းမပျော်
လာနိုးငယ်မျှော် ထူးတဲ့တစ်ကိုယ်တော်
သုံးချက်စည်ဆော်
သံချိုချို ရွှေဗဟိုရ်ညှင်းတယ်
တောင် တောင်ပံ နှက်သံပြင်းတယ်ကွယ်
လင်းကြက်တွန်သံကြော်
ခုနေခါ ရှိများရှိရင် လှိုင်ထိပ်ခေါင်တင်
သခင်မကြီးထံတော် အရောက်သွားလို့
ဘုရားကျွန်မရဲ့ အဖြစ်တွေကို
ရှိကြတဲ့လူတွေနှင့် သူလည်းသိလေအောင်
စိန်ခြူးရယ်တဲ့ ကြာညောင် ကြာညောင်
ဘောလယ်ကဲ့သို့ တစ်ပုဒ်လောက်ရေးဖို့
အကြံလေးများ ပေးသနားပါလို့
တင်ရသော် တော်မလားနော်
လာနိုးမျှော် မှန်ပြတင်းက လည်ပင်းကိုးတောင်ကျော်
ရှင် ကျိန်တာတွေ အဟုတ်စူးမနော်
တမင်လိမ်တာတွေ မမြုပ်ဘူး ဗူးပေါ်သလိုပေါ်
ဟို နောက်များနော် သွေဖေါက်ပြားကာ မျက်နှာများခဲ့သော်
ကျိန်တာများလည်း ကောင်းတယ်မထင်နဲ့
မိုးကြိုးကျိန်ရင် မိုးကြိုး ခြေကျင်းငြိမှာ စိုးရသတော်
ရွှေလရောင်ထိုး လာနိုးမျှော်
မှန်ပြတင်းက လည်ပင်းကိုးတောင်ကျော်
အရုဏ်ကျင်းပါပေါ့
လင်းကြက်ကယ် ရွှေတောင်ပံ
နှက်သံပြင်း ယွင်းတဲ့ချိန်နော်
တွန်သံပေး ဝေးနီးခေါ် တကြော်ကြော်
အခန့်သင့် သူပြန်လာသော်
ဒါက ဘာကြက်တုန်းလို့
ခပ်ငေါ့ငေါ့နှင့် မေးလိုက်ရင်နော်
စစ်တကောင်းကြက်ကြီးပါကွာ
အချိန်မနည်းပေါင်
နှစ်ပိဿာခွဲလောက်တော့ ရှိမပေါ့ ဖြေပုံပေါ်။
you tube link
(ဝင်းဦး၊ တင်တင်မြ၊ ချိုပြုံး ဗားရှင်း)
စာသားတွေကို ဒီက ယူပါတယ်။
***
အမှုန့်ကြိတ်ပစ်ချင်လာပြီ တခါပြောမိတော့ "ပေါင်ဒါမှုန့်လို လုပ်ပြီးတော့တောင် လိမ်းထားချင်သေးလို့ မို့လား" လို့ ပြန်မေးတုန်းက အဲဒီ "စစ်တကောင်းကြက်ကြီးပါကွာ အချိန်မနည်းပေါင် နှစ်ပိဿာခွဲလောက်တော့ ရှိမပေါ့" ဆိုတဲ့ စာသားကို မဆိုင်လှပေမယ့် ဖျတ်ခနဲ သတိရမိသေးတယ်။
သူတို့တွေ တဖက်ကမ်းခတ်တဲ့အရာတစ်ခု ရှိတယ်။
အလုပ်မဟုတ်တာတစ်ခုခု လုပ်ထားပြီးရင် ဝေ့လည်ကြောင်ပတ်တွေ လျှောက်ပြောပြီး ရူးချင်ယောင်ဆောင်တာ။
***
(Valentine Day အမှတ်မရ တရ)
4 comments:
မာမာအေး မဟုတ်ပါဘူး..
ချိုပြုံးပါ.. တကျော့နှစ်ကျော့တေးကိုသီ ဇတ်ကားထဲမှာ ဆိုထားကြတာ..သေချာလဲ အသံနားထောင်ကြည့်ပါအုန်း အေ...
=D
ကျေးဇူး အန်ကယ်ကျောက်
ရုံးရောက်မှ စိတ်ကူးပေါက်ပြီး ရှာတင်လိုက်တာ။ အရင်က အဲဒီ you tube တခါမှ နားမထောင်ဖူးဘူး။ ခုလည်း ရုံးမှာမို့ အဆင်မပြေတော့ နားမထောင်ရသေးဘူး။ အဲဒီမှာ ရေးထားတဲ့အတိုင်း လိုက်ရေးမိတာ။
ပို့စ် ထဲ က နေ.. မြို့မ လင့်ခ်လေးရလို့ ကျေးဇူးတင်တယ်.. မရီတာကို..။
ဟုတ်တယ် အညင်ကပ်တယ်.. ဝေ့လည်ကြောင်ပတ် အရူးကွက်နင်းတာတွေ
Post a Comment