Sunday, June 27, 2010

လူ နဲ့ ဒိုင်ယာရီ










မနေ့က ဝါးတီး gathering တစ်ခု ပျက်သွားပြီး၊ shopping ပဲသွားလိုက်တာ။
ဒီနေ့က နောက်တစ်ခု။ နေ့လည် အိပ်ရာထတော့ လုံးဝမှ မလှုပ်ချင်ဘူး။
မနေ့က များသွားလို့ (လမ်းလျှောက်တာ)။

ဒီနေ့အဖွဲ့နဲ့က အရင်တခေါက်ကလည်း ကိုယ်က ပျက်ထားဖူးတာဆိုတော့ ဒီတခေါက်တော့ အားတင်းပြီး ထရတယ်။ သူတို့နဲ့က တကျောင်းတည်း ထွက်ပေမယ့်၊ အရင်တည်းက တွဲဖူးတဲ့လူတွေ မဟုတ်ပါဘူး။ မေဂျာလည်း မတူကြတော့ မျက်မှန်းတန်းမိရုံနဲ့ တချို့ဆို ခုမှ သတိထားမိတာ။ မေဂျာလည်းတူ၊ ကိုယ်နဲ့လည်း သိတဲ့လူက တစ်ယောက်ပဲ ပါတယ်။

ကိုယ်တိုင်ကလည်း သိပြီးသားလူတွေ ဆိုရင်သာ ဟီးဟား လုပ်တတ်တာ ဆိုတော့ ဒီနေ့က နေမကောင်းချင်တာနဲ့ ရောပြီး လူက အူကြောင်ကြောင်တောင် ဖြစ်နေတယ်။ ဒါပေမဲ့ ခဏပါပဲ။ အလုပ်တစ်ခုကို တူတူစုပေါင်းလုပ်ကြမှာ၊ လုပ်နေကြတာဆိုတော့ မကြာခင်ပဲ ဟီးဟီးဟားဟား ဖြစ်သွားပါတယ် (အားမရှိတာကလွဲလို့)။

ရီစရာ တစ်ခုက အထဲမှာ ဘလော့ဂါ နှစ်ယောက်ပါတယ်။ အဖွဲ့ကို နာမည်ပေးဖို့ နှစ်ယောက်လုံးက မစဉ်းစားလာဘူး။ ကိုယ်လည်း မစဉ်းစားဘူး။ သူများတွေပြောတဲ့ နာမည်ကိုမှ နည်းနည်းပါးပါး ဝင်နှမ်းဖြူးလိုက်တယ်။ ဟိုဟာက ဟိုလို၊ ဒီဟာက ဒီလိုနဲ့။ ဒါတောင် မနည်း အားတင်းပြီး ပြောရတယ်။

ဒီရောက်ပြီးမှ သေချာသိလိုက်တာ တစ်ခုက supporter နေရာမှာပဲ နေချင်တော့တယ် ဆိုတာပဲ။ တစ်ခုခုကို ခေါင်းပေါ်တင်မထားချင်တော့ဘူး။ ကုန်ကုန်ပြောရရင် ဟန်ချက်ကို ထိန်းထားရမှာစိုးလို့ ဒေါက်ဖိနပ်တောင် မစီးဖြစ်တော့ဘူး။ လောဘနည်းသွားတာ ဖြစ်နိုင်သလို၊ အပျင်းကြီးသွားတာလည်း ဖြစ်နိုင်တယ်။ ဘာလဲတော့ မသိဘူး။

***
လူ နဲ့ ဒိုင်ယာရီ ဆိုတာ စည်သူလွင် ရဲ့ သီချင်း series နာမည်။
ဘာရယ်မဟုတ်၊ ပြန်ရောက်တော့ အဲလိုလေး post တင်ချင်စိတ် ပေါက်လာလို့။

အောက်က ဒိုင်ယာရီတော့လည်း မဟုတ်ပါဘူး။ ဒိုင်ယာရီလည်း တခါမှ မရေးဖူးပါဘူး။ မှတ်စုတွေပါပဲ။ အဲဒီစာကြောင်းတွေ မနှစ်ဆီက ဒီ blog မှာပဲ တင်ဖူးတယ်။

လက်ရေးနဲ့ ရေးထားတဲ့ စာကို တင်ဦးမှပဲလို့ တွေးမိတာ scanner မဝယ်ခင်တည်းကပါပဲ။
ကဗျာတစ်ပုဒ်လောက် ရေးပြီး တင်မလို့ကို၊ ကဗျာအသစ်ရေးဖို့ ဆိုတာလည်း ဒီအချိန်မှာ မလွယ်တော့ပြန်ဘူး။ ဘလော့မှာ တင်ဖူးပြီးသား စာပဲ ဘေးနားမှာ အလွယ်ရှိလို့။ မလွယ်တာတွေလည်း အိပ်
အိတ်တွေဖွင့်ပြီး မရှာချင်တော့ဘူး။

နက်ဖန် ခွင့်ယူပြီး နှပ် နေရရင် ကောင်းမလား တွေးမိတယ်။

***

21 comments:

Ko Boyz said...

ပျင်းတာက ဆယ်ဆသာလိမ့်မယ်။
ဟုတ်ပါတယ်။ အပျင်းကြီးတာပါ...။

Rita said...

ဇွတ်ကြီးကိုပဲ အားတက်သရော။ စောစောစီးစီး လာထောက်ခံတယ်။

တောက်ညင်ကပ်လိုက်တာ ကိုဘကို။
အေအန်အာ

:P said...

စည်သူလွင်ကို အမှတ်တမဲ့.. ပို့စ်ခေါင်းစဉ်မြင်တော့ "လူနဲ့ အကျီင်္" သီချင်းလေးကို သတိရမိတာ။

မှတ်ချက်။ ။ ဥ နှင့် ညကလေး သည်းခံပါ။

ပုံ/ဘယ်လောက်သင်သင် လက်ကွက်မေ့သူတစ်ဦး

ကိုပေါ said...

ရီတာ.... ဒီပုံနဲ့ဆို မော်ဒယ် လုပ်စားလို့ ရပြီ။

စင်ဒန်လား....အင်္ကျီလို့ ရေးရတယ်ကွဲ့။ “ င်္ီ ” အတွက် ကီးအမှန်ကိုလည်း မသိဘူးမဟုတ်လား။း-)

မေ့မယ့်အတူတူတော့ မပြောပြတော့ပါဘူးလေ။

Anonymous said...

အိပ်နေတာကိုဖွင့်ပြီးဘယ်လိုရှာတာလဲဟင်

သစ်သစ် said...

အေးနော် ငါတို့ကကြောင်တောင်တောင်နဲ့ သူတို့ကတက်ကြွနေကြတာ အားတောင်နာတယ်..

တီချမ်း said...

ဟုတ်ပါ့အေ
လှလာတယ်

Unknown said...

ခါးကြီးထောက်ပြီး တယ်လှပနေပါလား =D

SHWE ZIN U said...

တင်ချင်စိတ်ပေါက်ရင် တင်သာတင်ဗျာ..

ရီတာ ကလည်း လှတာ ပိန်ပိန်လေး မော်ဒယ်ဂဲလ် လုပ်ရင် ရပြီ

ခင်မင်စွာဖြင့်
ရွှေစင်ဦး

သိင်္ဂါကျော် said...

ပုံလာကြည့်တာ.. :)

တီချမ်း said...

မမရီတာ
အဲ့ဒီ အိပ်ကို ဘယ်လို ခြစ်လိုက်တာလဲ ပြောပြ
လုပ်တတ်ချင်တယ်
word မှာ ပဲ ရတယ်
ဘလောခ် ပေါ်မှာ ဘယ်လိုလုပ်ရလဲ မသိဘူး

ချစ်ကြည်အေး said...

ရီတာက သေးသေးငယ်ငယ်လေးပဲ....အမနဲ့ နှစ်ယောက် ရောကျိုလိုက်ကြရအောင်....:)

Nay Nay Naing said...

ခွင့်ယူဖြစ်လား..
ငယ်ငယ်ကတော့ လက်ရေးသိပ်မဆိုးဘူးထင်တာပဲ။ အခုများတော့ လက်ရေးနဲ့ မရေးတာကြာ၊ ရေးလိုက်ရင် ကိုယ့်လက်ရေးကိုယ်တောင်မမှတ်မိတော့ဘူး.. ကြောက်ခြစ်ထားသလိုပဲ။ :D

Rita said...

ခွင့်မယူဖြစ်ဘူး မနေ။
လုပ်လက်စ အလုပ် တခုမှ မရှိပေမယ့် အာရုံရနေလို့ လာလိုက်တာ... ထင်တဲ့ အတိုင်းပဲ။ အလုပ်သစ်တွေ ရောက်လာတယ်။

ငယ်ငယ်ကတော့ နယ်မှာ သူငယ်တန်း ဆရာမက လေးကြောင်းမျဉ်းနဲ့ လက်ရေးလှသင်တာ ခံခဲ့ရတာ။ နောက်တော့လည်း ခုလို လက်ရေးဖြစ်သွားတာပါပဲ။

ကျောင်းပြီးလို့ TTC က လေးတန်းကလေးကို စာသင်ရတုန်းက လက်ရေးဆိုးလွန်းလို့ TTC ကို အတော် စိတ်ကုန်မိတယ်။ တခြား ကျောင်းဆို မပြောပါဘူး။ လေ့ကျင့်ရေးကျောင်း ဖြစ်နေပြီးတော့ ဆိုပြီး...

ဒါပေမဲ့ ကြီးလာတဲ့အခါ ဒီလက်ရေးကို သုံးစားစရာ နေရာလည်း မရှိမှတော့ ဘာမှ မထူးပါဘူး။

ဇွန်မိုးစက် said...

အင်္ဂလိပ်လက်ရေးကို ကြိုက်သွားတယ်။

ဇွန်ရှစ်တန်းတုန်းက မြန်မာစာဂုဏ်ထူးမထွက်လို့ (လက်ရေးမလှလို့ထင်ပြီး)နွေကျောင်းပိတ်မှာ လေးကြောင်းမျဉ်းနဲ့ ပြန်ကျင့်ယူလိုက်တာကို အမှတ်ရသွားတယ်။ ဆယ်တန်းမှာတော့ ဂုဏ်ထူးရသွားပါတယ်။ ခုတော့ စာမရေးတာကြာလို့ လက်ရေးတောင် ပျက်နေလောက်ပြီ။ :D

ဖိုးတုတ် said...

နေပြည်တော်က ကြွက်တွေတော့ ပြေးကုန်ပြီ
Orchard Road က ကြွက်တွေတော့ ဘယ်တော့ ပြေးမလဲမသိဖူး (ဓါတ်ပုံကြောင့် မဟုတ်ပါ ) - ရေကြီးလို.

စန်း ၁၀တန်းတုန်း က လက်ရေးမလှ ၊ စာမရလို. လက်ရေးသေးသေးလေးတွေကို စာရွက်မှ ရေး ၊ စာမေးပွဲခန်းထဲယူသွားပြီ ခိုးချတာ ၁၀ တန်းကို ဘာသာစုံ အောင်မှတ် ရရုံလေးနဲ. အောင်ခဲ့ပါတယ် ၊

မင်းဒင် said...

ရောက်ရှိဖတ်ရှုခဲ့ကြောင်းပါခင်ဗျာ

မင်းဒင်

မောင်သီဟ said...

;) ခေါင်းစဉ်က သီချင်းခေါင်းစဉ်ပဲဗျ
း) ခွင့်ယူပြီး အပီသာနား ဟိဟိ အားပေးတယ် တခါတလေ အရမ်းနားချင်တတ်တယ် အဲ နားပြန်တော့လည်းနှစ်ရက်ပြည့်သေးဖူးပျင်းပြန်ရော လေ

khin oo may said...

1။ ညွတ်ကွင်းများအတွက် ကွန်မက်
Labels: Shit, အလုပ်ပိုတွေ


၂။ တယ်လီဖုံးပိုစ်ဘယ်ရောက်သွားသလဲ ဘာဖြစ်လို့ဖယ်လိုကတာလဲ.။

၃.။ ကက်ဆက်နဲ့ဆက်သွယ်မှုရှိသလား။

၎။ ပရိသတ်တောင်းဆိုတဲမောင်ကိုဘာလို့ဆက်မရေးတာလဲတဲ့။အဲဒါက သူများရဲ့ပြင်ပကွန်မက်. ကိုဒီယူလာတာ။

Rita said...

၂။ ကတ်ကြေးစာမိ
၃။ နားမလည်
၎။ မအားလို့ပါ

:P said...

ငွေမင်သုတ်ရင်တော်ရော့ပေါ့.. စိစစ်ရေးရယ်.. စာရွက်ကြီး ဖြဲပစ်တယ်လို့.... ။