Tuesday, June 1, 2010

အသံများ

from here

ရင်ခုန်တစ်ချက်
ပင့်သက်တစ်ရှိုက်
လေဝှေ့ခိုက်နဲ့
မိုးစက်ကျစဉ်
ခြေလှမ်းပြင်တိုင်း
လှိုင်းတွေရစ်ပတ်
ပြေးမထွက်နိုင်

***
တိတ်တိတ်မျှော်လင့်
နားဆင်ခွင့်ကို
ပြောသူမရှိ လူမသိလည်း
တဖန် ပြန်ကြား
နှလုံးသားမှ
ထပ်ဆင့် ရိုက်ခတ်
ပဲ့တင်ထပ်သည်...

(1998)

4 comments:

TZM said...

1998 ကတည်းက ရေးထားတာဆိုတော့ ချီးကျူးတယ်ဗျာ။
တော်တော်မိုက်တာပဲ ကဗျာကိုပြောတာ...
လူကိုဟုတ်ဖူးးး :D

mon

သိင်္ဂါကျော် said...

နှလုံးသားက အသံကို ခံစားနားထောင်သွားပါတယ်..

SHWE ZIN U said...

ကဗျာလေး ဖတ်ပြီး Rita ever taw လို့ နံမည် တောင် ပြောင်းပေးချင်စိတ် ပေါ်လာပြီ ကဗျာလေး က လှလွန်းလို့

ko watote said...

Beautiful...