Sunday, January 18, 2009

အဖြူရောင်များ ... သို့မဟုတ်အချစ်အကြောင်း အက်ဆေး (၃)



www.leijonstedt.com

ယခင် post မှ အဆက်...

"အချစ်" ဆိုတာ ဘယ်လို ခံစားမှုမျိုးလဲတော့ ပြောမပြတတ်ပါ...

သို့သော် သူ့အပေါ်မှာ ရှိနေသည့် ခံစားမှုတွေကိုတော့ "အချစ်" ဟု ခေါင်းစဉ်တပ်လျှင် ဆီလျော် သင့်တော်မည် ထင်ပါသည်။

အမြဲတမ်း တွေ့နေချင်တာ...
စကားသံတွေ နားထောင်နေချင်တာ...
ကိုယ့်မျက်စေ့အောက်မှာပဲ သူ့ကိုထားပြီး သူ့မျက်စေ့အောက်မှာ ကိုယ်ပဲ ရှိနေချင်တာ...
စကားတစ်ခွန်းမှ မပြောရတောင် တိတ်တိတ် ဆိတ်ဆိတ် ရင်ခုန်နေရုံ သက်သက်ပဲ ဖြစ်ဖြစ် ငေးမောနေချင်တာ...
သူ့အတွက် လိုအပ်သည့် အရာအားလုံး လိုအပ်ချိန်တိုင်း ဆောင်ကြဉ်း ပေးအပ်နိုင်ချင်တာ...
ကိုယ်ဟာ သူ့အတွက် ချမ်းမြေ့ နှစ်သိမ့်ရာ ဖြစ်နေချင်တာ...

ထိုကဲ့သို့သော ခံစားမှုမျိုးကိုမှ အချစ်ဟု ခေါင်းစဉ် မတပ်လျှင် မည်သို့သော ခံစားမှုမျိုးကို အချစ် ဟု ခေါင်းစဉ်တပ်ပါမည်လဲ...

"အချစ်" ဆိုတာ ဘာလဲတော့ မသိပါဘူး... တကယ်ကို မသိပါဘူး...
ဒါပေမယ့် သူ့အပေါ်မှာ ရှိနေတဲ့ ခံစားမှု အားလုံးဟာ အချစ် လို့သာ ထင်ပါတယ်...

ဒီ့ထက် သေချာတာ တစ်ခုက အဲဒီ အချစ် ဆိုတဲ့ အရာကို သူ့တစ်ယောက်တည်း ဆီကသာ ရချင်တယ် ဆိုတာပါပဲ...

*
(အဆုံးစွန်ဆုံးထိ ပြောရရင် ... သေဆုံးပြီး တစ်နေ့မှာတောင် ကျွန်မရဲ့ ရုပ်ကြွင်းကို သူ့အချစ်နဲ့သာ လောင်ကျွမ်းပြာကျ စေချင်ပါတယ်)

*
to be continued...

No comments: