Wednesday, January 28, 2009

အဖြူရောင်များ ... သို့မဟုတ်အချစ်အကြောင်း အက်ဆေး (၅)

https:/.../-sp/Pure-White-Posters_i1384880_.htm

ယခင် post မှ အဆက်

*
အချစ်ဆိုတာ တကယ်တော့ တစ်ယောက်ရဲ့ ကံတရားအတိုင်း တစ်ယောက်က ဝေမျှခံစားသွားချင်တာ...
တစ်ယောက်ရဲ့ ဘ၀လမ်းခရီးကို တစ်ယောက်က ပတ်သတ်ပါဝင် လျှောက်လှမ်းရင်း ကြုံတွေ့လာရမယ့် အတွေ့အကြုံ အဆိုးအကောင်း မှန်သမျှကို အတူတကွ ရင်ဆိုင်လက်ခံပြီး ကူညီဖြေရှင်းပေးချင်တာ...
အဲဒါပါပဲ...

အဲဒီ ဆန္ဒကလေးကို အချစ်လို့ခေါ်တာပဲ ဖြစ်ပါတယ်
*
ပိုင်ဆိုင်လိုခြင်းတော့ ရှိပါသည်... ရှိကို ရှိရပါလိမ့်မည်...
(ရယူခြင်း မဟုတ်ရင် အချစ်ကဘာလဲ)
*
သို့သော် ပိုင်ဆိုင်လိုခြင်းသည် ခြယ်လှယ်လိုခြင်း မဟုတ်...ချုပ်ကိုင်လိုခြင်း မဟုတ်...
ဖြည့်ဆည်းလိုခြင်း ၊ မျှဝေလိုခြင်း ၊ တာဝန်ယူလိုခြင်း ၊ ထိန်းသိမ်းစောင့်ရှောက်လိုခြင်းသာ ဖြစ်ပါသည်...

အချစ် ၌ အကြောင်းပြချက်မရှိ... ဒါကိုတော့ လက်ခံရလိမ့်မည်... အကြောင်းပြချက်ရှိလျှင်လည်း ရိုးသားမှု မရှိနိုင်ပေ။

သို့ပေမယ့် အချစ်၌ အချိန်တစ်ခုတော့ဖြင့် ရှိပါသည်...လူနှစ်ယောက် ချစ်သူတွေ ဖြစ်သွားဖို့ ကန့်သတ်လို့မရတဲ့ အချိန်တစ်ခုပေါ့...
ထိုအချိန်မှာ ဘယ်အရာကမှ (အခြားမည်သူ တစ်ဦးတစ်ယောက်ကမှ) သူတို့နှစ်ယောက်ထက်ပိုပြီး သူတို့နှစ်ယောက်အတွက်
အရေးမကြီးနိုင်သော အချိန်ဖြစ်၏။
ဒါဟာ သူတို့အတွက် အခြေအနေလည်း ဖြစ်ပြန်ပါသည်...
*
အချစ် ဆိုတာ တစ်ယောက်ကို တစ်ယောက် အပြန်အလှန် တာဝန်ယူလိုတဲ့ ဆန္ဒပါပဲ... ဒါသိပ်ကို သေချာပါသည်။
*
အချစ်၌ မျှော်လင့်ခြင်းလည်း ရှိ၏။
ထို မျှော်လင့်ခြင်းမှာ "ကိုယ် ချစ်ရသူရဲ့ လိုအပ်ချက် မှန်သမျှ ဖြည့်ဆည်းပေးရန်" ပင် ဖြစ်သည်။
*
ကိုယ်က ပေးလိုက်ရပေမယ့် လျော့ပါးသွားတယ် မရှိဘဲ ပေးလိုက်ရတာထက် အဆပေါင်းများစွာ ပြီးပြည့်စုံသွားသလို ကျေနပ်နေနိုင်တဲ့သူ ရှိတယ် ဆိုရင် အဲဒါ "အချစ်ရှိတဲ့ သူ" ပါပဲ...
*
အချစ် ဆိုတာဟာ သူ့ကို ပေးနိုင်သလောက် ကိုယ့်မှာ ပြည့်စုံတဲ့ အရာ ဖြစ်ပါတယ်
*
to be continued

No comments: