
(ခရစ်တော် ဖွားမြင်ပြီ)

(Peninsula Plaza က Christmas Tree)

(Raffles City Tower ရှေ့က Christmas Tree)

(Orchard ည - ၁)

(Orchard ည - ၂)

(Orchard ည - ၃)

(Orchard ည - ၄)

(Orchard ည - ၅)

(Orchard ည - ၆)

(နောဧ ရဲ့ လှေလား မသိ)

(Funan DigitaLife Mall)

(NTUC- FairPrice က Christmas အကြို အပြင်အဆင်)

(မှောင်ထဲက ကွင်း ... ဟားဟား ...Orchard MRT ထဲကနေ Orchard Boulevard ဘက် အထွက်မှာ )
***
ဓါတ်ပုံတွေ တင်ရင်းနဲ့ ရွာသားလေး ဘလော့ဂ် ကို သွားဖြစ်တယ် ... အဲဒီမှာ ဒီကဗျာလေးကို တွေ့ပါတယ်...
(ဦး)တင်မိုး ရဲ့ ကဗျာပါ...
သူ့ Cbox မှာ ကဗျာ ယူတင်လိုက်မယ်လို့ သတင်းပေးရုံပေးပြီး လှည့်ထွက်လာခဲ့တယ်... အကြောင်းပြန်တာကိုတောင် မစောင့်ခဲ့တော့ဘူး ...
နက်ဖန် ရုံးတက်ရဦးမှာလေ...
မနေ့ညကလဲ လင်းခါနီးမှ အိပ်ဖြစ်တော့ အိပ်ရေးမ၀ဘူး...
__________________________________________________________________
(ဦး)တင်မိုးရဲ့ ကဗျာ
ကိုယ့်နေရာ သာယာသည် ဖြစ်စေ
နုံချာသည် ဖြစ်စေ
ကိုယ့်ရွာ ကိုယ့်ရပ် မိခင်မြတ်တည့်။
မည်မျှ ကြီးမြင့်
မည်မျှ တင့်လည်း
မပွင့် နေခြည်
အုံ့မှိုင်းသည်သို့ မကြည်မွေ့ချေ
သူ့ရပ်မြေတည့်။
သူတို့ စကား
သူတို့ကြား၌ ပျားသို့ မချို
မှိုသို့ မလန်း
ပန်းသို့ မရွှင် ကိုယ့်မိခင်ကို
တမြင်မြင်တမ်း
အစဉ်လွမ်းခဲ့။
ရေချမ်းစင်က
ရေကြည်မြကို သောက်ရပေဖူး
သူ့ကျေးဇူးကို အထူးသိလည်း
ဇာတိလွမ်းနာ
မဖြေသာခဲ့။
သူ့မြေမှာမူ သာယာဘိခြင်း
သင်းပါဘိတောင်း
ကောင်းပါဘိတကား
အသိသားပင်
တရားလက်ကိုင် ဆင်ခြင်နိုင်လည်း
မခိုင်စိတ်ဝမ်း
နေ့တိုင်းလွမ်းသည်
မြစမ်းမျက်ရည် စိမ့်စိမ့်တည်း။
ဆရာကြီးဦးတင်မိုး
(၁၁၊ ၅၊ ၂၀၀၁)
ကျွန်မ သဘောအကျဆုံး ကဗျာ အပိုဒ်လေးကို Italic နဲ့ Bold လုပ်ထားပါတယ်
(ဒီကဗျာကို ဒီ post နဲ့ တွဲတင်ချင်လို့ပါ)
***
ကြွားတယ် မထင်ရင်တော့ ပြောရဦးမယ်...(ဦး)တင်မိုးက ကျွန်မနဲ့ တမြို့တည်းသားဖြစ်ပါတယ်
ကြွားတယ် မထင်ရင်တော့ ထပ်ပြီး ကြွားရဦးမယ်...(ဦး)တင်မိုး ရဲ့ ကဗျာတွေကို မူကြို မရောက်ခင် ကတည်းက ရ...နေ...တာ။
("ထီးကလေးနဲ့ မနီ" ပြောတာပါ။ ကျွန်မ အမှတ်မမှားရင်တော့ ကဗျာ စာအုပ်က"ပေါ်ဦးသက်" ရဲ့ သရုပ်ဖော် ပန်းချီပုံတွေနဲ့ ...အမှတ်မှားရင်တော့ "တဂိုးမျိုး" ရဲ့ ပန်းချီ ဖြစ်လိမ့်မယ်)
***
No comments:
Post a Comment