Tuesday, September 14, 2010

ယဉ်ကျေးမှုဆိုတာ ???

from Ko Phyoe L'Etranger

"ကျွန်တော်၏ ဓာတ်ပုံခရီးတွင် ..."

ယခု ရက်ပိုင်းအတွင်း ကျွန်တော်ရိုက်သည့် မြန်မာမော်ဒယ်တဦး၏ ဘီကီနီဓာတ်ပုံများကြောင့် ဆူဆူညံညံ အသံတော်တော်ထွက်သည်။

မေးခွန်းများ

- မြန်မာမိန်းခလေးများ ဘီကီနီဝတ်လျှင် အရှက်မရှိဖြစ်ပြီလော။
- ထိုသို့ ဘီကီနီဝတ်ပြီး ဓာတ်ပုံအရိုက်ခံလျှင် အရှက်မရှိဖြစ်ပြီလော။

အဖြေက ရှင်းသည်။ အရှက်ဆိုသည်မှာ ကိုယ်ကျင့်သိက္ခာနှင့်သာ ဆိုင်သည်။ အဝတ်အစားနှင့် မဆိုင်။ ဆိုင်သည်ဟု ဖင်ပိတ်၍ ငြင်းချင်သူများ ကမ်းခြေတွင် မြန်မာရင်ဖုံး၊ ချိတ်ထမီနှင့်သာ သွား၍ ရေကူးကြပေရော့။

အဆိုပါ ဓာတ်ပုံများကို ကူး၍ ယူ၍ ဖြန့်ကြသည်။ အဆိုပါ ကိစ္စနှင့်ပတ်သတ်၍ မေးကြမြန်းကြသည်။ ဖြေရရှင်းရသည်။

အများစု တူညီကြသည်မှာ -

- သတင်းပေးကြခြင်းဖြစ်သည်။

ကိုဖြိုးရဲ့ဓာတ်ပုံတွေတော့ ဘယ်ဆိုဒ်တွေမှာ ရောက်ကုန်ပြီ စသည်ဖြင့် သတင်းပေးကြခြင်း ဖြစ်သည်။ ကျွန်တော် ထိုဆိုဒ်များကို သိလည်းမသိပါ။ စိတ်လည်း မဝင်စားပါ။ မြန်မာတွေ Sexy ကျသည်ဆိုသည်မှာ ကျွန်တော့်အတွက်ကတော့ မြို့သားတယောက် ရွာထဲမှ ကွမ်းတောင်ကိုင် မြို့စတိုင် ဖမ်းထားရုံလောက်သာ ခံစားရသည်။ မြန်မာလိင်ဗီဒီယို စသည့်များမှာလည်း မှုန်ဝါးဝါးနှင့် သူများအတွင်းရေးများကို အသည်းအသန်စပ်စု၍ ခိုးရိုက်ထားသည်များလောက်သာဖြစ်သည်ဟု ခံစားရသည်။ မိမိသည်လည်း ရှောင်နိုင်သည်မဟုတ်ပါဘဲ ကိုယ်ချင်းစာနာစိတ် မရှိဘဲ သူများအထုပ် လိုက်ဖြေချနေကြသည်များဟုသာ ခံစားရသည်။ ထိုကဲ့သို့ ပြုကြသူများ ကိုယ့်အလှည့် မကြုံရလေအောင်သာ ဆုတောင်းကြပါကုန်။

- သတင်းပေးပြီး သတိထပ်ပေးကြခြင်းဖြစ်သည်။

တချို့လူတွေက ကိုဖြိုးကိုယ်တိုင် ဖြန့်သည်ဟု ထင်ကြရင် မကောင်းဘူးလေဟု သတိပါထပ်ပေးသည်။ အဆိုပါ ကိစ္စမှာလည်း ရှင်းပါသည်။ ကျွန်တော်သာ ဖြန့်ချင်ပါက ထိုပျံ့နှံ့နေသော ပုံများအပြင် များစွာ ကျန်နေသေးသည်။ အဆိုပါပုံများကို ရင်းနှီးသူများပင်လျှင် မတွေ့မမြင်ဖူးကြပေ။ Fine Art Album ကို မှတ်မိကြပေဦးမည်။ အဆိုပါ မော်ဒယ် မည်သူနည်းဟု မေးသူ မနည်းပါ။ မည်သူတဦးတယောက်ကိုမျှ အရိပ်အမြွက်လောက်မျှ ကျွန်တော် မပြောခဲ့ဖူးပေ။ မေးခဲ့ကြသူများ သက်သေခံကြလိမ့်မည်။ ဒါက ကျွန်တော့်၏ ကိုယ်ကျင့်တရားဖြစ်သည်။ ကြီးကြီးကျယ်ကျယ်ပြောရလျှင် ဓာတ်ပုံဆရာ၏ ကျင့်ဝတ်ဖြစ်သည်။

- အကြံဥာဏ်များ ပေးကြသည်။

ဟိုလိုလုပ်ပါလား။ ဒီလိုလုပ်ပါလား စသည်ဖြင့် အကြံကောင်းဉာဏ်ကောင်းများ ကျွန်တော့်အား ကိုယ်ချင်းစာ၍ ပေးကြသည်။ အသုံးဝင်သည်ဖြစ်စေ၊ အသုံးမဝင်သည်ဖြစ်စေ၊ ထိုသူများအား လှိုက်လှဲစွာ ကျေးဇူးတင်ပါသည်။ သူတို့၏ စိတ်၊ အချိန် စသည်တို့အား ကျွန်တော့်အတွက် ဝေမျှပေးခြင်းဖြစ်သဖြင့် လှိုက်လှဲစွာ ကျေးဇူးတင်ပါသည်။

- အူကြောင်ကြောင် မေးခွန်းများ မေးကြသည်။

ခိုးတယ်လို့ ဘာလို့ ပြောနိုင်ရတာလဲ။ ဘယ်သူက ဘယ်လို စ ခိုးသွားတာလဲ။ ယူသွားတာ ဘယ်သူလဲ။ စသည်ဖြင့် အတော့်ကို အူတိအူကြောင်နိုင်သော မေးခွန်းများကို မေးကြသည်။ ဘယ်လိုရယူသွားသည်ဆိုသည်ကတော့ ကျွန်တော်က ပေးလိုက်ခြင်း မဟုတ်သဖြင့် ယူသွားသူအားသာ သွားမေးကြပါကုန်။

ဤနေရာတွင် ကျွန်တော် ဖေ့ဘုတ်ပေါ် ဓာတ်ပုံများတင်ရာတွင် မည်သည့် ကန့်သတ်တားမြစ်ချက်များမှ သတ်မှတ်မထားသည်ကို အသိပေးခဲ့ချင်ပါသည်။

အချို့သူများက Privacy များ ထားရှိပြီး တားမြစ်ကြသည်မှာ သူတို့၏ ခံစားချက်အရသာ ဖြစ်သည်။ ကျွန်တော်နှင့် မဆိုင်။ ကျွန်တော် မသတ်မှတ်ထားရခြင်းမှာ မြန်မာပြည်ဖွားတယောက်က ဒါမျိုးတွေ ဖန်တီးထားသည်ကို မည်သူမဆို လွတ်လပ်စွာ ခံစားနိုင်ရန်ဖြစ်ပါသည်။ ကြိုက်သလိုခံစား၍ ကြိုက်သလို ဝေဖန်နိုင်ပါသည်။ မိုက်မိုက်ရိုင်းရိုင်း ဝေဖန်သမှု ပြုသူများမှာ သူ၏ လိပ်ပြာကို သူ သိပါလိမ့်မည်။

- ရက်ရက်ရောရော မှတ်ချက်များ ပေးကြသည်။

ဟိုဆိုဒ်တွေကို ရောက်နိုင်လောက်အောင် မဝတ်စားထားရင် မရောက်ပါဘူး ဆိုတဲ့ မှတ်ချက်မျိုးကတော့ အတော့်ကို ဆန်းသည်။ ဒီမိုကရေစီ ဒီမိုကရေစီနှင့် လှိမ့်ပိန့်အော်နေကြပြီးကာမှ လူတယောက်၏ ဝတ်စားဆင်ယင်မှုကအစ လိုက်ပြောနေလျှင် ဒီလိုလူမျိုးတွေရဲ့ လက်ထဲ အနာဂတ်တိုင်းပြည် ရောက်မသွားသည်က ပိုကောင်းမည်ဟု အမုန်းခံ ပြောပါရစေ။

ဖန်တီးသူတယောက်က ဖန်တီးချင် ဖန်တီးမည်ဖြစ်ပြီး ခိုးယူသူတယောက်ကလည်း ခိုးချင်ခိုးမည်ဖြစ်သည်။ အကုန်လုံး သူ့ကိစ္စ သူလုပ်နေကြသည်။ မဆိုင်ရာဆွဲထည့်ပြီး မယောင်ရာဆီလူးသည့် မှတ်ချက်မျိုးတွေကို ဖောဖောသီသီပေးတတ်သူများကတော့ သူများအလုပ်ကို အဆင်းဘီးတပ်သူများဟုသာ ခံစားရသည်။
သားပြော၊ မယားပြော ပြောကြသည်။ နှမသားချင်း မစာနာဘဲ မှတ်ချက်ပေးကြသည်။ မအေ နှမ မရှိသူများဟုသာ ထင်မိပါသည်။ ထွေထွေထူးထူး မရှိပါ။ အသိဉာဏ်နည်း၍သော်လည်းကောင်း၊ အသိဉာဏ်လွန်လွန်းသွား၍သော်လည်းကောင်း တခုခုသာ ဖြစ်ပါလိမ့်မည်။ ကပ်သီးကပ်ဖဲ့ပြောရပါလျှင် သူတို့လည်း သူတို့ပါးစပ်နှင့်သူတို့ ငါဘာကောင်ကွဟု ဖော်ကျူးပြနေကြခြင်းလည်း ဖြစ်နိုင်ပါသည်။

- မဆိုင်သလို နေကြသည်။

သူတို့တွေ အေးချမ်းကြပါသည်။

***
ကျွန်တော် ဘာဆက်လုပ်မှာလဲ။
ထွေထွေထူးထူး လုပ်ရန် မရှိပါ။ ဘယ်ခြေဖဝါးက မြေကြီးတွင်နင်းထားလျက်၊ ညာခြေဖဝါးက လှေကားတထစ်တက်လျက် အနေအထားတွင် နောက်တထစ် ထပ်တက်မည်ဆိုပါက အဆိုပါ မြေကြီးအား စွန့်ထားခဲ့ရမည်သာ ဖြစ်သည်။ အဆိုပါ အသိကို သတိပေးခဲ့သော ကျွန်တော့်မိတ်ဆွေ ကိုဝဏ္ဏအား ကျေးဇူးစကားဆိုအပ်ပါသည်။

မှတ်ချက်။
ကျွန်တော် ရှင်သန်နေထိုင်နေပါသည်။ ကျွန်တော် အနုပညာကို ဝါသနာပါသည်။ ကြိုက်လျှင် အားပေးပါ။ မကြိုက်လျှင် အားမပေးရုံပါပဲ။ ဆရာလိုလို ကြောသလို မောသလိုနှင့် ပြောသည်များကိုလည်း ရိပ်မိပါသည်။ စေတနာအရင်းခံ၍ ထောက်ပြဝေဖန်သည်များကိုလည်း ရိပ်မိပါသည်။ လိုအပ်သည်ဟုခံစားရလျှင် ကျွန်တော် ယူသုံးပါမည်။ သုံးချင်သုံးမည် မသုံးချင်လည်း မသုံးဟူသော သဘောဖြစ်ပါသည်။ အဆိုပါအချက်အတွက် သဘောထားကြီးစွာထား၍ စိတ်မခုကြပါကုန်။ ကိုယ့်လမ်း ကိုယ်သွားနေသူများ ဖြစ်ပါသည်။ ကျွန်တော် မည်သူ့ကိုမှ ခွမစီးသလို၊ မည်သူကမျှ လာခွစီးသည်ကိုလည်း မကြိုက်နိုင်ပါ။

လက်တွဲပူးပေါင်းဆောင်ရွက်မည်ဆိုပါလျှင် ကျွန်တော်တတ်နိုင်တာ ကူညီပေးနိုင်ပါသည်။ လက်တွဲပူးပေါင်း ခေါင်းစဉ်တပ်ပြီး လစ်ရင်တွယ်မည်ဟု ကြံထားသူများလည်း သူ၏ သဘောသာရှိပါစေ။
အချုပ်အားဖြင့်ဆိုရလျှင် အဆိုပါ ကိစ္စများအပေါ်တွင် ခံစားမှုကို ကျွန်တော့်ဘက်က ပြီးပါပြီဟု စာတမ်းထိုးပါသည်။ မိတ်ကောင်းဆွေမွန်များ စိတ်ချမ်းမြေ့ကြပါကုန်။ ကိုယ့်လမ်း ကိုယ်သွားကြရုံသာ။

လေးစားစွာဖြင့်
ကိုဖြိုး

***
fb မှာတွေ့တဲ့ NOTE တစ်ခုပါ။
အသုံးပြုခွင့်ပေးလို့ မူရင်းရေးသူကို ကျေးဇူးတင်ပါတယ်။
သူ့ကို မသိပါဘူး။ သူ့ NOTE ကို မတော်တဆ သူများဆီက တဆင့် မြင်တာပါ။
ခုထိလည်း ဒီ NOTE မှာ ပါတဲ့ ဓါတ်ပုံတွေဆိုတာကို မကြည့်မိသေးပါဘူး၊ စိတ်မဝင်စားလို့။
ခဏနေရင်တော့ ကြည့်ချင်ကြည့်မယ်။

ရိုးရာယဉ်ကျေးမှုလို့ ဆိုလိုက်ရင် တော်တော်များများက အဝတ်အစားပဲ ပြေးမြင်ကြတယ် ထင်ပါတယ်။

ကိုယ့်အနေနဲ့ကတော့ မကြိုက်ရင် မလုပ်ရုံပါပဲ။
ကိုယ့်လည်း မထိခိုက်၊ သူများလည်း မထိခိုက်တဲ့ ဝတ်ချင်လို့ ဝတ်၊ ရိုက်ချင်လို့ ရိုက်တဲ့လူတွေကို ဝင်စွက်ဖက်စရာအကြောင်း မရှိပါဘူး။

ယဉ်ကျေးမှုကို အဓိပ္ပါယ်ဖွင့်မပြချင်ပါ။ (မဖွင့်တတ်လို့၊ ပြီးတော့ ပျင်းလို့)
တစ်ခုပဲ မေးစရာရှိပါတယ်။

"ကိုယ့်စံနဲ့ မကိုက်ညီတာ၊ ကိုယ်ဖြစ်စေချင်သလို မဖြစ်တာနဲ့ သူများလွတ်လပ်ခွင့်ကို ထိပါးပုတ်ခတ်တာ၊ စော်ကားမော်ကားပြောတာ၊ ထိခိုက်နစ်နာစေချင်တာဟာ ယဉ်ကျေးမှုဆိုတာပါလား"

***

47 comments:

ကိုပေါ said...

မြန်မာပတ်စ်ပို့ကို ကိုင်ထားဆဲ မြန်မာနိုင်ငံသားတယောက်ဖြစ်သည့်အတွက် မြန်မာနိုင်ငံသားတိုင်း ခံစားရသမျှ အခွင့်အရေးများကို သူများနည်းတူ တန်းတူရည်တူ ခံစားမည်၊ တောင်းဆိုမည်သာဖြစ်သည်။

သို့သော် မြန်မာ့ရိုးရာယဉ်ကျေးမှုကို စောင့်ထိန်းပါမည်ဟု ဘယ်တုန်းကမှ ကတိကဝတ်မပြုခဲ့ပါ။ စာချုပ်လည်း ချုပ်မထားပါ။ စောင့်ထိန်းချင်မှလည်း စောင့်ထိန်းမှာပေါ့။

စောင့်ထိန်းလိုသူများအနေဖြင့် ၄င်းတို့ သဘောရှိ စောင့်ထိန်းကြပါ။ မြန်မာ့ရိုးရာယဉ်ကျေးမှုကို စောင့်ထိန်းရခြင်းသည် အင်မတန် ကြီးကျယ်မွန်မြတ်သည့် အမှုကြီးတခုဟု ယူဆလိုကလည်း လွတ်လပ်စွာ ယူဆကြပါ။

သို့သော်..... ယင်းမြန်မာ့ ရိုးရာယဉ်ကျေးမှုဆိုတာကြီးကို စိတ်မပါ၍ မစောင့်ထိန်းသူများကို အတင်းအကြပ်လာပြီး မစောင့်ထိန်းခိုင်းပါနှင့်။ ဟိုဟာမလုပ်ရ ဒီဟာမလုပ် ဆိုပြီး သူတပါး လွတ်လပ်ခွင့်ကိုလည်း လာမပိတ်ပင်ပါနှင့်။ ဒါကိုလုပ်ပါ၊ ဟိုဟာကို လုပ်ပါ စသဖြင့်လည်း လာပြီး ဇွတ်အတင်းမခိုင်းပါနဲ့။ ကိုယ်ကြိုက်မှ ကိုယ်လုပ်မှာပေါ့။

မြန်မာပြည်မှာမွေး၍ မြန်မာပြည်တွင်ကြီးသောသူဖြစ်သော်လည်း အင်္ဂလိပ်ယဉ်ကျေးမှုကို သဘောကျချင်ကျမည်။ တရုတ်ယဉ်ကျေးမှုကို ကြိုက်ချင်ကြိုက်မည်။ အာဖရိက ယဉ်ကျေးမှုကို နှစ်သက်ချင်နှစ်သက်မည်။ ဗုဒ္ဓဘာသာကို လက်ခံကျင့်သုံးနေသူများအဖို့ ပိုလို့ပင် သဘောပေါက်သင့်သေးသည်။ ယခင်ဘဝက တိုင်းတပါးတွင် လူဖြစ်ခဲ့ပြီး တိုင်းတပါးယဉ်ကျေးမှုနဲ့ အကျွမ်းဝင်ခဲ့သော သူတို့အဖို့ ယခုဘဝ မြန်မာပြည်တွင် လူဖြစ်လာရခဲ့လျှင် မြန်မာယဉ်ကျေးမှုထက် တိုင်းတပါးယဉ်ကျေးမှုကို အထုံဝါသနာအရ ပိုမိုကြိုက်နှစ်သက်တာမျိုးလည်း ဖြစ်နိုင်သည်။

မြန်မာတူရိယာများကို အနောက်တိုင်းတူရိယာများနှင့် ပူးတွဲမတီးမှုတ်ရန် မြန်မာ့သဘင်အစည်းအရုံးက ထုတ်ပြန်တားမြစ်ခြင်းကို အင်မတန် အထင်သေးပါသည်။ ရှုတ်ချပါသည်။ ရှေးခတ်က ဘယ်သူထွင်ခဲ့မှန်းမသိသည့် တူရိယာပစ္စည်းများအပေါ်မှာပင် လိုက်လံ၍ ဝန်တိုစိတ်ထားနေခြင်းဖြစ်သည်။ သဘောထားယုတ်ညံ့ပါဘိတောင်း။

သည်ပစ္စည်းတွေကို မြန်မာလူမျိုးတွေ စတင်တီထွင်သည်ဟု ဘယ်သူကများ သေချာတပ်အပ် ပြောနိုင်သလဲ။ ဘာကြောင့် ထိုင်း၊ အိန္ဒိယ စတဲ့နိုင်ငံတွေမှာ နှဲတွေ၊ ဗုံတွေ၊ မောင်းဆိုင်းတွေ ရှိနေပါသလဲ။ မြန်မာလူမျိုးတွေ တီထွင်သော တူရိယာပစ္စည်းဖြစ်စေဦး၊ ကိုယ့်ပိုက်ဆံနဲ့ ကိုယ်ဝယ်ထားသည့် တူရိယာဖြင့် ကိုယ်နှစ်သစ်ရာ ဂီတကို ကိုယ်တီးမည်။ ကြိုက်သည့်တူရိယာနှင့် တွဲဖက်တီးချင်တီးမည်။ ဒါကို ဘာမနာလို မရှုစိမ့်စရာရှိသနည်း။

အနောက်တိုင်းတွင် စန္ဒယားနှင့် ဂန္ထဝင်ဂီတကစလို့ ဂျက်ဇ်ဂီတအထိ ဂီတအမျိုးအမည်ပေါင်းစုံကို တီးသည်။ မြန်မာသံစဉ်တီးဝိုင်းများမှာပင် အနောက်တိုင်းတူရိယာဖြစ်သော စန္ဒယားကြီးကို တီးနေကြသည် မဟုတ်ပါလား။

ဒီလူမျိုးတွေ ခေါင်းဆောင်လုပ်နေတဲ့ သဘင်အစည်းအရုံးမျိုးနဲ့မို့ မြန်မာ့ဂီတ၊ မြန်မာ့သဘင်ကို ကမ္ဘာပေါ်မှာ ဘယ်သူကမှ အရေးမစိုက်တာဟု မြင်မိပါသည်။ အလားတူ ကဇာတ်၊ ရုပ်ရှင်၊ စာပေ စသည့် အစည်းအရုံးများတွင်လည်း ဖြုတ်ဦးနှောက်များ လူတွင်ကျယ်တက်လုပ်နေသရွေ့ ကိုယ့်တိုင်းပြည်က အစွမ်းအစရှိသည့် အနုပညာသည်များ လွတ်လွတ်လပ်လပ် ရှင်သန်ဖွံ့ဖြိုးခွင့်ရမည်မဟုတ်။

အဝတ်အစား၊ ဂီတ၊ အကြိုက်တရားများနှင့်ပတ်သက်၍ ကိုယ့်စံနှုန်းနှင့် မကိုက်ညီတိုင်း ယဉ်ကျေးမှု ယဉ်ကျေးမှု စသဖြင့် ငယ်သံပါအောင် အော်နေကြသူများမှာလည်း ဖြုတ်ဦးနှောက်များ၊ သဘောထားကျဉ်းမြောင်းသူများ၊ ခေတ်နောက်ပြန်ဆွဲသူများ၊ တရားမရှိသူများသာ ဖြစ်ပါသည်။

မိုးယံ said...

note ရေးတဲ့ အစ်ကို ရော။ ပြန်တင်ပေးတဲ့ အစ်မရော။ မှတ်ချက်ပေးတဲ့ အစ်ကိုကြီးရော အားလုံးရဲ့ အမြင်တွေကို ရိုးသားစွာ လေးစားမိပါသည်။

ငြိမ်းချမ်းကြပါစေ
မိုးယံ

Bino said...

"ကိုယ့်စံနဲ့ မကိုက်ညီတာ၊ ကိုယ်ဖြစ်စေချင်သလို မဖြစ်တာနဲ့ သူများလွတ်လပ်ခွင့်ကို ထိပါးပုတ်ခတ်တာ၊ စော်ကားမော်ကားပြောတာ၊ ထိခိုက်နစ်နာစေချင်တာဟာ ယဉ်ကျေးမှုဆိုတာပါလား"
Absolutely NO!
You must go in straightforward way
as per your policy.
Leave it some of unnecessary advices and negative proposals.
If necessary, we have to make a departure from bad habit of traditional.
Do you agree the bad habit of villagers in Myanmar who had defecated (expelled feces) without latrines, toilets.
Isn't one of Myanmar traditional?
BINO

Bino said...

"ကိုယ့်စံနဲ့ မကိုက်ညီတာ၊ ကိုယ်ဖြစ်စေချင်သလို မဖြစ်တာနဲ့ သူများလွတ်လပ်ခွင့်ကို ထိပါးပုတ်ခတ်တာ၊ စော်ကားမော်ကားပြောတာ၊ ထိခိုက်နစ်နာစေချင်တာဟာ ယဉ်ကျေးမှုဆိုတာပါလား"
Absolutely NO!
We must go in straightforward way as our policy, right or wrong.
Leave somebodies unnecessary advices and negative proposals.
We have to make departure from any bad traditional even you like it.
Do you agree a bad habit of villagers who had defecated feces outside of village in Myanmar.

BINO

တီချမ်း said...

Hahaha, uncle bino, I like your comment so funny.

Regarding for the post, no comment as I am so-not traditional. LOL

Unknown said...

want democracy? haha.. wait.. 1000 years.. ::DDDD

i f****ing agree with this guy.. ဒီမိုကရေစီ ဒီမိုကရေစီနှင့် လှိမ့်ပိန့်အော်နေကြပြီးကာမှ လူတယောက်၏ ဝတ်စားဆင်ယင်မှုကအစ လိုက်ပြောနေလျှင် ဒီလိုလူမျိုးတွေရဲ့ လက်ထဲ အနာဂတ်တိုင်းပြည် ရောက်မသွားသည်က ပိုကောင်းမည်ဟု အမုန်းခံ ပြောပါရစေ။

i f****ing with u too..
"ကိုယ့်စံနဲ့ မကိုက်ညီတာ၊ ကိုယ်ဖြစ်စေချင်သလို မဖြစ်တာနဲ့ သူများလွတ်လပ်ခွင့်ကို ထိပါးပုတ်ခတ်တာ၊ စော်ကားမော်ကားပြောတာ၊ ထိခိုက်နစ်နာစေချင်တာဟာ ယဉ်ကျေးမှုဆိုတာပါလား"

culture.. burmese culture.. i don't think im wrong if i say burmese culture produced authoritarian..

burmese culture.. :DDDD:D

kyawhinselwin said...

ရီတာရဲ့ "ကိုယ့်စံနဲ့ မကိုက်ညီတာ၊ ကိုယ်ဖြစ်စေချင်သလို မဖြစ်တာနဲ့ သူများလွတ်လပ်ခွင့်ကို ထိပါးပုတ်ခတ်တာ၊ စော်ကားမော်ကားပြောတာ၊ ထိခိုက်နစ်နာစေချင်တာဟာ ယဉ်ကျေးမှုဆိုတာပါလား"
ဆိုတာရော
ကိုပေါရဲ့ ယင်းမြန်မာ့ ရိုးရာယဉ်ကျေးမှုဆိုတာကြီးကို စိတ်မပါ၍ မစောင့်ထိန်းသူများကို အတင်းအကြပ်လာပြီး မစောင့်ထိန်းခိုင်းပါနှင့်။ ဟိုဟာမလုပ်ရ ဒီဟာမလုပ် ဆိုပြီး သူတပါး လွတ်လပ်ခွင့်ကိုလည်း လာမပိတ်ပင်ပါနှင့်။ ဒါကိုလုပ်ပါ၊ ဟိုဟာကို လုပ်ပါ စသဖြင့်လည်း လာပြီး ဇွတ်အတင်းမခိုင်းပါနဲ့။ ကိုယ်ကြိုက်မှ ကိုယ်လုပ်မှာပေါ့။
ဆိုတာရော သိပ်နှစ်သက်မိပါတယ်။
ရိုးရာယဉ်ကျေးမှုဆိုတာ ထိန်းသိမ်းစောင့်ရှောက်ရမယ့်အရာဆိုတာသိပေမဲ့ ထိန်းသိမ်းစောင့်ရှောက်ခြင်းဟာ လိုက်နာကျင့်သုံးခြင်းနဲ့ကွဲပြားတယ်လို့ယူဆလို့ပါ။ အဓိကက ဘယ်သူ့ကိုမှမထိခိုက်ပဲ အခြေနေကိုလိုက်ပြီး ပိုမိုအဆင်ပြေစေတဲ့အရာမျိုးတွေပေါ့။ အလွယ်ဆုံးဥပမာဆိုရရင် ထမီရှည်ရှည်နဲ့ ဘောင်းဘီသို့ စကတ်ဝတ်တာ...ဘယ်အချိန်မှာဘာကိုရွေးချယ်မလည်း ဘယ်အရာက ဘယ်အခြေအနေမှာ ပိုအဆင်ပြေ ပိုကိုက်ညီသင့်လျော်လည်း ဒီလိုအသေးဖွဲလေးကစလို့ပေါ့။

Unknown said...

ဒီမိုကရေစီကို အဓိပယ်ကောက်လွဲနေသလိုပါပဲ.. ဟဟ ဒီမိုကရေစီ ဒီမိုကရေစီနှင့် လှိမ့်ပိန့်အော်နေကြပြီ ဒီလိုဝတ်နေကြရင် ဗိုလ်ချုပ်ပြောသလို မြန်မာနိုင်ငံကြီးဟာ ဟိုနိုင်ငံကြီးများဖြစ်သွားမလား မသိပါဘူး....ဒီမိုကရေစီဟာ အသိဥာဏ်မြင့်မားတဲ့ လူသားတွေရဲ့ လူ့အခွင့်အရေး လွပ်လပ်ခွင့်တွေပါ။ မမြင့်သင့် မမြင်အပ်တဲ့ နေရာတွေကို ဟိုဖော်ဒီဖော်ချွတ်တာဟာ အသိဥာဏ် မမြင့်မားသေးတဲ့ ကျောက်ခေတ်လူသား နဲ့ လူရိုင်းတွေသာ လုပ်တာပါ။

shwemanthulay said...

ဒီမိုကရေစီကို အဓိပယ်ကောက်လွဲနေသလိုပါပဲ.. ဟဟ ဒီမိုကရေစီ ဒီမိုကရေစီနှင့် လှိမ့်ပိန့်အော်နေကြပြီ ဒီလိုဝတ်နေကြရင် ဗိုလ်ချုပ်ပြောသလို မြန်မာနိုင်ငံကြီးဟာ ဟိုနိုင်ငံကြီးများဖြစ်သွားမလား မသိပါဘူး....ဒီမိုကရေစီဟာ အသိဥာဏ်မြင့်မားတဲ့ လူသားတွေရဲ့ လူ့အခွင့်အရေး လွပ်လပ်ခွင့်တွေပါ။ မမြင့်သင့် မမြင်အပ်တဲ့ နေရာတွေကို ဟိုဖော်ဒီဖော်ချွတ်တာဟာ အသိဥာဏ် မမြင့်မားသေးတဲ့ ကျောက်ခေတ်လူသား နဲ့ လူရိုင်းတွေသာ လုပ်တာပါ။

Rita said...

(ဒီမိုကရေစီဟာ အသိဥာဏ်မြင့်မားတဲ့ လူသားတွေရဲ့ လူ့အခွင့်အရေး လွပ်လပ်ခွင့်တွေပါ)

အဲဒါ မှန်ပါတယ်။

ခုလည်း ဒီမိုကရေစီရရင်၊ ရချင်ရင် ဒီလို ဝတ်ချင်တာ ဝတ်ရမယ်လို့ ပြောနေကြတာ မဟုတ်ဘူး။

အသိဉာဏ်မြင့်မားတဲ့ လူသားမှန်ရင် သူတပါး လွတ်လပ်ခွင့်ကို မပိတ်ပင် မစော်ကား မထိပါးကြဘူး လို့ ပြောထားတာပါ။

ကိုယ် မှန်တယ်၊ ကောင်းတယ်ထင်ရင် ကိုယ့်ဘာသာ လုပ်ဖို့ပဲ ရှိတယ်။ ဒါ့ထက်ပိုပြီး လုပ်ချင်ရင် ကိုယ့်ပတ်ဝန်းကျင်ကို ကိုယ်နိုင်သလောက် စည်းရုံးလှုံ့ဆော်ဖို့ပဲ ရှိမယ် (သူတို့ လက်သင့်ခံရင်ပေါ့)။ ဒီထက်ပိုပြီး အမိန့်အာဏာ ပါဝါ သုံးချင်လို့ မရဘူး။

ကိုယ် ကောင်းတယ်လို့ လက်ခံသမျှကို ရှိသမျှ ကျန်လူ အကုန်က လက်ခံမှာ မဟုတ်ဘူး။

အသိဉာဏ်မြင့်မားတဲ့ လူဆိုတာ ကိုယ့်ထက် အသိဉာဏ် ယဉ်ကျေးမှု အဆင့်အတန်း နိမ့်တယ် ထင်ရတဲ့ လူကို မထိပါး မစော်ကားရဘူး ဆိုတာလောက်တော့ နားလည်ရလိမ့်မယ်။

Rita said...

မှန်တယ် လို့ ထောက်ခံလိုက်မိတာ မှားသွားတယ်။
နည်းနည်းပြောစရာ ရှိပါတယ်။

တကယ်တော့ ((ဒီမိုကရေစီဟာ အသိဥာဏ်မြင့်မားတဲ့ လူသားတွေရဲ့ လူ့အခွင့်အရေး လွပ်လပ်ခွင့်တွေပါ)) ဆိုတော့ အသိဉာဏ် မမြင့်မားဘူး ထင်ရတဲ့ လူတွေမှာ လူ့အခွင့်အရေး မရှိဘူး၊ မရသင့်ဘူးလို့ ဆိုသလို ဖြစ်သွားလိမ့်မယ်။

လူ့အခွင့်အရေးဆိုတာ လူသားမှန်ရင် တန်းတူညီမျှ ရသင့်တဲ့ အခွင့်အရေး လို့ ဆိုမှ ပို ဆီလျော်ပါလိမ့်မယ်။

အသိဉာဏ် မြင့်မားတဲ့ လူသားတွေကသာလျှင် ချမှတ် လိုက်နာ သုံးစွဲ ဖော်ဆောင်နိုင်တယ်လို့ ဆိုရင်တော့ မှန်မလားပဲ။

Unknown said...

ကျွန်တော် ပြောတာ နည်းနည်းလိုသွားတယ်။ ဆိုလိုချင်တဲ့ အသိဥာဏ်မြင့်မားတာက အတန်းပညာတင် မဟုတ်ပါဘူး။ ယဉ်ကျေးမှု၊ အတွေးအခေါ်၊နည်းပညာနဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာတွေပါ ပါပါတယ်။ ကျောက်ခေတ်တုန်းက သူတို့မှာ ဒီလိုအချက်တွေနဲ့ သိပ်မပြည့်စုံလေတော့ ရှက်ရကောင်းမှန်း မသိကြဘူးလေ။ ဟော civilization တွေ ထွန်းကားလာတော့ လူတွေဟာ မမြင့်အပ်တာတွေကို ဖော်ခြင်းကို ရှက်၇ကောင်းမှန်း သိလာကြပြီလေ။ အဲဒီတော့ အလွန်အကြူးမလုံတလုံတွေ ၀တ်မယ်ဆိုရင် ကိုယ့်ကိုကိုယ် ကျောက်ခေတ်လူသားသာသာ အသိဥာဏ်လောက်သာ ရှိတာပါလို့ ဖော်ပြလိုက်သလိုပါပဲ..

ဒီလိုနဲ့ အနောက်တိုင်း ယဉ်ကျေးမှုတွေ တဖြည်းဖြည်း စီးဝင်လာမယ်ဆိုရင် နိုင်ငံတစ်နိုင်ငံရဲ့ ကိုယ်ပိုင်ယဉ်ကျေးမှုတွေ ပျောက်ကွယ်သွားနိုင်တယ်ဗျာ ...ကိုယ်ပိုင်ယဉ်ကျေးမှု မရှိတဲ့နိုင်ငံဟာ ကမ္ဘာကြီးပေါ်ကလည်း ပျောက်ကွယ်သွားနိုင်တယ်ဗျာ

နောက်ဆုံး နိုင်ငံခြားသားတွေကအင်တာနက် ဓာတ်ပုံတွေ မြင်သွားအုံး မြန်မာမိန်းကလေးဆိုတာ ဒီလိုပုံပါလားဆိုပြီး အထင်ခံရနိုင်တယ်ဗျာ

(အသိဉာဏ် မြင့်မားတဲ့ လူသားတွေကသာလျှင် ချမှတ် လိုက်နာ သုံးစွဲ ဖော်ဆောင်နိုင်တယ်လို့ ဆိုရင်တော့ မှန်မလားပဲ။)ဟုတ်ပါတယ် အသိဥာဏ်မြင့်မားတဲ့ လူသားမှန်တယ်ဆိုရင်တော့ လူသားပီသတဲ့ လူ့အခွင့်အရေးတွေကို ချမှတ်လုပ်ဆောင်နိုင်ကြပါစေဗျာ

မှတ်ချက်၊ မည့်သူ့ကိုမျှ ထိခိုက်နစ်နာစေလိုခြင်းမလိုပါ။ ကျွန်တော်၏ အမြင်ကို တင်ပြခြင်းဖြစ်ပါသည်

Rita said...

magnolia ရဲ့ comment ဟာ ဆက်ဆွေးနွေးဖို့ ကောင်းပါတယ်။

ဒါပေမဲ့ အဲဒါတွေ ပြောရလွန်းလို့ ညည်းငွေ့နေပါပြီ။ ခုမှ ဘလော့မှာ တင်ဖြစ်ပေမယ့် fb က မူရင်းစာရေးသူရဲ့ page မှာလည်း ပြောခဲ့ပြီးပြီမို့ ထပ်ကာထပ်ကာဆို ကိုယ်လည်း ဒီအကြောင်းအရာတွေ စာမရိုက်ချင်တော့ဘူးဖြစ်နေတယ်။

ကိုပေါ အရင်ပို့စ်မှာ ကွန်မန့်ပေးခဲ့သလိုပဲ။ ဒီနိုင်ငံ၊ ဒီအသိုင်းအဝိုင်း၊ ဒီအတွေးအခေါ်ထဲမှာ ကြီးပြင်းလာခဲ့သူမှန်ရင် ဒီမှိုင်းကတော့ မွေးကတည်းက မိလာကြတာပါပဲ။ အဲဒါ သိပ်မှန်တယ်။ ကိုယ်တိုင်လည်း 28 နှစ်လုံးလုံး အဲဒီမှိုင်းထဲမှာ နေခဲ့တာပဲ ဆိုတော့ magnolia ဘယ်လို တွေးတယ်ဆိုတာတော့ သဘောပေါက်မိတယ်။

အဲဒီမှိုင်းနဲ့ အဲဒီအတွေးအခေါ်ကိုက သူတပါးလွတ်လပ်ခွင့်ကို ထိပါးချင်တဲ့၊ ကိုယ့်စိတ်တိုင်းကျ ဖြစ်ရင်ဖြစ်၊ မဖြစ်ရင် အဓမ္မနည်းကို သုံးချင်တဲ့ အခြေခံကို အုတ်မြစ်ချနေတယ်။

နောက်တခုက ကိုယ်ပိုင်ယဉ်ကျေးမှုဆိုတဲ့ စကား။
ပုဆိုးနဲ့ ထမီကို ကိုယ်ပိုင်ယဉ်ကျေးမှုလို့ ပြောမယ်ဆိုရင်၊ ပုဂံနံရံပန်းချီတွေကို ပြန်ကြည့်ဖို့ကောင်းတယ်။

နောက် ပုဆိုးအတွက် တမီလ်(ကုလား)တွေနဲ့ ထမီအတွက် (ထိုင်း) တွေကို ထည့်စဉ်းစားဖို့ ကောင်းတယ်။

ပြေပြေလည်လည်ပြောတဲ့ comment မို့ ကျေးဇူးတင်ပါတယ်။

Rita said...

magnolia ရဲ့ comment မှာပါတဲ့ သိသာထင်ရှားတဲ့ အကြောင်းတခု ထုတ်ပြချင်မိတယ်။

ကိုယ်ပိုင် ယဉ်ကျေးမှု ပျောက်ရင် တိုင်းပြည်ပျောက်နိုင်တယ် ဆိုတာ... ပေါက္ကံရာမခေတ်က ယဉ်ကျေးမှုတွေ ဒီဘက်ခေတ်ရောက်တော့ အကုန်ပျောက်ပြီလို့ ပြောနိုင်တယ်။ ယိုးဒယားက ထမီ၊ အိန္ဒိယက လုံချည်၊ စိနက တိုက်ပုံ တိုင်းတပါးယဉ်ကျေးမှုက အကုန် ထိုးဖောက် နေရာယူသွားတယ်။ (ကိုယ်က သမိုင်းမကျွမ်းကျင်လို့ အချက်အလက် အသေးစိတ်က တိမ်းစောင်းနိုင်ပါတယ်) ဘာမှကို မကျန်တော့တာ။ ခုခေတ် ဖက်ရှင်ပွဲတွေကျမှ ပုဂံ ပင်းယ ခေတ်က ရင်ရှားပုံစံတွေ ပြန်ဖော်ထုတ်လာကြသလားလို့ပါပဲ။ အဲလို ပြောရင် ရွဲ့ပြောတယ်လို့ ဆန္ဒစောပြီး မထင်စေချင်ဘူး။ မှန် မမှန်ကို စဉ်းစားကြည့်စေချင်တယ်။

(civilization တွေ ထွန်းကားလာတော့ လူတွေဟာ မမြင့်အပ်တာတွေကို ဖော်ခြင်းကို ရှက်၇ကောင်းမှန်း သိလာကြပြီလေ။ အဲဒီတော့ အလွန်အကြူးမလုံတလုံတွေ ၀တ်မယ်ဆိုရင် ကိုယ့်ကိုကိုယ် ကျောက်ခေတ်လူသားသာသာ အသိဥာဏ်လောက်သာ ရှိတာပါလို့ ဖော်ပြလိုက်သလိုပါပဲ)

ဒါကတော့ ကိုယ်ပိုင် ကြိုက်သလို ထင်မြင်ယူဆလို့ရတဲ့ အကြောင်းအချက်တွေမို့ ညှိယူစရာမလိုဘူး ထင်မိပါတယ်။ ခုတင်ထားတဲ့ post မှာ ပြောချင်တဲ့၊ ပြောထားကြတဲ့ အကြောင်းအရာက magnolia ရဲ့ comment က ပြောချင်တဲ့ ဘယ်လိုဝတ်စားပြင်ဆင်ရင် ဘယ်ကဲ့သို့သော အဓိပ္ပါယ်ဆောင်တယ် ဆိုတာကို ပြောထားကြတာ မဟုတ်ပါဘူး။

လူဟာ သူတပါးကို မထိခိုက်စေဘူးဆိုရင် သူ့ဘာသာ ကြိုက်တာ လုပ်ပိုင့်ခွင့် ရှိတယ်လို့ ပြောထားကြတာပါ။ သူတပါးက မမှန်ကန်ဘူး ထင်တာကိုလည်း လုပ်ပိုင်ခွင့်ရှိတယ် (တခြားဘယ်သူ့ကိုမှ မထိခိုက်စေသရွေ့)

magnolia ရဲ့ အမြင်မှာ ဘီကီနီ ဝတ်တဲ့ မိန်းကလေးဟာ ဉာဏ်ရည်နဲ့ ယဉ်ကျေးမှု အဆင့်အတန်း နိမ့်တယ်လို့ ပြရာရောက် နေချင်နေမယ်။ အဲဒီလို မြင်ချင်လို့ မြင်တဲ့ အမြင်ကို ဘယ်သူကမှ ကန့်ကွက်စရာ မရှိဘူး။ သူ့ဘာသာ သူ့အဆင့်အတန်း ဘယ်လို ပြပြ သူ့အခွင့်အရေးပဲ လို့ နားလည်ရင် ရပြီ။ မမြင်ချင်ရင် မကြည့်ဘဲ နေလို့ ရသရွေ့ သူ့ကို စွက်ဖက် ထိခိုက်စရာ မလိုဘူး။ ဒီ post ရဲ့ ဆိုလိုရင်းက အဲဒါ။

အဲဒီလို မဆိုင်သလို မနေနိုင်ရင် ကိုယ့်ပတ်ဝန်းကျင်ကို ကိုယ်နိုင်သလောက် စည်းရုံးသိမ်းသွင်းချင် သိမ်းသွင်းပေါ့ (သူတို့သာ လက်ခံမယ် ဆိုရင်)။ စော်ကားပြစ်တင်လို့တော့ မရဘူး။

ကိုယ်ပိုင်လွတ်လပ်ခွင့်အရ ဝတ်ချင်လို့ ဝတ်တဲ့အဝတ်ကို မှန်တယ် မှားတယ် ဝေဖန်ဖို့ဆိုတာတော့ ကိုယ့်အတွက် အလုပ်ကို မဟုတ်ဘူး။

Rita said...

(နိုင်ငံခြားသားတွေကအင်တာနက် ဓာတ်ပုံတွေ မြင်သွားအုံး မြန်မာမိန်းကလေးဆိုတာ ဒီလိုပုံပါလားဆိုပြီး အထင်ခံရနိုင်တယ်ဗျာ)

တစ်ယောက်လုပ်တာနဲ့ တစ်အုပ်စုလုံးကို သိမ်းကျုံးပြီး ထင်ပစ်တတ်တဲ့ အကျင့်ဆိုတာ ကိုယ်သိသလောက်တော့ ဥခွံထဲမှာ နေရတဲ့ အရှေ့တိုင်းက လူတွေရဲ့ အကျင့်ပဲ။ အနောက်ကလူတွေကို အဲဒီစကားသွားပြောရင် ပြုံးပြီး ကြည့်နေလိမ့်မယ်။ (အဲဒီစကားပြောတဲ့အတွက် ကိုယ့်ကို အမေကျော် ဒွေးဒေါ်လွမ်းတဲ့သူ လို့ ထင်ချင်လည်း ထင်နိုင်တယ်)

ဒီ post ရဲ့ ဦးတည်ရာနဲ့ ဆိုင်တဲ့ အလေးအနက် ထပ်ပြောချင်တဲ့ အချက်တွေ ရှိပါတယ်။

1) အသိဉာဏ်မြင့်မားတဲ့ လူဆိုတာ ကိုယ့်ထက် အသိဉာဏ် ယဉ်ကျေးမှု အဆင့်အတန်း နိမ့်တယ် ထင်ရတဲ့ လူကို မထိပါး မစော်ကားရဘူး ဆိုတာလောက်တော့ နားလည်ရလိမ့်မယ်။

2) လူဟာ ကိုယ့်လွတ်လပ်ခွင့်ကိုပဲ ကာကွယ်ခွင့်ရှိတယ်။ သူတပါးလွတ်လပ်ခွင့်ကို ထိပါးခွင့် မရှိဘူး။

3) အများစုရဲ့ တူညီတဲ့ ထင်မြင် ယူဆချက်ဆိုတာတွေဟာလည်း မှားနေနိုင်တယ်။ အမြဲတမ်း မှန်မနေနိုင်ဘူး။

4) ကိုယ်က ရိုင်းတယ် နိမ့်တယ် ယူဆတဲ့ ဆင်ယဉ်မှုမျိုးကို သူ့လွတ်လပ်ခွင့်အရ (ဘယ်သူ့မှ မထိခိုက်စေဘဲ) သုံးစွဲနေတဲ့သူကို ထိပါးတဲ့ စော်ကားတဲ့လူက ပိုပြီး ရိုင်းစိုင်းနိမ့်ကျတယ်။ (ဆိုလိုတာက သူတပါးလွတ်လပ်ခွင့်ကို ဝင်စွက်ချင်တဲ့ အမူအကျင့်ကမှ တကယ် သေးသိမ်နိမ့်ကျတယ်)

ပြောစရာ အချက်အလက်တွေပါတဲ့ comment လာရေးလို့ ကျေးဇူးတင်ပါတယ်။ တသက်လုံးက စွဲလာခဲ့တဲ့ အလွှမ်းမိုးခံလာရတဲ့ အချက်အလက်တွေကို ရုတ်တရက် ကျော်တွေးဖို့ဆိုတာ မလွယ်ပါဘူး။ ဒါပေမဲ့ ကိုယ့်ကို မထိခိုက်စေတဲ့သူကို ကိုယ့်စိတ်ကြိုက်မဖြစ်တာနဲ့ ထိခိုက်အောင် လုပ်ပစ်ချင်တယ်၊ အာဏာသုံး တားမြစ်ချင်တယ် ဆိုတာ ဖြစ်သင့်သလားလို့ ရိုးရိုးပဲ စဉ်းစားကြည့်ပါ။

ကိုပေါ said...

ယဉ်ကျေးသိမ်မွေ့တယ် (Polite) ဖြစ်တယ်ဆိုတာ အဝတ်အစားအဆင်အပြင်နဲ့ မဆိုင်ပါဘူး။ ကံသုံးပါးအပြုအမူအားဖြင့် တဖက်သားအပေါ် စာနာစိတ်ရှိသလား၊ မေတ္တာစိတ်ရှိသလား၊ ဂရုဏာစိတ်ရှိသလား စတဲ့ အချက်တွေပေါ်မူတည်ပြီးပဲ ဆုံးဖြတ်သင့်ပါတယ်။

အဝတ်အစားကိုယ်တုံးလုံးနဲ့လူက အဝတ်အစားအပြည့်အစုံဝတ်ထားထက်လူထက် မေတ္တာ၊ ဂရုဏာ၊ မုဒိတာ အရာမှာ သာလွန်တာမျိုးလည်း ရှိနိုင်ပါတယ်။

နောက်တမျိုးက မြန်မာတွေဟာ စိတ်ရင်းဖြူဖြောင့်တယ်။ သဘောဖြူတယ်။ ဖော်ရွေတယ် စသဖြင့် ပြောကြတာမျိုးရှိတယ်။ ဒါတွေကလည်း အလွယ်တကူ တံဆိပ်ကပ်၊ လိုရာဆွဲပြောတာပဲ။ လူဆိုရင် ဘယ်လူမျိုးမဆို လူကောင်းရှိသလို လူဆိုးတွေရှိနေနိုင်တယ်။ ဖြောင့်မတ်သူရှိသလို၊ ကောက်ကျစ်သူလည်း ရှိနေနိုင်တယ်။

ဘယ်နိုင်ငံမှလည်း နှံ့နှံ့စပ်စပ်ရောက်ဖူးတာလည်းမဟုတ်ဘဲနဲ့ မြန်မာလူမျိုးသာလျှင် အဖော်ရွေဆုံးဆိုတာ.... လူမျိုးခြားက ပြောရင်လက်ခံနိုင်ဖွယ်ရှိပေမယ့် ကိုယ့်မြန်မာလူမျိုးတွေပါးစပ်က ထုတ်ထုတ်ပြောနေတာကိုပဲ နားမဆန့်အောင်ကြားနေရတော့ ကိုယ့်ကိုယ်ကိုဖော် မသူတော်တွေ ဖြစ်ကုန်ကြမှာ စိုး၇တယ်။

နောက်တခု ယဉ်ကျေးမှုအစဉ်အလာ (culture)တွေနဲ့ ပတ်သက်လို့။ ထိန်းချင်တဲ့လူ ထိန်းသိမ်းကြပေါ့။ လွတ်လပ်ခွင့်ပဲ။ ဒါပေမယ့် မထိန်းချင်တဲ့လူမှာလည်း သူတို့သဘောနဲ့ သူတို့ပဲ။ ထိန်းသိမ်းရမယ့် တာဝန်မရှိဘူး။ နှဲမှုတ်တဲ့ပညာ၊ စောင်းပညာကို ဝါသနာပါတဲ့လူတွေက ပါတဲ့အလျောက် နှိုက်နှိုက်ချွတ်ချွတ် လေ့လာနိုင်တယ်။ တဖက်ကမ်းခတ်အောင် ဖော်ထုတ် လေ့လာနိုင်တယ်။ အဲဒီလို ဖော်ထုတ်လေ့လာနေတဲ့အလုပ်ကို အင်မတန် မွန်မြတ်တဲ့အလုပ်ကြီးလို့ သူ့ဘာသာ ယူဆချင်လည်း ယူဆနိုင်တယ်။ ဒါပေမယ့် ကျနော့်ကို အဲသည်လို ယူဆဖို့လာပြောရင်တော့ သနားတယ်။ ကိုယ်ယူဆချင်မှ ယူဆမှာပေါ့။ ပိုဆိုးတာက အဲဒါမျိုးကို မထိန်းသိမ်းရကောင်းလားလို့ လာအပြစ်တင်ရင် “လဲသေလိုက်”လို့ ပြန်ပြောလိုက်မယ်။

ကျနော်တို့ခေတ်က မြန်မာအမျိုးသမီးအများစု မြန်မာပြည်တွင်းမှာ နေကြစဉ်က ထမီပဲ ဝတ်ကြတယ်။ ဘောင်းဘီတို၊ စကပ်တို မဝတ်ရဲကြဘူး။ ဝတ်တဲ့လူကို ဝိုင်းပြီးမေးငေါ့ကြတယ်။ အဝတ်အစား သော့သွမ်းတယ်ပေါ့။ အဲဒီမိန်းမတွေ ပြည်ပရောက်လာတဲ့အခါ ခြောက်လလောက်နေပြီးရင် ထမီမဝတ်ကြတော့ဘူး။ ဘောင်းဘီတို၊ စကပ်တို လူတိုင်းလိုလို ဝတ်လာကြတယ်။ တကယ်တော့ လူတယောက်ရဲ့ အဝတ်အစားဟာ သူ့ရဲ့ ကိုယ်ကျင့်တရားနဲ့ ဘာမှမဆိုင်ဘူး။ ကိုယ်ကျင့်တရားကောင်းမကောင်းသာလျှင် ပဓာနကျတယ်။ အဝတ်အစားက ပဓာနမကျလှဘူး။ မြန်မာတွေဟာ အရေးမပါတဲ့ အပေါ်ယံတွေနောက်ကို အတင်းလိုက်လွန်းနေတယ်လို့ မြင်တယ်။ အဓိကနဲ့ သာမညကို မခွဲခြားတတ်ဘူး။

မြန်မာတွေ ကပြနေတဲ့ ယိုးဒယား အကတို့၊ ရာမယနဇာတ်တော်ကြီးတို့၊ ကိုးကွယ်နေတဲ့ ဗုဒ္ဓဘာသာတို့ဆိုတာလည်း တိုင်းတပါးက ကူးယူလာတာပဲ။ တိုင်းတပါးကလာတဲ့ ဘာသာတရားကိုတောင် ကိုးကွယ်နေပြီးတဲ့နောက်မှတော့ ယဉ်ကျေးမှုလောက်ကို ပိတ်ပင်ဖို့ ကြိုးစားမနေပါနဲ့တော့။

ယဉ်ကျေးမှုဆိုတာ အမြဲ စီးဆင်းနေရမယ့်အရာ၊ တိုးတက်နေရမယ့်အရာ၊ ပြောင်းလဲနေမယ့်အရာပဲ။ မစီးဆင်းချင်ဘူးဆိုရင် မေမေဝင်းတို့ခေတ်က အဝတ်အစားမျိုး ဒီခေတ် ဘယ်မိန်းမတွေ ဝတ်သလဲ။ တောင်ရှည်ကို ဘယ်ယောက်ျားတွေ ဝတ်သလဲ။

ခက်တာက လူတွေဟာ သူတို့စိတ်ထဲမှာ၊ သူတို့အသိုင်းအဝိုင်းရဲ့ စိတ်ထဲမှာ ကောင်းတယ်လို့ သူတို့ဖာသာ တဖက်သတ် သတ်မှတ်ထားတာလေးတွေကို သူတပါးက မလုပ်တဲ့အခါ မလုပ်တဲ့လူကို အပြစ်တင်ချင်တတ်တယ်။ ပိုဆိုးတာက တချို့က အဲဒီအရာတွေကို ကိုယ်တိုင်ကြိုက်နှစ်သက်လို့လုပ်တာမဟုတ်ဘူး။ လူကြိုက်များတဲ့အရာ၊ လူနှစ်သက်မယ့်အရာမို့ ကိုယ်တိုင်ဘာမှန်မသိဘဲ လိုက်လုပ်ကြတာများနေတယ်။ ယဉ်ကျေးမှု မျက်နှာဖုံးစွပ်တယ်လို့ ပြောရမယ်။ အများကြီးပါပဲ။ ဘာသာရေးမျက်နှာဖုံးစွပ်တဲ့လူတွေ၊ ယဉ်ကျေးမှုမျက်နှာဖုံးစွပ်သူတွေ၊ လူမှုရေးမျက်နှာဖုံးစွပ်သူတွေ၊ ဒီမိုကရေစီအရေး မျက်နှာဖုံးစွပ်သူတွေ စသဖြင့်။ တကယ်စိတ်ထဲပါလို့မဟုတ်ဘဲ လူအထင်ကြီးခံချင်လို့ လုပ်နေကြသူတွေအများသား။

အဓိက ကတော့ ကိုယ့်အကြိုက်နဲ့ မညီတိုင်း သူတပါးကို လိုက်ပြီး မစော်ကားနဲ့။ မပိတ်ပင်နဲ့။ အာဏာသုံးပြီး မပိတ်ပင်နဲ့။

ငပိနဲ့ဒန်ပေါက်၊ ခမောက်နဲ့ခေါက်ထီး ရင်းနှီးရာခံစား ဒါအမှန်တရားတော့ မဖြစ်နိုင်ဆိုတဲ့ မောင်ခိုင်မာ ကဗျာလေးကို သတိရမိတယ်။

ကိုပေါ said...

မှတ်ချက်ကဏ္ဍမှာ ရီတာပြန်ချေပသွားတာတွေကို သဘောကျတယ်။

ကျနော်လည်း ဒစ္စကာဗာရီချင်နယ်က လွှင့်သွားတဲ့ မြောက်ကိုရီးယားအကြောင်း အစီအစဉ်တခုကို သွားသတိရတယ်။ မြောက်ကိုရီးယား စစ်ရေးပြအခန်းအနားတခုကို မြောက်ကိုရီယားမိသားစုတစုက တီဗီမှာ ထိုင်ကြည့်နေကြရင်း....“ကြည့်စမ်း။ ငါတို့ စစ်သားတွေ လမ်းလျှောက်တာ ညီနေတာပဲနော်။ ကမ္ဘာပေါ်မှာ ဘယ်စစ်တပ်မှ ငါတို့ တပ်မတော်လောက် ညီညာအောင် လျှောက်တတ်မှာမဟုတ်ဘူး” ဆိုတာမျိုး မှတ်ချက်ချကြတယ်။

အဲဒီ မိသားစုရဲ့ ကိုယ့်စစ်တပ်ကို ဂုဏ်ယူစရာမရှိ ကြံဖန်ပြီး အသားလွတ်အထင်ကြီးနေပုံကို ဒစ္စကာဗာရီမှာ ကြည့်ရင်း သူတို့ကို အရမ်းစိတ်ထဲမှာ သနားမိတယ်။ ဝါးလုံးခေါင်းထဲလသာနေတဲ့ သူတို့အဖြစ်ကို သနားမိတယ်။ သူတို့အနေနဲ့ အခြားနိုင်ငံတွေက တပ်မတော်တွေရဲ့ ချီတက်ပုံကိုရော မြင်ဖူးရဲ့လားလို့ သံသယ ဖြစ်မိတယ်။

မြန်မာတွေလည်း ကမ္ဘာမှာ ဒို့မြန်မာလူမျိုးသာလျှင် အယဉ်ကျေးဆုံးဆိုတာမျိုး နာမည်ကြီးဘလော့ဂါတွေကအစ အထောက်အထားမရှိ စွတ်ရွတ် ပြောတတ်ကြတယ်။ ကမ္ဘာမှာ မြန်မာဟာ အယဉ်ကျေးဆုံးဆိုတာ ကမ္ဘာသူကမ္ဘာသားလုံးက ညီညီညွတ်ညွတ်နဲ့ အသိအမှတ်ပြုထားကြတဲ့အရာလား၊ မဆလ လက်ထက်ကတည်းက ပြည်တွင်းမီဒီယာတွေမှာ မှိုင်းတိုက်ထားတာကိုခံရပြီး ယုံကြည်စွဲမြဲနေတာလား ကိုယ့်ဘာသာ ပြန်ဆန်းစစ်ကြည့်ကြဖို့ လိုပါတယ်။

ကိုပေါ said...

အပေါ်က ကွန်မင့်နှစ်ခုက တင်တုန်းက လောကြီးပြီး ရှေ့နောက် အစီအစဉ် လွဲသွားတယ်။ ဘလော့ဂါကွန်မင့်ကဏ္ဍက ကွန်မင့်အရှည်ကြီး လုပ်ရင် တင်လို့ မရဘူးဆိုတာ သတိထားမိတယ်။ နောက်ပြီး အခုတလော ကွန်မင့်တွေ တင်တိုင်း error မက်ဆေ့ခ်ျတွေ ပြတယ်။ တခါတလေကျတော့ မတက်ဘူးထင်ပြီး နှစ်ခါနှိပ်မလို့ ကွန်မင့်တွေ ထပ်ကုန်တယ်။ (လေကြောရှည်ချင်သူအဖို့ အားကြီး စိတ်ညစ်ရတယ်။း-)

Rita said...

အဓိပ္ပါယ် နည်းနည်း ရောထွေးသွားနိုင်တယ် ထင်လို့ စကားလုံး နည်းနည်း ပြင်ချင်ပါတယ်။

((နိုင်ငံခြားသားတွေကအင်တာနက် ဓာတ်ပုံတွေ မြင်သွားအုံး မြန်မာမိန်းကလေးဆိုတာ ဒီလိုပုံပါလားဆိုပြီး အထင်ခံရနိုင်တယ်ဗျာ)

တစ်ယောက်လုပ်တာနဲ့ တစ်အုပ်စုလုံးကို သိမ်းကျုံးပြီး ထင်ပစ်တတ်တဲ့ အကျင့်ဆိုတာ ကိုယ်သိသလောက်တော့ ဥခွံထဲမှာ နေရတဲ့ အရှေ့တိုင်းက လူတွေရဲ့ အကျင့်ပဲ။ အနောက်ကလူတွေကို အဲဒီစကားသွားပြောရင် ပြုံးပြီး ကြည့်နေလိမ့်မယ်။ (အဲဒီစကားပြောတဲ့အတွက် ကိုယ့်ကို အမေကျော် ဒွေးဒေါ်လွမ်းတဲ့သူ လို့ ထင်ချင်လည်း ထင်နိုင်တယ်))

*** (တစ်ယောက်လုပ်တာနဲ့ တစ်အုပ်စုလုံးကို သိမ်းကျုံးပြီး ထင်ပစ်တတ်တဲ့ အကျင့်ဆိုတာ ကိုယ်သိသလောက်တော့ ဥခွံထဲမှာ နေရတဲ့ အရှေ့တိုင်းက လူတွေရဲ့ အကျင့်ပဲ။ အနောက်ကလူတွေကို တယောက်လုပ်တာနဲ့ တမျိုးလုံးကို သိမ်းကျုံးပြီး ကောက်ချက်ချပစ်တတ်သလား သွားမေးရင် ပြုံးပြီး ကြည့်နေလိမ့်မယ်။ (ဒီလိုပြောတဲ့အတွက် magnolia က ကိုယ့်ကို အမေကျော် ဒွေးဒေါ်လွမ်းတဲ့သူ လို့ ထင်ချင်လည်း ထင်နိုင်တယ်။ မငြင်းပါ။)) ***

phyoaung said...

ပိုစ့်ရော ကွန်မင့်များပါ စိတ်ဝင်တစားဖတ်ပြီး၊ (မဖိတ်ခေါ်ပါပဲနဲ့)ကောင်းမွန်စွာ မှတ်သားနာယူသွားပါတယ်ခင်ဗျာ။

suu said...

အဲဒီလိုနဲ့ ....အင်း..အနောက်တိုင်းသားတွေက မြန်မာတွေရဲ့ ယဉ်ကျေးမူပုံစံကိုအတုယူ အားကျလိုက်နာပီး..မြန်မာတွေက ရင်ဖော်ဖင်ဖော်လုပ်ကြတာလဲ... သူတို့အခွင့်အရေးပဲလား..။ ကောင်းပါတယ်လေ..ဒါကို သူတို့ကြိုက်လို့ သူတို့လုပ်တာဆိုပီး လက်ခုပ်တီးအားပေးကြတာပေါ့..ဒါမှ မြန်မာတဲ့ဟေ့ဆိုပီး ဂုဏ်ယူရပေမပေါ့

Rita said...

ဘယ် အနောက်တိုင်းသားတွေက မြန်မာတွေရဲ့ ဘယ်ယဉ်ကျေးမှုပုံစံကို ဘယ်လိုအတုယူ အားကျ လိုက်နာ တာလဲဆိုတာ ကျန်တဲ့မြန်မာတွေ သိရအောင် ပြောပြပေးနိုင်ရင် သိပ်ကောင်းမှာပဲ။ ဂုဏ်ယူနိုင်အောင်လို့ပါ။

tour လုပ်တုန်းမှာ ပုဆိုးတို့ ထမီတို့ ဝတ်ကြည့်ပြီး လျှောက်လည်တာ၊ ဓါတ်ပုံရိုက်သွားကြတာကို ပြောတာလား။

နောက်တခု လက်ခုပ်တီးအားပေး ဆိုတဲ့ စကားလုံး သုံးဖို့ ဒီ post မှာ ဘယ်လို အကြောင်းအရာမျိုး ရေးထားမိလို့သုံးတာပါလဲ ဆိုတာ ရှင်းပြပေးပါ။

မြန်မာတွေ ဟိုဖော်ဒီဖော် လုပ်တာကို Suu က မကျေနပ်ဘူး ဆိုပါတော့၊ အဲဒီတော့ အဲလို ဖော်တဲ့လူတွေကို ဘာလုပ်ချင်တာပါလဲ ဆိုတာလေး ပြောပြပေးနိုင်မလား။

Come On!

ကိုပေါ said...

Suu....

“အနောက်တိုင်းသားတွေက မြန်မာတွေရဲ့ ယဉ်ကျေးမှုပုံစံကို အားကျလိုက်နာပြီး”...ဆိုတဲ့ စကားနဲ့ ပတ်သက်လို့ အနောက်တိုင်းသားတွေရဲ့ ဘယ်နှစ်ရာခိုင်နှုန်းက ဘယ်လို မြန်မာ့ယဉ်ကျေးမှုပုံစံကိုတွေကို အတုယူပြီး လိုက်နာတာပါလိမ့်။ သိချင်လိုက်တာ။

မြန်မာမတွေနဲ့ ယူထားတဲ့ အနောက်တိုင်းသား၊ မြန်မာယောက်ျားနဲ့ ယူထားတဲ့ အနောက်တိုင်းသူမတွေက ရံဖန်ရံခါ ပုဆိုးတိုက်ပုံဝတ်တာ၊ ထမီအင်္ကျီဝတ်တာတွေကို ရည်ညွှန်းတာဆိုရင်တော့ ရှားရှားပါးပါး အဖြစ်အပျက်ကို ယေဘုယျလိုလို ကောက်ချက်ဆွဲဖို့ ကြိုးစားတာလို့ မြင်မိပါတယ်။

Suu အနေနဲ့ရော အခု ပြည်ပမှာ အပြင်ကို သွားရင်လာရင် ထမီနဲ့ ရင်ဖုံးအင်္ကျီကိုဝတ်၊ ပုံတော်ဖိနပ်ကိုစီး၊ ပုသိမ်ထီးကလေးဆောင်းပြီး သွားသလားဆိုတာ သိချင်ပါတယ်။ အဲသည်လိုမဟုတ်ဘဲ... ဘလောက်စ်တွေဝတ်မယ်၊ ရှပ်အင်္ကျီ၊ တီရှပ်၊ ဘောင်းဘီရှည်၊ စကပ် စတာတွေကို ဝတ်ဆင်ပြီးမှ အပြင်သွားတယ်ဆိုရင် suu တယောက်လည်း အနောက်တိုင်းယဉ်ကျေးမှုပုံစံကို အတုယူအားကျလိုက်နာနေသူတယောက်လို့ ဆိုရမယ်။

နောက်ဆုံးအနေနဲ့ ဟိုဖော်ဒီဖော်လုပ်တာကို suu က ဘာကြောင့်မကြိုက်တာလဲဆိုတာကို သိပါရစေ။ အဲသည်လို ဟိုဖော်ဒီဖော်လုပ်လိုက်တာ suu ရဲ့ လွတ်လပ်ခွင့်ကို လာရောက်ထိပါးလို့လား။ suu ရဲ့ အကျိုးကို ထိပါးလို့လား။ အဲဒါဆိုရင် ဘယ်လိုထိပါးသလဲ သိပါရစေ။

အလားတူ suu ရဲ့ အကျိုးနဲ့ လွတ်လပ်ပိုင်ခွင့် တွေကို တိုက်ရိုက်ထိပါးနှောက်ယှက်နေသူတွေရဲ့ လုပ်ရပ်တွေကိုရော suu အနေနဲ့ အခုလို ပွင့်ပွင့်လင်းလင်း ဝေဖန်ဖူးပါသလား သိချင်ပါတယ်။

phyoaung said...

Suu ကို မေးခွန်းတွေ မေးနေတဲ့ ကိုပေါကို ကျနော်နဲနဲလောက် ပြန်မေးပါရစေ။ ဖောေ၇ှာတွေလို့ ပြောတဲ့ မှတ်သားနာယူသွားကြောင်း၊ အသိပေးသူ တွေကေ၇ာ ကိုပေါကို ဘယ်လိုများ ထိပါးလို့ ဖောရှောတွေပါလို့ ကဲ့ရဲ့စကားဆိုရတာပါလဲ...
ကိုယ်မသိတာကို သူများပိုစ့်မှာ ဖတ်လို့သိသွားရင်တောင် ကျေးဇူးတင်ရမှာစိုးလို့ ခပ်တည်တည်နဲ့ ဘာမှမပြောဘဲ ကြိတ်မှတ်သွားတဲ့သူတွေကို ဘယ်လိုခေါ်နိုင်မလဲ..
နောက်ပြီး ကိုယ့်အကျိုးနဲ့ လွတ်လပ်ပိုင်ခွင့်တွေကို တိုက်ရိုက်ထိပါးနှောက်ယှက်နေသူတွေရဲ့ လုပ်ရပ်ကို မဝေဖန်ပဲ တခြား အသေးအဖွဲတွေ ကိုယ့်ကို ပြန်မပတ်နိုင်မဲ့သူတွေကိုပဲ ဝေဖန်တာရော အဲ့ဒီ Suu ဆိုတဲ့ တယောက်ထဲပဲလားခင်ဗျာ။။ သိချင်ယုံ သက်သက်ပါ။။ ကျနော် Suu ဆိုသူကို လုံးဝမသိသလို၊
မှတ်သားနာယူသွားကြောင်းကွန်မင့်ရေးတာလဲ အခု မရီတာပိုစ့်မှာ ပထမဦးဆုံးပါ။ နောက်အ၀တ်အစားနဲ့ ပတ်သက်လို့လဲ ကာလံ ဒေသံ လိုက်ပြီး ကိုယ်ကြိုက်တာ ကိုယ်ဝတ်တာကိုပဲ အားပေးပါတယ်ခင်ဗျာ...

Rita said...

phyoaung ကိုယ့်ကို မေးတာ မဟုတ်ပေမယ့် တခု ဝင်ပြောချင်တယ်။

ဝေဖန်တာနဲ့ ထိခိုက်နစ်နာစေလိုတာကို ခွဲမြင်မယ်လို့ ယူဆပါတယ်။

ဒီ post တင်ရတဲ့ အကြောင်းရင်းကိုက ထိခိုက်နစ်နာစေလိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်တဲ့ အလုပ်တွေကို အလေးပေးပြီး ရေးခဲ့တယ်။ အဲဒီ အချက်ကို သိသာမြင်သာအောင်လည်း ထပ်ခါထပ်ခါ ရေးခဲ့တယ်။ အစွန်းထွက်နိုင်တဲ့ ကိစ္စဖြစ်လို့ကို အစွန်းထွက်မသွားအောင် စကားလုံးကို ဂရုစိုက်ပြီး ရေးခဲ့တယ်။ သေချာဖတ်ကြည့်ရင် သိလိမ့်မယ်လို့ ယူဆတယ်။

နောက် ဒီ post မတိုင်ခင် ရှေ့က post မှာ ကတည်းက မကြိုက်လို့ ဝေဖန်ချင်ရင် ဝေဖန်လိုက် ဆိုတဲ့ စကားကို (တမင်တကာ ရည်ရွယ်ချက်ရှိရှိ) ထည့်ပြောပြီးသား ဖြစ်တယ်။

အဲဒီ post နှစ်ခုဟာ တခုနဲ့ တခု အဆက်အစပ် ရှိလို့ ထည့်ပြောတာပါ။

(တခုတော့ ရှိတယ်။ ရှေ့ post က fb ပေါ်မှာ အလွတ်သဘော ပြောကြရင်းကနေ အဲဒါကို တင်ဖြစ်တာ ဆိုတော့ တချို့နေရာတွေမှာ အလေးအနက်မဟုတ်ဘဲ အချင်းချင်း ရိထားတာ၊ သေချာမစဉ်းစားဘဲ ပြောပစ်လိုက်တာတွေတော့ စကားပြောတွေမှာ ပါနေသေးတယ်)

နှစ်ခုစလုံးမှာ ဝေဖန်စရာမလိုဘူး ဆိုတဲ့ သဘောမျိုး မပါအောင် ဂရုတစိုက်ကို ထည့်ရေးခဲ့တယ်။ ဘယ်နေရာက အစွန်းထွက်ပြီး၊ ဘယ်နေရာကို လိုက်နင်းလာနိုင်တယ်ဆိုတာ တွက်မိလို့။ အဲဒါ တော်လို့ မဟုတ်ဘူး။ တော်ခြင်း မတော်ခြင်းနဲ့ ဘာမှ မဆိုင်ဘူး။ ကိုယ်တိုင် လာခဲ့တဲ့ လမ်းကြောင်းဖြစ်လို့ (ကိုယ်တိုင် တွေးခဲ့ဖူးတဲ့ အတွေးမျိုးတွေဖြစ်လို့) ဘယ်နေရာ ဘာရှိတယ် (ဘယ်လိုပြောရင် ဘယ်လိုပြန် မေးခွန်းထုတ်ခံရမယ်) ဆိုတာကို သိတဲ့ သဘောပဲ။

ဘယ်လို အကြောင်းအရာကို ရေးရင် ဘယ်လို comment မျိုးလာမယ် ဆိုတာ ရေးလာတာနဲ့အမျှ၊ နောက်တခုက ကိုယ်တိုင် ကျင်လည်ခဲ့ဖူးတဲ့ အတွေးအမြင်၊ အလေ့အကျင့်တွေအရ ကြိုသိနေလို့ပါပဲ။

***
(ကိုယ့်အကျိုးနဲ့ လွတ်လပ်ပိုင်ခွင့်တွေကို တိုက်ရိုက်ထိပါးနှောက်ယှက်နေသူတွေရဲ့ လုပ်ရပ်ကို မဝေဖန်ပဲ တခြား အသေးအဖွဲတွေ ကိုယ့်ကို ပြန်မပတ်နိုင်မဲ့သူတွေကိုပဲ ဝေဖန်တာရော)

ဒီအဖြစ်အပျက် (ခုတင်ထားတဲ့ post မှာပါတဲ့ အဖြစ်အပျက်) ကို ကြည့်ရင် PA ဆိုလိုတဲ့ လူသေစေမယ့် လက်နက်ကိုင်ထားနိုင်တဲ့လူတွေကို ဝေဖန်မှ ကိုယ့်ကို ပြန်ပတ်နိုင်ပြီး၊ ကိုင်မထားနိုင်တဲ့ အဲဒါတွေနဲ့ ဆန့်ကျင်ဘက်တွေကို ဝေဖန်ရင် အေးဆေးပဲလို့ ဆိုနိုင်သလားဆိုတာ အေးအေးဆေးဆေး တွေးကြည့်စေချင်တယ်။

(ဒီနေရာမှာ ပြောတာ လိုသွားတယ်။ ဒီ post မှာပါတဲ့ အဖြစ်အပျက်အရ သွားဝေဖန်မိလို့ကို ဖြစ်တာမဟုတ်ဘူး။ နေရင်းထိုင်ရင်းကို ဖြစ်လာတာ။)

သေနတ်နဲ့ ပစ်လိုက်မှ၊ ထောင်ထဲ ထည့်လိုက်မှ ကိုယ့်ပြန်ပတ်နိုင်တယ် ဆိုနိုင်သလား ဆိုတာ ဒီ post မှာပါတဲ့ အဖြစ်အပျက် အကြောင်းအရာကို သေချာဖတ်ပြီး ဆိုး ကောင်း ကျိုး ကြောင်း ဆင်ခြင်နိုင်တယ် ဆိုရင် သိလိမ့်မယ်။

လက်နက်တင် အန္တရာယ် ပေးနိုင်တာ မဟုတ်ဘူးလို့ လက်ခံနိုင်တယ် ဆိုရင်ပေါ့။

=)

***
နောက်တခု ထပ်ပြောရရင် -
ပါးစပ်နဲ့ ဝေဖန် ပြစ်တင် ကဲ့ရဲ့ ကြရုံသာ ဆိုရင် (ကျိုးကြောင်း မဆီလျော်အောင် ပြောကြသည့်တိုင်၊ ကိုယ်တိုင် လက်မခံနိုင်သည့်တိုင်) ဒီ post ကို ကိုယ့် blog ပေါ် ရောက်အောင် တင်လာဖြစ်မှာ မဟုတ်ဘူး။

***
PA ဆိုလိုချင်တဲ့ ကိုယ့်ပြန်မပတ်နိုင်တဲ့ လူတွေ ဆိုတာ သေချာရင် (ကိုယ်တိုင်ကိုယ်ကျ) စမ်းကြည့်လိုက်ဖို့ ကောင်းတယ်။

ကိုပေါ said...

phyoaung....

ဖြိုးအောင်ရဲ့ ကွန်မင့်ထဲက “မှတ်သားနာယူသွားကြောင်းကွန်မင့်ရေးတာလဲ အခု မရီတာပိုစ့်မှာ ပထမဦးဆုံးပါ။ ” ဆိုတာကို မြင်မိတော့ ပြုံးမိတယ်ဗျ။

ယုန်ထောင်ကြောင်မိလို့ပဲ ခေါ်ရမလား။ အိုးမလုံ အုံပွင့်တယ်လို့ပဲ ခေါ်ရမလား။ ကျနော်ရေးလိုက်တာ ဘလော့ဂ်တွေမှာ တွေ့ရလေ့ရှိတဲ့ ကွန်မင့်တွေပေါ်အခြေပြုပြီး ရေးလိုက်တာပါ။ ဖြိုးအောင်ရဲ့ ကွန်မင့်ကို ရည်ရွယ်ရေးခဲ့ခြင်းမဟုတ်။ ပြောရမယ်ဆိုရင် ဖြိုးအောင်ရဲ့ ကွန်မင့်ဟာ ကျနော် အဲဒီ ဖောရှောယဉ်ကျေးမှုဆိုတဲ့ ပို့စ်ကို တင်လိုက်ပြီးတဲ့နောက် ညပိုင်းရောက်မှ တက်လာတဲ့ ကွန်မင့်ပါ။ ကျနော့်ပို့စ်အောက်က ကွန်မင့်အချိန်တွေနဲ့ တိုက်ဆိုင်ကြည့်နိုင်ပါတယ်။

ဖောရှောယဉ်ကျေးမှုနဲ့ ပတ်သက်လို့ကတော့ ကိုယ့်ကို ဘယ်လိုထိခိုက်သလဲဆိုတာ ကျနော့်ပို့စ်အစပိုင်းမှာ ဖော်ပြထားပါတယ်။ ဒီလို ဖောရှောသမားတွေနဲ့ ပြည့်နေတဲ့ အသိုင်းအဝိုင်းမှာ ဘယ်လိုအဖြစ်မျိုးတွေ ဖြစ်နေနိုင်သလဲဆိုတာကို ကဗျာအနေနဲ့လည်း အောက်မှာ ရေးထားပါတယ်။ ဒီတချက်တည်းကြောင့် မြန်မာနိုင်ငံ ဒီလိုအခြေအနေကို ဆိုက်နေတယ်လို့ မပြောနိုင်ပေမယ့် အဲဒီအချက်ကလည်း ဒီအခြေအနေကို ဆိုက်ရောက်စေတဲ့အကြောင်းတွေထဲက အရေးကြီးတဲ့ အကြောင်းတခုပဲလို့ ကျနော် ယူဆတယ်။

တရုတ်၊ ကုလား စတဲ့ အခြားဘာသာစကားတွေကို မတတ်ကျွမ်းလို့ သူတို့ဘာသာနဲ့ရေးထားတဲ့ ဘလော့ဂ်တွေမှာ ဘယ်လိုရှိသလဲ ကျနော်မပြောတတ်ပေမယ့် အင်္ဂလိပ်ဘာသာနဲ့ရေးတဲ့ ဘလော့ဂ်တွေမှာ အဲသည်လို ဖောရှောလုပ်တာမျိုး မရှိသလောက် ရှားပါးတာကို သတိပြုမိပါတယ်။

ဒါဟာ မြန်မာတွေ လူကောင်းလုပ်ချင်လို့ တကယ်စိတ်ထဲက မပါဘဲ နှုတ်ဖျားလေးနဲ့တင် ပြောသွားတတ်ကြတတ်တာမျိုးတွေဗျာ။ နောက်ထပ် ဥပမာတခုကို ကြုံလို့ ပြောရရင် ဟိုတလောက ပေးဆပ်ခြင်းတို့၊ ကျေးဇူးတရားတို့နဲ့ ပတ်သက်ပြီး ကျနော်၊ ရီတာနဲ့ ညီလင်းဆက်တို့ ရေးလိုက်တဲ့ ကိစ္စနဲ့ ပတ်သက်လို့ ဝီရှီမီဘလော့ဂ်မှာ ကိုအင်ဒီက “နိုင်ငံရေးသမားတွေအပေါ် ကျေးဇူးတင်စရာ မလိုဘူး ဆိုတဲ့ အမြင်မျိုး စာဖတ်သူတွေ မှတ်ယူသွားမှာစိုးလို့” ဆိုပြီး “ကျေးဇူးတင်လိုက်ပါ” ဆိုတဲ့ ပို့စ်တပုဒ်တင်ဖူးတယ်။ အဲသည်ပို့စ်မှာ ဘလော့ဂါတော်တော်များများကလည်း ကျေးဇူးတင်သင့်ပါတယ်ဆိုပြီး ကွန်မင့်ကဏ္ဍမှာ အသည်းအသန် ဝင်ရောက် ထောက်ခံကြတာကို တွေ့ရတယ်။ (ရီတာပြောသလို မြန်မာ့ယဉ်ကျေးမှုအဝတ်အစားတွေကို ကိုယ်တိုင်နှစ်သက်လို့ ဝတ်ဆင်ချင်တာထက် မဝတ်ဆင်သူတွေကို နှိပ်ကွပ်ချင်လို့ ဆိုတဲ့ သဘောမျိုးလားတော့ မသိ။)

ကျနော်ကတော့ အဲသည်လူတွေထဲက အများစုကိုလည်း ဖောရှောလုပ်တယ်လို့ပဲ ယူဆပါတယ်။ ဘာကြောင့် အဲသည်လူတွေ လျှာဖျားနဲ့ ဖောရှောလုပ်တယ်လို့ ပြောနိုင်သလဲဆိုတော့ “အဲဒီ နိုင်ငံရေးသမားတွေရဲ့ ပေးဆပ်မှုတွေကို ကျေးဇူးတင်ရမယ်”လို့ အဆိုကို ကွန်မင့်ကဏ္ဍမှာ ထောက်ခံနေကြတဲ့ ဘလော့ဂါတွေအများစုရဲ့ ဘလော့ဂ်မှာ သွားဖတ်ကြည့်လိုက်။ နိုင်ငံရေးသမားတွေရဲ့ကျေးဇူးကို သူတို့ကိုယ်တိုင် လိုလိုလားလား ထုတ်ဖော်ရေးသားထားတယ်ဆိုတာ မရှိသလောက်ပဲ။ သူတို့ တကယ်ယုံကြည်တယ်ဆိုရင် ကျေးဇူးတင်ကြောင်း တကယ်တော့ ထုတ်ဖော်ရေးသင့်တာပေါ့။ ပြောသင့်တာပေါ့။ အခုတော့ နိုင်ငံရေးပို့စ်ဆိုရင် ရှောင်ကြပြီ။ ရှောင်ချင်ရင်လည်း ရှောင်နိုင်ပါသေးတယ်။ သူတို့အခွင့်အရေးပါ။ အခုတော့ အပြောတမျိုး အလုပ်တမျိုး၊ ဖောရှောလုပ်ကြတယ်ဆိုတာ အဲဒီနေရာမှာ သွားပေါ်တယ်။ ဒါက လောလောလတ်လတ် ဖောရှော ဥပမာတခုကို ထုတ်ပြောတာ။

အဲသည်လို ကိုယ့်ကို ပြန်မပတ်နိုင်မဲ့သူတွေကို ဝေဖန်တာရော အဲဒီ Suu တယောက်တည်းလားဆိုတော့ မဟုတ်ပါဘူး။ အဲသည်လို လူမျိုးတွေ အများကြီးရှိပါတယ်။ သူများကိုတော့ ဝေဖန်မယ်။ ကိုယ့်ကို ပြန်ဝေဖန်ရင်တော့ ပိတ်ထားလိုက်မယ်။ မခံဘူး ဆိုတဲ့လူမျိုးတွေပေါ့။

“ကိုယ်မသိတာကို သူများပိုစ့်မှာ ဖတ်လို့သိသွားရင်တောင် ကျေးဇူးတင်ရမှာစိုးလို့ ခပ်တည်တည်နဲ့ ဘာမှမပြောဘဲ ကြိတ်မှတ်သွားတဲ့သူတွေကို ဘယ်လိုခေါ်နိုင်မလဲ..”.....
ဘယ်လိုမှ မခေါ်သင့်ပါဘူး။ ကျနော့်ဘလော့ဂ်ဆိုရင် အစကတည်းက ကျေးဇူးအတင်ခံချင်လို့ ရေးတာမှမဟုတ်တာပဲ။ လာရောက်ဖတ်ရှုသွားတယ်ဆိုရင်ပဲ ကျနော့်အနေနဲ့တော့ ဝမ်းသာလှပြီ။

phyoaung said...

ကိုပေါ..က ကျနော့်ကွန်မင့်ဖတ်ပြီးးပြုံးရသလိုပဲ၊ ကျနော်ကလဲ ကိုပေါရဲ့ ယုံထောင်ကြောင်မိတွေ၊ အိုးမလုံအုံပွင့်တွေ ဖတ်ပြီး မပြုံးဘဲ ၀ါးလုံးကွဲ ရယ်မိတယ်။ ကျနော်သဘောကျလို့ ရိုးရိုးသားသား ရယ်တာပါဗျာ။ ကိုပေါရဲ့ ဖောရှောပိုစ့်ကို ဖတ်ပြီးမှ မရီတာဆီမှာ မှတ်သားနာယူသွားကြောင်း ကွန်မင့်ရေးထားခဲ့တာ။ စိတ်ထဲမှာ ဘာကြောင့်ဒီလိုရေးတာနဲ့ပဲ ဖောရွှေဖြစ်ရမလဲလို့ တွေးမိပြီး ရေးခဲ့တာပါ။ တကယ်လဲ တမီလ် ကုလားရဲ့ပုဆိုးကိစ္စကို ခုဒီပိုစ့်ဖတ်ပြီးမှ သေချာသိသွားလို့လေ။ ကိုပေါပြောပုံအရဆိုရင်တော့ ကွန်မင့်ရေးတဲ့ ဖောေ၇ွှအများစုက မြန်မာပြည်ပြင်ပမှာပဲ။ ကိုပေါတို့ရွာ ကဗျာမှာဖြစ်နေတဲ့ အဖြစ်အပျက်တွေရဲ့ အကြောင်းရင်းတွေထဲက အရေးကြီးတဲ့ အကြောင်းတခု ဆိုတာတော့ ကျနော်သဘောမတူပါ။ မြန်မာပြည်ထဲက မဖြစ်မနေဖောရွှေ လုပ်နေရသူများကိုလဲ ကျနော် လက်ညှိုးထိုးဖို့ လိပ်ပြာမလုံပါ။ ကျနော်ထင်တာကတော့ ကျနော်တို့တွေ ဦးနှောက်နဲ့ စဉ်းစားပြီး လက်တွေ့များများလုပ်ရမဲ့အစား၊ နှလုံးသားနဲ့ ခံစားပြီး ပါးစပ်ကချည်းစကားများများပြောနေကြလို့သာ ဒီလိုအခြေအနေတွေ ဖြစ်နေကြတာပါ။ ကျေးဇူးတင်တဲ့ကိစ္စနဲ့ ပတ်သက်လို့ကတော့ ကျနော်ဘာမှထပ်မပြောလိုပါ.. ကိုအန်ဒီပြောသွားတာ အင်မတန်မှ ထောင့်စေ့ပြည့်စုံပါတယ်။ သေချာပြန်ဖတ်ရင် ဘလော့ဂ်ဂါအများစုနဲ့ ဖတ်သူတွေ ဘာကြောင့်ထောက်ခံကြလဲ သိသာပါတယ်..နိုင်ငံရေးပိုစ့်တွေကို ရှောင်တာမရှောင်တာ ကတော့ သူတို့ရဲ့ ရွေးချယ်မှု့ပါပဲ၊ သူတို့ဘလော့ဂ်မှာ တကူးတက မတင်ပေမဲ့ သူတို့စိတ်ထဲမှာ အလေးအနက်ထားပြီးသားလဲ ဖြစ်ချင်ဖြစ်နိုင်ပါတယ်.. တော်ယုံကိစ္စတွေကို ပုံကြီးချဲ့အပြစ်တင်နေရင် အရွယ်ရောက်ပြီးသား လူကြီးပိုင်းမပြောနဲ့ ဒီခေတ် ၈နှစ် ၁၀နှစ်ရွယ် ကလေးတောင် ကိုယ့်ကို လက်မခံချင်တော့ပါဘူး။
ဝေဖန်တဲ့ကိစ္စမှာလဲ Suu လိုလူ တယောက်ထဲ မဟုတ်ဘူးဆိုလဲ ပြီးတာပါပဲ.. သိချင်လို့မေးကြည့်တာပါ (( နောက်တခုက...ကိုယ့်ကို ပြန်ဝေဖန်တဲ့ သူတွေက ရင့်ရင့်သီးသီးပက်ပက်စက်စက်တွေ ပါလာရင် ကွန်မင့်ပိတ်ထားလိုက်တဲ့ အမျိုးသမီးဘလော့ဂ်ဂါတွေကို ကျနော်ကတော့ နှမချင်းစာနာစွာ နားလည်ပေးနိုင်ပါတယ်။ သူတို့မှာ ကွန်မင့်တခုချင်း ပြန်စစ်ပြီး တင်ပေးဖို့ အချိန်မလုံလောက်တဲ့ အလုပ်တဘက်၊ ကလေးတဘက်၊ အချိန်ပိုင်း ကျောင်းတဘက်နဲ့ဆိုရင် ပိုပြီး နားလည်ပေးလို့ရပါတယ်။ နောက်ဆုံးတခုကတော့.. ကျနော်ထင်ပါတယ်..ကိုပေါမှ မဟုတ်ပါဘူး။။ တခြားဘလော့ဂ်ဂါတွေလဲ ကျေးဇူးတင်ခံချင်လွန်းလို့ ရေးတာ မဟုတ်ကြပါဘူး. ဒီလိုပဲ သိထား လေ့လာထားြ့ကုံထားခဲ့ကြတာလေးတွေကို ပြန်ရှယ်ကြတဲ့ သဘောပါပဲ..လာဖတ်ပြီး ကွန်မင့်လေးတွေရေးသွား.။ တချို့ (ဥပမာ..ကျနော်)မသိသေးတဲ့အကြောင်းအရာလေးတွေ ပါလာတော့လဲ မှတ်သွားကြောင်း သတိတယရေးတာပေါ့လေ။ ဒါကျနော့် အမြင်တော့ကောင်းပါတယ်။ ဖတ်ရှု့သွားတာတောင် ၀မ်းသာလှပြီဖြစ်တဲ့ ကိုပေါ..ကိုယ့်ပိုစ့်ထဲမှာ မှတ်သားစရာပါလို့ သူများကမှတ်သွားတယ်ဆိုလဲ မုဒီတာပွါးပါ အကိုရားးး)))စကားမစပ် ကျနော်မေးတာကို သေချာပြန်ဖြေပေးတဲ့ အတွက်ကျေးဇူးနော်ကိုပေါ.ပျော်စရာ သီတင်းပါတ် ဖြစ်ပါစေဗျာ..

phyoaung said...

မရီတာပြောတာတွေက စဉ်းစားစရာတွေအရမ်းများနေသလိုပဲ။ ကျနော်သိပ်နားမလည်လို့ နောက်မှအေးအေးဆေးဆေးစဉ်းစားပြီး ပြန်ပြောမယ်နော်။ ကျနော်ထင်တာတော့ ဒီပိုစ့်မှာ ကျနော်မရီတာကို ဘာမှ ပြောစရာမလိုအောင် သဘောထားတိုက်ဆိုင်တယ်ထင်တာပဲ။ ကိုပေါပြောတဲ့ ယုံထောင်ကြောင်မိဆိုတာ များလား။။။။။။။)))
ကိုယ်တိုင်ကိုယ်ကျ စမ်းဖို့ကတော့ သားက ကြောက်တတ်တယ် ..ဟီး......

Rita said...

ကိုယ့်အမြင်မှာ PA ကိုပေါ ပြောတဲ့ဆိုလိုရင်းကို အပြည့်နားမလည်ဘူးလို့ပဲ ထင်မိတယ်။

လူမှာ ကိုယ့်ရွေးချယ်မှုနဲ့ကိုယ် ရှိပြီးသားမှန်တယ်။ ဒါပေမဲ့ ပြောတော့တမျိုး လုပ်တော့တမျိုးဆိုတာက တကဏ္ဍ။

နောက်တခု ဒီ post နဲ့ ပတ်သတ်လို့ ပြောရရင် PA အရိပ်ပြလို့ အကောင်မမြင်ဘူးလို့တောင် မပြောနိုင်ဘူး။ ဘာလို့ဆိုတော့ အကောင်လိုက်ကြီး ချပြထားတာကိုတောင်မှ မမြင်တာမို့လို့။ (အသေးအဖွဲတွေ ကိုယ့်ကို ပြန်မပတ်နိုင်မဲ့သူတွေကိုပဲ ဝေဖန်တာရော) အဲဒီစကားက အကောင်လိုက်ကို မမြင်လို့ ရေးလိုက်မိတဲ့ စကားပဲ။

နောက်တချက် ကိုယ် နောက်ပိုင်း အမြဲ ပြောလာခဲ့ရတဲ့ စကားရှိတယ်။ ရေးတာကို သေချာ နားမလည် သဘောမပေါက်တဲ့အခါ မတူဘဲနဲ့ တူတယ်လို့ ထင်တာ၊ တူနေပေမယ့် မတူပါဘူးထင်ပြီး စွတ်ငြင်းတာ။ (ဒါတွေက ကိုယ်တိုင်လည်းပဲ ရုတ်တရက် ဖတ်ပြီး သေချာ မစဉ်းစားမိရင် ဘာမှန်း ညာမှန်း မသိ ဖြစ်တတ်သေးတာဆိုတော့ ဖြစ်တတ်ပါတယ်ပဲ ပြောရတော့မယ်)

အဲဒီလိုလူတွေကို ဘယ်လိုရှင်းရှင်း မရဘူး။ ကျေးဇူးကိစ္စမှာလည်း ဒီလိုပဲ။ ဘယ်သူ့မှ ကျေးဇူးတင်စရာမလိုဘူး ပြောတာလို့ ဝင်ပြောလိုပြော၊ သားသမီး မိဘ ဆွေမျိုးသားချင်း အချင်းချင်း ကြားကကိစ္စမျိုးတွေ ဆွဲထည့်လိုထည့် ပြောကြတယ် ဆိုတာ ဘာပြောချင်မှန်း နားကိုမလည်လို့ ပြောနေကြတာ။ (နားလည်အောင် မဖတ်တာလည်း ဖြစ်နိုင်တယ်၊ ဘယ်လို ပြောပြော နားကိုလည်မှာ မဟုတ်တာလည်း ဖြစ်နိုင်တယ်)

ခုလည်း ဒီ post မှာ PA က တသဘောတည်းပါ ပြောနေပေမယ့် အရင် post တွေမှာ ဖြစ်နေကျလို ဆိုလိုရင်းကို အဓိပ္ပါယ်အလုံးစုံ မဖတ်မိဘဲနဲ့များ တူပါတယ်ပြောနေသလား သံသယဝင်မိတာတော့ အမှန်ပဲ။ ကိုယ့်အထင်တော့ ဘလော့မှာ လာရေးတာတွေ ဖတ်ရသလောက် PA နဲ့ ကိုယ်နဲ့ ဘယ်နေရာမှာမှ တွေးပုံချင်း မတူနိုင်တဲ့လူလို့ ခံစားမိတယ်။ ဘယ်သူမှားတယ် ဘယ်သူမှန်တယ် ပြောတာ မဟုတ်ဘူး။ ဘယ်သူ ပိုတွေးတတ်တယ် မတွေးတတ်တယ် ပြောတာ မဟုတ်ဘူး။ (ဒီတနေရာမှာတော့ တူချင်လည်း တူနိုင်ပါတယ်။ တူတယ် ထင်နေတာလည်း ဖြစ်နိုင်တယ်။)

မှတ်ချက်ရေးတာ ဖတ်ရသမျှကတော့ ဒါက ဒီလို ရှိတယ် ကိုယ်ပြောရင် ဟိုဟာကို ဟိုလို ဖြစ်တယ် ပြောတာလို့ စာရေးသူက မပြောတဲ့ အာဘော်ကို ကိုယ့်ဘာသာ ဆက်တွေးပြီး ကောက်ချက်ချတဲ့ လူမျိုးလို့ ခံစားရတယ်။

"ဖြေကြည့်သူများ" မှာ အဲလို ကောက်ချက်ချတတ်တဲ့ တယောက်ပါတယ်။ နာမည်မေ့နေလို့။ ကိုယ်က ဒီလို ဖြစ်တယ် ပြောတာနဲ့ ဗိုလ်ချုပ်အောင်ဆန်းတို့ ဒေါ်အောင်ဆန်းစုကြည်တို့ပါ ဆွဲထည့်ပြီး သူတို့ပါ မကောင်းပြောတယ်ဆိုတာမျိုး လာပြောတာ။ (comment မှာ မဟုတ်ဘူး။ မေးလ်နဲ့) နောက် မကောင်းတဲ့လူတွေချည်း မဟုတ်ပါဘူး။ ကောင်းတာတွေလည်း ရှိပါသေးတယ် ဆိုတာမျိုး လာပြောတာ၊ (ကိုယ်ပြောတာက ဒါကို ကိုယ်မကြိုက်ဘူး ဆိုတာပဲ။ ဒါပဲ။ ဒါကိုမှ အကုန်လုံးသိမ်းကျုံးပြောတယ်လို့ ထွက်လာတာက သူ့အာဘော်)

အဲဒါမျိုးလည်း ဖြစ်နေဦးမယ်။

နောက်တခု ဝိုင်းဝန်း ထောက်ခံတာနဲ့ ပတ်သတ်လို့ အရင် post က အကြောင်းအရာတခုကို ပြန်ပြောပြဦးမယ်။

ဂျူးနဲ့ နုနုရည် အကြောင်း ဆွဲထည့် ဟောပြောသွားကြတဲ့ စာရေးဆရာတွေက စာဖတ်သူအပေါ် ပြုပြင်ရမယ်၊ လမ်းမှန်ပြရမယ်၊ စာဖတ်သူ အတုခိုးမှားအောင် မလုပ်ရဘူး စေတနာ ဘာညာကွိကွတွေပြောတုန်းကလည်း ပရိသတ်ကြီးက တခဲနက် ထောက်ခံခဲ့ကြတယ်။ (အဲဒီ စာရေးဆရာတွေကိုယ်တိုင် သူတို့အတွေးထဲမှာ စေတနာဆိုတာကြီးပဲ မြင်ပြီး ပြောနေခဲ့မယ်လို့ ကိုယ်တော့ ထင်တာပဲ။ မှိုင်းမိနေရင် ဘာမှ မမြင်နိုင်တော့ဘူးကိုး)

အယ်ဂိုးတယောက် အော်စကာရတာလည်း တကယ်တော့ ဘာမှ မဆန်းဘူး ဆိုနိုင်တယ်။ သည်းခြေကြိုက်လေးတွေ လုပ်ရတာ ချိုမြိန်တယ်လေ။ များသောအားဖြင့် ကာယကံရှင်ကိုယ်တိုင် ဘာကြောင့်လုပ်နေမှန်း သတိတောင် မထားမိတတ်ဘူး။ လိုအပ်လို့ ယုံကြည်လို့ လုပ်နေတယ်တောင် ထင်နေနိုင်တယ်။

ခု ရေးသမျှက ကိုယ်မြင်တာ ကိုယ်ရေးချင်တာကို ရေးတာပါ။ PA ကို အကြောင်းပြုပြီး ရေးတာပေမယ့် သိစေချင်လွန်းလို့ နားလည်စေချင်လွန်းလို့ ရေးပြတာ မဟုတ်ဘူး။ ဘယ်လောက်ပြောပြော ကိုယ့်ဆိုလိုရင်း နားလည်ချင်မှ နားလည်မယ်လို့လည်း မျှော်လင့်ထားပြီးသားဖြစ်နေတယ်။ ဒါက ဘယ်သူတော်တာ မတော်တာ ပြောလိုရင်းမဟုတ်ဘူး။ တော်ခြင်း ညံ့ခြင်းရဲ့အပြင်က ကိစ္စတွေ။ တိမ်းညွှတ် ခံယူချက်တွေ မတူတဲ့ အတွက် လွဲနေတာတွေပဲ။ ညှိစရာလည်း မလို၊ ညှိလို့လည်း မရနိုင်ဘူး။ ရှင်းလေ ရှုပ်လေကို ဖြစ်နိုင်တာ။

အချိန်တန်ရင် သိနားလည်ချင် သိနားလည်လိမ့်မယ်။ အချိန်တန်သည့်တိုင် နားလည်ချင်မှလည်း လည်မယ် ဆိုတာမျိုးပါပဲ။

Rita said...

အပြည့်နားမလည်လို့ ထွက်လာတယ်ဆိုတာကို ကိုယ် ရွေးပြတာ။

((မြန်မာပြည်ထဲက မဖြစ်မနေဖောရွှေ လုပ်နေရသူများ))

- အဲဒါ ဘာဖြစ်ဖြစ် မဖြစ်ဖြစ် ဖောရာကနေ မဖြစ်မနေ ဖောရတော့မယ့် အခြေဆိုက်တာ။

(( ဖတ်ရှု့သွားတာတောင် ၀မ်းသာလှပြီဖြစ်တဲ့ ကိုပေါ..ကိုယ့်ပိုစ့်ထဲမှာ မှတ်သားစရာပါလို့ သူများကမှတ်သွားတယ်ဆိုလဲ မုဒီတာပွါးပါ အကိုရားးး))) ))

- ဒီကိစ္စမှာ ဘာမှ မဆိုင်တာမှ ဘယ်လို မဆိုင်တယ်ဆိုတာတောင် စကားလုံးထုတ်ပြောလို့ မရဘူးဖြစ်နေတယ်။ ပြောပြီးသားစကားပဲ ထပ်ပြောရရင် "တိမ်းညွှတ် ခံယူချက်တွေ မတူတဲ့ အတွက် လွဲနေတာတွေပဲ"။ PA စမေးတဲ့ မေးခွန်း ဘာမှ မပြောဘဲ ကြိတ်မှတ်သွားတယ်ဆိုတာကိုက စတည်းက မေးစရာမဟုတ်တာ။

ကိုယ်ပြောချင်တဲ့ ဒါက ဒီလို ဆိုလိုက်ရင် ဟိုဟာကို ဟိုလိုလို့ ပြောတာလို့ ကိုယ့်အာဘော်ကို သူ့အာဘော်လုပ်တဲ့ သဘောမျိုးပဲ။

အားမနာတမ်း ပြောရရင် PA က လူအများသည်းခြေကြိုက်တာလေးတွေ လိုက်လုပ်ပေးနေမှ လူအများကို စေတနာရှိ သဘောထားမှန်တယ် လို့ အယူရှိပုံရတဲ့ လူမျိုးပဲ။ ရှေ့ပို့စ်မှာ ကိုယ်ပြောသွားတဲ့ စာရေးဆရာလိုမျိုးတွေကိုမှ လူပရိသတ်ကို စေတနာထားသူ၊ သူတို့နေရာမှာ ရောက်နေခဲ့ရင်လည်း သူတို့နည်းအတိုင်း လူပရိသတ်ကို စေတနာထားပြမယ့်သူ ဖြစ်နိုင်တယ်။

phyoaung said...

အင်း...ဒုက္ခပါလား..မရီတာပြောနေတာတွေသာ ကျနော်နားမလည်တာ..ကိုပေါပြောတာအင်မတန်ရှင်းတဲ့ အတွက် ကျနော်နားလည်ပါတယ်။။ ကိုပေါက လူပိန်းနားလည်အောင်ပြောတတ်တယ် ဆိုရမှာပေါ့။။
လူမှာ ကိုယ့်ရွေးချယ်မှုနဲ့ကိုယ် ရှိပြီးသားမှန်တယ်။ ဒါပေမဲ့ ပြောတော့တမျိုး လုပ်တော့တမျိုးဆိုတာက တကဏ္ဍ ဆိုတာနဲ့ ပတ်သက်ပြီး ပြောချင်တာကတော့ ကိုအန်ဒီပိုစ့်ကိုသာ သေသေချာချာ နားလည်အောင်ပြန်ဖတ်လိုက်ပါ..ကိုယ့်ပိုစ့်မှာ တကူးတက မရေးဖြစ်ပဲ သူများပိုစ့်မှာ ကျေးဇူးတင်ထိုက်တယ် ၀င်ပြောတာနဲ့ပဲ အပြောတမျိုး အလုပ်တမျိုး လို့ ဆိုနိုင်မဆိုနိုင် ဆိုတာပါ။ လူဆိုတာ တခါတလေ ၊ ဖြစ်တတ်ပါတယ်..သူကနားမလည်တာလား၊ ကိုယ်ကနားမလည်တာလား စဉ်းစားလို့ကိုမရဘူးဖြစ်နေရာက ကိုယ့်အတ္တနဲ့ ကိုယ်ဆိုတော့၊ နားမလည်တာ ငါလို လူမျိုးတော့ မဖြစ်တန်ရာဘူးလို့ တွေးမိနိုင်တယ်လေ..
"ဘာပဲဖြစ်ဖြစ်ဖောရာကနေ မဖြစ်မနေ ဖောရတော့မဲ့ အခြေဆိုက်တာ" သူများနဲ့ မကွဲ ကွဲအောင် ကြံဖန်ရစ်ပတ် ပြောဆိုတွေးတောနေတိုင်းလဲ မဖောတဲ့ သူလို့ မဆိုနိုင်သေးပြန်ပါဘူး..မိုးခါးရေကလွဲပြီး တခြားရွေးစရာ မရှိတဲ့ အခါ အများသောက်လို့ လိုက်သောက်ခြင်းမျိုးမဟုတ်ပဲ ကိုယ့်အသက်ရှင်ရပ်တည်မှု့အတွက် မဖြစ်မနေသောက်ရတဲ့ သူတွေမြန်မာပြည်မှာ အများကြီးမရီတာ.. ကိုယ်ကိုယ်တိုင်တောင် ဖောခဲ့ ရောခဲ့သေးတယ်မဟုတ်လား...ဖောတယ်ဆိုတာ ပါးစပ်နဲ့ ပြောတာတခုထဲမဟုတ်ဘူးနော်..အများလုပ်သလို လိုက်လုပ်တာလဲ ဖောတဲ့သဘောပါပဲ..
ဟိုတနှစ် မရီတာ ပြန်တော့ နယ်က လ၀ကရုံးမှာ ရုံးစာရေးမနဲ့ ဖြစ်လာတဲ့ ပြသနာကို ပြန်စဉ်းစားပါဦး..
သူ့အတွက် ပေးမဲ့ လာဘ်ထိုးငွေကို မရီတာ အစတည်းက ကြိုတွက်ထားပြီးသား။ နောက်မှ တောင်းပုံတောင်းနည်း မကြိုက်လို့(ငါ့ လိုလူကိုများ ဒီလို မလောက်လေးမလောက်စား အထာနဲ့ တောင်းစရာလားလို့ အထင်ရောက်ပြီး)သူတောင်းစားပေးမဲ့ အထုပ်ထဲက ပေးတို့ ဘာတို့ ဖြစ်ကုန်တာ မဟုတ်လား..
အများနဲ့ တယောက် ဘာမှ ပြင်လို့ အရာမထင်တဲ့ အခါ ဒီလိုပဲ မလွှဲမရှောင်သာ လုပ်ကြ ပြောကြရတာရှိတယ်လေ...ကျနော့်အထင်ပြောရရင် ကျနော်တို့ မရီတာတို့ ကိုပေါတို့ အားလုံး သိပ်ကွဲပြားခြားနားနေကြတာမဟုတ်ပါဘူး..ဒီခေတ် ဒီစနစ်မှာ တမျိုးတဖုံစီ ထူးမခြားနားဇတ်ခင်းနေကြတာပါပဲ.. တခါတလေ သူများမပြောချင်တာ မပြောရဲတာကို ခပ်တည်တည် ပြောရဲတာကလွဲရင်ပေါ့လေ..မပြောချင် မပြောရဲပေမဲ့ အဲ့လို အတွေးမျိုးတွေ သူများတွေ မတွေးနိုင်ပဲ မရီတာတယောက်ထဲ တွေးနိုင်တယ်တော့ သိပ်မထင်နဲ့ပေါ့အမရယ်..
ကျနော့်ကို ဝေဖန်တာကတော့ ပြသနာမရှိပါဘူး။ အားမနာပဲ ဝေဖန်ဖန် အားနာပါးနာ ပဲ ဝေဖန်ဖန်၊ အဓိက ကတော့ သူများကို လက်ညှိုးထိုးပြီး ကိုယ့်ရင်ဘတ်ကို လက်မ ထိုးမနေရင် ပိုကောင်းတာပေါ့ဗျာ...ပျော်စရာ သီတင်းပါတ် ဖြစ်ပါစေ မရီတာ။

Bino said...

We had been grown under limited DEMOCRACY.
Everybody need to know about the meaning of Democracy and it's history.

BINO

Rita said...

ကိုယ် အစောကြီးတည်းက ပြောတယ်။ PA နဲ့ တိမ်းညွတ် ခံယူတာ ဘယ်လိုမှ မတူနိုင်လို့ တယောက် ဘာပြောတာကို တယောက်က ခံယူနားလည်နိုင်စွမ်း ရှိလာမှာ မဟုတ်ဘူး။ ဘယ်သူ ပိုတော် ဘယ်သူ ပိုတတ်ကို ပြောချင်တာလည်း မဟုတ်ဘူး။ အဲဒါတွေနဲ့ မဆိုင်တဲ့ ကိစ္စပဲ။

PA က အခွန်ရုံးကိစ္စ ဆွဲထည့်လာလို့ ဘယ်လို ဘယ်ပုံတွေးတယ် ဆိုတာ နားလည်ပေးနိုင်သလောက်နဲ့ ဝင်ပြောမယ်။

ခု လက်ရှိအခြေအနေတွေဆိုတာ အရင်လုပ်ခဲ့ကြတာတွေရဲ့ ရလဒ်တွေပဲ။ ဘာပဲဖြစ်ဖြစ် ရောယိမ်းရာကနေ၊ နောက်ဆုံး ဒီလိုတွေ မဖြစ်မနေ လုပ်ကြရတော့တယ် ဆိုတာ အဲဒါ ပြောတာ။ ခုနောက်ပိုင်း တော်ရုံဝန်ထမ်း မဖြစ်မနေ တောင်းကြရတယ်ဆိုတာ ဘာပဲဖြစ်ဖြစ် ကောင်းပါဒယ် ကောင်းပါဒယ် လုပ်ခဲ့ကြလို့ ဒီအခြေဆိုက်တယ် ဆိုတာ။ လိုရင်းက အဲဒါ။

ဟုတ်ပြီ။
မပေးမပြီးရင် ပေးရတာပဲ။ ဖောတယ်လို့ အတင်းကို ဆွဲထည့်ရမှ စိတ်ချမ်းသာမယ်ဆို ထည့်။ အားလုံး လုပ်ကြတယ်။ ဒါပေးမှ ဒါရမယ်။

ဒါပေမဲ့ ကိုယ်က ဒါမျိုး မမှန်မကန် ပေးပြီးမှ လုပ်တဲ့လူ မဟုတ်ဘူး လို့ ကြွေးကြော်ထားတာ ရှိသလား။ ပေးမှရမယ်၊ သူတို့အနေနဲ့လည်း ရမှ ဖြစ်မယ် ဆိုတာ နားလည်လို့ အဲဒီမှာကတည်းက အတိအလင်းရေးထားခဲ့တယ် မဟုတ်လား။

ဒါကိုမှပဲ ပေးမှ ဖြစ်ခဲ့တာ မဟုတ်ဘူးလား၊ သူများလုပ်သလို လုပ်ခဲ့ရတာပဲ မဟုတ်ဘူးလားဆိုတာကတော့ PA ဘာကို ပတ်လည်ရိုက်ချင်နေမှန်းကို မသိတာ။

ဘယ်က စပျက်လို့ ပျက်နေမှန်း မသိတဲ့ စနစ်မှာ မဖြစ်မနေလုပ်ကြရတဲ့ နေရာ။ အစက ဘာပဲဖြစ်ဖြစ် ဖောခဲ့ကြလို့ ခု မဖြစ်မနေကို ဖောရတော့တဲ့ နေရာကို ရောက်နေတာ။

ဒီလိုပဲ ဖောရတာပဲ မဟုတ်လားလို့ မေးရအောင် ဒီလို နေရာမျိုးမှာ ဒီလိုအလုပ်မျိုး မလုပ်ဘူးလို့ ပြောခဲ့တာမှ မဟုတ်တာ။ ဒီစနစ်ထဲမှာ နင်တို့လည်း ဒါမျိုးလုပ်နေရတာ လာကျယ်မနေနဲ့ဆိုတဲ့ အသံပေါက်နေတယ်။

အေး မလိုအပ်ရင်တော့ မလုပ်ဘူး။
မဆိုင်တာတွေလည်း မပြောဘူး။ ဟုတ်ပါတယ် မှန်ပါတယ်တွေလည်း အလကားရတိုင်း မဖောဘူး။ ပျက်နေတဲ့ စနစ်ထဲက ကိုယ်လိုချင်တာရှိရင်တော့ ရတဲ့နည်းနဲ့ ဖြစ်အောင်ယူတယ်။ မယူဘူး မမှန်တာ မလုပ်ဘူးလည်း မပြောခဲ့တာမို့ "ဒီစနစ်ထဲမှာ နင်တို့လည်း ဒါမျိုးလုပ်နေရတာ လာကျယ်မနေနဲ့ဆိုတဲ့ အထာမျိုး" ကိုတော့ ကိုယ့်ဘာသာ ပြန်သိမ်းသွားလိုက်ပါ။

k?

Rita said...

PA အနေနဲ့ ကိုယ့် post တွေလာဖတ်တာ PA ရဲ့ စိတ်အာဟာရအတွက် ဘာမှ ရမယ် မထင်ဘူး။ မသင့်တဲ့ အစာ စားနေရသလို ဖြစ်နေလိမ့်မယ်လို့ ထင်တယ်။ အဲဒီအတွက်တော့ တောင်းပန်ပါတယ်။

ကိုယ့်အတွက်လည်း PA ရေးလာတဲ့ comment တွေက မဆိုင်တာတွေ ဆွဲထည့်ပြောပြီး အာရုံနောက်စေတယ်။

Rita said...

((မိုးခါးရေကလွဲပြီး တခြားရွေးစရာ မရှိတဲ့ အခါ အများသောက်လို့ လိုက်သောက်ခြင်းမျိုးမဟုတ်ပဲ ကိုယ့်အသက်ရှင်ရပ်တည်မှု့အတွက် မဖြစ်မနေသောက်ရတဲ့ သူတွေမြန်မာပြည်မှာ အများကြီးမရီတာ))

အဲဒီလို သောက်ရတဲ့လူတွေကို ဘယ်တုန်းကမှ အပြစ်မတင်ဘူး။ တင်စရာအကြောင်းလည်း မရှိဘူး။

PA က မဆီမဆိုင်ဒီလိုရေးတော့ ကိုယ့်ဘလော့ကို ခုမှ စဖတ်မယ့်သူတယောက်ယောက် ဖတ်မိရင် ကိုယ်ကပဲ မိုးခါးရေ မဖြစ်မနေ သောက်တဲ့သူတွေကို အပြစ်ဆိုနေသလိုလို mislead ဖြစ်စေတယ်။

ဒါမျိုးတွေ တွေးမိရဲ့လား။ အတွေးထဲမှာ ရှိရဲ့လား။

အခွန်ရုံးကကိစ္စ ကိုယ်ရေးတာမှာ ပိုက်ဆံတောင်းတာကို ရေးသလား၊ လူငယ်တစ်ယောက်ကို ညစ်တွန်းတွန်းပြီး နှပ်ချဖို့ ကြံတဲ့ကိစ္စကို ရေးသလားဆိုတာ နားမလည်လဲ ပြန်ဖတ်မနေနဲ့တော့။ သံသရာရှည်တယ်။

phyoaung said...

PA အနေနဲ့ ကိုယ့် post တွေလာဖတ်တာ PA ရဲ့ စိတ်အာဟာရအတွက် ဘာမှ ရမယ် မထင်ဘူး။ မသင့်တဲ့ အစာ စားနေရသလို ဖြစ်နေလိမ့်မယ်လို့ ထင်တယ်။ အဲဒီအတွက်တော့ တောင်းပန်ပါတယ်။

ကိုယ့်အတွက်လည်း PA ရေးလာတဲ့ comment တွေက မဆိုင်တာတွေ ဆွဲထည့်ပြောပြီး အာရုံနောက်စေတယ်။
တကယ့်ကို ဆောရီးပါ မရီတာ..ကျနော်တကယ့်ကို နှောက်ယှက်ချင်တဲ့ စိတ်နဲ့ ရေးခဲ့တာ မဟုတ်ပါဘူး..
မဆိုင်တဲ့ ကိစ္စတွေ ဆွဲထည့်မိတယ်ဆိုလဲ ကျနော်က စကားကို တိုတိုနဲ့ လိုရင်းရောက်အောင် မပြောနိုင်လို့ ဖြစ်ပါလိမ့်မယ်..မရီတာဘလော့ဂ်ကို ကျနော် စိတ်ကျေနပ်မှု့ ရလို့သာ လာကြည့်တာပါ..တချို့အရေးအသားတွေ သဘောမကျတာကလွဲလို့ပေါ့..ဒါကလဲ တယောက်နဲ့ တယောက် အကြိုက်ချင်းအမြဲ ဘယ်တူနိုင်ပါ့မလဲ..ကျနော်မကြိုက်တိုင်းလဲ မကောင်းတာမဟုတ်ပါဘူး။
စိတ်အနှောက်အယှက်ပေးမိသလိုဖြစ်သွားရင် တကယ်ဆောရီးပါဗျာ။။ကျနော်လဲ သိပ်အချိန်မရပါဘူး..ပိုစ့်တိုင်းကိုလဲ ကွန်မင့်မရေးနိုင်ပါဘူး..ရေးနိင်တဲ့အခါကျမှ စုပေါင်းစပ်ပေါင်းရေးမိသလိုလဲ ဖြစ်သွားတယ်ထင်ပါရဲ့..
အဆင်မပြေဘူးထင်ရင် ကျနော့် ကွန်မင့်တွေ ဖျက်ပစ်လိုက်ပါ..ပြသနာမရှိပါဘူး..

Unknown said...

ကိုပေါနဲ့ ရီတာ အရမ်းအရမ်းကို တော်ကြပါပေတယ်။ တော်လွန်းလို့ ရေးထားတဲ့ကွန်မန့်တွေ အကုန်မဖတ်နိုင်ဘူး (လိုက်မမီလို့ပါ)

ဒါပေမဲ့ တခုတော့ သတိပေးလိုက်မယ်

ကိုပေါသမီး ကြီးလာမှ ကိုယ်လုံးတီးနေရတာ သမီးနှစ်သက်လို့ပါ ဖေဖေရယ် လို့ ပြောရင် (သူစိတ်ထားလေးက သိပ်ကောင်းပြီး သူများကို ပြသာနာမပေးပါဘူး ဆိုရင်ပေါ့) ကလေးကို ရိုက်လို့ကတော့ ကိုပေါကို တရားစွဲပစ်မယ်. သတိထားပါ။ ကလေးနှစ်သက်တာကို တားဆီးမှုနဲ့ ထောင် အနှစ်၁၀၀ ချရမယ်။

Rita said...

အကြောင်းအရာ တစ်ခုကို စေ့စေ့ငင မသုံးသပ်ဘဲ မဆိုင်တာဆွဲထည့်ပြီး သူတပါးကို ထိခိုက်နစ်နာစေချင်တာ၊ မဆိုင်ရာ မဆိုင်ကြောင်းနဲ့ စိတ်အနှောင့်အယှက် ဖြစ်စေလိုတာကိုက မြန်မာ့ယဉ်ကျေးမှု မြန်မာ့ယဉ်ကျေးမှုဆိုတာကို လျှာထွက်မတတ်အော်နေတဲ့ လူတွေရဲ့ လက်သုံးအကျင့်စရိုက်လိုကို ဖြစ်နေပြီ။

ကလေးဆိုတာ မိဘနဲ့ ပတ်ဝန်းကျင်ရဲ့ ပြုပြင်မှုရယ်၊ သူတို့ ဗီဇစိတ်ရယ်နဲ့ ဖွံ့ဖြိုးတိုးတက်လာကြ၊ သိမြင်နားလည်လာကြ၊ ရွေးချယ်ဆုတ်ကိုင်လာကြတာချည်းပဲ။ မိဘရဲ့ သိမြင်နားလည်ထိန်းကျောင်းနိုင်စွမ်းကို အခြေပြုပြီး သူတို့အတွေးအခေါ် စိတ်ပိုင်းဆိုင်ရာက ဖွံ့ဖြိုးလာတာပဲ။

ခုပြောနေကြတဲ့ အကြောင်းအရာမှာ ဘယ်လိုဝတ်ရင် မှန်တယ် မှားတယ် ပြောနေကြတာလည်း မဟုတ်ဘူး။ ဘီကီနီ ဝတ်တာမှ မှန်ပါတယ်။ ထမီအင်္ကျီဝတ်တာမှ မှန်ပါတယ် ပြောနေကြတာ မဟုတ်ဘူး။

အဝတ်အစားဆိုတာက စခဲ့ပေမယ့် ကိုယ့်ကို မထိပါးစေတဲ့ သူတပါးကို ထိခိုက်နစ်နာစေလိုတာ၊ အဲဒီသူတပါးရဲ့ အခွင့်အရေးကို အာဏာသုံး (သုံးလို့ရခဲ့ရင်ပေါ့) တားမြစ်လိုတာဟာ ဖြစ်သင့် မသင့်ကို ဆွေးနွေးထားတာပဲ။

သားသမီးကို သိမြင်တတ်သိစေဖို့၊ နားလည်ရွေးချယ်နိုင်ဖို့ သူ့မိဘက ထိန်းကျောင်းပဲ့ပြင်လိမ့်မယ်။ အဲဒါ မိဘနဲ့ သားသမီးရဲ့ ကြားက ကိုယ်ရေးကိုယ်တာ ကိစ္စတွေပဲ။

ဗမာ အသိုင်းအဝိုင်းမှာ အကျင့်တစ်ခုက ကိုယ်တွေးတာနဲ့ မတူရင် ဆိုင်ဆိုင် မဆိုင်ဆိုင် မိဘဆွဲထည့်လိုထည့်၊ သားသမီး ဆွဲထည့်လိုထည့် တမင်တကာ စိတ်အနှောင့်အယှက်ဖြစ်စေလိုတာ၊ ထိပါးစော်ကားလိုတာက ပုံမှန်အကျင့်စရိုက်လိုကို ဖြစ်နေပြီ။

မဆိုင်ရာ မဆိုင်ကြောင်းတွေပါလို့ ရှင်းပြနေလည်း နားလည်လက်ခံမယ့်ဟာတွေလို့ မထင်ဘူး။

သူတပါးကို မထိခိုက်စေဖို့ ဦးတည်ပြောတဲ့ အကြောင်းအရာကို ရေးထားတာတောင်မှပဲ "သူများ ဘီကီနီဝတ်တာ ထောက်ခံနေ၊ နင်တို့ သားသမီး ဒါမျိုးဝတ်မှ စောင့်ကြည့်လိုက်ဦးမယ်" ဆိုတဲ့ အောက်ကလိအာတဲ့ ပါးစပ်နဲ့ ထိပါးစော်ကားဖို့ပဲ အရင်တွေးမယ့် ဦးနှောက်မျိုးတွေပဲ။

ကိုယ်မွေးထားတဲ့ ကလေး ကိုယ်မဖြစ်စေချင်တာ မဖြစ်ဖို့ သိမြင်နားလည်နိုင်စွမ်းရှိတဲ့ သူတို့မိဘတွေက သူတို့ဘာသာ တာဝန်ယူနိုင်စွမ်းရှိလိမ့်မယ်။ ကလေးတွေ ဘာကို တန်ဖိုးထားရမလဲ ထိန်းကျောင်းလမ်းညွှန်နိုင်စွမ်းလည်း ရှိလိမ့်မယ်။ မိဘတွေမှာ ဒီလို အစွမ်းရှိတာ မရှိတာ၊ ကလေးတွေ လိုက်နာနိုင်တာ မနာနိုင်တာက တကဏ္ဍ။

သူတပါးအခွင့်အရေးကို မထိခိုက် မစော်ကားမိဖို့လို့ ပြောထားတဲ့ ဒီ ပို့စ်ရဲ့ ရည်ရွယ်ချက်က တကဏ္ဍပဲ။

မဆိုင်တာတွေကို မဆိုင်ပါလား မတွေးနိုင်ဘဲ သူတပါးတန်ဖိုးထားရာကို အတင်းဆွဲထည့် ထိခိုက်စေလိုတဲ့ စိတ်ဓါတ်အခြေခံနဲ့ စေတနာမပါဘဲ ရေးလိုက်တဲ့ comment လို့ပဲ မြင်တယ်။

မြန်မာ့ယဉ်ကျေးမှုထိန်းသိမ်းရေး မအော်ခင် လူတစ်ယောက်ကို မကျေနပ်တာနဲ့ သူ့သားသမီး ဆွဲထည့်ပြော၊ သူ့မိဘဆွဲထည့်ပြောတတ်တဲ့လူဟာ ယဉ်ကျေးမှုအဆင့် ဘယ်လောက်ရှိလဲ ကိုယ့်ဘာသာပဲ ပြန်တွေးကြည့်ဦး။ သူများမိဘ၊ သူများသားသမီးကို ထိပါးစော်ကားလိုက်ဖို့ ဘယ်သူတွေက သင်ကြားလေ့ကျင့်ပေးထားတာလဲ လို့ မေးခွန်းထုတ်ခဲ့ရင် ဘယ်လိုပြန်ဖြေမလဲဆိုတာ အရင် တွေးကြည့်လိုက်ဦး။

Unknown said...

http://www.akyinnarnantaw.co.cc/2010/09/blog-post_4651.html
အဲဒါ လူယဉ်ကျေးလို့ ခေါ်နိုင်လားး

Rita said...

September 18, 2010 10:04 AM မှာ magnolia ကို ပြန်ထားတဲ့ comment က 4 ပိုဒ်မြောက် စာကို ပြန်ဖတ်ကြည့်လိုက်။

ဘယ်သူ့ကို ဘယ်ဝါ့ကို၊ ဘယ်လိုဝတ်စားပြင်ဆင်ရင် ဘယ်လို အဓိပ္ပါယ်ဆောင်တယ် ဆိုတဲ့ တစ်ယောက်တစ်မျိုးစီ စိတ်ကြိုက်သတ်မှတ်လို့ရတဲ့ စံနှုန်းတွေကို ဆွေးနွေးထားတာ မဟုတ်ဘူးဆိုတာ ခုထိ နားမလည်နိုင်သေးဘူး ထင်တယ်။

မိုးယံ said...

ကဲ ပြေလိုက်ဦးမယ်။ တင်ထားတဲ့ပို့စ်ကို တစ်ခါပဲ ဖတ်တယ်။ သိပ်စိတ်မ၀င်စားဖူး။ မရီတာတို့ ကိုပေါတို့ နဲ့ ပြောကြ တာတွေကို ကြိုက်လို့ သဘောကျလို့ လာလာ ဖတ်ဖြစ်တယ်။ ၀ိုင်းဝိုင်း ဆွေးနွေးကြသူတွေကိုလဲ အ၇မ်းကို ကျေးဇူးတင်ပါတယ် ခင်ဗျာ။

သတိ said...

အားလုံးသတိ

အင်း.. ဟိုလည်ဒီသွားနဲ့ ရောက်လာမိပါတယ်.. ပြုံးကြည့်ချင်လာပါရောဗျ..
မိတ်ဟောင်းဆွေဟောင်းတွေကို ပြန်တွေ့လို့ပါ.. ကဲ.. ကျွန်တော်မြင်တာ နဲနဲ ပြောကြည့်ပါဦးမယ်ဗျ..

အဓိကက အ၀တ်အစားပေါ် မူတည်ဆုံးဖြတ်မရဘူးတို့.. ဒါသူ့လွတ်လပ်ခွင့်တို့.. မြန်မာတွေက ယဉ်ကျေးမှုကြီး နဲ့ကိုင်ပေါက်ပီး လူတစ်ယောက်ကို ဆုံးဖြတ်တယ်တို့.. ဘာညာကွိကွတွေပေါ့ဗျာ.. တကယ့်ကို လွတ်လပ်ခွင့် ပြည့်ဝတဲ့ သဘောထားပြည့်သူကြီးများ အထာနဲ့ ရီတာနဲ့ ကိုပေါတို့ကနေပီး (ရီတာတို့ အယူအဆအရဆိုရင်) ကိုယ့်ထက် ယဉ်ကျေးမှု နိမ့်ချင်တော့ နိမ့်မှာပေါ့ဗျာ.. သူတို့ဘာသာ လွတ်လပ်စွာ ရှုတ်ချပစ်တင် ဆဲရေးနေသူတွေကို ထပ်ပီး ရှုပ်ချပစ်တင်ကြတာကို တွေ့ရပါတယ်ခင်ဗျ.. အဲ... မှတ်သားစရာ တွေလဲ တွေ့ရတာအမှန်ပါလေ..

ကျွန်တော့်အမြင်တော့ ယဉ်ကျေးမှုထိမ်းသိန်းမှုအပေါ် အ၀တ်အစားပေါ် မူတည်ပီး လူတစ်ယောက်ကို ဆုံးဖြတ်လို့ မရဘူးဆိုတာ နေရာဒေသနဲ့ပဲ မှန်ပါတယ်.. အနောက်တိုင်းမှာ အသားလွန် ဖော်ကျူး ၀တ်ဆင်တဲ့ မိန်းခလေးတစ်ယောက်ဟာ ဘာမှမဖြစ်ပေမဲ့ အရှေ့တိုင်း (အထူးသဖြင့် မြန်မာနိုင်ငံ)မှာ ကောင်းတဲ့ ပုံရိပ်မဟုတ်ပါဘူး.. ဒါပေမဲ့ ကျွန်တော်ဟာ ဒီနေရာမှာ ရီတာတို့မြင်သလို အနောက်တိုင်း အမြင်က လွတ်လပ်တယ်.. မှန်တယ်.. မြန်မာ ယဉ်ကျေးမှုဟာ သူများလွတ်လပ်ခွင့်ကို ထိပါးတယ်.. အမြင်ကျဉ်းတယ်.. မဖြစ်သင့်ဘူးဆိုတဲ့ ရှုထောင့်ကို လက်မခံပါဘူး..

အနောက်တိုင်းက ဘီကီနီမကလို့ ကိုယ်တုံးလုံးနဲ့ မိန်းမပဲ ဖြစ်ပါစေဦး.. အဲလိုဝတ်ရတဲ့ အတွက် သူမကိုယ်တိုင်ရဲ့ စိတ်မှာလဲ ဘယ်လိုမှမနေဘူး.. ပတ်ဝန်းကျင်ကလဲ ဘယ်လိုမှ မနေဘူး.. စိတ်ပိုင်း ရုပ်ပိုင်း တန်ဖိုးတွေလဲ မပြောင်းတဲ့အတွက် ဒါဟာ သူမကို ဘယ်လိုမှလဲ မထိခိုက်ဘူး.. ဒါပေမဲ့ မြန်မာ့အသိုင်းအ၀ိုင်းမှာ ကြီးပြင်းလာတဲ့ မိန်းခလေး တစ်ယောက်ကျတော့ မတူတော့ဘူးဗျ... ဒီလို ကိုယ့်အသားစိုင်တွေ ဖော်ထုတ်ဝတ်ဆင်ဖို့ဆိုတာ ယဉ်ကျေးမှုအရ တော်တော်ခက်တဲ့ ကိစ္စပါ... ဒီလိုအခြေအနေမှာ အဲလိုယဉ်ကျေးမှုအသိ အနဲနဲ့ အများ ဖုံးကို ဖုံးလွှမ်းခံရမဲ့ မိန်းခလေးတစ်ယောက် ဒါကို ၀တ်လာပီဆိုပါတော့.. သူမကိုယ်တိုင်လဲ ဘယ်လိုမှမနေဘူး ဆိုတာမျိုး ဖြစ်မနေပဲ ပွင့်လင်းနေပီ.. ငါတော့ ဟော့ရှော့ပဲ.. လွတ်လပ်နေပီိုတာကို လိုတာထက် ပိုပိုသာသာ ခံစားရမယ်.. အဲဒါကပဲ ဆက်ပီး ထိမ်းသိမ်းမှုတွေကို ဖောက်ဖျက်ပစ်ဖို့ လွယ်စေမယ်.. မထူးဇါတ်ခင်းမယ် ဆိုပါတော့.. အဲလိုအချိန်မှာ ပတ်ဝန်းကျင်ကလဲ အ၀တ်အစားပေါ်မူတည်ပီး လွယ်မှာပဲ အချောင်ပဲဆိုတဲ့ ချည်းကပ်သမားတွေ.. သူမအပေါ် မြင်တဲ့ တန်ဖိုးတွေ လျော့မယ်ဗျာ.. အဲလို ပတ်ဝန်းကျင်မှာ.. ကိုယ်တိုင်ကလဲ အဲလိုဝတ်ဆင်ရတာကို ယဉ်ကျေးမှုအခံ လွှမ်းထားတော့ မသိုးမသန့်ကလဲ ဖြစ်.. တဖက်ကလဲ ဒါကြီးကိုပဲ အထူးတလည် ငါတော့ လွတ်လပ်ပွင့်လင်းသူဆိုတဲ့ ပိုသာခံစား မှုတွေနဲ့ အများစုသော အဲလိုဝတ်ဆင်တဲ့ မိန်းခလေးတွေဟာ လျှပ်ပေါ်လော်လီသူတွေ.. ပေါ့သွမ်းသူတွေ ဖြစ်ကုန်ကြပါရော...

ဒီတော့ အများစုအနေနဲ့ အဲလို အလွန်အကျူး ဖော်လွန်းတဲ့ မြန်မာမိန်းခလေးတွေဟာ သူတို့ရဲ့ စရိုက်တွေ.. စာရိတ္တတွေဟာ အ၀တ်အစားနဲ့ သတ်မှတ်လို့ မရပါဘူးလို့ ပြောလို့ မရလောက်အောင်ကို ပျက်ယွင်းတတ်ကြပါတယ်.. သူတို့ကိုယ်တိုင်ကိုယ်က အဲလိုဝတ်ရတာ ဘယ်လိုမှမနေဘူးဆိုတဲ့ အနောက်တိုင်းစိတ်ဓါတ်မျိုး မထားနိုင်ကြပဲကိုးဗျာ.. (အင်း.. ရေးရတာတောင် ဓါတ်ပုံရှင် မိန်းခလေးကို အားနာတယ်.. ခံစားမှုနဲ့ ပါတ်ဝန်းကျင် ရိုက်ခတ်ပုံကို ရေးပြချင်တာပါ.. ဒီဓါတ်ပုံရှင် မိန်းခလေးကို အဲလိုကြီးလို့ ပြောချင်တာမဟုတ်ပါဘူး.. အများစုလို့ ကျွန်တော်သုံးပါတယ်..) အ၀တ်အစား ယဉ်ယဉ်ကျေးကျေးလေး ၀တ်ပီး ပျက်စီးနေသမားတွေ အများကြီး အများကြီး ရှိသလို.. အဲလိုဖော်ကျူးဝတ်ဆင်သူတွေရဲ့ အ၀တ်အစားနဲ့ သူတို့ စာရိတ္တအနေအထိုင်ကို ချင့်ထိုးတာကလဲ မှားမနေပါဘူးခင်ဗျ.. ရာနှုန်း တော်တော်များများတောင် သွားမှန်ပါသေးတယ်..

ဒီတော့ ကိုယ်ဖတ်ထားတဲ့ စာလေး ပေးလေးနဲ့.. အနောက်တိုင်းရဲ့ ဒီလွတ်လပ် ပွင့်လင်း အယူအဆများဟာဖြင့် မှန်ကန်လိုက်လေဆိုပီး မြန်မာယဉ်ကျေးမှုဆိုတာကို ၀ါးလုံးခေါင်းထဲက လပဲ ဖြစ်နေသလိုလို အမြင်တွေနဲ့ ရေးမဲ့အစား ကိုယ့်အအတွေးတွေကသာ အနောက်တိုင်း အမြင်နဲ့ ဘောင်ခတ်ထားမိပါလား.. ၀ါးလုံးခေါင်းထဲ ငါရောက်နေမိပါလားလို့ ပွင့်လင်းလွတ်လပ်စွာ တွေးခေါ်ပါလေလို့ အကြံပေးချင်ပါရဲ့ဗျာ.. မဟုတ်ရင်တော့ ရီတာပြောသလိုပေါ့.. တချို့တွေ ပြုံးနေကြပါလိမ့်မယ်...

ကဲ.. သက်သာဗျို့...
မောင်သတိ

Rita said...

Rita said...
September 18, 2010 10:04 AM မှာ magnolia ကို ပြန်ထားတဲ့ comment က 4 ပိုဒ်မြောက် စာကို ပြန်ဖတ်ကြည့်လိုက်။

ဘယ်သူ့ကို ဘယ်ဝါ့ကို၊ ဘယ်လိုဝတ်စားပြင်ဆင်ရင် ဘယ်လို အဓိပ္ပါယ်ဆောင်တယ် ဆိုတဲ့ တစ်ယောက်တစ်မျိုးစီ စိတ်ကြိုက်သတ်မှတ်လို့ရတဲ့ စံနှုန်းတွေကို ဆွေးနွေးထားတာ မဟုတ်ဘူးဆိုတာ ခုထိ နားမလည်နိုင်သေးဘူး ထင်တယ်။

Rita said...

Rita said...

ဒီ post ရဲ့ ဦးတည်ရာနဲ့ ဆိုင်တဲ့ အလေးအနက် ထပ်ပြောချင်တဲ့ အချက်တွေ ရှိပါတယ်။

1) အသိဉာဏ်မြင့်မားတဲ့ လူဆိုတာ ကိုယ့်ထက် အသိဉာဏ် ယဉ်ကျေးမှု အဆင့်အတန်း နိမ့်တယ် ထင်ရတဲ့ လူကို မထိပါး မစော်ကားရဘူး ဆိုတာလောက်တော့ နားလည်ရလိမ့်မယ်။

2) လူဟာ ကိုယ့်လွတ်လပ်ခွင့်ကိုပဲ ကာကွယ်ခွင့်ရှိတယ်။ သူတပါးလွတ်လပ်ခွင့်ကို ထိပါးခွင့် မရှိဘူး။

3) အများစုရဲ့ တူညီတဲ့ ထင်မြင် ယူဆချက်ဆိုတာတွေဟာလည်း မှားနေနိုင်တယ်။ အမြဲတမ်း မှန်မနေနိုင်ဘူး။

4) ကိုယ်က ရိုင်းတယ် နိမ့်တယ် ယူဆတဲ့ ဆင်ယဉ်မှုမျိုးကို သူ့လွတ်လပ်ခွင့်အရ (ဘယ်သူ့မှ မထိခိုက်စေဘဲ) သုံးစွဲနေတဲ့သူကို ထိပါးတဲ့ စော်ကားတဲ့လူက ပိုပြီး ရိုင်းစိုင်းနိမ့်ကျတယ်။ (ဆိုလိုတာက သူတပါးလွတ်လပ်ခွင့်ကို ဝင်စွက်ချင်တဲ့ အမူအကျင့်ကမှ တကယ် သေးသိမ်နိမ့်ကျတယ်)

September 18, 2010 10:04 AM

Rita said...

မောင်သတိ ပြောသွားတဲ့ အချက်တွေက စောဒက တက်စရာ သိပ်မရှိပါ။

ဒါပေမဲ့ ခု ပို့စ်ကတော့ အများသဘောမတူညီတဲ့ ဝတ်စားဆင်ယဉ်မှုမျိုးကို ဝတ်တဲ့လူတွေကို အားပေးချီးမြှောက်ဖို့လို့ တင်တာတာ မဟုတ်ပါ။ သူတို့ကို မြှောက်ပေးဖို့၊ ရိုက်ချဖို့က ကိုယ့်အလုပ်လည်း မဟုတ်၊ မှားတယ် မှန်တယ် ပြောဖို့ကလည်း ကိုယ့်အလုပ် မဟုတ်။

အများသဘောမကျတာကိုပဲ အနည်းစုက သူတို့ဘာသာသူတို့ကြိုက်လို့ ဝတ်နေကြပြီ လုပ်နေကြပြီဆိုတဲ့အခါမှာ တုန့်ပြန်တဲ့ လူတွေရဲ့ တုန့်ပြန်မှုက ဆိုတာကိုပဲ အဓိကပြောချင်လို့ တင်ထားတာပါ။ post မှာရော၊ ကိုယ်ရေးတဲ့ comment တွေမှာရော အဲဒီအချက်ကိုပဲ ဦးတည်တယ်။

ကိုပေါ said...

မောင်သတိတို့လို အယူအဆမျိုးဟာ အာဏာရှင်စနစ်နဲ့ တွဲဖက်လိုက်တဲ့အခါ အစွန်းရောက်သွားပြီး အောက်ပါ လူမဆန်တဲ့ အဖြစ်အပျက်မျိုးတွေအထိ ဖြစ်ပျက်လာတတ်တာကို သတိထားမိပါတယ်။ အီရန်အမျိုးသမီးကို ခေါင်းမှာ ပုဝါမစည်းလို့ ကြိမ်ဒဏ် ၉၉ ချက်ပေးတဲ့အဖြစ်အပျက်ပါ။

In an unusual turn in the case, the lawyer also confirmed that Sakineh Mohammadi Ashtiani was lashed 99 times last week in a separate punishment meted out because a British newspaper ran a picture of an unveiled woman mistakenly identified as her. Under Iran's clerical rule, women must cover their hair in public. The newspaper later apologized for the error.

Bino said...

မောင်သတိတို့လို အယူအဆမျိုးဟာ အာဏာရှင်စနစ်နဲ့ တွဲဖက်လိုက်တဲ့အခါ အစွန်းရောက်သွားပြီး အောက်ပါ လူမဆန်တဲ့ အဖြစ်အပျက်မျိုးတွေ

It's so clear.
Your comparison seems that who was wrong.

BINO