Tuesday, June 16, 2009

Dialogue between ...


3:39 PM He: အင်း
me: :) coffee သွားဖျော်လိုက်ဦးမယ်

4:46 PM He: ကိုယ်ပြန်ရောက်ပြီ

28 minutes
5:15 PM me: yes
He: ဘယ်သွားနေတာလဲ
ကော်ဖီသောက်တာအဲဒီလောက်ကြာလား
5:16 PM စားပြီးပြီလား
me: ဟင်းချက်နေလို့ပါ (အလကား လျှောက်ပြောတာ။ ဟင်းက cityhall က ၀ယ်ထားတွေ စားနေတာ)
အင်း ခုနက စားလဲစား
သောက်လဲသောက်
ချက်လဲချက်
ခဏနေရင်
လျှော်ရမယ်
5:17 PM လှန်းရမယ်
He: ဒါဆိုရင်မအားဘူးပေါ့နော်
me: လှန်းထားတာတွေ ရုပ်သိမ်းရမယ်
ပြီးရင်
မီးပူတိုက်ရမယ်
အမလေး မောလိုက်တာ
He: ဒါဆိုရင် ရဲဘော်ဆက်လုပ်
5:18 PM မရှင်းတာရှိရင်မေးပါ
ဒါဘဲ
me: ခုခဏနားမယ်He: ခွင့်ပြုတယ်
ခွင့်လွှတ်တယ်
me: ယောက်ျားယူရင် ပိုဆိုးမလား မသိဘူးနော်
5:19 PM He: ဘာဖြစ်လို့လဲ
me: အဲဒါကြောင့် ဘီလျှံနာပဲ ယူချင်တာ (free kick)
He: ဖြစ်လာပြန်ပြီဒီရောဂါ (မသိလို့။ အဲဒီရောဂါက တောက်လျှောက်ဖြစ်နေတာ။ ပေါ်လိုက် ပျောက်လိုက် မဟုတ်ဘူး)
5:20 PM me: အဲဒါမှ မလုပ်ချင်တာတွေ မလုပ်ဘဲနေလို့ ရမှာပေါ့ (ဒါက corner)
He: မထင်ပါဘူး
me: ဘာဖြစ်လို့
He: အဲလိုမျိုးကိုလုပ်ပေးချင်နေတာဆိုရင်ခက်ပြီ
5:21 PM ကလေးကိုလဲ ကိုယ်တိုင်ဘဲထိန်းမယ်
ကလေးထိန်းက စိတ်မချရဘူး
me: လုပ်ပေးချင်နေတယ်ဆိုရင်တော့ ပြဿနာ မဟုတ်ဘူးလေ
He: ထမင်းဟင်းကလဲ ထမင်းချက်ကိုချက်ခိုင်းတာ စိတ်မချဘူး
ငန်လိုက်တာ
မောင်က အငန်နဲ့မတည့်ဘူး
me: မလုပ်ချင်ဘဲ မဖြစ်မနေ လုပ်နေရရင်သာ ပြဿနာ
5:22 PM He: ကိုယ်တိုင်ဘဲချက်မယ်
me: တော်စမ်းပါ
He: အဝတ်လျှော်တာလဲ ဂျီးမပြောင်ဘူး
မောင့်အတွက် ကိုယ်တိုင်ဘဲလုပ်တော့မယ် (တွေ့လား၊ ယောက်ျားတွေလည်း ရေလာမြောင်းပေး တော်တော် လုပ်တတ်တာ။ သူတို့ကိုယ် သူတို့တော့ ဟုတ်လှပြီ ထင်နေကြတယ်)
me: စိတ်ကူးကလဲ ယဉ်နေပြန်ပြီ
He: မီးပူတိုက်တာကလဲ ကျေမွနေတာဘဲ
5:23 PM မဖြစ်ပါဘူး
မောင်က သန့်သန့်ပြန့်ပြန့်ကြိုက်တော့ ကိုယ်တိုင်ဘဲလုပ်လိုက်တော့မယ်
ဆိုပြီး လုပ်နေဦးမှာ မြင်ယောင်နေပါတယ် (မြင်ယောင်ရုံပဲ မြင်ယောင်ရမှာ။ တကယ်တမ်း ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး)
5:24 PM အခုသာ တစ်ကိုယ်တည်းဆိုတော့ ဒီလိုမျိုးဖြစ်နေတာပါ
ကလေးတွေ ဘာတွေနဲ့ ဆိုတော့လဲ ပြောင်းသွားမှာပေါ့ (ပိုတောင် ဆိုးသွားဦးမယ်)
me: အော် ဘာပဲဖြစ်ဖြစ် ဘီလျှံနာ ဆိုရင်တော့ ဒါတွေ လုပ်ရလဲ တန်ပါတယ်လေ (hat trick)
He: နာမည်မှာ ဘီလျှံနာ ပါရင်လဲ တန်တာဘဲလား
5:25 PM me: နာမည်ကို ပြောတာမဟုတ်ဘူး ပိုင်ဆိုင်မှုကို ပြောနေတာ
5:26 PM He: ပိုင်ဆိုင်မှုမှာ ဘီလျှံနာ ဆိုတဲ့ နာမည်ပါတာကိုပြောတာလား
5:27 PM me: ဟုတ်ဘူး
ဘယ်လောက် ပိုက်ဆံရှိပြီး
ဘယ်လောက် ထပ်ရှာနိုင်လဲကို ပြောတာ
5:29 PM He: အော် ဒီလိုလား
5:30 PM me: အင်း ဒီလိုပဲ
He: ဒါဆိုရင်လဲ ပြီးရော မချစ်ဘူးလို့မှတ်လိုက်မယ် (ဟယ် ဒါမှ တို့မောင်ကြီးတော် !)
5:31 PM me: :)

9 minutes
5:41 PM me: ဘာလုပ်နေလဲ

28 minutes
6:09 PM me: ပြန်တာကို နှုတ်ဆက်မသွားဘူး

(ဂိုးသွင်းပြီးမှ စည်းကြပ်ဒိုင် အလံထောင်ပြလိုက်သလိုပဲ။ man out တဲ့)

:D

အလကား အလုပ်ပိုဦးမယ်



*****
အလကားပါ။ ဘာရယ်မဟုတ်ဘူး။ ဘာမှ တင်စရာ မရှိလို့။
အခန်းဆက်က နောက်တစ်ပတ်မှ နော်။

14 comments:

သီဟသစ် said...

ဟမ် ဒေါ်ရီတာ
သကြားလိုလို ဆားလိုလို
ပါပဲလားကွယ်

ခင်မင်စွာဖြင့်
သီဟသစ်

Phyo Maw said...

တပွဲလုံး သူချည်းကန်တဲ့ အကြောင်းပါလား
ဟူး...
:D

ခင်မင်စွာဖြင့်
သီဟသစ် အဲလေ pm

Anonymous said...

Off Side လို့ပြောင်းသုံးကုန် b လေ

ပုလုကွေး said...

အော် ဒါတွေဟာ အပျင်းဖျားတဲ့ နေ့တုန်းကပေါ့...ပိုင်သကွာ...။ အမ်စီလိမ်ယူချင်လို့ ဘယ်ဒေါက်တာနဲ့ ပြရင်ကောင်းမလဲ....

JuneOne said...

ပြုံးပြုံးကြီးဖတ်သွားပါတယ်။

Anonymous said...

အပေါ်နဲ့အောက် ဆုံချည်ဆန်ချည်ဖတ်တယ် ... မနေ့ညကနေစ ... ဒီကနေ့မနက်လည်းနောက်တစ်ခေါက် ... ဝိုးတဝါးပဲ .. တစ်ခုခုပြောချင်နေတာတော့ သိတယ် ... kick တွေအကြောင်းထင်တာပဲ .. အကစ်လွန်ပြီး red card ထိမှာတော့ စိုးရတယ် .. ဟဟ :D
နေဒေးသစ်။

Rita said...

17 Jun 09, 00:36
kom: လာဖတ်သည်. သိတ်တော့ဇတ်ရည်မလည်

17 Jun 09, 11:34
myo: လာဖတ်တယ် ဇတ်ရည်လည်ပါသည်..။

Sein Lyan Tun said...

အင်းပေါ့လေ သူ့အလှည့်တော့ ကန်ထားဦးပေါ့...
အဟီးး...ဒါလဲကောင်းပါတယ်..
ဆက်ရန်ကို မျှော်နေရတာ တစ်မျိုးကြီးပဲ
ခင်မင်လေးစားစွာဖြင့်
ဖိုးစိန်

Rita said...

ကိုသီဟ >>> အမှန်က ငရုတ်ကောင်း

pm >>> ဆိုးတာက တဖက်က ကန်လို့ ကန်နေမှန်းတောင် သိပုံမရ

Anonymous >>> ဘောလုံးစကားတွေက သိပ် familiar မဖြစ်ပါဘူး။ တတ်သလောက် မှတ်သလောက် လျှောက်ရေးတာပါ။ :) thank u for ur sharing :) မှတ်ထားမယ် နောက်တခါ ပြန်သုံးဖို့ :)

ပုလု >>> မြွေမြွေခြင်း ခြေမြင်

Juneone >>> ဒါတွေ ပြီးခဲ့ပါပြီ ဆိုတဲ့ အထာနဲ့ပေါ့လေ :)

နေဒေး >>> ပြောမှပဲ ဟတ်ထိ သွားပြီ။

မမ KOM & myo >>> မမက ဇာတ်လမ်းမရှိတာကို ဇာတ်ရည်မလည်ဖြစ်ပြီး၊ myo က မရှိတာကို ဇာတ်ရည် အတင်းလည်သွားပါသည်။

စိန် >>> ဒါတွေက သူ့အလှည့် ကိုယ့်အလှည့် မရှိပါဘူးလေ။

ဆက်ရန် ဆက်ရန် ...
ဟုတ်တယ် ဖတ်တဲ့သူတွေကိုတင် မဟုတ်ဘူး။ ရေးတဲ့သူကိုပါ အဲဒါကြီးက နှိပ်စက်နေတယ်။
စခဲ့မိဟာပေါ့ တနေ့မှာ ဆုံးရာ ရောက်ပါလိမ့်။ စိန်ရေ

တန်ခူး said...

အဲဒါတကယ်လားညီမရေ… သူဖတ်မိရင် ဒုက္ခ…

Rita said...

မမတန်ခူး >>> ဟဲဟဲ
နဲနဲပါ မမ

တီချမ်း said...

အံမယ်
မလာတာကြာလို့ he နဲ့ ဟီနေတယ်ပေါ့လေ
စိတ်ဆိုးနေတယ်
မိတင်ပြီးပြီးချင်းလာတာ ဟီလာ “ရီ” နဲ့လာတွေ့နေလို့
ထုချေလွှာလာတင်ပါ

မောင်

သက်ဝေ said...

အဲ တကယ်ကြီးလား...
Red Card တော့ နဲနဲကြောက်ရတယ်နော်...
(ဘာမှန်း ညာမှန်းတော့ သေသေချာချာ မသိ ကိုယ်ထင်ရာ ကိုယ် ပြောသွားသည်)

:P said...

ညက မောင်ကြီးနဲ့ တူတူထိုင်ဖတ်တယ်... ကိုယ်ကတော့ တဟီဟီရယ်တယ်.. သူကတော့ ရယ်ရမလို မရယ်ရမလိုဖြစ်နေတယ်...။ ကစ်ခံနေရတာကို ယောက်ျားလေးချင်းရယ်ရမှာ အားနာလို့လား မသိဘူး၊

ကစ်တော့ကစ်ပါ... မရီတာ...။ ဟိုက ပြန်ကစ်နေဦးမယ်... ကေအိုင်အက်စ်အက်စ်နဲ့

To PM
"ခင်မင်စွာဖြင့်" ဆိုရင် သီဟသစ် (တူလေး မှန်ပါတယ်ကွယ်)။
အသစ်ထပ်သင်ပေးလိုက်ပါမယ်
"လေးစားစွာဖြင့်" ဆိုရင် တောင်ပေါ်သား ပါ။
"အလည်တစ်ခေါက် လာရောက်ဖတ်ရှူသွားပါတယ်ခင်ဗျာ" ဆိုရင် ဂျူလိုင်ဒွင်းပါ။ :))