Wednesday, June 3, 2009

ရွှေရတု မတိုင်မီ (သို့) Before Golden Jubilee



မတန်ခူး tag လို့ ပါ။ ကျေးဇူးတင်စွာနဲ့ ရေးပါတယ်။ မမက အပြုံးချိုချိုလေးနဲ့ လို့ ညွှန်းထားတော့ အညွှန်းကို ဖတ်ပြီးမှပဲ ပြုံးမိသွားပါတယ်။ မပြုံးဖြစ်တာတောင် ကြာပါပြီကော။ :)

ရွာသားရေးတာ ဖတ်ပြီးတော့ ဘီးတဲလ်စ် အဖွဲ့ရဲ့ When I am 64 သီချင်းလေး သွားသတိရမိပါတယ်။ သူ့ post နဲ့ တိုက်ရိုက်တော့ မဆိုင်လှပါဘူး။ ဒါပေမယ့် လူက ခေတ်ပျက်ကြီးထဲ ကြီးလာရတော့ ထင်မိထင်ရာပါပဲ။ (နောင် အနှစ် ၂၀ မှာ 64 လဲ မရှိသေးပါဘူး။ ရွှေရတုတောင် မတိုင်သေးဘူး။)

ကျွန်မလို ဘာ plan မှ မရှိတဲ့ လူအဖို့ နောင်အနှစ် ၂၀ အကြောင်း ကြိုတွေးရတာ လန့်စရာပါပဲ။ ဒီခေါင်းစဉ်ကို ကြည့်ပြီးတော့လည်း ဘယ်လမ်းကြောင်းကို approach လုပ်ပြီး ရေးရမလဲ ဆိုတာ အရင် စဉ်းစားမိပါတယ်။

နောင် အနှစ် ၂၀ ကြာတဲ့အခါ ဖြစ်ချင်တဲ့ ကိုယ့် စိတ်ကူးလေးကို ရေးရမှာလား။
ဒါမှမဟုတ် အဲဒီ အချိန်မှာ ဖြစ်နိုင်ချေရှိတဲ့ ကိုယ့်အနေအထားကို သုံးသပ်ပြီး ရေးရမှာလား။
ဒုတိယ တစ်ခုပဲ ရေးတော့မယ်။

သေချာတာကတော့... နောက် အနှစ် ၂၀ ဆို ကျွန်မ အသက် အနှစ် ၂၀ ပိုကြီးသွားပြီ။
(ဘွားဘွားတို့ ခေတ်ကတော့ သားကို ချွေးမတောင်းပေးရမယ့် အရွယ်ဖြစ်မှာပေါ့နော်။)

ကံကောင်းတစ်ချက်လောက်သာ မထောက်မခဲ့ရင်တော့ ကျွန်မ မြန်မာပြည် ပြန်နေဖြစ်မှာ မဟုတ်ဘဲ ကမ္ဘာပတ်နေဖြစ်ဦးမယ် ထင်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဘ၀မှာ အပြောင်းအလဲတွေ အမျိုးမျိုး ကြုံလာခဲ့သမျှ ကျောခိုင်းခဲ့ပြီးတဲ့ နေရာတွေကို (ပြန်ချင်သည် ဖြစ်စေ၊ မပြန်ချင်သည် ဖြစ်စေ) ပြန်မရောက်ဖြစ်တော့တာက များနေလို့ပါပဲ။ ငယ်ငယ်ထဲကလည်း တစ်နေရာတည်းမှာ အခြေတကျ နေဖို့ထက် နေရာအနှံ့ကို သွားလာချင်တဲ့ ဆန္ဒမျိုးလည်း ရှိခဲ့ဖူးပါတယ်။

(A J Cronin လို)

*****

တကယ်လို့များ အဲဒီ အချိန်မှာ သားတွေ သမီးတွေ ရနေခဲ့မယ် ဆိုရင်တော့ သူတို့ ကိစ္စ အ၀၀မှာ ၀င်ရောက်ပါဝင် စီမံခန့်ခွဲ သြဇာပေးရင်း အသက်ကြီးသွားပေမယ့် စိတ်က ခုထိ မချသေးဘူးလို့ ကွယ်ရာမှာ
ကလေးတွေ အတင်းပြောတာ ခံရမယ့် အဘွားကြီး ဖြစ်နေနိုင်ပါတယ်။ ကလေးတွေ ကိစ္စ မင်း ၀င်မပါစမ်းပါနဲ့ လို့ တားမြစ်မယ့် ကလေးတွေ အဖေနဲ့ ရန်ဖြစ်ရင်းပေါ့။

စိတ်တိုင်းကတော့ ကျမယ်မထင်ဘူး။ ဘာလို့ဆိုတော့ ကိုယ်က မြန်မာပြည်မှာ အနှစ် ၃၀ နီးနီး နေထိုင်ကြီးပြင်းလာတဲ့သူ။ မြန်မာမှ အညာသူတောင် ဖြစ်နေလိုက်သေးဆိုတော့...။ သူတို့ကတော့ နိုင်ငံရပ်ခြား လူမျိုးခြားတွေထဲမှာ ဒီဒေသက အကျင့်စရိုက်တွေနဲ့ မွေးကတည်းက ကျင့်သားရလာတဲ့သူတွေ ဖြစ်နေမှာကိုး။
(အင်း ဒုက္ခ ဒုက္ခ)
အဲဒီလိုဆိုရင် ကျွန်မ ကမ္ဘာပတ် ခရီးထွက်ရင် သူတို့တွေ ၀မ်းသာအားရ ဖြစ်နေကြတော့မှာပဲ။
ဒါတော့ ဘယ်ဖြစ်မလဲ။ ကလေးတွေ ၀မ်းသာချင် သာပါစေ။ ကလေးတွေ အဖေ ၀မ်းမသာနဲ့။

လာ ကိုယ်နဲ့ တူတူလိုက်ခဲ့။

ဒီကမ္ဘာကြီး အဆုံးကို ကိုယ်သွားမယ်။

*****

အောင်မြင်တဲ့ ကိုယ်ပိုင် စီးပွားရေး တစ်ခုခုလည်း ထူထောင်ထားနိုင်ချင်ပါတယ်။
အင်း Social Welfare Activity တစ်ခုခုမှာလည်း ၀င်ပြီး အမှုဆောင်ချင်မိပါတယ်။
ကိုယ့်နာမည်နဲ့ Fund တစ်ခုလောက်လည်း ထောင်ချင်တယ်။
မိဘမဲ့ ကလေးကျောင်းလို၊ ဆေးသုတေသနလို၊ ပညာသင် ထောက်ပံ့ရေးလို ကိစ္စမျိုးတွေ အတွက်ပေါ့။

(Melinda Gates ပဲ ဖြစ်လိုက်ပါတော့။ ငါ့နှယ်...)

*****
ကိုယ့် အတွေ့အကြုံတွေကို Share လုပ်ဖို့ စာလည်း ရေးချင်ပါတယ်။ ငယ်ငယ်က ခဏတဖြုတ် စိတ်ကူးခဲ့ဖူးတဲ့ အချစ်ဝတ္ထု ရေးမယ့် ကိစ္စတော့ ထားလိုက်ပါပြီ။

ဖြစ်နိုင်မယ်ဆိုရင် Margaret Michelle လို တအုပ်တည်းနဲ့ ကမ္ဘာကျော်ချင်မိပါတယ်။ (သက်သာအောင်လို့)

*****

အနှစ် ၂၀ အကြောင်း ရေးကြပုံ အမျိုးမျိုးကို သဘောတကျ ဖတ်ခဲ့ရပါတယ်။
ကျွန်မကို tag တဲ့ မမတန်ခူး ရေးတဲ့ post လေးကိုဖတ်ရတော့ ဘာကြောင့်မှန်းမသိ ထိထိခိုက်ခိုက် ခံစားမိပါတယ်။ ငါတော့ ဒီဘ၀မျိုး မရနိုင်တော့ဘူးလို့ sense ရနေတာကြောင့်လားတော့ မသိပါဘူး။ အညာကို ချစ်ပေမယ့် ကိုယ်နဲ့ သိပ် ကီးကိုက်တယ်လဲ မထင်မိတော့ပါဘူး။

မယုံမရှိနဲ့။ အညာမှာပဲ တောက်လျှောက် နေနေတဲ့ သူငယ်ချင်းတွေ ရှိရင် စကားပြောကြည့်ပါလား။ ပြောစရာအကြောင်းအရာတွေ တော်တော် ရှားပါးနေတာ တွေ့လိမ့်မယ်။ အထက်တန်းအောင်ပြီးကာစ ကာလတွေလို ရေပက်မ၀င်တဲ့ စကားတွေ တော်တော် ဆိတ်သုဉ်းနေပါပြီ။

သံယောဇဉ်ဟာ သံယောဇဉ်... အခြေအနေဟာ အခြေအနေပါပဲလေ။

*****
ဘယ်လိုပဲ သဘာဝလောကကို ချစ်လည်း အခြေအနေတွေသာ မထင်မှတ်လောက်အောင် ပြောင်းလဲနိုင်စရာ မရှိဘူး ဆိုရင် ကျွန်မတော့ Urban Area မှာပဲ ဘ၀ကို ကုန်ဆုံး ဖြစ်ပါလိမ့်မယ် ထင်ပါတယ်။ ကမ္ဘာကျော် အနုပညာရပ်တွေ၊ စာပေတွေကို ထိတွေ့လေ့လာခွင့်ရပြီး၊ ခေတ်ပေါ်နည်းပညာတွေကိုလည်း မျက်ခြေမပြတ်တဲ့ ခေတ်မီတဲ့ အဘွားကြီး ဖြစ်ချင်ပါတယ်။

ဒီ video file လေးထဲကလို

အဲဒီအချိန်မှာ ငယ်ငယ်တုန်းက မသင်ခဲ့ဖူးတဲ့ ပညာရပ် တစ်ခုခုကိုလည်း သင်ကြားခွင့် ရချင်မိပါတယ်။


(မှတ်ချက်။ ။ ဟင်းချက်နည်း နှင့် ဇာထိုးပန်းထိုးနည်း မပါ)

(စာရေးဆရာမ (ဒေါ်) မမြတ်လေး လို။ သူက အသက် ၈၀ လား၊ ၉၀လား နီးမှ Applied Psychology ကို မြေးတွေနဲ့တူတူ တက်ပြီး Diploma ယူခဲ့သေးသတဲ့။ တကယ်ကို ဦးညွှတ်ပါတယ်။ အာဂမိန်းမ !!!)


*****
ဖြည့်စွက်ချက်။ ။ ဘုရားကြောင်း၊ တရားကြောင်းလေး ထည့်ရေးဖို့ မေ့သွားလို့။ ကဲပါလေ။ မေ့လက်စနဲ့ ထားလိုက်ပါတော့။ အသက်မှ ၅၀ မကျော်သေးတာ။ ၅၀ ကျော်တော့ အလိုလို သတိရပါလိမ့်မယ် (ထင်တာပဲ)။


ဘီးတဲလ်စ် သီချင်းလေး နားထောင်သွားပါဦး။




(The Beatles - When I am 64)

When I get older, losing my hair
Many years from now

Will you still be sending me

a Valentine Birthday greetings, bottle of wine

If I'd been out till quarter to three

Would you lock the door

Will you still need me

Will you still feed me

When I'm sixty four


You'll be older too
And if you say the word

I could stay with you

I could be handy, mending a fuse

When your lights have gone

You can knit a sweater
by the fireside
Sunday morning go for a ride

Doing the garden,
digging the weeds
Who could ask for more

Will you still need me

Will you still feed me

When I'm sixty four


Every summer we can rent a cottage
In the isle of Wight, if it's not too dear

We shall scrimp and save

Grandchildren on your knee

Vera Chuck and Dave


Send me a postcard drop me a line
Stating point of view

Indicate precisely
what you mean to say
Yours sincerely wasting away

Give me an answer, fill in a form
Mine for evermore
Will you still need me

Will you still feed me

When I'm sixty four

*****

12 comments:

နေဒေးသစ် said...
This comment has been removed by the author.
နေဒေးသစ် said...

ပို့စ်လေး ဖတ်ရင်း ပြုံးမိပါရဲ့ .. :) A J Cronin လို ဆန္ဒမျိုးတွေနဲ့ ဒီကမ္ဘာကြီးအဆုံးထိ ကလေးတွေ အဖေနဲ့ အတူ ပတ်နိုင်ပြီး နောက်လှည့်ကြည့်စရာမလိုတဲ့ စီးပွားရေးနဲ့ အတူ Margaret Michelle လို စာအုပ်မျိုးလည်း ရေးနိုင်ပါစေဗျာ ..... :D

Bino said...

အောင်မြင်တဲ့ ကိုယ်ပိုင် စီးပွားရေး တစ်ခုခုလည်း ထူထောင်ထားနိုင်ချင်ပါတယ်။
အင်း Social Welfare Activity တစ်ခုခုမှာလည်း ၀င်ပြီး အမှုဆောင်ချင်မိပါတယ်။
ကိုယ့်နာမည်နဲ့ Fund တစ်ခုလောက်လည်း ထောင်ချင်တယ်။
မိဘမဲ့ ကလေးကျောင်းလို၊ ဆေးသုတေသနလို၊ ပညာသင် ထောက်ပံ့ရေးလို ကိစ္စမျိုးတွေ အတွက်ပေါ့။

အတွေ့အကြုံတွေကို Share လုပ်ဖို့ စာလည်း ရေးချင်ပါတယ်။

Sound great.
Good desire.
Carry on baby.
One day you'll definitely get your ambition.
Let me advise you the following ISM icon
1. Plan what you do.
2. Do what you plan.
3. Record it.

If you want အောင်မြင်တဲ့ ကိုယ်ပိုင် စီးပွားရေး
Bearing in mind:

quality assurance of services;
contractual relationship between a supplier and his customer; customer's quality requirements; Company Quality Management System;

For me, I am going to die next 20 years.
Before I die, I want to sing above the song (The Beatles - When I am 64)with playing piano by myself.


Thanks for sharing music.
Bino

sonata-cantata said...

ဘ၀နဲ့ ဆန္ဒ တထပ်တည်းကျပါစေ

ဖိုးစိန် said...

ကမ္ဘာပတ်အုံးမယ် ဆိုတာလေးကိုတော့
သဘောကျမိပါတယ်
အဲဒီဆုတောင်းလေးတော့ ပြည့်စေချင်တယ်
ကျနော်ကိုယ်တိုင်လဲ လုပ်ချင်လို့
ခင်မင်လေးစားစွာဖြင့်
ဖိုးစိန်

သက်ဝေ said...

နောင်အနှစ်နှစ်ဆယ်ကို လာဖတ်သွားတယ်...
ညီမရဲ့ ဆန္ဒအတိုင်း နောင်နှစ်နှစ်ဆယ်မှာ ဖြစ်ချင်တာတွေနဲ့ ဖြစ်လာတာတွေ အတူတူရှိနိုင်ပါစေ...

ရွာသားလေးဝိုင်တီယူ said...

မဖြစ်နိုင်ဘူးလို့ ဘယ်သူပြောနိုင်မလဲ
အိပ်မက်ဆိုတာ မက်ပိုင်ခွင့်ရှိတာပဲလေ
အိပ်မက်တွေ ထပ်တူကျဖို့ ဆန္ဒပြုပါတယ်
မအေးမြတ်မြတ်ကို အောင်မြင်ပါစေဗျာ!

တန်ခူး said...

ညီမလေးရီတာရေ… စိတ်ဝင်စားစရာကောင်းအောင် ရေးတတ်လိုက်တာ… ကျေးဇူးပါညီမရေ… အမလဲ မရေးခင်က ညီမလို ဖြစ်ချင်တဲ့ဘ၀နဲ့  ဖြစ်နိုင်တဲ့ဘ၀ ဘာရေးရရင် ကောင်းမလဲလို့  စဉ်းစားမိတယ်… အနာဂတ်ကို ကြိုမမြင်နိုင်ပေမယ့် ဖြစ်လာနိုင်တဲ့ဘ၀ကိုတော့ နဲနဲမှန်းလို့ ရတယ်မိုလား… ဒါကြောင့် မျက်စိကိုမှိတ် ဖြစ်ချင်တဲ့ဘ၀လေးထဲ ခဏသွားလိုက်တယ်… ခဏစိတ်ချမ်းသာရလဲနဲလားနော်… အဲဒီအချိန်ကျရင် ရီတာFund ထောင်ထားတဲ့ လူမှုရေးလုပ်ငန်းတွေမှာ တက်တက်ကြွကြွပါဝင်နေတဲ့ ခေတ်မှီမှီဒေါ်ရီတာနဲ့  အတူတူအလုပ်တွေ တွဲလုပ်ချင်ပါသေးတယ်… ဒေါ်တန်ခူးအဖွားကြီးကတော့ နဲနဲခြေလှမ်းတွေ နှေးနေမှာပေါ့… အဖော်စပ်ပြီး ကမ္ဘာပတ်ကြတာပေါ့… ပြီးတော့ မွေးနေ့ ပွဲလဲ အတူနွှဲလို့ ရသေးတယ်နော်…

puluque said...

အရီးတာရေ..စာအုပ်တစ်အုပ်ထဲရေးပီး ကမ္ဘာကျော်သွားကောဗျ အဲဒီက ရတဲ့ပိုက်ပိုက်နဲ့ စီးပွားရေးလုပ်ငန်းတစ်ခုမှာရှဲယာဝင်တယ်ဗျာ..ရတဲ့အမြတ်တွေ တစ်ချို့နဲ့ fund တစ်ခုထူတောင်မယ်ဗျာ..
စီးပွားရေးလုပ်ငန်းကလဲ ရှဲယာပဲ ဝင်ထားတာဆိုတော ကိုယ်တိုင်ဦးစီးစရာ မလိုတော့ အေးအေးဆေး ကမ္ဘာပတ်နိုင်မှာပေါ့ဗျာ ဟုတ်ဖူးလား။ ကဲအဲဒီလို ဖြစ်ပါစေဗျာ...အော်ချစ်ချစ်ကိုလဲ ခေါ်သွားပေါ့လို့ ပြောမလို့မေ့နေတယ်ဗျာ....

ရွှန်းမီ said...

Long live the life, ma Rita!

Rita said...

ဆုတောင်းပေးကြသူ အားလုံးကို အထူး ကျေးဇူးတင်ပါတယ်။
မမတန်ခူး comment အတွက်လည်း စိတ်ကြည်နူးရပါတယ်။
ပုလုရေ ရှယ်ယာဝင်မယ့် လုပ်ငန်းက တချိန်က စင်ကာပူမှာ အင်ဂျင်နီယာလာလုပ်သွားဖူးတဲ့ နောင် အနှစ် ၂၀ မှာ people မဂ္ဂဇင်းရဲ့ နံပါတ် ၁ နေရာကို ဆက်တိုက်ရနေတဲ့ မြန်မာပြည်က သူဌေး ကိုပုဖြူလုကွေးနဲ့ မဒမ်ကွေးတို့ရဲ့ ကမ္ဘာ့အကြီးဆုံး ကွန်ပျူတာ Software & Hardware အရောင်းကိုယ်စားလှယ် ကုမ္ပဏီ M81 Multimedia ဆိုတာလား။ ဒါရိုက်တာ တစ်နေရာတော့ ပေးမှ ရမယ်။

JulyDream said...

ကလေးတွေ အဖေ ၀မ်းမသာနဲ့။
လာ ကိုယ်နဲ့ တူတူလိုက်ခဲ့။ ...ဆိုပဲ... အဟွတ် အဟွတ်...သက်ဆိုင်သူ ဟိုတစ်ယောက်တော့ ပြုံးနေမလား... မျက်ခုံးပဲ ပင့်ပြီး ကြည့်နေမလား... တစ်ခုခုတော့ တစ်ခုခုပါပဲလေ။