Showing posts with label Su. Show all posts
Showing posts with label Su. Show all posts

Sunday, October 26, 2008

My Beloved Friend, Su

စု

ငါ ဒီပုံကို ပြန်ကြည့်မိတိုင်း Singapore လာခါနီး feeling ကို ပြန်ခံစားရတယ်
တသက်လုံး မက်လာတဲ့ အိပ်မက်တွေကို သွန်ချပစ်ခဲ့ရတော့မယ့် feeling လေ
ဒီကို ရောက်ခါစက အဲဒီ ပုံလေးတွေကို ပြန်မကြည့်ရဲဘူး

ငါတို့ အလုပ်ဝင်ကြပြီး နောက်ပိုင်း တကူးတက ချိန်းမှပဲ တွေ့ဖြစ်ကြတာ (အိမ်ချင်းကပ်နေပြီးတော့)
ဒါပေမယ့် ငါသွားခါနီးတော့ မကြာခဏ တွေ့ဖြစ်ကြသားနော်
နင် ငါနဲ့တူတူ ဈေးဝယ် လိုက်ပေးတာ .. Embassy မှာ စောင့်ပေးတာ .. နောက်ဆုံး ငါ့ luggage ကို ပြင်ပေးတာ အဆုံးပေါ့... သိပ်ကျေးဇူးတင်တာပဲ လို့ မပြောချင်ပါဘူး.. အဲဒါ တစိမ်းတွေမှ ပြောရတာ

နင် လာတဲ့ အလှည့်ကျ ငါဘာမှ လုပ်မပေးရဘူး
လေယာဉ်ကွင်းတောင် လာမကြိုခဲ့ဘူး

ဒါပေမယ့် နင် ဒီကို ရောက်တဲ့ 5th Oct ဟာ S'pore မှာ နေခဲ့ရတဲ့ (၈) လ အတွင်း အပျော်ဆုံးနေ့ ဆိုတာ ငါမပြောလဲ နင်သိမှာပါ..
နင် ရောက်လာတဲ့ အတွက် ငါပျော်လည်းပျော်သလို စိတ်လည်း မကောင်းဘူး
ပျော်တယ်ဆိုတာက ... ငါ့ ရဲ့ အချစ်ဆုံးသူငယ်ချင်း ငါ့နားကိုရောက်လာခဲ့လို့
စိတ်မကောင်းဘူးဆိုတာက... S'pore မှာ အလုပ်မရမချင်း ငါ ခံစားရသလို နင်ခံစားရမှာကို တွေးမိလို့.. နောက်ပြီး ငါ့လိုပဲ နင်လည်း အိပ်မက်တွေကို သွန်ချပစ်ခဲ့ရတာကို သိနေလို့...

ဒါပေမယ့် ... ငါတို့မှာ ရွေးစရာလမ်း ဘာများရှိလို့လဲ...
(အဲဒီအတွက် တို့ကိုယ်တိုင်ကလည်း ညံ့လို့ပါ လို့ စွပ်စွဲလာမယ် ဆိုရင်လဲ ငြင်းစရာ မရှိပါဘူးလေ)

ခုကိုပဲ stress တွေက စ နေပြီ
ငါကိုယ်ချင်းစာပါတယ်... ဒါပေမယ့် ထိုင်ကြည့်နေရုံပဲ...(ငါ အဲဒီ အနေအထားကို မုန်းတယ်)
ငါ့ မျက်စိရှေ့မှာ ငါချစ်ခင်ရတဲ့ လူတစ်ယောက် ပူပင်သောက ရောက်နေတာကို ဘာမှ ထိထိရောက်ရောက် မကူညီနိုင်တဲ့ အနေအထားကို မုန်းတယ်

ဒါပေမယ့် ငါကိုယ်တိုင်က ခုချိန်ထိ ဘာကောင်မှ မဟုတ်သေးဘူးလေ
တနေ့နေ့မှာတော့ ငါတို့ ဒီအနေအထားကို ကျော်လွှားနိုင်ရမယ် လို့ ငါဆုံးဖြတ်တယ်

ငါ ဘာကောင်မှ မဖြစ်ချင်ပါဘူး
ငါ ချစ်ခင်တဲ့သူတွေ... ငါ့ မိသားစုနဲ့ ..နောက် ငါ့ ပတ်ဝန်းကျင်ကို စောင့်ရှောက်နိုင်စွမ်း ရှိတဲ့ သူပဲ ဖြစ်ချင်တာပါ...

" ငါမှ မတတ်နိုင်တာလေ .. သတ္တ၀ါတစ်ခု ကံ တစ်ခုပေါ့ " ဆိုတဲ့ ဥပေက္ခာယောင်ဆောင်ထားတဲ့ လျစ်လျူရှုမှုမျိုးနဲ့ နေစိမ့်တဲ့သူ မဖြစ်ချင်ဘူး...

နင့်သောကတွေကို မလျော့ပါးစေနိုင်တဲ့ အခါ ငါ နှစ်ထပ်ကွမ်း ရင်နာရတယ်
တစ်ထပ်က သောကရောက်နေတဲ့ နင့်အတွက်...
တစ်ထပ်က ဘာမှ မတတ်နိုင်တဲ့ ငါ့ အတွက်...

ဒီလို ပြောလို့ နင် စိတ်မကောင်း မဖြစ်ပါနဲ့...

ဦးသုခ ရေးတဲ့ ' မေတ္တသုတ် ' မှာ ပါသားပဲ...ကိုယ့်မှာ ပေါပေါများများရှိမှ သူများကို ပွားများဝေမျှနိုင်တယ် ဆိုတာ...

ငါတို့ အများကြီး ကြိုးစားရဦးမယ်...
ခရီးတာက အရှည်ကြီးပဲ... အချိန်တွေက အများကြီးကုန်ခဲ့ပြီ...

လောလောဆယ်တော့ ငါ အများကြီး မတတ်နိုင်သေးဘူး...
ငါနဲ့ အနီးဆုံးမှာ ရှိတဲ့ နင့်ကိုပဲ အတတ်နိုင်ဆုံး ကူညီရမယ်...

နင်ဝမ်းနည်းရင် ငါဝမ်းနည်းတယ်
နင်ညစ်ရင် ငါညစ်တယ်

နင်သွားရင် ငါသွားမယ်
နင်ရှိရင် ငါရှိမယ်

နင်ပျော်ရင် ငါပျော်တယ်
နင်ဝမ်းသာရင် ငါဝမ်းသာတယ်...

(ဟိဟိ)
နောက်ချင်လာပြီ...

နင် ပြတင်းပေါက်က ခုန်ချရင်...

ငါ ပိုပြီး ၀မ်းသာမယ်... :P

ဒါပဲဟာ ... နင် အလုပ်ကောင်းကောင်း မြန်မြန်ရပြီး မြဲပါစေ...