R for Rita
1. What is your name : Rita
2. A four Letter Word : Rose
3. A boy's Name : Ronny
4. A girl's Name : Rebbecca
5. An occupation : Radiotherapist
6. A color : Royal Purple
7. Something you'll wear : Ring
8. A food : Roast Duck
9. Something found in the bathroom : Running Water
10. A place : Rome
11. A reason for being late : Red on Traffic Signal! (:P)
12. Something you'd shout : Ridiculous !!!!!
13. A movie title : Road to Singapore
14. Something you drink : Red Bull (တကယ် မသောက်ပါဘူး။ လျှောက်ရေးထားတာ)
15. A musical group : Rolling Stone
16. An animal : Rabbit
17. A street name : Royal Road
18. A type of car : Rolls Royce
19. The title of a song : Right Here Waiting
20. A verb : Radiate
မနေနေနိုင် ရေးထားတဲ့ N for Nay ဆိုတဲ့ post လေးကို အားကျလို့ ရေးကြည့်မိတာ။
***
Update :
Steve Evergreen said...
1. What is your name : Rita
2. A four Letter Word : Riot
3. A boy's Name : Rat tail
4. A girl's Name : Rodent
5. An occupation : Robbery
6. A color : Rusty brown
7. Something you'll wear : Red panties
8. A food : Rotten tomato
9. Something found in the bathroom : Razor
10. A place : R.I.P
11. A reason for being late : Reluctant to come
12. Something you'd shout : Revenge!
13. A movie title : Road to Perdition
14. Something you drink : Rum
15. A musical group : Red Hot Chili Peppers
16. An animal : Rhesus monkey
17. A street name : Road to nowhere
18. A type of car : Rover69
19. The title of a song : River of no return
20. A verb : Roar
***
Showing posts with label Rita. Show all posts

Wednesday, October 7, 2009
Wednesday, March 4, 2009
Rita သို့မဟုတ် ကိုယ့်ရဲ့ လျှို့ဝှက်ချက်
လျှို့ဝှက်ချက်များအား ထိန်းသိမ်းရသည်ကို သဘောမကျပါ။ မစောင့်စည်းနိုင်ဘူး ဟု ဆိုလိုခြင်း မဟုတ်ဘဲ ဖြစ်နိုင်လျှင် ဘာကိုမှ လျှို့ဝှက်သိပ်သည်းမနေဘဲ ဘ၀ကို ပေါ့ပေါ့ပါးပါးသာ ဖြတ်ကျော်လိုပါသည်။
*
စာရေးဆရာလုပ်ဖို့ ငယ်ငယ်က (၇ တန်းလောက်က) စိတ်ကူးတုန်းကလည်း နာမည်ရင်းနဲ့ လုပ်ဖို့ပါပဲ။ blog လုပ်တော့လည်း သူများတွေ လူသိမခံဘဲ နာမည်ဝှက်လေးတွေနဲ့ လုပ်နေတာ အားမကျဘဲ..နာမည်ရင်းနဲ့ပဲ လုပ်ခဲ့တယ်။ ဓါတ်ပုံတွေတောင် တင်လိုက်ပါသေးရော။
Blog ရယ်လို့ စဖတ်ဖူးတာ ညီလင်းဆက် ရဲ့ blog ဖြစ်တာကြောင့်လဲ ပါမယ်ထင်တယ်။ သူတောင် နာမည်ရင်းသုံးသေးတာပဲ ဆိုပြီး... (ဘာမှတော့ မဆိုင်ပါလေ)...ဒါပေမယ့် သူ့ influence ကလဲ တော်တော်ပါပါတယ်...ဓါတ်ပုံတွေတင်တော့လဲ သူတောင်တင်သေးတာပဲ ဆိုပြီး (ဘာမှတော့ မဆိုင်ပါလေ) ဒါပေမယ့် ရှေ့ကလူသွားတဲ့ လမ်းကြောင်းအတိုင်း လိုက်တတ်တာတစ်ခုပေါ့ ...blog account ရသွားတာကလဲ ညီလင်းဆက် blog မှာ follower လုပ်ရင်း ရခဲ့တာ ဆိုတော့ display name ကို နာမည်ရင်းပဲ သုံးခဲ့တယ်။ သူ့ blog ကို follow လုပ်ပြီး တော်တော်ကြာတဲ့တိုင်အောင်လဲ blog က မရေးဖြစ်ပါဘူး။
ရေးဖြစ်တာကလဲ Suboo Account crash ဖြစ်သွားလို့ "မောင်" ဆိုတဲ့ ကဗျာကို တော်တော်တင်ချင်လွန်းပြီး blog ရေးခဲ့တာ...အဲဒီမှာ စတွေ့တာပဲ။ ရပ်လို့ကို မရတော့ဘူး။ စာဖတ်ဖို့လဲ ပျက်ကွက်။ News တွေ အာရုံစိုက်ဖို့လဲပျက်ကွက်။ Study ဖို့လဲပျက်ကွက် ... ပျက်ကွက် ... ပျက်ကွက် ... ပျက်ကွက် ...
ကဲပါလေ လိုရင်းပဲ ပြောရရင်...
2009 မရောက်ခင် ကိုရန်အောင်နဲ့ စကားပြောဖြစ်ကြတော့ သူက blog နဲ့ ပတ်သတ်ပြီး နည်းနည်း ဗျူးပါတယ်။ ပြီးတော့ စာသေချာဆက်ရေးတော့မယ်ဆိုရင် နာမည်ပြောင်းလိုက်ပါတဲ့။
အမှန်အတိုင်း ပြောရရင် သူပြောတဲ့ အချက်တွေကို စဉ်းစားပြီး ပြောင်းလဲ ပြောင်းချင်တယ်။
ဘာပဲလုပ်လုပ် နာမည်ရင်းနဲ့ပဲ လုပ်ချင်တဲ့ အတွက် ပြောင်းလဲ မပြောင်းချင်ဘူး။ နာမည်ရင်းနဲ့ရေးလို့ ၊ ဓါတ်ပုံတင်လို့၊ တခုခု ငြင်းကြခုန်ကြ ဆဲကြဆိုကြ ဖြစ်မှာလဲ သိပ်တွေးနေတတ်သူ မဟုတ်ဘူး။ ဘုရားတောင် အကဲ့ရဲ့ မလွတ်ဘူး မဟုတ်လား။ (အဲဒီလိုပဲ လုပ်ချင်ရင် အကြောင်းပြချက်တွေ ၊ ဆင်ခြေတွေ တပုံကြီးရှာပစ်လိုက်တာ)
ဒါပေမယ့် ကိုယ် ပြောင်းမယ်လို့ ဆုံးဖြတ်လိုက်တယ်။ ကိုရန်အောင် အကြံပေးတဲ့ 1st Jan မှာ ပြောင်းမယ်လို့ ကိုရန်အောင်ကို ပြောလိုက်တယ်။ ဒါပေမယ့် နာမည်ကို စဉ်းစားရဦးမယ်။ ကိုရန်အောင်က နာမည်ရရင်ပြော...သူပြောင်းပေးမယ်တဲ့။
အို မပြောပါနဲ့တော့။ စဉ်းစားလိုက်ရတာ ဆိုတာ... စားလဲ Pen Name ... သွားလဲ Pen Name...။ ရည်းစား စထားကာစတုန်းကတောင် ဒီလောက် စိတ်ထဲ မရှိပါဘူး (တစ်မှတ် !!!)
"ဂျူး" လို တိုတိုပြတ်ပြတ်နဲ့ မှတ်မိလွယ်ပြီး အားရှိမယ့် နာမည်မျိုး...
"ခင်ဦးမေ" ဆိုတဲ့နာမည်လေးလို ရိုးရှင်းစွဲမက်စရာကောင်းပြီး မိန်းမဆန်တဲ့ နာမည်မျိုး...
"မိုးချိုသင်း" ဆိုတဲ့နာမည်လေးလို ချစ်စရာ ကဗျာဆန်တဲ့ နာမည်မျိုး...
"မယ်လိုဒီမောင်" ဆိုတဲ့နာမည်လေးလို ရှည်လျားပေမယ့် ဆန်းပြားနားစွဲလွယ်တဲ့ နာမည်မျိုး...
စာရေးဖို့ စိတ်ကူးတုန်းကတောင် Pen Name ရွေးဖို့ စိတ်မကူးခဲ့ဖူးဘူးဆိုတော့ ဒီချိန်ကျမှ နာမည်ရွေးရတာ အာရုံတွေ မလန်းတော့ဘူး။
တစ်လလုံးလုံး ဘာနာမည်မှ စဉ်းစားလို့ မရဘူး။ နာမည်ရင်းလဲ ရှည်ပေမယ့် လေးလုံးတော့ မမှည့်ဘူးလို့ပဲ ... ရှည်ရင် နည်းနည်း ကြောင်တယ်။ နာမည်လေးလုံးပေမယ့် အရမ်းမိုက်တဲ့ Melody Maung ကျတော့ သူများဦးသွားပြီ... :(
Jan ကုန်ခါနီးတော့ ကိုယ့်ခေါင်းထဲမှာ မီးသီးလေးလင်းသွားတယ်။
ဂျူးရေးတဲ့ "မိန်းမတစ်ယောက်ရဲ့ ဖွင့်ဟ၀န်ခံချက်" ထဲက မထင်မရှား ဇာတ်ကောင်လေးရဲ့ နာမည်...
"Rita"
အိုကေ... အဲဒါပဲ အတည်ပြုလိုက်ပြီ ဆိုပြီး ကိုရန်အောင်ဆီ email ပို့လိုက်တယ်။ သူကလဲ ဒီနာမည် ကောင်းတယ် ပြောတော့ ကိုယ်လဲ နာမည်ရင်းကို နှမျောပေမယ့် စိတ်တိုင်းကျသွားပါတယ်။
ဒါပေမယ့် မရပါဘူးတဲ့ရှင်။ အဲဒီနာမည် register လုပ်ပြီးသားဖြစ်နေပါပြီ။ 2nd Feb မှာပဲ သူ mail ပြန်လာပါတယ်။ နောက်တစ်လုံး ထပ်ထည့်ပါ။ ပြန်စဉ်းစားပါတဲ့။
ကိုယ်တော့ စဉ်းကို မစားတော့ဘူး။ ကိုရန်အောင်လည်း ပျောက်သွားလိုက်တာဆိုတာ... Feb တစ်လလုံးလုံးပဲ။
24th Feb ကျမှ ပြန်ပေါ်လာပြီး ... အလောသုံးဆယ်နဲ့ 15 minutes အတွင်း နာမည်ပြောင်းမယ် ...စဉ်းစား စဉ်းစား နဲ့ ရုံးမှာ အလုပ်ရှုပ်နေချိန်ကြီး ပေါ်လာပြီး ...
ကိုယ်ကလဲ နာမည်ကို နောက်တစ်လုံးကို မထည့်ချင်တာ... ဒါနဲ့ Rita's Diary လို့ ပြောတော့ ' က ထည့်လို့မလှဘူးလို့ပြောတယ်။
ဒါနဲ့ blog URL က ritako ဖြစ်သွားရော။ "ပုလုကွေး" ကတော့ ဒါကို "အာရ်အိုင်တီ အကို" လို့ ဖတ် ဆိုပဲ။ :D
ပုံပြင်လေးကတော့ ဒါပါပဲကွယ်။ (မြန်မြန်ဖြတ်မှ ... အိပ်ချင်လှပြီ)
စေတနာနဲ့ အကြံပေးပြီး၊ မအားတဲ့ ကြားက blog URL ပြောင်းပေးခဲ့တဲ့ ကိုရန်အောင် ကို အထူးကျေးဇူးတင် မှတ်တမ်းတင်ပါတယ်။
*
ရည်းစား တစ်ယောက်ပြောင်းထားတိုင်း အရင် ရည်းစားဟောင်း အကြောင်း အကုန်အစင် ဖွင့်ဟပြောသည့် အလေ့အထရှိသူကို ဘယ်လို သတ်မှတ်တတ်ကြပါသလဲ။ အတော်များများကတော့ ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်းလို့ သတ်မှတ်ကြမည် ထင်ပါသည်။ အဲဒီ ကိစ္စကိုပဲ ရှုထောင့်တစ်မျိုးကနေ ပြောင်းကြည့်ပြီး ရေးထားတဲ့ ဆရာ ငြိမ်းကျော်ရဲ့ ၀တ္ထုတို တစ်ပုဒ် ဖတ်ခဲ့ရဖူးပါသည်။ သူမြင်ထားတာက "မိမိကိုယ်တိုင်ရဲ့ လျှို့ဝှက်ချက်ကို တာဝန်ယူ ထိန်းသိမ်းထားနိုင်စွမ်း အားနည်းလို့" ပါတဲ့။
သူကြည့်ထားတဲ့ရှုထောင့်နဲ့ သူရေးထားတဲ့ ဇာတ်ကောင်ရဲ့ စရိုက်က ကွက်တိကျနေတော့ အဲဒီ ၀တ္ထုတိုကလေးကို ခုထိ မှတ်မိနေပါသည်။ ကိုယ်ကိုယ်တိုင်လည်း ငါကတော့ ပွင့်ပွင့်လင်းလင်းပဲ လို့ မာန်တက်မယ်ကြံရင် အဲဒီ ၀တ္ထုတိုလေးနဲ့ ၀တ္ထုထဲက ဇာတ်ကောင်ကို သွားသွားသတိရတတ်ပါသည်။
နာမည်ပြောင်းပြီးမှ "ကိုပေါ" ဆီမှာ comment ရေးတော့ အပေါ်က Rita နာမည်နဲ့ အောက်က ကိုပေါ မမှတ်မိမှာစိုးလို့ နာမည်ရင်းကို အပြည့်အစုံရေးလိုက်သေးတယ်။
Top Secret, Bottom Open လေ... :D
(ကိုရန်အောင်သိရင် ဘယ်လောက် စိတ်ပျက်လိုက်မလဲ။ မသိအောင် ၀ှက်ခိုင်းထားပါတယ် ဆိုမှ... မသိမှာစိုးလို့ ဆိုပြီး သွားပြောပြလိုက်သေးတယ်။)
*
"သူများခေါ်တဲ့ သာဓုဟာ ကိုယ့်ဆီကနေ လမ်းလွှဲသွားပေမယ့် ကိုယ့်ကုသိုလ်ကတော့ ကိုယ့်ဆီကနေ ထွက်ပြေးမသွားပါဘူး။" လို့ ညီလင်းဆက် မကြာခင်ကပဲ သိမ်းတင်သား ဆိုတဲ့ post မှာ ရေးခဲ့တယ်။
နာမည်ပြောင်းတယ် ဆိုတာ တကယ်တော့ potential ရှိတဲ့ ဆိုးကျိုးတွေကို လမ်းလွှဲပစ်ဖို့ပဲ မဟုတ်ပါလား။
တကယ်တော့ ကောင်းတာပဲ ယူမယ် ... ဆိုးတာတော့ မယူဘူး လုပ်လို့မရပါဘူးလေ။
သူများက သာဓုခေါ်မယ်ဆိုလဲ နာမည်လေးနဲ့ လမ်းလွှဲမသွားဘဲ ကိုယ့်ဆီရောက်မှာပါပဲ... ဆဲရေးတိုင်းထွာတယ် ဆိုလဲပဲ ကိုယ့်ဆီကနေ ထွက်ပြေးမသွားပါဘူး။
ကိုယ်လုပ်သမျှ ကောင်းကျိုးဆိုးပြစ်တွေဟာ ကိုယ့်ဆီပဲ တိုက်ရိုက်လာမှာပါပဲ။
Rita ဖြစ်စေ... နာမည်ရင်းဖြစ်စေ... ကိုယ် ဘာပဲလုပ်လုပ် ကိုယ်တိုင် အားလုံးတာဝန် ယူချင်ပါတယ်။
(strike သို့)

Labels:
Rita,
This and That
Subscribe to:
Posts (Atom)