Thursday, April 21, 2011

Daze

မိန်းကလေးတစ်ယောက်ဟာ စိတ်နေသဘောထား ကောင်းမွန်သလောက်၊ ဘာသာတရားလုပ်ဖို့ မမေ့တတ်သလောက်၊ အယုံလွယ်ရင်၊ အားနာတတ်ရင်၊ (မလိုတဲ့နေရာတွေမှာ) သဘောကောင်းပြီး လိုက်လိုက်ရောရော ရှိတတ်ရင်၊ အတွေ့အကြုံနည်းပါးရင်၊ မိဘနဲ့တုန်းက ဗိုင်းကောင်းကျောက်ဖိနေခဲ့ရလွန်းရင်၊ ကံမပေးတဲ့ အခြေအနေတစ်ခုမှာ (သူ့ စိတ်ရင်းက မရည်ရွယ်သည့်တိုင်အောင်) သူတပါးကိုရော၊ သူ့ကိုယ်သူရော ထိခိုက်စေတတ်တယ်။

12 comments:

ချစ်ကြည်အေး said...

ရီတာ...အမကိုများ ကြည့်ရေးနေသလား.... လို့...ဟဟဟဟ :P
နောက်တာ...၊ တကယ်ပြောတာ....တူလွန်းလို့ :)

Rita said...

အစ်မချစ် လက်သီးထိုးကြမ်းတဲ့လူကတော့ အဲလိုဖြစ်မှာမဟုတ်ပါဘူး။ စိတ်ချရတယ်။ အဓိကက ကြမ်းသင့်ရင် ကြမ်းမှပဲ။ ကြမ်းရမယ့်နေရာ မိန်းကလေးစိတ်နဲ့ နုနေရင် ခံရရော။ သူလုပ်တဲ့ကိစ္စ သူ့တယောက်နဲ့တင် ကိစ္စပြတ်ရင် သိပ်မဆိုးသေးဘူး။ ဘေးလူကိုပါ ထိခိုက်သွားတာမျိုးကြ ဆိုးထာ။

တီချမ်း said...

ယောက်ျားလေး တယောက်က စိတ်နေသဘောထား လဲသိပ်မကောင်းဘူး၊ ဘာသာတရားနဲ့ကလဲ ဝေးမှဝေး၊ အရက်သေစာ မကြာခဏ သောက်တယ်၊ စိတ်ကြမ်း လူကြမ်းရှိတယ်၊ အရပ်ထဲမှာလဲ ခဏခဏရန်လည်ဖြစ်နေကြ၊
ဒါပေမယ့် တနေ့ကျတော့ (သိစိတ်နဲ့ပဲ ဖြစ်ဖြစ်မသိစိတ်နဲ့ပဲဖြစ်ဖြစ်)မထင်မှတ်ဘဲ သူလုပ်လိုက်တဲ့ သူရဲကောင်းဆန်ဆန်အပြုအမူ တခုကြောင့် လူတွေက သူ့ကို အရင်က ဆိုးခဲ့သမျှတွေ ခွင့်လွှတ်ပေးလိုက်ကြတယ်

Rita said...

အဲဒါကြောင့် "သူ မင်းကို ဘယ်တော့မှ" ထဲမှာ ဂျူး က ရေးသွားတာ။ လူကောင်းနဲ့ လူဆိုးကြားမှာ ခြားထားတဲ့ စည်းက ပါးပါးကလေးတဲ့။

ကိုယ်လည်းပဲ မြင်တာ ပြောချင်တယ်။ လူသာမန်တစ်ယောက် ကောင်းတယ် ဆိုးတယ်ဆိုတာ အကြွေစေ့က ခေါင်းနဲ့ပန်း လိုပဲ။ ကပ်နေတာ။ ဘယ်လူသာမန်မှာမဆို ဘယ်သောအခါမှ တမျက်နှာတည်း၊ တသမှတ်တည်း မရှိဘူး။

အခိုက်အတန့်လေး၊ စိတ်အခြေအနေတစ်ခုလေး၊ ကံအကျိုးပေးတစ်ခုလေးမှာ ဆိုးချင်ဆိုးသွားမယ်။ ကောင်းချင်ကောင်းသွားမယ်။ ဒါပဲ။

ဒါပေမဲ့ ကိုယ့်တစ်ယောက်တည်းအတွက်တော့ လူမှုရေးအစွန်းအထင်းတခုခု ရှိလိုက်မိတဲ့သူတစ်ယောက်ကို အဲဒါတချက်တည်းနဲ့တော့ မေတ္တာမပျက်ဘူး။

(မှတ်ချက်။ မေတ္တာ သိပ် ရှိတတ်လွန်းလို့တော့ မဟုတ်။ ခုလောလောဆယ်မှာ ထားနိုင်တဲ့ စိတ်သဘောထားကို ပြောပြတာ။ နောင်တချိန်တော့ မသေချာ)

ချစ်ကြည်အေး said...

ဟုတ်တယ် ညီမ ရီတာရေ...အမကို ဖိုက်တာတင် အားမရဘဲ အမဘလော့ဂ်ဂါ ဘော်ဒါတွေကို လာစော်ကားသွားတာ စိတ်ထဲ တော်တော်လေး ထိခိုက်ရတယ်။ အားလည်းနာတယ်။ ဒီမှာလာရေးလို့ ဒီလိုအပြောခံကြရတဲ့အတွက် အမ တော်တော် စိတ်လေသွားတယ်။ မတိုင်ခင်နေ့ကတည်းက တော်ပြီ မတုန့်ပြန်သင့်တော့ဘူး၊ မတန်ဘူးဆိုပြီး ရပ်လိုက်တာ...။ စိတ်ထဲတော့ စကားလုံးတွေ အလိတ်လိုက် တက်တက်လာလို့ ပြန် မြိုချနေရတယ် ညီမရေ...။
ပြန်ရေးရကောင်းမလားတောင် စဉ်းစားနေတုန်း...အရစ်မရှည်ချင်တော့လို့သာ...။
ဆောရီး ညီမရေ ပိုစ့်နဲ့ မဆိုင်ဘဲ ရေးမိတာ...

Rita said...

ရတယ် အစ်မချစ်။ တခါတလေ ကိုယ့်အတွေးနဲ့ကိုယ်ပဲရယ်။ လိမ့်နေကြတာ။ အစ်မချစ်ပြောတဲ့အကြောင်းကို မသိသေးဘူး။

လက်သီးထိုးကြမ်းတယ် ဆိုတာ၊ အစ်မချစ်ရေးထားတဲ့ ကဗျာခိုးကူး၊ ဓါတ်ပုံခိုးကူးအကြောင်းပို့စ်ထဲက "ရုပ်ချောတယ်၊ သဘောကောင်းတယ်၊ လက်သီးထိုးတော့ ကြမ်းတယ်" ကို သတိရလို့ ရေးလိုက်တာ။

တခါတခါကျ မိန်းကလေးတွေ လူရေးလူရာမှာ မလိုအပ်ဘဲ သိပ်သဘောမကောင်းစေချင်ဘူး။ လက်သီးထိုးကြမ်းသင့်တဲ့ အခြေအနေကို နားလည်ပြီး၊ ကြမ်းသင့် ကြမ်းမှ၊ ဆိုလိုတာက ပြတ်သားသင့်ရင် ပြတ်ပြတ်သားသား လုပ်စေချင်လို့ ရေးမိတာ။

ဘလော့ပေါ်မှာက စာလုံးအပြင် တခြားရှိတာမဟုတ်ဘူး။ အပြင်လောကမှာက အားနာရင် ခါးပါတတ်တာက တကယ်ဗျ။

ချစ်ကြည်အေး said...

ဪ...ညီမရီတာ မသိသေးဘဲကိုး...။ အချိန်ရရင် ကော်မန့်တွေ လာဖတ်လှဲ့ ညီမရေ...။ ဒါပေမဲ့ သွေးအေးမှ ဖြစ်မယ်။ ဒေါသ မဖြစ်စေချင်ဘူး ညီမရယ်။ အမက ရီတာပြောသလိုပါပဲ ကိုယ့်ဘက်က အမှန်အတွက် တယ်မလျှော့ချင်ဘူး။ စာလာဖတ်သူတွေ အားနာလို့သာ...ရပ်ပစ်လိုက်တာ၊ စိတ်ထဲတော့ ခုထိ တုန့်ပြန်သင့်တယ် ထင်တုန်းပဲ။

လက်ခံပါတယ်။ လူဆိုတာ အမြဲတမ်း မကောင်းနိုင်သလို အမြဲပဲလည်း ဆိုးမနေနိုင်ဘူး။ လူ ဆိုကတည်းက အရောအနှောတခုပဲ။ ကောင်းတာနဲ့ ဆိုးတာ ဘယ်သင်းက ပိုများလဲ ဆိုတာနဲ့ပဲ လေဘယ်လ်တပ်နေကြတာ....

Nge Naing said...

တိုက်ဆိုင်နေလို့ လာဖတ်သွားတယ် Rita.

Phyo Maw said...

အ တယ်ဆိုတာနဲ့ တူလား

ကျော်နှင်းဆီလွင် said...

အယုံလွယ်ရင်၊ အားနာတတ်ရင်၊ (မလိုတဲ့နေရာတွေမှာ) သဘောကောင်းပြီး လိုက်လိုက်ရောရော ရှိတတ်ရင်၊ အတွေ့အကြုံနည်းပါးရင်၊ မိဘနဲ့တုန်းက ဗိုင်းကောင်းကျောက်ဖိနေခဲ့ရလွန်းရင်၊...
သိပ်အန္တရယ်များတာပဲ လို့တွေးမိတယ်

တီချမ်း said...

ကဲပါလေ အသုံးမကျတဲ့ သူအတွက် အားမရဖြစ်နေမယ့်အစား
တီချမ်းအိမ်မှာ ဟင်းသစ်လေး သွားစားရအောင်

ဇွန်မိုးစက် said...

အင်း... ရီတာရေးထားတာ သေသေချာချာ ဖတ်ကြည့်တော့ ဟုတ်နေတယ်။ ကိုယ်တောင် မယုံလွယ်သည့်တိုင် အားနာတတ်တော့ ကိုယ်တိုင်ထိခိုက်ခဲ့ရတာတွေ ရှိဖူးတယ်။
ဗိုင်းကောင်းကျောက်ဖိ မဟုတ်ခဲ့တာတော့ သေချာတယ်။ :D