Thursday, March 10, 2011

နှိုင်းရ ချစ်ခြင်း



ဟိုရက်ပိုင်းက youtube မှာ တွေ့လိုက်တဲ့ ၃ ပွင့်ဆိုင် affair ကြည့်မိတော့ ဖျတ်ခနဲ တွေးဖြစ်လိုက်တာ။
တချို့ကလည်း အဲဒါ ဆင်လုံးကြီးပါ ဆိုတယ်။
ကိုယ်တိုင်လည်း အဲဒီ clip မှာ ဘာမှန်းတော့ မသိ၊ တခုခု လွဲနေသလိုပဲ။
ထားပါတော့ တုချင်တု စစ်ချင်စစ်။

***
နောက်တယောက်နဲ့တွဲလို့ ပေါက်ကွဲတယ်ဆိုတာ ပေါက်ကွဲတဲ့လူဘက်ကလည်း သူ့ တကယ်မချစ်လို့သာ။

တဘက်လူအပေါ် ဘယ်လောက်ချစ်နိုင်တယ်ဆိုတာ အဲလိုအဖြစ်မျိုးမှာ ဖုံးထားလို့ မရအောင် ပေါ်တာပဲလို့ ထင်တယ်။

တချို့လူတွေအတွက် အဲဒီလို အဖြစ်မျိုး ကြုံတာနဲ့ "ငါ့ကို စော်ကားတယ်တို့ လှည့်စားတယ်တို့ ယုံကြည်မှုကို အလွဲသုံးစားလုပ်တယ်တို့ ဒါမျိုးလာကျောလို့ ဘယ်ရမလဲတို့" တွေးကို မတွေးမိဘူး။

"ဪ သူ ငါ့ကို မလိုအပ်တော့ဘူး" ဆိုတာလောက်နဲ့ ဝမ်းနည်းသွားရုံပဲ။ သူတို့ကို ကိုယ်မြင်လိုက်ကြောင်းတောင် သိစေချင်မှာ မဟုတ်ဘူး။

* တကယ်ချစ်ရင် * မပေါက်ကွဲဘူး။ ဒေါကန်ဖို့၊ ပေါက်ကွဲဖို့၊ ရန်သွားတွေ့ဖို့ သတိတောင် ရလိုက်မှာမဟုတ်ဘူး။ ဝမ်းပဲ နည်းမှာ။ တဘက်က မသိအောင် ချက်ချင်း လှည့်ပြန်လာမိမှာ။

***
ဝမ်းလည်းနည်းမယ် ပေါက်လဲကွဲမယ်။ ဒါပေမဲ့ တကယ်လည်းချစ်ပါတယ် လို့ ပြောလာရင် ဒီဂရီအလိုက်ပေါ့ လို့ပဲ ပြောရမယ်ထင်တယ်။ ကိုယ်က သူ့အပေါ် ဘယ်လောက်ချစ်နိုင်လဲဆိုတဲ့ အတိုင်းအတာအရပေါ့။

- ကိုယ့်ကိုယ်ကိုယ်နဲ့ မယှဉ်သာအောင် လျော့ချစ်ရင်တော့ ပေါက်ကွဲရုံသက်သက်ပဲ။ ဒေါသချည်းပဲ ထွက်မိမယ်။ ဝမ်းနည်းတယ်ဆိုရင်တောင် အဲဒါ ငါ့ကိုမှ ဖြစ်ရလေခြင်းဆိုတဲ့ စိတ်ပဲ။ တဘက်လူကိုလည်း ခွင့်မလွှတ်ဘူး။ အခွင့်အရေးရတာနဲ့ လက်တုန့်ပြန်မှာပဲ။

- ကိုယ့်အတ္တနဲ့ တန်းတူဆိုရင်တော့ အထက်ကတယောက်ပြောသလို ဝမ်းလည်းနည်းမယ် ပေါက်လဲကွဲမယ်။ ခွင့်တော့ မလွှတ်နိုင်သေးဘူး။ လက်စားချေရလောက်အောင်လည်းပဲ မရက်စက်နိုင်ဘူး။

- ကိုယ့်အတ္တထက် ကျော်သွားပြီဆိုရင် (တကယ်ချစ်တယ်ဆိုရင်)တော့ ဝမ်းနည်းရုံမျှသာပါပဲ။

တကယ်ချစ်တယ် ဆိုတဲ့ သတ်မှတ်ချက်ကလည်း... ဆိုကြပါစို့။
* ကိုယ်က temperature 21ºC လောက်ကိုမှ တကယ်အေးတယ်လို့ သတ်မှတ်တယ်ဆိုရင် အဲဒီထက်များတဲ့ အပူချိန်က ကိုယ့်အတွက် တကယ်မအေးဘူးပေါ့ *

***
(စာကြွင်း။ ကိုယ့်အပေါ် သူ ဘယ်လောက် အတိုင်းအတာထိ... ဆိုတာ သိချင်တဲ့သူတွေ စမ်းကြည့်ကြဖို့တောင် ကောင်းတယ်။ အဲဒီအခြေအနေမျိုးမှာ တဘက်လူရဲ့စိတ်ထဲရှိသမျှ ညာမရအောင် ပေါ်လာမှာပဲ။ ကိုယ့်လူကို ယုံတယ်၊ ပိုင်လည်း ပိုင်တယ်ဆိုရင်ပြောပါတယ်။

အင်းလေ... ယုံမှတော့ ဘယ်စမ်းကြည့်စရာလိုမလဲ)

***
pic from google

17 comments:

Unknown said...

What you are saying is absolutely right.

Unknown said...

Any incident lead to this post?

Rita said...

Once I saw ur comment I was afraid that Merlion'd be struck by lightning again!

ဇွန်မိုးစက် said...

ကိုယ်က ၀မ်းလည်းနည်းခဲ့ဖူး၊ ပေါက်လည်းကွဲခဲ့ဖူးတယ်။ ခုနေ ပြန်တွေးကြည့်မှ ငါတော်တော်ပူလောင်ခဲ့ပါလားလို့။

Phyo Maw said...

သုံးပွင့်ဆိုင်တော့ မဟုတ်ပေမယ့်
ဂျူးရဲ့ လရဲ့အောက်က မိုင်အဝေးမှာ
နေလင်းသစ်ထင်တယ် မေးတာကို ဒီပါ့အကို (နာမည်မေ့)က ပြန်ဖြေခဲ့တာမျိုးပေါ့ မိန်းမတစ်ယောက်အနေနဲ့ သူ့စိတ်ကို ပြင်တော့မှာမဟုတ်ဘူး ဆိုတဲ့ အဖြေကို မြင်မိတယ်။

ကိုယ့်စိတ်ထဲမှာ သူ့ကိုပြန်မပြင်စေချင်ဘူး

သတိရ တွေးမိတိုင်း လူတစ်ယောက်ကို အမြဲလိုအပ်သလိုဖြစ်နေပေမယ့် ဒီ့နောက်မှာ
ဒီအခြေအနေ တစ်ခု ပြန်ရမယ်လည်း လုံးဝမထင်ဘူး။

ဒီ့နောက်မှာ ကိုယ်သူနဲ့ပက်သက်ပြီး ကိုယ်လိုအပ်တာတွေ တွေးမိရင် သူ့လူသစ်နဲ့ သူယှဉ်ပြောတာ ကြားမိရင် ပေါက်ကွဲမိရင်မိမယ်။

ကိုယ့်စိတ်ထဲမှာတော့ ဒီအရာတွေ တစ်ယောက်တည်းဖြစ်ချိန်မှာ တွေးမိမှာမဟုတ်ဘူး။

ဒါကြောင့် စာတွေ ကဗျာတွေ သီချင်းတွေမှာ ဆိုတာဖြစ်မယ် သတိရရင် ဓာတ်ပုံဟောင်းတွေ ထုတ်ကြည့်မိတယ်ဆိုတာ လက်ရှိသူ့ကို ကိုယ်ချစ်တော့မှာ မဟုတ်သလို သူဆုံးဖြတ်ခဲ့တာကိုလည်း ပြင်စေချင်ခဲ့တော့မှာမဟုတ်ဘူး။

ထင်တာရေးတာ ရှည်သွားဘီ။ XP

Rita said...

Btw, where's H Nwe?
She's still in my mind.

may be ur childhood is just nothing for u2. but i remember the story abt HN, whenever i read abt ur other affairs. and there remain the questions of where she's, why u didnt try to connect her. =)

i'm too curious! sorry =D
i really want u2 meet again. lolz

Phyo Maw said...

Well, u can't imagine some1 came to sg to study n work to have enough support to go to Aus to meet one gal.
(don't u think it is too romantic aldy??) =P

I did not know we got social network like facebook where u could find some1 with one click 4 year ago.

ya technology ruins romance when u found out a couple picture on fb hee hee. so bad huh!!

life goes on n i need to move on too right but anyway it is really good to have such awesome memory. XD

Rita said...

contact*

Phyo Maw said...

ya technology ruins romance when i found out a couple picture on fb hee hee. so bad huh!!*

khayayphyu said...

နောက်တယောက်နဲ့တွဲလို့ ပေါက်ကွဲတယ်ဆိုတာ ပေါက်ကွဲတဲ့လူဘက်ကလည်း သူ့ တကယ်မချစ်လို့သာ။ ==> ဘယ်လိုသိလဲ? သူများပြောနဲ့လား ကိုယ့်မျက်စိနဲ့ မြင်မာလား?
ထားပါတော့ ကိုယ့်မျက်စိနဲ့ မြင်တယ်လို့
* တကယ်ချစ်ရင် * မပေါက်ကွဲဘူး။ ဒေါကန်ဖို့၊ ပေါက်ကွဲဖို့၊ ရန်သွားတွေ့ဖို့ သတိတောင် ရလိုက်မှာမဟုတ်ဘူး။ ဝမ်းပဲ နည်းမှာ။ တဘက်က မသိအောင် ချက်ချင်း လှည့်ပြန်လာမိမှာ။
-- ဒါဆိုရင်တော့ လူမဖြစ်နိုင် နတ်သော်၎င်း နွားသော်၎င်း (ယောက်ကျားတွေ သူတို့ခံရရင် ဒီလိုပြောကြတယ်လေ အဟင်း) ကိုယ်ဆိုရင်တော့ သွားကို နုတ်ဆက်လိုက်မာ
" အို မောင်တယောက်တယ်စွံနေပါ့လား၊ ကျွန်မနဲ့ တဇါတ်လမ်း ဒီမာလဲ တဇါတ်လမ်း၊ မင်းသမီး ၂ယောက်နဲ့ အဆင်ပြေ၂ ဘယ်လိုဆက်က မလဲဆိုတာ နောက်နေ့ကျဆက်ဆွေးနွေးတာပေါ့၊ သွားလိုက်ပါအုန်းမယ်"

ဝမ်းလည်းနည်းမယ် ပေါက်လဲကွဲမယ်။ ဒါပေမဲ့ တကယ်လည်းချစ်ပါတယ် လို့ ပြောလာရင် ဒီဂရီအလိုက်ပေါ့ လို့ပဲ ပြောရမယ်ထင်တယ်။ ကိုယ်က သူ့အပေါ် ဘယ်လောက်ချစ်နိုင်လဲဆိုတဲ့ အတိုင်းအတာအရပေါ့။
---- ဒေါသထွက်မယ် အရင် (သစ္စာ မရှိလေခြင်း ဆိုပြီ:)၊ ဝမ်းနဲမယ် (လုပ်ရက်တယ် ငါဒီလောက်ကောင်းတာတောင်)၊ စိတ်အားငယ်မယ် (ငါမာ ဘာတွေပြစ်ချက်ရှိပါလိမ့်နော်)၊ ပြီ:တော့ -------
ပြင်စရာရှိတာလေးတွေပြင်ပြီ: အသစ်ရှာမယ်ကွာ ဟီး

ခွေဖြူ

khayayphyu said...

ဇွန်မိုးစက် said...
ကိုယ်က ၀မ်းလည်းနည်းခဲ့ဖူး၊ ပေါက်လည်းကွဲခဲ့ဖူးတယ်။ ခုနေ ပြန်တွေးကြည့်မှ ငါတော်တော်ပူလောင်ခဲ့ပါလားလို့။
---- ဟုတ်ရဲ့လား ဇွန်ဇွန်ရယ် ယူဒီလောက်အေးတာ၊


ခွေဖြူ

Rita said...

တချို့လူတွေအတွက် အဲဒီအခိုက်အတန့်မှာ ဒေါသသင့်ဖို့ သတိကို မရဘူး။ အဲဒါ သေချာတယ်။

နောက် ဘာဆက်လုပ်မယ်ဆိုတာက နောက်တပိုင်း။ ကိုယ်က သူ့အပေါ် ဘယ်လောက်ထိ၊ သူက ကိုယ့်အပေါ် ဘယ်လောက်ထိ ဆိုတာ အဲဒီ အခိုက်အတန့်လေးကနေ အဖြေထုတ်လိုက်လို့ရတယ်။

တချို့မေးခွန်းတွေက အငိုက်ဖမ်းမေးမှ အဖြေမှန်ထွက်သလိုပေါ့။

သူနဲ့ကိုယ် ရှေ့ဘယ်လိုဆက်မလဲဆိုတာကတော့ အဲဒီအခိုက်အတန့်ကို ကျော်လွန်ပြီးမှ စဉ်းစားရမယ့် နောက် တကဏ္ဍ။ ကိုယ်သာဆိုရင်တော့ မလိုအပ်တော့ရင် သွားခိုင်းလိုက်မှာပဲ။ ဘာလို့ဆိုတော့ ကိုယ့်ဘာသာ ချစ်ဖို့ကလည်း လိုသေးတာလေ။

(ဒါပေမဲ့ ပြောရင် ယုံပါ့မလားတော့ မသိ။ "ကိုယ်သာဆိုရင်..." လို့ တွေးစရာ မလိုသလောက်ပဲ။ ဘာလို့ဆို ၂ ယောက်လုံးက ခိုးကြောင်ခိုးဝှက်တော့ လုပ်နေမှာမဟုတ်ဘူး။ နောက်တယောက်နဲ့ တွဲဖို့ လက်ရှိတယောက်ကိုတော့ မရ ရအောင်ဖြတ်ဦးမှာ။)

အဲဒီ video clip ထဲက မိန်းကလေးကတော့ ကိုယ့်အမြင် တဘက်လူကို တကယ် မချစ်တာအပြင်ကို သူ့ကိုယ်သူလည်း ချစ်တတ်ပုံမရဘူး။

Rita said...

suwai has left a new comment on your post "နှိုင်းရ ချစ်ခြင်း":

ရီးစားဘဝဆို ဒီလိုလုပ်မယ်ပြောတာပါ။ ယူပြီ:ရင်တော့ (ဥပမာ တီဇက်အေ လို) -
" မောင်ရေ အဗလွန် ချည်းစားရလို့ အငြည်းပြေ ငပိလေးဘာလေး စားချင်စားပေါ့ကွယ်၊ အိမ်နဲ့ ကားက မေ့နံမည်အောက်မာ ဆိုတာ ဒီညီမလေးကို အသိပေးလိုက်အုန်းနော်။ ဟင်းဟင်း"
(တီဇက်အေ ကတော်နေရာမှ ခံစားတင်ပြသည်။ ပြောသာပြောတာပါ ဒီတယောက်တောင် ကံကောင်းလို့ရထားတယ်)

ခွေဖြူ

TZA said...

သေချာပြန်ဖတ်တယ်၊ ပြန်ဖတ်တယ်၊ ပြန်ဖတ်တယ်။

ဒါလည်း...

နားမလည်ဘူးပဲ၊ ခွေဖြူ့ကော်မန့်တွေက လိုက်လို့မလွယ်ဘူး၊ မြင့်လွန်းတယ်။

တီချမ်း said...

လင့်ခ် လေးလုပ်ပါအုံး

rose of sharon said...

အင်း...ကိုယ်သာဆိုရင် ရုတ်တရက် အံ့သြသွားမယ်... ဝမ်းနည်းသွားမယ်... ပြီး ကိုယ့်ကိုကိုယ်ပြန်ထိန်းပြီး အိမ်ပြန်သွားမယ်... အိမ်ရောက်မှရှင်းမယ်... မရှင်းခင် အခန်းတံခါးပိတ်ပြီး ပြောဖို့စကားလုံးရွေးချယ်မယ်... စမ်းတော့မစမ်းချင်ဘူး...

တီချမ်း said...

ကိုယ့်တုံးကတော့ အရူးလိုပဲ ပေါက်ကြွဲပစ်တာ
ကိုယ်လဲ အဲ့ဒီ ပလပ်စတစ် ဘူး တောင်းနေတဲ့ မိန်းမ နဲ့သိပ်မကွဲဘူး
ဝုန်းဒိုင်းကျဲခဲ့တာပဲ
နိုင်ချင်တဲ့ စိတ်တွေများနေတော့လဲပူလောင်တာပေါ့