Friday, November 12, 2010

ကာတွန်း



facebook က တွေ့တာ။
လတ်တလောအတွက် ဟာသတွေ ကာတွန်းတွေ ဖတ်ရင် ရီတော့ ရီရပါရဲ့။ အောင့်သက်သက်နဲ့။

ဒါပေမဲ့ ဒီတခုတော့ အရမ်းဟားရလို့ share ချင်စိတ်ပေါက်လာတာ။

ပိုင်ရှင် ကန့်ကွက်ရင်တော့ ပြန်ဖြုတ်ပေးပါမယ်။

***

8 comments:

ညိမ်းနိုင် said...

ဒက်ထိကိုမှန်တယ် ဆိုတာ ဒါမျိုးကိုပြောတာ...။

Rita said...

မှန်ပေမယ့်လည်း အောင့်သက်သက်ပါပဲ။ ဘယ်သူတို့ ဘယ်ဝါတို့တင် ခံရတာမှ မဟုတ်တာ။ အကုန်ခံလိုက်ကြရတာပဲ။

မျိုးမြင့်မောင် said...

အစော်ကားခံရတာ၊ ဖိနှိပ်ခံရတာ ဆိုရင် တောက်လျှောက် အားလုံးအကုန်ခံရတာလို့ မြင်တယ်။ ဒါပေမယ့် အလိမ်ခံရတာ ဆိုရင်တော့ အားလုံးမဟုတ်ပါဘူး။

Rita said...

အင်း ဒါလဲ ဒါပေါ့။

ဒါပေမဲ့ လိမ်တာလည်း စော်ကားတာတမျိုးပဲ။ အလိမ်သက်သက် သွားခံတဲ့လူတွေက တပိုင်းပေါ့။ ကိုယ့်ရှေ့မှာ ဗြောင်လိမ်သွားတာ ရပ်ကြည့်နေလိုက်ရတာက တပိုင်း။

မျိုးမြင့်မောင် said...

လိမ်တာလည်း စော်ကားတာတမျိုးပဲ ဆိုတာ လက်ခံပါတယ်။ ဒါပေမယ့် စော်ကားတဲ့နည်းအားလုံးက လိမ်တာတမျိုးတည်းတော့ မဟုတ်ဘူး။ ဒါကြောင့် တချို့က စော်ကားခံရတယ် ဆိုပေမယ့် အလိမ်ခံခဲ့ရတာ မဟုတ်ပါဘူး။ နောက်ပြီး အားမမျှလို့သာ မတွန်းလှန်နိုင်ခဲ့တာပါ။ အလိမ်သွားမခံဖို့ ရပ်မကြည့်ပဲ နိုးဆော်ခဲ့ကြသူတွေ ရှိပါတယ်။

Rita said...

ခု ကိုမျိုးမြင့်မောင် ဘယ်လိုတွေးပြီး လာရေးတာလဲဆိုတာ သဘောပေါက်ပါတယ်။ အဲဒီအလိမ်သွားခံတဲ့လူတွေအပေါ်မှာ မြင်တဲ့အမြင်က သိပ်ကွာခြားစရာအကြောင်းလဲ မရှိဘူး။ ဒါပေမဲ့ တချို့ ဖြစ်ရပ်တွေပေါ်မှာ တယောက်နဲ့တယောက် အာရုံစိုက်မိပုံခြင်းက မတူဘူးလေ။ MMM ဒီ post မှာ ဒီ comment လာရေးတာ အလိမ်သွားခံတဲ့လူတွေကို အာရုံရောက်ပြီး ရေးတာမှန်း သိပါတယ်။ သူတို့အကြောင်းဆွေးနွေးလို့ အမြင်ချင်းလည်း သိပ်ကွဲပြားစရာမရှိဘူး။

ဒီကာတွန်း တင်တာတော့ ဘယ်သူ့မှ အာရုံရောက်ပြီး တင်တာမဟုတ်ဘူး။ လတ်တလော အခြေအနေပေါ်မှာ ကိုယ် မြင်ရတာကို ယေဘုယျ အနေနဲ့ တင်ထားတာ။

ခု လတ်တလောကိစ္စကြီး ဖြစ်သွားမှ မဟုတ်ဘူး။ APK မှာ ကာတွန်းတွေ သွားကြည့်ဖြစ်တိုင်း အရင်တည်းက အဲလိုဖြစ်တယ်။ APK ဆွဲတဲ့ တခြားကာတွန်းတွေ (ဥပမာ - သူ / သူမ) ကြည့်ရတာနဲ့ မတူဘူး။ အဲဒါပဲ။

အဲဒါကနေ အတွေးပေါက်ပြီး ဒီကာတွန်းတွေ့တော့ ကောက်တင်လိုက်တာ။

အလိမ်သွားခံတဲ့လူတွေအကြောင်းက သိပ်ကြီး ခေါင်းထဲမရှိဘူး။ သူတို့ကို ဝေဖန် တုန့်ပြန် သရော်တဲ့လူတွေကိုလည်း လွန်တယ် မထင်ဘူး။

ကိုယ့်အမြင်ပြောရရင် အလိမ်သွားခံတဲ့လူတွေကို မယုံဘူး။ မယုံဘူးဆိုတာ သူတို့ ရိုးသားတာ မရိုးသားတာ၊ စေတနာထားတာ မထားတာကို ပြောချင်တာမဟုတ်ဘူး။ သူတို့ စဉ်းစားတွေးခေါ်နိုင်စွမ်းနဲ့ ဦးနှောက်ကို မယုံတာ။ သူတို့ထားတဲ့ စေတနာ ဘာညာကွိကွဆိုတာတော့ ဘာနဲ့မှ သက်သေပြလို့မရဘူး။ ပါးစပ်ပါရင် ပြောလို့ရတာချည်းပဲ။ ဒါပေမဲ့ စေတနာတကယ်ပါတယ်ဆိုရင်တောင် စေတနာတခုတည်းနဲ့ လုပ်လို့ရတဲ့ ရပ်ကွက်ထဲက သာရေးနာရေးကိစ္စမဟုတ်ဘူး။ ဦးနှောက်ပါ ရှိမှ ရမယ်။ အဲဒီလူတွေမှာ ဦးနှောက်မရှိတာရယ် ဒါမှမဟုတ်လည်း အရှိလွန်သွားတာရယ်ပဲ ပါမယ်ထင်တယ်။ သေချာတာတော့ အဲဒီလူတွေနဲ့ အလုပ်ဖြစ်မှာမဟုတ်ဘူး။

ဒီလောက်ဆို ရှင်းပြီထင်တယ်။ ကိုမောင်လေးကို ပြန်ထားတဲ့ ကွန်မန့်ပေါ်မှာ MMM ဘာကြောင့်ဘယ်လိုတွေးမိလို့လဲဆိုတာ သဘောပေါက်လိုက်တယ် ထင်တာပဲ။

တခုတော့ တွေးမိတယ်။ တိုက်ရိုက်အလိမ်သွားခံတဲ့သူ မရှိလည်း သူ့ဘာသာ တယောက်တည်း ရအောင်လိမ်မှာပဲ။ ဒီလိုမျိုး ဖြစ်မှာပဲ။

မျိုးမြင့်မောင် said...

အခုလို စိတ်ရှည်ရှည် ရှင်းပြတာ ကျေးဇူးပါ။ အေးဗျာ၊ ကျနော်လည်း လတ်တလောမှာ အာရုံရောက်နေတာတွေနဲ့ ဆက်စပ်တွေးဖြစ်လိုက်တယ်။

မျိုးမြင့်မောင် said...

နောက်ပြီး ကျနော်ပြောချင်တဲ့ အလိမ်ခံရတယ်ဆိုတာက "lied at" မဟုတ်ပါဘူး။ "cheated" ကိုပြောချင်ခဲ့တာ။