ဘဝထဲက တချို့အမှတ်တရတွေကို မေ့မေ့ပျောက်ပျောက် နေရတာ ကောင်းတယ်။
***
မမနဲ့ စတွေ့တဲ့အချိန် သူ့မျက်နှာပေါ်က အပြုံးကို မြင်တာနဲ့ သိလိုက်တယ်။ တစိတ်တည်း တဝမ်းတည်း ပေါင်းလို့ရမယ့်သူ... လို့။ ကိုယ်တိုင် ဘာသာရေးအကျင့်အကြံ ဘယ်လောက်တောင်နည်းလည်း ရေစက် ဆိုတာကိုတော့ လက်ခံမိတဲ့သူ ဖြစ်နေလို့ပါ။ (လက်ခံတာနဲ့ ယုံကြည်တာဟာ မတူဘူးလို့ ထင်တယ်။ လက်ခံတယ်ဆိုတိုင်း ယုံကြည်စိတ်ကြောင့် ဟုတ်ချင်မှဟုတ်မှာ။ ကိုယ်လို စရဏအား နည်းတဲ့သူအတွက် မဖြစ်မနေ လိုအပ်လို့ လက်ခံတာဖြစ်ဖို့ ပိုများပါတယ်)
တကယ်တမ်းကျ ကိုယ်က အပေါင်းအသင်းများများဆံ့တဲ့လူစားမျိုး မဟုတ်ပါဘူး။ ဒါပေမဲ့ ဖြစ်ချင်တော့ တနေရာတည်း နေ၊ တသမတ်တည်း လူတွေနဲ့ ပေါင်းလာခဲ့ရတာ မဟုတ်ပြန်ဘူး။ ဒီတော့ အရည်အချင်းကြောင့် မဟုတ်ဘဲ၊ အခြေအနေပေးတာကြောင့် လူ တော်တော်များများနဲ့ တွေ့သိဆက်ဆံခဲ့ရတယ်။ အဲဒီအခါမှာ ရေစက် ဆိုတာကို ပိုပိုပြီး လက်ခံမိဖို့ အကြောင်းတွေ ဖြစ်လာရပြန်တယ်။
အချိုးအကွေ့၊ အပြောင်းအလဲတွေ တွေ့တိုင်းမှာ ပထမဆုံး ရင်းနှီးသိကျွမ်းခဲ့ရသူတွေဟာ အဲဒီလို ရေစက်ရှိတဲ့သူတွေ ဖြစ်နေတတ်တာ များတယ်။
***
1996
မမနဲ့ စတွေ့ရတဲ့နှစ်က ကိုယ့်အတွက်တော့ အချိုးအကွေ့တစ်ခုမှာပေါ့။
သွားရေးလာရေးခက်တဲ့ ပြည်နယ်သူကလေး။ အသားညိုညို၊ လူမျိုးကို တန်းခနဲသိသာစေမယ့် အသံဝဲဝဲ၊ အရပ်ခပ်ပျပ်ပျပ်နဲ့ ရုတ်တရက် ကြည့်ရင် ဘာမှ မထူးခြားသလို သာမန်မိန်းကလေးတစ်ယောက်ရဲ့ အသွင်အပြင်နဲ့ပါပဲ။ သူ့မျက်လုံးတွေကို သေချာကြည့်ပြီး၊ စကား သေချာပြောဖူးရင်တော့ ရိုးသားတာ၊ အေးဆေးတာအပြင်၊ ခိုင်မာတာ ထက်မြက်တာတွေ မြင်သာမယ် ထင်တယ်။
"ရိုးသားအေးဆေး" လို့ ဝိသေသ ပြုပြီး ပြောရမယ့်သူတွေ ကိုယ်တို့ ပတ်ဝန်းကျင်မှာ အများကြီးကို ရှိပါတယ်။ ဒါပေမဲ့ အဲဒီ ဂုဏ်ပုဒ်က တချို့လူတွေအတွက် သာမန်မျှသာဆိုရမယ့် မပြောပလောက်တဲ့ စရိုက်လက္ခဏာဖြစ်ပြီးတော့၊ တချို့လူတွေနဲ့ ပေါင်းလိုက်တဲ့အခါ ထူးခြားတဲ့အရည်အသွေးတစ်ခု ဖြစ်သွားတယ်လို့ ခံစားရတယ်။ ဒါကို ဒီထက်ရှင်းသွားအောင် ပြောပြဖို့တော့ခက်တယ်။
အသက် ၂ နှစ် ပိုကြီးတာဆိုတော့ အစ်မတစ်ယောက်လို၊ စာသင် (guide) ပေးခဲ့တာဆိုတော့ ဆရာတစ်ယောက်လို၊ ၈ နှစ်နီးနီးလောက် အတူနေ အတူစား အတူသွားတွေ လုပ်ခဲ့တော့ သူငယ်ချင်းတစ်ယောက်လိုပါပဲ။
* ဘာကိုမဆို စိတ်အေးလက်အေး လုပ်တတ်ပြီး ဇွဲကောင်းတာ
* စိတ်အလိုမလိုက်ဘဲ လုပ်သင့်တာ လုပ်ဖို့၊ မလုပ်သင့်တာ မလုပ်ဖို့ သတိ အမြဲရှိတာ
* တည်တည်ကြည်ကြည် ချိုချိုသာသာရှိတာ အဲဒါတွေက စလို့...
* လမ်းလျှောက်ရင်တောင် ခြေလှမ်း ဖွဖွလှမ်းတာအဆုံး
ကိုယ် လိုက်အတုယူဖို့ ကြိုးစားခဲ့ဖူးတယ်။ ဒါပေမဲ့လည်း ဖြစ်မလာခဲ့ဘူး။ နည်းနည်းကလေးတောင် တူမလာခဲ့ဘူး။ ဘယ်တူပါ့မလဲ သူက သူပဲ။ ကိုယ်က ကိုယ်ပဲ။
(ခုလောလောဆယ် စကားလက်အိုဟာရာ အကြောင်း ဖတ်နေမိတယ်။ စကားလက်က အများအမြင်မှာ သူ့အမေလို ချိုသာသိမ်မွေ့ နူးညံ့ပြီး အစဉ်အလာတွေ ထိန်းသိမ်းတဲ့သူ၊ ကြင်နာတတ်သူ၊ ရက်ရောတဲ့သူ ဖြစ်ချင်တယ်။ တကယ်တမ်းကျ သူက အဲဒါတွေရဲ့ ဆန့်ကျင်ဘက်ပဲ။ ဒါပေမဲ့ သူ့မှာ ရှိတဲ့၊ မရှိတဲ့ ဗီဇစိတ်ကို မရိပ်မိဘဲ သူကျင်လည်ရတဲ့ ပတ်ဝန်းကျင်က စံလို့ သတ်မှတ်တဲ့ အရည်အချင်းတွေဟာ (သူ အလိုရှိရာ အားလုံးရမယ့်) တချိန်ကျရင် အလိုလို ပြည့်ဝသွားမယ်လို့ အထင်ရောက်နေရှာတယ်)
ဆက်ပြောရရင် တက္ကသိုလ်ဝင်ခွင့်တွေကျတော့ မမလျှောက်တဲ့ဆီကို အတူတူဝင်တာ တပြည်နယ်လုံးမှာမှ သူ့အပြင် တခြားမြို့က မိန်းကလေးတယောက်ပဲ ရှိတယ်။ အဲဒီတုန်းက သူတို့နှစ်ယောက် ဆက်သွယ်ပြီး ရန်ကုန်မှာ ၂ ခုတည်းသာ ရှိတဲ့ ကျောင်းထဲက မတော်လို့များ မြို့ထဲကျောင်းမှာကျခဲ့ရင် မြို့စွန်က ကျောင်းကို ပြန်ပြောင်းကြမယ် လို့ တိုင်ပင်ထားကြတယ် တဲ့။
တကယ်တော့ သူတို့ စိုးရိမ်သလိုလည်း ဖြစ်မလာခဲ့ပါဘူး။ အဲဒီ တပြည်နယ်တည်း သူ့သူငယ်ချင်းနဲ့လည်း သူတို့တက်ချင်တဲ့ ကျောင်းမှာပဲ ကျောင်းပြီးတဲ့ထိ တတန်းတည်း၊ တခန်းတည်း အတူတူနေသွားခဲ့ကြတယ်။ ကိုယ်ကသာ မမ မြို့ထဲကျောင်းကို ပြောင်းပြီး တက်ပါလားလို့ ခဏခဏ အကြံပေးမိတယ်။ (အမှန်တော့ ဘာမှမဟုတ်ဘူး။ ကိုယ့် guide က ဘယ်ကျောင်းမှာ တက်နေတာလေ လို့ ကြွားချင်တာနဲ့ ပိုကြွားလို့ကောင်းမယ့်ကျောင်း ပြောင်းခိုင်းမိတာ)
မမတို့နှစ်က 10 တန်းအောင်ပြီး ဘယ်လောက်မှ မစောင့်ရဘဲ တက္ကသိုလ် တက်ရတယ် (သူတို့ရှေ့က စီနီယာတွေနဲ့စာရင်ပေါ့လေ)။ ဒါပေမဲ့ ဘယ်လောက်မှ မတက်လိုက်ရဘဲ အကြာကြီး ပြန်ပိတ်သွားပြန်တယ်။ 2 နှစ်တိတိကြာအောင် ပိတ်လိုက်တယ်။ သူတို့ပြည်နယ်ကလဲ သွားဖို့လာဖို့ခက်၊ ကျောင်းကလဲ ခုပဲ ပြန်ဖွင့်မလို၊ တော်ကြာပဲ ပြန်ဖွင့်မလိုဖြစ်တော့ မပြန်ဖြစ်ဘဲ ရန်ကုန်မှာပဲနေပြီး စာလည်းသင်ရင်း၊ အထည်ချုပ်တစ်ခုမှာလည်း အလုပ်ဝင်လိုက်သေးတယ်။ အဲဒီ အထည်ချုပ်မှာ အတူလုပ်တဲ့ လုပ်ဖော်ကိုင်ဘက်တွေက မမ ဘယ်က ကျောင်းသူဆိုတာ အတူလုပ်နေတုန်းက လုံးဝ မသိလိုက်ကြဘူး ဆိုတယ်။
ကိုယ့် guide ဖြစ်လာချိန်မှာလည်း ရေစက်ရှိလို့သာ ဆုံရတယ်၊ စရိုက်သဘာဝချင်းက တခြားစီဖြစ်တော့ နှစ်ယောက်ကြားမှာ ချော်နေတာတွေ အများကြီးပဲ။
မမတို့မြို့မှာ အဲဒီအချိန်ထိ လျှပ်စစ်မီးမရှိဘူး။ ဒီတော့ သူ့ကျောင်းသူဘဝ တလျှောက်လုံးမှာ ညစောစောအိပ်၊ မနက်လေးနာရီလောက်ထပြီး စာကျက်လာခဲ့တာ။ ကိုယ့်ကျတော့ ညဘယ်လောက် ညဉ့်နက်နက် နေနိုင်ပြီး၊ မနက် စောစောထဖို့ဆို သေတော့မလို ကြောက်တယ်။
သူက စာတပုဒ်ကို ဘယ်လောက်ကြာကြာ ဇွဲကောင်းကောင်းနဲ့ ကျက်၊ ပြီးရင် အကုန် စာရွက်ကြမ်းပေါ် ပြန်ချရေး။ ချောချောမွေ့မွေ့ အမှားကင်းတဲ့ထိ ပြန်ချရေးပြီးမှ လက်လွှတ်တယ် ဆိုတယ်။ ကိုယ့်ကျတော့ ပါးစပ်က ဗလွတ်ဗလွတ်ရွတ်ပြီး သဘောတရားလောက်ရတယ်ဆိုရင်ပဲ ကိုယ့်ဘာသာ ဟုတ်လှပြီထင်နေတာ။
မမက သူ မလာမယ့် ၃ ရက်အတွက် စာကျက်ဖို့ အချိန်ဇယားဆွဲပေးသွားရင်၊ သူပြန်လာသင်တဲ့ရက်မှာ ကိုယ်က အဲဒီစာရင်းကနေ ကျက်ဖို့ ကျန်နေတဲ့ စာကြွေးစာရင်းကို အမြဲ ပြန်ထုတ်ပေးတတ်တယ်။ ခု အဲဒီအကြောင်းတွေ ပြန်တွေးရတာ စာရိုက်နေရင်းနဲ့တောင် မပြုံးဘဲ မနေနိုင် ဖြစ်မိတယ်။
မမက ကိုယ့်ကို သူတက်တဲ့ ကျောင်းကို တက်စေချင်တယ်။
"ညီမလေး ကျောင်းကို ရောက်လာရင် မမနဲ့ အဖော်ရမှာ" လို့ အမြဲ ပြောတတ်တယ်။ (မမက ကိုယ့် ညီမလေးလို့ မခေါ်ပါဘူး။ အမျိုးတွေနဲ့ ငယ်ငယ်က သူငယ်ချင်းတွေခေါ်တဲ့ အိမ်နာမည်ကိုပဲ ခေါ်တာပါ။ ဒါပေမဲ့ ဒီနေရာမှာ ထည့်မရေးတော့ဘူးစိတ်ကူးလို့ နာမ်စားပြောင်းလိုက်တယ်)
ကိုယ်က "10 တန်းစာလောက်တောင် မလုပ်ချင်တာ မမတို့ကျောင်းကို တက်လို့ ဘယ်လိုလုပ် ဖြစ်နိုင်မလဲ။ ရောက်မှာလည်း မဟုတ်ဘူး" လို့ ပြောရင် သူ အမြဲ ပြောတတ်တဲ့စကားရှိတယ်။
"ဘာလို့ မရောက်ရမှာလဲ။ မမတောင် ရောက်သေးတာပဲ"
"မမလိုလူမျိုးတောင် ရောက်သေးတာပဲ"
အဲဒီခါတိုင်း ကိုယ်က မမပြောစကားကို မလုံမလဲစိတ်ဖြစ်ပြီး၊ ကိုယ့်ကိုယ်ကိုယ် လှောင်တဲ့အနေနဲ့ အော်ရယ်တတ်တယ်။ အဲဒီတုန်းကတော့ ကိုယ့်ဘာသာ ရယ်ချင်လို့ ရယ်လိုက်တာပဲလို့သာ သိတာပါ။ ခုတော့ သဘောပေါက်လာတယ်။ အော်ရယ်မိတာက မမပြောစကားပေါ်မှာ သေချာစိတ်နဲ့ နားမထောင်နိုင်ခဲ့လို့ ဆိုတာကို။ ကိုယ့် ကြိုးစားလိုစိတ်၊ ပညာရေးကို တန်ဖိုးထားစိတ်အကြောင်း ကိုယ့်ဘာသာ သိနေတာကိုး။
***
2008 ဘလော့စကာစမှာ ကိုယ်နဲ့ ရင်းနှီးသူတွေ အကြောင်းကို ရေးမယ်ဆိုပြီး စ ခြစ်ထားခဲ့တာ။ 2 နှစ်လောက်တောင် ရှိပြီ။ မိုင်သီ့ အကြောင်းကလွဲလို့ ဘယ်သူ့အကြောင်းမှ ဘလော့ပေါ်ရောက်မလာသေးဘူး။ မရယ်ကြေး မလွမ်းကြေး ကျတော့ အကြောင်းအရာလေးတစ်ခုကို ချဲ့ရေးမိတဲ့ ပို့စ်မျိုးဖြစ်နေတယ်။
2008 လောက်ကသာ အပြီး ရေးဖြစ်ခဲ့ရင်တော့ ဒီပို့စ်ရဲ့ တင်ပြပုံက တမျိုးဖြစ်လိမ့်မယ်။ ခုရေးမိတော့ တပုံစံ ဖြစ်နေတယ်။ လတ်တလော တိမ်းညွှတ်ဝင်စားရာတွေက စာထဲမှာ အရိပ်လာထင်နေလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် မမအတွက် အမှတ်တရဖြစ်လိုစိတ်နဲ့ ရေးပါတယ်။
ရေးမယ် ဆိုတော့လည်း မမအကြောင်းမှာ ဘာကို ဆွဲထုတ်ရေးရမယ် ဆိုတာ မသိပါဘူး။ ခုနေ ဂျူး ရဲ့ အမှတ်တရ အကြောင်း ရီဗျူး ရေးပါဆိုရင်လည်း ဘာကို ဆွဲထုတ် ရေးရမှန်း သိမှာ မဟုတ်ဘူး၊ အဲဒီလိုပဲ။ စိတ်ထဲ ပေါ်လာတာတွေ ချရေးလိုက်တာ အတော်ကို ရှည်လျားသွားလို့ နောက်တပိုင်း နောက်မှပဲ ဆက်တော့မယ်။ စိတ်တိုင်းလည်း မကျ ဘာလိုနေမှန်းလည်း မသိဘူး။
to be continued
အဲဒီအဖြစ်အပျက်တွေကို ထားခဲ့ရပြီဆိုရင်၊ မှတ်မှတ်ထင်ထင် ရှိခဲ့တဲ့ လူတွေနဲ့ ဝေးနေခဲ့ပြီဆိုရင်...(တနည်းအားဖြင့်) ပစ္စုပ္ပန်နဲ့ အတိတ်က အဟပ်ကွာသွားပြီ ဆိုရင်ပေါ့။
အဲဒီအမှတ်တရတွေကို ချရေးထားမယ်လို့ စိတ်ကူးပြီး ပြန်စဉ်းစားရတာ ချိုမြိန်သလောက် လစ်ဟာတယ်။ အိပ်မက်ကောင်းတခုကို မက်လိုက်ရသလိုပါပဲ။ မက်နေချိန်မှာ မသိတတ်တဲ့စိတ်နဲ့ ပေါ့လွင့်ပျော်ပါး၊ နိုးလာတော့ တမ်းတစိတ်ကလွဲလို့ ဘာမှ မကျန်ခဲ့ဘူး။
***
မမအကြောင်း ဆက်ရေးမယ်လို့ ပြန်စဉ်းစားချိန်မှာ ခုတလောလေးမှာ ဖတ်ခဲ့ရတဲ့ ကြည်အေး စာသားတချို့ ခေါင်းထဲဝင်လာတယ်။
"ကျွန်မကတော့ အဲဒီသာယာလှတဲ့ ဂီတတမြုံကို ကြုံရင် သီတို့ ခရစ်ယာန်တွေ ဘုရားသခင်ကို ကျေးဇူးတင်တာ နားလည်မိတယ်။ ဂီတပေးတဲ့ ပျော်ရွှင်မှုကို ကိုယ်နဲ့ မတန်တဆ ရလေတော့ ဘုရားသခင်ရဲ့ ဆုလာဘ်ပဲလို့သာ ဆိုချင်တာ အံ့ဩစရာ မဟုတ်ဘူးလေ"
(သီတို့ ရွာ - ကြည်အေး)
ကိုယ့်ကိုယ်ကိုယ် လူကောင်းလို့ မသတ်မှတ်တော့ တခါတလေ ကိုယ်နဲ့ မထိုက်တန်လောက်အောင် ကောင်းမွန်တဲ့လူတွေနဲ့ ကြုံကြိုက်တဲ့အခါ ဘဝမှာ မတန်တဆရတဲ့ ဆုလာဘ်လို့သာ ကိုယ်လည်းပဲ ထင်ချင်တတ်တယ်။ ဒါပေမဲ့ ဗုဒ္ဓဘာသာဖြစ်လေတော့ တခုခု ကြုံရပြီဆို (ပညာသိနဲ့ မဟုတ်တောင်၊ သညာသိနဲ့ ဖြစ်ဖြစ်) ကံ ကံ၏အကျိုးကိုပဲ တွေးမိလာတတ်တယ်။
ဒီတော့ ကျေးဇူးတင်စရာရှိ လက်တွေ့ ဆက်စပ် ပတ်သက်ရာတွေကိုသာ ကျေးဇူးတင်ရတယ်၊ ပြီးရင် ကိုယ့်ဘာသာ မပျက်မကွက် ကျေးဇူးတင်တယ်။ ဒီလို လူတွေနဲ့ ဆုံဖို့ အကြောင်းတရားတွေကို အဓိက ဖန်တီးခဲ့တာ (ဗုဒ္ဓဘာသာအလိုအရ) ကိုယ် ကိုယ်တိုင်ပဲ မဟုတ်လား။ (အဲဒီလို အကောင်းအမွန်တွေရဲ့ ဆန့်ကျင်ဘက်တွေနဲ့ ကြုံရတာတွေတော့ ချန်ထားလိုက်တယ်။ ထည့်မပြောတော့ဘူး။ အတိတ်နဲ့ ခု ကိုယ် မကောင်းခဲ့တာတွေ ပေါ်ကုန်မှာစိုးလို့)
အဲဒီအမှတ်တရတွေကို ချရေးထားမယ်လို့ စိတ်ကူးပြီး ပြန်စဉ်းစားရတာ ချိုမြိန်သလောက် လစ်ဟာတယ်။ အိပ်မက်ကောင်းတခုကို မက်လိုက်ရသလိုပါပဲ။ မက်နေချိန်မှာ မသိတတ်တဲ့စိတ်နဲ့ ပေါ့လွင့်ပျော်ပါး၊ နိုးလာတော့ တမ်းတစိတ်ကလွဲလို့ ဘာမှ မကျန်ခဲ့ဘူး။
***
မမအကြောင်း ဆက်ရေးမယ်လို့ ပြန်စဉ်းစားချိန်မှာ ခုတလောလေးမှာ ဖတ်ခဲ့ရတဲ့ ကြည်အေး စာသားတချို့ ခေါင်းထဲဝင်လာတယ်။
"ကျွန်မကတော့ အဲဒီသာယာလှတဲ့ ဂီတတမြုံကို ကြုံရင် သီတို့ ခရစ်ယာန်တွေ ဘုရားသခင်ကို ကျေးဇူးတင်တာ နားလည်မိတယ်။ ဂီတပေးတဲ့ ပျော်ရွှင်မှုကို ကိုယ်နဲ့ မတန်တဆ ရလေတော့ ဘုရားသခင်ရဲ့ ဆုလာဘ်ပဲလို့သာ ဆိုချင်တာ အံ့ဩစရာ မဟုတ်ဘူးလေ"
(သီတို့ ရွာ - ကြည်အေး)
ကိုယ့်ကိုယ်ကိုယ် လူကောင်းလို့ မသတ်မှတ်တော့ တခါတလေ ကိုယ်နဲ့ မထိုက်တန်လောက်အောင် ကောင်းမွန်တဲ့လူတွေနဲ့ ကြုံကြိုက်တဲ့အခါ ဘဝမှာ မတန်တဆရတဲ့ ဆုလာဘ်လို့သာ ကိုယ်လည်းပဲ ထင်ချင်တတ်တယ်။ ဒါပေမဲ့ ဗုဒ္ဓဘာသာဖြစ်လေတော့ တခုခု ကြုံရပြီဆို (ပညာသိနဲ့ မဟုတ်တောင်၊ သညာသိနဲ့ ဖြစ်ဖြစ်) ကံ ကံ၏အကျိုးကိုပဲ တွေးမိလာတတ်တယ်။
ဒီတော့ ကျေးဇူးတင်စရာရှိ လက်တွေ့ ဆက်စပ် ပတ်သက်ရာတွေကိုသာ ကျေးဇူးတင်ရတယ်၊ ပြီးရင် ကိုယ့်ဘာသာ မပျက်မကွက် ကျေးဇူးတင်တယ်။ ဒီလို လူတွေနဲ့ ဆုံဖို့ အကြောင်းတရားတွေကို အဓိက ဖန်တီးခဲ့တာ (ဗုဒ္ဓဘာသာအလိုအရ) ကိုယ် ကိုယ်တိုင်ပဲ မဟုတ်လား။ (အဲဒီလို အကောင်းအမွန်တွေရဲ့ ဆန့်ကျင်ဘက်တွေနဲ့ ကြုံရတာတွေတော့ ချန်ထားလိုက်တယ်။ ထည့်မပြောတော့ဘူး။ အတိတ်နဲ့ ခု ကိုယ် မကောင်းခဲ့တာတွေ ပေါ်ကုန်မှာစိုးလို့)
***
မမနဲ့ စတွေ့တဲ့အချိန် သူ့မျက်နှာပေါ်က အပြုံးကို မြင်တာနဲ့ သိလိုက်တယ်။ တစိတ်တည်း တဝမ်းတည်း ပေါင်းလို့ရမယ့်သူ... လို့။ ကိုယ်တိုင် ဘာသာရေးအကျင့်အကြံ ဘယ်လောက်တောင်နည်းလည်း ရေစက် ဆိုတာကိုတော့ လက်ခံမိတဲ့သူ ဖြစ်နေလို့ပါ။ (လက်ခံတာနဲ့ ယုံကြည်တာဟာ မတူဘူးလို့ ထင်တယ်။ လက်ခံတယ်ဆိုတိုင်း ယုံကြည်စိတ်ကြောင့် ဟုတ်ချင်မှဟုတ်မှာ။ ကိုယ်လို စရဏအား နည်းတဲ့သူအတွက် မဖြစ်မနေ လိုအပ်လို့ လက်ခံတာဖြစ်ဖို့ ပိုများပါတယ်)
တကယ်တမ်းကျ ကိုယ်က အပေါင်းအသင်းများများဆံ့တဲ့လူစာ
အချိုးအကွေ့၊ အပြောင်းအလဲတွေ တွေ့တိုင်းမှာ ပထမဆုံး ရင်းနှီးသိကျွမ်းခဲ့ရသူတွေဟာ အဲဒီလို ရေစက်ရှိတဲ့သူတွေ ဖြစ်နေတတ်တာ များတယ်။
***
1996
မမနဲ့ စတွေ့ရတဲ့နှစ်က ကိုယ့်အတွက်တော့ အချိုးအကွေ့တစ်ခုမှာပေါ့။
သွားရေးလာရေးခက်တဲ့ ပြည်နယ်သူကလေး။ အသားညိုညို၊ လူမျိုးကို တန်းခနဲသိသာစေမယ့် အသံဝဲဝဲ၊ အရပ်ခပ်ပျပ်ပျပ်နဲ့ ရုတ်တရက် ကြည့်ရင် ဘာမှ မထူးခြားသလို သာမန်မိန်းကလေးတစ်ယောက်ရဲ့ အသွင်အပြင်နဲ့ပါပဲ။ သူ့မျက်လုံးတွေကို သေချာကြည့်ပြီး၊ စကား သေချာပြောဖူးရင်တော့ ရိုးသားတာ၊ အေးဆေးတာအပြင်၊ ခိုင်မာတာ ထက်မြက်တာတွေ မြင်သာမယ် ထင်တယ်။
"ရိုးသားအေးဆေး" လို့ ဝိသေသ ပြုပြီး ပြောရမယ့်သူတွေ ကိုယ်တို့ ပတ်ဝန်းကျင်မှာ အများကြီးကို ရှိပါတယ်။ ဒါပေမဲ့ အဲဒီ ဂုဏ်ပုဒ်က တချို့လူတွေအတွက် သာမန်မျှသာဆိုရမယ့် မပြောပလောက်တဲ့ စရိုက်လက္ခဏာဖြစ်ပြီးတော့၊ တချို့လူတွေနဲ့ ပေါင်းလိုက်တဲ့အခါ ထူးခြားတဲ့အရည်အသွေးတစ်ခု ဖြစ်သွားတယ်လို့ ခံစားရတယ်။ ဒါကို ဒီထက်ရှင်းသွားအောင် ပြောပြဖို့တော့ခက်တယ်။
အသက် ၂ နှစ် ပိုကြီးတာဆိုတော့ အစ်မတစ်ယောက်လို၊ စာသင် (guide) ပေးခဲ့တာဆိုတော့ ဆရာတစ်ယောက်လို၊ ၈ နှစ်နီးနီးလောက် အတူနေ အတူစား အတူသွားတွေ လုပ်ခဲ့တော့ သူငယ်ချင်းတစ်ယောက်လိုပါပဲ။
* ဘာကိုမဆို စိတ်အေးလက်အေး လုပ်တတ်ပြီး ဇွဲကောင်းတာ
* စိတ်အလိုမလိုက်ဘဲ လုပ်သင့်တာ လုပ်ဖို့၊ မလုပ်သင့်တာ မလုပ်ဖို့ သတိ အမြဲရှိတာ
* တည်တည်ကြည်ကြည် ချိုချိုသာသာရှိတာ အဲဒါတွေက စလို့...
* လမ်းလျှောက်ရင်တောင် ခြေလှမ်း ဖွဖွလှမ်းတာအဆုံး
ကိုယ် လိုက်အတုယူဖို့ ကြိုးစားခဲ့ဖူးတယ်။ ဒါပေမဲ့လည်း ဖြစ်မလာခဲ့ဘူး။ နည်းနည်းကလေးတောင် တူမလာခဲ့ဘူး။ ဘယ်တူပါ့မလဲ သူက သူပဲ။ ကိုယ်က ကိုယ်ပဲ။
(ခုလောလောဆယ် စကားလက်အိုဟာရာ အကြောင်း ဖတ်နေမိတယ်။ စကားလက်က အများအမြင်မှာ သူ့အမေလို ချိုသာသိမ်မွေ့ နူးညံ့ပြီး အစဉ်အလာတွေ ထိန်းသိမ်းတဲ့သူ၊ ကြင်နာတတ်သူ၊ ရက်ရောတဲ့သူ ဖြစ်ချင်တယ်။ တကယ်တမ်းကျ သူက အဲဒါတွေရဲ့ ဆန့်ကျင်ဘက်ပဲ။ ဒါပေမဲ့ သူ့မှာ ရှိတဲ့၊ မရှိတဲ့ ဗီဇစိတ်ကို မရိပ်မိဘဲ သူကျင်လည်ရတဲ့ ပတ်ဝန်းကျင်က စံလို့ သတ်မှတ်တဲ့ အရည်အချင်းတွေဟာ (သူ အလိုရှိရာ အားလုံးရမယ့်) တချိန်ကျရင် အလိုလို ပြည့်ဝသွားမယ်လို့ အထင်ရောက်နေရှာတယ်)
ဆက်ပြောရရင် တက္ကသိုလ်ဝင်ခွင့်တွေကျတော့ မမလျှောက်တဲ့ဆီကို အတူတူဝင်တာ တပြည်နယ်လုံးမှာမှ သူ့အပြင် တခြားမြို့က မိန်းကလေးတယောက်ပဲ ရှိတယ်။ အဲဒီတုန်းက သူတို့နှစ်ယောက် ဆက်သွယ်ပြီး ရန်ကုန်မှာ ၂ ခုတည်းသာ ရှိတဲ့ ကျောင်းထဲက မတော်လို့များ မြို့ထဲကျောင်းမှာကျခဲ့ရင် မြို့စွန်က ကျောင်းကို ပြန်ပြောင်းကြမယ် လို့ တိုင်ပင်ထားကြတယ် တဲ့။
တကယ်တော့ သူတို့ စိုးရိမ်သလိုလည်း ဖြစ်မလာခဲ့ပါဘူး။ အဲဒီ တပြည်နယ်တည်း သူ့သူငယ်ချင်းနဲ့လည်း သူတို့တက်ချင်တဲ့ ကျောင်းမှာပဲ ကျောင်းပြီးတဲ့ထိ တတန်းတည်း၊ တခန်းတည်း အတူတူနေသွားခဲ့ကြတယ်။ ကိုယ်ကသာ မမ မြို့ထဲကျောင်းကို ပြောင်းပြီး တက်ပါလားလို့ ခဏခဏ အကြံပေးမိတယ်။ (အမှန်တော့ ဘာမှမဟုတ်ဘူး။ ကိုယ့် guide က ဘယ်ကျောင်းမှာ တက်နေတာလေ လို့ ကြွားချင်တာနဲ့ ပိုကြွားလို့ကောင်းမယ့်ကျောင်း ပြောင်းခိုင်းမိတာ)
မမတို့နှစ်က 10 တန်းအောင်ပြီး ဘယ်လောက်မှ မစောင့်ရဘဲ တက္ကသိုလ် တက်ရတယ် (သူတို့ရှေ့က စီနီယာတွေနဲ့စာရင်ပေါ့လေ)။ ဒါပေမဲ့ ဘယ်လောက်မှ မတက်လိုက်ရဘဲ အကြာကြီး ပြန်ပိတ်သွားပြန်တယ်။ 2 နှစ်တိတိကြာအောင် ပိတ်လိုက်တယ်။ သူတို့ပြည်နယ်ကလဲ သွားဖို့လာဖို့ခက်၊ ကျောင်းကလဲ ခုပဲ ပြန်ဖွင့်မလို၊ တော်ကြာပဲ ပြန်ဖွင့်မလိုဖြစ်တော့ မပြန်ဖြစ်ဘဲ ရန်ကုန်မှာပဲနေပြီး စာလည်းသင်ရင်း၊ အထည်ချုပ်တစ်ခုမှာလည်း အလုပ်ဝင်လိုက်သေးတယ်။ အဲဒီ အထည်ချုပ်မှာ အတူလုပ်တဲ့ လုပ်ဖော်ကိုင်ဘက်တွေက မမ ဘယ်က ကျောင်းသူဆိုတာ အတူလုပ်နေတုန်းက လုံးဝ မသိလိုက်ကြဘူး ဆိုတယ်။
ကိုယ့် guide ဖြစ်လာချိန်မှာလည်း ရေစက်ရှိလို့သာ ဆုံရတယ်၊ စရိုက်သဘာဝချင်းက တခြားစီဖြစ်တော့ နှစ်ယောက်ကြားမှာ ချော်နေတာတွေ အများကြီးပဲ။
မမတို့မြို့မှာ အဲဒီအချိန်ထိ လျှပ်စစ်မီးမရှိဘူး။ ဒီတော့ သူ့ကျောင်းသူဘဝ တလျှောက်လုံးမှာ ညစောစောအိပ်၊ မနက်လေးနာရီလောက်ထပြီး စာကျက်လာခဲ့တာ။ ကိုယ့်ကျတော့ ညဘယ်လောက် ညဉ့်နက်နက် နေနိုင်ပြီး၊ မနက် စောစောထဖို့ဆို သေတော့မလို ကြောက်တယ်။
သူက စာတပုဒ်ကို ဘယ်လောက်ကြာကြာ ဇွဲကောင်းကောင်းနဲ့ ကျက်၊ ပြီးရင် အကုန် စာရွက်ကြမ်းပေါ် ပြန်ချရေး။ ချောချောမွေ့မွေ့ အမှားကင်းတဲ့ထိ ပြန်ချရေးပြီးမှ လက်လွှတ်တယ် ဆိုတယ်။ ကိုယ့်ကျတော့ ပါးစပ်က ဗလွတ်ဗလွတ်ရွတ်ပြီး သဘောတရားလောက်ရတယ်ဆိုရင်ပဲ ကိုယ့်ဘာသာ ဟုတ်လှပြီထင်နေတာ။
မမက သူ မလာမယ့် ၃ ရက်အတွက် စာကျက်ဖို့ အချိန်ဇယားဆွဲပေးသွားရင်၊ သူပြန်လာသင်တဲ့ရက်မှာ ကိုယ်က အဲဒီစာရင်းကနေ ကျက်ဖို့ ကျန်နေတဲ့ စာကြွေးစာရင်းကို အမြဲ ပြန်ထုတ်ပေးတတ်တယ်။ ခု အဲဒီအကြောင်းတွေ ပြန်တွေးရတာ စာရိုက်နေရင်းနဲ့တောင် မပြုံးဘဲ မနေနိုင် ဖြစ်မိတယ်။
မမက ကိုယ့်ကို သူတက်တဲ့ ကျောင်းကို တက်စေချင်တယ်။
"ညီမလေး ကျောင်းကို ရောက်လာရင် မမနဲ့ အဖော်ရမှာ" လို့ အမြဲ ပြောတတ်တယ်။ (မမက ကိုယ့် ညီမလေးလို့ မခေါ်ပါဘူး။ အမျိုးတွေနဲ့ ငယ်ငယ်က သူငယ်ချင်းတွေခေါ်တဲ့ အိမ်နာမည်ကိုပဲ ခေါ်တာပါ။ ဒါပေမဲ့ ဒီနေရာမှာ ထည့်မရေးတော့ဘူးစိတ်ကူးလို့ နာမ်စားပြောင်းလိုက်တယ်)
ကိုယ်က "10 တန်းစာလောက်တောင် မလုပ်ချင်တာ မမတို့ကျောင်းကို တက်လို့ ဘယ်လိုလုပ် ဖြစ်နိုင်မလဲ။ ရောက်မှာလည်း မဟုတ်ဘူး" လို့ ပြောရင် သူ အမြဲ ပြောတတ်တဲ့စကားရှိတယ်။
"ဘာလို့ မရောက်ရမှာလဲ။ မမတောင် ရောက်သေးတာပဲ"
"မမလိုလူမျိုးတောင် ရောက်သေးတာပဲ"
အဲဒီခါတိုင်း ကိုယ်က မမပြောစကားကို မလုံမလဲစိတ်ဖြစ်ပြီး၊ ကိုယ့်ကိုယ်ကိုယ် လှောင်တဲ့အနေနဲ့ အော်ရယ်တတ်တယ်။ အဲဒီတုန်းကတော့ ကိုယ့်ဘာသာ ရယ်ချင်လို့ ရယ်လိုက်တာပဲလို့သာ သိတာပါ။ ခုတော့ သဘောပေါက်လာတယ်။ အော်ရယ်မိတာက မမပြောစကားပေါ်မှာ သေချာစိတ်နဲ့ နားမထောင်နိုင်ခဲ့လို့ ဆိုတာကို။ ကိုယ့် ကြိုးစားလိုစိတ်၊ ပညာရေးကို တန်ဖိုးထားစိတ်အကြောင်း ကိုယ့်ဘာသာ သိနေတာကိုး။
***
2008 ဘလော့စကာစမှာ ကိုယ်နဲ့ ရင်းနှီးသူတွေ အကြောင်းကို ရေးမယ်ဆိုပြီး စ ခြစ်ထားခဲ့တာ။ 2 နှစ်လောက်တောင် ရှိပြီ။ မိုင်သီ့ အကြောင်းကလွဲလို့ ဘယ်သူ့အကြောင်းမှ ဘလော့ပေါ်ရောက်မလာသေးဘူး။ မရယ်ကြေး မလွမ်းကြေး ကျတော့ အကြောင်းအရာလေးတစ်ခုကို ချဲ့ရေးမိတဲ့ ပို့စ်မျိုးဖြစ်နေတယ်။
2008 လောက်ကသာ အပြီး ရေးဖြစ်ခဲ့ရင်တော့ ဒီပို့စ်ရဲ့ တင်ပြပုံက တမျိုးဖြစ်လိမ့်မယ်။ ခုရေးမိတော့ တပုံစံ ဖြစ်နေတယ်။ လတ်တလော တိမ်းညွှတ်ဝင်စားရာတွေက စာထဲမှာ အရိပ်လာထင်နေလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် မမအတွက် အမှတ်တရဖြစ်လိုစိတ်နဲ့ ရေးပါတယ်။
ရေးမယ် ဆိုတော့လည်း မမအကြောင်းမှာ ဘာကို ဆွဲထုတ်ရေးရမယ် ဆိုတာ မသိပါဘူး။ ခုနေ ဂျူး ရဲ့ အမှတ်တရ အကြောင်း ရီဗျူး ရေးပါဆိုရင်လည်း ဘာကို ဆွဲထုတ် ရေးရမှန်း သိမှာ မဟုတ်ဘူး၊ အဲဒီလိုပဲ။ စိတ်ထဲ ပေါ်လာတာတွေ ချရေးလိုက်တာ အတော်ကို ရှည်လျားသွားလို့ နောက်တပိုင်း နောက်မှပဲ ဆက်တော့မယ်။ စိတ်တိုင်းလည်း မကျ ဘာလိုနေမှန်းလည်း မသိဘူး။
to be continued
***
(ချစ်သောမမ သို့)
pic from google
12 comments:
ပုံလေးက ချစ်စရာလေး..
ကိုယ်တိုင် ဆွဲထားတာလား...။
ဆွဲစရာလား
ဂူးဂဲလ်ရှိနေတာကို
ထည့်ရေးဖို့ မေ့သွားလို့
၁၀ တန်းတုံးက နယ်မှာ ဂိုဒ်ဆိုတာ မပေါ်သေးဘူး၊ ဒါပေမယ့် ၃ နှစ်စောအောင်ပြီး ဆေးကျောင်းတက်နေတဲ့ အစ်မတစ်ယောက်ကို စာဝိုင်းကျက်ဖို့ခေါ်ပေးမယ်လို့ အိမ်က ပြောတာကို ကြောက်ပြီး အသည်းအသန် ငြင်းလိုက်တာ....။
ကျူရှင်လည်း ဝိုင်း ဆိုတာ လုံးဝမတက်ဖူးဘူး.. ၊၄ ဘာသာ ရိုးရိုးကျူရှင်ပဲ.. သင်ပေးမယ့်လူနဲ့ အနီးကပ်ဆိုရင် ကိုယ့်ကို အတင်းစာလုပ်ခိုင်းမှာ စိုးလို့ ခပ်ခွာခွာပဲ အမြဲနေခဲ့တယ်... ဟီး....
အဲဒီ မမက လှလားဟင်။
A nice post! carry on. I'be waiting your "TO BE CONTINUED".
Your verses was evolved by your heart.
I got a good feeling after read your emphasized and introspective writing.
BINO
၁၀ တန်းတုံးက ဖေဖေက ဂိုဒ်ခေါ်ပေးမယ်လေ ဆိုလို့  သမီးကလေးမဟုတ်တော့ဘူး ကိုယ့်အချိန်စာရင်းကိုယ်နိုင်တယ် အမှတ်ကောင်းရင်ပြီးရောမှလား
လို့ လေကြီးမိုးကြီးပြောခဲ့တာသတိရတယ်။ အမှန်ကအဲလိုပုံမှန်အချိန်ဇယားချ လုပ်ခိုင်းမှာ
ကြောက်လို့ ပဲဟိ။ကိုယ့်ဘာကိုယ်က စာဖတ်ရင်းပျင်းရင်ဂိန်းထဆော့ချင်ဆော့တာဆိုတော့လေ။
ကျုရှင်လည်းတက်ချင်တာပဲရွေးတတ်တယ် မောလို့ ။
၁၀ တန်းတုန်းက ကျူရှင်ကို ၅မိုင်ဝေးတဲ့မြို့ကို စက်ဘီးစီးပြီး ဘော်တာတွေနဲ့ သွားတက်ဖူးတယ်။ တစ်ခါတစ်လေ မနက်၈နာရီဖွင့်မယ့် ကျူရှင်ကို မနက်၇နာရီလောက်ကစပြီး စက်ဘီးစီးသွားကြတယ်၊ ထမင်းဗူးလေးတွေ ထည့်သွားရတာပေါ့၊ ညနေတစ်တန်းရှိသေးတာကိုတက်ဖို့အတွက် ကျူရှင်က စာသင်ခန်းထဲမှာဘဲ ထမင်းစား စာဖတ်ပြီး ညနေချိန်ကို စောင့်တက်ရတယ်။ ရိုးရိုးကျူရှင်ပါဘဲ စနေဂနွေမှ ဖွင့်တာ ကြားရက်က ကျောင်းတက်ချိန်နဲ့မို့ မတက်နိုင်ဘူး။ ဂိုဒ် မပေါ်သေး။ ပို့စ်နဲ့တော့ မဆိုင်ဘူး ဟီးဟီး သူများတွေ ကျူရှင်အကြောင်း ရေးသွားလို့ ကျွန်တော်လဲ သတိရသွားတာနဲ့ ရေးချလိုက်တာ။ စိတ်ထဲ ပြန်လွမ်းသွားတယ်။
ဇွန်တို့ ၁၀တန်းတုန်းက ဂိုက်ယူတာတွေ ခေတ်စားနေပြီ။ အမေက ဂိုက်ယူမလား မေးသေးတယ်။ အိမ်မှာ စီးပွားရေးကျပြီး ပြန်ထူခါစအချိန်ဖြစ်နေတော့ ကိုယ်က အပိုလဲအကုန်မခံချင်တာနဲ့ မယူဘူး၊ ကိုယ့်ဖာသာပဲကြိုးစားမယ်လို့ ပြောခဲ့တယ်။ တကယ်လည်း ဇွန်ကြိုးစားခဲ့တယ်။
ကိုယ်နဲ့ကျူရှင်အကုန်အတူတက်တဲ့ အိမ်နီးချင်း အတန်းဖော်သူငယ်ချင်းက ယူဖြစ်တယ်။ သူက ဂိုက်မယူလဲရတယ်၊ ပင်ကိုယ်ဉာဏ်ကောင်းပြီးသား။ သူ့အိမ်က အငယ်ဆုံးဖြစ်တဲ့သူ့ကို မြန်မာပြည်ရဲ့ အမှတ်အများဆုံးလိုင်းဝင်စေချင်တဲ့ ရည်ရွယ်ချက်နဲ့ ငှားပေးတာ (မောင်နှမငါးယောက်မှာ ဆရာဝန်တစ်ယောက်မှ မပါသေးလို့)။
တကယ်တမ်း စာမေးပွဲရက်တွေမှာ ကွာခြားတာတစ်ခုကို တွေ့လိုက်တယ်။ အဲဒါ...သူ့ဂိုက်က ညတိုင်း မေးခွန်းလိုက်ပေးတယ်။ စာစီစာကုံးဆို တစ်ပုဒ်၊ အက်ဆေးဆိုတစ်ပုဒ်၊ ကွက်တိချည်းပဲ။ ကိုယ်က အကုန်ကြည့်ထားတာ၊ သူနဲ့စာမေးပွဲဖြေမယ့်မနက်တွေ့ရင် ကိုယ့်ကိုပြောတယ်။ ကိုယ်ကလည်း အဲလိုတစ်ပုဒ်တည်း ကွက်ကြည့်ရမှာကို ကြောက်တော့ သူဘယ်လောက်ပြောပြော အကုန်ကြည့်တာပဲ။ ဇွန်တို့နှစ် သမိုင်းမှာကွဲတယ်။ သူ့ဂိုက်က မနက်လေးနာရီမှာ ဖုန်းဆက်ပြီးပြောတာကို သူထကျက်လိုက်တာ အကုန်တိုးတယ်။ ဇွန်ဝိဇ္ဇာတွဲဂုဏ်ထူးမရပေမယ့် သူ ဂုဏ်ထူးရတယ်။ (ဇွန်တို့နှစ်က သမိုင်းကြောင့် တော်တော်များများ လူမှုရေးဂုဏ်ထူး ပြုတ်ကြတယ်)။ ဘာသာစုံ အမှတ်ပေါင်းလည်း ကိုယ့်ထက်များပြီး ဆေးကျောင်းကို လွတ်လွတ်ကျွတ်ကျွတ် ၀င်သွားတယ်။ သူဂိုက်ယူတာနဲ့ ပတ်သက်ပြီး ဇွန် တစ်ခုတွေးမိသွားတယ်။ ဂိုက်ဆိုတာ စာကူကျက်ပေးရုံတင်မက မေးခွန်းလည်း လိုက်နိုင်စွမ်းရှိပါလားပေါ့...။
ကိုယ့်အတွေ့အကြုံနဲ့ ယှဉ်တဲ့ ခံစားချက် သက်သက်ပါ ရီတာ။း)
ရေးသူအတွက် ကော်မန့်က ခုမှ... :D
ဆက်ရေးပါ ရီတာ။ ဖတ်လို့ကောင်းတယ်။ မမအကြောင်းလည်း ဆက်သိချင်တယ်။ ရီတာ အဲလို တစ်ဦးတစ်ယောက်နဲ့ ပတ်သက်ပြီး ခံစားမိတဲ့အတိုင်း ရေးသွားတာလေးတွေ တကယ်ကောင်းတယ်။း)
ဒီလို ကိုယ်တွေ့အဖြစ်အပျက်တွေ အမှတ်တရချရေးပြီဆိုရင် လာကြမယ့် comment တွေမှာလည်း comment ပေးသူရဲ့ ဆင်တူအဖြစ်အပျက်တွေကို ပြန်သတိရစိတ်နဲ့ လာရေးကြ၊ လာ share ကြတာကို ပိုစိတ်ဝင်စားမိပါတယ်။
တခါတလေ သူများဆီမှာ ဒါမျိုး post တွေ သွားဖတ်ရရင် ကိုယ်တိုင်လည်း ဆင်တူအဖြစ်တွေကို သတိရစိတ်နဲ့ post ဖြစ်ချင်ဖြစ်လာတတ်တယ်။
ဥပမာ - ပေါက် ဆီမှာ "ဆိုဖာ" ဆိုတဲ့ post ကို ဖတ်ပြီး၊ သူ့လို အိမ်က ပစ္စည်းတခုအကြောင်း မဟုတ်ပေမယ့် အတိတ်က အမှတ်တရဆိုတာတွေဆီ စိတ်ရောက်သွားပြီး "သလ္လာဝတီနဲ့မြို့ သလ္လာဝတီရဲ့မြို့" ကို ရေးဖြစ်တယ်။
ဟုတ်တယ်ရီတာ။ ဇွန်လည်း အဲလို ကိုယ်တွေ့အတွေ့အကြုံနဲ့ကော်မန့်မျိုးတွေ ဖတ်ရတာ ကြိုက်တယ်၊ စိတ်လည်းဝင်စားတယ်။ ဥပမာ- ငယ်ငယ်တုန်းကပို့စ်မှာ ကိုယ့်လိုပဲ တခြားသူတွေ ကလေးဘ၀က ဘယ်လိုဆော့ကစားခဲ့တာလေးတွေ သိရတော့ ကြည်နူးစရာဖြစ်တယ်။း)
ဇွန် ကော်မန့်ရှည်ရှည်ရေးဖြစ်တာ ရီတာ့ဆီမှာ ရေးဖြစ်တာများတယ်လို့ ထင်တာပဲ။ ပို့စ်တစ်ပုဒ်ဖတ်ပြီးသွားရင် ကိုယ်ဖြစ်ခဲ့ကြုံခဲ့ ခံစားခဲ့ရတာတွေ ရေးခွင့်ရသွားတော့ တခါတည်း ချရေးချင်စိတ်ပေါ်ပြီး ရှည်ရှည်ရေးဖြစ်သွားတယ်။ :D
သူများ nick ကို ယူရေးထားတဲ့တယောက် nick ပြောင်းပြီး ပြန်ရေး။ တင်ပေးဖို့ စောင့်နေတယ်။
ကျွန်တော်လည်း ဂိုက်လုပ်ဖူးတယ်။ ကျောင်းသားနဲ့ ကျွန်တော်နဲ့က ရွယ်တူ။ သူ့ကို သူတို့အိမ်က အိမ်မှာ တရားဝင် ဆေးလိပ် သောက်ခွင့် ပေးထားတာ။ Break ယူတဲ့ အချိန် ဆိုရင် ဂိုက်နဲ့ ကျောင်းသား ၂ယောက်ပေါင်း အခန်းထဲမှာ မီးခိုးကို မွှန်နေတာပဲ။ :D
Post a Comment