Sunday, October 17, 2010

ဘိုဘိုလန်းစင် analysis

ဘိုဘိုလန်းစင် analysis

Nyo
said...


I do not surprise his self-righteous words that often seen online in several places.


“အေး အေး ကောင်းတယ် မင်းအဲဒီလို များများပြောပေး မသာဖြစ်သွားပြီး တဲ့ မင်းအဖိုး အဖွားတွေလည်းဂုဏ်တက်တာပေါ့...”

လှိုင်ဘွားမောင် 2010-09-25 10:23


http://www.kaungkin.com/index.php?option=com_content&view=article&id=383:2010-09-23-21-51-11&catid=41:2009-04-17-01-31-28&Itemid=63


October 13, 2010 12:15 PM

***

Rita
said...


ဒီနေရာမှာ ဟိုသတ္တဝါကဏ္ဍ ပါလာပြီ။

ကိုယ် လွဲတယ်ထင်ရင် သူ့အနေနဲ့ လွဲတဲ့ အချက်အလက်ကိုပဲ ကိုင်ပြီး ပြောရမယ်။

ခုဟာက ဆွမ်းကြီးဝင်လောင်းချင်တာ သက်သက်။ ဒါ ရင့်သီးတာလို့ ပြောလို့မရဘူး ယူဆမိတယ်။

* လူတယောက်က တခြားလူတယောက်ကို ရင့်သီးနေတာကို ကြားဝင် အားရတာ၊
ခံရတဲ့လူကို ခံသွားရပြီဆိုပြီး လက်ညှိုးထိုး အားရတာ။

* တပါးသူ နှိပ်ကွပ်နေတာကို သူလုပ်နေရတဲ့အတိုင်း ဘေးကနေ ဩဘာပေး အကုသိုလ်ယူတာ၊
သူတပါးနှိပ်ကွပ်ခံရတာကို သူလုပ်လို့ ခံရတဲ့အတိုင်း ဝမ်းမြောက်ဝမ်းသာဖြစ်နေတာ။

* သူ့ထိလို့ တန်ပြန်တာ မဟုတ်ဘဲ သူတပါးကို သိက္ခာမှ ကျပါစေတော့၊ လိပ်ပြာမှ ငယ်ပါစေတော့လို့ ဘေးကနေ ဟေးတိုက်လို့ မောင်းချင်တာ။ အားပေးအားမြှောက်ပြုချင်တာ။

* အဲလိုလုပ်လိုက်ရင် ခံရတဲ့လူက ကြောက်သွားမယ်ထင်ပြီး နှစ်သိမ့်အားရနေတာ။
သူတပါး အကြောက်ကို အရသာခံ ကြည့်ချင်နေတာ။

အဲဒါ ကိုယ့်တွက်တော့ မှတ်တမ်းတင်စရာ အချက်ပဲ။

October 13, 2010 12:57 PM

***
လိုအပ်လို့ comment က အချက်တွေ ပြန် ဆွဲထုတ်လိုက်မယ်။ comment မှာဆို သိပ် မလေးနက်သလိုလဲ ဖြစ်တယ်။ ခုလို post မှာတင်တော့ နောက်ပိုင်း ဖတ်မယ့်သူတွေ မြင်လွယ် တွေ့လွယ်ရှိတယ်။ ပြီးတော့ အရင် post ထဲမှာက ဘယ်သူဆိုတာ ပြောရုံလောက် ပြောမိပြီး စိတ်ဓါတ်နဲ့ သဘောထားကို ဒီလောက် ကွက်ကွက်ကွင်းကွင်း ထည့်မရေးခဲ့မိဘူး။

***
ဒီကိစ္စ ဖြစ်ပြီးပြီးချင်း အဲဒီ သတ္တဝါ ဘာ ဆိုတာကို အရေးတကြီး အတည်ပြုဖို့ လုပ်နေရလို့ ချက်ချင်း post မတင်နိုင်ဘူး။

အဲဒီအချိန် KOM cbox မှာ နဂိုအတိုင်း ဆက် စကားပြောနေတုန်းပဲဆိုတော့ အဲဒီမှာ အတူ စကားပြောတဲ့ထဲက တယောက်က စကားဝိုင်းထဲကို zizawa က link ကို ခဏခဏ လာချတယ်။ ဘာရည်ရွယ်ချက်နဲ့ ဘာဖြစ်စေချင်လို့ လာချတယ် ဆိုတာ အထူး ပြောဖို့မလိုဘူး။ စိတ်ဓါတ်နဲ့ သဘောထား ရည်ရွယ်ချက်က ဟိုသတ္တဝါနဲ့ တူတူပဲ။

ဘာကွာလဲဆိုတော့ကာ...
* အထက်တန်းမအောင်တဲ့ Singapore က work permit သမား၊ အမျိုးအမည် မထင်ရှားတာနဲ့

* ဆေးကျောင်းပြီး၊ ဘိလပ်တက္ကသိုလ်တခုမှာ သမိုင်းသင်၊ (တခုခု မဟုတ်တာ လုပ်မိတော့မယ် ဆိုတာနဲ့ ဂုဏ်သိက္ခာကို ပြန်စောင်းငဲ့ကြည့်သင့်တဲ့) ဆွေမျိုးအကြီးစားထဲက ဖြစ်တာကွာတယ်။

***
ငယ်ငယ်က မဂ္ဂဇင်းတော်တော်များများ ဖတ်ခဲ့မိတာတွေ တချို့လည်း မှတ်မိ၊ တချို့လည်း မမှတ်မိတော့... အကြောင်းတိုက်ဆိုင်မှသာ ပေါ်လာတော့တယ်။

ခုလည်း ပေါ်လာတဲ့ အကြောင်းအရာတစ်ခုပေါ့။
ကိုတာ ရေးသလား၊ မောင်သစ်ဆင်း ရေးသလားတော့ မသိ။
မောင်သစ်ဆင်း "ကလေးတို့ရဲ့ မနက်ဖန်" ဆိုတဲ့ ဆောင်းပါးစုထဲက ဖြစ်ဖို့ ပိုများပါတယ်။

နာမည်၊ နိုင်ငံစတဲ့ အသေးစိတ်တွေ မမှတ်မိတော့ပါဘူး။
ဉာဏ်ရည်ချို့တဲ့တဲ့ ကလေးတွေကို လေ့ကျင့် သင်ကြားပေးရာမှာ အင်မတန်ပါရမီထူးတဲ့ ဆရာမတစ်ယောက် ရှိတယ်။ သူ လေ့ကျင့်သင်ကြားပေးထားတဲ့ ကလေးတွေနဲ့ ပုံမှန်ကျောင်းမှာ ပုံမှန်ဉာဏ်ရည်ရှိတဲ့ ကလေးတွေ မေးခွန်းတူ စာမေးပွဲဖြေဖို့ စီစဉ်ကြတယ်။

သူ့ရဲ့ ဉာဏ်ရည်နိမ့် ကလေးတွေက ပုံမှန်ကျောင်းကို သွားပြီး ဖြေရတယ်။ ကလေးတွေရဲ့ ပြင်ပ သွင်ပြင် ပုံသဏ္ဍာန်နဲ့ အိနြေ္ဒက ပုံမှန်ကလေးတွေနဲ့ သိသာအောင် ခြားနားလွန်းတော့ ဘေးလူတွေမှာ ဒါ မိုက်မဲတဲ့ စတန့်ထွင်မှုသက်သက်လို့ ထင်တဲ့လူက ထင်တယ် ဆိုတယ်။

လိုရင်းပြောရရင်... စာမေးပွဲ စစ်လိုက်ပြီး ရလဒ်တွေ ထွက်လာတဲ့အခါမှာ ဉာဏ်ရည်နိမ့်တဲ့ ကလေးတွေက၊ ပုံမှန်ကလေးတွေကို ဘယ်နေရာမှာမှ မနိမ့်ဘဲ ယှဉ်နိုင်တယ်ဆိုတယ်။ အုပ်စု နှစ်ခုရဲ့ ရလဒ်က တန်းတူညီမျှပဲတဲ့။

ပညာရေးက လူကြီးတွေရော၊ ကလေးမိဘတွေရောက ဆရာမကို တအံ့တသြ ချီးကျူးပြီး "ဒီလို ဉာဏ်ရည်မမီတဲ့ ကလေးတွေကို ပုံမှန် ဉာဏ်ရည်ရှိတဲ့ ကလေးတွေနဲ့ တန်းတူဖြစ်အောင် ဘယ်လိုများ သင်ကြားလေ့ကျင့်ပေးထားတာလဲ" လို့ ဝိုင်းမေးကြတယ်။

အဲဒီမှာ ဆရာမက ပြန်မေးပါတယ်တဲ့။

"ဒီလို ပုံမှန်ကလေးတွေကို ကျွန်မရဲ့ ပုံမှန် မဟုတ်တဲ့ ကလေးတွေနဲ့ တန်းတူဖြစ်သွားအောင် ရှင်တို့ ဘယ်လိုများ သင်ကြားထားတာပါလဲ"

***
အကြောင်းက တိုက်ဆိုင်လွန်းလို့ ပြန်မှတ်မိလာတာကို ချရေးလိုက်တာ။

***
မှတ်ချက်။

ဒီနေရာမှာ အကြောင်းအရာနှစ်ခုကို ယှဉ်ပြောတာမို့ အဲဒီ ဆရာမရဲ့ တန်ပြန်မေးခွန်းကို အသုံးပြုလိုက်တာပါ။ အင်မတန်လည်း ဆီလျော်နေလို့။

ကလေးတွေကိစ္စ သက်သက်ကို ရည်ရွယ်ပြောရမယ်ဆိုရင်တော့ အဲဒီဆရာမရဲ့ မေးခွန်းကို ဆောင်းပါး စဖတ်မိကတည်းက ကိုယ် မနှစ်မြို့ မထောက်ခံပါဘူး။ ဒါကို post မှာ ထည့်မရေးတော့ဘူး။ ဆိုလိုရင်းနဲ့ ရှုပ်ထွေးသွားမှာစိုးလို့။ comment မှာပဲ ချလိုက်မယ်။

ဒါပေမဲ့ ခု ကိုယ် ယှဉ်ပြတဲ့ ကွာခြားတဲ့ အခြေအနေနှစ်ခုက ဆင်းသက်လာတဲ့ အဆင့်အတန်းတူတဲ့ စိတ်ဓါတ် ၂ ခုမှာတော့ သူမေးတဲ့ စကားလုံးဟာ ဆီလျော်သင့်တော်လွန်းလို့ ပြန်သတိရပြီး ချရေးလိုက်တာပါ။

"ဒီလို ပုံမှန်ကလေးတွေကို ကျွန်မရဲ့ ပုံမှန် မဟုတ်တဲ့ ကလေးတွေနဲ့ တန်းတူဖြစ်သွားအောင် ရှင်တို့ ဘယ်လိုများ သင်ကြားထားတာပါလဲ"

***
အဲဒါတွေ ချက်ချင်းရေးဖို့ပဲ။
မအားတာရယ်၊ အားတော့လည်း ပျင်းနေတာရယ်နဲ့ ခုမှ ရေးတင်ဖြစ်တယ်။

နောက် အဲဒီသတ္တဝါရဲ့ နာမည်အရင်းကို မတပ်ချင်ဘူး။ ဒါပေမဲ့ search engine မှာ ရှာရင် တွေ့လွယ်အောင်လို့ ဆိုတဲ့ စေတနာနဲ့ တပ်လိုက်တာ။

***
တွဲဖတ်ရန် post

"ဘီအို ဘီအို ဟု ခေါ်ပါသည်"
http://ritako.blogspot.com/2010/10/blog-post_10.html

***
ထပ်ဆင့်မှတ်ချက်။
သက်ရှိမှန်သမျှ သတ္တဝါ ဖြစ်သည်။

***
facebook link

37 comments:

Rita said...

မှတ်ချက်။

ဒီနေရာမှာ အကြောင်းအရာနှစ်ခုကို ယှဉ်ပြောတာမို့ အဲဒီ ဆရာမရဲ့ တန်ပြန်မေးခွန်းကို အသုံးပြုလိုက်တာပါ။ အဖြစ်အပျက်နဲ့ အင်မတန်လည်း ဆီလျော်နေလို့။

ကလေးတွေကိစ္စ သက်သက်ကို ရည်ရွယ်ပြောရမယ်ဆိုရင်တော့ အဲဒီဆရာမရဲ့ မေးခွန်းကို ဆောင်းပါး စဖတ်မိကတည်းက ကိုယ် မနှစ်မြို့ မထောက်ခံပါဘူး။

၁) မတူတဲ့ အခြေအနေ အဆင့်အတန်းချင်း ပြိုင်ခိုင်းတာကို မကြိုက်ဘူး။

၂) ခုလို ရလဒ်အတူတူဆိုတာမျိုး ထွက်တော့ ပုံမှန်ကလေးတွေမှာ အငုံ့စိတ် ဝင်ကောင်းဝင်နိုင်တယ်။ (ကိုယ့်ကလေးဖြစ်စေ၊ ကိုယ့်ဆွေမျိုးသားချင်းထဲက ကလေးဖြစ်စေ၊ ဒီလို ယှဉ်ခိုင်းမယ့် ပွဲမျိုး ကြိုသိခဲ့ရင် လုံးဝ မပါဖြစ်အောင် တားမယ်)

၃) ကလေးဆိုတာ အရည်အချင်း အကန့်အသတ် ရှိတဲ့ အချိန်ဖြစ်တယ်။
ပုံမှန်ကလေးဟာ ကလေးဘဝမှာ ပုံမှန် ကြီးပြင်းတယ်ဆို တော်ပြီ။ လုံလောက်တယ်။

၎) သူ့ရဲ့ ဉာဏ်ရည်မမီတဲ့ ကလေးတွေဟာ ကလေးဘဝ အပိုင်းအခြား တစ်ခုအထိသာလျှင် ပုံမှန်ကလေးတွေနဲ့ တန်းတူ ယှဉ်လိုက်နိုင်မယ်။ အသက်အရွယ်ရလာတာနဲ့ အမျှ ပုံမှန်လူတွေကို ယှဉ်ဖို့ဆိုတာ မလွယ်တော့ဘူး။

ဒါကြောင့် အဲဒီဆရာမဟာ အဲဒီမေးခွန်း မေးစရာ မဟုတ်ဘူး။ ပုံမှန်ကလေးဟာ ပုံမှန်ထက် နိမ့်နေတာမှ မဟုတ်တာ။ သူ့ရဲ့ ပုံမှန်မဟုတ်တဲ့ ကလေးတွေကသာ သူ့အစွမ်းအစကြောင့် ပုံမှန်ကလေးတွေကို အဲဒီတခဏမှာ ယှဉ်နိုင်တာ။

ဒါပေမဲ့ ခု ကိုယ် ယှဉ်ပြတဲ့ ကွာခြားတဲ့ အခြေအနေနှစ်ခုက ဆင်းသက်လာတဲ့ အဆင့်အတန်းတူတဲ့ စိတ်ဓါတ် ၂ ခုမှာတော့ သူမေးတဲ့ စကားလုံးဟာ ဆီလျော်သင့်တော်လွန်းလို့ ပြန်သတိရပြီး ချရေးလိုက်တာပါ။

"ဒီလို ပုံမှန်ကလေးတွေကို ကျွန်မရဲ့ ပုံမှန် မဟုတ်တဲ့ ကလေးတွေနဲ့ တန်းတူဖြစ်သွားအောင် ရှင်တို့ ဘယ်လိုများ သင်ကြားထားတာပါလဲ"

သတိ said...

အားလုံးသတိ

ညစ်မိပါတယ်လေ.. ဘိုဘိုလန်းစင်ဆိုတဲ့ ချာတိတ်လေးနဲ့ ဟုတ်လှပီဆိုပီး ပြောရလေဟဆိုတဲ့ စိတ်နဲ့ အားရ၀မ်းသာ မသေအောင် ဂရုတစိုက် မီးမွှေးချင်နေတာကို မြင်ရပါတယ်.. လက်တုန့်ပြန်တယ် ဆိုထဲက ခံခဲ့ရလို့လားဟလို့လဲ မြင်ပါရဲ့..

ကဲ.. သက်သက်သာသာနေပါ မရီတာ..

မောင်သတိ

Rita said...

(စကားဆိုတာ ပြောတဲ့သူကိုပဲ ပြဋ္ဌာန်းလို့ရတယ်။ အပြောခံရတဲ့သူကို ပြဋ္ဌာန်းလို့မရဘူး။)

အဲဒီ အဓိပ္ပါယ်ကိုပဲ နားလည်အောင် ပြန်ဖတ်ဖို့ တိုက်တွန်းချင်တယ်။ သူတပါး ခံလိုက်ရပြီဟေ့ ဆိုပြီး ဝမ်းသာလိုက်လေဆိုတဲ့စိတ်နဲ့ ကြားဝင်အားရတာ မောင်သတိ ပထမဆုံး မဟုတ်ဘူး။

မူရင်း အကြောင်းအရာကိုက "သူတပါးကို ခံလိုက်ရပြီဟေ့ဆိုပြီး ဝမ်းသာအားရ" ဖြစ်တတ်တဲ့ဟာတွေ အကြောင်း ရေးတင်ထားတာ။ ကိုယ့်ဘာသာ သူတို့စာရင်းထဲ ဝင်သွင်းမနေနဲ့။

Rita said...

မောင်သတိ comment တွေက ဒီ ဘလော့မှာမှ မဟုတ်ဘူး။ ဘယ်မှာတွေ့တွေ့ ကိုယ့်အမြင်မှာ အနှစ်မရှိဘူးထင်လို့ (ကိုယ်မြင်တာ ပြောတာပါ။ တကယ်က အနှစ်ရှိချင်လဲ ရှိမှာပေါ့)

နောက်ထပ် လာရင် တင်မှာ မဟုတ်ပါ။

မောင်လေး said...

မရီတာ....“ဘာကွာလဲဆိုတော့ကာ...
* အထက်တန်းမအောင်တဲ့ Singapore က work permit သမား၊ အမျိုးအမည် မထင်ရှားတာနဲ့

* ဆေးကျောင်းပြီး၊ ဘိလပ်တက္ကသိုလ်တခုမှာ သမိုင်းသင်၊ (တခုခု မဟုတ်တာ လုပ်မိတော့မယ် ဆိုတာနဲ့ ဂုဏ်သိက္ခာကို ပြန်စောင်းငဲ့ကြည့်သင့်တဲ့) ဆွေမျိုးအကြီးစားထဲက ဖြစ်တာကွာတယ်။”
ဆိုတာ ဘာကိုဆိုလိုတာပါလဲခင်ဗျ...။
ဘိုဘိုလန်းစင် ကဘာလဲ...၊ကျွန်တော်မသိပါဘူး..။
မရီတာ နဲ့ဘာပြဿနာဖြစ်ခဲ့သလဲ ကျွန်တော် မသိပါဘူး
ဒါပေမယ့် ဘာကြောင့် လူ လူချင်း ဘာကြောင့်
အထက်တန်းမအောင်တဲ့ wp တွေနဲ့ တခြားလူတန်းစား
တစ်ခုနဲ့ ခွဲခြားခဲ့တာပါလဲ ခင်ဗျာ...။
ဆိုလိုတာက အထက်တန်းမအောင်တဲ့ wp လူတန်းစား
က ဘာတွေများ ဆိုးဆိုးရွားရွား ဖြစ်နေလို့ပါလဲ ခင်ဗျ။
တကယ်ကို နားမရှင်းလို့ပါ

Rita said...

@ မောင်လေး

ခု ယှဉ်ပြောတဲ့ အချက်မှာ ယေဘုယျ ပြောထားတဲ့ အချက် မပါဘူးဆိုတာ သေချာ ထပ်ပြောချင်ပါတယ်။

ဆိုလိုတာက ဆရာဝန်လူတန်းစား၊ အင်ဂျင်နီယာလူတန်းစား၊ လက်လုပ်လက်စား လူတန်းစားဆိုပြီး ယေဘုယျ ရောပြောလိုက်တဲ့ သဘောမျိုး မပါဘူးလို့ ဆိုလိုပါတယ်။

ကိုယ်က လုပ်ရပ်နဲ့ စိတ်ဓါတ်တူတဲ့ လူနှစ်ယောက်ကို သီးသန့်ထုတ်ပြီး ယှဉ်တာပါ။

အဲဒီလူဟာ wp တယောက်ဖြစ်နေလို့ ဖြစ်နေတယ် လို့ ပြောလိုက်တာဟာ ကျန်တဲ့ သူ့လို wp သမားတွေ အကုန် ဒီလို အကျင့် ရှိကုန်မယ် လို့ ဆိုချင်တာ မဟုတ်ဘူး။

လူဟာ အတန်းပညာ၊ မျိုးရိုးအဆင့်အတန်း၊ ဥစ္စာဓန ပိုင်ဆိုင်မှုနဲ့ စိတ်ဓါတ်ကို ဆုံးဖြတ်လို့ မရဘူး ဆိုတာ ကိုယ်သဘောပေါက် လက်ခံပါတယ်။

ကိုယ့် နှိုင်းယှဉ်ချက်က လူတန်းစားနှိုင်းယှဉ်ချက်မဟုတ်ပါဘူး။ သီးသန့် လူနှစ်ယောက်ကို နှိုင်းယှဉ်တာပါ။

မောင်လေး said...

မရီတာရေ...ဆိုလိုတာကို သဘောပေါက်သွားပြီ။
သို့ပေမယ့် မရီတာရဲ့ နှိုင်းယှဉ်ချက်နှစ်ခုက ဝါးလုံး ဟှဝါ
ုသုတ် ရမ်းနေသလို ဖြစ်နေသလားလို့...။
တခါက မရီတာ ပြောခဲ့သလို သူလိုလူမျိုးနဲ့ နှိုင်းခံရတာ
ယောက်ပြားတွေဘက်က နစ်နာတယ်ဆိုတဲ့ စကားကို
တောင် သတိရမိပါရဲ့...။

Rita said...

ဟုတ်လား ဘယ်မှာပြောခဲ့တာလဲ။

မိန်းမရှာတွေ အခြောက်တွေ နစ်နာတယ်လို့ ပြောဖူးတာ ဖြစ်ပါလိမ့်မယ်။

ယောက်ပြားဆိုတာက အထက်က လူတွေကို မထိပါးစေချင်လို့ ကိုယ် သီးသန့် ရှာထားမိတဲ့ စကားပါ။

ခု post မှာလည်း ကိုယ် ဆိုလိုချင်တာကို သေချာဖတ်ရင် နားလည်လိမ့်မယ် ထင်ပါတယ်။

အရိယာ ဖြစ်သွားတဲ့ ဗိမ္ပိသာရလည်း အဇာတသတ်လို သားမျိုးရတယ်။ ပြည့်တန်ဆာမရဲ့ သားလို့ဆိုတဲ့တစ်ယောက်ကျတော့ ဇီဝက ဖြစ်လာတယ်။ ဒါတွေဟာ ဆင်းသက်လာတဲ့ မျိုးရိုးနဲ့ မဆိုင်တဲ့ တစ်ဦးချင်းစီရဲ့ ကိစ္စတွေပါ။ သိသာအောင်လို့ အဝေးကြီးက ဥပမာတွေ ထုတ်ပြမိပေမယ့် ကိုယ်တို့ နီးစပ်ရာ ပတ်ဝန်းကျင်မှာလည်း ဒါမျိုးတွေရှိတာပဲ။ ကိုယ်က ဘာကိုမှ သိမ်းကျုံးပြောစရာအကြောင်း မရှိပါဘူး။

ဒီနေရာမှာ အဇာတသတ်ဆိုတာ ရှင်ဘုရင့်သားပေါ့ လို့ ကိုယ်က define လုပ်မယ်။ ဇီဝကဆိုတာ ပြည့်တန်ဆာတစ်ယောက်က မွေးတာတဲ့ လို့ ထပ် define လုပ်မယ်။

ဒါနဲ့ပဲ ရှင်ဘုရင့်သားတွေအကုန် သိက္ခာမကျပါဘူး။ အမျိုးနိမ့်တဲ့သားတွေလည်း သူတော်ကောင်းလို့ ဆိုရာ မရောက်ပါဘူး။

လူနှစ်ယောက်ကို အတိအကျ သတ်မှတ်ပြီး ယှဉ်တာဟာ အဲဒီလူနှစ်ယောက်နဲ့ပဲ သက်ဆိုင်ပါတယ်။ မရောထွေးပါနဲ့။
=)

Rita said...

@ မောင်လေး

ဒါပေမဲ့ လူ့လောက အသိုင်းအဝိုင်းမှာ ပြောစရာကြီးတော့ ဖြစ်တာပေါ့လေ။

ဘယ်ကလာပစ်သွားမှန်းမသိ လမ်းက ကောက်ထားတဲ့ အမျိုးအမည် မထင်ရှားတဲ့ကလေးဟာ အတတ်ပညာတစ်ခုနဲ့ သူ့ကိုယ်သူ ဆောက်တည်ပြီး နောက်ဆုံးမှာ ကျွတ်တမ်းဝင်သတဲ့။ မဟာဆီ မဟာသွေး ရှင်ဘုရင့်သားကတော့ အဖပြန်သတ်ပြီး ငရဲကို ဆင်းသတဲ့ဆိုတာမျိုး... လူ့လောက အသိုင်းအဝိုင်းမှာ ပြောစရာကြီးတော့ ဖြစ်တာပေါ့။

ခုလည်း ဒီသဘောပါပဲ။

ကိုယ် သည်းမခံတတ်လို့ ဆက်ဖြစ်နေတဲ့ ကိစ္စတွေပါ။

စိတ်ရှုပ်ထွေးစေတယ် ဆိုရင်တော့ ခုတလောတင်မယ့် post တွေကို ကျော်ဖတ်သွားစေချင်ပါတယ်။

မောင်လေး said...

ဟုတ်ကဲ့ မရီတာ...။စောစောထဲက အလိုရေးထားလိုက်ရင်
ပြီးရောဗျာ..းD။စိတ်တော့မရှုပ်ပါဘူးဗျ...။စိတ်ဝင်စားပါ
တယ်...း)

Rita said...

=)
တချို့ကိစ္စတွေက ရှင်းအောင်ကြိုရေးမှ ကောင်းပေမယ့် တချို့ကိစ္စတွေကျ အမေးရှိမှ အဖြေရှိရတာကောင်းတယ်လေ။ ရှင်းစရာလိုသမျှ ကြိုရှင်းနေပြန်ရင်လည်း ရေးချင်တဲ့အဓိက အချက်က ပျောက်သွားလိမ့်မယ်။

ရှင်းရမယ် ဆိုရင်တော့ ကိုယ် အဓိက ကိုးကားလိုက်တဲ့ ဆရာမရဲ့ အမေးစကားကစလို့ ရှင်းရမှာပဲ။ post မှာ သူ့မေးခွန်းကို အရင်းတိုင်း ထည့်ရေးလိုက်ပေမယ့် ကိုယ့်ရည်ရွယ်ရာ၊ ဦးတည်မေးလိုရာက သူနဲ့ မတူပါဘူး။ ပြောချင်တာက အဲဒီဆရာမလို သင်ကြားပေးခဲ့တဲ့ဆရာ မိဘတွေကို မေးခွန်းထုတ်ချင်တာ မဟုတ်ဘူး။ ထုတ်စရာလည်း မလိုဘူး။

အရွယ်ရောက်ပြီးတဲ့ လူတွေရဲ့ ကိစ္စမှာ နှီးနွယ်ဆက်စပ်ရာ အသိုင်းအဝိုင်းကို နေရာတကာ ဆွဲထည့် ထိပါးပြီး ပြောစရာ မလိုဘူး။ adult တယောက်ရဲ့ ကာယကံ ဝစီကံ ကိစ္စတွေက ကာယကံရှင်နဲ့ပဲ တိုက်ရိုက်ပတ်သတ်တယ်။ မေးခွန်းထုတ်စရာရှိ သူ့ကိုသာ တိုက်ရိုက်ထုတ်ရမယ်။

Rita said...

“အေး အေး ကောင်းတယ် မင်းအဲဒီလို များများပြောပေး မသာဖြစ်သွားပြီး တဲ့ မင်းအဖိုး အဖွားတွေလည်းဂုဏ်တက်တာပေါ့...” (လှိုင်ဘွားမောင်)

***
ဒီနေရာမှာ မူရင်း ကောင်းကင် အွန်လိုင်း မဂ္ဂဇင်းက လင့်ခ်ကို ထည့်ပေးထားပေမယ့် မည်သို့မည်ပုံ ဖြစ်သည်မသိ။ အဲဒီလင့်ခ်ကို ခု သွားကြည့်လို့ မရတော့ပါဘူး။ ဒီလင့်ခ်ကို nyo လာမပေးခင်မှာ တခြားတစ်ယောက် မေးလ်ကနေ လာပေးတယ်။ အဲဒီတုန်းက ဖွင့်လို့ရတယ်။ ခုမှ မရတော့တာ။

အပြန်အလှန် ဖြစ်တဲ့ ကိစ္စကို မသိဘဲ လှိုင်ဘွားမောင် ရေးထားတာတစ်ခုတည်းပဲ ဖတ်မယ်ဆိုရင်တော့ လှိုင်ဘွားမောင်ကပဲ ရင့်သီးထားသလိုလို ထင်ရတယ်။ လင့်ခ်ကလည်း ဖွင့်လို့မရတော့ဘူးဆိုတော့ အဖြစ်အပျက်ကို လိပ်ပတ်လည်အောင် ဒီမှာ ထပ်ထည့်လိုက်ပါမယ်။

မူရင်းလင့်ခ်ရဲ့ စာမျက်နှာမှာ ဂျာနယ်ကျော် (ဦး) မိုးဟိန်း ဓါတ်ပုံနဲ့ ဓါတ်ပုံအောက်မှာ "လူထုဒေါ်အမာ မသာတွင် တွေ့ရသော ဆရာဂျာနယ်ကျော် မိုးဟိန်း" ဆိုတာမျိုး စာတန်းထိုးထားတယ်။

အဲဒါကို စာလာဖတ်တဲ့ လှိုင်ဘွားမောင်က မသာတွင်တွေ့ရသောဆိုတာကြီးက မဆီလျော်လို့ ဈာပနလို့ ပြောင်းပါလားလို့ ကွန်မန့်မှာ လာရေးတဲ့အခါ၊ အနှီ ဘိလပ်တက္ကသိုလ်ရောက် သတ္တဝါက "ဈာပနဆိုတာ လူရိုးရိုးကို သုံးရတာ မဟုတ်ဘူး၊ ဘာနားလည်လို့လဲ၊ မသာဆိုတဲ့ စကားလုံးကို ဆဲတာလောက်ပဲ သိတဲ့ဟာတွေကိုး။ မသာသုံးတာ ဘာမှ မသင့်တော်စရာအကြောင်းမရှိဘူး" ဆိုတာမျိုး ပြန်လိုက်လို့ လှိုင်ဘွားမောင်ရဲ့ အဲဒီ ကွန်မန့်က ဖြစ်လာတာပါပဲ။

မေးလ်ကနေ တစ်ယောက်က လင့်ခ်လာပေးလို့ သွားဖတ်တဲ့အချိန်မှာတော့ သားဂျာနယ်ကျော်ရဲ့ ဓါတ်ပုံအောက်က စာတန်းမှာ မသာ အစား ဈာပန လို့ ပြောင်းရေးပြီးသား ဖြစ်နေပါပြီ။ ကွန်မန့်တွေကြောင့်သာ ဒါတွေ ဒီလို ဖြစ်ခဲ့တာပါလား သိရတာ။

Thu said...

Just visit to site and it is Ok, all comments can be seen. (http://www.kaungkin.com/index.php?option=com_content&view=article&id=383:2010-09-23-21-51-11&catid=41:2009-04-17-01-31-28&Itemid=63)

I prefer the clumsy things of life as you said (i.e. phisician Ziwaka, prince Azatatha).
I got empathy with you and you know well how to standardize one to each other.
Ma Rita, Please, stand at forgiveness after enough response to crush your thorns and noted as a satire of Kama.
We, all human in errors.

With Mittar !

Rita said...

Thu ပြောတာကို နားလည်ပါတယ်။

ကိုယ့်ဘာသာလည်း သိတယ်။ အပြစ်ယူလွယ်ချင် ယူလွယ်မယ်။ ဒါပေမဲ့ ခွင့်လွှတ်နိုင်ခဲ။

စိတ်ဆိုးသလားမေးလို့ မဆိုးဘူး ပြောရင် ကိုယ်ညာတာပေါ့။ ဒါပေမဲ့ ပြင်းပြင်းထန်ထန်ကြီး စိတ်ဆိုးလှချည်ရဲ့ မရှိပါဘူး။ အဲဒါကြောင့် သူမှန်းသိနေပေမယ့် သေချာအောင် ရက်နဲ့ ချီပြီး စောင့်နေနိုင်တာ။ အပြင်းအထန်သာ စိတ်ဆိုးခဲ့မယ်ဆို တစက္ကန့်လေးတောင် သည်းခံစောင့်နိုင်မှာ မဟုတ်ဘူး။ ဘာကြောင့် ရက်နဲ့ချီ စောင့်နိုင်ခဲ့လဲဆိုရင် ကိုယ့်အမှားကို သူတွေ့တာ မဟုတ်ဘူး။ သူ့အမှားကို ကိုယ် တွေ့နေတာလေ။

နောက်တစ်ခုက လူတိုင်း အမှားမကင်းဘူးဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ အဲဒီလူတိုင်းရဲ့ အမှားက ကိုယ်နဲ့ မပတ်သတ်ရင် အနေသာကြီးပေါ့။ ပတ်သတ်သည့်တိုင်အောင် သူတို့မှာ ID ဘာမှန်း ညာမှန်း မသိရင် ကိုယ့်စိတ်ထဲ မရှိပါဘူး။

ဘယ်သူလဲဆိုတာ သိတော့ ဒါမျိုးဖြစ်တာပေါ့။ ကိုယ့်လိုပဲ အများလည်း သိစေချင်တယ်လေ။
=)

ခု ကိုယ်လုပ်နေတာတွေ မှန်တယ် ကောင်းတယ်လို့ မထင်ပါဘူး။ ဒါပေမဲ့ လုပ်နေရတာကို ပျော်တယ်။ အဲဒါကြောင့်လုပ်တာ။

ခွင့်လွှတ်တယ် ဆိုတာ ကိုယ့်စိတ်သဏ္ဌာန်နဲ့ မထိုက်တန်သေးဘူးပဲ ဆိုရမယ်။ ဖဲ့တာ၊ ချွတ်တာ၊ နှိပ်ကွပ်တာတွေ ကိုယ် ဝါသနာမပါပါဘူး။ (အပေါ်ယံ ဆန်လို့)။ ခုလို အရေခွံနွှာပြီး ပါးပါးလှီးချင်တာ။

ထပ်ပြောပါမယ်။
ကိုယ်လုပ်နေတာတွေ နည်းလမ်းကျတယ်၊ ကောင်းတယ်လို့ မထင်ပါဘူး။ လုပ်ရတာပျော်လို့ လုပ်တာပါ။ (အဆင့်မြင့်တဲ့ ပျော်တာမျိုးလည်း မဟုတ်ဘူး ဆိုတာသိနေပြန်တယ်)။

အဲဒီ သတ္တဝါလောက် အဆင့်ထိ မရောက်အောင် စကားလုံး အဆင့်အတန်း သေချာရွေးချယ်၊ (မဆိုင်တဲ့ သက်ဆိုင်သူတွေ မထိခိုက်အောင်) အကြောင်းအရာ သေချာရွေးချယ်ပြီး ပြောခဲ့တာတွေချည်းပါပဲ။

Thu ကို ကျေးဇူးတင်ပါတယ်။
Thu ဆီက comment တွေကို ကျေးဇူးနဲ့ မှတ်ထားပါတယ်။
=)

Thu said...

I felt unfairness at first when I read all related posts and comments.
Then, though you used high tone in present post, you highlighted on the individual character and response giving remarkable examples of physician Ziwaka and prince Azatatha.
You have answered yourself for this affair.
It gave me a notice similar events around me and myself. I felt forgiveness to all.
For the time being of high tempo, everyone acts like as you do. Please, slowly reduce tempo.

I sincerely wish you and all related persons truly cool.

With Mittar !

Rita said...

အချိန်ကျရင် ပြီးသွားပါလိမ့်မယ်။

ခက်တာက ကိုယ်က သေးသေးမွှားမွှားမှာ ဟုန်းကနဲ ထဖြစ်ပြီး၊ ချက်ချင်း ပြန်ငြိမ်ချင်ငြိမ်မယ်။ ခုလို ကြီးကြီးမားမားကိစ္စကျ အဲလို မဖြစ်တော့ဘူး။ ခုကိစ္စမှာ ရှူးရှူးရှားရှား မဖြစ်မိပါဘူး။ ဒီတော့ ချက်ချင်းထတောက်တုန်းကလို ချက်ချင်းငြိမ်းဖို့ မလွယ်တော့ပြန်ဘူး။

ဒါကြောင့် တပို့စ်နဲ့ တပို့စ်ကြား တပတ်လောက် ခြားတာပေါ့။

ချက်ချင်းရပ်လိုက်ဖို့တော့ မဖြစ်နိုင်သေးဘူး။
အကြောင်းအရာတွေကလည်း ကျန်နေသေးတာကိုး။

တကယ်ဆို ကိုယ် စာရေးရတာ ပျင်းနေတာကြာလှပြီ။ ကောင်းကောင်းကို မရေးဖြစ်တော့တာ။ ခုလည်း စာရေးပျင်းပျင်းနဲ့ ရေးမိတာပါ။ စာရေးပျင်းပေမယ့် ဒီလိုလုပ်ရပ် လုပ်ရတာကိုတော့ ပျော်လို့ပေါ့။

Thu လို စိတ်မျိုး ကိုယ် မထားနိုင်သေးပါဘူး။ အဲဒီသတ္တဝါ ပူလောင်နေတာကိုသိရတာ ကိုယ် ဝမ်းသာတယ်။ zizawa မှာ နောက်ထပ် post တခုမှာ စကားလုံးကြမ်းကြမ်းနဲ့ comment ထပ်ရေးသွားတာ ထပ်တွေ့ရတော့ ကိုယ် ထပ်ဝမ်းသာပြန်တယ်။ အဲဒီ comment ကတော့ ကိုယ်နဲ့ မဆိုင်ပါဘူး။ ပူလောင်နေတဲ့ သူ့အတွင်းစိတ်ကို လှမ်းမြင်ရလို့ ဝမ်းသာတာ။

တစ်ယောက်ပြောသွားသလို ကိုယ့် mail ပို့ပြီး ဆဲလို့ကတော့ ပိုတောင် ဝမ်းသာဦးမယ်။ ဒီလိုလုပ်နေရတာကို ပျော်တယ်။ လောလောဆယ်တော့ မရပ်ပစ်လိုက်နိုင်သေးဘူး။

ကောင်းသောညပါ။
ပြောစရာရှိရင် အားမနာတမ်း ပြောနိုင်ပါတယ်။ မနက်ကျရင် ပြန်ပါ့မယ်။

Ya Tha Chay Yar said...

let's see who will be who 20 years later? I wish people won't laugh out loud if they see those posts at that time. :)
rita, you are super duper poor lady.

btw, i jz admire bo bo lan sin, no personal relationship at all.
he said irrelevant words, havn't u said in this way? he may get angry when u reply like this, hvn't u got angry when an attacker reply you like this? so, what's the point? as a normal reader whom both of u & bo bo don't know at all, i assume that u r jz enticing readers to show that u hv the ability to compare with bo bo lan sin where the real situation is totally not!

Rita said...

Ya Tha Chay Yar ပြောတာ မှန်တာပေါ့။ ကိုယ် သူ့ကို ဘယ် ယှဉ်လို့ ရမလဲ။ ကိုယ်က ဘိလပ် တက္ကသိုလ်ကလည်း မဟုတ်။ ဆွေကြီးမျိုးကြီးကလည်း မဟုတ်။ ယှဉ်နိုင်တယ်လို့ ပြစရာအကြောင်းတော့ မရှိပါဘူး။ ခုလိုလုပ်တာလည်း ပျော်လို့ လုပ်တာပါလို့ အတိအလင်း ပြောထားတာပဲ။

"မင်းရော စာဖတ်သူက လာရင့်ရင် အဲဒီလိုပဲ မတုန့်ပြန်ဘူးလား" ဆိုတဲ့ အမေးကို မေးစရာမလိုဘူး။ မလိုဘူးဆိုတာက မမေးခင်ကတည်းက ကိုယ်ပြောပြီးသားလေ၊ အရင် post မှာ ကတည်းက။ ကိုယ်လည်း ပြေပြစ်ချေငံသူ မဟုတ်ပါဘူး။ ဘယ်လိုတွေ တန်ပြန်တတ်ပါတယ်ဆိုတာ... မဖတ်ရသေးရင် nyo ကို ပြန်ထားတဲ့ comment ကို အရင်ပို့စ်မှာ ပြန်ရှာဖတ်ကြည့်လိုက်ပါ။

နောင် အနှစ် 20 မှာ ကိုယ်က သာမန် ဘာမှ မထူးခြားတဲ့ လူပဲ ဖြစ်နေမှာပါပဲ။ ဘဘလစ ကတော့ အင်မတန် ကြီးမြင့်တဲ့ ဆွေကြီးမျိုးကြီးက ဘိလပ်တက္ကသိုလ်က လျှမ်းလျှမ်းတောက် ပါရဂူဘွဲ့ ယူထားတဲ့ Ya Tha Chay Yar လို လူသူအပေါင်းက ခဝပ်လေးစားညွှတ်တွားရတဲ့ နာမည်ကျော် ပညာရှင်ကြီးဖြစ်နေမှာပေါ့။

ဒီလောက် ကွာခြားမယ့် အခြေအနေတွေ သိရက်သားနဲ့ ကိုယ်က ဘာလို့ သူ့ ယှဉ်တယ်၊ ယှဉ်နိုင်မယ် ထင်ရတာလဲ။ ပညာချင်း ယှဉ်ဖို့များ စိတ်ကို မကူးရဲပါဘူး။

အရင် post မှာ ကတည်းက ကိုယ့်မူက ကိုယ့်လာထိရင် တန်ပြန်တတ်တယ်လို့ ရေးထားပြီးဖြစ်တော့ အဲဒီမူအတိုင်း သွားနေတာပါပဲ။ လာထိတဲ့လူက ဘယ်သူဆိုတာ သိတော့ ကိုယ့်လို သူများ သိစေချင်တာပါ့။ မှန်နိုင်ပါတယ်။ နောင်အနှစ် 20 ကြာတော့ သူက ရာထူး အာဏာ ပါဝါ လက်နက်နဲ့ တန်ခိုးကြီးချင်ကြီးနေမှာ... ဒီတော့ ကိုယ်လို ဘာမဟုတ်တဲ့လူက သူ့ ဒါမျိုးရေးဖူးတယ် ဆိုတာ လူရီစရာ ဖြစ်ချင်ဖြစ်နေမှာပေါ့။ အဲဒီအချိန်ကျ Ya Tha Chay Yar လို သူ့ကိုမှ အထင်ကြီးတဲ့ လူတွေချည်းဖြစ်နေမှာလေ။

ဒါပေမဲ့ ခုချိန်မှာကျတော့ သူ့လုပ်ရပ်နဲ့ စကားလုံးကြောင့် ကိုယ်က သူ့ ကြောက်ပြီး ငြိမ်ဝပ်သွားမယ် ထင်နေတာကို ပြန်လုပ်ပြချင်လို့ လုပ်ပြလိုက်တာပါပဲ။ နောင်အနှစ် 20 မှ မရောက်သေးတာ။ သူ့ ဘာကြောက်စရာရှိလဲ။ ခုနေ ကြောက်စေချင်ရင် သူ့လက်ထဲ သေနတ်တလက် ထည့်ပေးထားလိုက်။ အဲဒါဆိုရင်တော့ ကိုယ် ကြောက်လို့ ဆက် မရေးတော့ဘူး။ ကတိပေးတယ်။

တခုတော့ရှိတယ်။ ဘိလပ်မှာ ကိုင်လို့ရတဲ့ သေနတ်မဟုတ်ဘူးနော်။ ဗမာပြည်မှာ ကိုင်လို့ရတဲ့ သေနတ်ဖြစ်ရမယ်။ ဒါမှ ကိုယ်က ကြောက်မှာ။

ဘဘလစကို Ya Tha Chay Yar လိုပဲ အထင်အမြင်ကောင်းတဲ့ လူငယ်တွေ များသထက် များပါစေလို့ ဆန္ဒပြုပါတယ်။ =)
နောက်တာ မဟုတ်ဘူး။ တကယ် စိတ်ရင်းနဲ့ ပြောတာပါ။

ခုလောလောဆယ်တော့ ကိုယ်က ကိုယ့်ကို ဒီစကားလုံးတွေ သုံးပြီးပြောသွားတာ ဘဘလစ ပါလို့ အတည်ပြုရတဲ့ အခါ သူ့ကိုမသိတဲ့၊ သူနဲ့ မသိတဲ့ လူတွေနဲ့ အတည်ပြုလို့ရတာ မဟုတ်ဘူး။ ... ဆိုတော့ ... ကိုယ် ထပ်မရေးတော့ဘူး။

ခု ဒီ post တွေ တင်ရတဲ့ ရည်ရွယ်ချက်က ဘာလဲလို့ဆိုတော့ ဘာမှ မဟုတ်ပါဘူး။ တင်ချင်လို့ တင်တာပါ။ နောင်တချိန်မှာ ကိုယ် မယှဉ်သာအောင် ကြီးကျယ် မြင့်မားသွားမယ့် လူထု မျိုးဆက်ကို ကိုယ်က ကလေးကလားအထာတွေနဲ့ ဒီလို ရေးဖူးတယ် ဆိုတာကို နောင် အနှစ် 20 မှာ လူတွေဖတ်ပြီး ရယ်နိုင်အောင်လို့လည်း မှတ်ချင်လည်း မှတ်ပေါ့။

"မင်းလည်း ဘဘလစလို ဒါမျိုးတွေ တုန့်ပြန်တတ်တာပဲ" ဆိုတာကတော့ ကိုယ် ဘယ်လို တန်ပြန်တတ်တယ်၊ ဘယ်လို မတန်ပြန်တတ်ဘူးဆိုတာ ပထမပို့စ်မှာ ရေးထားပြီးဖြစ်တယ်။ အဲဒီအတိုင်း ကိုယ် ပြောတဲ့ အတိုင်း မှန်မမှန် စိတ်ဝင်စားရင် ဖတ်ကြည့်ပါ။ မဝင်စားရင် မဖတ်ပါနဲ့။ ဖတ်မိလို့ ကိုယ်ပြောတာတွေ လွဲနေရင်လည်း ပြန်လာပြောပါ။

Ya Tha Chay Yar တယောက် ဘဘလစ ကို တနေ့ထက် တနေ့ အထင်ကြီး လေးစား ဂုဏ်ယူနိုင်ပါစေ။

=)

Happy Giant said...

I totally agree with Ya Tha Chay Yar...

Rita, if you don't like that people who comments you the view of negative. Everybody won't comment you positive or very good except your firends or partners. If you are one of the writer in the public, you can accept wherther good or bad comments.This is the general truth. If not, try not to write in the public. You said that you are writing for urself, not for public. That's why, nobody need to thank you. If you are not writing for public, you can make ur blog as the invited readers only. And, you also no need to visit and comment at others blog. This is the best way for everybody, bloggers and readers.

Do you think you are the perfect writer and everybody must comment you very good however you are rude? So crazy and stupid........

I think you may be publish my comment in public and you may get one neew post because of my comment.

Rita said...

ကိုယ် ရေးဖြစ်တဲ့ ပို့စ် နှစ်ခုလုံးမှာ email နဲ့ရော comment မှာရော ဝေဖန်မှတ်ချက် အထင်အမြင်တွေ လာရေးကြပေမယ့်၊ ရေးလာသမျှမှာ ဘဘလစ ကို ကိုယ် ဒီလို တုန့်ပြန်လိုက်လို့ အားရဝမ်းသာဖြစ်နေကြတဲ့၊ ကျေနပ်နှစ်သိမ့်နေကြတဲ့ စိတ်ဓါတ်နဲ့ အရေးအသားမျိုး ပါမလာတာအတွက် ရေးလာသမျှသူတွေကို ကျေးဇူးတင်မိတယ်။

အဲဒီလို စိတ်ဓါတ်နဲ့ အရေးအသားမျိုး မပါတာအပြင် အဖြစ်အပျက်ကို ဖျန်ဖြေအေးငြိမ်းစေချင်တဲ့သဘောပါ လာရေးကြတော့ ပိုကျေးဇူးတင်ပါတယ်။

(ချွင်းချက် နဲနဲတော့ ရှိမှာပေါ့လေ)

Rita said...

@HG
HG က YTCY ကို agree ပါတယ် ပြောသွားပေမယ့် သူပြောတာနဲ့ HG ပြောတာမှာ တူတာ မတွေ့ဘူး။ ထားပါ အရေးမကြီးပါ။

(Rita, if you don't like that people who comments you the view of negative.)
တခါမှ မပြောဖူးပါ။ ကိုယ်နဲ့ မတူတာလာပြောတာနဲ့ပဲ မကြိုက်နိုင်လောက်အောင် တခါမှ မဖြစ်ဘူး။ ကိုယ် အတိအလင်း ပြောထားပြီးဖြစ်။

(Everybody won't comment you positive or very good except your firends or partners.)
အတွေးအမြင် အယူအဆဆိုတာ တူတဲ့လူရှိမယ်၊ မတူတဲ့လူရှိမယ်။ တူရင် ဝမ်းမြောက်ဝမ်းသာ ထောက်ခံကြ၊ မတူရင်တော့ ကောင်းကောင်းမွန်မွန်ပြောတာနဲ့၊ ရင့်ရင့်သီးသီး ရှုပ်ချတာ ၂ မျိုးရှိ။ ကိုယ်က ရင့်ကျက်ပြည့်ဝသူ မဟုတ်။ ဒါကြောင့် မတူတာကို ကောင်းကောင်းမွန်မွန်ပြောရင် ကိုယ်လည်း ပြေပြေလည်လည်ပဲ ပြန်ဆွေးနွေး။ ဒီလိုမဟုတ်ဘဲ ရှုပ်ချချင်တဲ့ ရည်ရွယ်ချက်နဲ့ဆို တန်ပြန်တတ်။

ကိုယ့် အကောင်းမြင်တိုင်း ကိုယ့် သူငယ်ချင်း၊ အသိမိတ်ဆွေ၊ ပါတနာကြီးတွေလို့ ထင်ရအောင် ကိုယ့် အပြင်က သူငယ်ချင်းများ အွန်လိုင်းတွင် စာ လုံးဝ (လုံးဝ) မဖတ်။ ကိုယ့်စာဖတ်ပြီး ထောက်ခံသူ အများစုအား အပြင်မှာ ကိုယ်နဲ့ လုံးဝ (လုံးဝ)မှ မသိကျွမ်း။ အွန်လိုင်းပေါ်ကလူတွေကို အပြင်မှာ တွေ့ဖို့ လုံးဝ (လုံးဝ) စိတ် မဝင်စား။ အနည်းအကျဉ်းတော့ ရှိ။

ထောက်ခံလေတိုင်း ကိုယ့်လူတွေချည်း မမှတ်ပါနဲ့။

Rita said...

(If you are one of the writer in the public, you can accept wherther good or bad comments.)
HG ပြောတာ မှန်ပါတယ်။ လက်ခံရမှာပေါ့။ လက်လည်း ခံတာပေါ့။ ဘယ်လိုဘယ်ပုံ တန်ပြန်တယ် ဆိုတာကတော့ တဘက်လူပေါ် မူတည်ပါတယ်။ အဲလို မူတည်တယ်ဆိုတာကိုက ကိုယ်မပြည့်ဝနိုင်သေးလို့ ဖြစ်။

(If not, try not to write in the public. You said that you are writing for urself, not for public. That's why, nobody need to thank you. If you are not writing for public, you can make ur blog as the invited readers only.)
မှန်ပါတယ်။ ကိုယ့်အတွက်ကိုယ် ကိုယ့်စိတ်ကျေနပ်မှုအတွက်ကိုယ် ရေးပါတယ်။ public ကို ပြထားတာကိုက ကိုယ့်စိတ်ကျေနပ်မှုအတွက်သာလျှင် ဖြစ်ပါတယ်ဆိုတဲ့အကြောင်း ထပ်လောင်း ပြောလိုပါတယ်။ ထပ်လောင်းလို့ ဘာလို့ သုံးလဲ ဆိုတော့ တခါက အဲဒီအကြောင်း ပြောပြီး ဖြစ်လို့ပါ။

အသက်တဝက်လောက် စာရေးချင်လို့ ရေးလာတာမှာ ရေးချင်ရုံသက်သက်နဲ့တင် ရေးပါတယ်။ ဘယ်မှမပို့ ဘယ်သူ့မှ မပြသလောက်ပါ။ နဲနဲပါးပါး သူငယ်ချင်းတွေ ပြတာလောက်တော့ ရှိပါတယ်။ ဘာလို့ ဘယ်မှမပို့သလဲ၊ ဘယ်သူ့မှ မပြသလဲဆိုတော့ မပို့ချင်လို့၊ မပြချင်လို့ပါ။

ခု ဘာလို့ public ပြလဲဆိုတော့ ကိုယ်လုပ်ချင်လို့ပါ။ ဒီလိုပဲ ကိုယ် မပြချင်တော့ဘူးဆိုတဲ့ တနေ့မှာ HG ပြောသလို တယောက်တည်းအတွက်သာ ရေးပါမယ်။ လောလောဆယ် မဖြစ်နိုင်သေးတာအတွက် စိတ်မကောင်းပါ။ အတော်ကို ကြာနိုင်ပါသေးတယ်။ အများကြီး မျှော်လင့်မထားစေချင်ပါ။ တသက်လုံးလည်း မပိတ်ဘဲ ထားချင်ထားလိုက်နိုင်ပါသည်။

(Do you think you are the perfect writer and everybody must comment you very good however you are rude? So crazy and stupid...)

HG မှန်ပါသည်။ သို့သော် ထိုမေးခွန်း မေးရန်မလို။
ကိုယ့်ကိုယ်ကိုယ် ပြည့်ဝတယ်လည်း မထင်၊ ကောင်းမွန်တယ်လည်း မထင်။ ပြောလည်း မပြောစဖူး။ ခု လုပ်နေတာကိုက မကောင်းမှန်းသိပါတယ်လို့တောင် ထည့်ရေးထားပြီးဖြစ်။

ကိုယ်ကတော့ post ထဲမှာ စပြီး ရိုင်းရိုင်းစိုင်းစိုင်း ရေးစရာ အကြောင်းမရှိ။ ကိုယ်နဲ့ အမြင်မတူသူက ကိုယ့်ကို စပြီး ရိုင်းစိုင်းလာရင်သာ တန်ပြန်ချင်တတ်။ ထိုအရာ မကောင်းမှန်းလည်း သိ။

ဒါကြောင့်မို့ (Do you think you are the perfect writer and everybody must comment you very good however you are rude?) ဆိုတဲ့မေးခွန်း မေးရန်မလိုပါ။ အကောင်းချည်း ကိုယ် မမျှော်လင့်။ ကိုယ့် ဝေဖန်သည့်တိုင်၊ ကိုယ်နဲ့ အမြင်မတူသည့်တိုင် မတူတာတွေ့တာနဲ့ ကိုယ် ရိုင်းရိုင်းစိုင်းစိုင်း မတုန့်ပြန်။ သို့သော် ကိုယ်က ပျူငှာပြေပြစ်သူတော့လည်း မဟုတ်။ တိကနဲပြတ်တော့မလိုတော့ အပြတ်ပြောတတ်သည့် သဘောရှိ။ HG အခု မေးခွန်းအား အတိုဆုံး ပြန်ဖြေရရင် "အဲဒီလို လုံးဝ မယူဆ"။

***
ခုလည်း HG အနေနဲ့ ကိုယ့်ကို -ve view ကနေ -ve comment ပေးတယ်လို့ ပြောမယ်ဆို ပြောလို့ရပါတယ်။

အဲဒီအတွက် ကိုယ် ဘာမှ မဖြစ်ပါဘူး။ တချို့ အချက်တွေဆို မဆိုင်တာတွေ ပါပါတယ်။ ဒါလည်း ဘာမှ မဖြစ်ပါဘူး။ ဒါ ဟန်လုပ်ပြောနေတာလည်း မဟုတ်ဘူး။ ဘာလို့ ကိုယ့်ကို အကောင်းမမြင်ပေမယ့် ခု ဒေါသနဲ့ မတုန့်ပြန်လဲဆိုတော့ HG ပြောတာတွေက ကိုယ့်ကို အသလွတ် လာရင့်တာ မဟုတ်လို့။ မတူပေမယ့် နည်းလမ်းကျလို့ပါ။

ဒီလောက်ဆို သဘောပေါက်မယ် ထင်ပါတယ်။ ဝေဖန်တာ၊ မတူတာကို ဘယ်တော့မှ ဆန့်ကျင်ဘက်ကနေ အဆိုးမြင်လေ့ မရှိပါဘူး။ စပြီး လာရင့်သီးရင်တော့ သည်းမခံတတ်ပါ။ ဒါပေမဲ့ လာမရင့်သီးသည့်တိုင် မဆိုင်တာတွေ အကျယ်ချဲ့ပြီး အိညောင့်အိညောင့် လာလုပ်ရင်တော့ စိတ်မရှည်တတ်တော့ အဲဒါမျိုးဆိုလည်း မကောင်းမှန်းသိပေမဲ့ တန်ပြန်တတ်ပါတယ်။

HG ရေးတဲ့ comment မှာတော့ ဒီသဘောတရားတွေ ဘာမှ မပါ။ အဲဒါကြောင့် ကျေကျေနပ်နပ် ကောင်းကောင်းမွန်မွန်ပဲ ပြန်ရေးပါတယ်။ (တမင်ဟန်ဆောင်ထားခြင်း မရှိ)။ YTCY ကို ပြန်ရေးသလိုတောင် တမင်ကျေနပ်ပါစေတော့လို့ ရည်ရွယ်ရင်း မရှိ။

HG ရဲ့ comment ကြောင့် post တင်စရာတော့ မရှိပါဘူး။ ကိုယ် စာရေးပျင်းနေတာ ကြာလှပြီ။

Rita said...

@ YTCY
ခုမှ သတိရလို့။ နောင် အနှစ် 20 တောင် မကြာလောက်ဘူး။ နောင် 5 နှစ်အတွင်းကိုပဲ ဘဘလစ က ကြီးပွားထည်ဝါ မြင့်မားနေလောက်ပြီ။ အဲဒီအချိန်ကျ ကိုယ်က ပညာမပြည့်စုံတော့ ဗမာပြည်ပြန်ပြီး လမ်းဘေးဈေးရောင်းချင်လည်း ရောင်းနေရမှာ။ အဲဒီအခါ တချိန်က သူ့ဒါမျိုးရေးခဲ့လို့ဆို ကိုယ့် ထောင်ထဲ ဆွဲထည့်နိုင်တဲ့ထိ အာဏာရချင်လည်း ရနေမှာနော်။

ပြောရင်းတောင် ကျောချမ်းလာတယ်။

(ထမင်းစားပြီး ခဏနားတုန်း တယောက်နဲ့ ပြောမိတဲ့ အကြောင်းအရာလေး YTCY သိအောင် အကြောင်းကြားပေးတာပါ)

Thu said...

1) Ma Rita, I have son at P1 and toddler daughter. I am afraid of my daughter to become like you as of prompt response, straight words and witty.
However, I won’t regret if my daughter were alike you because of appreciation on people’s intrinsic value.

လူတယောက်၌ အရည်အချင်းပြည့်ဝခြင်းကို တွေ့ရသည့်အခါ သူ၏ အခြားသော ချို့ငဲ့ချက်များကို ခွင့်လွှတ်နိုင်ခြင်းမှာ ကျွန်ပ်၏ ချွတ်ယွင်းချက်ပေလော၊ သို့တည်းမဟုတ် ကောင်းခြင်းတရပ်ပေလော မပြောတတ်ပါ။ (Sayagyi Shwe U Daung)
(http://mayaonlinemagazine.blogspot.com/2010/10/blog-post_12.html)

2) Let me share the following post of Saya Atta Kyaw dedicated to everyone:

“မင်း တစ်ခါ စိတ်တိုတိုင်း၊ တစ်ခါ စိတ်တိုတိုင်း သံတစ်ချောင်းကို နောက်ဖေးက ၀င်းထရံတိုင်မှာ သွားသွားရိုက်ချေကွာ”တဲ့။
အဖေက အဲသလို ပြောပြီး သံထုပ် ပေးလိုက်တဲ့ ပထမနေ့မှာတော့ ကောင်လေးဟာ ၀င်းထရံတိုင်မှာ သံပေါင်း ၃၇ ချောင်းတိတိကို ရိုက်သွင်း ဖြစ်သွားခဲ့ပါတယ်။
(http://atkbooks.wordpress.com/2010/10/10/nails-of-friendship/)

3) What I see is young Myanmar are capable at present era, I do appreciate their works for homeland and wish to see more cohesive.

With Mittar,

Rita said...

@ Thu

အမျိုးသမီးလို့ပဲ ထင်ပါတယ်။
အစ်မ Thu ရေးသွားတဲ့ comment တွေအတွက် ကျေးဇူးတင်ပါတယ်။

(I am afraid of my daughter to become like you as of prompt response, straight words and witty.) ဆိုတဲ့ အချက်ကလည်း ကျွန်မ ခဏခဏ တွေးခဲ့ဖူး၊ လန့်ခဲ့ဖူးတဲ့ အချက်ပါပဲ။

အဲဒါ ခုမှ မဟုတ်ပါဘူး။ အသက် 17/18 နှစ်လောက်က စလို့ စိုးရိမ်ခဲ့ဖူးတာ။ အဲဒီအကြောင်းကို မပြီးသေးတဲ့ fiction ထဲမှာတောင် ထည့်ရေးဖူးသေးတယ်။ ဒါပေမဲ့ witty ဖြစ်မှာတော့ သိပ် စိတ်ထဲ မရှိပါဘူး (နဲနဲကောင်းတဲ့ အဓိပ္ပါယ်နဲ့ စဉ်းစားရင်ပေါ့လေ)။ ကျန်တဲ့ 2 ချက်က ပိုအရေးကြီးတယ် ထင်နေတယ်။

အစ်မ Thu ရေးတဲ့ comment တွေကို တကယ်ပဲ ကျေးဇူးနဲ့ မှတ်ထားပါတယ်။

အန်တီချမ်း said...

အင်း...........
ခေါင်းထဲမှာ မြန်မာလိုတွေးပြီးတော့ တိုက်ရိုက် ဘာသာပြန်ပြီး အင်္ဂလိပ်လိုရေးတဲ့ သုံးတဲ့ သူတွေကို သိပ်အာရုံနောက်တာပဲ
ပိုစ့်နဲ့မဆိုင်ပါ
မြင်ရတာတွေကို သပ်သပ်ဝင်ပြောတာပါ

Rita said...

တချို့က အင်္ဂလိပ်လို ရိုက်ချင်လို့ ရိုက်တာ မဟုတ်ဘူးလေ။ မြန်မာစာရိုက်ဖို့ အခက်အခဲရှိလို့ ရိုက်တာ။ ဘယ်လိုရိုက်ရိုက်ပါ။ သူပြောချင်တာ ကိုယ်သိ၊ ကိုယ်ပြောချင်တာ သူသိရင်ပဲ ပြီးပါတယ်။

Rita said...

YTCY ကို အတည်ပြောပါမယ်။

YTCY ရဲ့ အထင်က ကိုယ့်အနေနဲ့ ဒီ post တွေ ရေးတာဟာ ဘဘလစ ကို အများအမြင်မှာ အထင်အမြင်မကောင်းအောင် ဝါဒဖြန့်တယ်လို့ မြင်ပုံရတယ်။ ဒါကြောင့်မို့ YTCY အနေနဲ့ ဘဘလစ ဘာပဲလုပ်လုပ်၊ ဘာပဲပြောပြော admire ဖြစ်ပြီးသားလို့ လာရေးတယ်လို့ ထင်ပါတယ်။

ကိုယ့်အနေနဲ့ ပြောရရင် ကိုယ် ဒီလိုလုပ်တာနဲ့ လူအကုန်လုံးက သူ့အပေါ် အထင်အမြင်မကောင်း ဖြစ်ကုန်ကြမယ်လို့ မထင်ပါဘူး။ ရှင်းပါတယ်။ ဒေဝဒတ်မှာတောင် နောက်ဆုံးအချိန်ထိ ထောက်ခံသူရှိခဲ့တယ် ဆိုတယ်။ (ဒီနေရာမှာ ဒေဝဒတ် နဲ့ ဘဘလစကို နှိုင်းတာ မဟုတ်ဘူး။ YTCY နဲ့ ကိုယ့်ကြားမှာ မြင်သာမယ့် ဥပမာကို ဝေးဝေးက ဆွဲထုတ်ပြမှ ရမှာဖြစ်လို့)

ခု အားလုံးမုန်းပါတယ်ဆိုတဲ့ တို့ပြည်က လူတွေမှာလည်း သူတို့ကို ထောက်ခံသူတွေ ရှိနေတာပဲ မဟုတ်လား။ ဒီတော့ YTCY ဖြစ်စေ၊ တခြားဘယ်သူပဲ ဖြစ်စေ ဘဘလစ ကို admire ဖြစ်တယ်ဆိုလည်း ကိုယ်က ထူးဆန်းအံ့သြမယ် မဟုတ်ပါဘူး။ (ဒေဝဒတ်မှာတောင် နောက်ဆုံးအချိန်ထိ ထောက်ခံသူရှိနေတုန်းပဲ ဆိုတယ်)

နောက်တခုက လူတွေမှာ တန်ဖိုးထားရာခြင်း မတူဘူး။ ကိုယ့်အနေနဲ့တော့ လူတစ်ယောက်အပေါ်မှာ လေးလေးစားစား အထင်အမြင်ကောင်း ထားနိုင်ဖို့ဆိုရင် အတန်းပညာ၊ မျိုးရိုးအဆင့်၊ ဥစ္စာဓန၊ ရာထူးတွေနဲ့ ဘယ်တော့မှ ဆုံးဖြတ်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ကိုယ့်လို မဟုတ်ဘဲ အတန်းပညာ၊ မျိုးရိုးအဆင့်၊ ဥစ္စာဓန၊ ရာထူး ဆိုတာတွေကြောင့် လေးစားအကောင်းမြင်တတ်တဲ့သူတွေ ရှိတယ်ဆိုလည်းပဲ ဘာမှ မထူးဆန်းပါဘူး။ ဒါမျိုးက ခုမှ ခေတ်စားလာတာ မဟုတ်ဘူးလေ။

***
နောက်တချက်။
YTCY ရော HG ရော လာရေးတာမှာ မင်းရော ဒီလိုလာပြောရင် ဒီလို မတုန့်ပြန်ဘူးလား ဆိုတာမှာ...

ဒီ post ဟာ ဘဘလစ နဲ့ ကိုယ့်နဲ့ တိုက်ရိုက်ပြောကြလို့ ဖြစ်လာတဲ့ ပြဿနာကို တင်ထားတာ မဟုတ်ဘူးဆိုတာ သေချာ highlight လုပ်ပြီး ပြောပြီးသားဖြစ်ပါတယ်။

***
ပြောစရာ ကုန်သွားပြီလို့ ထင်တာပါပဲ။ ကဲ ဘဘလစကို ဆက်လက် admire နိုင်ပါပြီ။

Thu said...

Sorry for my feeble type in Myanmar font. I just used ‘witty’ for sharp, and satire as a kind of humor.
My wife would laugh at me when she see my prefix. It's OK, I warmly accept your message whether bros or sis.
Present posts and contradictions in other blogs let recognize a book " the battles of Myanmar literature" by Maymyo Moe Kyi (i.e. Sayagyi Thakhin Kodaw Hmine Vs. Pali Sayagyi U Lin, Mya Kay Tu).

Rita said...

=D
sorry
စာဖတ်ပြီး အမျိုးသား အမျိုးသမီး ခွဲနိုင်တယ်ပဲ ထင်နေခဲ့တာ။ ဒီတခါတော့ လွဲသွားပါတယ်။ အင်္ဂလိပ်လိုဖြစ်လို့ မှန်းမရတာလဲ ဖြစ်နိုင်ပါတယ်။ (မလျှော့နိုင်ပါ)

မန်းကိုကို said...

ဒေါ်ရီးထာ၊

အရင်တစ်ခါ စီပုံးမှာ ဗေဒင်လိုလိုဟောပြီး နောက်ထားတာ မှတ်မိလား၊ ခုတော့ တည့်တည်ကြီးမဟုတ်တောင် ယောင်ယောင်ကလေးတော့ မှန်သွားပြီပေါ့ :-D

အရမ်း serious ကြီးလုပ်ပြီး ပြန်ရန်တွေ့ဖို့လည်း မစဉ်းစားနေနဲ့ဦးနော။ အားလပ်တုန်း လိုက်လည်ရတာ ပြဿနာကို မီးခွက်နဲ့လိုက်တို့သလို ဆိုလားပဲ ဖြစ်နေအုံးမှာ စိုးလို့ကြိုပြောတာပါ။ တို့အန်တီကြီးက သဘောကောင်းပြီးသားပါ။

အပြန်အလှန်ကိစ္စတွေကို နည်းနည်းတော့ တွေ့မိပါတယ်။ မဝေဖန်လိုပါဘူး။ “ဟ ဘယ်လိုဖြစ်ကြတာတုန်း” လို့ပဲ စိတ်ထဲထားပါတယ်။ ကိုယ်ကိုယ်တိုင် ဗမာစကား မရည်လည်တာလည်း ပါနိုင်ပါတယ် :-)

အပေါ်က တစ်ယောက်ပြောသွားတာလေးပဲ သဘောမတူစရာ နည်းနည်းရှိပါတယ်။ ကိုယ့် personal blog မှာ ကိုယ်ရေးတဲ့ တင်တဲ့ကိစ္စကတော့ လွပ်လပ်ခွင့်ရှိတယ် ထင်ပါတယ်။ ကျေနပ်မှုမရှိတဲ့ အတိုင်းအတာ၊ တုန့်ပြန်ဖို့ သတ်မှတ်တဲ့ အတိုင်းအတာကို ဆုံးဖြတ်ကြရာမှာပဲ ကွာကြလိမ့်မယ် ထင်ပါတယ်။ ဂရုမစိုက်ပဲ ပြစ်ထားလိုက်တာမျိုးကျတော့ ပေါက်ကရလာရေးသူကို လျစ်လျူတာနဲ့ သွားတူသလို ဖြစ်နေတာမို့ တဖက်လူကို ပိုပြီးတော့တောင် ထိခိုက်တယ်လို့ ယူဆချင်ရင် ယူဆလို့ ရနိုင်ပြန်ပါတယ်။

boring zephyr said...

(တီချမ်းက မီးကျိုးမောင်းပျက် ဘိုလိုမဖတ်ချင်ဘူးဆိုလို့ မြန်မာလိုပဲ ရေးသွားတယ်) "YTCY ရဲ့ အထင်က ကိုယ့်အနေနဲ့ ဒီ post တွေ ရေးတာဟာ ဘဘလစ ကို အများအမြင်မှာ အထင်အမြင်မကောင်းအောင် ဝါဒဖြန့်တယ်လို့ မြင်ပုံရတယ်။"

လွဲနေပြီ မရီတာ။ တော်တော်ကြီး လွဲနေပြီ။ ဒီပို့စ်မှာ ကောမန့်လာရေးတာ အဲလိုထင်လို့မဟုတ်ဘူး။ မရီတာအနေနဲ့ "ဘိုဘိုလန်းစင်လိုကောင်ကိုတောင် ဂရုစိုက်တာမဟုတ်ဘူး။ ငါကွ ရီတာ ဘာမှတ်လဲ"ဆိုတဲ့ စိတ်ကူးမျိုးနဲ့ ရေးတယ်ထင်လို့၊ လာပေးကြတဲ့ ကောမန့်တွေကလည်း အားပါးတရ ထောက်ခံတာနဲ့၊ ကိုယ့်ဘလော့ဂ်မှာတောင် သွယ်ဝိုက်သောအားဖြင့် ဝင်ပြီးတော့ (မရီတာအသုံးနဲ့ဆိုရင်) ဆွမ်းကြီးလောင်းကြတာနဲ့ ဖြစ်ပျက်နေတာ ဘယ်လိုမှ သည်းမခံနိုင်လို့ လာရေးရတာ။ ဘိုလိုလန်းစင်ရော မရီတာရောက ကျွန်မဘယ်သူဆိုတာ ဘယ်လို့ဘယ်လိုမှ သိမှာမဟုတ်ဘူး။ နောက်ပြီးတော့ ကျွန်မဘိုဘိုလန်းစင်ကို အထင်ကြီးတာ ဘယ်သူဘယ်ဝါမြေးမှန်း မသိခင်၊ beautyကို ဖတ်ရကတည်းက အထင်ကြီးခဲ့တာ။ နောက်ပြီး နိုင်ငံခြားမှာ ကျောင်းတက်တာကို အထင်မကြီးဘဲ ရွေးခဲ့တဲ့ မေဂျာကို အထင်ကြီးခဲ့တာ။ မရီတာက တကယ့် ပူလောင်နေတဲ့ မိန်းမကြီး ဖြစ်နေပြီ။ ကျွန်မကလည်း မတရားအငြင်းသန်တဲ့အတွက် ဆတ်ဆတ်ထိမခံအောင် ပြန်ငြင်းတာနားလည်ပေးနိုင်တယ်။ ဒါပေမဲ့ မရီတာလိုတော့ တခြားမှာ ဖြစ်ခဲ့တဲ့ဟာကို ကိုယ့်ဘလော့ဂ်မှာ အချိန်ကုန်ခံ၊ အပူလောင်ခံပြီး ပို့စ်သုံးပုဒ်တင်ရလောက်အောင်လောက်တော့ မရူးဘူး။ ကောမန့်လာရေးတာက မရီတာ အထင်အမြင်ပြောင်းသွားပါစေတော့ရယ်လို့ မဟုတ်ဘူး။ ဘိုလိုလန်းစင်ကို ပြောနေတာ ပျောက်သွားအောင်လည်း မဟုတ်ဘူး။ ဒီဘလော့ဂ်မှာ ဒီစာရေးတာကို လာဖတ်ပြီးရင် ဘိုဘိုလန်းစင်နဲ့ မပတ်သက်တဲ့လူအကုန်လုံးက ငါပြောတာ သဘောတူတယ်ဆိုပြီး ကိုယ့်ကိုယ်ကိုယ်မှန်တယ်လို့ သွေးနာထင်ရောက်နေမှာစိုးလို့။ "ငါပြောတာ မှန်ရမယ်လို့ မတွေးထားပါဘူး"လို့ ပြန်ဖြေလည်း ကျွန်မတော့ မယုံဘူး။ အနည်းဆုံး မရှိဘူးဆိုပြီး ကျေနပ်နေမှာပဲ။ ဒါကြောင့် ရှိတယ်ဆိုတာ လာပြတာ။

အရင်ကောမန့်နှစ်ခုက ဘာဖြစ်လို့လဲမသိဘူး။ ပျောက်သွားလို့။ ရောက်မရောက်တော့ မသိဘူး။ ထပ်ခါထပ်ခါဖြစ်သွားတယ်ဆိုလည်း ဆောရီးပဲ။ မရီတာလို လာပြောတဲ့ ကောမန့်လေးတစ်ခုကို ရှူးရှူးရှားရှား (မဖြစ်ချင်ယောင်ဆောင်ပြီး)နဲ့ ပြန်ပြောတာမဟုတ်ဘူးဆိုတာပဲ သိစေချင်တာ။

Rita said...

ဟုတ်တယ်
ပူလောင်တာတော့ အမှန်ပဲ။
မောဟဖုံးနေတော့ ပူတာကို ပူမှန်းမသိတာပဲ ရှိတာပါ။

အထင်ကြီးတယ်ဆိုတာကိုလည်း မထူးဆန်းပါဘူး။ နောက်တခု ကိုယ်ကိုယ်တိုင်တောင်မှ အထင်မကြီးတော့သည့်တိုင် သူတခုခုရေးလို့ ကိုယ်နဲ့ အယူအဆ တိုက်ဆိုင်တာရှိခဲ့ရင် တူတာကို တူတယ်လို့ပဲ မှတ်ယူမှာပါပဲ။

ကိုယ် အများကြီး မဖတ်ဖြစ်ခဲ့ဘူး။ သူများ ပို့ပေးလို့ (အင်တာနက်မှာ အလွယ်ဖတ်လို့ရတာသိပါတယ်။ ဒါပေမဲ့ ရှိသမျှ ဖတ်မိတာတော့ မဟုတ်လို့) ဖတ်မိသမျှမှာ တိုက်ဆိုင်တာ တူတာလည်း ရှိခဲ့တာပဲ။

("ဘိုဘိုလန်းစင်လိုကောင်ကိုတောင် ဂရုစိုက်တာမဟုတ်ဘူး။ ငါကွ ရီတာ ဘာမှတ်လဲ"ဆိုတဲ့ စိတ်ကူးမျိုးနဲ့ ရေးတယ်ထင်လို့)
=)
အထင်အမြင်ဆိုတာ မထူးဆန်းပါဘူး။ ဘယ်လိုထင်ထင် ရပါတယ်။ ဒါဘာဟုတ်သေးလဲ။ ခုလိုကိစ္စမျိုးကို မြန်မာအသိုင်းအဝိုင်းမှာ မိန်းကလေးတစ်ယောက်ကို ဒီ့ထက်မက ဆိုးဝါးတဲ့ အထင်အမြင်နဲ့တောင် ပြောလို့ရပါတယ်။

(ကျွန်မကလည်း မတရားအငြင်းသန်တဲ့အတွက် ဆတ်ဆတ်ထိမခံအောင် ပြန်ငြင်းတာနားလည်ပေးနိုင်တယ်။ ဒါပေမဲ့ မရီတာလိုတော့ တခြားမှာ ဖြစ်ခဲ့တဲ့ဟာကို ကိုယ့်ဘလော့ဂ်မှာ အချိန်ကုန်ခံ၊ အပူလောင်ခံပြီး ပို့စ်သုံးပုဒ်တင်ရလောက်အောင်လောက်တော့ မရူးဘူး)

နားလည်တဲ့အတွက် ကျေးဇူးပါ။ တကယ် စိတ်ရင်းထဲက စကားပါ။ ယုံချင်မှ ယုံပါ။
ကိုယ့်လို မရူးဘူးဆိုတာအတွက်လည်း အဲဒါဟာ ကောင်းပါတယ်။ တကယ်က ဒီလိုကိစ္စအတွက် ဥပေက္ခာပြုနိုင်တာ အကောင်းဆုံးဆိုတာ ကိုယ် နားလည်ပါတယ်။ ဒါဖြင့် ဘာလို့ တုန့်ပြန်လဲ မေးရင် နားလည်တာ တခြား၊ လုပ်နိုင်တာက တခြားဖြစ်လို့၊ တနည်းအားဖြင့် ကိုယ်က မပြည့်ဝသူ၊ ပူလောင်တတ်သူ (zephyr စကားနဲ့ ပြောရရင် ပုထုဇဉ်အရူး ဖြစ်နေလို့ပါ)။

***
ကိုယ် ပြန်မေးချင်မိပါတယ်။ စိတ်ပါရင် ဖြေပေးပါ။ ဒီမှာ မဖြေချင်ရင် ကိုယ့် မေးလ်ကို ပို့လိုက်ပါ။
zephyr ဆိုရင်တော့ (ကိုယ့်ဘလော့ဂ်မှာ အချိန်ကုန်ခံ၊ အပူလောင်ခံပြီး ပို့စ်သုံးပုဒ်တင်ရလောက်အောင်လောက်တော့ မရူးဘူး) ဆိုရင် ဘယ်လို တုန့်ပြန်မှာပါလိမ့်။ အဲဒါကို ကိုယ် သိချင်မိပါတယ်။ ဒီထက်ကောင်းတဲ့ တုန့်ပြန်ပုံမျိုးဆို ကိုယ် ယူသုံးမလို့ပါ။ ဒါမှမဟုတ် လူကြီးလူကောင်းဆန်ဆန် ခွင့်လွှတ်လိုက်မယ်ဆိုတာမျိုးလား။ ဒါဆိုရင်တော့ Zephyr ကို ချီးကျူးရုံသာ တတ်နိုင်ပြီး၊ ကိုယ်လိုက်လုပ်နိုင်မယ် မထင်ဘူး။ ကိုယ်အဲလောက် မရင့်ကျက်လို့။

(ခုဖြစ်တဲ့ ကိစ္စကတော့ အငြင်းအခုန်ဖြစ်နေတာ မဟုတ်ပါဘူးဆိုတာ နားလည်မယ် ထင်ပါတယ်။ လူလည်ကောင်မှာ ကိုယ့် နားရွက် တံတွေးဆွတ်သွားတာမျိုး လုပ်တဲ့အခါမှာ ငုံ့ခံနေမယ် ထင်တဲ့လူကို သူ့အထင်မှားကြောင်း ပြန်ပြတာပါပဲ)

Rita said...

(ကျွန်မဘိုဘိုလန်းစင်ကို အထင်ကြီးတာ ဘယ်သူဘယ်ဝါမြေးမှန်း မသိခင်၊ beautyကို ဖတ်ရကတည်းက အထင်ကြီးခဲ့တာ။ နောက်ပြီး နိုင်ငံခြားမှာ ကျောင်းတက်တာကို အထင်မကြီးဘဲ ရွေးခဲ့တဲ့ မေဂျာကို အထင်ကြီးခဲ့တာ)

ဒါမျိုးတွေ ကိုယ်လည်း ဖြစ်တတ်ပါတယ်။ ကိုယ်နဲ့ zephyr တူတယ်။ ကိုယ့်ဘလော့မှာတောင် အဲလို ရွေးရဲတဲ့ လူမျိုးတွေ အကြောင်း ထည့်ရေးဖူးသေးတယ်။
မတူတာက ဒီလို။ ကိုယ်ကတော့ အတန်းပညာတွေ၊ ရွေးချယ်ဆုံးဖြတ်ရဲတာတွေကြောင့် အထင်အမြင်ကောင်းခဲ့တဲ့သူတစ်ယောက်ကို မမျှော်လင့်ဘဲ သူက သူ့ကို မထိပါးတဲ့လူတစ်ယောက်ကို ရည်ရွယ်ချက်ရှိရှိနဲ့ သေးသိမ်သွားအောင်၊ သိမ်ငယ်သွားအောင်၊ လိပ်ပြာငယ်သွားအောင်ဆိုတဲ့ စိတ်ဓါတ်မျိုးနဲ့ လုပ်ခဲ့ ပြောခဲ့ ကြံစည်ခဲ့မယ် ဆိုရင် ကိုယ့်အနေနဲ့ အဲဒီလို လူမျိုးအပေါ်မှာ အထင်အမြင်ကောင်း ဆက်မထားနိုင်တော့ဘူး။ (ဒါပေမဲ့ သူ့ပညာနဲ့ ပတ်သတ်လို့၊ အယူအဆ၊ အလုပ်အကိုင်တွေနဲ့ ပတ်သတ်လို့ ကောင်းနေ မှန်နေသရွေ့ ကောင်းတယ် မှန်တယ်လို့ပဲ ဆက်အတည်ပြုမယ်) ဒါလေးပဲ ကွာသွားတာပါ။ zephyr တို့ကတော့ သူဘာလုပ်လုပ်၊ သူ့ပညာရည် လုပ်ရည်ကိုင်ရည်ကြောင့် ဆက်လက်ပြီး အထင်ကြီးနိုင်ကြတယ်။ ဒါပဲ ကွာတာပါ။

ကဲ zephyr ဆိုရင် post ၃ ခု တင်ရလောက်အောင် မရူးဘူး ဆိုရင် ဘယ်လို တန်ပြန်မှာလဲဆိုတာ သိချင်မိပါတယ်။

ဆွမ်းကြီးလောင်းတယ် ကိစ္စကိုလည်း ထပ်တူပြုသွားလို့ ပြန်ပြောချင်မိသေးတယ်။
ဘဘလစ လုပ်သွားတာတွေကို ခု ဒုတိယ post မှာ nyo ကို ပြန်ထားတဲ့ comment ကို ပြန်တင်ထားတယ်။
အဲဒီမှာ bold လုပ်ပြီး ပြထားတယ်။
(* လူတယောက်က တခြားလူတယောက်ကို ရင့်သီးနေတာကို ကြားဝင် အားရတာ၊
ခံရတဲ့လူကို ခံသွားရပြီဆိုပြီး လက်ညှိုးထိုး အားရတာ။

* တပါးသူ နှိပ်ကွပ်နေတာကို သူလုပ်နေရတဲ့အတိုင်း ဘေးကနေ ဩဘာပေး အကုသိုလ်ယူတာ၊
သူတပါးနှိပ်ကွပ်ခံရတာကို သူလုပ်လို့ ခံရတဲ့အတိုင်း ဝမ်းမြောက်ဝမ်းသာဖြစ်နေတာ။

* သူ့ထိလို့ တန်ပြန်တာ မဟုတ်ဘဲ သူတပါးကို သိက္ခာမှ ကျပါစေတော့၊ လိပ်ပြာမှ ငယ်ပါစေတော့လို့ ဘေးကနေ ဟေးတိုက်လို့ မောင်းချင်တာ။ အားပေးအားမြှောက်ပြုချင်တာ။

* အဲလိုလုပ်လိုက်ရင် ခံရတဲ့လူက ကြောက်သွားမယ်ထင်ပြီး နှစ်သိမ့်အားရနေတာ။
သူတပါး အကြောက်ကို အရသာခံ ကြည့်ချင်နေတာ။)

အဲဒါ ဘဘလစ ရဲ့ အတွင်းစိတ်ကို သရုပ်ဖော်ထားတာ။ (ဟိုဘက် ဘလော့မှာ ကိုယ်မှားတယ်၊ လွန်တယ်ထင်ရင် မှားတဲ့ လွန်တဲ့ အချက်ကိုပဲ သူကိုင်ပြီး ပြောရမယ်)

ဟုတ်ပြီ။ ဒါဖြင့် zephyr က ကိုယ့်ကို comment လာပေးတဲ့ လူတွေကိုလည်း ဘဘလစ လို လူမျိုးတွေပါပဲလို့ ဆိုလိုထားတယ်။
ဘယ်သူ့ရဲ့ ဘယ်လိုရေးတဲ့ comment က ဘဘလစရဲ့ သိက္ခာကို ထိပါးအောင်၊ လိပ်ပြာကို သိမ်ငယ်အောင်၊ တိရိစ္ဆာန်နဲ့ နှိုင်းပြီး ဝမ်းသာအားရ ပြောထားတာရှိပါသလဲ။ ရှိတယ်လို့ ထောက်ပြခဲ့ရင်၊ ကိုယ် သတိမထားမိဘဲ တင်မိသွားခဲ့ရင် ပြန်ဖျက်ပေးဖို့ မေးတာပါ။

ကိုယ် တင်ထားသမျှဟာ သူ့စကားလုံးတွေချည်းပဲ။ သူ့စကားလုံးတွေ ဆိုတာက ကိုယ့်ကို တိုက်ရိုက်ပြောခဲ့တာဖြစ်လို့ သူ့အတွင်းစိတ်ကို သူ့စကာလုံးတွေက တဆင့် ပုံဖော်ပြီး အထက်က * ပြထားတဲ့ အချက်တွေနဲ့ ပြန်တင်လိုက်တာ။ ဒီတော့ ကိုယ်တင်လိုက်လို့တော့ သူသိက္ခာကျစရာ မရှိဘူး။ သူ့ဘာသာ သိက္ခာကျရာ ကျကြောင်း လုပ်ထားလို့ ကျတာပဲ။

ပူလောင်နေတယ်ဆိုတာတော့ zephyr မပြောလည်း ကိုယ့်ဘာသာ သိပါတယ်။
ပုထုဇဉ်တွေ ရူးလို့ ဖြစ်နေကြတာ... ဖြစ်သမျှက အပူတွေချည်းပါပဲ။

ကေ ပြန်စာ မျှော်နေမယ်။

Rita said...

သူ့ဘာမှ မထိပါး မပြောဆိုရပါပဲ အသလွတ်ကြီး ကိုယ့်လာ ထိပါး စော်ကားတဲ့ စကားမျိုး ပြောချင်တဲ့ ပြောသွားတဲ့ လူမျိုးကို (("ဘိုဘိုလန်းစင်လိုကောင်ကိုတောင် ဂရုစိုက်တာမဟုတ်ဘူး။ ငါကွ ရီတာ ဘာမှတ်လဲ"ဆိုတဲ့ စိတ်ကူးမျိုးနဲ့ ရေးတယ်ထင်လို့)) လို့ပဲ ဖြစ်ရသေးတယ်။

ဘယ်သူ ဘယ်ဝါ ဘာကောင်ကြီးပဲ ဖြစ်ဖြစ် ငုံ့ခံနေရမယ့် အာဏာလက်နက်သော်လည်းကောင်း၊ ဖြောင့်မတ်မှန်ကန်မှု ဂုဏ်သိက္ခာသော်လည်းကောင်း မရှိလေတဲ့လူတစ်ယောက်ရဲ့ အသလွတ် ဝင်ရင့်သီး နိုင်စားလိုတဲ့ စိတ်ဓါတ်ကို ဘယ်လိုစိတ်ကူးနဲ့ တုန့်ပြန်တယ်ဆိုတော့ရော ဘာထူးခြားသွားလို့ပါလိမ့်နော်။

Rita said...

စိတ်စေတနာဆိုတာ ပြောတဲ့လူထက် ဘေးကလူက (သို့) အပြောခံရတဲ့သူက ပိုခံစားလို့ရတာ အမှန်ပဲ။

ကွန်မန့် လာရေးကြတဲ့လူတွေထဲမှာ ဘယ်သူဟာ ဘယ်လို စိတ်သဘော၊ ဘယ်လို စေတနာနဲ့ လာရေးတယ်ဆိုတာ ကိုယ်သေချာ ခံစားမိပါတယ်။

ရေးတဲ့ ကွန်မန့်တွေဖတ်ပြီး စိတ်အေးလက်အေး ရေးသွားသလား၊ ပူပူလောင်လောင်နဲ့ သူများကို ထိပါးစေချင်တဲ့ စိတ်စေတနာနဲ့ ရေးသွားသလားဆိုတာလည်း ဖတ်ရတဲ့လူက သိတာပါပဲ။

=)

Rita said...

ကိုယ်ကတော့ အတန်းပညာတွေ၊ ရွေးချယ်ဆုံးဖြတ်ရဲတာတွေကြောင့် အထင်အမြင်ကောင်းခဲ့တဲ့သူတစ်ယောက်ကို မမျှော်လင့်ဘဲ သူက သူ့ကို မထိပါးတဲ့လူတစ်ယောက်ကို ရည်ရွယ်ချက်ရှိရှိနဲ့ သေးသိမ်သွားအောင်၊ သိမ်ငယ်သွားအောင်၊ လိပ်ပြာငယ်သွားအောင်ဆိုတဲ့ စိတ်ဓါတ်မျိုးနဲ့ လုပ်ခဲ့ ပြောခဲ့ ကြံစည်ခဲ့မယ် ဆိုရင် ကိုယ့်အနေနဲ့ အဲဒီလို လူမျိုးအပေါ်မှာ အထင်အမြင်ကောင်း ဆက်မထားနိုင်တော့ဘူး။ (ဒါပေမဲ့ သူ့ပညာနဲ့ ပတ်သတ်လို့၊ အယူအဆ၊ အလုပ်အကိုင်တွေနဲ့ ပတ်သတ်လို့ ကောင်းနေ မှန်နေသရွေ့ ကောင်းတယ် မှန်တယ်လို့ပဲ ဆက်အတည်ပြုမယ်)

***
ဒါပေမဲ့ သိပ်တော့ မထင်ဘူး။
ပြီးတော့ သံသယနဲ့ပဲ အရင်ကြည့်ဖြစ်လိမ့်မယ်။

(အဲဒါ ကျန်နေခဲ့လို့)