Friday, October 22, 2010

ဘိုဘိုလန်းစင် နှင့် စစ်ကူများ

printscreen ဖမ်းထားတာ (၁)
facebook က note ကို pdf ပြောင်းထားတာ (၂)

ကိုယ့် ဦးလေးက သူ့အဒေါ်ဆိုင် စောင့်ပေးတာ ဆိုပဲ။ ဟုတ်ရင်လည်း ဟုတ်ပါလိမ့်မယ်။ ဆွေခုနစ်ဆက် မျိုးခုနစ်ဆက် လိုက်ကြည့်ရင် ပြည့်ရှင်မင်းအစ သူဖုန်းစားအဆုံးရှိနိုင်တာ ကိုယ်သိနိုင်တာ မှတ်လို့။ ကိုယ့်ဘာသာတော့ သူတို့ ကြားဖူးရုံရှိတာ... ဒီလို ဆွေကြီးမျိုးကြီးတွေနဲ့ မပတ်သတ်ဖူးပါဘူး ထင်နေမိတာ။

facebook က ကိုယ့် friend list မှာ သူ့လို ဆွေကြီးမျိုးကြီးတွေ လိုက်အဒ် ထားတာလည်း မဟုတ်တော့ မမြင်ရပါဘူး။ ဒါပေမဲ့ ဒီကနေ့ ဘလော့မှာ fb ကနေ အဝင်များနေတာ ပုံမှန်မဟုတ်ဘူးလို့တော့ သိနေတယ်။ ဒါ အသိတယောက်က မေးလ်နဲ့ ပို့ပေးလို့ ဖတ်ရတာပါ။

ကိုဝတုတ်ကိုတော့ ကြောက်လို့ ပြန်မပြောရဲဘဲ သူ့ရမ်းတယ်လို့ ဆိုပါတယ်။
ကိုဝတုတ်ဟာ တိုက်ရိုက်ပြောရမယ့်သူဖြစ်လို့ တိုက်ရိုက် မေးလ်နဲ့ပြောပြီးဆိုတာ ထည့်ရေးခဲ့ပြီးဖြစ်ပါတယ်။ သိချင်ရင် ဘာတွေပြောလဲ ကိုဝတုတ်ကိုသာ တိုက်ရိုက်မေးပေတော့...

ကြောက်မလားဆိုပြီး ဘာမှလည်း မဆိုင်ဘဲ ဆွမ်းကြီးဝင်လောင်းတဲ့ အထာနဲ့ ခြောက်ကြည့်တာ မရတော့ ရမ်းတယ်ဖြစ်ရပြန်ရော။ သူနဲ့လည်း ဖြစ်တာမဟုတ်ဘဲ မနေနိုင်မထိုင်နိုင် ဆွမ်းကြီးဝင်လောင်းတဲ့ စိတ်ဓါတ်ကို ဒီလိုအတိုင်းလေးပဲ ခေါင်းငုံ့ပြီး ခံနေမယ်လို့ ထင်တာများ အံ့တောင်သြယူတယ်။ တကယ်။

သူ့ကြောက်ရအောင် သူ့မှာ လူတွေကြောက်ရမယ့် သေနတ်ရှိလို့လား။
ဒါမှမဟုတ် လေးစားပြီး ကြောက်ရွံ့ရမယ့် ဖြောင့်မတ်တဲ့ ဂုဏ်သိက္ခာရှိလို့လား။
အဲဒါလေးပဲဖြေ။ အဲဒီနှစ်ခုထဲက တစ်ခုခု ရှိအောင်လုပ်။
ဒါမှ လူရှိန်မှာ။

အဘိုးအဘွား ကောင်းမှုနဲ့ လူထု ဆိုတဲ့ နာမည်ရှိရုံ၊ ဘိလပ်မှာ ကျောင်းတက်ရုံနဲ့တော့ (အထင်ကြီးတဲ့လူလည်း ရှိမှာပေါ့လေ) ဘယ်သူကမှ ရှိန်ပြီး ကြောက်သွားမှာ မဟုတ်ဘူး။ မယုံရင် အဲဒီလို ဆွမ်းကြီးဝင်လောင်းတဲ့ နည်းမျိုးနဲ့ ဘယ်သူ့မဆို သွားစမ်းကြည့်ပါလား။ အကုန် ပြန်ပက်တာ ခံရမှာပဲ။ သတ္တိရှိရင် လုပ်ကြည့်လိုက်။

word file နဲ့ ကူးထားတာလေး ဖတ်ပြီးတော့ ဘယ်သူက ဘယ်သူ့ကို ပြန်မပြောရဲလို့ ဘယ်သူ့ရမ်းတယ်ဆိုတာ စဉ်းစားဖို့ပါပဲ။

မှတ်တမ်း သက်သက်ပါ။ လုံးဝ (လုံးဝ) စိတ်မဆိုးပါ။

ကိုယ်ကတော့ လူတယောက်ကို မကျေနပ်တာနဲ့ သူ့အမူအကျင့်မကြိုက်တာနဲ့ အဲဒါလေးကြည့်ပြီး၊ သူနဲ့ပတ်သတ်တဲ့ ဆွေမျိုးတစ်စုလုံး တန်ဖိုးဖြတ်လိုက်တာမျိုး အဓိပ္ပါယ်ရှိတယ် မထင်ပါ။ ဒါကြောင့်မို့ ကိုယ်တောင်မသိတဲ့ ကိုယ့်ဆွေမျိုးထည့်ပြီး စော်ကားမော်ကားပြောလည်း ဘာမှ မဖြစ်။ (သူ့ဘာသာသူ လုပ်ချင်လည်း လုပ်နေမှာပေါ့။ တကယ်သာဆိုရင် အဲဒီလူကဖြင့် လူထုမှာလုပ်ရလို့ ဂုဏ်တောင်ယူနေဦးမလားမသိ။ အမှန်ကတော့ ဘာမှ ထူး ဂုဏ်ယူစရာ မရှိပါဘူး။ လူထုမျိုးဆိုတာလည်း လူပြောသူပြောနဲ့ပဲ သိတာ။ ဘာ ဆိုတာ နောက်ကြုံမှ အပျင်းပြေ စုံစမ်းကြည့်ဦးမယ်။) ဆွေ ၇ ဆက် မျိုး ၇ ဆက်မှာ မြင့်တာရော နိမ့်တာရော အုတ်အရော ကျောက်အရောရော ကိုယ်လည်း အကုန် မသိနိုင်။ ဒီထက်ဆိုးတာတွေလည်း ရှိနိုင်တာပဲ။


(Update: ကိုယ့်အမျိုးထဲက လူထုအမျိုးဆီ ဆိုင်စောင့်လုပ်တယ်ဆိုတာနဲ့ ကိုယ့်မှာ အရှက်မှရပါစေတာ့ သိက္ခာမှကျပါစေတော့လို့ စေတနာထားပုံရပါတယ်။ ဂုဏ်သိက္ခာကျရအောင် လူထုမျိုးဆိုတာ အဆင့်မရှိလို့လား၊ မဟုတ်တာလုပ်နေလို့လား၊ အဲဒီဆိုင်ဆိုတာက လူ့ကျင့်ဝတ်နဲ့ မညီတဲ့ဆိုင်မျိုးဖြစ်နေလို့လား။

သူပြောချင်တဲ့ စကားလည်း သူ့ဘာသာ ဘယ်ရောက်လို့ ရောက်မှန်းသိပုံမပေါ်ဘူး။ ဆိုင်စောင့်တာဟာ ကိုယ့်တို့မျိုးရိုးကို အိုးမဲသုတ်နေတာ မဟုတ်ဘူး။ မျိုးရိုးကို အိုးမဲသုတ်တဲ့လုပ်ရပ်ဆိုတာ ဘာလဲလို့ မသိရင် fb မှာ သူ့ဘာသာတင်ထားတဲ့ Note ကို သူ့ဘာသာပြန်ဖတ်နေဖို့ပဲ ရှိတယ်။ စိတ်ဓါတ်တင် မရှိဘူးထင်တာ။ တကယ်က ဦးနှောက်ပါ မရှိတာကို)

ဒါပေမဲ့ မဆီမဆိုင် ဂျူး ပါ ပါသွားတာတော့ စိတ်အနှောင့်အယှက်ဖြစ်မိတယ်။
သို့သော်လည်း စကားဆိုတာ ပြောတဲ့လူကိုပဲ ပြဋ္ဌာန်းလို့ရတယ်။ အပြောခံရတဲ့လူကို ပြဋ္ဌာန်းလို့မရဘူး ဆိုတာပဲ ပြန်စဉ်းစားလိုက်ပါတယ်။ ကိုယ့်ကိစ္စနဲ့ မဆီမဆိုင်ပါသွားလေတဲ့ ဂျူးအတွက် အဲလိုပဲ ဖြေလိုက်တယ်။

(သူများက သူ့ရေးပို့တဲ့ ပုံစံနဲ့ ရေးထားပေမယ့် တကယ်က သူ့ဘာသာပဲ ရေးထားတာလည်း ဖြစ်နိုင်သေးတယ်)

***

မှတ်တမ်းသက်သက်ပါ။

လူထု မျိုးဆက်ပါဆိုတဲ့ ဘိုဘိုလန်းစင်ရဲ့ ပုံကတော့ တဖြည်းဖြည်း ပေါ်သထက် ပေါ်လာတယ်။ ကိုယ်ကတော့ "နှုတ်ကြမ်းရင် ဘာ ကိုယ်ကြမ်းရင် ဘာ" ဆိုတဲ့ ဆိုရိုးတွေကို လက်ကိုင်သုံးပြီး သားသမီးမကောင်းတာ မိဘပုံချတဲ့ ဗမာတွေရဲ့အကျင့်ကို ကြိုက်သူ လက်ခံသူ မဟုတ်ဘူး။ ဒါ ဗမာတွေ အမြင်ကျဉ်းတာ ပြရာရောက်တဲ့ ဆိုရိုးတွေ လို့ ထင်တယ်။

သူ လုပ်တဲ့ကိစ္စဟာ သူ့ကိစ္စပဲ။ သူ့အမျိုးကိစ္စ မဟုတ်ဘူး။

တခုပဲ ရှိတယ်။
တမျိုးလုံးက တသက်လုံး ထူထောင်လာတဲ့ ဂုဏ်သိက္ခာအောက်မှာ နေဖို့ မထိုက်တန်တဲ့ အမူအကျင့်ရှိသူလို့ပဲ သတ်မှတ်ရမယ် ထင်တယ်။

24 comments:

ကိုပေါ said...

ဟားဟား... ဆဲနတ္ထပကာသနီထဲမှာ ကျနော့်နာမည်တောင် တွေ့လိုက်သေးတယ်ဗျိုး။း-)

PN said...

တဖြည်းဖြည်းနဲ့ ရုပ်လုံးတွေပေါ်လာလိုက်တာများ မန်းလေးကလူတွေ ယဉ်ကျေးတယ်ဆိုတာ ဒါမျိုးလားတောင် တွေးယူရတယ်။ မဆိုတဲ့ အမျိုးသမီး နာမည်နဲ့ရေးထားတာကလဲ ယောက်ပြားတစ်ယောက်က ရေးထားတာလားထင်ရတယ်နော်။ ကြမ်းတမ်း၊ ရိုင်းပျလိုက်ပုံက။ သူ့အဆင့်နဲ့သူပေါ့။

:P said...

အဲဒီ PDF File ထဲက စာရေးဆရာမ ဘယ်သူဆိုတာသိရင် သူ(အဲဒီစာရေးဆရာမ)ူရေးတဲ့စာ တစ်သက်လုံးမဖတ်ပဲ သပိတ်မှောက်လိုက်မယ်။

ကိုပေါ said...

ဆဲနတ္ထပကာသနီဆိုတာထက် မောင်သာရရဲ့ ဝတ္ထုခေါင်းစဉ်နဲ့ဆင်တူအောင် “ဆဲမမ ပကာသနီ” ဆိုရင် ပိုကောင်းမယ်ထင်တယ်။ ဂျူးကိုလည်း ဘလိုင်းကြီး ဆော်လိုက်သေးတယ်။ ရေမျောသီးဝတ္ထုထဲက “လူတယောက်ကို နောက်မှနေ၍ အလစ်ချောင်းရိုက်တတ်သော သတ္တ၀ါအမျိုးအစားကို လူဟုခေါ်ရာမှာ နည်းနည်း စဉ်းစားဘို့ကောင်း၏။” ဆိုတဲ့ စာကြောင်းလေးကို သတိရမိတယ်။

:P said...

- ဒီnote က စာရေးဆရာမဆိုသူက ဖဘမှာ tag လိုက်တယ်ဆို ထားလိုက်တော့။
- ကိုယ့်ဆီကို အီးမေးလ်နဲ့ ဖြစ်စေ၊ တခြား တစ်နည်းနည်းနဲ့ဖြစ်စေရောက်လာတဲ့ စာကို ကိုယ်က note အနေနဲ့ ပြန်တင်တယ် ဆိုရင်တော့ အံ့သြစရာပဲ။ ဒီလောက်ရိုင်းပျတဲ့စာကို ကိုယ့် စာမျက်နှာ အညစ်ပေခံပြီး တင်ရဲတယ်။
- ကိုယ်ကိုယ်တိုင်ရေးပြီး သူများပို့တဲ့စာလို လုပ်တယ်ဆိုရင်တော့ ပြောစရာကို မရှိတော့ဘူး။

:P said...

"ဘိုဘိုလန်းစင် ဒါကို ငါတို့ blog မှာ ဘာလို့ လာတင်တာလဲ။ ဒီ blog က ရန်ဖြစ်ဖို့ ထောင်ထားတဲ့ နေရာမဟုတ်ဖူး။ ကိုယ့်နေရာကိုယ်သိ။ ဒီလောက်ပဲ ပြောမယ်။" ဆိုတဲ့ ကောမန့် "ဇီဇဝါ"က ပြန်ရေးပြီးမှ အားအားယားယား လက်ကမြင်းပြီးဖွင့်ထားတဲ့ လမ်းဘေးအိမ်သာလိုဘလော့တွေမှာ သွားသွားကွန်မန့်မရေးပါနဲ့ ဆိုတဲ့ စကားလုံး ပါလာတယ်။

Younggun said...

အစ်ကို ရွာပြင်ထုတ်ခံရမယ်.. အမှန်တွေ ပြောလွန်းလို့..

Rita said...

စာရေးဆရာကို ဝေဖန်ချင်ရင် သူရေးတဲ့စာပဲ ဝေဖန်သင့်တယ် ထင်တယ်။ လူတိုင်းကတော့ အကြိုက်မတူနိုင်ဘူး။ သူလည်း သူ ယုံကြည်တာ သူရေးမှာပဲ။

ကွယ်ရာမှာ ကိုယ်ရေးကိုယ်တာ ဆွဲထည့်ပြောပြီး အပုတ်ချတာလောက် ရုပ်ပျက်တာတော့ ရှိတယ် မထင်ဘူး။

အဲဒီကိုယ်ရေးကိုယ်တာမှာမှ ရုပ်ရည်ရူပကာဆိုတဲ့ အပေါ်ယံကိစ္စနဲ့ ပတ်သတ်ပြီး ပြောတာမျိုးဆိုရင်တော့ ပြောစရာ စကားကို မရှိတော့ဘူး... ပုတ်ခတ်သူရဲ့ အဆင့်က ဘာဆိုတာကို။

ဇွန်မိုးစက် said...

pdf file ဖတ်ရတာ အကုသိုလ်များလိုက်တာ ရီတာရယ်။ စလုံးက ဘလော့ဂါတွေကို ပုတ်ခတ်စော်ကားထားတာရော၊ ဂျူးကိုပါ ဝင်ဆွဲထည့်ပြီး ပြောသွားတာ မနှစ်မြို့စရာကောင်းလိုက်တာ။
ရီတာထင်သလိုပဲ ကိုယ်တိုင်ပြန်ပြီး လုပ်ကြံရေးထားသလား ထင်မိတယ်။
ရေးထားတာတွေက ရိုင်းပြရင့်သီးလွန်းတော့ နောက်တစ်ခါ ထပ်ဖတ်ချင်စိတ်ကို မရှိတော့ဘူး။

ကိုယ်သာဆို အကုသိုလ်ပွားသူများလို့ နာမည်ပေးမိမလားဘဲ။

PN said...

နောက်တခါထပ်ပြီး ကွန်မန့်ပေးချင်လို့။ မရီတာရဲ့ စာဖတ်ပရိတ်သတ်နဲ့ ဘလော့ဂါအပေါင်းအသင်းတွေက သူတို့ standard နဲ့ဆို တော်တော်လေး အဆင့်နိမ့်တယ်ပြောရမယ်နော်။ သူတို့လို အဆင့်မရှိ။၊ ပညာမတတ်ရှာကြတော့ မရီတာဘက်ကနေ သူတို့လို မိုက်မိုက်ရိုင်း တုံ့ပြန်မပြောကြလို့ပါ။ :-D အဲလိုမျိုး အရမ်းအရမ်းကို ပညာတတ်၊ စာတတ်၊ အဆင့်ရှိတဲ့ မိုက်မိုက်ရိုင်းရိုင်းဆဲစာမျိုးရေးပြီး ကိုယ့်အဆင့်ကို မြှင့်တင်ပေးနိုင်မယ့် သူငယ်ချင်းမျိုး မနှေးအမြန်ရှာသင့်ပါပြီ မရီတာ:-D

TZA said...

အလို.. ဒီလိုအဖြစ်မျိုး တကယ်ရှိတယ်လား.. မယုံနိုင်စရာပဲ..

ADMIN said...

ပြဿနာရဲ့ နိဒါန်းက စကားလုံးအသုံးအနှုံး အပေါ်မှာ အခြေခံပြီး အစပြုခဲ့တာပါ။ ဆွေနဲ့ မျိုးနဲ့ ထိခိုက်လာတော့ နောက်ပိုင်းမှာ ကိုယ်ဖော်ပြနိုင်တဲ့ နေရာတစ်ခုဆီမှာ တဖက်စောင်းနင်းပြီး တစ်ယောက်နဲ့ တစ်ယောက် ဖော်ပြခဲ့ကြပြီး ကိုယ့်ပရိတ်သတ်ဆီက ထောက်ခံမှုတွေ ယူခဲ့ကြတယ်။

မလိုအပ်ပဲ အနိုင်လိုချင်စိတ်တွေနဲ့ အားလုံးသိမ်းကျုံးပြီး

”လူထုမျိုးဆက်၊ မရှိတော့တဲ့ အဖိုးတွေအဖွားတွေ၊ ဂျူး၊ နအဖ၊ ချေးပေါ သေးပေါ ဘလော့ဂါစုတ်တွေ”

ဆိုပြီး မဆိုင်တဲ့လူတွေကိုပါ ဆွဲထည့်လာကြတယ်။ မဆိုင်တဲ့အကြောင်းအရာတွေကိုလည်း ထည့်ပြောလာကြတယ်။

တစ်ဦးချင်း ဆိုင်တဲ့ ပြဿနာကနေ တဖြည်းဖြည်းနဲ့ အများနဲ့ဆိုင်တဲ့ ပြဿနာကြီး ဖြစ်လာအောင် ဖန်တီးနေသလိုပါပဲ။ မတော်တဆ လမ်းသွားရင်း ပုခုံးချင်း ဝင်တိုက်တာကို ပြဿနာမဖြစ်အောင် ထိန်းနိုင်ရင် အကောင်းဆုံးပါ။ ပြဿနာ ဆက်လုပ်ချင်တယ်ဆိုရင်လည်း နှစ်ဦးနှစ်ယောက် အပြန်အလှန်ပြောဆိုနိုင်တဲ့နည်းလမ်းတွေ အများရှိနေဒါကြောင့် တစ်ယောက်ကွယ်ရာမှာ တစ်ယောက်က ကိုယ်ပြောချင်တာတွေချည်းပဲ တစ်ဖက်သက်ပြောနေကြတာကို မသုံးသင့်ပါဘူး။ ဒီနည်းလမ်းက ပြဿနာတစ်ခုကို အကောင်းဆုံး ဖြေရှင်းနည်း မဟုတ်ပါဘူး။ တစ်ယောက်ရှိနေတဲ့နေရာတွေ တစ်ယောက်သိပြီး ဖြစ်နေလို့ ကိုယ်စားလှယ်နဲ့ ပြောတာတွေ၊ သူ့ဆီမှာ ဖတ်ရုံပဲဖတ် ပြန်လာပြီး ကိုယ့်ဆီရောက်မှ ကိုယ်ပြောချင်တာပြောတာတွေ လုပ်နေမယ့်အစား အချင်းချင်း တိုက်ရိုက် အပြန်လှန်ပြောဆိုသင့်ပါတယ်။

ပြီးမှ စာဖတ်သူတို့ သိသင့်တယ်လို့ ယူဆလျှင် (သို့) ဖတ်လို့ အကျိုးရှိစေမယ်လို့ ယူဆထားလျှင် (သို) မိမိဆန္ဒအရ ဖော်ပြချင်လျှင် ပြန်လည် တင်ပေးတာ ပိုကောင်းပါတယ်။

Rita said...

(ပြဿနာရဲ့ နိဒါန်းက စကားလုံးအသုံးအနှုံး အပေါ်မှာ အခြေခံပြီး အစပြုခဲ့တာပါ)

စိတ်ဓါတ်ပေါ်မှာ အခြေပြုတာပါ။

(ဆွေနဲ့ မျိုးနဲ့ ထိခိုက်)
ထိခိုက်တဲ့စကားလုံး တစ်လုံးမှ မသုံးမိသေး။

(သူ့ဆီမှာ ဖတ်ရုံပဲဖတ် ပြန်လာပြီး)
အဲဒါကို သူ့ဘက်ကပဲ လုပ်လို့ရတယ်။ ကိုယ့်ဘလော့က အကုန်မြင် အကုန်ရေးလို့ရအောင် ဖွင့်ထားတာဖြစ်လို့ပါ။ ကိုယ့် fri list မှာ မသိတဲ့သူ မရှိပါ။ ဒါကြောင့် ကိုယ်က သူ့ fb မှာ တင်တဲ့ note ဝင်ဖတ်လို့ မရပါ။ အသိတယောက်က ပို့ပေးလို့ ဖတ်ခဲ့ရတာဖြစ်ပြီး၊ မဟုတ်ရင် ကွယ်ရာမှာ ဘာပြောတယ်ဆိုတာ သိတောင် သိလိုက်မှာ မဟုတ်ပါ။

SLIP ပြောတဲ့ နှစ်ယောက်သီးသန့်ပြော ဆိုတဲ့ အချက်က ဘေးလူအနေနဲ့ ပြောသင့်တဲ့ အချက်၊ ဆီလျော်တဲ့ အချက်ပါ။

ဒါပေမဲ့ ကိုယ်က SLIP ကို ပြန်မေးစရာရှိပါတယ်။
SLIP သာဆိုရင် မဆီမဆိုင်ဘဲ ကိုယ့်ကို လူသိရှင်ကြား ဆွမ်းကြီးလောင်းသွားတဲ့လူကို လူမသိသူမသိ ကြိတ်ပြီး ဖြေရှင်းပါ့မလား ဆိုတာပါ။

ကိုယ်ကတော့ မလုပ်နိုင်ပါ။
ကိုယ် သူ့ အသိုင်းအဝိုင်း မထိပါ။ ဘယ်သူဆိုတာကို ကိုယ်သိလို့ သိကြောင်းပြရုံပါပဲ။ နောက်ဆုံး ထိခိုက်ပြောတယ်ဆိုဦးတော့ ကိုယ့်အယူအဆအရ စကားလုံးနဲ့ သူတပါး ဂုဏ်သိက္ခာကို ထိပါးလို့ မရပါ။ ဒေါသ မာန်မာနကိုသာ ထိပါးလို့ရတယ်။ စကားလုံးဆိုတာ ပြောတဲ့လူရဲ့ ဂုဏ်ကိုပဲ ပြနိုင်တယ်။ အပြောခံရတဲ့လူရဲ့ ဂုဏ်ကို ချပစ်လို့မရဘူး။

ဒါပါပဲ။

စိတ်ပါရင်တော့ ကိုယ်မေးတာလေး ပြန်ဖြေပါဦး။
(SLIP သာဆိုရင် မဆီမဆိုင်ဘဲ ကိုယ်က သူ့ စပြီး မထိခိုက် မတိုက်ခိုက်ရပါဘဲ ကိုယ့်ကို လူသိရှင်ကြား ဆွမ်းကြီးလောင်းသွားတဲ့လူကို လူမသိသူမသိ ကြိတ်ပြီး ဖြေရှင်းပါ့မလား ဆိုတာပါ။)

Rita said...

အမှန်တော့ သူက လူထုမြေးဖြစ်ဖို့ မကောင်းဘူး။ ဟိုလူတွေ မြေးပဲ ဖြစ်ဖို့ကောင်းတာ။ အဲဒီအချိုးမျိုး လာချိုးချင်နေတာ။

လူတွေအပေါ်မှာ အဲဒီအချိုး ချိုးချင်ရင် အဲဒီအဆင့်ရောက်အောင်သာ လုပ်ပေတော့။ ဒီတိုင်းတော့ မရဘူး။

ဗမာပြည်က လူသိများတဲ့ မျိုးဆက်ရဲ့ မြေးဖြစ်ရုံ၊ ဘိလပ်မှာ ကျောင်းတက်နိုင်ရုံနဲ့ သက်ဦးဆံပိုင် ကိုယ်တော်လေးလိုလို ကိုယ့်ဘာသာ ထင်နေလို့ မရဘူး။ စကားတခွန်းထွက်တာနဲ့ လူတွေအကုန် ကြောက်ရမယ်လို့များ စိတ်ကူးယဉ်နေသလား မဆိုနိုင်ဘူး။

Rita said...

တင်တဲ့နေ့က အလုပ်ကတဖက်နဲ့မို့ သေချာ မဖတ်လိုက်ရဘူး။ Pdf က စာကိုယ်ကိုရော ကွန်မန့်တွေကိုရော လျှမ်းသာ ဖတ်လိုက်မိတာ။

ခုမှ အားတုန်း သေချာပြန်ဖတ်တော့... ထားထားမြင့် ဆိုတဲ့ တယောက် ရေးတာကို ပြန်ထားတဲ့ ဘဘလစ ရဲ့ တလွဲကွန်မန့်က ဟာသမြောက်နေတယ်။

ထားထားမြင့်က သူ့စာထဲက "မ" ဆိုတာကို ညွှန်းပြီး ပြောတာ... သူက ဘယ်သူ့ ပြောတယ်ထင်လို့ ဝမ်းသာအားရ ထောက်ခံနေတယ့် မသိ။
:D :D :D

ဟိုက "ဆဲ" ဆိုတဲ့ စကားလုံးနဲ့ အတိအကျ ညွှန်းပြီး ပြောတာတောင် သူ့ "မ" ကို ပြောလို့ ပြောတာမှန်း မသိရှာဘူး။

လိုအပ်ရင် ဦးရှံစားရဲ့ မှန်ဘီးလူးပါ ရှာပေးလိုက်မယ်။ ကိုယ့် post ထဲမှာ "ဆဲ" ဆိုတဲ့ စကားလုံးနဲ့ ညွှန်းပြီး ပြောစရာ ပါ မပါ ရှာရအောင်လို့။ ဘေးလူက မြင်တယ်။ သူ့ဘာသာ မမြင်ဘူး။ ဟာသပဲ။

ကိုပေါ said...

ရီတာတယောက် တယ်လဲ မျက်စိသျှမ်းသကိုး။ “အိုးပင်းဂေါက်” လို့ သူထင်တဲ့ လူရဲ့ စာကို သူဖေ့စ်ဘွတ်မှာ တင်ပါ့မလားခင်ဗျ။ ကျနော်တော့ ဖတ်ရင်းနဲ့ အဲသည်နေရာရောက်တော့ ချက်ချင်း သတိထားမိပြီး တယောက်တည်း ရယ်လိုက်ရတာ။ အိမ်ပြန်ရောက်တော့လည်း မဒမ်ပေါကို ဖတ်ပြရင်းနဲ့ ရယ်ကြရသေးတယ်။

ကျနော့်မှာတော့ မှန်ဘီလူးမရှိဘူးဗျိုး။ ဆေးတံနဲ့ ခေါင်းပေါင်းနဲ့ဆိုတော့ ဦးရှံစားနဲ့ မှားပြီး လာငှားနေမှာ စိုးလို့။

Rita said...

LOL
အဲဒီနေ့က တကယ့်ကို သေချာမဖတ်နိုင်အောင် pdf ရောက်လာတဲ့ အချိန်နဲ့ အလုပ် ရှုပ် သွားတဲ့အချိန် တိုက်နေတာ။ မကြာခင် ကိုပေါ ကွန်မန့်လာတော့ ကိုပေါက ကျွန်တော့်နာမည်တောင် ပါသေးတယ် ပြောတော့ မမြင်မိပါဘူး ထင်သေးတာ။ နောက်တခေါက် ပြန်ကြည့်ရတယ်။

အမလေးနော်။
နောက်တခါတလွဲတွေ လုပ်မယ်ဆိုရင် ပိတ်ရက် အားမှ လုပ်စမ်းပါ။ နောက်ကျမှ ဘက်ဒိတ်နဲ့ ပြန်ပြန်ရီနေရတာ တယ် မမိုက်ဘူး။ အချိန်နဲ့ တပြေးညီပဲ ရီချင်တာ။

:D :D :D

ရွှေရတုမှတ်တမ်း said...

အင်း.....တကယ်စာရေးဆရာမ (အယ်ဒီတာမင်းများတည်းဖြတ် တင်မြှောက်ပေးသော) အစစ်က ရေးတာမှ ဟုတ်ရဲ့လား၊ ဟုတ်ဦးတော့ ကိုယ့်ဆီကို personal ရေးတဲ့စာ ကို အများမြင်သာအောင် ထုတ်ပြတယ်ဆိုတာ ထုတ်ပြတဲ့သူမှာ တာဝန်ရှိပါတယ်၊

ကိုယ့်သိက္ခာကို လုံခြုံအောင် ထိမ်းသိမ်းစောင့်ရှောက်နိုင်ကြပါစေ

ကိုကြီးကျောက်

Unknown said...

စာတွေကို လျှမ်းဖတ်လိုက်တာတို့ ၊ ကျော်ဖတ်လိုက်တာတို့  မလုပ်ပဲ သေချာစုးစူးစိုက်စိုက်ဖတ်ပြီး အနှစ်ရအောင်လုပ်ခဲ့မယ်ဆိုရင် ဒီလိုလောကဓံတရားကို အပြုံးမပျက်ရင်ဆိုင်နိုင်မယ်လို့ ယုံကြည်ပါတယ်
- သူတို့ ရဲ့ ဝစီကံအပြစ်တွေကို ဘာလို့ ပူပူလောင်လောင်နဲ့  အချိန်ပေးပြီး တုန့် ပြန်နေရတာလဲ ????
_ " မင်းမျိုးရိုးကဘာလဲ ၊ သူတို့ ဘာတွေလုပ်ခဲ့တာလဲ ၊ ဘယ်လောက်တော်သလဲ ငါမသိချင်ဘူး.. မင်းဘယ်သူလဲ၊ မင်းဘာတွေလုပ်နေသလဲ၊ မင်းဘယ်လိုအမူအကျင့်ရှိသလဲဆိုတာပဲ သိချင်တယ်" ဒီလိုစာသားမျိုးကိုလဲ ဖတ်ဖူးမှာပါ ၊ ဒါကို ဘာကြောင့် ___ ???
_ မဟုတ်မခံစိတ်ထားရှိရပေမဲ့ သက်သက်မဲ့ရန်လိုနေတဲ့သူတွေနဲ့ တွေ့ ရင် ဥပေက္ခာပြုတတ်ရမယ်ဆိုတဲ့ သဘောတရားကို စာဖတ်အားကောင်းသူတစ်ယောက်က ဘာလို့ မကျင့်သုံးရတာလဲ ????????
တည်ငြိမ်ရင့်ကျက်သော စိတ်သဘောထားတစ်ခုကို ပိုင်ဆိုင်လိုစိတ်ရှိပါစေ

Rita said...

sakura ကို ကျေးဇူးတင်ပါတယ်။
ပေးတဲ့ဆုနဲ့ ပြည့်ပါစေ။ မပြည့်ခင်ကလေးတော့ လုပ်သွားပါရစေဦး။

sakura ရဲ့ စေတနာကို ကျေးဇူးနဲ့ တကယ်ပဲ မှတ်ထားပါတယ်။

Unknown said...

Wow...I don't normally give comment, but amazed by this PDF file, what a language by a writer!!! How about her books, does she use same language too? RUDE!!

Set Htun said...

I came here via Hlaing Bwa (လှိုင်ဘွား)FB, Ko လှိုင်ဘွား strongly against to BBLS critics on Ko Cho Two Zaw and Thidagu Sayadaw.
မယုံရင် အဲဒီလို ဆွမ်းကြီးဝင်လောင်းတဲ့ နည်းမျိုးနဲ့ ဘယ်သူ့မဆို သွားစမ်းကြည့်ပါလား။ အကုန် ပြန်ပက်တာ ခံရမှာပဲ။ သတ္တိရှိရင် လုပ်ကြည့်လိုက်။-----------------
လူထု မျိုးဆက်ပါဆိုတဲ့ ဘိုဘိုလန်းစင်ရဲ့ ပုံကတော့ တဖြည်းဖြည်း ပေါ်သထက် ပေါ်လာတယ်။
That's true, thanks for seeing his psychopathic personality.

A surprise is when I see Ko Paw @ Aung Naing Moe “အိုးပင်းဂေါက်” is now alliance with BB and Ko Watote, I truly believe "No permanent enemies in politics only benefits".

Rita said...

တကယ်က တသက်လုံးက အကြောက်တရားနဲ့ ကြီးပြင်းလာရလို့ အဲလိုဖြစ်တာ ဖြစ်နိုင်တယ်။ ကျား/မ စစ်တာ မစစ်တာက အခြေခံတကဏ္ဍ။

စဉ်းစားကြည့်ရင် ရှေ့က သူ့အမျိုးတွေ နိုင်ငံရေးလုပ်ကြတယ်ဆိုတာ သူတို့ဘာသာ ကြီးပြင်းရင့်ကျက်တဲ့အရွယ်မှာ သူတို့ဘာသာ ရွေးချယ်လုပ်တာမို့ သူတို့အနေနဲ့ ကြောက်စိတ်ဆိုတာ ရှိနိုင်မယ်မဟုတ်ဘူး။

နောက်လူတွေကျတော့ ရှေ့ကလူကြီးတွေလုပ်ခဲ့တာရဲ့ အကျိုးဆက်ကို လူမှန်းမသိခင်တည်းက ရွေးလို့မရဘဲ လက်ခံရတာမို့လို့ ဆန့်ကျင်ဘက်တဘက်ကို တချိန်လုံး ကြောက်တဲ့စိတ် အခြေခံနဲ့ ကြီးလာရမှာပဲ။ အဲဒါ ဘယ်သူ့ဘက်ကို မှန်တယ် မှားတယ် ပြောတာ မဟုတ်ဘူး။ ဖြစ်နိုင်တဲ့ အခြေအနေကိုပဲ သိတဲ့လူတွေ ပြောပြကြတာာ ပြောထားကြတာနဲ့ ဆက်စပ်ကြည့်တာ။

တသက်လုံးက အကြောက်ကြောက် အလန့်လန့်နဲ့ ကြီးလာရလို့ သူတပါးကို ခြောက်ချင် လှန့်ချင်၊ ငါက ဘာကွ ဆိုတာ ပြချင်၊ သူတပါးကြောက်မယ်ထင်ပြီး အရသာ ခံချင်တဲ့စိတ် ဖြစ်နေတာ။ ဒါပေမဲ့ ခက်တာက သူ့မှာ လူ ကြောက်လောက်စရာ ဘာဆို ဘာမှ မရှိတာပဲ။ ဒီထက် ဆိုးတာက သူခြောက်နေတဲ့လူတွေက တသက်လုံးက ဘာဆို ဘာကိုမှ သူ့လို ကြောက်လန့် ကြီးပြင်းလာရတာမျိုး မဟုတ်တာပဲ။

DASSK ကိုတောင် သက်ရှိထင်ရှားနဲ့ BGAS သမီး ဖြစ်ရက်နဲ့ လူတွေ ဒီလိုဒီလို သဘောထားနေတယ်ဆိုရင် သူ့အမျိုးဆိုတဲ့ DASSK နဲ့ ယှဉ်သော် လူတွေ စိတ်ထဲ ဘာမှ မဟုတ်လောက်တဲ့ (ခုခေတ်လူငယ်တွေကဆို တချို့ ကြားတောင် ကြားဖူးမှာ မဟုတ်တဲ့) ဟာကို ပြပြပြီး အပြားသွေး ကြွနေတာ လူရီစရာကလွဲလို့ ဘာမှ ဖြစ်လာမှာ မဟုတ်ဘူးဆိုတာ သိအောင် ပြောပြလိုက်ကြဦး။

ကြောက်စေချင် ရှိန်စေချင်ရင် အာဏာသော်လည်းကောင်း၊ သေနတ်သော်လည်းကောင်းလေး ရှိအောင် လုပ်ခိုင်းလိုက်ကြဦး။

ဒါနဲ့ ပြင်ညာယှိဆိုတော့ သေနတ်ရှိအောင်လုပ်ဆိုတာကို "သူ့ချည်းသာလော" လို့ အပြားဦးဏှောက်နဲ့ ပြန်မေးနေရင်လည်း၊ "ကျည်ဆံနဲ့ပေါ့ကွ" လို့ နိုင်ငံရေး အလှဖန်တီးရှင်ကလေးကို ပြန်ဖြေပေးလိုက်ကြပါ။ တော်ကြာ ကျည်ဆံမပါတဲ့ သေနတ်လည်း လူကြောက်တယ် ထင်နေဦးမယ်။

Rita said...

ဆောဒီးပါ။ ကွန်မန့်နှစ်ခု သိမ်းထားလိုက်တယ်။