Monday, August 9, 2010

'ကြည်အေး' အကြောင်းနဲ့ ဟိုဟိုဒီဒီ

Aung Phyoe: ‎" ဒို့ခေတ်ကိုတော့ ရောက်ရမည်မှာမလွဲပါ " ကိုဖတ်ရမှ သည်ကဗျာလေးကို ပိုသဘောပေါက်လာမိသလိုပဲ ။ ဗညားမော်ဟာ ဆရာဒဂုန်တာရာ့ ရဲ့ကိုယ်ပွားလား ။

ငွေလှေပေါ်မှ အနမ်း


Me:
ရုပ်ရှင်တေးကဗျာမှာ နည်းနည်း ဖတ်ခဲ့ဖူးတဲ့ ဝတ္ထုလား မသိ။


ဒဂုန်တာရာကို သိပ်မစွဲဘူး။ "မေ" ကလွဲလို့လဲ အပြီးထိ ဘာမှ မဖတ်ဖူးပါဘူး။ ဝတ္ထုတို/ရှည်တွေတော့ ဖတ်ဖူးတယ်။ သူ့စာတွေ ဖတ်ရရင် လတ်တလော ကာလမှာမဟုတ်ဘဲ တခြားကမ္ဘာရောက်သွားသလိုပဲ ထင်မိတယ်။


Aung Phyoe: ကြည်အေးကို ကြိုက်ရင် ဒဂုန်တာရာကိုလည်း ကြိုက်မှာပါ .. သူ့ ဝတ္ထုတိုတွေ ၊ ကဗျာတွေရော အရမ်းကောင်းပါတယ် ။ အရှည်တော့ သိပ်မရေးဘူး ထင်တယ် ... ကျတော်ကြိုက်တာက မေ ၊ မြိုင် ... နောက် ကြာပန်းရေစင်

http://www.facebook.com/note.php?note_id=470197151208&id=648609795&ref=mf#!/note.php?note_id=414351696208
သည်ကဗျာလေးလည်း အရမ်းကြိုက်တယ် ။


နောက်တစ်ခုက ကြည်အေးကဗျာတွေ နဲ့ ဒဂုန်တာရာ့ ကဗျာတွေ ယှဉ်ဖတ်ရင် ဆက်နွှယ် မှုတစ်ခုခုကို ခံစားရတတ်တယ် ...

Me: မေ ကို ကြိုက်ပါတယ်။ ကျန်တဲ့ လုံးချင်းတွေကျ မဖတ်ဖူးဘူး။ ဗညားမော်ပါတဲ့တစ်ခုကို နည်းနည်းဖတ်ဖူးတယ်လို့ ထင်နေတယ်။ တေးကဗျာမှာ ပါတဲ့ သူ့ အခန်းဆက်တွေ ဖတ်ဖူးပေမယ့် မကြိုက်ဘူး။ နောက် ဘယ်မဂ္ဂဇင်းမှာလဲ မသိပါသေးတယ် ။ စင်သီယာတို့ ဇာတ်ကောင်တွေနဲ့လေ။

ဝတ္ထုတိုစာအုပ် ဝယ်ဖတ်ဖူးတယ်။ အမှီးလည်းပါတယ်။ သူနဲ့ ကြည်အေးနဲ့ ဆင်ပေမယ့် ကြည်အေးကို အပြည့်အဝကြိုက်တယ်။ သူ့ကို အပြည့် မကြိုက်ဘူး။


ကဗျာကျတော့ နှစ်ယောက်လုံးကို သိပ်မကြိုက်လှတာ =D

ကဗျာ ပါရမီ နည်းတယ်လေ။ ရှည်ရင် ကျော်ဖတ်တော့တာ။ ဒါပေမဲ့ ကြည်အေးကဗျာ အတိုတွေတော့ သေချာ ဖတ်ဖြစ်ပြီး ကြိုက်လည်း ကြိုက်ပါတယ်။

တခါတခါကျ ကိုယ့်ဘာသာ ထင်မိတယ်။ ဟန်ချက်မညီဘူးလို့။

=)


Aung Phyoe: ကြည်အေးထဲမှာ ဖုန်းသက်တိုင် ကိုအကြိုက်ဆုံးပဲ ။ အခုဖတ်နေတယ်ဟုတ်. ... အမှန်ပြောရရင် မေမေစိန်လို မိန်းမမျိုးကို အပြင်မှာတွေ့ဖူးခဲ့တယ် .... ။ တင်တာနှေးရင် ဆောရီးအမရေ ... တစ်ဝက်လောက်ကျန်သေးတယ် ။ သည်တစ်ပတ်အပြီးတင်ပေးမယ် ။

Me: တဝက်တောင် ကျန်သေးတာလား။ ရှည်လိုက်တဲ့ မဂ္ဂဇင်း ဝတ္ထု။

ကြိုက်တယ် ဖုန်းသက်တိုင် ကို။ ခုချိန်ထိ မေမေစိန်နဲ့ ကိုဖုန်းခင် ဇာတ်လမ်းက တကယ်တော့ ဘာမှသိပ် မထူးဆန်းဘူး။ ဒါပေမဲ့ presentation နဲ့ စကားလုံးတွေက အတော်ထူးခြားတယ် ထင်မိတယ်။ ကြည်အေးက စာရေးဖို့ မွေးလာတာပဲ ထင်မိတယ်။


Aung Phyoe: ဟိုတလောက အဆက်အသွယ်ရတယ် ... သူရေးတဲ့အထဲက သူကြိုက်တာတွေရွေးပေးမယ်တဲ့ "မိုး နှင့် သရက်" ဖတ်မိတယ်မဟုတ်လား

Me: ‎'88 တဝိုက်မှာ အားမာန်သစ်က ထုတ်တဲ့ ကြည်အေး ဝတ္ထုတို စာအုပ် အိမ်မှာရှိတော့ ငယ်ငယ်တည်းက အဲဒီ ဝတ္ထုဖတ်ဖူးတယ်။ ငယ်ကတော့ ဘယ်နားလည်မလဲ။ ဒီလိုပဲ တွေ့ရာကောက်ဖတ်မိတာ။ ကြီးတော့ သူ့ စာရေးခြင်းအတတ်ကို အံ့သြမိတယ်။ အဲဒီ ဝတ္ထုတို စာအုပ်ထဲက ကိုယ် အကြိုက်ဆုံးက ရည်းစားကို အမျှော်စိုက်တဲ့ တစ်ပုဒ်ပဲ။ နာမည်ဖော်မရဖြစ်နေတယ်။ စောင့်နေတဲ့သူတစ်ယောက်နေရာက ရေးထားတာကွာ။ အကြောင်းအရာ ဘာမှ မရှိဘူး။ စကားလုံးတွေနဲ့ပဲ လက်ဖျားခါယူရတယ်။

Aung Phyoe: OMG ခုလေးတင်ဖတ်နေတာ တိုက်ဆိုင်လိုက်တာ "ရထားဘီး နှင့် ခဲလုံးများ" မဟုတ်လား

Me: အင်း ဟုတ်လိမ့်မယ်။
ပြတင်းပေါက်ကို ဖြတ်တိုက်လာတဲ့ လေသာ ပုံသဏ္ဍာန်တခုခု ခဏဖြစ်ဖြစ် ဆောင်နိုင်စွမ်းရှိရင် လေးထောင့်ကွက်လေးတွေ ပြုတ်ကျလာမည်... ဆိုတာလေးပါတယ်။
=)

အောင်ဖြိုး တင်ထားတဲ့ သူ့စာလေးကို ဖတ်မိပါတယ်။

သူ့ကို ဗျူးကြည့်ပါလား။ အင်တာဗျူး ဖတ်ချင်တယ်။ နောက် သူ့ဝတ္ထုတွေနဲ့ ပတ်သတ်ပြီး တစ်ခုခု ပြောတာကို ကြားချင်မိတာ။ ဘယ်ဝတ္ထုက ဘယ်လိုဆိုတာမျိုးပေါ့။


နောက်ပြီး သူ နောက်ဆုံးထွက်တဲ့ "မှန်၏မှောင်ရိပ်" နဲ့ "အိမ်ဖြူလင်းသစ်" ကို ဖတ်ရတယ်။ ဒါပေမဲ့ မပြီးသေးဘူး လို့ စိတ်ထဲ ထင်နေတယ်။ ဆက်ထွက်တာလဲ မတွေ့မိဘူး။ အဲဒါ ဆက်ရေးဖြစ် မရေးဖြစ်၊ ထွက်ဖြစ် မထွက်ဖြစ် သိပ်သိချင်တာပဲ။


ကိုယ်က သူ့စာတွေဖတ်ရင် ပုံနှိပ်မှတ်တမ်းရော၊ ကိုယ်ရေးအကျဉ်းရောနဲ့ပါ တကူးတက ယှဉ်တွဲဖတ်မိခဲ့တော့ သူ့စာတွေနဲ့ ပတ်သတ်တဲ့ သူ့ အမြင်တွေကို သိပ်ကြားချင်မိတယ်။ တခြား စာရေးသူတွေလို မီဒီယာနဲ့ တွေ့ဖြစ်သူလည်း မဟုတ်တော့လေ။


Aung Phyoe:
သူ့ သမီးကတောင် မမေးရဲဘူးဆိုတော့ ကျတော်ဆို မပြောနဲ့တော့ .အမှန်ပြောရရင် ကြောက်တယ် ... ။ ကျတော်လည်း သိချင်ပါတယ် အချို့ စာတွေဆို တကယ့်ခံစားရေးဖွဲ့သူ နေရာက ချောင်းကြည့်ရင် မခံစားနိုင်လောက်အောင် ကြေကွဲစရာမျိုးတွေ ...


Me: အော် အဲလိုလား။
ကိုယ်ကတော့ ဖတ်ချင်နေတယ် =(

ဒါနဲ့ (တကယ့်ခံစားရေးဖွဲ့သူ နေရာက ချောင်းကြည့်ရင် မခံစားနိုင်လောက်အောင် ကြေကွဲစရာမျိုးတွေ ...) ဆိုတာကို ဖတ်မိတော့ "နွမ်းလျအိမ်ပြန်" ကို ချက်ချင်း သတိရတယ်။ အောင်ဖြိုးက ဘာတွေကို ပြောချင်တာလဲ။


(ကိုယ်က ဒီလိုပဲ တခုခု စလိုက်ရင် မပြီးတော့ဘူး။ အသက်ကြီးလာပြီလေ LOL)


Aung Phyoe: နွမ်းလျအိမ်ပြန် ၊ လွမ်းအိပ်မက် (ဝတ္ထုတို) ၊ ချိုထွေးနဲ့ ညိုလေး (တို) ...

Me: ‎=) တို နှစ်ပုဒ်ကို မသိဘူး။ မမှတ်မိတာလည်း ဖြစ်နိုင်တယ်။

ဒီလာခါနီးမှာ ကြည်အေး ဝတ္ထုတို စာအုပ် ၂ အုပ် ဝယ်ဖတ်တယ်။ တအုပ်က ကြွေလုနှင်းဆီနဲ့ နောက်တခုကတော့ ပိုထူပြီး ပိုများတဲ့ ကြည်အေး ဝတ္ထုတိုများဆိုတာ... သေချာတော့ ဖတ်ခဲ့တာပဲ။ ဒါပေမဲ့ ဒီလာခါနီး ဖတ်ခဲ့ရတာတွေကို မေ့ကုန်တာ များတယ်။


တော်မှ တော်မှ


Aung Phyoe:
မောင့်ဖို့ကြွေရုပ် ၊ မမြမှီ ၊ မြင့်မားရိပ် ၊ လက်စားချေခြင်း ( အတိုတွေပဲ )


Me: ပြန်တောင် ဖတ်ချင်လာပြီ။ တခုမှ ခေါင်းစဉ်နဲ့ စာ တွဲ မမှတ်မိတော့ဘူး။

Aung Phyoe: နောက်ပိုင်း ရွှေအမြုတေမှာ ရေးတဲ့ "သိမ်းဆည်းမထားမိသော ကောက်ရသည့် စာတစ်စောင်" series တွေထဲက ၂ ပုဒ်လောက်ရှိသေးတယ် ။

Me: ဟုတ်လား။ ခုနောက်ပိုင်းရေးတဲ့ လက်ရာလား။

Aung Phyoe: ၂၀၀၀ နောက်ပိုင်း ကြာတော့ကြာပြီ ။ နောက်ပိုင်းရေးတာ ကိုယ်ရေးအထ္ထုပတ္တိ ဆောင်းပါးတွေ သရဖူမှာ သေချာတော့မဖတ်ရဘူး ... ပေါင်းချုပ်ထုပ်မှာပါ .. သည်တော့မှ

Me: ဟုတ်လား အဲဒါတွေ ကိုယ် မသိဘူး။ ကိုယ်ရေး အတ္ထုပ္ပတ္တိ ဖတ်ချင်လိုက်တာ။

Aung Phyoe: အာရင်ဘတ် ရဲ့ "လူများသက္ကရာဇ်များ ဘဝ " လိုပဲ သူသိတဲ့ လူတွေအကြောင်းရေးတာ နည်းနည်းစမ်းဖတ်ကြည့်ချင်ရင် အမြည်းရှိတယ်

http://www.tharahpumag.com/client/artview.php?art_id=261

***
facebook မှာ ပြောဖြစ်တာတွေ။ ဘာရယ်မဟုတ် မှတ်ထားလိုက်ချင်လို့။


***

9 comments:

တီချမ်း said...

ကိုယ်ကတော့
နွမ်းလျအိမ်ပြန်ထက်
အပြင်ကလူ ၁ ၂ ကို ပိုကြိုက်တယ်
ခု စိတ်ကူးချိုချိုက ပြန်ထုတ်နေတယ် ကြည်အေး စာအုပ်တွေ
လလည်လောက်ကျ
ရန်ကုန်ပြန်အုံးမယ် ဝယ်ခဲ့ပေးရမလား

Khin Nyein Chan said...

နှစ်ယောက်သားစကားပြောကြတာစိတ်ဝင်စားဖို့ လည်းကောင်းတယ်။ဖတ်လို့လည်းကောင်းတယ်။ အဲလို စာအကြောင်းပေအကြောင်းပြောနေတဲ့ သူတွေဘေးမှာငြိမ်ငြိမ်လေးထိုင်ပြီးနားထောင်ချင် တယ်။ပြောချင်တဲ့အခါမှဝင်ပြောတာပေါ့။ ခုတလော ကြည်အေးရဲ့ စာတွေကိုသိပ်အာရုံကျနေမိတယ်။ ကဗျာ၊၀တ္ထုအကုန်ဖတ်လို့ကိုမရိုးနိုင်သလိုပဲ။ "ဖုန်းသက်တိုင်"ကိုလည်းသိပ်ကြိုက်တယ်။အကြိုက်ဆုံးကြည်အေးဝတ္ထုပဲ။
btw, this is mashwemi :-)

Aung Phyoe said...

တွေ့ရတာဝမ်းသာပါတယ် အမ ..
သည်မနက်ပဲကြည်အေး ဘလော့လေးကို သေချာပြန်လုပ်မိတယ် ...

မသိသူတွေသိသွားအောင် ဖြန့် ပေးပါလားဟင် ... ကျတော်မိတ်ဆွေအချို့တောင် "ဖုန်းသက်တိုင်" တင်နေတာ မသိဘူးဆိုလို့ ...
ကြည်အေး ပရိတ်သတ်တွေ အတွက်ပါ ..

With Regards,

Bino said...

I like all novels of kYI aYE.

BINO

Rita said...

@ Aung Phyoe
အောင်ဖြိုးပြောတဲ့ထဲမှာ "လက်စားချေခြင်း" ကို ပြန်မှတ်မိလာတယ်။ ရှေးဆန်တဲ့ မိဘတွေရဲ့ အုပ်ထိန်းမှုအောက်က မိန်းကလေးတစ်ယောက်အကြောင်းလေ။ ဘုရားပွဲဈေးသွားကြတဲ့ ဇာတ်ကွက်လေး ပြန်သတိရလာတယ်။

tin min htet said...

ငယ်ငယ်က ကျွန်တော်အကြိုက်ဆုံး စာရေးဆရာက ကြည်အေး နဲ့ ရန်ကုန်ဘဆွေပါ ..

ကြည်အေးကို ဘယ်လောက် ရူးဖူးလဲ ဆိုတော့ သူ့ကဗျာတွေကို မဂ္ဂဇင်း အဟောင်းတွေကရှာပြီး လက်ရေးနဲ့ ကူးဖူးပါတယ်၊ အားမာန်သစ်က ကဗျာပေါင်းချုပ်ထွက်တော့ အကျအပေါက်များလိုက်တာ၊ ကျွန်တော့်မှာ အားလုံးနီးပါး ရှိပြီးသား ဆိုတော့ ဝယ်တောင် မဝယ်ဖြစ်ပါဘူး။ ဒုတိယ နှိပ်ခြင်းကတော့ မဆိုးပါဘူး။

ကြည်အေး လုံးချင်းတော်တော်များများက ရှုမဝ မဂ္ဂဇင်းဝတ္ထုရှည်နဲ့ အခန်းဆက်ဝတ္ထုရှည်တွေပါ။ ပြီးမှ လုံးချင်းပြန်ထွက်တာပါ။

မှတ်မိသလောက်ပြောရရင် ..
(၁) နွမ်းလျအိမ်ပြန် (သူ့ကို ကြည်အေးဖြစ်စေတဲ့ ဝတ္ထုလို့ ပြောရမလားပဲ၊ တာရာမှာ ပါခဲ့တာထင်တယ်။)
(၂) မီ (မေ၊ မီ၊ မြိုင်၊ မွှေး ဆိုပြီး မြန်မာစာပေမှာ နာမည်ကြီးခဲ့တာပေါ့။)
(၃) တမ်းတတတ်သည် (ရှုမဝ ဝတ္ထုရှည်) တကယ့် အဖြစ်အပျက်ကို အခြေခံပါတယ်၊ အဲဒီဇတ်လမ်းကို အခြားသူရေးတာကို ရုပ်ရှင်ရိုက်ဖူးပါတယ်၊ မမထား နဲ့ အပါ လို့ နာမည်ကြီးတဲ့ ]မြားနတ်မောင်} ပါ..
(၄) ဖုန်းသက်တိုင် (ရှုမဝ ဝတ္ထုရှည်)
(၅) ကျမ ပညာသည် (ရှုမဝ ဝတ္ထုရှည်) ဇတ်သဘင် နောက်ခံပါ၊ ရီရယ်လစ်ဇင် ဆန်ပါတယ်၊ နုနုရည် ရေးခဲ့တာထက်တောင် သဘာဝ ပိုကျပါတယ်။
(၆) မေတ္တာမီးအိမ် (ရှုမဝ သုံးလဆက် ဝတ္ထုရှည်) စိတ္တဇဝေဒနာရှင် ဇတ်လမ်းပါ။ ကျွန်တော့်မှာ ရှုမဝမူ ရှိပါတယ်။ ပန်းချီအောင်စိုး လက်ရာ ၃ ပုံလိုချင်ရင် တင်ပေးလို့ ရပါတယ်။
(၇) မောင်၊ ကိုကို နဲ့ မြနန္ဒာ (ရှုမဝ တ္ထုရှည် သုံးပုဒ်ပါ) ]မောင်နဲ့မြနန္ဒာ} ]ကိုကိုနဲ့မြနန္ဒာ} ]မြနန္ဒာ ပြောချင်ပါသေးသည်} ဆိုပြီး ဇာတ်ကြောင်း တခုထဲ ကို သုံးယောက် ရဲ့ အမြင်နဲ့ရေးထားတာပါ။
(၈) ကေဖွဲ့ဆိုသီ (လုံးချင်းတန်းထွက်တယ် ထင်ပါတယ်)
(၉ ) အပြင်ကလူ (ရှုမဝ ဝတ္ထုရှည်) နောက်ပိုင်းကျပါတယ်၊ အိမ်ထောင်ရေးအမြင်နဲ့ အခြား အမြင်သစ်တွေကို ရေးသွားတာပါ။ အိတ်ဇစ်ဆန်တယ်လို ပြောကြပေမယ့်၊ ကျွန်တော်ကတော့ သဘောမတူပါ။ ဒါလည်း ကျွန်တော့်မှာ ရှုမဝမူ ရှိပါတယ်။
(၁၀) တောတောင်ရေမြေ (ဂျွန်စတိန်းဘက် ကို ဘာသာပြန်တာပါ၊ လူသိနည်းပါတယ်)

နောက်ပိုင်းတွေတော့ နဲနဲ အဆက်ပြတ်သွားပါတယ် ..
(၁၁) အပြင်ကလူ-၂ (အပြင်ကလူလောက် မကြိုက်ပါ။)
(၁၂) ဖူးငုံပွင့်သစ် (ကေဖွဲ့ဆိုသီ အဆက်၊ လုံးဝလောက် မကြိုက်ပါ။)
(၁၃) မှန်၏မှောင်ရိပ် (စိုးနဲ့ခိုင်)
(၁၄) အိမ်ဖြူလင်းသစ် (အဲဒီ ၂ အုပ်က သူ့လူနာတယောက် အကြောင်းကို အခြေခံထားတယ် ကြားဖူးပါတယ်။)

ကြည်အေး ကို ဝတ္ထုတို လည်းကြိုက်ပါတယ် "တယောက်ဆွဲ တယောက်လစ် ဂိုဂင်ဖြစ်၏" "မိုးတွင်းထမင်းကြမ်း" "နှုတ်ခမ်းထူမလေး" "ဗျောက်ဖောက်၍ ဝါကျွတ်ခြင်း" စသည်ဖြင့် ပြောရရင် အများကြီးပါ။ "ညတည" က နည်းနည်းရှည်ပေမယ့် တကယ်က အတိုထင်ပါတယ်။

ကျွန်တော့်မှာ ပျောက်နေတာက ကဗျာတွေ စုကူးထားတာရယ်။ ဖုန်းသက်တိုင်အပါအဝင် ရှုမဝနဲ့ သွေးသောက်ထဲက အတိုတွေ စုချုပ်ထားတဲ့ လက်သုံးလုံးလောက် စာအုပ်ကြီးရယ် :(

tin min htet

ဇွန်မိုးစက် said...

ကိုယ်က ကြည်အေးစာ အားလုံး မဖတ်ဖူးဘူး။ ၀တ္တုရှည်တစ်ချို့ပဲ ဖတ်ဖူးတာ။ အချိန်ရယင် ကြည်အေး စာစုတွေချည်း ဖတ်ကြည့်ချင်တယ်။

Vista said...

ကြည်အေးကြိုက်တဲ့ဘဝမှာ တစ်ချို့ စာသားတွေအလွတ်တောင်ရတယ်။
မမများသာ လည်း ဖတ်ကြည့်ပါလားကောင်းတယ် ။
မိုး နှင့်သရက် လည်းကြိုက်တယ် ။

Bino said...

"ရေဆန်လမ်း" "နွေတစ်ည" "မသိန်းရှင့်ဆီ ပို့ပေးပါ" had been read long time ago when I young (not remember year about 1974).
I liked so much. I felt worry to go YGN after read. Is is difficult to stay it RGN even a single man.
I had read ရေဆန်လမ်း again when I reached Rangoon about 1977.
I had seen that Rangoon is very very good place for me.

A lot of job and opportunity in RGN.
Available education in various way (if you want)
In ရေဆန်လမ်း , the man always was starving in his friend's small room. That is out of way.
That is impossible.
BINO