Friday, February 13, 2009

ဗလာ



အထောက်အထားတွေ ဖျောက်ဖျက်
ပညတ်မပါတဲ့ တမန်တော်

အသိအမှတ်ပြုစရာက ကျန်ရစ်

ချန်ပစ်တယ်ဆိုရင်လဲ


မသေချာခြင်းနဲ့ ဖုံးကွယ်
ကြည်လင်ပြတ်သားခြင်းလဲမရှိ

ဝိုးတ၀ါး အသိနဲ့
ပဟေဠိပဲ ညှိရမလိုလို


သေချာပိုင်ခွင့်တွေ အဓမ္မ ကွပ်မျက်
သက်သေကို ထိတ်တုံးခတ်ခဲ့

ကဲ
အဲဒါ ဘာအတွက်လဲ


မျှော်လင့်ချက် အကျဉ်းချ

နောင်တချိန် ငြင်းပြမလို့ပေါ့


(1997)
___________________________________________________________
Sign ထိုးဖို့ မေ့ကျန်ခဲ့တဲ့ စာတစ်စောင်ကို ဖတ်ပြီး ရေးထားတဲ့ ကဗျာ။

ရေးတဲ့သူ ဘယ်သူမှန်းလဲ သိနေတော့ မခံချင်စိတ်နဲ့ ချက်ချင်း ကဗျာကောက်ရေးပစ်တာ။
တသက်လုံး ရေးခဲ့သမျှမှာ အရသာ အရှိဆုံးပဲ။ (တမင် Sign မထိုးတာလို့ ထင်ခဲ့တာကိုး၊ ပြီးမှ သိတာ မေ့သွားလို့တဲ့)

အသက် ၁၇ နှစ်လောက်ကတော့ ရန်တွေ့တာကလဲ ကဗျာ ဖြစ်တယ်... ဆရာ။

(Valentine Day အမှတ်မရ/ တရ)

2 comments:

Anonymous said...

ကဗျာလေးကောင်းတယ်ဗျာ...

သက်ပိုင်သူ said...

သက်သေကို ထိတ်တုံးခတ်ခဲ့...... တဲ့

တော်တော်လှတဲ့ စာသားလေးပဲနော်....

မျှော်လင့်ချက် အကျဉ်းချ.....
ဒါလေးကလည်း.. တမျိုးလေးပဲ..

ဒီတစ်ခါတော့ ၁၉၉၇က AMMKကို အလေးပြုသွား၏
(၂၀၀၉ AMMKကိုတော့ မဟုတ်ပါ.... အဟိ)