Monday, February 9, 2009

ဝေးကွာခြင်း



မုန်တိုင်းတစ်ခု တိုက်သလိုပ
လွင့်ထွက်သွားအောင်

စွမ်းဆောင်နိုင်လိုက်တာ


ထိတ်လန့်ဖွယ် ကောင်းလေစွ

နီးစပ်ခြင်းများအား
အတင်းအဓမ္မ ဆွဲခွာသွားရက်တာ

ညှို့ငင်ချက်တခုလိုပ
တမ်းတခြင်းများအား
တားဆီးမရအောင်
ဆွဲဆောင်ပျံ့နှံ့လာစေတာ


သေနတ်တစ်လက်လိုပ
အရှိန်ပြင်းပြင်း

စီးဆင်းလာတဲ့
ဝမ်းနည်းခြင်းများအား
တာလွှတ်ပေးခဲ့တာ

*
ကြည့်
တိတ်ဆိတ်ခြင်းနဲ့ ခြောက်သွေ့ခြင်းတွေကို
အထီးကျန် ကမ္ဘာထဲ လာထည့်ပြပါလိမ့်မယ်


(1998)

*****
(မင်းခိုက်စိုးစန်တို့ တာရာမင်းဝေတို့ မော်ဒန်တွေ ဖတ်ပြီး အားကျ ရူးနှမ်းခဲ့တဲ့ အချိန်တုန်းက ရေးထားခဲ့တာပေါ့။ ကိုယ့်ဟာကိုယ် အနုပညာ ဇာတာ မပါမှန်းလည်း မသိခဲ့သေးတဲ့ အချိန်လေ။ သူတို့သာသိရင် တစ်သက်လုံး နောင်တရသွားနိုင်တယ်)
:D

(သူတို့ နှစ်ယောက်လုံး မရှိကြတော့ဘူး လို့ အချိန်တော်တော် ကြာကြာကတည်းက ခံစားရတယ်။)

*****
Credit for Photo : Nyan Htun
(Midway between Italy and Spain)

1 comment:

Anonymous said...

မော်ဒန်ဆိုတာ ဒါမျိုးထင်တယ်နော် .. သိပ်တော့ ကောင်းကောင်း နားလည်ဘူး :D ဒါပေမယ့် တစ်ခုခုကို ရည်ရွယ်နေတာ သိတယ် ... သက်ဆိုင်သူတစ်ယောက်ယောက်ကိုများ ရည်ရွယ်ထားတာများလား ?? :D ဟင့်အင်း ... မင်းခိုက်စိုးစန်တို့ တာရာမင်းဝေ တို့သိရင် နောင်တရမယ်လို့ ... ကျွန်တော်တော့ မထင်ဘူး ... သူတို့တွေ ဘလော့ဖတ်ဖို့ လိုပြီဆိုတာ သတိထားမိသွားမှာ သေချာတယ် .... :)