Saturday, March 26, 2011

He is in ...

ပိတ်ထားတဲ့တယ်လီဖုန်းထဲက မနိုးထခင် မြည်နေကျ နှိုးစက်သံထဲမှာ

စိတ်မပါလက်မပါ အားယူဖွင့်လိုက်မယ့် ကိုယ့်မျက်တောင်ဖျားက အရွေ့စွမ်းအင်မှာ

ခေါင်းဖြီးနေရင်း ပုခုံးပေါ်ကတဆင့် ကြမ်းပြင်ဆီ လျှောကျသွားတဲ့ ဆံခြည်လေးတစ်မျှင်မှာ

ရှိုက်သွင်းလိုက်တဲ့လေထဲက မြူတစ်မှုံစာ အက်တမ်လေးတစ်ခုစီမှာ

ရေပန်းက ကျလာမယ့် ခပ်နွေးနွေး ရေတစ်စက်ချင်းစီမှာ

မျက်နှာသစ်ဆေးက scrubbing-beads လေးတွေရဲ့ ကြမ်းရှရှ အထိအတွေ့မှာ

***
သနပ်ခါးနဲ့ ရောလိမ်းမယ့် လက်ညှိုးထိပ်တစ်ခုစာ အဖြူရောင်ကရင်မ်ထဲမှာ

နားရွက်နောက်နဲ့ လည်ပင်းသွေးကြောနား ဖျန်းမိတဲ့ ရေမွှေးပုလင်းရဲ့ အသံထွက်မှာ

မနက်စာ premier ကော်ဖီက အပူငွေ့၊ မွှေးရနံ့ နဲ့ ကပ်ကျန်နေခဲ့မယ့် ကော်ဖီမှုံ့လေး တစ်မှုံချင်းထဲမှာ

ကောက်လွယ်လိုက်တဲ့ ရုံးအိတ်ရဲ့ ပုခုံးသိုင်း ကြိုးပေါ်မှာ

ရုံးသွားခါနီး ဖြစ်ကတတ်ဆန်းတပ်ရတဲ့ ဒေါက်ဖိနပ်ကြိုးရဲ့ ကွင်းလျှောကလေးထဲမှာ

အိမ်ပြင်မထွက်ခင် ဘုရားစင်ဘက်လှည့်ပြီး ကမန်းကတန်းပြုလိုက်တဲ့ အာရုံထဲမှာ

***
ez link ကဒ်က လက်ကျန်ပြတဲ့ ကိန်းဂဏန်းတွေထဲမှာ

mrt တံခါးမပိတ်ခင် ကြားရတဲ့ မြည်သံစွဲအလင်္ကာထဲမှာ

ကားလမ်းကို ဖြတ်ကူးတဲ့ မိုးပျံတံတားက လှေကားအထစ်တိုင်းမှာ

ဘယ်နှစ်မိနစ်ကြာရင် စောင့်နေတဲ့ ဘတ်စ် ရောက်ပါမယ်လို့ ပြန်လာတဲ့ 5 cent တန် ဖုန်း message ထဲမှာ

***
ရုံး ခြံဝမှာ ကြိုရောက်နေမယ့် ဘော့စ်နဲ့ မဆုံချင်တဲ့ ရင်ခုန်သံထဲမှာ

ကိုယ့် ကွန်ပျူတာမှာ ရိုက်ထည့်နေတဲ့ password စကားလုံးလေးတွေထဲမှာ

Mandarin နဲ့ English လို တလှည့်စီ ကြားနေရတတ်တဲ့ နောက်တည့်တည့်က gm ဖုန်းပြောသံထဲမှာ

consultant နဲ့ client ဆီက မှတ်ချက်နဲ့ အထွန့်တက်မှုတွေမှာ

ညနေ 5 နာရီ မခွဲခင် မကြာခဏ လှမ်းကြည့်မိတဲ့ စကရင်ညာဘက်အောက်ထောင့်တစ်နေရာမှာ

***
သတင်းစာရောင်းသူ အမေကြီးကို ကမ်းပေးလိုက်တဲ့ ၁ ဒေါ်လာတန် အကြွေစေ့ကလေးမှာ

ဒီကနေ့လုပ်စားတဲ့ ရခိုင်မုန့်တီသုပ်ထဲက ကြက်သွန်နီကြော် အဖတ်ကလေးတွေထဲမှာ

FM ရေဒီယိုက အစီအစဉ်ကြေညာသူရဲ့ အသံထဲမှာ


အိမ်ရှေ့ကစားကွင်းထဲ ဖြတ်သွားတဲ့ အပြေးသမားရဲ့ အရှိန်အဟုန်မှာ

အာမခံကုမ္ပဏီက marketing လာဆင်းတဲ့ Financial Consultant ရဲ့ plan အမျိုးမျိုးမှာ

သူ သိပ်ကြိုက်တယ်ဆိုတဲ့ ပျင်းပျင်းရိရိ ချက်စားဖြစ်တဲ့ ဟင်းတစ်ခွက်မှာ

***
သူ သဘောကျတဲ့ celebrity မင်းသမီးတစ်ယောက်ကို ကြည့်လိုက်မိတဲ့ (မကြည်သာချင်တဲ့) ကိုယ့် မျက်လုံးထဲမှာ

သဘာဝဖြစ်စဉ်တွေဆီက မကြုံစဖူး အထူးကြီးမားတယ်ဆိုတဲ့ အတိုင်းအတာယူနစ်တွေနဲ့ အက်ကွဲကြောင်းများ သတင်းမှာ

ထွက်ခါနီးပြီဆိုတဲ့ ဂျူး ဝတ္ထုသစ်ရဲ့ နေမျိုးဆေးလက်ရေးဒီဇိုင်းနဲ့ ခေါင်းစဉ်မှာ

သတိရစိတ်ကို ခဏမေ့ထားပြီး လိုအပ်လို့ ပြုံးရယ်လိုက်တဲ့ ကိုယ့် နှုတ်ခမ်းထောင့်စွန်းမှာ

ရီကောဒင်းလုပ်ဖို့ ကြိုးစားဖူးတဲ့ အသက်ရှူသံနဲ့ လေချွန်သံသဲ့သဲ့လေးထဲမှာ

မကြာခဏ ပါးအပ်ထားခဲ့ဖူးသလို မျက်ရည်တချို့စွန်းဖူးတဲ့ အဲဒီပုခုံးစွန်းမှာ

***
ဒီစာကို ရိုက်နေတဲ့ ကိုယ့်လက်ချောင်းတွေဆီက လှုပ်ရှားမှုနဲ့ ထိတွေ့မှုတိုင်းမှာ

စာတစ်လုံးချင်းစီက အသိစိတ်/ မသိစိတ်နဲ့ယှဉ်တဲ့ ခံစားမှုတိုင်းမှာ

ညဘက်ကပ်တဲ့ ရေချမ်းခွက်လေးထဲက သာယာတဲ့သဒ္ဓါစိတ်မှာ

လေအေးပေးစက်ခလုတ်ကို ဖွင့်ပြီးချိန် တဖျတ်ဖျတ်ခါတဲ့ ကြိုးစကလေးမှာ

ဆွဲခြုံလိုက်မယ့် ဂွမ်းစောင်ပွပွရဲ့ နွေးထွေးမှုမှာ

ကိုယ့်ပါးပြင်နဲ့ ထိကပ်အိပ်မယ့် ခေါင်းအုံးပျော့ကလေးမှာ

ခဏတာ မေ့မျောသွားမယ့် အသိစိတ်ရဲ့ အတွင်းဆုံး တစ်နေရာမှာ

***
မျက်စေ့တစ်မှိတ် လျှက်တစ်ပြက်အတွင်း ဖြစ်ပျက်ချုပ်ငြိမ်းတဲ့ စိတ်အစဉ်ကုဋေတစ်သိန်းလုံးမှာ။

7 comments:

ညိမ်းနိုင် said...

ဘာရည်ရွယ်သလည်းတော့ နားမလည်ဘူး..:)
အဲ...ဂျူးအသစ်ထွက်တော့မယ်ဆိုတဲ့ မတ်စေ့ အတွက်တော့ ကျေးဇူးတင်တယ်ဗျိုးးးး)

တီချမ်း said...

ဟီအစ်အင်....

မိုင် ဟစ်စတီးရီးယား သောထ့်စ်

ဒီတပုဒ်တော့ ဂုဏ်ထူးမှတ်ပေးမိတယ်

တခါမှမကြိုက်ဘူးတဲ့ စာကိုကြိုက်မိသလိုမျိုး

သာမန်ညောင်ည ရေးနေကြ ပုတ်ခတ်ခတ်စကားလုံးတွေရဲ့ အပြင်ဘက်ကို ရောက်နေသလိုမျိုး

ရန်စွယ်ငှော်ငှော် လေသံကနေ လွတ်ကင်းတဲ့ ချစ်ခြင်း ကိုမြင်ရသလိုမျိုး

မာတုဂါမ ကို (ဖိုင်နယ်လီး)လွှတ်ချလိုကနိုင်ပြီလားဆိုတဲ့ သံသယ လိုမျိုး

ခပ်မာမာယောင်ဆောင်ထားတဲ့ နှလုံးသား ချစ်တတ်သေးပါလား ဆိုတဲ့ အတွေးလိုမျိုး

သူသည်လည်း (ငါကဲ့သို့) ဦးနှောက်မပါသော အပြင်းစားယောင်ဆောင်ထားသော နူးညံ့သိမ့်မွေ့စွာချစ်တတ်သော ယောက်ျားတွေ ပြောသမျှအယုံလွယ်တတ်သော မိန်းမ ပါတကားဟု

Vista said...

အတော် in တာပဲ ။ များထှာ ။

Vista said...

RITA: ငါ စီဘောက်ထဲမှာ chatting ရိုက်တဲ့အဖြစ်တွေ ထည့်ရေးဖို့ မေ့သွားပါလား :think2:

(မမ KOM စီဘောက်ထဲမှာ chatting ရိုက်တဲ့ အချိန်တိုင်းမှာ .. ) အဲတကြောင်းထည့်လိုက်အုံး

Rita said...

@ Addy
ဘလော့မှာ ဘလော့ဂါရေးသမျှ မယုံရလို့ ပြောဖူးတာ ဘယ်သူပါလိမ့်

Thetmar said...

OHHHHHHHHHHHHHHHH,
I love this wirting.I felt like u last tiem when we apart from each other, but not able to write down like that. Ama Rita, nice post.

Rita said...

အန်တီချမ်း
to me

show details 10:43 PM

အန်တီချမ်း has left a new comment on your post "He is in ...":

မီးပဲလေ
ဒါပေမယ့် အခုဟာက ကောင်းတယ် လို့ပြောနေတာ

ဖဘ က စာမတွေ့ခင်ပေါ့
ခုတော့ ပြန်ရုတ်သိမ်းလိုက်ပြီ

***
Rita has left a new comment on your post "He is in ...":

11:30 PM

မဆိုင်တဲ့သူ ဘယ်သူမှတောင် မသိတဲ့ကိစ္စ။

နောက်တခုက ကိုယ်က ကိုယ့်လမ်းကြောင်းပဲ ကိုယ်မောင်းတယ်နော်။ ကိုယ့် (နည်းမမှန် လမ်းမမှန်နဲ့) လာမထိသရွေ့ ငြိစရာအကြောင်းမရှိဘူး။ ကိုယ့်ဘာသာနေတာမှ ထိလာခဲ့ရင်လည်း လာခဲ့ပဲ။

ဘယ်သူ အထင်အမြင်ကောင်းဖို့၊ ဘယ်သူ့ရဲ့ ဘယ်လို မလိုလားနိုင်တဲ့စိတ်နှလုံးကို နှစ်သိမ့်လိုက်ဖို့မှ ရည်ရွယ်စာရေးနေတာ မဟုတ်တော့... မဆိုင်သူတွေ အထင်အမြင်ကောင်းဖို့၊ လိုလားနှစ်သက်သွားဖို့လို့ ရည်ရွယ်ရေးရမယ်ဆိုရင်တော့... ဒီနေရာမှာ (လိုအပ်လို့) ကြည်အေး စာသားလေး ကိုးကားလိုက်ချင်သေးတယ်။ အဲလိုလုပ်မယ့်အစား "ညအိပ်ရာဝင် ခြေမှန်မှန်ဆေးလိုက်ရတာမှ အရသာရှိဦးမယ်"

=)

(မှတ်ချက်။ နှစ်နှစ်လိုလို ပြုံးပြီး ရေးထားသည်)

***
ညက Addy comment ပျောက်သွားတာလား၊ မှားဖျက်လိုက်မိသလား မသိဘူး။ နှစ်ခုပေါင်းပြီး ပြန်တင်လိုက်တယ်။