Friday, March 27, 2009

ကျေးဇူးစကား


Email များ


ဘယ်လိုဖြစ်တာလဲ?

ကိုယ်မင်းကို စိတ်ပူတယ်။
မင်း အခု ဘယ်လိုနေမလဲဆိုတာကိုပါ။
မင်း ကိုယ့်ကို စာပြန်အုံး

(ရန်နိုင်)
___________________________________
khinoomay: ရှိလား
လူ
13 Mar 09, 14:44
kom: အဖေ နေမကောင်းဘူးလား။ အစ်မကို အကြောင်းပြန်ပါဦး စိတ်ပူနေတယ။် take care..
မေးလ်ပိုပြီးရင် စီပုံးမျာ မျက်မှာလာပြပေးပါ။ စကားမပြောချင်လဲ ရတယ။် အစ်မက မေလ်ကို ပိတ်ထားလေ့ရှိလို့ပါ။ အကောင့်ငါးခုရှိလို့ပါ။

ညီမစိတ်မကောင်းပါ
အများကြီးမကောင်းပါ
တကယ်မကောင်းပါ
စိတ်အေးအေးထားပါ
ငိုချင်ငိုပါ
အားလုံးအဆင်ပြေပါစေး

အစ်မ

welcome back
be in peace mind
အားမပေးတတ်တော့
အဆင်ပြေပါစေ

(မမ ခင်ဦးမေ)
_____________________________________
Cho: သူငယ်ချင်းရေ
4:27 PM နင့်ကို online မှာ မတွေ့တော့လို့ နင်များရန်ကုန်ကို ပြန်သွားလား လို့ စိတ်ကထင်လိုက်မိတယ်
4:28 PM နင့် blog ကိုဝင်ကြည့်ရင် သဲလွန်စ တစ်ခုကို ရမှာပဲလို့ ငါတွက်မိတော့
4:29 PM ခုချက်ချင်းပဲ blog ကို ငါဝင်ကြည့်မိတယ်။
4:30 PM “ နင့်ဖေဖေ သတင်းကို NT ရေးထားတာတွေ့ရတော့ ငါစိတ်မကောင်းလိုက်တာဟာ”
4:31 PM နင်ဖေဖေကိုနင်အရမ်းချစ်တာ ကျောင်းနေစဉ်တလျှောက်လုံးငါသတိထားမိပါတယ်
4:34 PM ဒီသတင်းကို ကြားရတာ ငါတော်တော်ကို shork ဖြစ်သွားတယ်။ နင်နဲ့ထပ်မျှဝမ်းနည်းမိတာ ငါ့ရင်တွေတောင် တဒိန်းဒိန်းခုန်သွားတယ်။ ဒါကြောင့် ဒီစာကို ရေးလိုက်တာ။ ဘာမှစိတ်ဓာတ်မကျနဲ့လို့အားပေးချင်ပေမယ့်
ဒီစကားဟာထိရောက်ချင်မှ
ထိရောက်မှာပါ။
4:35 PM အဲဒိတော့ ငါ့ရင်ထဲမှာရှိတဲ့စကားပဲ ငါပြောတော့မယ်။
ငါလည်းနင်နဲ့ထပ်တူထပ်မျှဝမ်းနည်းမိတယ်။

(ချိုမာ)
________________________________________________

Ama ! we are hear about this news , we feel so sad sis.Anyone will pick u at airport when u came back ?what time r u reach at singapore?Take care sis !!!!

(S ei) (Room mates)
_______________________________________________________________
Cbox မှ

28 Mar 09, 00:06
JulyDream: Welcome back... :)
27 Mar 09, 23:53
MS&EM: Life is eternal, and love is immortal, and death is only a horizon; and a horizon is nothing save the limit of our sight...
27 Mar 09, 23:35
မိုးချိုသင်း: အလုပ်ဖြစ်ဖြစ်၊ ကိုယ်ဝါသနာပါရာဖြစ်ဖြစ် occupy ဖြစ်အောင်နေပါ။ ဒါဆို ခံစားရတာ သက်သာမယ်။
27 Mar 09, 23:35
မိုးချိုသင်း: ကျန်းမာရေးလဲ ဂရုစိုက်ပါအုံး။ လူက ပိန်ပိန်လေး။
27 Mar 09, 23:34
မိုးချိုသင်း: ညီမရေ ပြန်ရောက်ပြီနော်။ အမ လာအားပေးပါတယ်။ တတ်နိုင်သမျှ စိတ်ကို ခိုင်အောင် ထားပါ။ ကိုယ်ချင်းစာ နားလည်ပါတယ်။
27 Mar 09, 23:30
strike: ပြန်ရောက်ပြီဆို
27 Mar 09, 00:42
strike: သတိရနေကြပါသည်
25 Mar 09, 08:31
thetpaingthu: မမရိတာရေ.. ပြန်လာခဲ့တော့လေ
21 Mar 09, 10:11
thetpaingthu: မမရိတာရေ.... အဆင်ပြေပါစေနော်
19 Mar 09, 13:51
ကို: may be happy!
18 Mar 09, 09:51
sdl: ရီတာရေ.. အားတင်းထား
18 Mar 09, 01:11
ရွာသားလေးဝိုင်တီယူ: အစစအရာရာ အဆင်ပြေပါစေခင်ဗျာ
17 Mar 09, 22:04
visuta: sorry to hear the death of your father, my feeling is same to you. Soo after i reached to my university, i read your post and knew the sad news. Once again let me say, so sorry to hear such news.
15 Mar 09, 16:47
kyiphyupaing (chomar): နင်နဲ့ထပ်တူထပ်မျှနီးပါးဝမ်းနည်းတာငါ့ရင်တွေတောင် တဒိန်းဒိန်းခုန်သွားတယ်။ဘာမှအားမငယ်နဲ့လို့ပြောချင်ပေမယ့် ထိရောက်မှာမဟုတ်မှန်းသိတော့ စိတ်ထဲရှိတာပဲပြောတော့မယ်။နင်နဲ့ထပ်တူနီးပါးစိတ်မကောင်းဖြစ်မိတယ်။
15 Mar 09, 16:45
kyiphyupaing (chomar): နင့်ဖေဖေသတင်းကို NT ရေးထားတာတွေ့ရတော့ ငါစိတ်မကောင်းလိုက်တာဟာ။နင့်ဖေဖေကိုနင်သိပ်ချစ်တာ ကျောင်းနေစဉ်တလျှေက်လုံးငါသတိထားမိပါတယ်။ဒီသတင်းကြားရတော့ငါshork ဖြစ်သွားတယ်။
15 Mar 09, 16:41
kyiphyupaing (chomar): သူငယ်ချင်းရေ...နင့်ကိုonline မှာမတွေ့လို့နင်ရန်ကုန်များပြန်သွားသလားလို့စိတ်ကထင်လိုက်မိတယ်။နင့်blog ကိုဝင်ကြည့်ရင်သဲလွန်စတစ်ခုတော့ ရမှာပဲလို့ငါတွက်မိတော့ ခုချက်ချင်းပဲ blog ကိုငါဝင်ကြည့်မိတာ။
15 Mar 09, 07:53
အန်တီချမ်း: heard from KOM felt sorry, we all will be with you, hang in there dear
15 Mar 09, 00:34
မိုးချိုသင်း: ညီမရေ အမတို့လုပ်ပေးနိုင်တာ ရှိလဲ ပြောပါအုံး။
15 Mar 09, 00:32
မိုးချိုသင်း: ညီမလေး ကိုယ်ချင်းစာစိတ် အပြည့်နဲ့ အားပေးသွားပါတယ်။ အားတင်းထားပါ။
15 Mar 09, 00:28
မိုးချိုသင်း: ညီမလေးရေ..မမဆီက သတင်းကြားလို့ လိုက်လာတယ်။ စိတ်မကောင်းလိုက်တာ။ တို့ အမျိုးတွေပဲ။ လေးလေး ဦးမြင့်မောင်ရော နေကောင်းရဲ့လား။
14 Mar 09, 23:08
အောင်သာငယ်: မKOM ပြောလို့ သိရပါသည်... စိတ်မကောင်းပါ...
14 Mar 09, 20:52
thetpaingthu: မမရီတာရေ။ အစစအရာရာ အဆင်ပြေပါစေနော်။ မမနဲ့ အတူတူ ၀မ်းနည်း မိပါတယ်နော်။
14 Mar 09, 18:40
သက်ဝေ: ရီတာရေ... အရမ်း စိတ်မကောင်းပါ။ အစစအရာရာ အဆင်ပြေပါစေနော်...
14 Mar 09, 16:57
Rita: အဆင်ပြေပါစေကွာ
14 Mar 09, 15:02
TZA: အစစ အဆင်ပြေပါစေဗျာ။
14 Mar 09, 12:50
pm: အန်တီkom ပြောမှသိရ။ အကြောင်းကြောင်းကြောင့် ရန်ကုန်ပြန်တော့မည်မှန်း...
14 Mar 09, 12:09
ုkom: စိတ်မကောင်းလိုက်တာ။
14 Mar 09, 12:09
ုkom: ကျေးဇူး NT အားလုံးက စိတ်ပူနေကြတယ်
14 Mar 09, 08:57
NT: She went back for her father funeral, just for your info
14 Mar 09, 00:27
MayMoe: အစစအရာရာ အဆင်ပြေပါစေနော်
13 Mar 09, 23:52
sdl: ညီမရေ.. ညီမဖေဖေကျန်းမာချမ်းသာပါစေ....ဆုတောင်းပေးနေတယ်နော်
13 Mar 09, 23:35
သီဟသစ်: Rita ရေ အားလုံး အဆင်ပြေပါစေကွာ
13 Mar 09, 19:18
အန်တီချမ်း: ဒေါ်ရီတာ ဘာဖြစ် သတင်းလာမေး
13 Mar 09, 15:49
ဖိုးစိန်: ဘုမသိ ဘမသိပေမယ့် ရောရောင်စိတ်ပူမိပါသည်..အဆင်ပြေပါစေဗျာ..
13 Mar 09, 15:36
zt: အားလုံး အဆင်ပြေပါစေ။
13 Mar 09, 15:28
kom: စိတ်ပူနေသည်။ စိတ်အေးအေးထားပါ။
13 Mar 09, 15:28
kom: ရှောင်တခင် နက်ဖန် (13.3.2009) မြန်မာပြည် ပြန်မည်။ ၂ ပတ်ခန့်ကြာမည်။ လတ်တလော မှောင်သွားလိုက်တာ
13 Mar 09, 14:44
kom: အဖေ နေမကောင်းဘူးလား။ အစ်မကို အကြောင်းပြန်ပါဦး စိတ်ပူနေတယ။် take care..
13 Mar 09, 14:41
kom: လာကြည့်တယ် ညီမ. ဘာတွေဖြစ်နေသလဲ။
13 Mar 09, 14:29
strike: အကောင်းဆုံးများဖြစ်ပါစေ
13 Mar 09, 08:38
မနောသား: အလည်ရောက်ပါတယ် ..ပျော်ရွင်ပါစေ ..
13 Mar 09, 03:14
thetpaingthu: ပြန်တော့မှပေါ့လေ.... နာလိုဘူးဂျ
12 Mar 09, 23:49
အန်တီချမ်း: ဒေါ်ရီတာ ထထ အောက်မှာခွေးချီးတွေ (စပေးနေတာနော် ဒီလိုပေါ့ကွယ် ဘ၀ ဆိုတာ လဲကျလိုက်ပြန်ထလိုက်ပေါ့ ဒူးနာ ဒူးပွန်းလဲခဏပါပဲကွာ မပူပါနဲ့ တို့တွေရှိပါတယ်)
12 Mar 09, 20:41
strike: omg..
12 Mar 09, 20:27
သီဟသစ်: Rita ရေ Good Luck ပါကွာ
12 Mar 09, 19:09
thetpaingthu: pyan tot mal.... :(
12 Mar 09, 16:29
နန်းညီ: ဟလို ရောက်စ်တယ်စ်..
12 Mar 09, 14:41
အန်တီချမ်း: ဟယ် အခွန်ရှောင်တာလားဟင်???` ဟိစတာနော်
12 Mar 09, 02:06
strike: မြန်မာပြည်မယ်ဆိုတော့ မိသားစုဝင်ထဲကနေမကောင်းတာမသက်သာလို့လား
_______________________________________________________________
ဒီအကြောင်းတွေ ပြန်မရေးချင်ပါဘူး။ ဒါပေမယ့် ကျေးဇူးတင်လို့ ရေးတာပါ။

မပြန်ခင်နေ့က သံရုံးမှာ နာမည်စာရင်းကြည့်ပြီး တကူးတက လာနှုတ်ဆက်တဲ့ စကားအကြာကြီးပြောဖြစ်တဲ့ အစ်မ မသီတာ (Sonata-Cantata)
သံရုံးကို ကြိုသွားပြီးစာရင်းသွင်းပေး၊ ကျန်တဲ့ကိစ္စ အစစ ကူညီပေးတဲ့ သူငယ်ချင်း မင်းလှတာ
လေယာဉ်လက်မှတ်အတွက် ချက်ချင်း ငွေလွှဲပေးတဲ့ သူငယ်ချင်း ဉာဏ်ထွန်း
ကောင်းခြင်း ဆိုးခြင်းတွေကို ဝေမျှနေကျ သူငယ်ချင်း စု

လေယာဉ်ကွင်းကို တကူးတက လိုက်ပို့တဲ့ အခန်းဖော် ညီမလေးနှစ်ယောက်
လေယာဉ်ကွင်းအရောက် ဖုန်းဆက်ပြီး တူတူ ငိုပေးတဲ့ သူငယ်ချင်း မိုင်သီ
ဖုန်းလှမ်းဆက်ဖော်ရတဲ့ ကိုစည်သူ

သိသိချင်း စိတ်ပူ သတင်းမေးတဲ့ မမ ခင်ဦးမေ၊ မမချို၊ သူငယ်ချင်း ချိုမာ
ရုံးက စီနီယာ

မအားတဲ့ကြားက ညဘက်ကြီး လာကြိုပေးတဲ့ စု နဲ့ မောင်လေး စည်သူ

cbox မှာ သတင်းမေးသမျှ ချစ်ခင်စွာသော blogger များ နှင့် blog reader များ
ကျေးဇူးတင်စရာရှိသမျှ လူအားလုံးကို ကျေးဇူးအထူးတင် မှတ်တမ်းတင်ပါတယ်။

ရန်နိုင့်ကိုလည်း ကျေးဇူးတင်ပါတယ်

(ကျေးဇူးတင်စရာ စာ နောက်တစ်စောင်ကိုတော့ ကာယကံရှင် မနှစ်သက်မှာစိုးလို့ မဖော်ပြတော့ပါ။ အဲဒီစာအတွက် ကျေးဇူးကို ဒီနေရာမှာပဲ မှတ်တမ်းတင်ပါတယ်)

7 comments:

JuneOne said...

မမ kom ဆီမှာသတင်းတွေ့လို့လာလည်ဖြစ်ပါတယ်။

ဘယ်လိုနှစ်သိမ့်ရမှန်းမသိလို့ ပြန်သွားတာပါ။စိတ်မကောင်းပါ။

Anonymous said...

ညီမရေ... စိတ်မကောင်းပါ။ ကျန်းမာအောင်နေပါ။

strike said...

ပြီးဆုံးသွားခဲ့သူအတွက်အကောင်းဆုံးလုပ်ဆောင်နိုင်ခဲ့
ပြီး၊ကျန်ရစ်ခဲ့သူများအတွက်တတ်နိုင်သရွေ့ အကောင်းဆုံးဆက်လက်ကူညီ စောင့်ရှောက်နိုင်ပါစေ။

sonata-cantata said...

စိတ်မကောင်း ဖြစ်နေတဲ့ Rita ကို အကြီးဖြစ်ရက်နဲ့ အလိုက်ကန်းဆိုးမသိ စကားတွေ ဖောင်ဖွဲ့နေမိတဲ့ အမအဖြစ်ကို နောက်တော့မှ သတိမူမိရပါတယ်။ ခွင့်လွှတ်ပါနော်
Please keep in touch.
ခင်မင်စွာဖြင့်
မသီတာ

khin oo may said...

စကားလုံးတွေ ကင်းမဲ့နေတယ။်

Rita said...

အားလုံးကို ကျေးဇူးတင်ပါတယ်။

မမသီတာ<<< အစ်မကို ကျွန်မ တကယ်ကျေးဇူးတင်တာပါ။ စိတ်မကောင်း မဖြစ်ပါနဲ့။ အစ်မနဲ့ စကားတွေပြောနေရလို့ တော်တော် စိတ်သက်သာရာရတာပါ။ သူငယ်ချင်းကိုတောင် ပြန်ပြောမိသေးတယ်။ blogger အစ်မ တစ်ယောက်က တကူးတက လာနှုတ်ဆက်တယ်.. အဲဒီ အချိန်မှာ အဲဒီ မမနဲ့ စကားပြောနေရလို့ တော်သေးတာလို့။

Moe Cho Thinn said...

ညီမ
ဖြေလို့ရအုံးမှာ မဟုတ်ဘူး။ ဒါပေမဲ့ စိတ်အေးအေး ထား။ လုပ်သင့်တာ ကြိုးစားလုပ်..နော်။