Thursday, August 13, 2009

Singapore Botanic Garden မှာ...

(ဆယ့်နှစ်ကြိုး ကဝေ)

(ဘယ်လောက် လှလည်းပဲ ဟိုးထိပ်ဖျား တက်ပွင့်နေတော့ သွားတာပဲ။ လူသိပ်မသိဘူး။ ကိုယ့်လို မော့မကြည့်တတ်တဲ့ လူမျိုးဆိုရင်ပေါ့။)

(တခါတလေတော့ ဘယ်သူမှ မရှိတဲ့ အဲဒီလို နေရာမျိုးမှာ...)

(Ever Green)

(အနောက်အရပ်က ကောင်ချောလေးပေါ့ကွယ်။ တိတ်တိတ် ခိုးရိုက်လိုက်တာ။ သူကတော့ သူ့ဘာသာ အလုပ်တွေ ရှုပ်နေတာနဲ့ ကိုယ့်ကို သတိမထားမိပါဘူး။)

(သူ့ကို မှတ်မိကြလား)

(Harry Potter ကားထဲက လိုလို)

(တောကြီးမျက်မည်းထဲ ရောက်သွားသလိုပဲ)

(ခက်ညွန့်သန် နုသစ်လို့ ရစ်ပတ်နှောင်တွယ် သံယောဇဉ်ဆိုတာရယ် နွယ်ကလေးတပင်ပေါ့)

(ရာသီတွေ ဘယ်လိုပြောင်းပေမယ့် ခေါင်းထောင်လို့ကျော့)



(သံယောဇဉ်က ဒီပုံစံမျိုးနဲ့ လာတွယ်ရင်တော့ ဒုက္ခ...)

(ပုံထဲမှာတော့ လှတယ်နော်။ အပြင်မှာတော့ မလှပါဘူး။ ၀ါးလုံးတွေ ဆေးသုတ်ထားတာပါပဲ)

(သူ့ကို ချစ်ရတာ ဗြဟ္မာကြီး ဦးခေါင်း ရွက်ထားရသလိုပဲ)

(Red & Green)

(တပွင့်တည်း ဒါပေမဲ့ Orchid)







(ခရမ်းရောင်က ကိုယ့်ကို အဆွဲဆောင်နိုင်ဆုံး အရောင်ပဲ)



(၀ါဖျော့ဖျော့၊ ပန်းဖျော့ဖျော့ကလေးတွေ မြင်တော့ လက်ထပ်တော့မယ့် သတို့သမီးလေးတွေလိုပဲလို့ တွေးမိတယ်)

(Pure Virgin)

(တွဲခုတ်နေကြတယ်)

(ရိုက်ပေးတဲ့ photographer ကတော့ သူငယ်ချင်း ကြည်ဖြူပိုင် (ချိုမာ)၊ သူ့သူငယ်ချင်းလေး မလေးရှား မသွားရရှာလို့.. ပန်းခြံခေါ်ပြီး ဓါတ်ပုံ အမျိုးမျိုး ရိုက်ပေးရှာတာ)

(အဲဒီ နှစ်ပုံ အဆင်ပြေဆုံးပဲ။ သေချာမမြင်ရလို့။ ရိုက်ပေးတဲ့ လူက တော်ပါတယ်။ ကိုယ်ကိုက မလှရှာတာ။)

*****
ဘယ်နေရာသွားသွား ကိုယ့်နေရာ မဟုတ်ဘူး ဆိုတဲ့ အသိနဲ့ စိတ်ထဲမှာ တခုခု လိုနေသလိုပဲ။
မလုံခြုံဘူး ဆိုတဲ့ ခံစားချက်မျိုး ထင်တယ်။ ဘာမှလဲ ထူးထူးခြားခြား မခံစားမိဘူး။

အခါခါ ရောက်ဖူးရဲ့သားနဲ့ ကိုယ့် အတွက် ခြေညောင်းခံပြီး အချိန်ပေးတဲ့ ချိုမာ့ကို ကျေးဇူး...
ချစ်စ်စ်စ် :)

Thursday, August 6, 2009

Paradigm Shift

ငယ်ငယ်တုန်းက - Bill Gates
(ကမ္ဘာ့ နံပါတ် ၁ သူဌေးလောက် အားကျစရာကောင်းတာ မရှိ)

ခုတော့ - Melinda Gates
(ကမ္ဘာ့အချမ်းသာဆုံးလူကို ယူထားနိုင်တဲ့ မိန်းမလောက် အားကျစရာကောင်းတာ မရှိ)

*****
Paradigm Shift ကို သိလို့ ရေးထားတာ မဟုတ်ပါဘူး။ မသိလို့ ရေးကြည့်တာ... အဲဒါမျိုးလားလို့...

Wednesday, August 5, 2009

A Visit to...

အကုန်အကျလည်း မများဘဲ မြန်မာ အမျိုးသမီး (ချောချောလှလှလေး) တစ်ယောက်တည်း လျှောက်လည်လို့ ကောင်းသည့် စိတ်ဝင်စားစရာ ရှေးဟောင်း အဆောက်အဦ သော်လည်းကောင်း၊ လှတပတ ရှုခင်းသော်လည်းကောင်း၊ ခေတ်သစ် အဆောက်အဦ သော်လည်းကောင်း ရှိသည့် အနီးနား ပတ်ဝန်းကျင်နိုင်ငံ တခုခု အကြံပြုပါရန်...

မလေးဗီဇာ လုပ်ပြီး သူငယ်ချင်းတွေနှင့် ပိတ်ရက် လျှောက်လည်ရန် စိတ်ကူးသော်လည်း၊ အပျင်းကြီးပြီး အနားကပ် (တနင်္လာနေ့) မှ လျှောက်ခဲ့သဖြင့် မီ မမီ မသေချာတော့ပါ။ မီလျှင် သွားမည်။

တယောက်တည်း သွားချင်တဲ့ ရောဂါလည်း မမြတ်နိုးအား အားကျပြီး သည်းနေပါသည်။

Tuesday, August 4, 2009

ချစ်ခြင်း

ဆုကြီးပန်ခဲ့တဲ့သူတွေအတွက် ဆိုရင်တော့ ပါရမီဖြည့်တယ် ခေါ်တာပေါ့လေ။

ကိုယ်လို သာမန်လူတွေအတွက်ကတော့
ချစ်တယ်ဆိုတာ အကြွေးရှိလို့ ဆပ်ရတာ ဖြစ်ချင်ဖြစ်နေမှာ။

Monday, August 3, 2009

အမွေဖြတ်ခြင်း

အမွေဖြတ်ခံရမှာ ကြောက်တယ်။
ကြောက်တယ် ဆိုတာ.. အမွေတွေ မက်လို့ မဟုတ်ပါဘူး။
အမွေဖြတ်ခံရတယ် ဆိုတဲ့ နာမည်ကြီးက ဆိုးလွန်းလို့ပါ။

"... ပေါ့။ ...... လုပ်သွားတာ အိမ်က အမွေဖြတ်လိုက်တယ်တဲ့" ဆိုပြီး ပြိုင်ဖက်တွေက သတင်းလိုလို အတင်းလိုလိုလုပ်ပြီး ပြောတာလဲ ခံရဦးမယ်။

အမွေကတော့ မရလဲ ဖြစ်ပါတယ်။
ဖြတ်သာ မဖြတ်ကြနဲ့။

*****
လွန်ခဲ့တဲ့ ၄, ၅ နှစ်က အတွေးပေါ့ ... ရီရတယ်နော် :)

Saturday, August 1, 2009

အိပ်မက်ထဲက အိပ်မက်များ




အိပ်မက်ထဲက အိပ်မက်များ (ရေး/ ဆို - Alex)


အတိတ်ကို မပြင်နိုင်ချိန်မှာကွယ်
တို့တွေ အတူဆုံလာခဲ့တယ်

မျိုသိပ်ထားလို့ မခံနိုင်ရင် ယဉ်ယဉ်လေးနဲ့ ငါရူးမယ်


မင်းကို ယုံကြည်နေချင်တယ်
ရှေ့မှာ ဘာတွေ ဖြစ်ဦးမလဲ

အရာရာ စွန့်လွှတ်နိုင်ပါတယ် တကယ်သာ မင်းစိတ်တွေ ပြတ်သားရင်


CHO: တယောက်လက် တယောက်ကို တွဲပြီး ဟိုး အဝေးကြီးကို ထွက်သွားချင်
ဘာတွေ ဖြစ်ဦးမလဲ
လူတွေ အလယ်မှာ မနေချင်ဘူး သိပ်စိတ်ရှုပ်တယ်

လောကကြီးကို အရွဲ့တိုက်လို့

မင်းရဲ့ အနားမှာ အမြဲ ပေးဆပ်ရင်းနဲ့ နေပါရစေ
ဘာတွေ ဖြစ်ဦးမလဲ
လိုချင်တာတွေ အို.. နောက်ဆုံး အပြစ်ရှိပလေ့စေ.. ခံယူတာက မှားပစေကွယ်


အချစ်တွေ မကုန်စေချင်ပါတယ်
အနမ်းတွေ ပြန်လိုချင်မိတယ်

ငါတယောက်ထဲ ဖြစ်နေချိန်မှာ အရင်လို စကားလေးတွေ ပြန်ကြားရင်


အပြစ်လို့ မြင်နေသူတွေရယ်..
ချစ်တယ် ဆိုတာတွေ နားမလည်..
လူတွေနဲ့ ဝေးတဲ့ နေရာမှာ ဆုံနိုင်ဖို့ တစ်ခုသာ ကျန်တော့ရင်...


CHO:

*****
အဲဒီ သီချင်းလေး စကြားကတည်းက တော်တော် စိတ်ဝင်စားမိပါတယ်။
မနေ့ညက blog မှာ တင်ချင်လို့ အသဲအသန် လိုက်ရှာလဲ မတွေ့ဘူး။
(တကယ်က တွေ့တယ်။ ခေါင်းစဉ်ကို မသိဖြစ်နေတာ။ အဲဒီ ခေါင်းစဉ်လို့ မထင်တော့ You Tube မှာ ဖွင့် မကြည့်မိဘူး။)

အဲလက်စ် ရေးတဲ့ သီချင်းတွေ သိပ်လဲ ထူးထူးခြားခြား မရှိလှဘူး ထင်ခဲ့ပေမယ့် ဒီတစ်ပုဒ်ကတော့ ချွင်းချက်။
သူ ဒါကို ရေးဖို့ ဘယ်လို inspiration ရခဲ့လဲ သိချင်မိတယ်။
စာသားလေးတွေက ဘာမှ အဆန်းတကြယ် မပါပေမယ့် ထိတယ်။

ဥပမာ။ ။ "မျိုသိပ်ထားလို့ မခံနိုင်ရင် ယဉ်ယဉ်လေးနဲ့ ငါရူးမယ်" ဆိုတာမျိုး...

Cheers! Alex


MP3 link ပို့ပေးတဲ့
မျိုး ကို ကျေးဇူးတင်ပါတယ်။

Tuesday, July 28, 2009

ဝင်ကစွပ် - Hermit Crab



ဝင်ကစွပ်
မြင်ဆွတ်က ကြည်ဖို့ရာ

သည်သို့လာ ဟိုသို့သွားရယ်နှင့်

အငှားခန္ဓာ မြောင်ရတယ်

ဆန်းခေါင်ထိမျိုး။

(မြင်ဖူးမှ ယုံစဖွယ် - ဦးကြင်ဥ)

*****
မမခင်ဦးမေHello Singapore နှင့် ရွာသားဘာကြောင့် နိုင်ငံရပ်ခြား... များ ဖတ်ပြီး သတိရသဖြင့် ကောက်တင်လိုက်ပါသည်။