Showing posts with label Song. Show all posts
Showing posts with label Song. Show all posts

Friday, May 18, 2012

မင်းအကြောင်းတွေ တွေးနေမိမှာပါ

မနေ့က တောက်ပတဲ့နေရောင်အောက်မှာ သစ်ရွက်လေးတွေ တဖြည်းဖြည်းကြွေကျ
ကိုယ့်အေးစက်စက်လက်တွေက အထိအတွေ့နွေးနွေးကို လိုအပ်နေချိန် မင်းအကြောင်းကို တွေးနေခဲ့မိတယ်

ခွဲခွာသွားတော့မယ့် အရိပ်အယောင်တွေကို ရှာကြည့်မိဆဲ
ကိုယ့်လက်ကို မင်း ဆုပ်ကိုင်ထားပေမယ့် ကိုယ့်ကို တကယ်လိုအပ်တာ ဟုတ်ပါရဲ့လားကွယ်
မင်းကို သွားခွင့်ပြုရမယ့် အချိန်ကျပြီလား
မင်းအကြောင်းကိုတော့ တွေးနေမိမှာပါ

သမုဒ္ဒရာကို ဖြတ်သန်းလို့ တဘက်ကမ်းဆီ ချောချောမွေ့မွေ့ ရောက်တဲ့အခါ
ကိုယ့်အတွက် နည်းနည်းလောက်များ ပြုံးယောင်ပြုနိုင်မလား
မင်းအကြောင်းတွေ ကိုယ် တွေးနေမှာမို့လို့ပါ

ကိုယ်တော့ မင်းအကြောင်းတွေ တွေးနေမိမှာပါ

 


lyric from here

Saturday, October 15, 2011

ကိုယ် နှင့် အသံများ

ငယ်တုန်းက လူကြီးတွေ မာမာအေး အဆိုကို ဘာလို့ ဒီလောက်ကြိုက်ကြတယ်ဆိုတာ နားကို မလည်နိုင်ဘူး။ ကိုယ်တွေအတွက်တော့ ပျင်းစရာကြီး ငိုက်ချင်စရာကြီး ဖြစ်နေတာကိုး။ နောက် စာတွေဘာတွေ ဖတ်လို့ မာမာအေးကို အဆိုဘုရင်မ ဘာညာ စသဖြင့် ညွှန်းကြပြန်ရင်လည်း လိုက်မမီပြန်ဘူး။ ကိုယ်မှ ခံစားမရတာကိုး။ ပြောသလောက်ကြီးလည်း မဟုတ်ပါဘူးလို့ ထင်မိတယ်။ ဟေမာတို့ ပိုးဒါလီတို့ ကော်နီတို့ ခင်ရတနာသိန်းတို့ အသံသာ သာယာသံလို့ ထင်မိတာ။

နောက် ဆိုတတ်တယ် မဆိုတတ်ဘူးဆိုတာကိုလည်း ခွဲခြားမသိဘူး။ tv မှာ လာသရွေ့နဲ့ အခွေတွေ နားထောင်သရွေ့ ကိုယ့်နားထဲတော့ သီချင်းကိုသာ ကြိုက်တယ် မကြိုက်ဘူးရှိမယ်။ အသံကိုသာ ကြိုက်တယ် မကြိုက်ဘူး ရှိမယ်။ လူ (အဆိုတော်) ကိုသာ ကြိုက်တယ် မကြိုက်ဘူး ရှိမယ်။ အဆိုပညာကတော့ အတူတူလောက်တွေပါပဲ ထင်မိတယ်။ ဒီလိုတက်ဆိုမှတော့ ဆိုတတ်တာတွေချည်းပေါ့လို့ ထင်မိတယ်။

မှတ်မှတ်ရရ tv မှာ စန္ဒီချစ်စု သီချင်းတွေလာရင် မေမေက ဒီတစ်ယောက်ဟာ အသံလည်း မရ၊ ဆိုလည်း မဆိုတတ်ဘဲနဲ့ ဆိုတဲ့သဘောမျိုး ပြောလေ့ရှိတယ်။ အဲဒီအခါ မေမေက ဘယ်လိုလုပ်ပြီး အဲလိုပြောနိုင်တာလဲ၊ ဘယ်တုန်းက ဒါတွေသိပြီး ဘယ်လိုခွဲခြားပြောနေတာလဲလို့ တွေးမိတယ်။

ဘယ်သီချင်းကတော့ ဘယ်လို ဆိုရခက်တာ ဘယ်လို ပညာပါတာလို့ စာတွေထဲမှာ ဖတ်ရလည်း မသိဘူးပဲ။ သီချင်းဆိုတာ ဘယ်သူ တက်ဆိုဆို နားထောင်လို့ရအောင်တော့ အဆင်ပြေတာချည်းပဲလို့ ထင်နေခဲ့တာ နောက်ပိုင်း ကာရာအိုကေတွေပေါ်လာတော့မှ သီချင်းဆိုရတာ ဒီလောက်မလွယ်ပါလား ဆိုတာ ကိုယ်တိုင်ကိုယ်ကျ နားလည်သွားတော့တယ်။ သီချင်းတစ်ပုဒ် ဘယ်သူတက်ဆိုဆို အဆင်ပြေမှာပဲဆိုတဲ့ အထင်ကလည်း tv မှာ ဆိုကြမယ် ပျော်ကြမယ်တွေ ပေါ်လာတော့မှ အပြီး ပျောက်သွားတော့တယ်။

၁၀ တန်းအောင်လို့ မြန်မာသံတွေ စ စိတ်ဝင်စားတဲ့ အချိန်မှာတော့ ဟေမာနေဝင်း ပြန်ဆိုတဲ့ ပြန်ဆိုတေးတွေက ရအောင်ဆိုထားတာမဟုတ်ဘဲ ရသလို ဆိုပစ်လိုက်တာမျိုးတွေ ဆိုတာ အဆိုပညာဘာလဲ နားမလည်သည့်တိုင်အောင် ခံစားချက်နဲ့တင် သဘောပေါက်လာမိတယ်။ အသံအား ကောင်း၊ မကောင်းအပြင် မုဒ် ဆိုတာကိုပါ ခံစားမိလာတော့ သျှီ၊ ချောစုခင်၊ ဖြူဖြူကျော်သိန်း တို့ ဘယ်လောက်အော်ပြပြ ရင်ထဲ ထိချင်မှ ထိတော့တယ်။

အသံအားကောင်းတဲ့ အဆိုတော်တွေထဲမှာ တင်ဇာမော်ကိုတော့ အတော် သဘောကျပါတယ်။

ခေတ်ဟောင်းပြန်ဆိုတေးတွေမှာ စိုးစန္ဒာထွန်း တော်တယ်လို့ ထင်မိပေမယ့် အသံက သိပ်ချွဲနေတော့ မူရင်းရှာမရမှသာ သူ့ နားထောင်ဖြစ်တော့တယ်။ နောက် အခွေထုတ် မထုတ် မသိပေမယ့် mrtv မှာ ကြည့်ဖြစ်တဲ့ အိအိချွန် (သူလည်း ဆိုကရေးတီး အဆိုရွှေတံဆိပ် ဆုရှင်) ကို အတော် သဘောကျမိတယ်။ သူ သီချင်းဆိုတာကို အလွန်ဆုံး ကြည့်ဖူးမှ ၃ ခါထက် မပိုဘူး ထင်တယ်။ ဘာသီချင်းတွေ ဆိုသွားသလဲတောင် ခု မမှတ်မိတော့ဘူး။ မဟာဂီတ တွေ ထင်တာပဲ။ ဒါပေမဲ့ အသံက ကြည် မြ ပီ သပြီး ဝေစည်နေအောင် ကောင်းတာတော့ မှတ်မိတယ်။ (အဲဒီနာမည် ပေါ်မလာလို့ စဉ်းစားလိုက်ရတာ။ ဂူဂဲလ်တောင် လုပ်ကြည့်မိတယ်။ မတွေ့ဘူး။ အဲဒီ ပြိုင်ပွဲက ဆုရသူတွေရဲ့စာရင်း အင်တာနက်ပေါ်မှာ မှတ်တမ်းမှတ်ရာလေးတွေ ရှိရင် အတော်ကောင်းမှာပဲ။)

အဲဒီ ဆိုကရေးတီး ပြိုင်ပွဲတွေဟာ (ပွဲလုပ်ရတဲ့ ခေတ်ပျက်ကြီးရဲ့ နောက်ကွယ်က ဘာညာဘာညာ ရည်ရွယ်ချက်တွေ အသာထား) အဓိပ္ပါယ်ရှိတဲ့၊ တန်ဖိုးကြီးတဲ့၊ အနှစ်သာရရှိတဲ့ ပွဲမျိုးတွေလို့ ယူဆမိတယ်။

***
နောက်တစ်ခုက သီချင်းဟောင်းတွေ နားထောင်နေရင်းနဲ့ အဆိုပညာ အသံပါဝါတွေထက်၊ စကားလုံးတွေရဲ့ အသံထွက်ပီသတာကိုပါ သတိပြုမိတယ်။ နောက်ပိုင်း အဆိုတော်တွေမှာ အဲဒီအသံထွက်မျိုးတွေ မရှိတော့ဘူး။ ဥပမာ ချောစုခင် ဆိုရင် 'ချ၊ ခြ' စသဖြင့် အသံတွေ ပါလာရင် သတိထားကြည့်။ ရှင်းပြလို့တော့ မရပေမယ့် အရင်က အဆိုတော်တွေရဲ့ အသံထွက်မျိုးတော့ မဟုတ်ဘူး။ တခြားလူတွေတော့ မသိ၊ အဲဒီနေရာမျိုးတွေ ရောက်လာရင် ကိုယ်တော့ သွားကျိန်းပြီး ကြက်သီးထလာတာပဲ။ (သရက်သီးစိမ်း စားထားတုန်း ဒံအိုးကို ဇွန်းနဲ့ခြစ်လိုက်ရင် ခံစားရတာမျိုး။)

အဲဒါကြောင့် နားမထောင်ဘူးလား ဆိုတော့ ထောင်တာပဲ။ ချောစုခင် သီချင်းတွေထဲလည်း ကြိုက်တာတွေ အများကြီးကိုး။ ဟိုး ပထမဆုံးအခွေထဲ "နေရောင်ခြည်ရဲ့ အနမ်း" က စလို့ ကြိုက်မိတာ။ အခွေနာမည်ကလည်း အဲဒါပဲ။

ပြီးတော့ စလုံးသံနဲ့ ဆလိမ်သံ။
မေဆွိရဲ့ "အတ္တ" ကို ချောစုခင်ပဲ ပြန်ဆိုတော့ အဆိပ် ဆိုတဲ့ အသံကို "အစိတ်" လို့ပဲ ထွက်သွားတယ်။ မေဆွိ ဘယ်လိုဆိုလဲတော့ မမှတ်မိတော့ဘူး။ ထို့အတူပဲ မျိုးကြီး "အဆိပ်ခွက်" မှာလည်း "ကိုယ်ဟာလေ မင်းအတွက် အစိတ်တစ်ခွက် ပါပဲ" ပဲ။

အဲဒီတော့ ဘာဖြစ်သလဲမေးရင် ဘာမှ မသိရင်တော့ ဘာမှ မဖြစ်ဘူး။ တခုခု သိနေရင်တော့ နားထဲမှာ တခုခုဖြစ်နေတော့တာပဲ။

အဆိုတော်တွေတင်လား ဆိုတော့ သတင်းကြေညာသူတွေထဲမှာလည်း အဲဒါမျိုးတွေ ရှိတယ်။
ဥပမာ - ဆောက်လုပ်ရေး ဝန်ကြီးဌာန ဆိုတာကို ဆလိမ်သံ မပီဘဲ စလုံးသံနဲ့ ပြောတာမျိုး။


တခါတလေတော့ သိခြင်းသည် ဒုက္ခပဲ။

***
ဟိုရက်ပိုင်းက ဖြူသီ ပြန်ဆိုတဲ့ ချစ်မိုးကြီး ကို တစိမ့်စိမ့် နားထောင်ဖြစ်တယ်။ ခုရက်ပိုင်းတော့ မာမာအေးရဲ့ နှင်းပျောက်တဲ့ နွေ နဲ့ မေ့ကွက်ကို ရှာ နားထောင်ဖြစ်နေပြီး မာမာအေးဟာ ဘာဖြစ်လို့ ပြောစမှတ်ပြုရအောင် ဖြစ်ရသလဲဆိုတာ နားလည်လာမိတယ်လို့ ထင်တယ်။

***

မေ့ကွက်ကို ရှာ


နှင်းပျောက်တဲ့ နွေ

Sunday, August 21, 2011

စိတ်ကူးများနဲ့ ကျွန်မ



စိတ်ကူးများနဲ့ ကျွန်မ (ဆို - Sweety, ရေး - ကိုအောင်)

ကျွန်မရဲ့ ရင်ခုန်သံတွေကို ရှင်က ကြားမှ ကြားရဲ့လား
ကျွန်မ ချစ်နေတာတွေကိုလေ ရှင်က မသိသလိုပါ
ဒီ မျက်ဝန်းများနဲ့ ရှင် ပြုစားထားတော့
အို ရှက်သွေးလေးများ ဖြာ

ညအိပ်ရာဝင်ရင် ရှင် မာယာတွေနဲ့ အိပ်မက်ထဲကိုလာ
ကျွန်မ ဖြစ်ချင်တာတွေကိုလေ ရှင်က ပေးနိုင်မလား
ဒီ နှောင်ကြိုးများနဲ့ ရှင် ဖန်ဆင်းထားတဲ့
အို အိပ်မက်ထဲက ကျွန်မ

♫♪
ချစ်လား ♫♪ ♫♪ ဒီလို မေးခွန်းလေးတွေ ဖြေစမ်းပါ ♫♪
♫♪ ချစ်လား ♫♪ ♫♪ ယုံကြည်ခြင်းနဲ့ ပန်းတွေ ပွင့်ဆဲပါ ♫♪

ဒီ စိတ်ကူးများနဲ့ အတူ မျှော်လင့်ထားတဲ့
အို ရှင်နဲ့ ကျွန်မရဲ့ ဘဝ

***
Sweety (
ပြန်ဆုံမယ့်ညနေ အတွဲခွေထဲက အဆိုတော်) ရဲ့ တကိုယ်တော်အခွေက သီချင်း။
series title ကလည်း အဲဒီသီချင်းပဲ။ ပြောသာပြောနေတယ်။ အဲဒီနှစ်ခွေလုံး သေချာမသိဘူး။ အဲဒီအချိန်မှာ သီချင်းတွေကို အာရုံမရောက်တော့ သေချာနားမထောင်တော့ဘူး။ ဟိုကကြား ဒီကကြားနဲ့ သိနေ ကြားဖူးနေရုံလောက်ပဲ။

အဲဒီ သီချင်းလေးတော့ သူ့တကိုယ်တော်အခွေ ထွက်စ city FM မှာ ခဏခဏ လွှင့်တာ ကြားဖူးနေတယ်၊ နောက် mrtv မှာလား mwd မှာလားလည်း လွှင့်တာ ကြုံဖူးတယ်။ လိုချင်နေတာ ကြာလှပြီ။ tv မှာတော့ တေးရေးကို ထူးအိမ်သင် လို့ ရေးထားသလားလို့ပဲ။ ခုတော့ ကိုအောင်လို့ ရေးထားတယ်။ ကြယ်တွေစုံတဲ့ ည ကို ရေးတဲ့ ကိုအောင်။ အဲဒါ ထူးအိမ်သင် ညီများလား မသိ။

အမျိုးသားတေးရေးဆရာများ မိန်းမနောက်ပိုးသီချင်းရေးရင် အတော်ပီပြင်တာပဲ။ အငဲ လည်း တူတူပဲ။

(( အေးမြတ်သူလည်း ကြည့်ရင်း ကြည့်ရင်း အတော်ကို လှလာတယ်။
သူ့မှာ လှတာအပြင် ချစ်ခင်နှစ်လိုစရာ မြူးမြူးကြွကြွနဲ့ ဆွဲဆောင်နိုင်တဲ့ ဓါတ်ခံရှိတယ်။ ခိုင်သင်းကြည် တို့လို။ အဲဒါ လှတိုင်း မိုက်တိုင်းလည်း မရှိဘူး။ နန္ဒာလှိုင်ဆို တော်တော်လှတယ် ဆိုနိုင်ပေမယ့် အဲဒီဓါတ်ခံမျိုးမရှိဘူး ထင်တာပဲ။ မကြိုက်လို့လည်း ဖြစ်နိုင်ပါတယ်။ သီချင်းကြောင်းက ဘယ်ရောက်သွားတယ်မသိ။ (ဤကား စကားချပ်) ))

***

Sunday, August 7, 2011

နှုတ်ဆက်ခြင်း



နှုတ်ဆက်ခြင်း (ဇော်ဝင်းထွဋ်၊ တေးရေး - ရွှေဂျော်ဂျော်)

မကြာခင်လေးမှာပဲ အဝေးကို သွားတော့မယ်
ဒီအချိန် မင်းကိုကွယ် ငါ နှုတ်ဆက်ခဲ့ပါတယ်
မပြေလည်ခဲ့တာလည်း အို မင်းရင်ထဲ ရှိရင်
ကျေပါ
ကိုယ့်ကို ခွင့်လွှတ်တော့ကွယ်

မလိုချင် ငြင်းပယ်ခဲ့ ဒီမေတ္တာတရားတို့ရယ်
အို ရင်ထဲပြန်ပြီး သိမ်းဆည်းသွားပါမယ်
ငါ ရင်မှာ ကြေကွဲ
အနှောက်အယှက် ဖြစ်ရင်လည်း
ကျေပါ
ကိုယ့်ကို ခွင့်လွှတ်တော့ကွယ်

အိမ်ပြန်ချိန်လေးမှာ ဝမ်းနည်း
နှုတ်ဆက်ခဲ့တယ်
ဒီချိန်မှာ မင်းရဲ့ အပြုံးလေး
ခဏလောက် ရချင်တယ်
မပြေလည်စရာ အကြောင်းတွေ ရှိလည်း
ခဏလောက် မေ့ပစ်ခဲ့
ဟိုအရင်အတိုင်းပဲ
ဘာမှ မပြောင်းလဲ
မင်းရဲ့ အနားက အမြဲတမ်း မိတ်ဆွေကွယ်

ငါတို့ ဝေးလေတဲ့ ဘဝတာ လမ်းမရယ်
တခါတလေတော့ ပြန်ပြီး
သတိရလိုက်ပါကွယ်
ပျော်စရာတွေ ကြုံခဲ့
အတိတ်က အကြောင်းတွေနဲ့

ကျေပါ
ကိုယ့်ကို ခွင့်လွှတ်တော့ကွယ်

Monday, June 13, 2011

Home



Home
Westlife

Another summer day
Has come and gone away
In Paris and Rome
But I wanna go home

Maybe surrounded by
A million people I
Still feel all alone
I just wanna go home
Babe I miss you, you know

And I’ve been keeping all the letters that I wrote to you
Each one a line or two
“I’m fine baby, how are you?”
Well I would send them but I know that it’s just not enough
My words were cold and flat
And you deserve more than that

Another aeroplane
Another sunny place
I’m lucky I know
But I wanna go home
I’ve got to go home

Let me go home
'Cause I’m just too far from where you are
I wanna come home

And I feel just like I’m living someone else’s life
It’s like I just stepped outside
When everything was going right
And I know just why you could not
Come along with me
That this is not your dream
But you always believed in me

Another winter day has come
And gone away
In even Paris and Rome
And I wanna go home
Let me go home

And I’m surrounded by
A million people I
Still feel all alone
Oh, let me go home
Oh, I miss you, you know

Let me go home
I’ve had my run
Baby, I’m done
I gotta go home
Let me go home
It will all be all right
I’ll be home tonight
I’m coming back home

***
သီချင်းတစ်ပုဒ်ဟာ ကိုယ့်ကို တမင်ညွှန်းဆိုတယ် ထင်ရလောက်တဲ့ အဖြစ်တွေရှိကြမှာပဲ။ အဲဒီအခါ အဲသည်သီချင်းကို ထပ်ခါနားထောင်ရင်း ချိုမြိန် စူးရှ ကြည်နူး ကြေကွဲ ခံစားချက်တွေ တခုချင်းစီခံစားရနိုင်သလို အားလုံးကို တပြိုင်တည်း ပေါင်းဆုံပြီး ခံစားရတာလည်း ဖြစ်ချင်ဖြစ်မှာပဲ။

ဒီနေ့ ရုံးမှာ ဒီသီချင်းကို တိုးတိုး ဖွင့်ထားရင်း ဆဋ္ဌမမြောက်အပိုဒ်ကလေးကိုလည်း သိပ်ကြိုက်နေမိတယ်။

ပြန်ဆိုထားတဲ့ မူကွဲတွေ အများကြီးရှိတယ် ထင်ပါတယ်။

***
ဝေးကွာချိန်က ရှည်လျားလွန်းတဲ့အခါ ကြားကာလတွေကို အလိုလျောက် ဥပေက္ခာနဲ့ မသိလိုက်မသိဘာသာ ဖြတ်သန်းနေမိတော့... တစ်နှစ်တာပတ်လုံးမှာ လွမ်းစရာအကောင်းဆုံးအချိန်ဆိုတာ ပြန်တွေ့ရခါနီးအချိန် ဖြစ်သွားတော့တယ်။

မကြာခင် တွေ့ရတော့မယ်ဆိုတာ သေချာလေ ပိုလို့ လွမ်းရလေ။

***
အင်း MD ကြားရင်တော့ သူ့စောင်းဖွင့်တယ် ထင်မလားပဲ။

***

Friday, February 18, 2011

အမှတ်တရလေးများ



အမှတ်တရလေးများ (တေးရေး - ဒေါမနစ် ၊ တေးဆို - မီးမီးခဲ)

မင်းပေးတဲ့ စံပယ်ဖြူပွင့်တွေလည်း နွမ်းခြောက်သွားခဲ့ပေမယ့် ရင်မှာမွှေးနေဆဲ

မင်းစိုက်ခဲ့ စံပယ်ရုံသစ်ပင်လည်း ကြီးရင့်သွားခဲ့ပေမယ့် ဖြူစင်မွှေးနေဆဲ
မင်းပြောတဲ့ ပုံပြင်လေးတွေလည်း ရင်မှာ ကြားယောင်ဆဲ
မင်းရေးတဲ့ ကာရန်လေးတွေလည်း တချို့တဝက် မရှိတော့ပေမယ့် ငါ ဆိုညည်းနေဆဲ
မင်းနမ်းတဲ့ နေရာပါးပြင်လည်း ခြောက်သွေ့သွားခဲ့ပေမယ့် ဒဏ်ရာဖြစ်နေဆဲ
မင်းချစ်တဲ့ ထိုင်ခုံလေးမှာလည်း ငါ ထိုင်ငေးနေဆဲ
မင့်အိပ်မက် မျှော်လင့်ခြင်းတွေလည်း မပြီးဆုံးသွားခဲ့ပေမယ့် ငါ တည်ဆောက်နေဆဲ
မင်းနင်းတဲ့ ခြေရာလေးတွေလည်း ပျောက်ပျက်သွားခဲ့ပေမယ့် ဖွေရှာ ငေးနေဆဲ
မင်းကမ်းတဲ့ အကြင်နာလက်တွေလည်း လှမ်းဆုတ်မရတော့ပေမယ့် ရင်မှာ တမ်းတဆဲ
မင်းသွားတဲ့ နေရာလေးတွေလည်း ငါ ရောက်သွားတတ်ဆဲ
မင်းအိပ်ခဲ့ ကမ္ဗလာစက်ရာလည်း အေးစက်သွားခဲ့ပေမယ့် ရင်မှာ နွေးနေဆဲ

***
'95 လောက်တုန်းက ဒေါမနစ် စီးရီးစ်တခွေထွက်တော့ အဲဒီသီချင်းနဲ့ ကြော်ညာခဲ့တာကို မှတ်မိနေတယ်။ ဒီသီချင်းကို ကြိုက်ပေမယ့် အဲဒီအခွေကိုတော့ မဝယ်ဖြစ်လိုက်ဘူး။ နောက်တော့ မေ့သွားရော။

city FM ကို ရုံးမှာ နားထောင်ဖြစ်တဲ့အချိန် မီးမီးခဲ ပြန်ဆိုတာကြားတော့ ချက်ချင်းပဲ မှတ်မိသွားတယ်။ ပျောက်သွားတဲ့ ပစ္စည်းတစ်ခု ပြန်တွေ့ရသလိုပဲ။ နားထောင်ရခဲတဲ့ သီချင်းတွေ ပြန်ရှာတွေ့ရတာ သိပ်ဝမ်းသာစရာကောင်းတယ်။

ညက facebook မှာ တင်တော့ ရွယ်တူချင်းတွေက သိကြတယ်။
သူငယ်ချင်းတယောက်ကတော့ အဲဒီသီချင်းကို ဘိုဘို လည်း ပြန်ဆိုထားသေးတယ် ပြောတယ်။

***
ခုတလော အမှတ်တရ (ဂျူး) ကို စိတ်ကူးနဲ့ ပြန်ရိုက်နေရင်း၊ ဇာတ်ဝင်သီချင်း ရှာနေမိတယ်။
(မှတ်ချက်။ မင်းသား မင်းသမီး ရှာမရသေး။ ဒါရိုက်တာတော့ ရပြီ)

တွေ့ရသလောက်ကို စာရင်းလုပ်ထားတဲ့ထဲ ဒီသီချင်းပါတယ်။
နောက် ဟိုးးး အရင်က သန္တာဦး ဆိုတဲ့
အမှတ်တရ သီချင်းရယ်။ အဲဒီသီချင်း မီမီဝင်းဖေ ပြန်ဆိုထားတာတွေ့တယ်။

ဇာတ်ကားတစ်ကားမှာ ဇာတ်ဝင်သီချင်း၊ နောက်ခံတေးဂီတတွေလည်း အင်မတန် ပို့ပေးနိုင်တယ်လို့ ထင်မိတယ်။ စကားမစပ် ဇာတ်လမ်းအသွားနဲ့ ဇာတ်ဝင်သီချင်း ဘာမှမဆိုင်ဘူးလို့ ထင်မိတာကတော့ စင်ရော်မောင်မောင်ရိုက်တဲ့ မောင်။ ဒါပေမဲ့လည်း အဲဒီကားပေါက်တော့ သီချင်းပါ ပြန်ပေါက်သွားပြန်ရော။

တီဗွီကြည့်ပြီး ပြိုင်ကားလည်းမောင်းချင်၊ ရေခဲပြင်လည်း စကိတ်စီးချင်၊ နှင်းလျှောလည်း စီးချင်ဖြစ်တတ်တဲ့ အရွယ်တုန်းကတော့ ရုပ်ရှင်ကြည့်ပြီး ကြိုက်တာတွေ့ရင် ဒါရိုက်တာလည်း လုပ်ချင်ခဲ့သေးတယ်။

ခုတော့လည်း ကြိုက်တဲ့ဝတ္ထုတွေကို ပရိုဂျူဆာလုပ် ရိုက်ခိုင်းပြီးတော့ပဲ သိမ်းထားချင်တော့တယ်။

***

Monday, February 14, 2011

နှစ်ပိဿာခွဲ


နှစ်ပိဿာခွဲ
(တေးရေး - မြို့မငြိမ်း၊ တေးဆို - လေဘာတီ မမြရင်။
ဝင်းဦး၊ တင်တင်မြ၊ ချိုပြုံး)

စိန်ခြူးကြာညောင် လရောင်တွေလင်းပါလို့

မှန်ရွှေပြတင်းဆီက မယ်ခုမျှော်
သုံးချက်စည်တော် ရိုက်ဆော်ကာ ညှင်းတယ်လေး
လင်းပြန်လုနော်

ရှေးက လှိုင်ထိပ်ခေါင်တင် သခင်မမော်
သူ့မောင်တော်ပြန်လာခဲ စက်လည်းမပျော်
လာနိုးငယ်မျှော် ထူးတဲ့တစ်ကိုယ်တော်
သုံးချက်စည်ဆော်
သံချိုချို ရွှေဗဟိုရ်ညှင်းတယ်
တောင် တောင်ပံ နှက်သံပြင်းတယ်ကွယ်
လင်းကြက်တွန်သံကြော်

ခုနေခါ ရှိများရှိရင် လှိုင်ထိပ်ခေါင်တင်
သခင်မကြီးထံတော် အရောက်သွားလို့
ဘုရားကျွန်မရဲ့ အဖြစ်တွေကို
ရှိကြတဲ့လူတွေနှင့် သူလည်းသိလေအောင်
စိန်ခြူးရယ်တဲ့ ကြာညောင် ကြာညောင်
ဘောလယ်ကဲ့သို့ တစ်ပုဒ်လောက်ရေးဖို့
အကြံလေးများ ပေးသနားပါလို့
တင်ရသော် တော်မလားနော်
လာနိုးမျှော် မှန်ပြတင်းက လည်ပင်းကိုးတောင်ကျော်

ရှင် ကျိန်တာတွေ အဟုတ်စူးမနော်
တမင်လိမ်တာတွေ မမြုပ်ဘူး ဗူးပေါ်သလိုပေါ်
ဟို နောက်များနော် သွေဖေါက်ပြားကာ မျက်နှာများခဲ့သော်
ကျိန်တာများလည်း ကောင်းတယ်မထင်နဲ့
မိုးကြိုးကျိန်ရင် မိုးကြိုး ခြေကျင်းငြိမှာ စိုးရသတော်
ရွှေလရောင်ထိုး လာနိုးမျှော်
မှန်ပြတင်းက လည်ပင်းကိုးတောင်ကျော်

အရုဏ်ကျင်းပါပေါ့
လင်းကြက်ကယ် ရွှေတောင်ပံ
နှက်သံပြင်း ယွင်းတဲ့ချိန်နော်
တွန်သံပေး ဝေးနီးခေါ် တကြော်ကြော်
အခန့်သင့် သူပြန်လာသော်
ဒါက ဘာကြက်တုန်းလို့
ခပ်ငေါ့ငေါ့နှင့် မေးလိုက်ရင်နော်
စစ်တကောင်းကြက်ကြီးပါကွာ
အချိန်မနည်းပေါင်
နှစ်ပိဿာခွဲလောက်တော့ ရှိမပေါ့ ဖြေပုံပေါ်။

you tube link
(ဝင်းဦး၊ တင်တင်မြ၊ ချိုပြုံး ဗားရှင်း)


စာသားတွေကို ဒီက ယူပါတယ်။

***

အမှုန့်ကြိတ်ပစ်ချင်လာပြီ တခါပြောမိတော့ "ပေါင်ဒါမှုန့်လို လုပ်ပြီးတော့တောင် လိမ်းထားချင်သေးလို့ မို့လား" လို့ ပြန်မေးတုန်းက အဲဒီ "စစ်တကောင်းကြက်ကြီးပါကွာ အချိန်မနည်းပေါင် နှစ်ပိဿာခွဲလောက်တော့ ရှိမပေါ့" ဆိုတဲ့ စာသားကို မဆိုင်လှပေမယ့် ဖျတ်ခနဲ သတိရမိသေးတယ်။

သူတို့တွေ တဖက်ကမ်းခတ်တဲ့အရာတစ်ခု ရှိတယ်။
အလုပ်မဟုတ်တာတစ်ခုခု လုပ်ထားပြီးရင် ဝေ့လည်ကြောင်ပတ်တွေ လျှောက်ပြောပြီး ရူးချင်ယောင်ဆောင်တာ။

***
(Valentine Day အမှတ်မရ တရ)

Friday, February 11, 2011

မင်္ဂလာမောင်မယ်



မင်္ဂလာမောင်မယ် (တေးရေး - မြို့မငြိမ်း / တေးဆို - မေရှင်)

(သံသာကမ်းတိုင် တူပြိုင်ကူးမယ်လေ ဆုထူးကို မောင်မယ်စုံချွေ
ဟိုရှေးရေစက် ခိုင်မြဲ လွဲမသွေ
ဖူးစာဖက် ချစ်သက်ဝေ ချစ်တဲ့သက်ဝေ)

မောင့်အသည်းဆိုင် မယ်ပဲလေ၊ မယ့်အသည်းဆိုင် မောင်ပါပဲလေ
စွဲမြဲတည်နေ ကမ္ဘာတိုင်အောင်လေ
သူနိုင် ငါနိုင် သစ္စာမဏ္ဍိုင် ချစ်ခြင်းပြိုင်မှာတွေ

(မိဘဝတ္တရား ချီးမြှင့်အပ်သောအရွယ်ပေ

လျောက်ပတ်တင့်တယ် ရွေးချယ် မျိုးနွယ်တူဆွေ
သုဘဒြအခါ မင်္ဂလာရက်၌လေ
စုလျားရစ်ခွေ ဇောတိရသ် ပတ္တမြား နိတုံရွှေ)
မင်္ဂလာစုပေါင်းကျက်သရေ ရှိကြောင်းဆုချွေ

လိုရာအဖြာဖြာ အောင်ပါစေ မောင်မယ်တွေ

မြို့မ တေးငြိမ့်မြူးနွဲ့ ဝမ်းမြောက်တဲ့အောင်သံပေ
အေးမြမြ သာပေါ့ သာပေါ့ ဆွေ


(မောင် ရှေ့ကိုတည့်တည့် လျှောက်မယ်လေ

မယ်လည်း တည့်တည့်လိုက်ကာ လျှောက်တယ်မောင်ရေ

ဟောဟိုအရာ အဖြူပါပေ မြင်သလားမေ

ဘော်သာခွာညို ပုလဲဖြူ မြင်သားပေါ့သက်ဝေ)

ဘုရားသွား ကျောင်းတက် စိတ်တူကိုယ်တူ ကြည်ဖြူမောင်မယ်ဆွေ

မယ်ကား လယ်မြေ မောင်ကား မိုးကောင်းရေ လောကီအမြုတေ

သီးပွင့်ဖြိုးဝေ ရာသက်တိုင်လုံး ရွှင်ပျော်နေ

***
မင်္ဂလာဆောင်တွေမှာ မြန်မာလိုဆောင်ပြီး ဧည့်ခံတဲ့သီချင်းတွေက မြန်မာမင်္ဂဆောင်သီချင်း စစ်စစ်တွေမဟုတ်ရင် အဆီအငေါ်မတည့်သလို ထင်မိတော့ ကိုယ့်အလှည့်ကျ မြန်မာလို ဆောင်ပြီး၊ တီးဝိုင်းကလည်း မြန်မာသံနဲ့ သီချင်းတွေကိုလည်း တကယ့် မြန်မာမင်္ဂလာဆောင်သီချင်းစစ်စစ်တွေချည်း အဆိုတော်သေချာရွေးပြီး ဆိုခိုင်းမယ်လို့ စိတ်ကူးယဉ်ခဲ့ဖူးတာ။ ဘယ်တုန်းကတည်းကလဲဆို မြန်မာသံတွေကို စ စိတ်ဝင်စားတဲ့ ၁၀ တန်းအောင်ပြီးကာစလောက်ကတည်းက၊ အချဉ်တော့ မဟုတ်ဘူး။ (အဲဒီစိတ်ကူးလည်း ဒီတသက်တော့ ဖြစ်မှ ဖြစ်ပါတော့မလားမသိ)

အဲဒီ ကိုယ့်အလှည့်အတွက် သေချာရွေးထားတဲ့ သီချင်းတွေထဲမှာ ဒီ "မင်္ဂလာမောင်မယ်" လည်း အပါအဝင်ပေါ့။ နားထောင်ရတာ အင်မတန်ကျက်သရေရှိတယ်လို့ ထင်မိတာအပြင် မင်္ဂလာမောင်မယ်ကို ဂရုတစိုက် ဆုတောင်းထားတဲ့ စကားစုလေးတွေက ထူးခြားတယ်လို့ ခံစားမိပါတယ်။

"
မင်္ဂလာစုပေါင်းကျက်သရေ ရှိကြောင်းဆုချွေ
လိုရာအဖြာဖြာ အောင်ပါစေ မောင်မယ်တွေ

မြို့မ တေးငြိမ့်မြူးနွဲ့ ဝမ်းမြောက်တဲ့အောင်သံပေ
အေးမြမြ သာပေါ့ သာပေါ့ ဆွေ
"
သီချင်း download လုပ်ရန်
စာသားတွေ ဒီက နဲ့ "မြို့မငြိမ်း နှစ် (၁၀၀) ပြည့် အနုပညာဘဝမှတ်တမ်း" စာအုပ်ကနေ ယူပါတယ်။

***
မသိတဲ့ စကားလုံးအဓိပ္ပါယ်တချို့ကို google မှာ ရိုက်ထည့်ကြည့်ရာက ရှာတွေ့တာတွေ...

* ဇောတိရသ် = the all wish-giving gem (ဇောတိရသ)
(မမေဓာဝီ ဘလော့ မှ)

* နိတုံ
= အပြစ်စင်သော မည်သည့် သဏ္ဌာန်မျှ ပုံဖော်ခြင်း မခံရသေးသော ရွှေစင်သန့်သန့်
(စိုင်းစိုင်းလားရှိုး ဘလော့ မှ
ဇောတိရသ် ပတ္တမြားကဲ့သို့ အရည်အသွေးရှိသော သတို့သားကောင်းအား စင်ကြယ်သန့်ရှင်းသော နိတုံ ရွှေစင်ကဲ့သို့ သတို့သမီးကောင်းနှင့် ပေါင်းဖက်ခြင်းဆိုတဲ့ ဂုဏ်ရည်ကို ပြတယ် ဆိုပါတယ်။)

သုဘဒြ နဲ့ ဘော်သာခွာညို ကိုတော့ ရှာလို့မတွေ့သေးဘူး။

***
(ကိုတီ နှင့် ကိုတီ့ ချစ်ဇနီး သို့)


--
Blogger ဇွန်မိုးစက် said...
ရီတာနဲ့အတူတူ ထပ်ပြီးဆုတောင်းပေးလိုက်တယ်။

ရီတာ့စိတ်ကူးလေးလည်း မကြာမီသောအနာဂတ်မှာ အကောင်အထည်ဖော်နိုင်ပါစေလို့ ဇွန်ဆုတောင်းလိုက်တယ်နော်။း)
January 23, 2011 10:36 PM
Delete
Blogger Rita said...
ဇွန်

ဒုတိယဆုတောင်းအတွက် fb မှာတခါ သူများလာဆုတောင်းပေးတုန်းကလို ပြောရမယ်။ ဖွ ဖွ
=D (j/k)
January 23, 2011 10:40 PM
Delete
Blogger TZA said...
ကျေးဇူးတင်ပါတယ် Rita

သတိုးသမီးကိုယ်တိုင် ပရိသတ်ကိုသီဆိုဖျော်ဖြေမယ့် Rita ရဲ့ မင်္ဂလာပွဲလေး အမြန်ရောက်လာပါစေလို့ ဆုတောင်းပါတယ်။
January 24, 2011 12:10 AM
Delete
Blogger Rita said...
ဟမ်မ်မ်
ဆိုပြမယ် မပြောမိပါလား။
ဆိုပြမယ် ပြောသွားတာ ဘသူပါလိမ့်။
January 24, 2011 9:00 AM
Delete
Blogger Lun Lunn said...
လတ်စသတ်တော့ မရီတာက ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင် ပစ်သွားတာကိုး။

ကြော်ငြာသင့်ပါတယ်။ မသိရင် တော်တော်များများ ကျွန်တော်အပါအ၀င် အိမ်ထောင်သည်လို့ပဲ ထင်ချင် ထင်ကြမှာ။

ဒီနှစ် ၀ါကျွတ်မှာ လူပါ ကျွတ်ပြီး စိတ်ကူးတဲ့အတိုင်း ပျော်ရွှင်စွာ ကျင်းပနိုင်ပါစေ။
January 24, 2011 1:07 PM
Delete
Blogger Rita said...
ကြည့်ရတာ ဘလော့သိပ်မဖတ်မိဘူးထင်တယ်။ data တွေ အကုန် open ထားထားတာပါ။ ဘာရှိတယ် ဘာမရှိဘူးကအစ။

=D
January 24, 2011 1:08 PM
Delete
Blogger Thant said...
မင်္ဂလာဆောင် သီချင်းသံတွေ အကျယ်ကြီးဖွင့်ထားတာကြားရင် ရယ်ချင်လာတာပဲ... ((( ဟမ် ))) ... :P
January 24, 2011 3:41 PM
Delete
Blogger Thant said...
" မောင် ရှေ့ကိုတည့်တည့် လျှောက်မယ်.... " ဝိဇ္ဇာကာတွန်းကို မြင်ယောင်မိပြန်ပြီ... ခွိ...
January 24, 2011 3:44 PM
Delete
Blogger Rita said...
ဒီမှာလာ အူမြူးနေပါ့လား =D

မင်္ဂလာဆောင်သီချင်းတွေ ကြားရင် ရယ်ချင်တတ်တာတော့တူတယ်။ (မင်္ဂလာဆောင်ထဲမှာဆိုရင်တော့ မရယ်ချင်ပါဘူး)

ဝိဇ္ဇာရဲ့ အဲဒီအကွက်တော့ မသိဘူး။ ဖတ်ပြီးမေ့နေတာများလား။
January 24, 2011 3:49 PM
Delete
Blogger အန်တီချမ်း said...
အော် ယူတော့မယ်ပေါ့
စိတ်လိုလက်ရ ထောင်ထဲဝင်ချင်တဲ့သူတွေက ရှိသေးတယ်
လုပ်ကြပါ
January 25, 2011 3:20 PM
Delete
Blogger Rita said...
မဟုတ်ပါဘူး ဘသူပြောလဲ
ဖွ ဖွ လွဲပါစေ ဖယ်ပါစေ
January 25, 2011 3:21 PM
Delete

Sunday, December 12, 2010

ယောက်မ

ယောက်မ
(ရေး - မြို့မငြိမ်း၊ ဆို - လေဘာတီ မမြရင်၊ မာမာအေး၊ ဖြူသီ)



ခြေဆင်း
(မကောင်းမြစ်တာ ကောင်းရာညွှန်ပါတဲ့ မိခင်

နားဝင်ငြိမ့်ညောင်း သံချိုလောင်းရင်
သံပြားကျောက်စောင်း ကျိုပျော့ပျောင်းသတဲ့ရှင်
ကိုယ့်သမီး ဆင်စီးမြင်းရံ ရွှေဘုံပေါ်စံစေချင်)

မျက်စေ့အောက်တွင် အမြဲမြင်ချင် အရိပ်တကြည့်ကြည့်နှင့် သမီးကိုပင်
မိခင်တိုင်းတွင် အရွယ်ကလေး ငယ်သေးတယ်ထင်
မောင့်အပေါ် ခင်မင်တွယ်တာ သနားမညှာ
မေတ္တာဧကန် သွေလှန်ဖေါက်ပြား ယောက်ျားတစ်ပါးမမြင်
စောင့်ရဦးမှပေါ့တဲ့ ကိုယ့်လူရယ်ရှင် အမေက ငယ်သေးတယ်တဲ့
သမီးချော လှသဇင် ယောက်မ မစီးပါရစေနဲ့ရှင်

အမေကတော့ သဘောတူပါတယ်ရှင်
ဒါပေမဲ့လည်း သူငယ်နှပ်စား ကလေးထင်
မေတ္တာရှိရင်းစွဲမို့ လွဲနိုင်ပါဘူးမောင်ရယ်
တကယ်ပင် မပယ်ချင် ယုံပါရှင်
သီးချိန် ပွင့်ချိန် မောင်ကပြောတော့
မိဘ သဘောတူတာ
မတူတာနှင့်စာရင် ပေါင်းဖို့ရန် ထင်သလောက်မလွယ်ပေဘူးရှင်
စောင့်ရဦးမှပေါ့တဲ့ ကိုယ့်လူရယ်ရှင် အမေက ငယ်သေးတယ်တဲ့
သမီးချော လှသဇင် ယောက်မ မစီးပါရစေနဲ့ရှင်

စတန့်မင်းသားတွေလို ဒိုင်ဗင်ထိုးဖို့မလို
ကားနှင့်ခိုးဖို့ လိုမယ် ပျိုမထင်
အမေ့ကိုပင် ကျွန်မတို့အရွယ် မငယ်ပါဘူးလို့
နှူးရဦးမယ်ရှင့်

ဂျာမဏီတွင် အရွယ်မနှောင်းစေချင်

အာဏာရှင်ဟစ်တလာက ပျိုရွယ်သူတွေ စုံကာဖက်လို့
လက်ဆက်နေသတဲ့ အလိုပြည့်ဖို့ ဟိုရွှေ့စို့ မောင်မယ်အတူပင်
စောင့်ရဦးမှပေါ့တဲ့ ကိုယ့်လူရယ်ရှင် အမေက ငယ်သေးတယ်တဲ့
သမီးချော လှသဇင် ယောက်မ မစီးပါရစေနဲ့ရှင်

သူပြောတာလည်း ဟုတ်မှာပဲရှင်
ဟိုယခင် ချစ်စတုန်းက စာပေး ပေးတဲ့
မိခွေးလေးတောင်ပင် လင်နဲ့ပြေး ကလေးနှစ်ဒါဇင်

ညောင်ပင်ကြီးကလည်းပဲ လင်ယူဦးမှပေါ့တဲ့

သူ့မှာ သားဆုပေးဖို့ စောင့်နေရတာ ကြာပြီထင်
ပုဆိုး နှစ်ပတ်လောက်ရှိတဲ့အပြင်
ရုက္ခစိုးလည်း ငိုက်လျက်ပင်
သူ့တစ်ကိုယ်လုံး ပင့်ကူမြှေးဖုံး မြူလုံးဖုံတွေတင်
စောင့်ရဦးမှပေါ့တဲ့ ကိုယ့်လူရယ်ရှင် အမေက ငယ်သေးတယ်တဲ့
သမီးချော လှသဇင် ယောက်မ မစီးပါရစေနဲ့ရှင်

download လုပ်ရန်။

***
မြို့မငြိမ်း သီချင်းတွေ နားထောင်မိရင် ပြုံးမနေဘဲကို မနေနိုင်ဘူး။
ဒီသီချင်း ငယ်ငယ်တည်းက ဟိုက ဒီက အိမ်က နားထောင်ဖူးပါတယ်။
ဒါပေမဲ့ စာသားတွေ သေချာ မသိခဲ့ဘူး။

"
အမေက ငယ်သေးတယ်တဲ့
သမီးချော လှသဇင် ယောက်မ မစီးပါရစေနဲ့ရှင်" ဆိုတာကလွဲရင် ဘာမှသေချာမသိဘူး။

ခုမှပဲ
post အဟောင်းတွေလာဖတ်မိတဲ့ တစ်ယောက် email ကနေ link ရော mp3 file ပါ ပို့ပေးတာမို့ တင်လိုက်ပါတယ်။

စာသားတွေ ပြန်မရိုက်ဖြစ်ပါဘူး။ သူပေးတဲ့ ဒီနေရာက ပဲ ယူပါတယ်။

စောင့်ရဦးမှပေါ့တဲ့ ကိုယ့်လူရယ်ရှင် အမေက ငယ်သေးတယ်တဲ့
သမီးချော လှသဇင် ယောက်မ မစီးပါရစေနဲ့ရှင်

ဆိုတာလေးတွေ
သူဘယ်လိုများ တွေးပြီး ရေးနိုင်ပါလိမ့်နော်။

အာဏာရှင်ဟစ်တလာက ပျိုရွယ်သူတွေ စုံကာဖက်လို့
လက်ဆက်နေသတဲ့ အလိုပြည့်ဖို့ ဟိုရွှေ့စို့ မောင်မယ်အတူပင်

ကိုဇက်တီတို့လိုပဲ။ သူလည်း လတ်တလောအဖြစ်အပျက်တွေ ဆွဲထည့်တတ်ပုံရတယ်။ ဒါပေမဲ့ တကယ့်ကို အံဝင်ခွင်ကျပါပဲ။

သူပြောတာလည်း ဟုတ်မှာပဲရှင်
ဟိုယခင် ချစ်စတုန်းက စာပေး ပေးတဲ့
မိခွေးလေးတောင်ပင် လင်နဲ့ပြေး ကလေးနှစ်ဒါဇင်

ညောင်ပင်ကြီးကလည်းပဲ လင်ယူဦးမှပေါ့တဲ့
သူ့မှာ သားဆုပေးဖို့ စောင့်နေရတာ ကြာပြီထင်

ဒါမျိုးလေးတွေ ကြားမိရင် အဲဒါ မြို့မငြိမ်းလို့ ပြောစရာမလိုတဲ့ သင်္ကေတ တစ်ခုလိုပဲ။
"သူ (အမေ) ပြောတာလည်း ဟုတ်မှာပဲရှင်" ဆိုတာရဲ့ နောက်မှာ အမေပြောစကားကို ထောက်ခံသလိုလိုနဲ့ နောက်က ထည့်လိုက်တဲ့ "ဟိုယခင် ချစ်စတုန်းက စာပေး ပေးတဲ့
မိခွေးလေးတောင်ပင် လင်နဲ့ပြေး ကလေးနှစ်ဒါဇင်" ငေါ့လုံးကလေးကို နားထောင်ရတော့ တကယ်လို့များ သီချင်းရေးစားဖို့ စိတ်ကူးမိပြီး၊ ဒီစာသားတွေ နားထောင်မိရင် ရှေ့ဆက်ဖို့ တွန့်သွားတော့မှာပဲလို့ တွေးမိပြန်တယ်။

"ဟိုယခင် ချစ်စတုန်းက စာပေး ပေးတဲ့
မိခွေးလေးတောင်ပင် လင်နဲ့ပြေး ကလေးနှစ်ဒါဇင် " ဆိုတာ... ချစ်သူကလည်း ပူဆာနေပြီ၊ သူကလည်း ပါနေပြီမှာ အမေက ငယ်သေးတယ်ဆိုလို့ စောင့်ပါဦးပြောနေတဲ့ မိန်းကလေးရဲ့ အတွင်းက မကျေနပ်စိတ်ကလေးများလား တွေးမိတယ်။

အမေ့ကိုပင် ကျွန်မတို့အရွယ် မငယ်ပါဘူးလို့
နှူးရဦးမယ်ရှင့်

***
သီချင်း နဲ့ စာသားအတွက် link ပို့ပေးတဲ့ စာဖတ်သူကို ကျေးဇူးတင်ပါတယ်။


***

Monday, August 23, 2010

ငယ်ချစ်ဟောင်းနဲ့ နှစ်ပေါင်းများစွာ - စန္ဒယား ချစ်ဆွေ

ငယ်ချစ်ဟောင်းနဲ့ နှစ်ပေါင်းများစွာ

နုနုငယ်ငယ် စိတ်ကူးယဉ်တတ်တဲ့ အရွယ်ကတည်းက
သူနဲ့ကိုယ် နှလုံးသားက ခင်တွယ်လာကြတယ်
စိတ်တူကိုယ်တူ အတွေးများလည်း အတူတူပဲကွယ်
အမြဲတတွဲတွဲ စားစား သွားသွား ကစားရင်းနဲ့ အတူပျော်မဆုံး
ချစ်ခွန်းသီဖွဲ့ ခွန်းချိုစကားတွေဖလှယ်

ဘဝအဆက်ဆက်က အကျွမ်းတဝင် ခင်မင်လာခဲ့သူလေလား
ဝိုးတဝါးစိတ်ဝယ် ချစ်အားတက်မိပြန်သေးတယ်

ကိုယ့်ငယ်ကျွမ်းရဲ့ အသည်းလွှာပြင်ဝယ်
ချစ်အက္ခရာတင်ဖို့အတွက်တော့ ချစ်သတ္တိ အမှန်မရှိသူကွယ်

သူနဲ့တွေ့လေတိုင်း အရိုင်းစိတ်ကို ရင်မှာမြိုသိပ်
ချစ်စကားရိပ်သော်မှ ဖွဖွညင်သာ မဆိုရဲဘူးကွယ်
ငယ်ချစ်ဟောင်းနဲ့ နှစ်ပေါင်းများစွာ အနေကြာလာခဲ့သည် မှန်သော်လည်း
သွေကွာဝေးရမယ့် စကားဆို တခွန်းသော်မှ ပြောမထွက်ရက်သူပါကွယ်

ကိုယ့်စိတ် ကိုယ့်ဘဝင် မတင်မကျ တငွေ့ငွေ့ ကြောင့်ကြပူပင် ဗျာပါသည်းနင်
ချစ်နှောင်ကြိုး မငင်ဝံ့သူမှာ
ရင်မော မော လှ ပါ ပြီ ကွယ်



Sunday, June 20, 2010

ချစ်တာ ပဓာန

ချစ်တာ ပဓာန (တေးရေး - မြို့မငြိမ်း)

တူနှစ်ကိုယ် တဲအိုပျက်မှာ နေရ
ရွှေပုံပေါ်မှာ စံရ
ချစ်တာ ချစ်တာ ပဓာနလို့ ဆိုချင်တယ် မောင်ရယ်

ခုလည်း ချစ်ကြမယ် နောင်လည်း ချစ်ကြပါစို့ မောင်ရယ်

ဘယ်သူ ဖျက်ပေမယ့် မပျက်တယ် သက်လယ် စိတ်မှာ မက်မပျယ်

နောင် ရိုးလှသော်လည်း မောင် တိုးလို့ ကြင်မယ်

တယောက်မျက်နှာ တယောက်မြင်ရင် မတင်းတိမ်သေးတယ် ထမင်းမြိန်ဆေးသဖွယ်
တယောက်မျက်နှာ တယောက်မြင်ရင် ချစ်သမျှသဘော လှစ်ဟမပြော သိနိုင်တယ်

ညချမ်း ချိန်ခါဝယ် တူနွှဲ နှစ်ဖြာမောင်မယ်
ကျီစယ်လို့လား ဖိုးရွှေလက မိုးတိမ်ဝမှ သရော်သည့်နှယ်
ထက်မှူး ငွေယုန်ရယ် ရှက်ဘူး လေကုန်မယ်
ရှစ်ကမ္ဘာ့ လှောင်နိုင်တယ်
ချစ်သမျှ အကြောင်းပြိုင်မယ်

ဘယ် သူ ရယ် ဖွယ် ပြောလည်း ဂရုမထားပေါင်
မောင်နဲ့ ချစ်တာ ပဓာနပင် ထင်မိတယ်

အချစ်ကို ယုံစား ပုံကြတယ်
မြင်းမိုရ်ရွှေတောင်လုံး တုံးမှတ်ထင်တယ်
မိုးစွန်ထက်ဖျား သိကြားထံ
ကြယ်ပျံကို လိုသေး မောင် ယူပေးမယ်

ချစ်တာ သူက ပဓာနပဲ တဲ့
ရာ သက် တိုင် ရွယ် မခွာရက် နိုင်တယ်
အိုဘယ့် မမုန်းနိုင် မမုန်းနိုင်
ကပ်လုံး ဆုံး တိုင် တိုင်

အုန်းလှိုင်ကျော သဉ္ဇာလယ်
ချစ် ပင် လယ် ကျော တူ တကယ်မျောမူ
ဆယ် သော သူ မော လိမ့် မယ်

***
အောင်လင်း ရဲ့
ဝတ္ထုကို ပြန်ရိုက်ထားတဲ့ အရိုင်းစံပယ် ကားထဲမှာ စပြီး သတိထားမိတယ်။
အဲဒီ ဝတ္ထုလည်း မဖတ်ဖူး၊ အဲဒီကားကို ကြည့်ဖူးပေမယ့်လည်း မေ့သွားပြီ။
၅ တန်း၊ ၆ တန်းလောက်က ဆိုတော့...

တစ်ခုပဲ မှတ်မိတော့တယ်။ ကျော်သူပြောတဲ့ စကား...
" 'မ' တော့ မွဲပြီ" ဆိုတာ...

ဒါပေမဲ့ ဇာတ်ဝင်သီချင်းကဏ္ဍမှာတော့ ဒီသီချင်းကို ခဏခဏ နားထောင်ခဲ့ဖူးတယ်။
အဲဒီတုန်းက နောက်ခံဆိုပေးတာ နှင်းနှင်းထူး
ဒီသီချင်းလည်း ချစ်သမျှကို ပါပဲ။

download လုပ်ရန်။
တေးဆို - ဟေမာနေဝင်း

***

Friday, May 21, 2010

ပျော်သလိုနဲ့ ငိုချင်တယ်

ပျော်သလိုနဲ့ ငိုချင်တယ် (တေးရေး - မင်းချစ်သူ/ တေးဆို - ခိုင်ဆုဝေ)

လမ်းခွဲခဲ့ တို့တွေဟာ
ကံစီမံခြင်း အစမှာ
ဝေဒနာတွေကို ရင်မှာသိမ်းရင်း
နှုတ်ဆက်ခဲ့ လက်တွေဟာ
ချည်နှောင်ခဲ့သော ကြိုးကို
ပြေလည်အောင် မဖြေနိုင်တော့
ဝေဒနာတွေ ကျန်နေပေါ့
ပြန်လည်ကာ ဆုံ တွေ့ ကြ တော့ လေ

CHO:
* (ဝမ်းနည်း ဝမ်းလည်းသာ
တွေ့လိုက်တဲ့ အခိုက်အတန့် ခဏမှာ
ဆို့နင့်တဲ့ နှုတ်ခမ်းလေးများ ဘာမှ မပြောနိုင်

ဝမ်းနည်း ဝမ်းလည်းသာ
အတိတ်က သမုဒယလက်ကျန်
အဟောင်းများ အသစ်မဖြစ်ဖို့ရန်
ချုပ်ထိန်းရင်းနဲ့
ပျော်သလိုနဲ့ ငိုချင်တယ်)

ဟိုးတုန်းကလို ဆက်ဆံရန်
အခြေအနေတွေ မပေးမှန်းကို
သေချာတောင် ရင်တွေကခုန်
အခုတော့ ဘဝတွေ ခြားကုန်ပြီ
ဒါ အမှန်တရားပဲနော်
ကြင်နာတာ ယုံလိုက်တုန်း
ရင်ခုန်တာဟာ ဒါ နောက်ဆုံး
ကျီစယ်သူ ကံတရားကြောင့် ကိုယ်လေ... *()

မျက်လှည့်ပြတာမျိုးတွေလို
မယုံနိုင်တဲ့ အပြောင်းအလဲကို
မရေရာ မမျှော်လင့်လို့
အဆုံးသတ်တော့ အဖြစ်မှန်အတိုင်း
မလွန်ဆန်နိုင်ကြတော့နော်
ရာဇဝင်အိုကို အသက်သွင်း
ပြန်ဆုံတာဟာ နာကျင်ခြင်း
ဝေဒနာတွေ တရေးနိုးပြီလေ... *()

***
ကျောင်းပြီးကာစမှာ နားထောင်ဖြစ်တာတွေထဲက တစ်ပုဒ်။
အဆိုရှင်က Sony သီချင်းဆိုပြိုင်ပွဲတစ်ခုမှာ ဆုရတဲ့သူလို့ ပြောပါတယ်။ ကိုယ်တော့ သေချာမသိပါ။ you tube မှာ ရှာပေမယ့်လည်း မတွေ့ဘူး။ မကြာခင် မေ့သွားတော့မှာမို့လို့ ချရေးထားလိုက်တယ်။ စာသားတွေ နည်းနည်းတော့ အတိမ်းအစောင်း ရှိနိုင်ပါတယ်။

မင်းချစ်သူ စာသားလေးတွေ အတော်ကောင်းတယ်။
ဂျူး ရဲ့ ဝတ္ထုတိုတစ်ပုဒ်မှာလည်း ဖတ်ခဲ့ဖူးတယ်။ "ကိုယ့်ကို အလွယ်တကူ ချည်နှောင်နိုင်မယ့် ဘယ်ကြိုးတစ်ချောင်းကိုမှ အနီးနားမှာ မရှိစေနဲ့" တဲ့။

နားထောင်ကာစကဆို အတော် ဆွေးတာ။
(မှတ်ချက်။ ဘာတခုမှ မတိုက်ဆိုင်ပါ)

***

Saturday, February 27, 2010

သစ္စာတိုင်ပတ်ပျိုး

သစ္စာတိုင်ပတ်ပျိုး

ချစ်သမျှကို မြင်းမိုရ်ရွှေတောင်လုံးသာပလေ

လေးဆူဒီပါ သီတာရေမြေ ဆုံးစေတော့လေး

အို ဘယ်မမုန်းပါတော့နိုင် ကပ်လုံးဆုံးတိုင်တိုင်
ရုံးညှာပိုင် အုန်းလှိုင်သဉ္ဇာကြွေ့မှာလှလေ
ကြိုးမည့်နောင်ခါ ကမ္ဘာမြေငယ် မြေ့စေတော့လေ

မှန်သရွေ့ကိုလ ဖန်စေ့ငယ်ရေရေ
ကိုးဂုဏ်ရှင့် ဂူတော်မွေ တူမသွေပါစေ မယ်နှင့်သား
လှစ်ကျူးမြွက်ကြား ဝှက်မထား မြတ်ရှင်ပင် တန်ခိုးအား
မခြားသိစေကြောင်း ပန်ထွာတည့် ခဝပ်ညောင်း။

တူပြိုင် ဂူလှိုဏ် စကားသစ္စာတိုင်
သံသာလေ ကမ်းတိုင် တူပြိုင်လေ ကူးမယ်
ဆုထူးငယ် ပန်ရွယ်သွန်း
ချစ်လို့ငယ်မကုန် ဝသုန်ဤမြေ သိကြားစေသက်သေညွှန်း

ပျံ့မွှန်းမွှေးလှိုင် ကျူလေတည့်မှ
သုံးလူထွတ်မှန်ကူ မတူလေ ပြိုင်နှုန်းကင်း
ခြောက်ဖြာစုံ ရောင်မျိုးငယ်လင်း။

သဖြန်။
ချစ်ခြင်းငယ်ပြိုင် မြစ်မင်းပိုင် အဏ္ဏဝါက ပြန်မသာကဲ
ယွန်းစေဝသုန် ငွေဝန်းသော်တာယုန်သို့
ကမ္ဘာကုန်ကျယ်သရွေ့ငယ်ကို ဘယ်မေ့လိမ့်မလဲ။

(မမြကလေး)
(ဦးပြုံးချို - မဟာဂီတ ပေါင်းချုပ်ကြီး၊ သတ္တမအကြိမ်)

***
အညာကို ပြန်တုန်းက ကူးရေးလာခဲ့တာ။ ဖေဖေ့စာအုပ်တွေထဲက။

***

Wednesday, January 20, 2010

ရေချိုးဆိပ်

ရေချိုးဆိပ် (တေးရေး - မြို့မငြိမ်း)

ကမ်းဆိပ်ရိပ်သာ သီတာ ရေလျဉ် ယဉ်

ဧရာ ခွေဝန်း သောင်ထွန်းတဲ့ တစ်ဖက်ကျွန်းဆွယ် တဘက်ကျွန်းတွင်
ညနေချမ်းဆီ နေရီရီ

ရောင်ခြည်ဆွတ်ဖျန်း ကမ္ဘာတဝှမ်း အလှဆန်းကြယ်


ရွှေစီတဲ့ ပတ္တမြား၊ နေခြည်နဲ့ အသား ပနံစားတယ်

နုမျစ် ပျိုရွယ် ဖူးသစ်စ လုံမယ်
ကိုယ်လက် သန့်ရှင်း ရေချိုးဆင်းရာဝယ်

ပျော်ပျော်မြူးမြူး ရေ (ကို) ကူးလို့ အထူး ကျန်းမာတယ်

အိပွဲ့ အိပွဲ့ ငှက်သမ္ဗာန် ခတ်သွားတယ်

ကြည့်ကွဲ့ ကြည့်ကွဲ့ ညည်းလူဟာ ကြောင်လွန်းတယ်
တစုတဝေး လုံမငယ် ကျိတ်ပုန်းစားကြတယ်

ရေချိုး နေရင်းကွယ် လှောင်ပြုံးပြုံးကြတယ်


ကုန်းပေါ်က လူပျိုလေးရယ် ဘာကိုငေးတယ် သိနိုင်ပြီဘူးကွယ်


စစ်သားကောင်းတို့ အမေ မိခင်
တော်ချင်သူရယ်
ဟောဟိုလူ ရင်အုပ်ကားကား ကြွက်သား အဖုအဖု အဖုဖု
ထုထုပြီး ခရာချင်စရာငယ်
ထွားကျိုင်းတဲ့ မြန်မာလူငယ်


တော်စမ်းဟယ် ကောင်မရယ်
ညည်းလင်ကြီးကို ညည်းဘာသာ ယူပေါ့ တဲ့

မျက်စောင်း ကလေးကချီ ရှုတော့ဖြင့် မတည်ရှာတယ်


အနားက အဘွားအို အဝတ်လျှော်နေရင်းက

ဆပ်ပြာကို ဆဲတော့ ဖောင်စွန်းတိုင်ပင် ရေတွေစင်ပါတယ်

***
အရင်ဦးဆုံး ကသစ်ပန်း post မှာ ဝင်းဦး version ကို share ပေးတဲ့ မောင်အောင်ဖြိုး ကို ကျေးဇူးတင်ပါတယ်။ ဒီလို သီချင်းမျိုးကို ကိုယ့်ထက် ၁ဝ နှစ်လောက်ငယ်တဲ့သူတစ်ယောက် စိတ်ဝင်စားလိမ့်မယ် မထင်ထားတာမို့ အံ့လည်းသြမိပါတယ်။

***
သီချင်းကို နားထောင်ရင်းနဲ့ အင်မတန် နှစ်သက်လွန်းလို့ ပီတိဖြစ်ပြီး ပြုံးလို့တောင်မှ နေမိတယ်။

ရွှေစီတဲ့ ပတ္တမြား၊ နေခြည်နဲ့ အသား ပနံစားတယ်

ရေချိုးနေတဲ့ လူတွေပေါ် ညနေ နေခြည် ထိုးကျလာတဲ့ မြင်ကွင်းလေး။
ဘယ်လောက်တောင် ကောင်းလိုက်တဲ့ ရူပက အလင်္ကာပါလိမ့်။

အိပွဲ့ အိပွဲ့ ငှက်သမ္ဗာန် ခတ်သွားတယ်
ကြည့်ကွဲ့ ကြည့်ကွဲ့ ညည်းလူဟာ ကြောင်လွန်းတယ်

အလွန် အံ့သြစရာကောင်းတဲ့ အရေးအဖွဲ့ပါပဲ။

မြစ်ရေပြင်ရဲ့ ရနံ့ရယ်၊ ညနေခင်းလေပြည် နဲ့ ဝင်ခါနီး နေရောင်ဖျိုးဖျရယ်...

အနီးနားက လှော်သွားတဲ့ ငှက်သံလေးရယ်၊

ကမ်းပေါ်တနေရာက လူရွယ်လေးကို ကြည့်ရင်း
ရေချိုးရင်းကနေ အချင်းချင်းသာရှိလို့ ခပ်ကျိတ်ကျိတ် ခပ်ကဲကဲ စနောက်ရယ်မောနေတဲ့ အရွယ်ကောင်း မိန်းမပျိုလေးတစ်သိုက်ရယ်။

အဲဒီထဲကမှ အစအနောက်ခံရလို့ မချိုမချဉ် အပြုံးနဲ့ မျက်စောင်းချီနေမယ့် တစ်ယောက်သော မိန်းမငယ်လေးရယ်။ (စစ်သားကောင်းတို့ မိခင် တော်ချင်သူ ဆိုတာ သူပဲ ဖြစ်ရမယ်)။

မိန်းကလေးတွေ လှုပ်လှုပ်ရွရွ ဖြစ်နေတာကို ကြည့်မရလို့ပဲလား၊
သူ့ဘာသာပဲ အဝတ်လျှော်တာ စိတ်တိုင်းမကျ ဖြစ်နေတာလား မသိနိုင်တဲ့ ငယ်ရာက ကြီးလာတဲ့ အဘွားအို တယောက်ရယ်...

သူတို့ဆီမှာ တဖျတ်ဖျတ်ခတ်နေတဲ့ နှလုံးသားလိပ်ပြာက ကိုယ့်ရင်ထဲထိ ကူးစက်လို့ ဝင်လာပါတယ်။
ဘယ်လောက်တောင် အေးချမ်းလွတ်လပ် ရှိလိုက်မယ့် ဘဝတွေပါလိမ့်။

တယောက်ယောက်က ရေဘောင်ဘင် ကူးလိုက်လို့ လွင့်စင်လာမယ့် ရေသံနဲ့ ရေစက်ကလေးတွေကိုတောင် အတွေးနဲ့ ခံစားမိပါတယ်။

သီချင်းက သရုပ်ဖော်ထားတဲ့ မြင်ကွင်းကို ပီပီပြင်ပြင် မြင်လာရင်း ရာဇဝင်များရဲ့ သတို့သမီး ကို MTV ရိုက်မယ့် ဆရာ ဒီသီချင်းကိုရော မရိုက်ချင်ဘူးလားလို့ မေးချင်လာမိတယ်။

***
သိပ်မကြာသေးခင်ကမှ ရွှေအမြုတေ မှာ ဖတ်လိုက်ရတဲ့ သုမောင် ရဲ့ ကဗျာ ဆိုတာ ဆဲတာပဲ (ဆောင်းပါးရဲ့ ခေါင်းစဉ် မဟုတ်ပါ) ဆိုတဲ့ ဆောင်းပါးထဲက အကြောင်းအရာ တစ်ခုနဲ့ ဆက်စပ်လို့ တွေးမိပါတယ်။ အဲဒီထဲမှာ သူက စကားလုံး နောက်ကွယ်မှာ စေတနာပါရင် ကြမ်းတမ်းတဲ့ စကားကတောင် နားဝင်ချို ပီတိဖြစ်စရာပါလို့ သူ့ကြီးတော် တစ်ယောက်နဲ့ ဥပမာပေးပြီး ပြောသွားတာ ထူးခြားလို့ စိတ်ထဲ မှတ်မှတ်ရရ ဖြစ်မိပါသေးတယ်။

မဖတ်ရသေးတဲ့သူများအတွက် နည်းနည်း အမြည်းထည့်ပေးချင်ပါတယ်။
အဲဒီ ကြီးတော်ကြီးဟာ စိတ်စေတနာ ကောင်းပေမယ့် အပြောဆိုးပါတယ် ဆိုတယ်။
သူတို့တွေကို မုန့်ခေါ်ကျွေးတာတောင်မှ "ဟဲ့ ဟိုအကောင်လေး လာခဲ့ မြိုလှည့်" ဆိုတာမျိုး။
သူ့ယောင်းမ (သုမောင်တို့ အမေ) ကိုလည်း ဒီလိုပဲ ပြောတတ်တယ် ဆိုတယ်။

တနေ့ ကြီးတော်ကြီး အတော်မကျန်းမာ ဖြစ်ပြီး သတိတော်တော်နဲ့ မရဖြစ်နေပါရော။
အဲဒီမှာ ယောင်းမ ဖြစ်သူက မနားမနေ ပြုစုရင်း အနားမှာ ထိုင်စောင့်နေတုန်း သူ သတိပြန်လည် လာပါတယ်။ သတိရရချင်း ဘေးမှာ တွေ့တဲ့ ယောင်းမကို

"ဟဲ့ ..... မ ညည်းအတော် ပင်ပန်းနေပြီ။ နားတော့။"

လို့ ပြောတော့ သုမောင်တို့ အမေမှာ သူ့ယောက်ျားဖြစ်သူကို လှမ်းခေါ်ရင်း "မမ ပြန်ဆဲနေပြီ။ ပြန်ဆဲနေပြီ။ သတိပြန်ရပြီ။" လို့ ဝမ်းသာအားရပြောရင်း မျက်ရည်တွေ လည်လာတယ် ဆိုတာပါ။

(..... ပြထားတဲ့ စကားလုံး ဘာလဲ လာမမေးကြပါနဲ့။ ကိုယ်လဲ မသိဘူး။ သူ့ဆောင်းပါးထဲမှာ အဲဒီတိုင်းပဲ ရေးထားတယ်)

***
ပြီးတော့ ဆရာငြိမ်းဟာ "ညည်းလင်ကြီးကို ညည်းဘာသာ ယူပေါ့ တဲ့" ဆိုတဲ့ စကားလုံးကို အနုပညာမြောက်ပြီး နှစ်သက်နားဆင်စရာဖြစ်အောင် ရေးတတ်နိုင်ခဲ့တာ ဘယ်လို မှော်အစွမ်းနဲ့များပါလိမ့်လို့ တွေးမိရပါတယ်။

မြို့မငြိမ်းဟာ gifted တစ်ယောက်ပါပဲလို့ လှိုက်လှိုက်လှဲလှဲ ခံစားမိစေတဲ့ သီချင်းပါပဲ။

***
ဝင်းဦး နဲ့ မာမာအေး version နှစ်မျိုးမှာ ကိုယ်ကတော့ မာမာအေး ဆိုတာကို ပိုနှစ်သက်မိပါတယ်။
သူ အသံနဲ့ ပိုင်ပိုင်နိုင်နိုင် သရုပ်ဖော်သွားနိုင်တာကြောင့်မို့လို့ကို ကျိတ်ပုန်းစား နေကြတဲ့ မိန်းကလေး တစ်သိုက်ရဲ့ သရုပ်က ပိုပေါ်လွင်လာတာပါပဲ။

ကိုယ်ကတော့ သီချင်းတစ်ပုဒ်မှာ အဆိုပညာတင်မကဘဲ mood ပါ အဓိက ကျတယ်လို့ ယူဆတာမို့ မာမာအေးဟာလဲ ပါရမီရှင်ပါပဲလို့ ခံစားမိပါတယ်။ (တကယ်တော့ အဲလို ရေးပြီး ချီးကျူးရမှာတောင် စိတ်ထဲမှာ မဝံ့ဘူး ဖြစ်မိတယ်။)

သရုပ်ပေါ်အောင် ရေးသူကိုရော၊ ရုပ်လုံးကြွအောင် ဆိုပေးသူကိုပါ နားထောင်နေရင်းက
တကယ်ပဲ ကျေးဇူး အထပ်ထပ် တင်နေမိတော့တယ်။

ကျိတ်ပုန်းစား ဆိုတဲ့ စကားလုံးကို ကျိတ်ပုန်းစလား ကျိတ်ပုန်းစားလား သေချာအောင် အတည်ပြုရပါသေးတယ်။ နောက်တော့ အားလုံး သဘောညီတဲ့ ကျိတ်ပုန်းစားကို အတည်ပြုလိုက်ပါတယ်။ တိတ်တိတ် ကျီစယ်စနောက် တာပါ။

ဖောင်စွန်းတိုင်ပင် ဆိုတာ အဝတ်လျှော်နေတဲ့ အဘွားက ထဆဲတော့ သူငယ်မတွေ မလုံမလဲ ဖြစ်ပြီး ကမန်းကတန်း ရေဆင်းကူးရာမှာ သူတို့ရေချိုးနေတဲ့ အနီးနားက ဖောင်ထိရောက်အောင် ရေတွေစင်ကုန်တာကို ဆိုလိုချင်တာ ဖြစ်နိုင်ပါတယ်။

အဲဒီ အဓိပ္ပါယ်တွေကို သေချာချင်လို့ လှမ်းပြီး အတည်ပြုချက်ယူရပါသေးတယ်။
ဆရာ ညီလင်းဆက် နဲ့ ဆရာ သက်ပိုင်သူ ကို ကျေးဇူးပါ။ :)

***
Download လုပ်ရန်

ဝင်းဦး
မာမာအေး

***
Update : 21st Jan '10 (9:45 AM) ခုပဲ အမှားပြင်ဆင်ချက်စာ ထပ်ရောက်လာလို့ မှားနေတဲ့ စကားလုံးတွေကို ဆရာ ပြင်ပေးတဲ့ အမှန် စကားလုံးတွေရဲ့ ဘေးမှာ strike through ထည့်ပြီး ပြင်ပေးလိုက်ရပါတယ်။


ဆရာ့ကို ကျေးဇူးအထူး တင်ရပါတယ်။

***
Update : 25th Jan '10 (8:25 PM)
ရီတာ မင်းအဓိပ္ပာယ်ယူတာတွေ လွဲနေတယ်
တိုက်တိုက်ဆိုင်ဆိုင် ဦးမင်းဒင်နဲ့ အဲဒီသီချင်းအကြောင်း တလောကပဲ ပြောမိကြသေးတယ် ကျိတ်ပုန်းစား ဆိုတာ အတင်းပြောကြတာလို့ ဆိုတယ် ပြီးတော့ အဘွားအိုက မိန်းမပျိုတွေကို မဆဲပါဘူး ဆပ်ပြာကို ဆဲတာပါ။ ဆဲတာလည်း အကြောင်းရှိပါတယ် ဖောင်စွန်းတိုင် ရေတွေစင်တာလည်း မိန်းမပျိုတွေ ရေထဲဆင်းကူးလို့ မဟုတ်ပါဘူး ဦးမင်းဒင်ကို သွားမေးကြပါကုန်။
(သူ သီချင်းထဲမှာ ပါတဲ့ အဓိပ္ပာယ်တွေ ဖွင့်ရေးမယ်လို့ ပြောဖူးထားကြောင်းပါ ဖွလိုက်ပါတယ်။)

(ကိုသင်ကာ)

***
သီချင်းရာဇဝင်ကို သေချာသိပြီးသွားရင် လွဲနေတာ တချို့ကို ပြန်ပြင်ပေးပါမယ်။

***

Friday, January 15, 2010

ကသစ်ပန်း

ကသစ်ပန်း (တေးရေး - မြို့မငြိမ်း)

နတ်စည်ငယ်လေ ပုစွန့်လက်ရိုး အာလမ္ဗရာ
ကျော်ဟွမ်းသံဝါ ဆော်ရွမ်းညံစာစာ
တိမ်ယံအာကာ နီလာပြင်ဆိုင်း သင်တိုင်းခြုံလွှာ
အုံ့မှိုင်းညိုပြာ မိုးထက်ကယ် ဝဠာ ကိုးရပ်နယ်မှာ
တိမ်ခိုးယှက် မိုးစက်ကလေးတွေရွာ

ဝေဆာ သခွပ်ဖြူပင်မင်း ငွေအဆင်းပွင့်ချိန်မှာ
အသူရာ ဒေါသထွက်လို့ မြင်းမိုရ်ထက်သို့ တက်လို့ စစ်ထွက်တဲ့အခါ

အုံ့ကာလေ တဖွဲဖွဲ ရွာလေ တသည်းသည်း

လွဲခဲ့ကြရရှာ နတ်တို့နတ်ရွာ ဝတိံသာ
အသူရိန်တွေဟာ ဘုံသာဝေယံ နန်းမြင့်
ကသစ်ပန်းပွင့် ရတုဖြာ သဘင်ပွဲ အပြုမှာ

အို သခွပ်ဖြူစွာ အပွင့်ကိုသာ မြင်တော့မှ ဝတိံတွင် မဟုတ်ပါလား ဟရို့ရယ်
သေနင်ဗျူဟာ နတ်အသူရာမင်းငယ်လေး...
စစ်ခင်းလုမယ်လာ ရှေးရှုဝတိံသာ

အုံ့ကာလေ တဖွဲဖွဲ ရွာလေ တသည်းသည်း

အာလိန်ငါးဆင့် နဂါးနှင့် ဂဠုန်ရံ
ဂုမ္ဘာန် ယက္ခ စတုမဟာရာဇာ မခံနိုင်ညားလို့
သိကြားထွက်တဲ့အခါ

တွက်ရင် သိန်းခြောက်သောင်း ရှစ်ထောင့်ယူဇနာ
ဝရဇိန်လွှတ်ခါ မြင်းမိုရ်ကိုပင် သူခွင်းချင် ထွင်းလို့ ဖောက်နိုင်တာ
နတ်မြင်းတစ်ထောင်ကတဲ့ ရထားဝေဇယန္တာ
ရန်ဖန်မာန်တင်းတာက ဆင်တော် သုမိတ္တာ
ရဲ တံခွန်လွှား ၃၃ ပါး သိကြားနယ်ပါ
နေ လ နတ်သား လေးပါး စစ်အင်္ဂါ
ပင်လုံးကျွတ် သခွပ်ပွင့်ချိန်မှာ

နှစ်တိုင်းပင် သခွပ်ပွင့်ချိန်မှာ
သိကြားနဲ့ အသူရာ
သားမက်နဲ့ ယောက္ခမ ဘောက်ကျလို့လည်း အားမရနိုင်ရှာ

ဒါကို အားမကျဖို့ မယားအလှ တောင်းပန်မှာ
ယောက္ခမဆိုတာ တည့်အောင်ပေါင်း ကျောင်းကိုထုတ်
ဥပုသ်ရက်ရှည် စောင့်ခိုင်းမှာ

***
တာဝတိံသာနဲ့ အသူရာပြည်ဟာ ကသစ်ပင်နဲ့ သခွပ်ပင်ကလွဲရင် ကျန်တာ အားလုံး အတူတူလို့ ဆိုပါတယ်။ (ဘယ်စာအုပ်က အဲဒီလို ဆိုတာလဲလို့တော့ တဆိတ်ကျေးဇူးပြု၍ လာမမေးကြစေချင်ပါ။ အဘယ့်ကြောင့်ဆိုသော် ကိုင်စရာ ဘာစာအုပ်မှ မရှိသောကြောင့် ဖြစ်ပါသည်။
ရှိလည်း စာအုပ်ထဲမှာ အဲလို ရေးထားပေမဲ့ တကယ်က ဟုတ်ချင်မှ ဟုတ်မှာပါ။
သူ့ဘာသာ ဘယ်နေရာမှာ ဘာပင်ပဲရှိရှိ ကိုယ်တွေ လူ့ပြည်ကနေ ဘာမှ လုပ်လို့ရတာ မဟုတ်ဘူး။)

ဟိုတပတ်ကပဲ မမ KOM စီဘောက်မှာ သိကြား ဆိုတဲ့ nick နဲ့ လာတဲ့ တစ်ယောက်ကို မေးမိတယ်။ သိကြားတို့ နေရာ တာဝတိံသာနဲ့ အသူရာပြည်ဟာ ကသစ်ပင်လေး တစ်ခုပဲ လွဲတာ၊ ကျန်တာ အကုန် တူတူပဲဆို လို့။ (တကယ်သာဆို တာဝတိံသာ လွမ်းလောက်ပါ့မလား???) ဒီလိုဆိုရင် ဘာဖြစ်လို့များ အလကားနေရင်း စစ်တိုက်နေကြတာလဲ။ အသူရာပြည်မှာ ကသစ်ပင်ကို မျိုးယူပြီး စိုက်ပါစေလား လို့။

***
ဒီသီချင်းကို တင်ချင်နေတာ ကြာပါပြီ။
စာလုံးပေါင်းသတ်ပုံ နဲ့ အဓိပ္ပါယ်ကြောင့် မတင်ဖြစ်သေးတာ။
မနှစ်က July လောက်က မဗေဒါက ခက်ဆစ်အဖွင့်၊ စကားပြေတွေနဲ့ တကွ သူ့ဘလော့မှာ တင်ထားပါတယ်။ အဲဒီ အတွက် ကိုနတ်သျှင်မြေသားက ကူညီတယ် လို့ ဆိုပါတယ်။ နောက် မဗေဒါရဲ့ သူငယ်ချင်း (ဗမာမဟုတ်) က You Tube မှာ ဒီ သီချင်းဆိုပြီး တင်ထားတာကိုလည်း ကြည့်လို့ရပါတယ်။

မြန်မာပြည်မှာ ကြည့်ခဲ့ရတာကတော့ TV မှာပါပဲ။
လှမြင့်ဝင်း
ဆိုတာကို ကြည့်ခဲ့ရတာပါ။
ဒီသီချင်းအကြောင်း မမ KOM ရဲ့ cbox မှာ ပြောဖြစ်ကြတော့၊ ပလုံ က သီချင်းရဲ့ မူလနာမည်က သခွပ်ပန်း လို့ ပြောပါတယ်။ ကိုယ့်စိတ်ထဲမှာလဲ အဲဒီသီချင်းကို သခွပ်ပန်း လို့ပဲ စွဲနေခဲ့ပါတယ်။
လှမြင့်ဝင်း
ဆိုတဲ့အခါမှာ သခွပ်ပန်း လို့ပဲ စာတန်းထိုးသွားတယ် ထင်မိပါတယ်။

ဒါနဲ့ စင်ကာပူရောက်လို့ အဲဒီ သီချင်းတွေ နားထောင်ချင်လာမိတော့ ကိုယ်တိုင်လဲ မရှာတတ်တာနဲ့ မကြာပီ ကို အကူညီတောင်းမိပါတယ်။ သူက သခွပ်ပန်း သီချင်းတော့ မရှိလို့ ကသစ်ပန်း ပဲ ပေးလိုက်မယ် ဆိုပြီး၊ ကိုအံ့ကြီး version ကို ပို့လိုက်ပါတယ်။ ကိုယ်ကလဲ ကိုယ်တောင်းတဲ့ သီချင်းမဟုတ်ဘူး ဆိုပြီး dowload လုပ်ထားပြီး တော်တော်နဲ့ နားမထောင်ကြည့်မိပါဘူး။

နောက်တော့ ကိုယ့် blog reader ကိုခိုင်ခန့်ကျော် က side bar မှာ တင်ထားတဲ့ လိုချင်တဲ့ သီချင်းတွေ ခေါင်းစဉ်ကြည့်ပြီး၊ ကသစ်ပန်း ကို ကိုအံ့ကြီး version ပဲ ထပ်ပို့ပြန်တယ်။ သူနဲ့ကတော့ gtalk မှာ တိုက်ရိုက်ပြောဖြစ်တာမို့ ကိုယ်လိုချင်တာ အဲဒီသီချင်း မဟုတ်ဘူး။ သခွပ်ပန်း ပါ လို့ပြောမိတယ်။ သူက နားထောင်ကြည့်ပါဦး ဆိုတာနဲ့ နားထောင်ကြည့်မိတော့မှ ကိုယ်လိုချင်တာနဲ့ တူတူပဲမှန်း သိတော့တယ်။

ဒီသီချင်းကို ပေါ်လစီကားတစ်ခုမှာ မာမာအေး ဆိုတာလည်း ငယ်ငယ်တည်းက ကြားခဲ့ဖူးပါတယ်။ နောက်ပိုင်းကျ အဲဒီကားလွှင့်တော့ အဲဒီအပိုင်းကြီး ဖြုတ်ခဲ့တာပေါ့လေ။

ငယ်ငယ်တုန်းက ကလေးဘဝ သတိရမိတယ်။ မခေါ်ရင် ငါ့အိုးပုတ် ပြန်ပေး လုပ်တတ်တာမျိုးကို။

***

မြို့မငြိမ်း ကိုတော့ ပါရမီရှင်ပဲလို့ ထင်မိပါတယ်။
သူ့သီချင်းတွေကို သူရေးမှန်း မသိဘဲတောင် နှစ်ခြိုက်နေမိတတ်ပါတယ်။

ထူးအိမ်သင် တခါ ပြောဖူးပါတယ်။ သူ လေးစားနှစ်သက်တဲ့ သီချင်းရေးဆရာတွေ အများကြီး ရှိပါတယ်တဲ့။
ဒါပေမဲ့ သူ အားကျတာတော့ မြို့မငြိမ်း တစ်ယောက်တည်း လို့ ဆိုတယ်။

***
Down Load လုပ်ရန်

ကိုအံ့ကြီး

သုမောင်

You Tube Link

http://www.youtube.com/watch?v=JUhE2-PMGs8 (ကိုအံ့ကြီး)
http://www.youtube.com/watch?v=h7m07Fj82O0 (မာမာအေး)
http://www.youtube.com/watch?v=sIH4_gcc3Yw&feature=related (ရန်အောင်)
http://www.youtube.com/watch?v=sIH4_gcc3Yw&feature=related (Ma Baydar's friend)

MP3

http://www.naytthit.com/music/03-Sagaing%20Mountain/Track_001.MP3 (ဝင်းဦး)

မဗေဒါ
၊ စကားပြေနဲ့ ခက်ဆစ်တွေ ပြန်ပေးတဲ့ ကိုနတ်သျှင်မြေသား၊ သီဆိုသူ မဗေဒါ သူငယ်ချင်းတို့ကိုလည်း ဒီနေရာကနေ ကျေးဇူးတင်လိုက်ပါတယ်။ အဓိပ္ပါယ်နဲ့ တကွ သိချင်သူများ link ကိုနှိပ်ပြီး မဗေဒါ blog မှာ သွားကြည့်နိုင်ပါတယ်။

***
ဒီလို သီချင်းဟောင်း သီချင်းကောင်းတွေကို ကျောင်းတွေမှာ ကဗျာသင်သလို သင်ရင် ကောင်းမှာပဲလို့ တွေးမိပါတယ်။ ထုံးစံအတိုင်းပါပဲ။ မြန်မာ့ယဉ်ကျေးမှုကို ထိန်းသိမ်းချင်စိတ် ရှိလို့ မဟုတ်ပါဘူး။ ကိုယ်ကြိုက်တဲ့ အနုပညာဆို သူများကိုလဲ ခံစားစေချင်လို့ပါ။

***
မြို့မငြိမ်းရေးတဲ့ ရေချိုးဆိပ် သီချင်းနဲ့ ချစ်တာ ပဓာန လည်း ရရင် လိုချင်မိပါတယ်။

***

Sunday, December 20, 2009

နောက်ဆုတ်ဖို့ ကြိုးစားရင်းနဲ့

2007 Melody World မှာ The Best of Melody World ဆု ရသွားတဲ့ ထက်နေကြည် ရဲ့ သီချင်း

တေးရေးက မင်းချစ်သူ



စာသားတွေ တစ်လုံးချင်းက အဓိပ္ပါယ် တစ်စချင်းကို ကြိုက်မိတယ်။
အဲဒီ သီချင်း စ ကြားဖူးတော့ မြန်မာပြည်မှာပဲ ရှိသေးတယ်။ ဒီကို လာခါနီး အချိန်ပေါ့။

စကြားလိုက်ရတဲ့ အချိန်မှာပဲ...
ရင်ထဲကို ပစ်သွင်းလိုက်သလို တိုက်ရိုက်ရောက်သွားတဲ့ သီချင်း။
စာသားတွေ တစ်လုံးချင်း တစ်လုံးချင်းက ဖောက်ထွင်းပြီး ဝင်သွားသလားတောင် ထင်မိခဲ့ရတယ်။

သူဆိုသွားတဲ့ mood ကိုလည်း သိပ်ကြိုက်တယ်။
အဆိုပညာတော့ သိပ်နားမလည်လှပါဘူး။ ဒါပေမဲ့ သူ့မှာ အဆိုပညာတင် မကဘဲ mood ကိုပါ စကားလုံး တစ်လုံးချင်းမှာ ထည့်သွားနိုင်တယ်လို့ ခံစားရတယ်။

ဥပမာ - တချို့ စကားလုံးတွေရဲ့ အဖျားနားလေးတွေမှာ အသံကို ဖျော့ချပြီး ဆိုပြလိုက်တာမျိုး။

သီချင်းကို အမေ့မေ့ အလျော့လျော့ နားထောင်ရင်းက မင်းချစ်သူ ဟာ သူဆိုဖို့ မဟုတ်ဘဲ ကိုယ် နားထောင်ဖို့များ ရေးခဲ့တာလားလို့
အဲဒီ အချိန်တုန်းက အယောင်ယောင် အမှားမှား တွေးခဲ့မိသေးတယ်။

အာရုံမှာ အိပ်မက်များမှာလည်း မင်းမျက်နှာ
နေရာတကာ ကိုယ်ထင်ပြနိုင်တဲ့ မင်းပေါ့ကွာ


ဒီတနေ့လုံး ကွန်ပျူတာ screen မှာ တင်ထားတဲ့ မျက်နှာတစ်ခုကို ကြည့်နေရင်းနဲ့
အဲဒီသီချင်းကို တောက်လျောက်ဖွင့်ပြီး နားထောင်နေမိတယ်။

မြန်မာပြည်ကနေ ဒီကို ထွက်လာခါနီး အချိန်က feeling တွေ၊ အငွေ့အသက်တွေကို ပြန်ခံစားရပြန်တယ်။ :(

***
ဘဝမှာ လုပ်တိုင်း မဖြစ်နိုင်တာတွေ၊ ဖြစ်တိုင်း မလုပ်နိုင်တာတွေ ကြုံလာတဲ့ အခါ...

***

Friday, December 18, 2009

ရွှေအင်းဝ

ရွှေအင်းဝ (တေးရေး - အေဝမ်း ဆရာညှာ)

ခြေဆင်း။ ကကုသန် မြတ်စွာဘုရား ဘဂဝါ လက်ထက်တော်က ရတနာပူရ အမှန် ...
သုနာပရန္တ အမည် တွင်ခဲ့ပါပေသည်။ ခုနစ်ရာနှစ်ဆယ်နဲ့ ခြောက်ခုပဲ မှတ်ယူစွဲ ရွှေအင်းဝ နေပြည် မြို့တော်ကြီးတည်။

***
ဧရာဝတီ စမုံ ဒုဋ္ဌဝတီ ဇော်ဂျီ ပန်းလောင်
ချောင်း မြစ် ငါးလီ ပေါင်းလို့ ဆုံကြသည်

သန်လျက်စွန်းပေါ်တွင် အင်းလေးအင်းကို ဖို့၍ မြို့တည်
သတိုးဘုရား ရာဇာဘုရင် စိုးစံသည်
မကောင်းတဲ့ ရန်ဝေးအောင် ချိုးဖျက်နှိမ်နင်းမည်

သြော် ဥဇ္ဇေနာ မင်းယုတ် သုတ်သင်ပြန်ပါသည်
စောဥမ္မာ ခင်မဒီ ဒေဝီ ကောက်လို့ မြှောက်တင်စံစားသည်

(တို့တိုင်း ဌာနီ ရွှေနန်းတော်တည် ပြသာဒ် ဘုံမြင့်ဆီ
စိန်တောင် ရောင်ခြည် တောက်ထွန်းပေသည် ပြောလို့ မကုန်တော့သည်
မင်္ဂလာကျက်သရေ ဖြိုးဝေတင့်ကာ မြို့ရွှေအင်းဝ သာယာဝပြောစည်။) *

မြန်မာမင်းတို့ ဘုန်းပန်းပွင့်လို့ အဆင့်ဆင့် လာခဲ့သည်
တန်ခိုးလည်း အဖြာဖြာ မညှိုးတဲ့ သာသနာ တိုးတက်ပြောင်လင်းကြည်
အလွန်ပင် စည်ကားသည် ဟိုစဉ် အခါကအတည်
နောင်လာ နောင်သား မှတ်ဖို့ စာစီ

ရွှေကူထူပါရုံ ထူးမြတ်တဲ့စေတီ ဦးခိုက် အဉ္ဇလီ ဖူးလိုက်ကြ ရွှေအင်းဝဆီ

()*

အတွင်သီချင်း ပြဆိုမည် ရွှေအင်းဝ မြို့ဆီ
ရောက်တဲ့အခါ အနောက်ဘက်သာ ရှုမျှော်ကြည့် တွေ့လိမ့်မည်

မြစ်ဧရာ တဘက်ကမ်းမှာ လှမ်းလို့ မြင်ရသည် ပျိုလွမ်းသည်
စစ်ကိုင်းချောင် တောင်ထိပ်ဆီ မြင့်မြင့်မောက်မောက် အံ့လောက်စရာ အတည်
ပုညရှင်က စေတီ စေတီ ကြည်နူးဖွယ် အတည်
သူတော်စင်များ ကိန်းအောင်းကြတဲ့ ဂူကျောင်းဘုရားတွေ ပေါလို့ ရှိခိုးမည်

()*

***
ခြေဆင်းမှာ ပါတဲ့ အနီရောင် နဲ့ ပြထားတဲ့ မြို့နာမည်က မသေမချာ စာလုံးပေါင်းထားတာပါ။
သိတဲ့လူ ရှိရင် ပြင်ပေးသွားနိုင်ပါတယ်။

အပေါ်ယံကြည့်ရင်တော့ ဒီသီချင်းမျိုး blog ပေါ်မှာ တင်တာရယ်၊ ဒီသီချင်းမျိုး ကြိုက်တတ်တာရယ်က မြန်မာ့ရိုးရာ ယဉ်ကျေးမှုကို နှစ်ခြိုက်မြတ်နိုးလွန်းလို့၊ ထိန်းသိမ်းချင်စိတ် ရှိလွန်းလို့ ထင်ချင်စရာပါပဲ။

အမှန်က ဘာမှ မဆိုင်ပါဘူး။
ကိုယ့်ဘာသာ ကြိုက်ချင်လို့ ကြိုက်တာပါ။
လူကဖြင့် ထမီတောင် ဝတ်ချင်တာ မဟုတ်ဘူး။

ထမီဆိုလို့ ထမီကလည်း မြန်မာ့ ယဉ်ကျေးမှုမှ မဟုတ်တာ။
ဘယ်တိုင်းပြည်က ရောက်လာတယ် သေချာ မသိပေမဲ့ ယိုးဒယားဘက်ကလို့ ထင်တာပဲ။

သေချာတာကတော့ ပေါက္ကံရာမ နေပြည်တော်ကြီး ဘုန်းမီးနေလ တောက်ပစဉ် အခါက ထိုဒေသတွင်နေသော အမျိုးသမီးများ ထမီ မဝတ်ဘူး ဆိုတာပါပဲ။

Update: မယုံရင် ဘုရားထဲက နံရံပန်းချီတွေ သွားကြည့်ပါလား။ ဒီဇိုင်းတွေက အလန်းချည်းပဲ။ အေးလေ မြန်မာပြည် အလယ်ပိုင်းက ပူတာကိုး။ အဲဒီ ဒီဇိုင်းမျိုးတွေ ဘာလို့ ခုထိ မထိန်းသိမ်းထားနိုင်သလဲ မသိဘူး။ နှမြောစရာ တော်တော် ကောင်းတယ်။ ခုနောက်ပိုင်း Fashion ပြပွဲတွေမှာ ပေါက္ကံရာမယဉ်ကျေးမှုကို ပြန်ဖော်ထုတ်လာကြပြီလို့ ထင်တာပဲ။ ကောင်းတဲ့ အလားအလာ ဖြစ်နိုင်တယ်။ ကိုယ်တော့ ဉာဏ်မမီပါဘူး။

အဲဒီ သီချင်းထဲက အင်းဝခေတ်ရောက်တော့ ဝတ်နေကြပြီလား ဘာလားတော့ မသိပါဘူး။
ဒါကတော့ ညီလင်းဆက် တို့၊ သက်ပိုင်သူ တို့ မှ သိမယ် ထင်တယ်။
ထုံးစံအတိုင်း တေးရေးကိုလည်း မသိပြန်ပါဘူး။
မြို့မငြိမ်း ပဲလို့ ထင်ပါတယ်။ သိရင် ပြောသွားပါ။

ကိုယ်ကတော့ သီချင်းကို ကြိုက်လို့ တင်တာပါပဲ။

ဒီသီချင်းမျိုးတင်တာ သက်ဦးဆံပိုင် ဘုရင်စနစ်ကို အားပေးပြီး ယခု လက်ရှိ နေပြည်တော်ကြီးကို ထောက်ခံနေတယ် လို့ ထင်မယ် ဆိုလည်း ထင်လို့ ရပါတယ်။ စိတ် လုံးဝ မဆိုးပါဘူး။ :)

"ယူသော် ရ၏" လေ။
တခါတခါကျ အတွေးတွေကို ဉာဏ်မမီလို့ မီသလောက် လိုက်တွေးကြည့်ထားတာ။
ဒေါ်ခင်မျိုးချစ် စကား
ပဲ သွားသွား သတိရမိတယ်။

"... ကိုယ်ဖြင့် ဉာဏ်ကို မမီဘူး။"

[တကယ်လဲ အဲဒီသီချင်းထဲ ပါသလိုသာဆို အဲဒီခေတ်က အတော် ကျက်သရေ မင်္ဂလာ ရှိမှာပဲ (လို့ ထင်တယ်)။ သုတ်သင် ဆိုတဲ့ စကားလုံးက လွဲလို့။ အေးလေ ဒါကလဲ ရှေးက ဘုရင်တွေ လုပ်နေကျပါ။]

***

အပေါ်က title အသေးကို click လုပ်ပြီး သီချင်းကို download လုပ်နိုင်ပါတယ်။

***
Update:

တေးရေး ဆရာညှာ
ဖြစ်ကြောင်းနဲ့ သုနာ ပရန္တကို စာလုံးပေါင်း အမှန် ပြောပြတဲ့ မမKOM စီဘောက်မှ ပလုံ ကို ကျေးဇူးတင်ပါတယ်။

***

Wednesday, November 11, 2009

ခေတ်ကာလ သီချင်းများ

Hip Hop ပြောရမလား၊ Rap ပြောရမလား၊ ဘာပြောရမလဲ။
ခုခေတ် သီချင်းတွေထဲမှာ သဘောကျစရာလေးတွေ တခါတခါ ကြားရတတ်တယ်။

***
ကိုယ့် စိတ်ထဲ မှတ်မှတ်ရရ ဖြစ်မိတဲ့ သီချင်းက "အချစ်ဆုံး သူငယ်ချင်း" ဆိုတဲ့ သီချင်း။

"ရိုးသားတဲ့ သူငယ်ချင်း အချစ်ကို ငါ့စိတ်ကူးထဲ သာယာခဲ့၊

ဝိုးတဝါးနဲ့ နားမလည်နိုင်ဘူး ခံစားချက်တွေ ဘာသာမဲ့

ဆိုးရွားတဲ့ ရင်ခုန်သံနဲ့ မင်းကို တွေ့ရင် ပျာယာခတ်"

ဆိုတာ စကြားတော့ ကျောင်းမပြီးခင်၊ အိမ်ကို ပြန်တုန်းက။
စစချင်းတော့ အိမ်က မောင်တော်တွေနဲ့ သူတို့ သူငယ်ချင်းတွေ sound box နဲ့ ချနေကြတော့ အော်ထုတ်မိတယ်။ စာသားတွေလည်း နားမလည်ပါဘူး။

"ကဲ ကဲ တော်လောက်ပြီ ထင်တယ်နော် မင်းတို့..
ဘေးအိမ်တွေ အမြင်ကပ် မကပ် မသိဘူး။
တခါတလေမှ ပြန်လာတဲ့ လူကတော့ သည်းမခံနိုင်တော့ဘူး။" ဘာညာနဲ့ ဖိန့်ဖိန့်ပေါ့။

သူတို့တွေက ပြောတုန်း ရယ်ကျဲကျဲနဲ့ ငြိမ်သွားပြီး နောက်တော့လည်း ပြန်ဖွင့်ကြတာပဲ။
အစက နားမလည်ပေမဲ့ အာရုံစိုက်မိသွားတော့ သူတို့ သေချာ ရေးထားတဲ့ စာသားတွေ ပါလား လို့တော့ သိသွားတယ်။

"ဘယ်တုန်းကမှ မငိုဖူးခဲ့ဘဲ မင်းကြောင့်
ခုတော့ ငါငိုနေပြီ
မင်းနာမည် အိပ်မက်ထဲမှာ ယောင်ယောင်ခေါ်တာ လျှာတိုနေပြီ"

အဟား
တော်တော် သဘောကျသွားတယ်။

နောက်ပိုင်း အဲဒီ သီချင်းဖွင့်ရင် ဘာမှ မပြောတော့ဘဲ တိတ်တိတ်လေး နားထောင်နေလိုက်တယ်။

ခံစားလို့ ရလား မေးရင် ဒီအမျိုးအစားတွေ ဘယ်လိုမှတော့ ခံစားလို့ မရတော့ပါဘူး။
Gap က တော်တော် ကွာသွားပြီ။
ဒါပေမဲ့ ကြိုက်တော့ ကြိုက်မိတယ်။
ကာရန်တွေ ချိတ်ပြီး ဆိုထားတာ အကွက်စေ့ပြီး အပိုအလို မရှိတာကို ချီးကျူးမိပါတယ်။

***
စိုင်းစိုင်းခမ်းလှိုင် တို့၊ အနဂ္ဃတို့၊ Examplez အဖွဲ့က သီချင်းတွေတော့ အာပလာလို့ပဲ ထင်တယ်။

"သေပြီဆရာ" နာမည်ကြီးတုန်းက သူငယ်ချင်းတွေနဲ့ ပြောမိပါတယ်။
အဲဒီလို သီချင်းမျိုးများ... ငါ တနေ့ တစ်ခွေစာလောက် ထိုင်ရေးပြနိုင်တယ် လို့။
ဘာမှန်းမှမသိ၊ စတုန်းက တမျိုး၊ အလယ်က တမျိုး၊ နောက်ပိုင်းက တမျိုး။
တယောက်တကြောင်း ဝင်ရေးရင်တောင် အဲလို ဖြစ်အောင် တော်တော် လုပ်ယူပြီး ရေးရမှာ။

ကြိုက်တာ မကြိုက်တာ၊ ခံစားလို့ ရတာ မရတာကို အသာထားပြီး၊
ပရိသတ်ဆိုတာ ဘာမှ မဖန်တီးတတ်ရင်တောင် သူတို့ ထိတွေ့လိုက်မိတဲ့ အနုပညာကို ဖန်တီးထားတဲ့ လူဟာ လေးလေးနက်နက် ဖန်တီးလိုက်သလား၊ ပေါ့တီးပေါ့ပျက် ဖန်တီးလိုက်သလား ဆိုတာတော့ သိမြင်ခံစားလို့ ရတယ်။ သို့သော်လည်း သူ့အရပ်နဲ့ သူ့ဇာတ်ပေါ့လေ။

Zone ဆိုတဲ့ သီချင်းလေးတွေလည်း သဘောကျစရာ ထင်မိတယ်။
ကိုယ်တခါ ရေးဖူးတဲ့ "
လှုပ်လှုပ် လှုပ်လှုပ် မင်းလာတော့ ဒုတ် ဒုတ် ဒုတ် ဒုတ် ဖြစ်ပြီပေါ့" ဆိုတဲ့ သင်္ကြန်သီချင်း လိုလိုဟာလည်း Zone ရေးတယ် ထင်တာပဲ။ အဲဒါလေးလည်း မဆိုးဘူး။ ကြုံရင် နားထောင်ကြည့်ပါ။

တကယ်တော့ ခုခေတ်ကဗျာတွေမှာ ပျောက်သွားတဲ့ ကာရန်တွေက သီချင်းတွေဆီ ရောက်သွားတာပါပဲ။

***
Song


ခုလည်း သူငယ်ချင်းက ပို့လိုက်ပြန်တယ်။
နားထောင်စေချင်လို့ ဆိုတာထက် နှိပ်ကွပ်ချင်လို့ ဆိုရင် ပိုမှန်ပါလိမ့်မယ်။
နားထောင်ကြည့်ရင် သိပါလိမ့်မယ်။ Song ဆိုတာလေးကို click လိုက်ပါ။

အစမှာ Black Hole လို့ ကြားလိုက်မိသလိုလိုပဲ။
Black Hole အဖွဲ့လို့ထင်ပါတယ်။
သေချာတော့ မသိပါဘူး။ Title လည်း မသိဘူး။
ပို့တဲ့ သူငယ်ချင်းလဲ သိမယ် မထင်ဘူး။

နားထောင်ရင်း စာသားတွေ သဘောကျလာလို့ တင်လိုက်ပါတယ်။

သူငယ်ချင်းတွေထဲမှာ အိမ်ထောင်ကျပြီးတဲ့သူ နည်းနည်းပဲ ရှိသေးတယ်။
ဒါပေမဲ့ ကျန်နေသေးတဲ့ လူလွတ် ယောက်ျားလေး တွေဟာ လူလွတ် မိန်းကလေးတွေများဆို သိပ်နှိပ်ကွပ်ချင်တာပဲ။ ပြီးရင် သူတို့က ပြောဦးမယ်။

"ငါတို့က ယောက်ျားလေး၊ ၁၈ နှစ်သမီးကို ကောက်ယူလဲ အချိန်မရွေး ရတယ်" ဆိုပြီး။
ဟင်း ဟင်း... လေနဲ့ ယူမပြကြပါနဲ့။
ကိုယ့်ဘာသာ စွမ်းတယ် ထင်ရင် လက်တွေ့ ပြလိုက်ကြစမ်းဘာာာာာာာာ...

စွံပြီးသားလူတွေက ပြောရတယ် မရှိဘူး။
မစွံသေးတဲ့ လူအချင်းချင်း တမူး ပိုရှူတာများ အသည်း နာ လွန်း လို့ ...
(ဒါတွေ မခံချင်လို့ ကောက်ယူပြလိုက်ရင်လည်း ကိုယ်ပဲ ဘဝ ဆုံးဦးမယ်။)

အဲဒီ သူငယ်ချင်းမှာဖြင့် လက်ဆွဲပြစရာ လူတောင် ရှိသေးတာ မဟုတ်ဘူး။
သူ့ကောင်မလေးက ဆဆဆဆဆွဆွဆွဲ ..........နေလို့ (အချိန်)။
ဒါနဲ့များ ကိုယ့်ကို ဒီသီချင်းမျိုး ပို့ပြီး ကလိ ချင်သေးတယ်။
(ချက်ချင်းလက်ငင်း လက်ဆွဲခေါ်ပြကြေး ဆိုရင် သူပဲ ရှုံးဦးမှာ သိသိကြီးနဲ့များ)

ဟင်းးးးးးးးးးးးးးး
သီချင်းထဲက အတိုင်းပဲ ပြောတော့မယ်။

မုန်းဒယ် မုန်းဒယ် ယောက်ျားတွေကို မုန်းဒယ်...

***

Sunday, November 1, 2009

မို့မို့ ရဲ့သီချင်း


ချစ်သူသို့


ချစ် သူလေးရယ်
ဝေး နေကြတယ်
နေ့ နဲ့ ညတွေ မဟောင်းနွမ်းဘူး
ရင်မှာ မပြောင်းလဲဘူး အချစ်ရယ်...

တွေး နေတော့ကွယ်
ကိုယ်နဲ့ မင်းနဲ့ နေချိန်များရယ်
တွေ့ဖို့ ရက်တွေ နီးနီးလေး
ရင်မှာ အမြဲ မှတ်ထားမိတယ်

Cho:

(အချိန်တွေ ပြောင်းနေ
နေရာဟောင်းတွေ
ကိုယ်လေ အမြဲရှိနေ ပါတယ်/ မှာပါ

အတူပျော်ရမယ့် နောက်ရက်တွေ
မျှော်လင့်ရင်းလေ

ရင်မှာ မင်းသာ
တစ်ယောက်တည်းပါ
ပူပင်တတ်တဲ့ ဝေဒနာ
တကယ်ကို မထားနဲ့ စိတ်ချစွာ
ယုံကြည်ထားပါ)

စိတ် တွေသွားရာ
ကိုယ်လေ လိုက် နေမိတယ်
မင်းရဲ့ ပုခုံးပေါ် လဲလျောင်းရင်း
ကိုယ်တို့ မခွဲတော့ဘူး အချစ်ရယ်

နေ့ စဉ် အလွမ်းတွေ
ရင်ကို ကြမ်းတမ်း ဝင်ရောက်နေ
ဒီသီချင်းလေးနဲ့ အတူ ကိုယ့်အချစ်များ
တကယ်ကို
မင်းအတွက် အေးချမ်းစေ

Cho:

(ရင်မှာ မင်းသာ
တစ်ယောက်တည်းပါ
ထာဝစဉ် အချစ်တို့ တည်နေရာ
ဘယ်ခါ မပြောင်းလဲ သိပ်ချစ်မှာ

ယုံကြည်ထားပါ


အချိန်တွေ ပြောင်းနေ
ပြန်ဆုံမယ် နေ့တွေ
ကိုယ်လေ အမြဲစောင့်နေမှာပါ

တကယ်ကို အေးချမ်းမယ့် အပြုံးတွေ မျှော်နေဆဲပါ)

***
မို့မို့ မဖြစ်ခင်က သီချင်းလေး။

ကျောင်းမပြီးခင်တည်းက မြဝတီမှာ တခါတလေ နားထောင်ခဲ့ဖူးတယ်။

သူ့ရဲ့ ပထမဆုံး single ခွေမှာ ပါခဲ့တာ။


သီချင်းနာမည် မမှတ်မိတော့ဘူး။

စနားထောင်ကတည်းက ရင်ထဲ ဝင်သွားတဲ့ အရေးအဖွဲ့နဲ့ သံစဉ်ပါပဲ။

ရေးတာကတော့ "
မျိုးကျော့မြိုင်" ပါ။

ရှာနေမိတာ ကြာပြီ။

net လည်း သိပ်မကျွမ်းတော့ ခုမှ တွေ့တယ်။
တွေ့တွေ့ချင်း ဝမ်းသာအားရနဲ့ ကောက်တင်လိုက်ပါတယ်။

သီချင်းနာမည် ရလိုရငြား မို့မို့ရဲ့ website ကို ရှာတာလဲ မတွေ့ဘူး။
အရင်ကတော့ ဝင်ကြည့်ဖူးတယ်။ ခုတော့ မရှိတော့တာလား၊ ကိုယ်ပဲ မတွေ့တာလား မသိတော့ပါဘူး။
title မသိတော့ you tube က MTV ရှာချင်တာလည်း ရှာလို့ မရတော့ဘူးပေါ့။
:(

သိတဲ့သူ ရှိရင်လည်း ပြောသွားကြပါဦး။

***
ဒီနေရာ မှာ download လုပ်ဖို့။
အပေါ်က title အသေးမှာ click လုပ်လဲ ရပါတယ်။

နားထောင်ဖြစ်အောင် ထောင်ကြည့်လိုက်ပါ။
နောင်တ မရစေရပါဘူး။
:)

***
သီချင်းနာမည် "ချစ်သူသို့" လို့ ပြောပြသွားတဲ့ co coe ကို သိပ်ကျေးဇူးတင်ပါတယ်။
Album title လည်းဖြစ်ပါတယ်။

***

အချစ်က အမှား



ကျန်နေသေးတဲ့ ဘဝခရီးတွေ ကိုယ် တစ်ယောက်တည်းတော့ မသွားတော့ပါ
မင်းလိုက်နိုင်မလားကွာ...


အကြိမ်ကြိမ် အနူးအညွတ် ပန်ကြားလာ

ကိုယ်မျှော်လင့်တဲ့ ဘဝတကွေ့မှာ

တို့ နှစ်ယောက်အတူ မခွဲမခွာ


မှားလား

အချစ်များ အကုန်လုံး မင်းအတွက်
ငါလည်း ရူးတော့မယ် အချစ်ရာ

အဆုံးအဖြတ်

အချစ် အမုန်း

နောက်ဆုံး ပြောဦး

တစ်စုံတစ်ခု မင်း ရွေးချယ်ပေးပါ...


ဒီဘဝက မှားနေလား


...

ကိုယ့်အမှားလားကွယ်

မှားနေလား

...