မီးရောင်လင်းတဲ့ ညနေခင်းတစ်ခုမှာပေါ့
ညွှတ်ကွေးမိတဲ့ ကိုယ့်နှုတ်ခမ်းဖျားမှာ
အပြုံးတစ်စ ခို
လေပြည်ညင်းနဲ့ ပန်းခင်းလေးတွေနား
ဆည်းလည်းသံချိုချိုလည်း ကြားလိုက်တယ်
Showing posts with label Poem. Show all posts
Showing posts with label Poem. Show all posts
Friday, February 24, 2012
Thursday, September 29, 2011
အမှတ်တရ
အမှတ်တရ
ကိုယ့် စာအုပ်ဗီရိုရဲ့ အတွင်းဆုံးထောင့်မှာ...
သူ အမှတ်မထင် ရေးခြစ်လို့
အကြမ်းဖြစ်သွားတဲ့ စာရွက်တွေ...
ကိုယ့် စာအုပ်ဗီရိုရဲ့ အတွင်းဆုံးထောင့်မှာ...
သူ အမှတ်မထင် ရေးခြစ်လို့
အကြမ်းဖြစ်သွားတဲ့ စာရွက်တွေ...
Monday, September 26, 2011
အိပ်မက်
အိပ်မက်
ငါ့ ဆံနွယ်တွေကို မင်း ရှိုက်နမ်းခဲ့တယ် တဲ့
ညက အိပ်မက်ထဲ
ဒီနေ့မနက် နိုးအထမှာ
လက်ဖျားလေးနဲ့တောင် မ 'သ' ရက်တော့ဘူး။
ငါ့ ဆံနွယ်တွေကို မင်း ရှိုက်နမ်းခဲ့တယ် တဲ့
ညက အိပ်မက်ထဲ
ဒီနေ့မနက် နိုးအထမှာ
လက်ဖျားလေးနဲ့တောင် မ 'သ' ရက်တော့ဘူး။
Tuesday, August 9, 2011
မြ
မြ
အခါတပါး၌
သူမ၏ လက်ဝယ်
ထက် 'မြ' သော မြားတစ်စင်းတည်၏
သို့သော် 'လေး' မရှိ...
ထိုအခါ
ငါ၏ လက်ဝယ်
ချို 'မြ' သော စောင်းတစ်အိုးတည်၏
သို့သော် 'ကြိုး' မရှိ...
(ထူးအိမ်သင်)
အခါတပါး၌
သူမ၏ လက်ဝယ်
ထက် 'မြ' သော မြားတစ်စင်းတည်၏
သို့သော် 'လေး' မရှိ...
ထိုအခါ
ငါ၏ လက်ဝယ်
ချို 'မြ' သော စောင်းတစ်အိုးတည်၏
သို့သော် 'ကြိုး' မရှိ...
(ထူးအိမ်သင်)
Labels:
Htoo Ein Thin,
Poem,
ကဗျာ
Friday, April 1, 2011
အေပရယ်

အေပရယ်
စွတ်စို ထိုင်းမှိုင်း
အေးစက် ရင့်ရော်ခြင်းတွေ ကွာကျ
ကြည်စင် ဝင်းပလာတဲ့ သမယ။
ကပ်ငြိနေတဲ့ အရာရာကို ခွာချ
စိမ်းမြပုရစ်ဖူးတို့ နိုးထ။
အသွင်ပြောင်းတေးဆိုရင်း
တကျော့ပြန် နုပျိုခြင်းနဲ့
သူကိုယ်တိုင် ယိမ်းက။
ကောင်းမြတ်ခြင်းအဖြာဖြာက
ဒီတခါ
အသေအချာ သက်ဆင်းလာမလို
ဟိုးအရင် အကြိမ်များစွာအတိုင်း။
ကူးပြောင်းခြင်း
ရောက်ရှိခြင်း
စောင့်ဆိုင်းခြင်း
ဆုံဆည်းခြင်း
လင်းပ နေ
မွှေးမြ လေ
အဝါရောင်ရိပ်တွေ လူးလွန့် လှုပ်ရှား
ပျော်ပါးခြင်း ပုံရိပ်များ
သယ်ဆောင်လာမယ့်
အပူဒဏ်ကို သေချာမခံရခင်လေး
အမြည်းပေးတဲ့
နှစ်လိုခြင်း ခဏတာ။
***
pic from here
Wednesday, March 9, 2011
တွေ့ဆုံခြင်း

တွေ့ဆုံခြင်း
မိုးအဆုံး နဲ့ မြေအဆုံးလို
မိုးကုပ်စက်ဝိုင်း ဆိုလား
လှည့်စားထားတဲ့ မြင်လွှာအောက်က
ဘယ်လိုမှ မရောက်နိုင်တဲ့ တနေရာမှာ
***
pic from here
Sunday, March 6, 2011
တွေ့ဆုံခြင်း

တွေ့ဆုံခြင်း
တောင်ကမ်းပါးယံ နဲ့ ခေါ်သံလို
ထိခတ် ပြန်ထွက်လာရပေမယ့်
ဝန်းကျင်မှာ ပဲ့တင်ထပ်နေဆဲ...
***
pic from google
Saturday, March 5, 2011
တွေ့ဆုံခြင်း

တွေ့ဆုံခြင်း
လေပွေရူး နဲ့ ကြွေလုဆဲ ရွက်ဝါလို
နောက်တခါ ပြန်(မ)လာလည်း
ဒီနေရာမှာ ငါ မရှိတော့။
***
pic from google
Friday, March 4, 2011
တွေ့ဆုံခြင်း

တွေ့ဆုံခြင်း
ပိတ်ထားတဲ့ မှန်ပြတင်းနဲ့ ခုန်ဆင်းတဲ့ မိုးရေစက်လို
စုပ်ယူ စိမ့်ဝင်လို့မရ
ထိတွေ့စဉ် ခဏသာ
***
pic from here
Thursday, March 3, 2011
တွေ့ဆုံခြင်း
တွေ့ဆုံခြင်း
သန့်စင်တဲ့ ရေ နဲ့ နောက်ကျိစေတဲ့ အမှုံအမွှားလို...
ဘယ်သူက ဘာ ဆိုတာထက်
အကြောင်းတိုက်ဆိုင်လို့ လှုပ်ခတ်တိုင်းမှာ လှိုင်းထ ဝေဝါးတယ်။
***
pic from google
Wednesday, October 6, 2010
ဆူးတွေပါတဲ့ လှည်း

ဆူးတွေပါတဲ့ လှည်း
ဆူးတွေအပြည့်ပါပြီး ခရီးထွက်လာတဲ့
လှည်းကလေး တစ်စီးပါ တဲ့
ဘယ်သူ့လမ်းကိုမှ မတောင်းဘူး
ဘေးဘီမမြင်တဲ့ အရှိန်ကောင်းနဲ့
ကိုယ့်လမ်းကြောင်းပဲ ကိုယ်မောင်းတယ်
ရှေ့တူရှုကို တည့်တည့်ကြည့်
မချိန်ညှိဘဲလည်း ပြေးချင်ပြေးတယ်
ဘယ်သူ့ကိုမှ မချည်နှောင်
သယ်ဆောင်ရာချင်း မတူရင်တော့
လာ မထိနဲ့
ကိုယ့်ပြေးလမ်းပေါ်က မလွတ်တာမှန်သမျှ
မတော်တဆ ရှမိမယ်
မရည်ရွယ်ခဲ့တဲ့အတွက် ဝမ်းနည်းပါတယ်
ကိုယ့်ဒုက္ခ ကိုယ်ရှာလာရင်တော့
သနားတယ် ဆိုတာကလွဲ
ဘာမှလည်း မတတ်နိုင်ဘူး
တခြားကို မချိန်ရွယ်တဲ့
တနိုင်သာသယ်တဲ့ ဆူး
ဒါပေမဲ့
အပိုင်နာအောင်တွယ်မယ့် ဆူး
***
တခုတော့ ရှိပါရဲ့ကွယ်
ဘေးလူကို ထိခိုက်မယ့် ဆူး
ချစ်သူကို ငြိလိုက်မယ့် ဆူး
တူတာတော့ မတူဘူးပေါ့
***
နာမည်တစ်ခု လာပေးတဲ့သူကို ကျေးဇူးပါ။
ပြောတဲ့သူက အပြစ်တင်ပြီး ပြောတာမို့ ဒီလောက် ကဗျာမဆန်ပေမယ့် ချစ်တဲ့မျက်စေ့နဲ့ (ကိုယ့်ကိုယ်ကို ချစ်တဲ့ မျက်စေ့နဲ့) ကြည့်မိတော့ ကဗျာဆန်သွားတာ။
ပြီးတော့ အဲဒီနာမည်ကို သူက ကိုယ့်လာပေးတာပေမယ့်၊ သူပေးတဲ့ နာမည်ကနေ ရေးဖြစ်တာပေမယ့်၊ ကိုယ့်ဘာသာ ပြန်မြင်ယောင်ပြီး ရေးထားတာတော့ မဟုတ်ဘူး။
Saturday, August 14, 2010
ယသောဓရာ

ယသောဓရာ
ဖဝါးခြေထပ် ဖြည့်ဆည်းခြင်းဟာ
ဘယ်လောက်တောင် နက်နဲခဲ့ပါသလဲ
***
သူ့ရဲ့ မေတ္တာတရားတွေက
ဖဝါးခြေထပ် ဖြည့်ဆည်းခြင်းဟာ
ဘယ်လောက်တောင် နက်နဲခဲ့ပါသလဲ
***
သူ့ရဲ့ မေတ္တာတရားတွေက
မဟာကရုဏာတော်တွေထဲမှာ
ဘဝ အဆက်ဆက် လိမ္မာတတ်သိမှုတွေက
ရွှေဉာဏ်တော်ရဲ့ အတုမရှိ အကျယ်အဝန်းမှာ
သစ္စာစီရင်တဲ့ ချစ်ခြင်းတရားတွေက
ရက်ပေါင်းများစွာ ဆွေးရတဲ့ တစ်ညဝေး အလွမ်းတွေမှာ
ရင်းနှီးစွန့်လွှတ်ခြင်းတွေက
ပါရမီတော်တွေတိုင်းမှာ
မခွာထပ်ကြပ် ပေးဆပ်ခြင်းတွေက
နိမ့်ပါးလျောကျ အခါသမယတွေမှာ
ကျွမ်းမြေ့ လောင်မြိုက်ရခြင်းတွေက
"နေခဲ့" ချမှတ်တဲ့ အမိန့်တော်မြတ်တွေမှာ
စွန့်ထား ချန်ရစ်ခဲ့တဲ့ စည်းတဘက်မှာ ရပ်ဖို့
ဘယ်လောက်တောင် ခက်ခဲခဲ့ပါသလဲ
***
အသင်္ခတ ကမ်းတိုင်...
အသင်္ချေဘဝ အစမှာကတည်းက
ထံပါးမှ ကြာပန်းကိုင်ခဲ့သူ...
***
***
photo from here
Tuesday, June 1, 2010
Tuesday, April 6, 2010
I came for ...

ကိုယ် လာခဲ့တယ်
ဟိုး ... ခပ်ဝေးဝေး
သိပ်မလင်းတဲ့ ကြယ်ကလေးဆီက
ကိုယ် လာခဲ့တယ်
ပူပြင်းတဲ့ နွေရာသီ တစ်ခုမှာ
နီးစပ်ထိတွေ့သမျှကို
ကြည်လင်အေးမြစေဖို့
ကိုယ် လာခဲ့တယ်
အမှောင်တွေသာ ခင်းကျင်းတဲ့ ညယံထဲ
အလင်းတွေ သက်ဆင်းလာသလိုမျိုးနဲ့
ကိုယ် လာခဲ့တယ်
ဘာကိုယူလို့ ဘာကိုပြန်ပေးရမှန်း မသိတဲ့ လောကထဲ
ဘာမှလဲ နားမလည်ဘဲနဲ့
ကိုယ် လာခဲ့တယ်
ပူပူကျဲကျဲ အရိပ်နည်းပါးတဲ့ ကွင်းပြင်ထဲမှာ
သူရိန်နေမင်းရဲ့ ရှုသဘင် ခံယူရင်း
ကိုယ် လာခဲ့တယ်
လရိပ်ပင်လယ်ထဲက
နဂါးငွေ့တန်း လှိုင်းလုံးတွေကြား
ကြယ်စင်ငါးကလေးများနဲ့ ဆော့ကစားဖို့
ကိုယ် လာခဲ့တယ်
ဂုဏ်ယူစရာ နည်းနည်းပါးပါးထဲမှာ
မတန်တဆ ဝင့်ကြွား ပြသဖို့
ကိုယ် လာခဲ့တယ်
ဒီကမ္ဘာကြီးတစ်ခုလုံးကို လက်ဖဝါးထဲထည့်
သေချာစေ့စေ့ ကြည့်ချင်ခဲ့လို့။
***
ကိုယ် လာခဲ့တယ်
လျှပ်ပြက်သလို
သူ တစ်ချက် အပြုံးမှာ
တခဲနက် အရှုံးပေးချင်လို့။
(6th April 2009)
မနှစ်က ရေးပြီး တင်ခဲ့တဲ့ ကဗျာ။
***
Update: (6th Apr 2010, 10:45 PM)

အိမ်က အစ်မနဲ့ ညီမလေးများ လုပ်ပေးလို့။ ကိုယ့်ဘာသာဆို လုပ်ဖြစ်မှာ မဟုတ်ဘူး။ သူတို့ကို ကျွေးဖို့တောင် order မှာမယ်ဆို ခုထိ မမှာရသေးဘူး။ weekends မှ မှာရမယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။
***
Sunday, January 31, 2010
မင်း နဲ့ ကိုယ်

မင်းက ကိုယ့်ရဲ့ ကော်ဖီ တစ်ခွက်ပါ
လေးလံ ထိုင်းမှိုင်းမှုတွေကို
ချေဖျက်ပေးသယောင်နဲ့
Caffeine ဓါတ် များများ
ရင်ခုန်မှုတွေသာပေးထားခဲ့တာ...
*
မင်းက ကိုယ့်ရဲ့ အိပ်မက်ချိုပါ
ပျော်ရွှင် ယစ်မူးစေခဲ့သလောက်
မနက်ခင်းကိုလဲ ရောက်ရော
ကိုယ်ကြောက်တဲ့ အလွမ်းတွေနဲ့ပဲချန်ထားရစ်ခဲ့တာ...
*
မင်းက ကိုယ့် နံနက်ခင်းရဲ့ အလင်းရောင်ပါ
မပိုင်ဆိုင်ရရင်တောင်...
အငွေ့အသက်နဲ့တင် ရှင်သန်ခွင့်ရချင်ရဲ့ ...
*
ကိုယ်က အနန္တ စကြဝဠာပါ
ရင်ခွင်ထဲမှာရှိတဲ့ အလင်းပွင့်တွေက
မင်းအတွက် ချစ်ခြင်းတွေကို
ကိုယ်စားပြုရင်း ဖန်ဆင်းခဲ့တာပေါ့...
*
ကိုယ်က မဟာသမုဒ္ဒရာပါ
မင်းအတွက် အချစ်တွေက
ရင်ထဲမှာ အရှိန် ပြင်းပြင်းနဲ့
သိမ်မွေ့ လှပစွာ စီးဆင်းခဲ့တာပေါ့...
*
ပြီးတော့...
ကိုယ်ဟာ မင်းပါ...
(about Feb 1999)
Monday, January 25, 2010
သစ္စာနီ - သံသရာ
သံသရာ
သူတို့... ဘာမှမတော်ကြပါဘူး။
သူတို့ မျက်နှာတွေက ခပ်ဆင်ဆင်
သူတို့ စကားလုံးတွေက ခပ်ဆင်ဆင်
သူတို့ ကောင်းကင်တွေက ခပ်ဆင်ဆင်
တစ်ယောက်ရဲ့ မျက်ရည်ကို
တစ်ယောက်က မီးလှုံကြ
တစ်ယောက်ရဲ့ အိပ်မက်ကို
တစ်ယောက်က ထွန်ယက်ကြ
တစ်ယောက်ရဲ့ ပင်လယ်မှာ
တစ်ယောက်က သောင်ထွန်းကြ
တစ်ယောက်ရဲ့ အသည်းနှလုံးကို
တစ်ယောက်က ဘာသာပြန်ကြ။
သူတို့... ဘာမှမတော်ကြပါဘူး
ကံက ကံမကောင်းဘူးတဲ့
လမ်းဟာ လမ်းပျောက်နေတယ်တဲ့
သူတို့... ဘာမှမတော်ကြပါဘူး။
***
မနေ့က post အဟောင်းတွေ ပြန်ဖတ်ရင်းနဲ့ တွေ့ခဲ့ရတဲ့ ကဗျာ။
ဖတ်တုန်းက စိတ်မဝင်စားဘဲ အမှတ်တမဲ့ ဖတ်ခဲ့မိတာ သေချာတယ်။
ပြန်ဖတ်မိတော့ ဖတ်ခဲ့ဖူးတယ်ဆိုတာတောင် သတိမရတော့ဘူး။
မနေ့ကတော့ အဲဒီဘလော့ က နောက်ဆုံး post ကို ဖတ်ပြီး၊ post အဟောင်းတစ်ခု ရှာရင်းနဲ့ အမှတ်မထင် ပြန်တွေ့တာ။ ဖတ်ဖတ်ချင်း တန်းခနဲ ပဲ မြင်သွားလိုက်တာ။ ထူးပဲထူးဆန်းသေးတော့...
ဘာကိုလဲ လို့ လာမမေးကြနဲ့။ လုံးဝ ဖြေမှာ မဟုတ်ဘူး။
အဲဒီအကြောင်းတွေ လုံးဝ မပြောရတော့ဘူး လို့ တစ်ချက်လွှတ်အမိန့် ထုတ်ထားခံရလို့။
:)
အဲဒီခေါင်းစဉ်အတိုင်းတပ်လို့ လွန်ခဲ့တဲ့လကမှ စိတ်ထဲကနေ ရေးထားတဲ့ ကဗျာတစ်ပုဒ်ပါ ရှိသေးတယ်။ ခေါင်းစဉ်က တမင်တူအောင် ပေးထားတာ မဟုတ်ဘဲ idea ကိုက တူနေတာ။
တင်ပါလားလို့ လာမပြောကြနဲ့။ လုံးဝ တင်မှာ မဟုတ်ဘူး။
အဲဒီအကြောင်းတွေ လုံးဝ မရေးရတော့ဘူး လို့ တစ်ချက်လွှတ်အမိန့် ထုတ်ထားခံရလို့။
:)
***
ကိုယ် ပထမဆုံး ဖတ်ဖူးတဲ့ လုံချင်း (မောင်စိန်ဝင်း - ပုတီးကုန်း ရဲ့ ပန်းခြွေတဲ့နွေ နှင်းဝေတဲ့ဆောင်း) မှာ ကဗျာသမားတွေ စုဆုံကြတော့ ဆရာဇော်ဂျီရဲ့ ဗေဒါလမ်း ကဗျာ အကြောင်း ပြောထားကြတဲ့ ဇာတ်ကွက်လေး ပါတယ်။ ဇာတ်ကွက်ဆိုပေမယ့် တကယ် စာရေးဆရာကိုယ်တိုင် ကြုံလာခဲ့တဲ့ ဇာတ်ကွက်အစစ် ဖြစ်မယ်ဆိုတာ သေချာပါတယ်။
လိုရင်းကတော့ အဲဒီ ကဗျာကို ရှုထောင့်အမျိုးမျိုးက ကြည့်လို့ ဘာကိုရေးထားတာပါလို့ သန်ရာသန်ရာ အဓိပ္ပါယ်ဖွင့်ကြတာကို ပြောထားတာပါ။ တချို့ကလည်း လောကဓံကို ဖွဲ့တာပါပေါ့။ တချို့ကလည်း ဒါ တရားသဘောနဲ့ ကြည့်ရင် ဘယ်လိုပါပေါ့။
အဲဒီမှာ ဆရာဇော်ဂျီက ပြုံးပြီး ပြန်ပြောတာက...
မြစ်ထဲ သင်္ဘောစီးရင်း ငါ မြင်တာကို ငါ ရေးလာတာပါ တဲ့။
***
ဒီမှာ မူရင်း post ပါ။

Saturday, January 16, 2010
Poem & Me !
ကိုယ့်ဘဝမှာ ချော်သွားတဲ့ အရာတွေ ရှိပါတယ်။
ဥပမာ - သမိုင်းမှာ ဒတ်ခ်ျ လို့ တောက်လျောက်သင်လာခဲ့တာကို ဘာလို့ သေချာသိအောင် မစဉ်းစားခဲ့ဖူးတာမျိုး။ (ဒါက အသေးဆုံး အမှုကို ပြောလိုက်တာ)
ကိုယ် ကိုယ်တိုင်က ကျော်ပစ်ခဲ့တာလည်း ရှိတယ်။
အဲဒီထဲမှာ အထင်ရှားဆုံးက ကဗျာ တွေပါပဲ။
ကိုယ်က ကဗျာနဲ့ ပတ်သတ်ရင် အင်မတန် ပါရမီနည်းတယ် ဆိုရမယ်။
ဒါထက်ပိုပြီး တလျှောက်လုံး ကိုယ့်ကိုယ်ကိုယ် အနုပညာကို စိတ်ဝင်စားတယ် ထင်လာခဲ့ပေမဲ့ ခုတလော ဟုတ်မှ ဟုတ်ရဲ့လားလို့ တွေးမိပါတယ်။
ကိုယ်စိတ်ဝင်စားတဲ့ အနုပညာက စာပေ တစ်ခုတည်း အဓိကလို ဖြစ်ပြီး၊ အဲဒီ စာပေထဲမှာမှ ကိုယ် စိတ်ဝင်စားတဲ့ အကြောင်းအရာတွေက သိပ်အများကြီး မဟုတ်ဘဲ အမျိုးအစားက တစ်ခုတည်းလိုလို ဖြစ်နေတတ်လို့ပါ။ အဲဒီ အကြောင်းတော့ နောက်မှပဲ ရေးပါတော့မယ်။
***
ကဗျာကို ကိုယ်တိုင် ရေးနေတာရယ်၊ သူများကဗျာတချို့ တင်ဖူးတာရယ်ကြောင့် ကိုယ် ကဗျာဖတ်ဖို့ သိပ်စိတ်မဝင်စားဘူး ပြောရင် တမျိုးတော့ ဖြစ်နေမယ်ထင်တယ်။
ဒါပေမဲ့ အဲဒါ တကယ်ပါပဲ။
ငယ်ငယ်တည်းက မဂ္ဂဇင်း တစ်အုပ်ရရင် အထဲက ဆောင်းပါး၊ ဝတ္ထု၊ ကာတွန်းတွေ အငမ်းမရ ဖတ်သလောက် ကဗျာ ဆိုရင် နောက်မှ ပြန်ဖတ်မယ်ဆိုပြီး၊ ချန်ထားတတ်ခဲ့တယ်။
နောက်ကျတော့လည်း ပြန်မဖတ်မိတော့ဘူး။
ဒီလိုနဲ့ အမြဲဖတ်တဲ့ ဟန်သစ် ထဲက ကဗျာတွေတောင် ကျော်ပစ်ခဲ့ပါတယ်။
ကြည်အေး ရဲ့ နွမ်းလျအိမ်ပြန် မှာပါတဲ့ ကဗျာတို နှစ်ပုဒ်၊ သုံးပုဒ်ကိုတော့ သေချာ ခံစားဖတ်ခဲ့ပြီး၊ နောက်ဆုံးထုတ်တဲ့ မှန်၏မှောင်ရိပ် နဲ့ အိမ်ဖြူလင်းသစ် မှာ ပါတဲ့ ကဗျာရှည်ကြီးတွေကျ ကျော်ဖတ်ပစ်ခဲ့တယ်။ အဲဒီ ဝတ္ထုကို ကျောင်း နောက်ဆုံးနှစ် မတိုင်ခင်နှစ်ကစလို့ Singapore မလာခင်ထိ အကြိမ်ကြိမ် ပြန်ဖတ်ဖြစ်ခဲ့ပေမယ့် အဲဒီထဲက ကဗျာတွေကိုတော့ တစ်ခုမှ သေသေချာချာ မဖတ်ဖြစ်ခဲ့ဘူး။
***
မောင်စိန်ဝင်း (ပုတီးကုန်း)
ဒါဖြင့် ကဗျာ နဲ့ ပတ်သတ်လို့ ကိုယ့်ကို ဘယ်သူလွှမ်းမိုးလဲ ဆိုရင် အဦးဆုံးကတော့ ဆရာ မောင်စိန်ဝင်း (ပုတီးကုန်း) ပါပဲ။ သောကခြေရာ ရတနာ ကဗျာတွေပေါ့။ ၄/ ၅ တန်းလောက်တည်းက ဖတ်ခဲ့တာပါ။
၆ တန်းလောက်မှာ အလွတ်ရနေတာ တော်တော်များနေပါပြီ။
"တစ်ညတည်းမှာ နှစ်ခါ မအိပ်
သိပ်သတိရ ည ည တွေမျိုး
တရေးနိုးရင်
မိုးလင်းထိ ထိုင်မိတတ်သူပါ" တို့ ဘာတို့။
(စကားလုံး နည်းနည်းတော့ လွဲနိုင်ပါတယ်။)
ပြောရရင် ဆရာမောင်စိန်ဝင်း ကာရန်ချိတ်တာ အင်မတန် ပိရိပြီး အဓိပ္ပါယ်မှာ အပိုအလို မရှိဝင်သွားတယ် လို့ ထင်ပါတယ်။
"ခင်သွားရင် ရနံ့ပေး
ခင်မွှေးရင် ပျော်ရွှင်လို့
ခင်မမြင် ခင်မကြည့်ပေမယ့်
ခင်သိရင်ကျေနပ်ပါရဲ့" ဆိုတာမျိုး...
နောက် ဘယ်ကဗျာထဲမှာလည်း မသိ "တပေါင်းနေ ချောင်းရေကို ငုံ့အသောက်" ဆိုတာမျိုး...
ကိုယ်ရေးတဲ့ ကဗျာတွေကို ဆရာမောင်စိန်ဝင်းက လွှမ်းမိုးတယ်လို့ ခုချိန်ထိ ထင်မိပါတယ်။ သူ့အိုင်ဒီယာကိုတော့ မမီဘူးပေါ့။
လုံးချင်းတွေကိုတော့ မကြိုက်ပါဘူး။ ဒါပေမဲ့ ဘဝမှာ ပထမဦးဆုံး စဖတ်မိတဲ့ လုံးချင်းဟာလည်း ဆရာ့ လုံးချင်းပါပဲ။ "ပန်းခြွေတဲ့နွေ နှင်းဝေတဲ့ဆောင်း" ဆိုတာ။
အဲဒီတစ်ခုကတော့ နောက် ပြန်ဖတ်ဖြစ်တိုင်းလည်း ကြိုက်မိတဲ့ ဝတ္ထုပါ။
အချိန်က 88 / 89 လောက်မှာ။
အတော်ကို ဖတ်ယူခဲ့ရပါတယ်။ ကာတွန်းလောက် ဖတ်ချင်တဲ့ အချိန်မှာ ဘာမှန်း မသိတဲ့ စကားလုံးတွေ အများကြီးနဲ့ နှစ်အုပ်တွဲ ဝတ္ထုစာအုပ်ကို တချို့နေရာတွေ ကျော်ပြီး ဖတ်သွားခဲ့တာ။ ဘယ်စာအုပ်ကို ဖတ်ဖတ် အဆီးအတားမရှိ ဖတ်ခဲ့ရတာကတော့ ကံကောင်းတာပါပဲ။
အဲဒီနောက်လည်း ဘယ်ဝတ္ထုမှ ဆက် မဖတ်ဖြစ်ခဲ့ဖူး။
စတုတ္ထတန်းမှာ ရွှေဥဒေါင်းရဲ့ စုံထောက်ဦးစံရှား ကို ပထမအစမ်း အပြီးလောက်မှာ ခဏရယ်လို့ ယူဖတ်မိတာ တစွဲတလမ်းနဲ့ မပြီးမချင်း ဖတ်မိတော့တယ်။ အဲဒီ စာအုပ် အိမ်ကို ရောက်တာ ကြာလှနေမှ စဖတ်ဖြစ်တာ။
92/ 93, ၆ တန်းလောက်ရောက်တော့မှ လုံးချင်း ဝတ္ထုတွေကို စွဲစွဲလမ်းလမ်း ဖတ်ဖြစ်တယ်။
ဒါပေမဲ့ ကာတွန်းနဲ့ ပုံပြင်တွေကိုလည်း ဖတ်တုန်းပဲ။
***
မြမြင်းမိုရ်
92/ 3 ပတ်ဝန်းကျင်က မြားနတ်မောင် မဂ္ဂဇင်းမှာ ပါတတ်တဲ့ ဆရာ မြမြင်းမိုရ် ရဲ့ ကဗျာ နှစ်ပုဒ်ကို သတိရမိပါတယ်။ ဝမ်းနည်းစရာကောင်းတာက တပိုင်းတစပဲ အလွတ်ရပြီးတော့ ကူးမထားလိုက်မိတာပါပဲ။
တပုဒ်က "အချစ်ဟောင်း" ၊ နောက်တစ်ပုဒ်က "ငါဟာ လရောင်ဖြစ်တယ်"။
ကိုယ်က ကဗျာဆိုရင် ကြိုးစားအားထုတ်ပြီး ဖတ်ရမှာ ပျင်းတဲ့သူ ဖြစ်တော့ ခဏလောက် လျှမ်းဖတ်လိုက်တဲ့ အချိန်မှာ ရင်ထဲ တန်းရောက်လောက်တဲ့ စာသားမျိုး မပါရင် ဆက်မဖတ်ဖြစ်တော့ပါဘူး။
အချစ်ဟောင်း ကဗျာကို စဖတ်လိုက်ချိန်မှာပဲ
"ဘဝ လမ်းညွှန် ဆိုင်းပုဒ်တွေကို အလွဲလွဲ အမှားမှား ဖြစ်အောင် တတ်စွမ်းနိုင်ခဲ့သူ"
ဆိုတဲ့ စသားက ထုတ်ချင်းဖောက်ပြီးတော့တောင် ဝင်သွားခဲ့တယ် ထင်ရတယ်။
အဲဒါကလွဲလို့ ဘာမှ ကောင်းကောင်း မမှတ်မိတော့တာတော့ ဝမ်းနည်းစရာပဲ။
နောက် ငါဟာ လရောင်ဖြစ်တယ်...
"စကြဝဠာရဲ့ အလံတော်ကို ဝှေ့ယမ်းသယ်ဆောင်လာတဲ့
နဂါးငွေ့ပင်လယ်မှာ ကြယ်စင် ကျောက်စရစ်တွေနဲ့ ဆော့ကစားနိုင်တယ်
အိမ်ပြန်နောက်ကျတဲ့ အလုပ်သမလေးရဲ့ တိုးတိုးဖော်လည်း ဖြစ်တယ်
ငါဟာ လရောင်ဖြစ်တယ်"
(အစီအစဉ် နှင့် စကားလုံး အတိအကျ မဟုတ်ပါ)
နောက်ပိုင်း ကိုယ်ရေးတဲ့ ကဗျာတွေမှာ အကြောင်းအရာလေး တစ်ခုကို အဲဒီလို ရှုထောင့် အမျိုးမျိုး ကနေကြည့်ပြီး တင်စားတာ တချို့ ပါလာတယ်။
***
ညီလင်းဆက်
"မုတ်သုန်ကို ဖြုတ်ခနဲ ခေါ်လာတဲ့မိုး
အိပ်တန်းက ငှက်ကလေးတွေကို လန့်ပျံစေတဲ့မိုး
လယ်သင်းရိုး အကွဲအအက်တွေကို ဆွဲဆက်ပေးတဲ့မိုး
ကောင်မလေးရဲ့မျက်ရည်စက်တွေကို ကွယ်ဝှက်ပေးတတ်တဲ့မိုး"
(ဖက်ဆွတ်မိုး)
အဲဒါကတော့ ကိုယ် အကြိုက်ဆုံး ကဗျာပါ။
နွေပူပူမှာ ရွာချတဲ့ မိုးစက်တွေကြောင့် ထွက်လာတဲ့ မြေသင်းနံ့ကို ရှူရှိုက်မိစေတဲ့ ကဗျာ။
အပူငွေ့တွေ ပျံထွက်သွားချိန် လှစ်ခနဲ အေးစက်စေတဲ့ ကဗျာ။
*
"ကျွန်တော် အဝေးဆုံး ရောက်သွားတဲ့အခါ
ညီမလေးရယ် လေတိုးသံလေးတွေကို နားဆင်ပါ
မျက်စိကို မှိတ်ပြီး နာကျင်စွာ ပြုံးရယ်ပါ"
(ကျွန်တော် အဝေးဆုံး ရောက်သွားတဲ့ အခါ)
အဲဒီကဗျာကို ပထမဆုံး တကြိမ်က လွဲလို့၊ အခါခါ ဖတ်တိုင်းမှာ အဲဒီ ၃ ကြောင်းကိုပဲ ဖတ်ခဲ့တယ်။
ဖတ်မိတိုင်းလည်း အနီးဆုံးက တယောက်ယောက် အဝေးဆုံးကို ရောက်သွားသလို နာကျင်မိပါတယ်။
*
"ငါချစ်သော နေရောင်တွေ ကွယ်ပျောက်သွား
ငါချစ်သော ကြယ်ရောင်တွေ တဖျတ်ဖျတ် လက်လက်လာ
ငါကိုယ်တိုင်က ရောက်ချင်ရာ ရောက်နေပြီး
လှိုင်းတွေက ငါ့ခရီးလမ်းကို ဖျောက်ဖျက်ပေးကြ"
(ဂျစ်ပစီ)
ချစ်တဲ့ အရာတချို့ ဝေးသွားပေမယ့်၊ သို့မဟုတ် ချန်ထားခဲ့ရပေမယ့်
တပြိုင်တည်းမှာပဲ ချစ်တဲ့ အရာတချို့ နီးလာခဲ့၊ သို့မဟုတ် အစားပြန်ရခဲ့...
ဒီလိုပဲ ဘဝမှာ အလျော်အစား ပေးခဲ့ရတဲ့ ကာလတွေ...
(ကိုယ့်ဘဝမှာတော့ ဘာကိုမဆို အလျော်အစားနဲ့သာ ရခဲ့ဖူးပါတယ်။)
*
မိုးစက်တွေကို
ဆက်ဆက် မျှော်လင့်မိကာမှ
နှုတ်ဆက် ထွက်ခွာ
ကမ္ဘာမြေရဲ့ ရင်ဘတ်မှာ
အရာထင်ရုံ
(ချစ်သူ)
ဒီကဗျာက ရတဲ့ inspiration နဲ့ ဒီကဗျာကို မှီးပြီး အဲဒီအတိုင်း ခေါင်းစဉ်တပ်လို့ ကဗျာတစ်ပုဒ် ရေးဖူးတယ်။ အဲဒါ ၇ နှစ်လောက် ကဗျာ မရေးဘဲ ထားရာက Singapore ရောက်ပြီး ပထမဆုံးအကြိမ် ပြန်ရေးဖြစ်တဲ့ ကဗျာလည်း ဖြစ်ပါတယ်။
*
သူ့ကဗျာတွေ ဖတ်ရတိုင်းမှာ အဲဒီ ကဗျာရဲ့ နောက်ခံသမိုင်းကြောင်းကို အရှည်ကြီး လိုက်တွေးချင်မိတတ်တယ်။
ကိုယ်ပြောတာကို သေချာချင်ရင်... တစ်ထောင့်တစ်ည နဲ့ အိပ်ပျော်နေခဲ့သော ချစ်သူ သို့ ကို ခံစားကြည့်လိုက်ပါ။
သူ ဘာပဲရေးရေး နှစ်ခြိုက်မိပါတယ်။
ရှည်နေမှာစိုးလို့ ဒီလောက်နဲ့ပဲ ဖြတ်ချခဲ့ပါမယ်။
(ကိုယ့်အဓိပ္ပါယ်ဖွင့် ခံစားချက်တွေ သူ့ဆိုလိုရင်းနဲ့တော့ လွဲနေနိုင်ပါတယ်။ အထူးသဖြင့် ဂျစ်ပစီ မှာ...)
***
ရွှေယုန် နဲ့ သူရဿဝါ တို့ ကဗျာတွေကိုလည်း ညွှန်းချင်မိပါတယ်။

Friday, January 8, 2010
ဗလာ
Pic from Google
အထောက်အထားတွေ ဖျောက်ဖျက်
ပညတ်မပါတဲ့ တမန်တော်
အသိအမှတ်ပြုစရာက ကျန်ရစ်
ချန်ပစ်တယ်ဆိုရင်လဲ
မသေချာခြင်းနဲ့ ဖုံးကွယ်
ကြည်လင်ပြတ်သားခြင်းလဲမရှိ
ဝိုးတဝါး အသိနဲ့
ပဟေဠိပဲ ညှိရမလိုလို
သေချာပိုင်ခွင့်တွေ အဓမ္မ ကွပ်မျက်
သက်သေကို ထိတ်တုံးခတ်ခဲ့
ကဲ
အဲဒါ ဘာအတွက်လဲ
မျှော်လင့်ချက် အကျဉ်းချ
နောင်တချိန် ငြင်းပြမလို့ပေါ့။
(1997)
***
Sign ထိုးဖို့ မေ့ကျန်ခဲ့တဲ့ စာတစ်စောင်ကို ဖတ်ပြီး ရေးထားတဲ့ ကဗျာ။
ရေးခဲ့သမျှထဲမှာတော့ အဲဒါ အရသာ အရှိဆုံးပဲ။
အဲဒီတုန်းကတော့ ရန်တွေ့တာကလဲ ကဗျာ ဖြစ်တယ်... ဆရာ။
ဘာမှန်း မသိတဲ့ စကားလုံးတွေပေမယ့် အတွေးနောက်ကို အရေးက ထပ်ချပ်မကွာ လိုက်နိုင်ခဲ့သေးတယ်။ ခုတော့လည်း မရတော့ပါဘူး။ ကဗျာ တခါတခါ ရေးဖို့ သိပ်ခက်သွားပြီ။
Feb '09 မှာ တခါ တင်ဖူးတယ်။
***
Friday, January 1, 2010
I Made the Right Choice !

Pic from Here
I Made the Right Choice
``````````````````````````````
I left my home and my friends,
I left whom I loved,
To be successful in life,
People said I made the right choice.
I lost my friends,
I was alone in my town,
But success was waiting for me,
People said I made the right choice.
I met someone great,
I left her alone,
Because I had to make money,
People said I made the right choice.
I became guest in my family,
I missed everyone all the time,
But I made good money,
People said I made the right choice.
I couldn't be there when needed,
I missed every moment I wanted to be there,
But my bank balance was going high,
People said I made the right choice.
I couldn't celebrate their happiness,
I couldn't share their sorrows,
But my salary increased,
People said I made the right choice.
I couldn't even say good byes, to whom I loved,
I will never forgive myself for that.
But I get handsome salary every month,
People said I made the right choice.
I could never say I ll b there for you,
I never knew where I ll be going next,
But I kept on earning good money,
People said I made the right choice.
I was forgotten by my ... year old child,
I had to buy gifts to hug him,
But I could afford any gift he wanted,
People said I made the right choice.
I was only thought of when money was needed,
I became disturbance in my own house,
But could give them blank cheques,
People said I made the right choice.
Soon I will die,
And wont be remembered as part of something,
But there will be still money in my bank,
People will still say....'I made the right choice'.
***
email ကနေ ရတဲ့ ကဗျာ။ မနှစ်က တင်ဖူးတယ်။
သိပ်တော့လည်း မတိုက်ဆိုင်လှပါဘူး။
ဒါပေမဲ့ ကြိုက်မိလို့ပါ။
***
Sunday, November 29, 2009
ဆက်ထုံး

တိုးဖို့ ခက်ရင်
ဆုတ်ဖို့လည်း ခက်တာပဲ...
လှုပ်လေ မြုပ်လေ
ရုန်းလေ နစ်လေ
ဒါနဲ့ပဲ ငြိမ်သက်
မေ့လောက်အောင် ရပ်နေခဲ့ရတာ
အစွန်းနှစ်ဘက်က အထုံးများ
ဖြေမရအောင် နစ်ဝင်ရစ်ပတ်
ဆန့်ကျင်ဘက်ကို ထပ်ရွေ့ကြရင်လည်း
ပို တင်းကြပ်လာတာပဲ တွေ့လိမ့်မယ်။
***
ရှေ့ဆက်စရာ မရှိရင်
နောက်ဆုတ်စရာလည်း မရှိတော့ဘူး
ဒီလိုနဲ့ ဝေး ဝေ ဝါး
ဘာတရားမှ လာမချပါနဲ့
ထပ်မှားစရာ ဆိုတာလည်း မရှိတော့ဘူး
ဘာဗျူဟာမှ လာမပြပါနဲ့
ဆက်သွားစရာ ဆိုတာလည်း မရှိတော့ဘူး
***
သံယောဇဉ်တဲ့
တချိန်မှာ ပြတ်မယ့်ကြိုး...
ကိုယ့်အတ္တ ကိုယ်ပျိုး
ဘယ်သူ့ အဆိုးမှလည်း မဟုတ်ခဲ့
ထုံးလွယ် ဖြေခက်
ခြေရာလက်ရာ ပျက်ရုံ
***
(2009 November)
***pic from here
Subscribe to:
Posts (Atom)