Showing posts with label Making Joke. Show all posts
Showing posts with label Making Joke. Show all posts

Wednesday, February 3, 2010

မြတ် နဲ့ Hip Hop !

Me : သီချင်းတွေထဲမှာ မိုး တို့၊ နွယ် တို့၊ ထား တို့ကျ ရှိတယ်နော်။
မေ တို့ ခင် တို့ဆို ပိုတောင်ပေါသေးတယ်။


He : အဲဒီတော့

Me : "မြတ်" ကျတော့ သူတို့ သီချင်းလုပ်မဆိုကြဘူး။

He : အဲဒီတော့

Me : အဲဒီတော့ မင်း ကိုယ့်ကို လွမ်းစရာသီချင်း မရှိတော့ဘူးပေါ့။

He : စဉ်းစားကြည့်လေ။ မိုး တို့၊ နွယ် တို့၊ ထား တို့ ဆိုတာတွေကသံရှည်လေးတွေနဲ့ သီချင်းလုပ်ဆိုလို့ ကောင်းတာကို... မြတ် ကျတော့ အနုပညာမှ မဆန်ဘဲ။ ဘယ်လိုလုပ် သံစဉ်ထဲထည့်မလဲ။ ပြတ်တောင်းတောင်းနဲ့။

Me : Okay ဒါဖြင့် ကိုယ် Hip Hop သမားတွေကို သီချင်းလုပ်ဆိုခိုင်းမယ်။

***

Wednesday, December 16, 2009

ကျမ်း မကြေသူများ နှင့် Happy Birthday !

Me : မြန်မာနိုင်ငံမှာ ၅၆ သန်းကျော်ရှိပါတယ်

ဘွိုင်းဇ်
: အီကြာကွေး ဆုံးသွားပြီတဲ့။ သေမယ်ဆို သေပျော်လောက်တဲ့ အသက်အရွယ်ပါပဲလေ။ ပျော်စရာတွေ ဟာသတွေ ရှာကြံရေးတတ်တဲ့ စာရေးဆရာ အသက်တစ်ထောင် ဂုရုကွေး ကောင်းရာ သုဂတိ လားပါစေ။ http://drlunswe.blogspot.com/2009/12/blog-post_4938.html

Me
: အီကြာကွေးက ကိုဘလိုပဲ လူပြိုကြီး။ တောင်ဥက္ကလာမှာ နေတယ်

Me
: ၉ သန်းကျော်က လူအိုတွေ (အငြိမ်းစားတွေ)။ သန်း ၃ဝ ကျော်က တိုင်းနဲ့ မြို့နယ်က အလုပ်သမားတွေ။ ၁၇ သန်းက အစိုးရလက်အောက်ခံ။ နှစ်မျိုးစလုံးက အလုပ်မလုပ်တဲ့ လူတွေ။ ၁ သန်းက IT ပညာရှင်တွေ။ ဒါပေမဲ့ နိုင်ငံထဲမှာ အလုပ်မလုပ်ကြဘူး။ (JD တို့ပါတာပေါ့) ၂၅ သန်းက ကျောင်းသား၊ ကျောင်းသူတွေ။ ၁ သန်းက ၅ နှစ်အောက်တွေလေ။ ၁၅ သန်းကျော်က အလုပ်လက်မဲ့။ ၁ သန်းခွဲကျော်က ဆေးရုံမှာ အချိန်နဲ့အမျှ။ (အာလူးပါတယ်)။ ၇၉,၉၉,၉၉၈ က အချိန်မရွေး အထဲမှာလေ။

လက်ကျန်နှစ်ယောက်ကတော့ မင်း နဲ့ ငါ။ မင်းကလည်း မအားဘူးလေ။ မေးလ်တွေဖတ်ရ၊ နောက်လူတွေဆီ Fwds နဲ့ ထပ်ပို့ရနဲ့။ ကဲ ပြော ငါတစ်ယောက်တည်းနဲ့ ဘယ်လိုလုပ် နိုင်ငံကြီးကို ထိန်းမလဲ :D :D :D LOL


ခုမှ ရလို့ fwd mail ရပြီးကြပြီလားတော့ မသိဘူး။


ဘွိုင်းဇ်: ထိုင်ဖတ်နေတာ ရီတာတို့များ ပြုစုတတ်တယ်လို့ ချီးကျူးမလို့ လုပ်တုန်း ဖော်ဝဒ်မေးလ်ထဲက ရတယ်ဆိုလို့ ရိုက်လက်စ စာတွေ အကုန် ပြန်ဖျက်လိုက်တယ်။

STY
: တူတူပဲ ကိုဘ

Me
: ပြုစုရအောင် ကိုယ်က စာရင်းကိုင်လဲ မဟုတ်။ သုတေသနသမားလဲ မဟုတ်။
အီကြာကွေးက ကိုဘလိုပဲ လူပြိုကြီး။ တောင်ဥက္ကလာမှာ နေတယ် <<< အဲဒါကတော့ ကိုယ့်ဘာသာ ပြုစုလိုက်တာ။


ဘွိုင်းဇ်
: လူပြိုမှန်းလူပျိုမှန်း သူသိတာကျနေတာပဲ။ ဘယ်က အချက်အလက်တွေ ကောက်လာတာလဲ။ အချက်အလက်တွေက ယုံကြည်ရလောက်တဲ့ ပင်ရင်းကလား...။ နောင်ကို တစ်ခုခု တင်ပြချင်တယ်ဆိုရင် ဘယ်ကရတယ်ဆိုတာ အရင်ပြောပြပါ။ (တိန်)

STY
: ကြည့်ရတာ ကိုဘ မိန်းမအကြီး ဆီက ယူလာတာထင်တယ်။

ဘွိုင်းဇ်
: ဟင်.. အက်တီဝိုင်က သိရပြန်ပြီ။

STY
: "ဥာဏ်" မျက်စိနဲ့ ကြည့်ဆိုလို့။

ဘွိုင်းဇ်
: စာလုံးပေါင်းက မှားပြန်ပြီ။ မှားစရာရှားလို့ ညကလေး ဉ ကိုမှ ရီတာရှေ့ လာမှားရတယ်လို့ကွာ အက်စ်တီဝိုင်ရာ။ ကျားရှေ့မှောက်ရက်လဲဆိုတာ ဒါကို ခေါ်တာနေမှာ။ "ဉာဏ်" လို့ မြန်မြန်ပြန်ပြင်လိုက်။ ဟိုက ဥ နဲ့ ဉ ကလေးကို တစ်အား စီးရီးယပ်စ် ဖြစ်နေတာ။ ဉ ကို သနားလွန်းလို့ နေရာတွေ လိုက်ပေးနေရှာတယ်။

STY
: ဆိုက်ကို ထင်တယ် (ပြောပြန်ပြီ)

ဘွိုင်းဇ်
: လူတိုင်းကို ဆိုက်ကိုထင်တာလဲ ဆိုက်ကိုပါပဲလေ။ သူများဆိုက်ကိုပြောတာကို ဆိုက်ကိုဖြစ်တယ်လို့ ပြောတဲ့သူလဲ ဆိုက်ကိုပဲတဲ့။

STY
: ဟုတ်တယ် ကိုဘ ဆိုက်ကိုလို့ သုံးတာနဲ့ ဆိုက်ကို ဖြစ်တာပဲ

STY
: ဘယ် ဥ က အမှန်လဲ
(ရှင်ချင်တယ်။ ဒီလောက် ရှင်းပြတာတောင် နှစ်ခုလုံးကို အု တယ် ထင်တုန်း)


ဘွိုင်းဇ်
: ဉ <<<< ဥ မဟုတ် .. ညကလေး လို့ ဖတ်ရတယ်

STY
: များသောအားဖြင့်တော့ ဥ ပဲရေးတာမဟုတ်ဘူးလား။ ကြက်ဥ ဘဲဥ။

ဘွိုင်းဇ်
: ချစ်ကောင်းဆိုတဲ့ သတ်ပုံမှားတဲ့ ည ဆိုတာ ဉ = ညကလေး ကို ပြောတာနေမှာ။

STY
: ကြက်ဥ= ကြက်ညကလေး ဖြစ်နေမှာပေါ့။
(မင်းနဲ့ တဆရာတည်းထွက် ဖြစ်ရတာ ကိုယ် ရှက်လိုက်တာ STY ရယ်။ ဖြူးရောက်ရင် ဆရာမဆီ ဝင်ပြီး ဆရာမတပည့် အု ကျမ်း မကြေဘူး လို့ ပြောပစ်ဦးမယ်။)
smile

ဘွိုင်းဇ်
: အာ.. အဲဒါတွေက ဥတွေလေ..ဥနဲ့ ရေးတာပေါ့။ အခုက ဉာဏ်ဆိုတာ (အသံထွက် ညံ) ညကလေး ကို ရေးချထည့်ပြီး ဏကြီးသတ်ထားတာ။
(ဆရာ မနိုင် နှစ်ဆောင်ပြိုင်ပဲ)


STY
: အဲ သိဘီ။ သားသိပြီ မာမီဘိုက်။

ဘွိုင်းဇ်
: သုံးတာ ရှားတယ်။ အဲဒါကို ဂျီးဒေါ်က နေရာမရရှာလို့ ဆိုပြီး ကယ်ဆယ်ရေးနဲ့ နေရာပြန်လည်ချထားရေးတွေ လုပ်လိုက်တာ ပျဉ်ပုံကြီးတို့ ပျဉ်းမနားတို့ မျိုးသုဉ်းမတတ်ဖြစ်နေတဲ့ ပျဉ်းတော်သိမ်တို့ စဉ့်အိုးတို့မှာ နေရာရသွားတယ်။ (စဉ့်အိုးကို (စည့်အိုး) လို့ အသံထွက်တာလား။ (စင့်အိုး) လို့ အသံထွက်တာလား။ စဉ်းစားနေတယ်။)

(ပြောဖို့ကျန်ခဲ့တဲ့ "ပျဉ်းမငုတ်တိုကြီး" သနားပါတယ်
ကိုဘရယ်။)

STY
: ညကလေးကို ဘယ်လို ထွက်လာအောင်လုပ်ရမလဲ ကိုဘ။

ဘွိုင်းဇ်
: ညကလေး ကိုကိုတို့ ညကျ အိမ်နောက်က ကောက်ရိုးပုံမှာ တွေ့ရအောင်လို့ ချိန်းရင် ထွက်လာမယ်။ အက်စ်တီဝိုင်

STY
: ကောက်ရိုးပုံမရှိဘူး မာမီ ဘိုလုပ်ရမလဲ

ဘွိုင်းဇ်
: ကြမ်းပြင်ပေါ် ဘယ်ညာလူးလှိမ့် ဗိုက်ကိုနှိပ် အူတက်မတတ် မျက်ရည်ဘူးသီးလုံးထွက်အောင် လက်သီးဆုပ်ကို ကြမ်းပြင်ကို ထုထုပြီးရယ်။ ခြုံတိုးဟာ။ အခင်းသွားတဲ့ နေရာတော့ မတိုးလေနဲ့။ မိုင်းတွေ ရှိတယ်။

STY
: စလုံးရဲတွေနဲ့ တိုးမှာပေါ့ အန္တရာယ် များသေးတယ်။ ကျားကြီးထွက်လာပြီ။

ဘွိုင်းဇ်
: လူမမြင်ကွင်းရင် ကိစ္စန မရှိ။ stomper တွေ မတွေ့အောင်တော့ ရှောင်ပေါ့။ နို့မဟုတ်ရင် သကြားပဲ။ အဲ.. နို့မဟုတ်ရင် အင်တာနက်ပေါ် ရောက်သွားမယ်။

Me
: ဖတ်ပြီး တခွိခွိဖြစ်နေလို့ စီနီယာ မသင်ကာတွေ ဖြစ်နေပြီ။ လျှော့ပြောကြပါ ရီစရာတွေ

STY
: stomper တော့ သားကြောက်တယ်

ဘွိုင်းဇ်
: အက်စ်တီဝိုင် သတိထားပါ။ မနှဲလေးရဲ့ ကျားကြီး ထွက်လာပြီ။ မသင်္ကာကို မှန်အောင် ပေါင်းပါ ရီတာ.... မသင်ကာ မဟုတ်ပါ။

STY
: မနှဲလေး မကြောက်ဘူး ကိုဘ သူ့ကျားကြောက်တာ.. မနှဲလေးက ဘဲညကလေး တလုံးလောက် ကျွေးလိုက်ရင်ဖြစ်တယ်။

ခရမ်းချဉ်သီး
: နေရာပြန်လည်ချထားရေး <<< ပြန်လည်နေရာချထားရေး :P

STY
: ဟုတ်ပါပြီ ပြင်ပါလိမ့်မယ် ဝန်ကြီးရုံးက စာရေး ရယ်

ခရမ်းချဉ်သီး
::fo:

Me
: မမ မွေးနေ့ကို အလျား 1 မီတာ၊ အနံ 1 မီတာ၊ အမြင့် 1 မီတာ ရှိသော ဘားမားကိတ် (မုန့်စိမ်းပေါင်း) တစ်လုံး၊ အိုလံပစ် မီးရှူးတိုင် တစ်ချောင်းတို့နဲ့ ကန်တော့သွားပါတယ်။

ခရမ်းချဉ်သီး
::fo:

Me
: ဒီ ခရမ်းရီသီးကတော့ တချိန်လုံး ရီနေတော့တာပဲ။ အိမ်ရောက်မှ ဖျော်ရည်လုပ်သောက်ပစ်မယ်။

***
မမ မွေးနေ့ အမှတ်တရ။ (အမ် ဘာမှလဲ မဆိုင်ဘူး)

ပြီးတော့ ဒီနေ့က သူငယ်ချင်းတစ်ယောက်ရဲ့ မွေးနေ့။ သူလဲ အုကျမ်း မကြေရှာဘူး။
သူ့နာမည် ဉာဏ်ထွန်း ကို အမြဲတမ်း ဥာဏ်ထွန်း လို့ပဲ ပေါင်းတယ်။
တကျောင်းတည်းထွက်ပြီး၊ တဘွဲ့တည်း တူတူ ရထားတာ ရှက်ထှာ။

***
Update:

ခုလေးတင်ပဲ သူ့ဆီက ဖုန်းလာတယ်။ သူ blog အသစ်တစ်ခု စပြီး run ပါပြီတဲ့။
သူငယ်ချင်း ဆိုပေမဲ့ ကိုယ်လိုတော့ ဘယ်ရေးတတ်ရှာမလဲ။
သူတို့က ပညာကို စိတ်ဝင်စားတဲ့ သူတွေ ဆိုတော့ knowledge ကြောင်းလေးလိုလို ဘာလိုလို ကိုယ်လို အနုပညာကို အာရုံဝင်စားသူတွေ အိပ်ငိုက်ချင်မယ့် အကြောင်းပဲ ရေးတတ်တာပါ။

သိချင်တာ ရှိရင် မေးဖို့တဲ့။
ကိုယ့်ဆီ မေးခွန်းလာမေးတဲ့ လူတွေ သူ့ဆီ လွှတ်လိုက်ရ ကောင်းမလား စဉ်းစားတယ်။
:D

***

Wednesday, November 11, 2009

ခေတ်ကာလ သီချင်းများ

Hip Hop ပြောရမလား၊ Rap ပြောရမလား၊ ဘာပြောရမလဲ။
ခုခေတ် သီချင်းတွေထဲမှာ သဘောကျစရာလေးတွေ တခါတခါ ကြားရတတ်တယ်။

***
ကိုယ့် စိတ်ထဲ မှတ်မှတ်ရရ ဖြစ်မိတဲ့ သီချင်းက "အချစ်ဆုံး သူငယ်ချင်း" ဆိုတဲ့ သီချင်း။

"ရိုးသားတဲ့ သူငယ်ချင်း အချစ်ကို ငါ့စိတ်ကူးထဲ သာယာခဲ့၊

ဝိုးတဝါးနဲ့ နားမလည်နိုင်ဘူး ခံစားချက်တွေ ဘာသာမဲ့

ဆိုးရွားတဲ့ ရင်ခုန်သံနဲ့ မင်းကို တွေ့ရင် ပျာယာခတ်"

ဆိုတာ စကြားတော့ ကျောင်းမပြီးခင်၊ အိမ်ကို ပြန်တုန်းက။
စစချင်းတော့ အိမ်က မောင်တော်တွေနဲ့ သူတို့ သူငယ်ချင်းတွေ sound box နဲ့ ချနေကြတော့ အော်ထုတ်မိတယ်။ စာသားတွေလည်း နားမလည်ပါဘူး။

"ကဲ ကဲ တော်လောက်ပြီ ထင်တယ်နော် မင်းတို့..
ဘေးအိမ်တွေ အမြင်ကပ် မကပ် မသိဘူး။
တခါတလေမှ ပြန်လာတဲ့ လူကတော့ သည်းမခံနိုင်တော့ဘူး။" ဘာညာနဲ့ ဖိန့်ဖိန့်ပေါ့။

သူတို့တွေက ပြောတုန်း ရယ်ကျဲကျဲနဲ့ ငြိမ်သွားပြီး နောက်တော့လည်း ပြန်ဖွင့်ကြတာပဲ။
အစက နားမလည်ပေမဲ့ အာရုံစိုက်မိသွားတော့ သူတို့ သေချာ ရေးထားတဲ့ စာသားတွေ ပါလား လို့တော့ သိသွားတယ်။

"ဘယ်တုန်းကမှ မငိုဖူးခဲ့ဘဲ မင်းကြောင့်
ခုတော့ ငါငိုနေပြီ
မင်းနာမည် အိပ်မက်ထဲမှာ ယောင်ယောင်ခေါ်တာ လျှာတိုနေပြီ"

အဟား
တော်တော် သဘောကျသွားတယ်။

နောက်ပိုင်း အဲဒီ သီချင်းဖွင့်ရင် ဘာမှ မပြောတော့ဘဲ တိတ်တိတ်လေး နားထောင်နေလိုက်တယ်။

ခံစားလို့ ရလား မေးရင် ဒီအမျိုးအစားတွေ ဘယ်လိုမှတော့ ခံစားလို့ မရတော့ပါဘူး။
Gap က တော်တော် ကွာသွားပြီ။
ဒါပေမဲ့ ကြိုက်တော့ ကြိုက်မိတယ်။
ကာရန်တွေ ချိတ်ပြီး ဆိုထားတာ အကွက်စေ့ပြီး အပိုအလို မရှိတာကို ချီးကျူးမိပါတယ်။

***
စိုင်းစိုင်းခမ်းလှိုင် တို့၊ အနဂ္ဃတို့၊ Examplez အဖွဲ့က သီချင်းတွေတော့ အာပလာလို့ပဲ ထင်တယ်။

"သေပြီဆရာ" နာမည်ကြီးတုန်းက သူငယ်ချင်းတွေနဲ့ ပြောမိပါတယ်။
အဲဒီလို သီချင်းမျိုးများ... ငါ တနေ့ တစ်ခွေစာလောက် ထိုင်ရေးပြနိုင်တယ် လို့။
ဘာမှန်းမှမသိ၊ စတုန်းက တမျိုး၊ အလယ်က တမျိုး၊ နောက်ပိုင်းက တမျိုး။
တယောက်တကြောင်း ဝင်ရေးရင်တောင် အဲလို ဖြစ်အောင် တော်တော် လုပ်ယူပြီး ရေးရမှာ။

ကြိုက်တာ မကြိုက်တာ၊ ခံစားလို့ ရတာ မရတာကို အသာထားပြီး၊
ပရိသတ်ဆိုတာ ဘာမှ မဖန်တီးတတ်ရင်တောင် သူတို့ ထိတွေ့လိုက်မိတဲ့ အနုပညာကို ဖန်တီးထားတဲ့ လူဟာ လေးလေးနက်နက် ဖန်တီးလိုက်သလား၊ ပေါ့တီးပေါ့ပျက် ဖန်တီးလိုက်သလား ဆိုတာတော့ သိမြင်ခံစားလို့ ရတယ်။ သို့သော်လည်း သူ့အရပ်နဲ့ သူ့ဇာတ်ပေါ့လေ။

Zone ဆိုတဲ့ သီချင်းလေးတွေလည်း သဘောကျစရာ ထင်မိတယ်။
ကိုယ်တခါ ရေးဖူးတဲ့ "
လှုပ်လှုပ် လှုပ်လှုပ် မင်းလာတော့ ဒုတ် ဒုတ် ဒုတ် ဒုတ် ဖြစ်ပြီပေါ့" ဆိုတဲ့ သင်္ကြန်သီချင်း လိုလိုဟာလည်း Zone ရေးတယ် ထင်တာပဲ။ အဲဒါလေးလည်း မဆိုးဘူး။ ကြုံရင် နားထောင်ကြည့်ပါ။

တကယ်တော့ ခုခေတ်ကဗျာတွေမှာ ပျောက်သွားတဲ့ ကာရန်တွေက သီချင်းတွေဆီ ရောက်သွားတာပါပဲ။

***
Song


ခုလည်း သူငယ်ချင်းက ပို့လိုက်ပြန်တယ်။
နားထောင်စေချင်လို့ ဆိုတာထက် နှိပ်ကွပ်ချင်လို့ ဆိုရင် ပိုမှန်ပါလိမ့်မယ်။
နားထောင်ကြည့်ရင် သိပါလိမ့်မယ်။ Song ဆိုတာလေးကို click လိုက်ပါ။

အစမှာ Black Hole လို့ ကြားလိုက်မိသလိုလိုပဲ။
Black Hole အဖွဲ့လို့ထင်ပါတယ်။
သေချာတော့ မသိပါဘူး။ Title လည်း မသိဘူး။
ပို့တဲ့ သူငယ်ချင်းလဲ သိမယ် မထင်ဘူး။

နားထောင်ရင်း စာသားတွေ သဘောကျလာလို့ တင်လိုက်ပါတယ်။

သူငယ်ချင်းတွေထဲမှာ အိမ်ထောင်ကျပြီးတဲ့သူ နည်းနည်းပဲ ရှိသေးတယ်။
ဒါပေမဲ့ ကျန်နေသေးတဲ့ လူလွတ် ယောက်ျားလေး တွေဟာ လူလွတ် မိန်းကလေးတွေများဆို သိပ်နှိပ်ကွပ်ချင်တာပဲ။ ပြီးရင် သူတို့က ပြောဦးမယ်။

"ငါတို့က ယောက်ျားလေး၊ ၁၈ နှစ်သမီးကို ကောက်ယူလဲ အချိန်မရွေး ရတယ်" ဆိုပြီး။
ဟင်း ဟင်း... လေနဲ့ ယူမပြကြပါနဲ့။
ကိုယ့်ဘာသာ စွမ်းတယ် ထင်ရင် လက်တွေ့ ပြလိုက်ကြစမ်းဘာာာာာာာာ...

စွံပြီးသားလူတွေက ပြောရတယ် မရှိဘူး။
မစွံသေးတဲ့ လူအချင်းချင်း တမူး ပိုရှူတာများ အသည်း နာ လွန်း လို့ ...
(ဒါတွေ မခံချင်လို့ ကောက်ယူပြလိုက်ရင်လည်း ကိုယ်ပဲ ဘဝ ဆုံးဦးမယ်။)

အဲဒီ သူငယ်ချင်းမှာဖြင့် လက်ဆွဲပြစရာ လူတောင် ရှိသေးတာ မဟုတ်ဘူး။
သူ့ကောင်မလေးက ဆဆဆဆဆွဆွဆွဲ ..........နေလို့ (အချိန်)။
ဒါနဲ့များ ကိုယ့်ကို ဒီသီချင်းမျိုး ပို့ပြီး ကလိ ချင်သေးတယ်။
(ချက်ချင်းလက်ငင်း လက်ဆွဲခေါ်ပြကြေး ဆိုရင် သူပဲ ရှုံးဦးမှာ သိသိကြီးနဲ့များ)

ဟင်းးးးးးးးးးးးးးး
သီချင်းထဲက အတိုင်းပဲ ပြောတော့မယ်။

မုန်းဒယ် မုန်းဒယ် ယောက်ျားတွေကို မုန်းဒယ်...

***

Tuesday, August 18, 2009

cbox ပေါ်မှ အတင်းများ (မမ ပြန်လာရင် ဖတ်ဖို့)

18 Aug 09, 03:19 PM

လူမုန်း: အမှန်က ဘုတ်ဆုံ ဖြစ်ရမှာ

သစ်သစ်
: သြော် ဟုတ်တယ် သစ်သစ်အလုပ်က ၃လပြည့်လို့ပေးတာလေ စလုံးမှာဆက်နေခွင့်လေးပေါ့
သစ်သစ်
: ကိုဘက အဲလို ရက်ရက်စက်စက်ပေးတတ်တဲ့ နှလုံးသားမရှိဘူးလေ
သစ်သစ်
: px
Boyz
: ဟိ.. သေချာပြီ.. ဒီ၉၀ကတော့ ဆံဖြူသွားကျိုးမှပဲ...။ respect
Boyz
: provision period ဆိုတာ ဘာလဲ မိလုံး...။ Probation period ပဲကြားဖူးတယ်။

သစ်သစ်
: အင်းလေ အဲဒါကြောင့်မေးနေတာ ပြီးတော့မခေါ်စဖူး ညီမငေးတဲ့

Boyz
: မိလုံးစစ်လား မသိဘူး။ ပစဝ ပြောဇမ်း မိလုံး
သစ်သစ်
: ပစ၀တဲ့ thinking

moemoe
: အမရေမန္တလေးထိုးမုန်.လုပ်နည်းလေးပြောပြပါလား

လူမုန်း
: ကဲပြောသကွာ “ပစဝ"
လူမုန်း
: မန္တလေးထိုးမုန့် လုပ်နည်းတဲ့ မန္တလေးသားများ မရှိကျဘူးလားဗျာ
လူမုန်း
: ကြ*

Boyz
: ကောက်ညှင်းကို နူးအောင်သကြားနှင့် အုန်းနို့ရောက်က ပေါင်းပါ။ ၄င်းနောက် မိုးပြဲဒယ်ထဲတွင် လှေလှော်ရာတွင် သုံးသည့် တက်နှင့် နာနာမွေရပါသည်

ရွာသားလေးဝိုင်တီယူ
: အိမ်ရှင် မှာတာလေးများ ယောင်ပြီးသယ်လာမလား လာချောင်းပါတယ်

လူမုန်း
: ထမနဲ ဖြစ်ကရောလား

myo
: ထမနဲမဖြစ်သေးဘူး အုန်းသီးအဖတ်တွေ ထည့်ရဦးမယ်
myo
: မလုလု ဘလော့မှာ သွားရှာနေလား မုန့်လုပ်နည်းစာအုပ်မှာ ကြည့်နေလားမသိဘူး

Boyz
: အုန်းသီးအဖတ်က နောက်မှ ထည့်ရမယ်။ နာနာထိုးရင် ထိုးမုန့်ဖြစ်တယ်
Boyz
: အောင်မာ..သူ့လိုမျိုး ချက်ခါနီးတိုင်း ဘလော့ လာလှန်နေတယ် ထင်လား မသိဘူး

myo
: ဘလော့မလှန်ပါဘူး ချက်မဲ့ဟာကိုတခါတည်း ရုံးမှာ ဖတ်ပြီး ပရင့်ထုတ်လာတာ ဟိဟိ

Boyz
: ကြံသကာ ထည့်ရင် မိုက်တယ်။ ယာဂုထမင်းလုပ်တာဆို ဘေးနားမှာ ထိုင်စောင့်တာ။ ဘုရားကို တင်ဖို့ ဖယ်ထားပြီ ဆို ကိုယ်နှိုက်တာပဲ ဦးဆုံး...။ အိုးကပ်လေးတွေ တော်တော်ကြိုက်တယ်။ အတူးတွေ ကြိုက်တယ်
Boyz: ဒါ့ကြောင့် ထိပ်ပြောင်တာနေမှာ

myo
: ဘာဆိုင်လို့လဲ
myo: အမ် မှားပြီ သူ့ဘာသာပြောတာကို

သစ်သစ်
: ထိပ်ပြောရင် ဆံပင်စိုက်လိုက်လေ ဒီလောက်ထိုင်းကိုသွားတာ လုပ်မလာဘူး ညံ့ပါ့
သစ်သစ်: ထိပ်ပြောင်*

myo
: ထိပ်ပြောင်တယ်ဆိုလို့ ခွေဖြူ့ကိုတောင်သတိရသွားတယ် မလာတာကြာပြီ အဆင်ပြေသွားပြီထင်တယ်
myo
: သွားအော်လိုက်ဦးမယ်

သစ်သစ်: ကိုယ့်စီဘောက်မှာ ကိုယ်ထည့်ထားတဲ့ ခေါင်းထုတဲ့ပုံကြည့်ပြီး ကိုယ်ပါနာလာသလိုပဲ မဖြစ်ချေဘူး ဖြုတ်ဦးမှာပါလေ

Boyz
: blog တစ်ခုလုံးပါ ဖြုတ်လိုက်ပါလား။ သက်သာတာပေါ့

သစ်သစ်: ရက်စက်လိုက်ထှာ

Boyz: စေတနာနဲ့ ပြောပေးတာပါကွယ်။ ဘလော့ ရှိနေရင် မရေး မနေရ တာဝန်ကြီးက ရှိနေတယ် မဟုတ်လားကွဲ့..။

လူမုန်း: I/P နားကြပ်လေးနဲ့ ပုံကော..ဟင်

သစ်သစ်: အင်း လာဖတ်တဲ့သူရှိနေတော့လည်း သူတို့လာလို့ မရှိရင် ကိုဘတို့လိုလူချစ်လူခင်များတဲ့သူကျတော့တစ်မျိုးပေါ့ ကိုယ်ကနာမည်မှမကြီးသေးတာဂိုးးးးးးးးး
သစ်သစ်: .....ဖြုတ်ပေးလိုက်ရပါတယ်ကွယ်

လူမုန်း: လွတ်စေ..အဲ့ဒါပြောတာ..ဟို သုံးလုံးတစ်တောင် လုပ်တိုင်းလိုက်မလုပ်နဲ့ လို့

သစ်သစ်
: သုံးလုံးတစ်တောင်thinking

လူမုန်း: ကဲ..စပြီ “ပစဝ” ပြော.ဘုတ်ဆုံ

သစ်သစ်
: အမ် ဘာလဲ သိဘူး တစ်ခါမှမပြောကြပဲနဲ့

လူမုန်း
: ညည်းသူငယ်ချင်းကြီးလေ..မထီလေးစားပုံနဲ့ မခန့်တဲ့ပုံနဲ့ လက်ပိုက်ပြီး ကြည့်နေတဲ့သူလေ

သစ်သစ်: EC queen လား

myo
: smile

လူမုန်း
: ဟိုက်.သိဘူး
လူမုန်း
: စားပွဲ လှဲပြစ်ခဲ့တဲ့ သစ်သစ် ကို Bravo ဘာညာရေးထား သူလေ ကွာ

သစ်သစ်
: engineer က လူပေါင်းများစွာ သေစေနိုင်တယ် ဆိုပြီး ဘာသာရပ်ပေါင်းများစွာကို နားလည်အောင် ကြိုးစားခဲ့တယ်။ (ထင်သလောက်နားမလည်ခဲ့ပါဘူး) ဟီးဟီး
ပုံ ec queen <---အဲလိုတော့ ကွန့်မန့်ပေးသွားတာပဲလေ။


လူမုန်း
: သူ့ကိုယ်သူ EC Queen တဲ့လား အဲ့ သုံးလုံးတစ်တောင်က..အံ့ဖွယ် smile

Boyz
: သုံးလုံးတစ်တောင်ဆိုတာ လက်ပိုက်ပြီးတော့ မိန့်မိန့်ကြီး ရပ်နေတဲ့ တစ်ယောက်ကို ပြောတာလား မိလုံး
Boyz
: နာတို့တောင် သူ့လက်ချက် မိသွားသေးတယ်လေ
Boyz
: လူတိုင်းကွင်းသွားတဲ့ ကွင်းနေမှာပါ
Boyz
: respect
လူမုန်း
: အေး..သူက Queen ဆိုဘဲ smile (သားရေကွင်း) <<<(အဲဒါ ကိုယ့်စကားလုံးပါ။ ယူသုံးရင် premium ကြေးပေးရပါမယ်)

myo
: ကော်ပီထားတယ် ဟိ

သစ်သစ်
: ဘုရားကယ်ပါ ရီတာ ကိုယ်ဘာများမှားပြန်ပြီလဲကွယ် ဒါဆိုသုံးလုံးတစ်တောင်ဆိုတာမင်းပေါ့

လူမုန်း
: အရပ်လေးများ Internation ဖြစ်ရင် “အင်းစိန်ဂိတ်” ရဲ့ Lady များဖြစ်ချင်ဦးမလားမသိ ( Bill Gate မဟုတ်ပါလေ) smile <<<(သူများကို ပြောချင်ဇောနဲ့ စာလုံးပေါင်းတောင် မှန်အောင် မပေါင်းနိုင်တော့ဘူး။)

Boyz
: သူလျိုဒလန်မြိုး...။
Boyz
: အတင်းတွေ အားရပါးရကို အုပ်နေကြပါလား။ မိလုံးထမင်းစားပြီးပြီလား (ဤကား ခေါင်းစဉ် အတင်းပြောင်းခြင်းမည်၏) respect

သစ်သစ်
: အင်းလေ ရီတာကချောပါတယ် ပြီးတော့ပိန်ပိန်လေးရယ် လှမှလှ

လူမုန်း
: ဘယ်က ရီတာ လဲ သိဘူး smile ( ဂလို ရှောင်ပါတယ် မယ်ဘ) respect

သစ်သစ်
: သြော် ဒီလိုလား သူတို့က ဒါဆိုလဲပြောတော့ပါဘူး အတင်း

myo
: ကော်ပီရန်တာဝန်ရှိလို့ ပီတာပါ မကြောက်ပါနဲ့ ငှဲငှဲ

လူမုန်း
: ပြောလို့ဖြစ်တော့ဘူး.. ဒါးလှန် တဲ့သူရှိနေတယ်

သစ်သစ်: ကိုယ့်ဘလော့မှာ ၂လအတွင်းလာဖတ်တဲ့သူ ၇၀၀၀ ကျော်တယ် ၅၀၀၀က ကိုယ်ဝင်တာထင်တယ် respect

လူမုန်း
: စားရသေးဘူးဝေ့.မယ်ဘ စောသေးတယ်..
sdl: ဘယ်လိုပဲဖစ်ဖစ် ဝင်တဲ့လူ များဖိုက အရေးကြီးပါတယ် သစ်သစ် smile

လူမုန်း
: ၆၆၉၀ အဖြေမှန်
sdl: thinking ဒါးလှန်တယ်

သစ်သစ်: HR ဆိုတော့ ၀တုတ်ကြီးဘယ်ခန့်မလဲနော် မျိုး အားငယ်လိုက်ထှာ

myo: ဟင် ဆိုင်လို့လား (တို့သိနေတယ်နော် လမ်းလွှဲမှန်း)
myo: ငှင်း ငှင်း ငှင်း

သစ်သစ်: သူများကုမ္ပဏီမှာ လှတပတလေးတွေပဲ ခန့်ချင်မှာပေါ့လေ မျိုး မျှော်မှန်းလစာ ဘယ်လောက်လဲဟင် ပြောလို့ရမလား

Boyz: 7350 ဆို တို့ hr လုပ်မယ်ကွယ်။ HR က ချောလို့လားဟင်

myo: အဲဒါကတော့ တို့မသိပါကွယ် စိတ်ဝင်စားရင် ကိုယ့်ရဲ့ မျှော်မှန်းလစာထည့်ပြီး ပို့ရပါမယ်
myo: 7350 ဆိုတာ NOKIA နံပါတ်လား
myo: HR ဆိုရင် ပိန်ပိန် ချောချောလေးလား thinking
သစ်သစ်: ချောရတယ်ဟုတ်ဘူးလား ပိန်ရတာတော့သေချာတယ် anger
သစ်သစ်: သစ်ကိုမနက်က သူဌေးက ဒီ၃လမှာပျော်ရဲ့လားတဲ့ လုပိနိုင်ရဲ့လားတဲ့ ဘာလိုအပ်လဲတဲ့ ချက်ချင်းကျတော့စဉ်းစားမရဘူး

myo: ချက်ရတာ ဘလော့ဖတ်ရတာ သိပ်အားမရဘူးလို့ ပြောလိုက်ပေါ့

Boyz
: မျှော်မှန်းလစာကို ပြောတာ မြိုး...။

သစ်သစ်: ဒီလ အိုတီလည်းရှိဘူး လစာပဲဝင်မယ် အသုံးအစွဲလျှော့ရမယ်ကွယ်
သစ်သစ်: နိုင်ငံရပ်ခြားမှာ စကားလေးပြောပြီး အလုပ်လုပ်ရလိမ့်မယ်လို့ တစ်ခါမှမစဉ်းစားမိခဲ့ဘူး ဟိဟိ

Boyz: ဟင်ပြောတော့ အလိုအလျောက်ကြောင်နဲ့ အလုပ်လုပ်ရတာဆို။ ခုတော့စကားလေးပဲ ပြောရတဲ့ အလုပ်လား သစ်သစ်။ လည်တွားဘီ...။

သစ်သစ်: အင်းလေ အလိုအလျောက်ကြောင်လေးနဲ့ဆွဲလိုက် ချက်တက်လိုက်=စကားပြောခြင်း ဒါကိုဆိုလိုပါတယ် တစ်ယောက်ကိုမှလည်း မမြင်ဘူးသေးဖူး တော်သေးတယ် မြန်မာလူမျိုးတွေတော့သေချာတယ်

myo: ပြောပြီးလုပ်ရတာမှုတ်ဘူး သစ် ရိုက်ပြီး လုပ်ရတာ ပါးစပ်က တခါမှတောင် မဖွင့်ရဘူး စကားမပြောတတ်တော့မှာတောင် စိုးရတယ် လက်တွေကတော့ ညောင်းချိလို့

သစ်သစ်: သစ်သစ်ကတော့ ကွန်ကိုတစ်နေ့တစ်နေ့ ရီပြနေရတာ အားလုံးမမြင်တဲ့နေရာမို့လို့တော်သေးတယ်
သစ်သစ်: အရင်အလုပ်တုန်းကဆို လူတွေများတော့ တောင်ကြည့်မြောက်ကြည့် ဒီအလုပ်ကတော့ စုစုပေါင်း ကိုယ်ပါမှ ၅ယောက်ဆိုတော့ တော်တော်ကောင်းတယ်

Boyz: မိုက်လိုက်တာ .. လူငါးယောက်တည်းဆိုတော့ စည်းစည်းလုံးလုံးရှိမှာပေါ့နော်

myo
: ဒီလောက်ဆိုရင်တော့ ချက်ဟစ်စထရီ အောက်ကိုတော်တော်လေးးကျသွားပါပြီ ဒါပေမဲ့လည်း အဆုံးထိလိုက်ဖတ်ရင် တွေ့နိုင်သေးတယ်
myo: respect
လူမုန်း
: စကြောက်.. letn ပြောတာ ကိုယ်ပါကွယ်..

သစ်သစ်: လစာတွေပေးတဲ့ ငွေကိုင်တဲ့အဘွားကြီးက လုပ်သက် အနှစ်၃၀ တစ်ယောက် ဒီအလုပ်မှာပဲ ၃၀နော်

myo: သူတို့အစားပြောပေးတာများ

လူမုန်း: ပြောမရဘူး..အားအားရှိ ဒုတ်နဲ့ ရိုက်မယ်ဆိုတာကြီးဘဲ.(ဟော.ပြောမိပြန် B)
လူမုန်း: ဆက်ပြောကြပါ..ခဏ ခွာမယ်..( အကြွေစေ့တွေ) respect

သစ်သစ်: အရင်အလုပ်ကဆိုတွန်းတဲ့တိုက်တဲ့သူများတယ် ကိုယ်ဘာလုပ်လဲ လိုက်ကြည့်ချွန်ကြ သူ့မန်နေဂျာ ကိုယ့်မန်နေဂျာပြိုင် ရှုပ်နေတာပဲ

Boyz: အခုအလုပ်က အေးချမ်းတယ်ပေါ့.
Boyz: ဒါဆို ဒီလူတွေနဲ့ တည့်အောင်ပေါင်း ဒါဆို အလုပ်မှာ ပျော်လာလိမ့်မယ်။ ဒီလောက် လုပ်သက်ကြာတာဆိုတော့ ဒီနေရာက တစ်ခုခု ကောင်းနေလို့ ဖြစ်လိမ့်မယ်။ သူဌေး သဘောကောင်းတာလဲ ဖြစ်နိုင်တာပဲ
သစ်သစ်: အားလုံးထဲမှာ သစ်သစ်က အငယ်ဆုံး မုန့်ဆို၂ခုရတယ် အမြဲတမ်း respect
သစ်သစ်: သူဌေးကတစ်နေ့နေလို့ စကားတစ်ခွန်းမပြောဘူး သူ့အခန်းမှာပဲနေတယ် သတင်းစာဖတ်တယ် မျက်စိမှိတ်ပြီး မှေးနေတယ် လိုရင်ခေါ်တယ် ဒါပဲ

Boyz: ကောင်းတယ်နော်။ အေးချမ်းတာ။ ရုံးလဲ ၉-၅း၃၀ ဟုတ်လား
Boyz: အားကျလိုက်တာ။ ငါဘာလို့ ပုံဆွဲ မသင်ခဲ့ပါလိမ့်

သစ်သစ်: ၈ခွဲ ၅ခွဲ ၅ရက်

Boyz: အော်.. ၈၃၀-၅၃၀ ကိုး.. တို့က ၈၃၀-၆

myo: ပုံဆွဲသင်ချင်တာများ လွယ်ပါတယ် နန်းညီဆီမှာသင်လို့က် အွန်လိုင်းကနေ

သစ်သစ်: အားလုံးပဲပြန်တော့မယ်နော် ဘိုင်
Boyz: တာ့တာ သစ်သစ်

ကိုကိုဒီဘီ: တို့လဲ ၈ခွဲ၆ ... (ဇွတ်ဝင်ပြောသွားသည်)
ကိုကိုဒီဘီ: ဖက်အုံးကြီးရဲ့ အဲလေ တယ်လီဖုန်းကြီးရဲ့ အဲလေ မှားလို့ အရီးရဲ့ ခရီးလွန်နေသလား .. ငွှားငွှားငွှား

sdl: gun1

Boyz
: ပြောပါ.. ဖက်အုန်းဟုတ်ဘူး။ တစ်ခြမ်းပဲ့ တယ်လီဖုန်းလဲ မဟုတ်ဘူး။ ဘာတွေ လာပြောနေတာလဲ မသိဘူး ဒီကိုကိုဒီဘီ။ မာဖီးယားမှာတော့ လာမကူဘူး
Boyz: စိတ်နာတယ်။ (ကာကာလို အာခေါင်ခြစ်အော်သွားသည်)

*****
18 Aug 09, 05:51 PM (The End)

*****
ကြည့်စမ်း။ ၃ နာရီ က စပြောတာ။ ၆ နာရီ ထိုးကာနီးမှ ပြီးတယ်။
ဒါတောင် အစကို မမီလိုက်လို့။ ဘယ်ချိန်ကတည်းက စကားဝိုင်း စနေလဲ မသိဘူး။

Monday, August 3, 2009

အမွေဖြတ်ခြင်း

အမွေဖြတ်ခံရမှာ ကြောက်တယ်။
ကြောက်တယ် ဆိုတာ.. အမွေတွေ မက်လို့ မဟုတ်ပါဘူး။
အမွေဖြတ်ခံရတယ် ဆိုတဲ့ နာမည်ကြီးက ဆိုးလွန်းလို့ပါ။

"... ပေါ့။ ...... လုပ်သွားတာ အိမ်က အမွေဖြတ်လိုက်တယ်တဲ့" ဆိုပြီး ပြိုင်ဖက်တွေက သတင်းလိုလို အတင်းလိုလိုလုပ်ပြီး ပြောတာလဲ ခံရဦးမယ်။

အမွေကတော့ မရလဲ ဖြစ်ပါတယ်။
ဖြတ်သာ မဖြတ်ကြနဲ့။

*****
လွန်ခဲ့တဲ့ ၄, ၅ နှစ်က အတွေးပေါ့ ... ရီရတယ်နော် :)

Saturday, July 11, 2009

အားနွဲ့သူ ယောက်ျားသားများအား ကာကွယ်သော ဥပဒေ



ခေတ်သမိုင်း အတီတေ ရှေးမင်းအဆက်ဆက်က အတောင် ၃၀ ၀တ် မင်းယောက်ျားများသည် Subject နေရာက အစဉ်အမြဲ ရှိခဲ့သော်လည်း ခေတ်ကာလ ရွေ့လျားလာသည်နှင့်အမျှ ၃ တောင်ဝတ် မိန်းမသားများ၏ ဉာဏ်ပညာနှင့် စီရင်အပ်သော မာယာကျော့ကွင်းကို တုမယှဉ်နိုင်တော့ဘဲ အရှုံးပေးရဖန်များကာ Object နေရာသို့ ရောက်ရှိလာကြကုန်သည်။

ထို့ကြောင့် ယခင်က မိန်းမများအား ကာကွယ်သော ဥပဒေ အရပ်ရပ်ကိုသာ ထုတ်ပြန်ထားရှိခဲ့ရာမှ ယနေ့ခေတ် ယောက်ျားများ အတွက် ယောက်ျားသားများအား ကာကွယ်ရေး ဥပဒေ ပြဋ္ဌာန်းပေးပါရန်

- blogger ပုရိသများက Post များ တင်၍ တမျိုး၊
- စာရေးဆရာပုရိသများက ကဗျာ ၀တ္ထု ဆောင်းပါးများ ရေး၍ တသွယ်၊
- သာမန်ပြည်သူ ပုရိသများက လူစည်ကားရာ နေရာများ၊ speaker corner များတွင် ဆန္ဒပြပွဲများ၊ ကဗျာ ရွတ်ပွဲများ၊ ဟောပြောပွဲများ ပြုလုပ်၍ တဖုံ၊
နားပူနားဆာ
ပြုမှုများ တခဲနက် လုပ်ဆောင်လာကြပြီ ဖြစ်သဖြင့် များပြားလှစွာသော ယောက်ျားထုကြီး၏ အကျိုးကို ထောက်ထားစာနာခြင်း အလို့ငှာ...


ယနေ့ ခရစ်သက္ကရာဇ် ၂၀၀၉ ခုနှစ်၊ ဂျူလိုင်လ ၁၁ ရက်၊ စနေနေ့။

ကောဇာသက္ကရာဇ် ၁၃၇၁ ခု၊ ၀ါဆို လပြည့်ကျော် ၅ ရက်နေ့ နေ့စွဲဖြင့် ဥပဒေကြမ်းကို ထုတ်ပြန် ကြေညာလိုက်သည်။


ယင်း ဥပဒေအရ ... ကိုယ့်ရှေ့က ဖြတ်လျှောက်သွားသော ယောက်ျားလေး တစ်ယောက်ကို ကာအိနြေ္ဒပျက်စေရန် စနောက်ခြင်း၊ ထိကပါး ရိကပါး ပြောခြင်း မပြုလုပ်ရ။
(ဥပမာ။ ။ မစန္ဒာ၏
ဂျီဟောသူ နှင့် အရိပ် ၀တ္ထုထဲကကဲ့သို့ "ဘဲဥခြမ်း ဖြူတူတူ ဆားရေနဲ့ကူ စက်မှုမောင် အမူတုံး ဘဲဥနဲ့ဖုံး" ဟူသော ပေါက်တတ်ကရ သံချပ်များ အော်၍ ဘယ်၊ ညာ တိုင်ပေးခြင်းဖြင့် အားနွဲ့သူယောက်ျားသားများအား ခြေလှမ်းမှားအောင် မပြုလုပ်ရ။)

မည်သည့် ရာသီဥတုတွင် ဖြစ်ပါစေ။ ညနေ ၅ နာရီကျော်၍ အလင်းရောင် ပျောက်သလောက်ရှိပါက အားနည်းချက်ရှိသူ ချစ်သူ ယောက်ျားလေးများအား ချိန်းဆို တွေ့ဆုံခြင်း မပြုရ။ ပြုခဲ့သော် ချိန်းဆို ခံရသော ယောက်ျားလေးဘက်မှ ချိန်းဆို စာသော်လည်းကောင်း၊ အခြား ခိုင်မာသော သက်သေ တစုံတရာသော်လည်းကောင်း
တင်ပြနိုင်လျှင် ထိုမိန်းကလေးအား အမှုဖွင့် စစ်ဆေးနိုင်သည်။
(မည်ကဲ့သို့သော အားနည်းချက် ဖြစ်သည်ကို အရေးဆိုသူ Mr. Villager နှင့် ဥပဒေပြုရေး ကော်မတီဝင် လူကြီးမင်းမများ ညှိနှိုင်းပြီး အသေးစိတ် သတ်မှတ်ချက်ကို နောင်တွင် ဖော်ပြမည်။
)

ယောက်ျားအခွင့်အရေးအတွက် တိုက်ပွဲဝင်သူ blogger များ၏ post တွင် မိန်းမ အင်အားသုံး၍ comment များဖြင့် ခြိမ်းခြောက်ခြင်း၊ ရန်ပြုမည့် သဘောသက်ရောက်သော စာများ ရေးသားခြင်း၊ ရိသဲ့သဲ့ လှောင်ပြောင်သရော်ခြင်းများ အပျော်သဘောဖြင့် ဖြစ်စေ မပြုလုပ်ရ။ စိတ်သဘောထား ကြီးမြင့်သော ဂုဏ်သရေရှိ မိန်းမ ပီသစွာ သည်းခံခွင့်လွှတ်ရမည်။
(ဤသို့ ပြုလုပ်သဖြင့် blog ပိုင်ရှင် အမျိုးသားလေးခမျာ စိတ်ဆိုးပြီး comment page ကို ပိတ်ပစ်သည်ရှိသော်... comment ပေးသော အမျိုးသမီးထုကြီး အနေဖြင့် တနေ့တည်း post ဆယ်ခုစီ ဆက်တိုက်တင်၍ အနှီ blogger ပုရိသအား မကျေနပ်မချင်း တောင်းပန်ရမည်။)


မည်သို့သော အကြောင်းပြချက်မျိုးနှင့်မျှ အားနွဲ့သူ ယောက်ျားသားများ အပေါ်

- မာယာတစ်သိန်း အပလိန်း အနန္တနှင့် မြူဆွယ်ဖျားယောင်းခြင်း၊
- ကျောရရုံကြံခြင်း၊
- မိမိ၏ မာယာကျော့ကွင်းမှ ရုန်းမထွက်နိုင်ရှာလေသူ အားနည်းချက်ရှိသည့် ချစ်သူ အမျိုးသားအပေါ်
မိမိအသက်ကိုပင် အသေခံ၍ မကောင်းကြံစည်ခြင်းများ မပြုလုပ်ရ။
ပြုခဲ့သော် ကြီးလေးသော အပြစ်ဒဏ်ကို နှစ်ရှည်လများ ကျခံရမည် ဟု တသက်နဲ့ တကိုယ် တခါမှ မကြားဖူးသည့် ဥပဒေကြမ်း ကို ထုတ်ပြန်လိုက်ပြီ ဖြစ်ကြောင်း မဟာဣတ္ထိယနွယ်ဝင် အမျိုးသမီးထုကြီး သိစေရန် လေးနက်ပြင်းထန်စွာ အသိပေး ကြေညာလိုက်သည်။

အမိန့်အရ

ပုံ

&%^!~%#@$*

ဒု - ဥက္ကဌ (ကမ္ဘာ့အမျိုးသမီးရေးရာ အဖွဲ့အစည်း)
အတွင်းရေးမှူး (အားနွဲ့သူ ယောက်ျားသားများအား ကာကွယ်ခြင်း ဆိုင်ရာ ဥပဒေပြဋ္ဌာန်းရေး ကော်မတီ
အဖွဲ့ခွဲ - လူသားချင်း စာနာထောက်ထားခြင်း ဆိုင်ရာ ဥပဒေပြုမှု ကော်မတီ)
အလုပ်အမှုဆောင် (ဖခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းကြီး) <<< ပန်းရောင်ဝမ်းဆက်များ ၀တ်သည်။

*****
စာကြွင်း။ ။ Mr သပသ ၀တ္ထုရေး၍ တောင်းဆိုသော အချင်းချင်း ဖြစ်သည့်ကိစ္စအား ကျမ်းလေးမည် ဖြစ်သဖြင့် အချင်းချင်းသာ ညှိနှိုင်းကြရန် ဆိုင်းငံ့ထားလိုက်သည်။

ဖြည့်စွက်ချက်။ ။ အလယ်ခေတ်မှ စာရေးဆရာမ ဂျူး ရေးသားသည့် "ကြေမွသွားသော တိမ်တိုက်များ အကြောင်း" ၀တ္ထု ဇာတ်လမ်းမှ မြတ်စု အား ချစ်သူ ဖြစ်သူ ဖြူလေး မှ ပြန်လည် လက်မခံခဲ့သည့် ကိစ္စကို ယခု နှောင်းခေတ် ယောက်ျားသားများ အမြင်ရှင်းစေရန် အလို့ငှာ ဖြည့်စွက် ပြောကြားလိုသည်။

အနှီ မြတ်စု ဆိုသော အလယ်ခေတ်မှ ရှားပါး အားနွဲ့သူ ယောက်ျားသားသည် သူ မကျူးလွန်ခဲ့သည့် မြနှင်းဆီ အား သေကြောင်းကြံစည်သည့် ကိစ္စ အတွက်
အမှုမှ အမှန်အတိုင်း ကွင်းလုံးကျွတ် လွတ်ခဲ့ပြီ ဖြစ်သည်။ အကယ်၍များ ဖြူလေးက ပြန်လည် လက်ခံလိုက်လျှင်၊ သူ မပြုခဲ့သော အပြစ်အတွက်လည်း မခံရ၊ သူ ပြုခဲ့သော အပြစ်အတွက်လည်း မခံရဘဲ မြနှင်းဆီ နှင့် ရှုပ်ခဲ့ရခြင်းသည်သာလျှင် သူ့အတွက် အမြတ်ထွက်နေပေဦးမည်။

ထိုထိုသော အကြောင်းများကြောင့်သော်လည်းကောင်း၊ အလယ်ခေတ်မှ ဓလေ့ထုံးစံများ အရသော်လည်းကောင်း မြတ်စုသည် ဖွတ်မရ ဓားမဆုံး၊ လက်ထဲက ငှက်တစ်ကောင်ရော ခြုံထဲက ငှက်တစ်ကောင်ကိုရော လက်လွှတ်ခဲ့ရခြင်း ဖြစ်ပေသည်။ အလယ်ခေတ် မိန်းမများ၏ ဆုံးဖြတ်ပိုင်ခွင့်အရ အနိုင်ကျင့် ခံရခြင်း မဟုတ် ဟု ယနေ့ခေတ် အားနွဲ့ရှာသူ ယောက်ျားသားများ သံသယ ရှင်းစေရန် အလို့ငှာ ရေးသားဖြေရှင်း လိုက်ရပေသည်။

Tuesday, June 16, 2009

Dialogue between ...


3:39 PM He: အင်း
me: :) coffee သွားဖျော်လိုက်ဦးမယ်

4:46 PM He: ကိုယ်ပြန်ရောက်ပြီ

28 minutes
5:15 PM me: yes
He: ဘယ်သွားနေတာလဲ
ကော်ဖီသောက်တာအဲဒီလောက်ကြာလား
5:16 PM စားပြီးပြီလား
me: ဟင်းချက်နေလို့ပါ (အလကား လျှောက်ပြောတာ။ ဟင်းက cityhall က ၀ယ်ထားတွေ စားနေတာ)
အင်း ခုနက စားလဲစား
သောက်လဲသောက်
ချက်လဲချက်
ခဏနေရင်
လျှော်ရမယ်
5:17 PM လှန်းရမယ်
He: ဒါဆိုရင်မအားဘူးပေါ့နော်
me: လှန်းထားတာတွေ ရုပ်သိမ်းရမယ်
ပြီးရင်
မီးပူတိုက်ရမယ်
အမလေး မောလိုက်တာ
He: ဒါဆိုရင် ရဲဘော်ဆက်လုပ်
5:18 PM မရှင်းတာရှိရင်မေးပါ
ဒါဘဲ
me: ခုခဏနားမယ်He: ခွင့်ပြုတယ်
ခွင့်လွှတ်တယ်
me: ယောက်ျားယူရင် ပိုဆိုးမလား မသိဘူးနော်
5:19 PM He: ဘာဖြစ်လို့လဲ
me: အဲဒါကြောင့် ဘီလျှံနာပဲ ယူချင်တာ (free kick)
He: ဖြစ်လာပြန်ပြီဒီရောဂါ (မသိလို့။ အဲဒီရောဂါက တောက်လျှောက်ဖြစ်နေတာ။ ပေါ်လိုက် ပျောက်လိုက် မဟုတ်ဘူး)
5:20 PM me: အဲဒါမှ မလုပ်ချင်တာတွေ မလုပ်ဘဲနေလို့ ရမှာပေါ့ (ဒါက corner)
He: မထင်ပါဘူး
me: ဘာဖြစ်လို့
He: အဲလိုမျိုးကိုလုပ်ပေးချင်နေတာဆိုရင်ခက်ပြီ
5:21 PM ကလေးကိုလဲ ကိုယ်တိုင်ဘဲထိန်းမယ်
ကလေးထိန်းက စိတ်မချရဘူး
me: လုပ်ပေးချင်နေတယ်ဆိုရင်တော့ ပြဿနာ မဟုတ်ဘူးလေ
He: ထမင်းဟင်းကလဲ ထမင်းချက်ကိုချက်ခိုင်းတာ စိတ်မချဘူး
ငန်လိုက်တာ
မောင်က အငန်နဲ့မတည့်ဘူး
me: မလုပ်ချင်ဘဲ မဖြစ်မနေ လုပ်နေရရင်သာ ပြဿနာ
5:22 PM He: ကိုယ်တိုင်ဘဲချက်မယ်
me: တော်စမ်းပါ
He: အဝတ်လျှော်တာလဲ ဂျီးမပြောင်ဘူး
မောင့်အတွက် ကိုယ်တိုင်ဘဲလုပ်တော့မယ် (တွေ့လား၊ ယောက်ျားတွေလည်း ရေလာမြောင်းပေး တော်တော် လုပ်တတ်တာ။ သူတို့ကိုယ် သူတို့တော့ ဟုတ်လှပြီ ထင်နေကြတယ်)
me: စိတ်ကူးကလဲ ယဉ်နေပြန်ပြီ
He: မီးပူတိုက်တာကလဲ ကျေမွနေတာဘဲ
5:23 PM မဖြစ်ပါဘူး
မောင်က သန့်သန့်ပြန့်ပြန့်ကြိုက်တော့ ကိုယ်တိုင်ဘဲလုပ်လိုက်တော့မယ်
ဆိုပြီး လုပ်နေဦးမှာ မြင်ယောင်နေပါတယ် (မြင်ယောင်ရုံပဲ မြင်ယောင်ရမှာ။ တကယ်တမ်း ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး)
5:24 PM အခုသာ တစ်ကိုယ်တည်းဆိုတော့ ဒီလိုမျိုးဖြစ်နေတာပါ
ကလေးတွေ ဘာတွေနဲ့ ဆိုတော့လဲ ပြောင်းသွားမှာပေါ့ (ပိုတောင် ဆိုးသွားဦးမယ်)
me: အော် ဘာပဲဖြစ်ဖြစ် ဘီလျှံနာ ဆိုရင်တော့ ဒါတွေ လုပ်ရလဲ တန်ပါတယ်လေ (hat trick)
He: နာမည်မှာ ဘီလျှံနာ ပါရင်လဲ တန်တာဘဲလား
5:25 PM me: နာမည်ကို ပြောတာမဟုတ်ဘူး ပိုင်ဆိုင်မှုကို ပြောနေတာ
5:26 PM He: ပိုင်ဆိုင်မှုမှာ ဘီလျှံနာ ဆိုတဲ့ နာမည်ပါတာကိုပြောတာလား
5:27 PM me: ဟုတ်ဘူး
ဘယ်လောက် ပိုက်ဆံရှိပြီး
ဘယ်လောက် ထပ်ရှာနိုင်လဲကို ပြောတာ
5:29 PM He: အော် ဒီလိုလား
5:30 PM me: အင်း ဒီလိုပဲ
He: ဒါဆိုရင်လဲ ပြီးရော မချစ်ဘူးလို့မှတ်လိုက်မယ် (ဟယ် ဒါမှ တို့မောင်ကြီးတော် !)
5:31 PM me: :)

9 minutes
5:41 PM me: ဘာလုပ်နေလဲ

28 minutes
6:09 PM me: ပြန်တာကို နှုတ်ဆက်မသွားဘူး

(ဂိုးသွင်းပြီးမှ စည်းကြပ်ဒိုင် အလံထောင်ပြလိုက်သလိုပဲ။ man out တဲ့)

:D

အလကား အလုပ်ပိုဦးမယ်



*****
အလကားပါ။ ဘာရယ်မဟုတ်ဘူး။ ဘာမှ တင်စရာ မရှိလို့။
အခန်းဆက်က နောက်တစ်ပတ်မှ နော်။

Wednesday, April 29, 2009

ဝက်များ အပေါင်း မာစေကြောင်း



ဝက်တွေကလဲ ကျန်းမာရေးတော့ ဂရုမစိုက်ကြဘူး။
စင်ကာပူမှာ ကြက်သားလဲ ညှီလို့ မစားနိုင်ဘူး။
ငါးလဲ မကြိုက်ဘူး။
အမဲသား၊ ဆိတ်သားလဲ မချက်တတ်ဘူး။
ဒီကျွန်းမှာ သူတို့မှ မစားရရင် ကိုယ်တော့ ငတ်ပြီ။
မြန်မြန် နေကောင်းအောင် ကြိုးစားကြဟေ့။

ဝက်သားပြည်သူ အပေါင်း အမြန်ဆုံး ကျန်းမာကြစေသောဝ်။

***

Gtalk မှ comment သုံးခု


10:56 PM Addy: ဟင် ဇာတ်တူသားတွေ စားနေတာလား မကောင်းဘူးလေ လုပ်နဲ့ ကျွန်းပေါ်ရောက်သွားရင် ဘာဖြစ်ဖြစ်စားကုန်ကြတယ် ဆိုတာ တကယ်ပဲကိုး.အီး.............
me: နှိုင်းစရာလားကွယ် ဟင်
ဒီအဆင်နဲ့ ဒီ အဆင်
Addy: swine nay P eeeeeeeeeeeeeeeeeeeeeee

***
12:17 PM Anonymous: lu thar sar har

***
4:41 PM puluque: ဟုတ်တယ်ခင်ဗျား ဝက်ကလေးတွေ ကျန်းမာပါစေ...ကျတော်လဲ ကြက်သားမကြိုက်ဘူး

ဝက်တုပ်ကွေး အကြောင်း ဖတ်ရန်
်
http://www.planet.com.mm/news/read.cfm/id/12347

Monday, March 9, 2009

My Very Current Status !






အခွန် ဆောင်ရတော့မယ်။ Passport သက်တမ်း တိုးရတော့မယ်။


အခွန် ဆောင်ရတော့မယ်။ Passport သက်တမ်း တိုးရတော့မယ်။


အခွန် ဆောင်ရတော့မယ်။ Passport သက်တမ်း တိုးရတော့မယ်။

အခွန် ဆောင်ရတော့မယ်။ Passport သက်တမ်း တိုးရတော့မယ်။

အခွန် ဆောင်ရတော့မယ်။ Passport သက်တမ်း တိုးရတော့မယ်။

Sunday, November 30, 2008

Sweep Sweeper Sweepest !

ပေါက်လို့ကတော့ကွာ....



Gtalk မှ အလကားရသော ဗေဒင်ဆရာ တိုတိုလင်းဝက် ၏ အခါတော်ပေး အရ ...
Singapore စံတော်ချိန် ညနေ ၆ နာရီခွဲ တိတိတွင် Bishan Bus Interchange အနီးရှိ ထီဆိုင်၌ အင်္ဂါသမီး သူငယ်ချင်းနှင့် တူတူ ယနေ့ သွားရောက် ကံစမ်းပါသည်။

(မကြိုက်ရင် ပြီးမှ ပြန်ဖျက်ပေးမယ်)
:)


Thursday, October 23, 2008

It's me! ...on 'Vogue'

'Vogue' က အတင်းလာ ၀ယ်သွားလို့ $ 1.5 သန်း နဲ့ ရောင်းလိုက်တဲ့ ဓါတ်ပုံပေါ့
မရောင်းနိုင်ပါဘူး ဆိုတာ မရဘူး။

"မျက်လုံးဝိုင်းဝိုင်း နှာခေါင်းချွန်ချွန် နှုတ်ခမ်းပါးပါး မျက်နှာသွယ်သွယ်နဲ့ မြန်မာမလေးတစ်ယောက်ကို မျက်နှာဖုံး တင်ချင်တာကြာပြီ" ဆိုပြီး အပျော့ဆွဲဆွဲပြီး လာဝယ်နေလို့... ၃ နာရီလောက် အခြေအတင် စကားပြောပြီးမှ သနားလို့ ရောင်းလိုက်တာ...

ငြင်းလို့ကိုမရဘူး ... ဇွတ်