Saturday, August 15, 2009

ကန့်လန့်တိုက်ခြင်း

၁၀ ရက်နေ့က ဘုန်းကြီး ဆွမ်းကပ်တဲ့ နေ့တုန်းကပေါ့။ ပင့်တုန်းက ၃ ပါး။ ဒါပေမဲ့ ဆွမ်းကျွေးအိမ်တွေ များလို့ တစ်ပါးပဲ ကြွလာတယ်။

သူများတွေ ထမီလေးတွေနဲ့.. ကိုယ့်မှာ ယူမလာမိလို့.. စကဒ်ဝတ်ပြီး ဘုန်းကြီး ဆွမ်းကပ်ရတယ်။ ဖြစ်ပုံများ။

စကဒ်ဆိုလို့ စကဒ်လဲ သိပ်မကြိုက်တော့ ကောင်းကောင်းမရှိဘူး။ ထမီ ယူမလာမိဘူး ဆိုတာလဲ မြန်မာပြည်မှာတည်းက ထမီအစစ်လည်း သိပ်မ၀တ်ဖြစ်ပါဘူး။ ကိုယ့်မှာရှိတာ ချိတ်နဲ့ချုပ်ထားတဲ့ ထမီအတုတွေပဲ။ ရုံးတက်ရင် အဲဒါတွေနဲ့ပဲ တက်တယ်။ ထမီလဲ မကြိုက်ဘူး။ ခဏခဏ ပြင်ပြင်ဝတ်ရတာ အရမ်းမုန်းတယ်။ "ထမိုင်မခိန်" လေ :)...

ဒီရောက်မှ ဟုတ်သွားတော့တယ်။ ဒါပေမဲ့ ဒီလို ပွဲမျိုးဆို ၀တ်ဖို့ ထမီတစ်ထည်လောက်တော့ ရှိမှ ကောင်းမယ်လို့ တွေးမိတယ်။

အဲဒီနေ့ကတော့ ဧည့်သည်လာတဲ့ တယောက်ကလည်း စကဒ်နဲ့မို့ တော်သေး။ အဖော်ရှိသွားလို့..

စကဒ်သိပ်မရှိလို့ ပြီးခဲ့တဲ့လက နှစ်ထည်ဝယ်တယ်။ အဲဒီထဲက တစ်ထည်ပေါ့။ ကျန်တဲ့ တစ်ထည်က အနက်ရောင်။ အနက်ရောင်က ဓါတ်ပုံရိုက်ပြီးသား မရှိလို့ .. ရိုက်ရမှာလဲ ပျင်းတယ်။ အကောင်းစား မဟုတ်ပါဘူး။ This မှာ နေရာတိုင်းတွေ့ရတဲ့ ပုံစံဟောင်းပါပဲ။ ဒါပေမဲ့ ချည်ဆိုတော့ ၀တ်လိုက်ရင် သက်တောင့် သက်သာ ရှိတယ်။

ဒီတိုင်းကြည့်တော့ မလှဘူးလိုလိုပဲ။ ၀တ်လိုက်ရင် လှတယ်။
စိန်နားကပ်အရောင်နဲ့ ပါးပြောင်တယ် ဆိုလား... :)


















ဒီလဆန်းမှာပဲ မဒဲနစ်တို့ (၁၂) ထပ် ကနေ လှမ်းရိုက်ထားတာ။ ဖုန်းက camera ဆိုတော့ သိပ်မမိုက်ဘူး။ အပြင်မှာ တော်တော်မိုက်တယ်။ ကိုယ်တော့ မြင့်လေ ကြိုက်လေပဲ။


အပြန် CauseWay Point မှာ iora က discount ချနေတာတွေ့တော့ ဘာပြောကောင်းမလဲ... မိန်းမတွေများ အမဲဖျက်တာကျနေတာပဲ။ (ကိုယ်လား.. ဘယ်နေမလဲ။ ၀င်မွှေတာပေါ့ မြင်တဲ့အတိုင်း...) ဒီလိုပုံတွေချည်းပဲ ထပ်နေတယ်။ ကိုယ်က အဆင်တွေ အရောင်တွေ သိပ်မကြိုက်.. ဗြောင်တွေပဲ ကြိုက်တယ်။ ဒီလိုမှ မဟုတ်ရင် အစင်း အကွက်... ကိုယ့်မှာ ရှိတာတွေဆို ဒါမျိုးတွေချည်းပဲ ထပ်နေရော... အပြာရောင်ဆိုတာ ငပေါတွေ ၀တ်တဲ့ အရောင်တဲ့ Steve က ပြောတယ်။ သူကတော့ ဘာလဲ မသိ။ ပန်းရောင်တွေ ၀တ်တယ် ဆရာ.. :(



ထူးမခြားနား...



























ဒီပုံစံမျိုး သိပ်မ၀တ်ဖြစ်ဘူး။ ဒါပေမဲ့ ကိုယ့်မှာက ၀ယ်လိုက်ရင် အနက်နဲ့ အဖြူကလွဲလို့ အရောင်ရင့်ရင့်ဆိုလဲ မဲမဲတွေ၊ အရောင် ဖျော့ဖျော့ဆိုလဲ ဖြူဖျော့ဖျော့နဲ့။ ကိုယ့် ဗီရိုထဲမှာ မည်းတူးတူးတွေနဲ့ ဖြူလျော်လျော်တွေပဲ ရှိတယ်။ ဒါနဲ့ try ကြည့်မယ်လေ ဆိုပြီး ၀တ်ကြည့်တော့ ကြိုက်သွားတယ်။ ၀တ်လိုက်ရင် လှတယ်ချည်း ထင်နေတာ ဘ၀င်မြင့်တဲ့ ရောဂါလား။ ကိုယ့်ဘာသာ အမှန်အတိုင်း မမြင်နိုင်တဲ့ ရောဂါလား ဘာလဲတော့ မသိဘူး။ (သူများ မပြောခင် ကြိုပြောထားလိုက်တယ် အေးရော)


တကယ်တော့ ကိုယ့်အကြိုက်နဲ့ ယှဉ်ရင် အဲဒါ တော်တော် တုံးတဲ့ design ပဲ။ ဒါပေမဲ့ မရှိဖူးတာ ရှိသွားတာပေါ့။

အဲဒီမှာ ကလေးမ ငယ်ငယ်လေးက သူ့မေမေပေါ်ကနေ ဟိုဟာဆွဲ ဒီဟာဆွဲ နဲ့ လုပ်နေတော့ သူ့မေမေက "တူးဗစ် တူးဗစ်" နဲ့ အော်နေရတယ်။ ပထမတော့ နားမလည်ဘူး။ နောက်မှ အော် ကလေးကို e လို ပြောနေတာ။ "မင်းနဲ့ အရမ်းကြီးတယ်။ မင်း ၀တ်လို့ မရဘူး" ဆိုပြီး။ မိန်းကလေးတွေဟာ အလှအပနဲ့ ပတ်သတ်ရင် ငယ်ငယ်ထဲက ဇာတိပြတယ်။



Le'range မှာ discount ရှိတယ်လို့ ကျောင်းတက်ရင်း part time လုပ်နေတဲ့ ညီမလေးတစ်ယောက်က ပြောလို့ မနေ့က ရုံးဆင်းဆင်းချင်း မုန့်နည်းနည်းပဲ စားပြီးတော့ အခန်းဖော် နှစ်ယောက်နဲ့ အတူ အပြေးအလွှားသွားကြတာ။

တကယ်တော့ သောကြာညနေဆိုတာ တော်တော် ပင်ပန်းတဲ့ အချိန်။ ဒါပေမဲ့ မိန်းမများ ဒါမျိုးဆို မောတယ် ပန်းတယ် မထင်ဘူး။


အနီရောင် တစ်ထည်မှ မရှိဘူး ပြောရင် ယုံမှာလား။














ဒီလို တွန့်တွန့်တွေလဲ ဘယ်တော့မှ မ၀တ်ဘူး။ မလုပ်ဖူးတာတွေ လုပ်ကြည့်တာ။ တော်သေး ငလျင်စောစော လှုပ်သွားလို့။































ဒီ design ကတော့ စတွေ့တွေ့ချင်း တကယ့် rubbish ပဲ။ ဒါပေမဲ့ ၀တ်ကြည့်လိုက်တော့......................


မယုံဘူးလား။

မယုံရင် ကြည့်။ ခုပဲ ကိုယ့်ဘာသာ ပြန်ရိုက်ထားတယ်။ (ဖုန်းနဲ့)







































ဒါကမှ ကိုယ်ဝတ်နေကျပုံစံ။ ဘာမှ ရှုပ်ရှုပ်ထွေးထွေး မပါဘူး။
























ကိုယ်ကြိုက်တဲ့ ပုံစံ။ ဘာမှ ရှုပ်ရှုပ်ယှက်ယှက် မပါတာတွေ။ (စင်ကာပူ အလန်လေးတွေ ကြားမှာတော့ ဒါ တိုက်ဂေါ ဒီဇိုင်းပဲ)
















လည်ပင်း ကျယ်ကျယ်တွေထက် လည်ပင်းပိတ်ပိတ်တွေ ပိုကြိုက်တယ်။ (ပိန်လို့)။ သိပ်တော့ မလွတ်လပ်ဘူး။ ဒါပေမဲ့ အဲဒီပုံစံတွေနဲ့ လိုက်တယ်လို့ ထင်တယ်။ (ကိုယ့်ဘာသာ ကိုယ်တော့ ဟုတ်နေတာချည်းပဲ)

ဒီဇိုင်းကတော့ နိုင်တီးဂွမ်တီးက ဒီဇိုင်းကြီးပါ။ ၀ယ်ထားတာ ၂ လကျော်လောက် ရှိပြီ။ တခါမှ အပြင်မှာ မ၀တ်ရသေးဘူး။



















ဒါကို ၀တ်တဲ့နေ့က အသိတယောက်နဲ့ တွေ့တော့ ၀လာတယ်လို့ အပြောခံရတယ်။


















ဘာမှ မဆိုင်ဘူး။ လှလို့တင်တာ။

*****


သူများတွေ အတည် ချက်ကြ ပြုတ်ကြတဲ့ အချိန်မှာ ပေါက်ကရ လုပ်ထားတဲ့ ဟင်းတွေ တင်လိုတင်...

သူများတွေ ဖိနပ်ကောင်းကောင်းအင်္ကျီကောင်းကောင်း တင်ကြတဲ့ အချိန်မှာ discount item တွေ တင်လိုတင်နဲ့ ကန့်လန့်တိုက်သလိုတော့ ဖြစ်နေလား မသိဘူး။

*****
တကယ်က ဘာမှ တင်စရာ မရှိလို့ စိတ်ကူးတည့်ရာတွေ လျှောက်တင်တာပါ။

*****

Thursday, August 13, 2009

Singapore Botanic Garden မှာ...

(ဆယ့်နှစ်ကြိုး ကဝေ)

(ဘယ်လောက် လှလည်းပဲ ဟိုးထိပ်ဖျား တက်ပွင့်နေတော့ သွားတာပဲ။ လူသိပ်မသိဘူး။ ကိုယ့်လို မော့မကြည့်တတ်တဲ့ လူမျိုးဆိုရင်ပေါ့။)

(တခါတလေတော့ ဘယ်သူမှ မရှိတဲ့ အဲဒီလို နေရာမျိုးမှာ...)

(Ever Green)

(အနောက်အရပ်က ကောင်ချောလေးပေါ့ကွယ်။ တိတ်တိတ် ခိုးရိုက်လိုက်တာ။ သူကတော့ သူ့ဘာသာ အလုပ်တွေ ရှုပ်နေတာနဲ့ ကိုယ့်ကို သတိမထားမိပါဘူး။)

(သူ့ကို မှတ်မိကြလား)

(Harry Potter ကားထဲက လိုလို)

(တောကြီးမျက်မည်းထဲ ရောက်သွားသလိုပဲ)

(ခက်ညွန့်သန် နုသစ်လို့ ရစ်ပတ်နှောင်တွယ် သံယောဇဉ်ဆိုတာရယ် နွယ်ကလေးတပင်ပေါ့)

(ရာသီတွေ ဘယ်လိုပြောင်းပေမယ့် ခေါင်းထောင်လို့ကျော့)



(သံယောဇဉ်က ဒီပုံစံမျိုးနဲ့ လာတွယ်ရင်တော့ ဒုက္ခ...)

(ပုံထဲမှာတော့ လှတယ်နော်။ အပြင်မှာတော့ မလှပါဘူး။ ၀ါးလုံးတွေ ဆေးသုတ်ထားတာပါပဲ)

(သူ့ကို ချစ်ရတာ ဗြဟ္မာကြီး ဦးခေါင်း ရွက်ထားရသလိုပဲ)

(Red & Green)

(တပွင့်တည်း ဒါပေမဲ့ Orchid)







(ခရမ်းရောင်က ကိုယ့်ကို အဆွဲဆောင်နိုင်ဆုံး အရောင်ပဲ)



(၀ါဖျော့ဖျော့၊ ပန်းဖျော့ဖျော့ကလေးတွေ မြင်တော့ လက်ထပ်တော့မယ့် သတို့သမီးလေးတွေလိုပဲလို့ တွေးမိတယ်)

(Pure Virgin)

(တွဲခုတ်နေကြတယ်)

(ရိုက်ပေးတဲ့ photographer ကတော့ သူငယ်ချင်း ကြည်ဖြူပိုင် (ချိုမာ)၊ သူ့သူငယ်ချင်းလေး မလေးရှား မသွားရရှာလို့.. ပန်းခြံခေါ်ပြီး ဓါတ်ပုံ အမျိုးမျိုး ရိုက်ပေးရှာတာ)

(အဲဒီ နှစ်ပုံ အဆင်ပြေဆုံးပဲ။ သေချာမမြင်ရလို့။ ရိုက်ပေးတဲ့ လူက တော်ပါတယ်။ ကိုယ်ကိုက မလှရှာတာ။)

*****
ဘယ်နေရာသွားသွား ကိုယ့်နေရာ မဟုတ်ဘူး ဆိုတဲ့ အသိနဲ့ စိတ်ထဲမှာ တခုခု လိုနေသလိုပဲ။
မလုံခြုံဘူး ဆိုတဲ့ ခံစားချက်မျိုး ထင်တယ်။ ဘာမှလဲ ထူးထူးခြားခြား မခံစားမိဘူး။

အခါခါ ရောက်ဖူးရဲ့သားနဲ့ ကိုယ့် အတွက် ခြေညောင်းခံပြီး အချိန်ပေးတဲ့ ချိုမာ့ကို ကျေးဇူး...
ချစ်စ်စ်စ် :)

Thursday, August 6, 2009

Paradigm Shift

ငယ်ငယ်တုန်းက - Bill Gates
(ကမ္ဘာ့ နံပါတ် ၁ သူဌေးလောက် အားကျစရာကောင်းတာ မရှိ)

ခုတော့ - Melinda Gates
(ကမ္ဘာ့အချမ်းသာဆုံးလူကို ယူထားနိုင်တဲ့ မိန်းမလောက် အားကျစရာကောင်းတာ မရှိ)

*****
Paradigm Shift ကို သိလို့ ရေးထားတာ မဟုတ်ပါဘူး။ မသိလို့ ရေးကြည့်တာ... အဲဒါမျိုးလားလို့...

Wednesday, August 5, 2009

A Visit to...

အကုန်အကျလည်း မများဘဲ မြန်မာ အမျိုးသမီး (ချောချောလှလှလေး) တစ်ယောက်တည်း လျှောက်လည်လို့ ကောင်းသည့် စိတ်ဝင်စားစရာ ရှေးဟောင်း အဆောက်အဦ သော်လည်းကောင်း၊ လှတပတ ရှုခင်းသော်လည်းကောင်း၊ ခေတ်သစ် အဆောက်အဦ သော်လည်းကောင်း ရှိသည့် အနီးနား ပတ်ဝန်းကျင်နိုင်ငံ တခုခု အကြံပြုပါရန်...

မလေးဗီဇာ လုပ်ပြီး သူငယ်ချင်းတွေနှင့် ပိတ်ရက် လျှောက်လည်ရန် စိတ်ကူးသော်လည်း၊ အပျင်းကြီးပြီး အနားကပ် (တနင်္လာနေ့) မှ လျှောက်ခဲ့သဖြင့် မီ မမီ မသေချာတော့ပါ။ မီလျှင် သွားမည်။

တယောက်တည်း သွားချင်တဲ့ ရောဂါလည်း မမြတ်နိုးအား အားကျပြီး သည်းနေပါသည်။

Tuesday, August 4, 2009

ချစ်ခြင်း

ဆုကြီးပန်ခဲ့တဲ့သူတွေအတွက် ဆိုရင်တော့ ပါရမီဖြည့်တယ် ခေါ်တာပေါ့လေ။

ကိုယ်လို သာမန်လူတွေအတွက်ကတော့
ချစ်တယ်ဆိုတာ အကြွေးရှိလို့ ဆပ်ရတာ ဖြစ်ချင်ဖြစ်နေမှာ။

Monday, August 3, 2009

အမွေဖြတ်ခြင်း

အမွေဖြတ်ခံရမှာ ကြောက်တယ်။
ကြောက်တယ် ဆိုတာ.. အမွေတွေ မက်လို့ မဟုတ်ပါဘူး။
အမွေဖြတ်ခံရတယ် ဆိုတဲ့ နာမည်ကြီးက ဆိုးလွန်းလို့ပါ။

"... ပေါ့။ ...... လုပ်သွားတာ အိမ်က အမွေဖြတ်လိုက်တယ်တဲ့" ဆိုပြီး ပြိုင်ဖက်တွေက သတင်းလိုလို အတင်းလိုလိုလုပ်ပြီး ပြောတာလဲ ခံရဦးမယ်။

အမွေကတော့ မရလဲ ဖြစ်ပါတယ်။
ဖြတ်သာ မဖြတ်ကြနဲ့။

*****
လွန်ခဲ့တဲ့ ၄, ၅ နှစ်က အတွေးပေါ့ ... ရီရတယ်နော် :)

Saturday, August 1, 2009

အိပ်မက်ထဲက အိပ်မက်များ




အိပ်မက်ထဲက အိပ်မက်များ (ရေး/ ဆို - Alex)


အတိတ်ကို မပြင်နိုင်ချိန်မှာကွယ်
တို့တွေ အတူဆုံလာခဲ့တယ်

မျိုသိပ်ထားလို့ မခံနိုင်ရင် ယဉ်ယဉ်လေးနဲ့ ငါရူးမယ်


မင်းကို ယုံကြည်နေချင်တယ်
ရှေ့မှာ ဘာတွေ ဖြစ်ဦးမလဲ

အရာရာ စွန့်လွှတ်နိုင်ပါတယ် တကယ်သာ မင်းစိတ်တွေ ပြတ်သားရင်


CHO: တယောက်လက် တယောက်ကို တွဲပြီး ဟိုး အဝေးကြီးကို ထွက်သွားချင်
ဘာတွေ ဖြစ်ဦးမလဲ
လူတွေ အလယ်မှာ မနေချင်ဘူး သိပ်စိတ်ရှုပ်တယ်

လောကကြီးကို အရွဲ့တိုက်လို့

မင်းရဲ့ အနားမှာ အမြဲ ပေးဆပ်ရင်းနဲ့ နေပါရစေ
ဘာတွေ ဖြစ်ဦးမလဲ
လိုချင်တာတွေ အို.. နောက်ဆုံး အပြစ်ရှိပလေ့စေ.. ခံယူတာက မှားပစေကွယ်


အချစ်တွေ မကုန်စေချင်ပါတယ်
အနမ်းတွေ ပြန်လိုချင်မိတယ်

ငါတယောက်ထဲ ဖြစ်နေချိန်မှာ အရင်လို စကားလေးတွေ ပြန်ကြားရင်


အပြစ်လို့ မြင်နေသူတွေရယ်..
ချစ်တယ် ဆိုတာတွေ နားမလည်..
လူတွေနဲ့ ဝေးတဲ့ နေရာမှာ ဆုံနိုင်ဖို့ တစ်ခုသာ ကျန်တော့ရင်...


CHO:

*****
အဲဒီ သီချင်းလေး စကြားကတည်းက တော်တော် စိတ်ဝင်စားမိပါတယ်။
မနေ့ညက blog မှာ တင်ချင်လို့ အသဲအသန် လိုက်ရှာလဲ မတွေ့ဘူး။
(တကယ်က တွေ့တယ်။ ခေါင်းစဉ်ကို မသိဖြစ်နေတာ။ အဲဒီ ခေါင်းစဉ်လို့ မထင်တော့ You Tube မှာ ဖွင့် မကြည့်မိဘူး။)

အဲလက်စ် ရေးတဲ့ သီချင်းတွေ သိပ်လဲ ထူးထူးခြားခြား မရှိလှဘူး ထင်ခဲ့ပေမယ့် ဒီတစ်ပုဒ်ကတော့ ချွင်းချက်။
သူ ဒါကို ရေးဖို့ ဘယ်လို inspiration ရခဲ့လဲ သိချင်မိတယ်။
စာသားလေးတွေက ဘာမှ အဆန်းတကြယ် မပါပေမယ့် ထိတယ်။

ဥပမာ။ ။ "မျိုသိပ်ထားလို့ မခံနိုင်ရင် ယဉ်ယဉ်လေးနဲ့ ငါရူးမယ်" ဆိုတာမျိုး...

Cheers! Alex


MP3 link ပို့ပေးတဲ့
မျိုး ကို ကျေးဇူးတင်ပါတယ်။