Showing posts with label Birthday Wish. Show all posts
Showing posts with label Birthday Wish. Show all posts

Wednesday, April 13, 2011

Birthday Wish, from Bottom of My Heart!


မွေးနေ့မှသည်...
ကောင်းသော လိုအင်ဆန္ဒမှန်သမျှ ပြည့်ဝနိုင်ခွင့်ရှိသောသူ
ထို့ထက်ပို၍ ...
အလိုဆန္ဒ နည်းပါး ရောင့်ရဲနိုင်သောသူ


ချစ်ခြင်းမေတ္တာဖြင့် ဝန်းရံခြင်းခံရသောသူ
ထို့ထက်ပို၍ ...
သူတပါးကို ချစ်ခြင်းမေတ္တာထားနိုင်သောသူ


ပတ်ဝန်းကျင်ကောင်းမှာ ရှင်သန်နေထိုင်ခွင့်ရသောသူ
ထို့ထက်ပို၍ ...
ရှင်သန်နေထိုင်သော ပတ်ဝန်းကျင်အတွက် ကောင်းကျိုးချမ်းသာများ ဆောင်ကြဉ်းနိုင်သောသူ


အနှောင့်အယှက် ရန်ဟူသမျှ ဖယ်ရှားအောင်မြင်နိုင်သောသူ
ထို့ထက်ပို၍ ...
မေတ္တာဖြင့် ခွင့်လွှတ်နိုင်သောသူ


ဆင်းရဲဒုက္ခအပေါင်းမှ ကင်းဝေးနိုင်သောသူ
ထို့ထက်ပို၍ ...
ဆင်းရဲမှုအပေါင်းကို ကြံ့ကြံ့ခံ ရင်ဆိုင်ကျော်လွှားနိုင်သောသူ


သူတကာထက် ကောင်းမွန် သာလွန်သော ဘဝများဖြင့် သံသရာကို ကူးဖြတ်နိုင်သောသူ
ထို့ထက်ပို၍ ...
အကောင်းမွန်ဆုံး အငြိမ်းချမ်းဆုံး အမြင့်မြတ်ဆုံး ခရီးဆုံးပန်းတိုင်ကို ဘဝတိုတိုဖြင့် ရောက်ရှိနိုင်သောသူ ဖြစ်ပါစေ။


ထို့ထက်ပို၍ ... ကိုယ့် မေတ္တာတရားတွေနဲ့ အတူတူ
ထို့ထက်ပို၍ ...
ဘဝဆက်တိုင်း ဆက်တိုင်း

Myat

Thursday, December 16, 2010

Sweet December! 16th December!


(၁)

အချိန်တချို့ကို လက်ချိုးရေမိတယ်။
'98 မှာ အသက် 18 နှစ်။ 2010 မှာ 30။
12 နှစ်ကြာတဲ့ အချိန်တွေ... ကျန်နေခဲ့ပြီဆိုတော့လည်း ဖျတ်ခနဲပဲ။

ကျောင်းတုန်းကတော့ တတွဲတွဲနေခဲ့တာ မဟုတ်ပါဘူး။ ဒီမှာလည်း တတွဲတွဲ မနေဖြစ်ပါဘူး။ ဒါပေမဲ့ စိတ်ထဲမှာ အနီးဆုံးရှိပါတယ်။ တခုခုဆို ကောင်းတာကြုံကြုံ ဆိုးတာကြုံကြုံ သတိတရတွေးမိ တိုင်ပင်မိ နားညည်းအောင်အနှောင့်အယှက်ပေးမိတတ်တယ်။

ကျောင်းတုန်းကတော့ သူက ဆရာကြီးပေါ့။ စာအမြဲ ရှင်းပြတတ်တယ်။ စာရှင်းလည်း ကောင်းပါတယ်။ (ကောင်းပင်ကောင်းသော်ငြား ဘာမှ မမှတ်မိတော့ဘူး)

ဒီရောက်ပြီး ရည်းစားနဲ့အခြေအတင်ဖြစ်တဲ့ ကိစ္စတခု ပြန်ပြောပြမိတဲ့တခါတုန်းက "နင်က မိန်းကလေးပဲ၊ အလျှော့ပေးလိုက်ပါ" လို့ နောက်သလိုလိုနဲ့ အတည်ပြောဖူးတယ်။ အဲဒီတုန်းက အူကြောင်ကြောင်ဖြစ်ပြီး "အချစ်၏နောက်ဆက်တွဲ..." ထဲက စကားတခွန်းကို ပြေးပြီး သတိရမိသေးတယ်။ အဲလိုကြီးပြောလိမ့်မယ် မထင်ထားတော့ အူတူတူ ဖြစ်သွားရာက"ငါသာ နင့်ညီမဆို နင် ဒီလို ပြောမလား" ဘာလားနဲ့ ထအော်မိတယ်။ "ငါ့ညီမသာဆို နင့်ကို ငါကိုယ်တိုင်တောင် အိမ်တိုင်ရာရောက် လိုက်ပို့လိုက်ဦးမယ်" တဲ့။

"အဲဒီလိုလူတစ်ယောက်နဲ့ ပတ်သတ်တယ်ဆိုရာမှာ တော်တော်ကို သည်းညည်းခံနိုင်မှဖြစ်မှာ .... ရဲ့" လို့ မှတ်လောက်သားလောက်တဲ့ လက်ချာပေးဖူးတယ်။

ဘုရား ဘုရား။ နောက် ဘယ်တော့မှ ယောက်ျားလေးသူငယ်ချင်းတယောက်ကို ဒီအကြောင်းတွေ မပြောတော့ဘူး တွေးမိတယ်။ (ဒါပေမဲ့ မနေနိုင်ပါဘူး)

အဲဒါတွေ ပြောခဲ့ဆိုခဲ့တုန်းက အမှတ်တမဲ့ပါပဲ။ နောက်ပိုင်း ပြန်သတိရနေတတ်တယ်။ သတိရတိုင်းလည်း ရီချင်တယ်။

မနှစ်ကတော့ သူ့မွေးနေ့အပြီးမှာ အတော်ကို စိတ်အခန့်မသင့်စရာတခု ဖြစ်ခဲ့တယ်။ သူပြောတဲ့စကားကို အတော်မကျေမနပ်ဖြစ်ပြီး "ဒီလို လူမျိုးကို ဘာလို့များ ခင်မင်သံယောဇဉ်ရှိနေတာလဲ" လို့ တွေးမိတယ်။ "ဘယ်တော့မှ ဒင်းကို ဂရုမစိုက်တော့ဘူး" တွေးမိတယ်။ ဒါပေမဲ့ ၃/၄ ရက်ရှိတော့ တော်တော် စိတ်ပြေလာပြီ။ christmas ရောက်တော့ နေ့လည်ဘက်မှာ သူများပို့ပေးတဲ့ fwd msg လေး ဖုန်းနဲ့ လှမ်းပို့မိတယ်။

အဲဒီချိန် သူ အလုပ်သစ် ပြောင်းကာစ။ အလုပ်ထဲမှာ ညလုံးပေါက် မအိပ်ရသေး၊ စားတောင် မစားရသေးဘဲ ခုမှ အိမ်ပြန်နေတယ် လို့ reply ပြန်လာတော့ ဖုန်းခေါ်ပြီး "ဘာလို့ မစားတာလဲဟဲ့။ ကေအက်ဖ်စီ မက်ဒေါ်နယ် မှာစားကြပါလား" ပြောမိတယ်။ "သင်္ဘောပေါ်ကို ဘယ် ကေအက်ဖ်စီ မက်ဒေါ်နယ်က လာပို့မှာလဲဟ" လို့ ပြန်ပြောတယ်။ (တချို့သင်္ဘောတွေ ကျွေးပေမယ့် တချို့သင်္ဘောတွေ မကျွေးဘူး။ အဲဒီနေ့ကလည်း ချော့ကလက်တွေ ဘာတွေတော့ ကျွေးထားတယ် ဆိုလား ပြောပါတယ်)။

ကြည့်စမ်း။ နိုင်ငံခြားရောက်နေပြီး၊ ဒေါ်လာတွေလည်း စားနေပြီး၊ သူများထက်လည်း လခတွေများသေး၊ အိမ်တိုင်ရာရောက် မှာစားလို့ရတဲ့ service တွေ ရှိတဲ့နိုင်ငံမှာ...
သူတော်ကောင်းကို ပစ်မှားတာများ... တယ် ကြောက်စရာကောင်း...

တော်တော့်ကို ဝမ်းသာသွားမိတယ်။ တကယ်ပြောတာ။ ငါ့ကို ပြောထားတဲ့ ဒင်း ခုတော့ ထိပြီဆိုပြီး ပျော်လိုက်တာ။ အဲဒါကိုလည်း စိတ်ထဲ မထားဘူး။ ထုတ်ပြောလိုက်သေးတယ်။ "နင် ငါ့ကို တခုခု ပြောပြီးရင် အဲလိုထိတာ ၂ ခါ ရှိပြီ" လို့။


ပထမတခါလည်း အဲလိုပဲ။ ကိုယ့်ကို ပြောချင်တာတွေပြောပြီး သိပ်မကြာဘူး။ သင်္ဘောပေါ်မှာ ညဉ့်နက်တဲ့ထိ အလုပ်ရှုပ်၊ အလုပ်ပြီးတဲ့အချိန် ကမ်းပြန်မယ့်လှေ မမီလိုက်၊ နောက်တခေါက်ကို တနာရီကြာအောင် ပြန်စောင့်ရမယ် လို့ msg ပို့တော့ ဘုရားရှိခိုးနေရက်က ဝမ်းသာအားရနဲ့ "အဲဒါ ငါက ဘာလုပ်ပေးရမှာလဲ၊ နင် မစောင့်နိုင်ရင် ရေကူးလာပေါ့" လို့ ပြန်လိုက်တယ်။ "ငါ ခုထိ ထမင်းမစားရသေးဘူး" ပြောတော့ ဖုန်းကောက်ဆက်ပြီး "ဝမ်းသာလိုက်တာ နင် ငါ့ကို ပြောလို့ ဖြစ်တာ" နဲ့ ဝါးကူထိုးလိုက်မိတယ်။

မကျေမနပ်ဖြစ်တုန်းမှာ "ဒီလို လူမျိုးကို ဘာလို့များ ခင်မင်သံယောဇဉ်ရှိနေတာလဲ" လို့ တွေးမိပေမယ့် စိတ်ပြေသွားတော့လည်း "ဒီလို သူငယ်ချင်းမျိုးကို ဘာဖြစ်လို့များ ဒေါသတကြီး စိတ်ဆိုးမိပါလိမ့်" လို့ တွေးမိတယ်။ "နောက်ဆို သူ ဘာပြောပြော စိတ်မဆိုးဘဲ နေမယ်" လို့ တွေးမိတယ်။ ဒါပေမဲ့ အဲလိုတွေးတာ ဘယ်တော့မှ နောက်ဆုံးအကြိမ်ဖြစ်မှာ မဟုတ်မှန်းလည်း သိပါတယ်။

***
Bishan အိမ်မှာနေတုန်းက အလုပ်နဲ့ အိမ်လည်းဝေး၊ ဘလော့လည်း ဒီလောက် မရေးဖြစ်သေး၊ အိမ်မှာလည်း အိမ်ရှင်ထားခဲ့တဲ့ crt desktop တလုံးရှိတာမို့ ကိုယ်ပိုင် laptop ဝယ်ဖို့ဆိုတာ မစဉ်းစားခဲ့ဘူး။ AJ ကို ပြောင်းမယ့်အချိန်ကျတော့ ဘလော့ရေးတာလည်း နည်းနည်းအရှိန်ရ၊ အိမ်မှာကလည်း အရင်အိမ်လို ကွန်ပျူတာ မရှိတာမို့ ဝယ်ချင်လာတယ်။ အဟောင်းလဲ မဝယ်ချင်၊ လက်ထဲမှာလည်း ကွန်ပျူတာတလုံး ပက်ခနဲ ဝယ်ရလောက်အောင် ပိုက်ဆံမရှိ။ အဲဒီတော့ သူ ဝယ်ပေးမယ် ပြောပြီး၊ ချက်ချင်း မှာပေးတယ်။



အိမ်မပြောင်းခင်လေးတင် laptop တလုံး လက်ထဲရောက်လာပြီး၊ ဘလော့ကို အရှိန်မပျက် ရေးနိုင်သွားတယ် (ဒင်းကြောင့် ဒင်းကြောင့်)

နောက်မှ သူ့ကို ပိုက်ဆံ ဖြည်းဖြည်း ပြန်ပေးတယ်။ တကယ်တော့ laptop ကို မကြိုက်ပါဘူး။ အိမ်ပိုင် မရှိလို့၊ ရှိရင် desktop ပဲ ဝယ်ခိုင်းတယ်။ ဘာပဲဖြစ်ဖြစ် တချိန်မှာ အသစ်လိုချင်လို့ ဝယ်မိရင်တောင် ဒီစက်ကိုတော့ ပြန်မရောင်းဘဲထားမယ်လို့ တွေးမိတယ်။



အဲဒီအချိန်က ကိုယ့်မှာ ကွန်ပျူတာ အသစ်တလုံးဝယ်ဖို့ ပိုက်ဆံ အလုံအလောက် မရှိတာကို ပြန်တွေးလိုက်တိုင်း ကျေနပ်မိတယ်။ ပိုက်ဆံသာရှိရင် သူငယ်ချင်းက ကွန်ပျူတာဝယ်ပေးတယ်ဆိုတဲ့အဖြစ်ဟာ ကိုယ့်အတွက် ရှိလာမှာမဟုတ်ဘူး။ ဒီတော့ ခုလို ကြွားလို့ရမှာ မဟုတ်ဘူး။

အခြေအနေကို စိတ်ကြိုက်ပြန်ရွေးခွင့် ရမယ်ဆိုရင်တောင် လက်ထဲမှာ လိုချင်တာ ဝယ်ဖို့ ပိုက်ဆံရှိတာနဲ့ မရှိတာမှာ အဲဒီအခိုက်အတန့်အတွက် မရှိတာကိုပဲ သေသေချာချာ မလွဲမသွေ ရွေးပါမယ်။

အဲဒီစက် ဝယ်ဖြစ်တာလည်း ဒီလိုချိန်မှာပေါ့။ ဒီဇင်ဘာလကြီး။ သူ မြန်မာပြည် မပြန်ခင်လေးမှာ မှာပေးသွားတာ။ နောက် တပတ်ဆယ်ရက်ရှိတော့ ရောက်လာတယ်။ အဲဒီတုန်းက သူ့မွေးနေ့ဆုတောင်းကို ဘလော့မှာ ဖားပြီး တင်ပေးလိုက်သေးတယ်။ အဲဒါ ပထမဦးဆုံးအကြိမ်။

ဒုတိယအကြိမ်တုန်းကတော့ သူ တင်းသွားသေးတယ်။ ဥ နဲ့ ဉ ခွဲမသိဘူး ပြောမိလို့။ အဲဒီ ပို့စ်ကို အီးမေးလ်နဲ့ ပို့ပေးတော့မှ ဖတ်ပြီး "ငါ မြန်မာစာ အရမ်းတော်တာ" ဘာညာနဲ့ လာလုပ်သွားသေးတယ်။ "နင် ကျောင်းတုန်းက ငါ့ စာအုပ်ထဲမှာ နင့်နာမည်ကို ဉ နဲ့ မပေါင်းဘဲ ဥ နဲ့ ပေါင်းထားတယ်" လို့ ပြန်ငြင်းရသေးတယ်။

ပထမအကြိမ်တုန်းက schedule နဲ့ အချိန်ကိုက်ပြီး တင်ခဲ့တာ။ ဒီနှစ်တော့ ကြိုရေးဖို့ အချိန်မရလို့၊ ရုံးမှာ မအားတဲ့ကြားက မဖြစ်မနေရေးရတယ်။

"မင်္ဂလာ မွေးနေ့ပါ သူငယ်ချင်း"
"နင် တဖြည်းဖြည်း အိုလာပြီနော်"


*********************************************
(၂)

"ရေစက်ဆိုတာ အံ့သြစရာကောင်းသလား" မေးရင် "ကောင်းတာပေါ့" လို့ပဲ မဆိုင်းမတွ ပြန်ဖြေမိမယ်။

"မမြင်ဖူး မတွေ့ဖူးတဲ့ လူတစ်ယောက်ကို သူရေးတဲ့ စာကလေးဖတ်ပြီး နှစ်လိုခင်မင်နိုင်သလား" မေးရင် "ဒါပေါ့" လို့ပဲ ပြန်ဖြေမိမယ်။

သူ ငယ်ငယ်က ရှုပ်ခဲ့တဲ့အကြောင်းလေး ရေးထားတာ ဖတ်ပြီး ကိုယ့်စိတ်ထဲ သဘောတကျနဲ့ နှစ်လိုမိတယ်ဆိုတာ ပြန်တွေးရင် ကိုယ့်ဘာသာတောင် အံ့သြမိသေးတယ်။

(ကိုယ့်အတွေ့အကြုံအရတော့ ရီးစားများတဲ့လူတွေဟာ အတော်နှစ်လိုစရာကောင်းတယ်။ ချွင်းချက်တော့ ရှိမှာပါ။ အုံ့ပုန်းရှုပ်တဲ့ မလည်ရှုပ်တွေကို ဆိုလိုတာ မဟုတ်ပါဘူး။ ပေါ်ပေါ်တင်တင် ပွင့်ပွင့်လင်းလင်းများတဲ့လူတွေကို ပြောတာပါ။ ကိုယ့်အထုပ်လည်း ကိုယ်ဖြေရဲတယ်၊ အဲဒီအတွက် ဘယ်သူ ဘာထင်ထင် (ဘာအတင်းချချ) စိတ်ထဲမထည့်ဘူးဆိုတဲ့ လူတွေက (ကိုယ့်အတွက်) ပိုလို့ နှစ်လိုစရာကောင်းတယ်)


အော့ဖ်လိုင်း နဲ့ အွန်လိုင်းက ကိုယ် ချစ်ခင်နှစ်လိုတဲ့ လူနှစ်ယောက် မွေးနေ့တူနေတာလည်း ကျေနပ်စရာပါ။ (တခါတည်း ပေါင်းရေးလိုက်လို့ ရတာပေါ့)

"မင်္ဂလာ မွေးနေ့ပါ မမ"
"တချိန်ချိန်မှာတော့ မမနဲ့ လူချင်းတွေ့မှာပဲ လို့ စိတ်ထဲ ထင်နေတယ်"

***

Tuesday, April 13, 2010

Birthday Wish, from Bottom of My Heart!


မွေးနေ့မှသည်...

ကောင်းသော လိုအင်ဆန္ဒမှန်သမျှ ပြည့်ဝနိုင်ခွင့်ရှိသောသူ
ထို့ထက်ပို၍ ...
အလိုဆန္ဒ နည်းပါး ရောင့်ရဲနိုင်သောသူ


ချစ်ခြင်းမေတ္တာဖြင့် ဝန်းရံခြင်းခံရသောသူ
ထို့ထက်ပို၍ ...
သူတပါးကို ချစ်ခြင်းမေတ္တာထားနိုင်သောသူ


ပတ်ဝန်းကျင်ကောင်းမှာ ရှင်သန်နေထိုင်ခွင့်ရသောသူ
ထို့ထက်ပို၍ ...
ရှင်သန်နေထိုင်သော ပတ်ဝန်းကျင်အတွက် ကောင်းကျိုးချမ်းသာများ ဆောင်ကြဉ်းနိုင်သောသူ


အနှောက်အယှက် ရန်ဟူသမျှ ဖယ်ရှားအောင်မြင်နိုင်သောသူ
ထို့ထက်ပို၍ ...
မေတ္တာဖြင့် ခွင့်လွှတ်နိုင်သောသူ


ဆင်းရဲဒုက္ခအပေါင်းမှ ကင်းဝေးနိုင်သောသူ
ထို့ထက်ပို၍ ...
ဆင်းရဲမှုအပေါင်းကို ကြံ့ကြံ့ခံ ရင်ဆိုင်ကျော်လွှားနိုင်သောသူ


သူတကာထက် ကောင်းမွန်သာလွန်သော ဘဝများဖြင့် သံသရာကို ကူးဖြတ်နိုင်သောသူ
ထို့ထက်ပို၍ ...
အကောင်းမွန်ဆုံး အငြိမ်းချမ်းဆုံး အမြင့်မြတ်ဆုံး ခရီးဆုံးပန်းတိုင်ကို ဘဝတိုတိုဖြင့် ရောက်ရှိနိုင်သောသူ ဖြစ်ပါစေ။



ထို့ထက်ပို၍ ... ကိုယ့် မေတ္တာတရားတွေနဲ့ အတူတူ
ထို့ထက်ပို၍ ...
ဘဝဆက်တိုင်း ဆက်တိုင်း

Myat


Wednesday, December 16, 2009

ကျမ်း မကြေသူများ နှင့် Happy Birthday !

Me : မြန်မာနိုင်ငံမှာ ၅၆ သန်းကျော်ရှိပါတယ်

ဘွိုင်းဇ်
: အီကြာကွေး ဆုံးသွားပြီတဲ့။ သေမယ်ဆို သေပျော်လောက်တဲ့ အသက်အရွယ်ပါပဲလေ။ ပျော်စရာတွေ ဟာသတွေ ရှာကြံရေးတတ်တဲ့ စာရေးဆရာ အသက်တစ်ထောင် ဂုရုကွေး ကောင်းရာ သုဂတိ လားပါစေ။ http://drlunswe.blogspot.com/2009/12/blog-post_4938.html

Me
: အီကြာကွေးက ကိုဘလိုပဲ လူပြိုကြီး။ တောင်ဥက္ကလာမှာ နေတယ်

Me
: ၉ သန်းကျော်က လူအိုတွေ (အငြိမ်းစားတွေ)။ သန်း ၃ဝ ကျော်က တိုင်းနဲ့ မြို့နယ်က အလုပ်သမားတွေ။ ၁၇ သန်းက အစိုးရလက်အောက်ခံ။ နှစ်မျိုးစလုံးက အလုပ်မလုပ်တဲ့ လူတွေ။ ၁ သန်းက IT ပညာရှင်တွေ။ ဒါပေမဲ့ နိုင်ငံထဲမှာ အလုပ်မလုပ်ကြဘူး။ (JD တို့ပါတာပေါ့) ၂၅ သန်းက ကျောင်းသား၊ ကျောင်းသူတွေ။ ၁ သန်းက ၅ နှစ်အောက်တွေလေ။ ၁၅ သန်းကျော်က အလုပ်လက်မဲ့။ ၁ သန်းခွဲကျော်က ဆေးရုံမှာ အချိန်နဲ့အမျှ။ (အာလူးပါတယ်)။ ၇၉,၉၉,၉၉၈ က အချိန်မရွေး အထဲမှာလေ။

လက်ကျန်နှစ်ယောက်ကတော့ မင်း နဲ့ ငါ။ မင်းကလည်း မအားဘူးလေ။ မေးလ်တွေဖတ်ရ၊ နောက်လူတွေဆီ Fwds နဲ့ ထပ်ပို့ရနဲ့။ ကဲ ပြော ငါတစ်ယောက်တည်းနဲ့ ဘယ်လိုလုပ် နိုင်ငံကြီးကို ထိန်းမလဲ :D :D :D LOL


ခုမှ ရလို့ fwd mail ရပြီးကြပြီလားတော့ မသိဘူး။


ဘွိုင်းဇ်: ထိုင်ဖတ်နေတာ ရီတာတို့များ ပြုစုတတ်တယ်လို့ ချီးကျူးမလို့ လုပ်တုန်း ဖော်ဝဒ်မေးလ်ထဲက ရတယ်ဆိုလို့ ရိုက်လက်စ စာတွေ အကုန် ပြန်ဖျက်လိုက်တယ်။

STY
: တူတူပဲ ကိုဘ

Me
: ပြုစုရအောင် ကိုယ်က စာရင်းကိုင်လဲ မဟုတ်။ သုတေသနသမားလဲ မဟုတ်။
အီကြာကွေးက ကိုဘလိုပဲ လူပြိုကြီး။ တောင်ဥက္ကလာမှာ နေတယ် <<< အဲဒါကတော့ ကိုယ့်ဘာသာ ပြုစုလိုက်တာ။


ဘွိုင်းဇ်
: လူပြိုမှန်းလူပျိုမှန်း သူသိတာကျနေတာပဲ။ ဘယ်က အချက်အလက်တွေ ကောက်လာတာလဲ။ အချက်အလက်တွေက ယုံကြည်ရလောက်တဲ့ ပင်ရင်းကလား...။ နောင်ကို တစ်ခုခု တင်ပြချင်တယ်ဆိုရင် ဘယ်ကရတယ်ဆိုတာ အရင်ပြောပြပါ။ (တိန်)

STY
: ကြည့်ရတာ ကိုဘ မိန်းမအကြီး ဆီက ယူလာတာထင်တယ်။

ဘွိုင်းဇ်
: ဟင်.. အက်တီဝိုင်က သိရပြန်ပြီ။

STY
: "ဥာဏ်" မျက်စိနဲ့ ကြည့်ဆိုလို့။

ဘွိုင်းဇ်
: စာလုံးပေါင်းက မှားပြန်ပြီ။ မှားစရာရှားလို့ ညကလေး ဉ ကိုမှ ရီတာရှေ့ လာမှားရတယ်လို့ကွာ အက်စ်တီဝိုင်ရာ။ ကျားရှေ့မှောက်ရက်လဲဆိုတာ ဒါကို ခေါ်တာနေမှာ။ "ဉာဏ်" လို့ မြန်မြန်ပြန်ပြင်လိုက်။ ဟိုက ဥ နဲ့ ဉ ကလေးကို တစ်အား စီးရီးယပ်စ် ဖြစ်နေတာ။ ဉ ကို သနားလွန်းလို့ နေရာတွေ လိုက်ပေးနေရှာတယ်။

STY
: ဆိုက်ကို ထင်တယ် (ပြောပြန်ပြီ)

ဘွိုင်းဇ်
: လူတိုင်းကို ဆိုက်ကိုထင်တာလဲ ဆိုက်ကိုပါပဲလေ။ သူများဆိုက်ကိုပြောတာကို ဆိုက်ကိုဖြစ်တယ်လို့ ပြောတဲ့သူလဲ ဆိုက်ကိုပဲတဲ့။

STY
: ဟုတ်တယ် ကိုဘ ဆိုက်ကိုလို့ သုံးတာနဲ့ ဆိုက်ကို ဖြစ်တာပဲ

STY
: ဘယ် ဥ က အမှန်လဲ
(ရှင်ချင်တယ်။ ဒီလောက် ရှင်းပြတာတောင် နှစ်ခုလုံးကို အု တယ် ထင်တုန်း)


ဘွိုင်းဇ်
: ဉ <<<< ဥ မဟုတ် .. ညကလေး လို့ ဖတ်ရတယ်

STY
: များသောအားဖြင့်တော့ ဥ ပဲရေးတာမဟုတ်ဘူးလား။ ကြက်ဥ ဘဲဥ။

ဘွိုင်းဇ်
: ချစ်ကောင်းဆိုတဲ့ သတ်ပုံမှားတဲ့ ည ဆိုတာ ဉ = ညကလေး ကို ပြောတာနေမှာ။

STY
: ကြက်ဥ= ကြက်ညကလေး ဖြစ်နေမှာပေါ့။
(မင်းနဲ့ တဆရာတည်းထွက် ဖြစ်ရတာ ကိုယ် ရှက်လိုက်တာ STY ရယ်။ ဖြူးရောက်ရင် ဆရာမဆီ ဝင်ပြီး ဆရာမတပည့် အု ကျမ်း မကြေဘူး လို့ ပြောပစ်ဦးမယ်။)
smile

ဘွိုင်းဇ်
: အာ.. အဲဒါတွေက ဥတွေလေ..ဥနဲ့ ရေးတာပေါ့။ အခုက ဉာဏ်ဆိုတာ (အသံထွက် ညံ) ညကလေး ကို ရေးချထည့်ပြီး ဏကြီးသတ်ထားတာ။
(ဆရာ မနိုင် နှစ်ဆောင်ပြိုင်ပဲ)


STY
: အဲ သိဘီ။ သားသိပြီ မာမီဘိုက်။

ဘွိုင်းဇ်
: သုံးတာ ရှားတယ်။ အဲဒါကို ဂျီးဒေါ်က နေရာမရရှာလို့ ဆိုပြီး ကယ်ဆယ်ရေးနဲ့ နေရာပြန်လည်ချထားရေးတွေ လုပ်လိုက်တာ ပျဉ်ပုံကြီးတို့ ပျဉ်းမနားတို့ မျိုးသုဉ်းမတတ်ဖြစ်နေတဲ့ ပျဉ်းတော်သိမ်တို့ စဉ့်အိုးတို့မှာ နေရာရသွားတယ်။ (စဉ့်အိုးကို (စည့်အိုး) လို့ အသံထွက်တာလား။ (စင့်အိုး) လို့ အသံထွက်တာလား။ စဉ်းစားနေတယ်။)

(ပြောဖို့ကျန်ခဲ့တဲ့ "ပျဉ်းမငုတ်တိုကြီး" သနားပါတယ်
ကိုဘရယ်။)

STY
: ညကလေးကို ဘယ်လို ထွက်လာအောင်လုပ်ရမလဲ ကိုဘ။

ဘွိုင်းဇ်
: ညကလေး ကိုကိုတို့ ညကျ အိမ်နောက်က ကောက်ရိုးပုံမှာ တွေ့ရအောင်လို့ ချိန်းရင် ထွက်လာမယ်။ အက်စ်တီဝိုင်

STY
: ကောက်ရိုးပုံမရှိဘူး မာမီ ဘိုလုပ်ရမလဲ

ဘွိုင်းဇ်
: ကြမ်းပြင်ပေါ် ဘယ်ညာလူးလှိမ့် ဗိုက်ကိုနှိပ် အူတက်မတတ် မျက်ရည်ဘူးသီးလုံးထွက်အောင် လက်သီးဆုပ်ကို ကြမ်းပြင်ကို ထုထုပြီးရယ်။ ခြုံတိုးဟာ။ အခင်းသွားတဲ့ နေရာတော့ မတိုးလေနဲ့။ မိုင်းတွေ ရှိတယ်။

STY
: စလုံးရဲတွေနဲ့ တိုးမှာပေါ့ အန္တရာယ် များသေးတယ်။ ကျားကြီးထွက်လာပြီ။

ဘွိုင်းဇ်
: လူမမြင်ကွင်းရင် ကိစ္စန မရှိ။ stomper တွေ မတွေ့အောင်တော့ ရှောင်ပေါ့။ နို့မဟုတ်ရင် သကြားပဲ။ အဲ.. နို့မဟုတ်ရင် အင်တာနက်ပေါ် ရောက်သွားမယ်။

Me
: ဖတ်ပြီး တခွိခွိဖြစ်နေလို့ စီနီယာ မသင်ကာတွေ ဖြစ်နေပြီ။ လျှော့ပြောကြပါ ရီစရာတွေ

STY
: stomper တော့ သားကြောက်တယ်

ဘွိုင်းဇ်
: အက်စ်တီဝိုင် သတိထားပါ။ မနှဲလေးရဲ့ ကျားကြီး ထွက်လာပြီ။ မသင်္ကာကို မှန်အောင် ပေါင်းပါ ရီတာ.... မသင်ကာ မဟုတ်ပါ။

STY
: မနှဲလေး မကြောက်ဘူး ကိုဘ သူ့ကျားကြောက်တာ.. မနှဲလေးက ဘဲညကလေး တလုံးလောက် ကျွေးလိုက်ရင်ဖြစ်တယ်။

ခရမ်းချဉ်သီး
: နေရာပြန်လည်ချထားရေး <<< ပြန်လည်နေရာချထားရေး :P

STY
: ဟုတ်ပါပြီ ပြင်ပါလိမ့်မယ် ဝန်ကြီးရုံးက စာရေး ရယ်

ခရမ်းချဉ်သီး
::fo:

Me
: မမ မွေးနေ့ကို အလျား 1 မီတာ၊ အနံ 1 မီတာ၊ အမြင့် 1 မီတာ ရှိသော ဘားမားကိတ် (မုန့်စိမ်းပေါင်း) တစ်လုံး၊ အိုလံပစ် မီးရှူးတိုင် တစ်ချောင်းတို့နဲ့ ကန်တော့သွားပါတယ်။

ခရမ်းချဉ်သီး
::fo:

Me
: ဒီ ခရမ်းရီသီးကတော့ တချိန်လုံး ရီနေတော့တာပဲ။ အိမ်ရောက်မှ ဖျော်ရည်လုပ်သောက်ပစ်မယ်။

***
မမ မွေးနေ့ အမှတ်တရ။ (အမ် ဘာမှလဲ မဆိုင်ဘူး)

ပြီးတော့ ဒီနေ့က သူငယ်ချင်းတစ်ယောက်ရဲ့ မွေးနေ့။ သူလဲ အုကျမ်း မကြေရှာဘူး။
သူ့နာမည် ဉာဏ်ထွန်း ကို အမြဲတမ်း ဥာဏ်ထွန်း လို့ပဲ ပေါင်းတယ်။
တကျောင်းတည်းထွက်ပြီး၊ တဘွဲ့တည်း တူတူ ရထားတာ ရှက်ထှာ။

***
Update:

ခုလေးတင်ပဲ သူ့ဆီက ဖုန်းလာတယ်။ သူ blog အသစ်တစ်ခု စပြီး run ပါပြီတဲ့။
သူငယ်ချင်း ဆိုပေမဲ့ ကိုယ်လိုတော့ ဘယ်ရေးတတ်ရှာမလဲ။
သူတို့က ပညာကို စိတ်ဝင်စားတဲ့ သူတွေ ဆိုတော့ knowledge ကြောင်းလေးလိုလို ဘာလိုလို ကိုယ်လို အနုပညာကို အာရုံဝင်စားသူတွေ အိပ်ငိုက်ချင်မယ့် အကြောင်းပဲ ရေးတတ်တာပါ။

သိချင်တာ ရှိရင် မေးဖို့တဲ့။
ကိုယ့်ဆီ မေးခွန်းလာမေးတဲ့ လူတွေ သူ့ဆီ လွှတ်လိုက်ရ ကောင်းမလား စဉ်းစားတယ်။
:D

***

Monday, April 13, 2009

Birthday Wish, from Bottom of My Heart!



မွေးနေ့မှသည်...

ကောင်းသော လိုအင်ဆန္ဒမှန်သမျှ ပြည့်ဝနိုင်ခွင့်ရှိသောသူ
ထို့ထက်ပို၍ ...
အလိုဆန္ဒ နည်းပါး ရောင့်ရဲနိုင်သောသူ


ချစ်ခြင်းမေတ္တာဖြင့် ၀န်းရံခြင်းခံရသောသူ
ထို့ထက်ပို၍ ...
သူတပါးကို ချစ်ခြင်းမေတ္တာထားနိုင်သောသူ

ပတ်ဝန်းကျင်ကောင်းမှာ ရှင်သန်နေထိုင်ခွင့်ရသောသူ
ထို့ထက်ပို၍ ...
ရှင်သန်နေထိုင်သော ပတ်ဝန်းကျင်အတွက် ကောင်းကျိုးချမ်းသာများ ဆောင်ကြဉ်းနိုင်သောသူ


အနှောက်အယှက် ရန်ဟူသမျှ ဖယ်ရှားအောင်မြင်နိုင်သောသူ
ထို့ထက်ပို၍ ...
မေတ္တာဖြင့် ခွင့်လွှတ်နိုင်သောသူ


ဆင်းရဲဒုက္ခအပေါင်းမှ ကင်းဝေးနိုင်သောသူ
ထို့ထက်ပို၍ ...
ဆင်းရဲမှုအပေါင်းကို ကြံ့ကြံ့ခံ ရင်ဆိုင်ကျော်လွှားနိုင်သောသူ


သူတကာထက် ကောင်းမွန်သာလွန်သော ဘ၀များဖြင့် သံသရာကို ကူးဖြတ်နိုင်သောသူ
ထို့ထက်ပို၍ ...
အကောင်းမွန်ဆုံး အငြိမ်းချမ်းဆုံး အမြင့်မြတ်ဆုံး ခရီးဆုံးပန်းတိုင်ကို ဘ၀တိုတိုဖြင့် ရောက်ရှိနိုင်သောသူ ဖြစ်ပါစေ။




ထို့ထက်ပို၍ ...
ကိုယ့် မေတ္တာတရားတွေနဲ့ အတူတူ
ထို့ထက်ပို၍ ...
ဘ၀ဆက်တိုင်း...ဆက်တိုင်း

Myat



(၃လ ကြိုပြီး ရေးဖို့ idea ကို စဉ်းစားခဲ့ရပါတယ်။ 1st April ကစပြီး ဒီနေ့ရောက်တဲ့ထိ စိတ်တိုင်းမကျမချင်း အကြိမ်ကြိမ် ပြင်ရေးခဲ့ရပါတယ် )
____________________________________________________________
comment ပိတ်ထားသော post အတွက် cbox မှ comment များ - အမှတ်တရ

13 Apr 09, 00:40
အန်တီချမ်း: အဲ မောင့် ကိုမန့်မရအောင်လုပ်ထားတာကိုး လူဇိုးနော်

13 Apr 09, 02:53
ဖိုးသင်္ကြန်: ဟဲ့ ငါလဲ ဒီနေ့မွေးတာဟ။ ရှုပ်ကုန်တော့မှာပဲ။ :P
13 Apr 09, 06:18
strike
: how did you know today is my b day..goshh

13 Apr 09, 08:59
ကူးကူး: ပျော်ရွှင်ပါစေ

13 Apr 09, 10:37
JulyDream: အဟမ်း အဟမ်း... ချောင်းဆိုးကြည့်တာပါ။ အဟက်...

13 Apr 09, 11:39
kom: ဖတ်သွားသည်
kom: ကိုယ်လံ ဆုတောင်းပေးသွားသည်.
kom: မွေးနေ့မှ သည် အေးချမ်းပါစေ
kom: နှစ်သစ်မှာပျော်ရွင်ပါစေ.

13 Apr 09, 14:20
sin dan lar: များလေ.. မောင့်ကို မန့်ချင်လို့ပါ မြတ်ရယ်... အဲငှယ်....။

14 Apr 09, 08:19
thetpaingthu: ဗွမ်း....... ထတော့.... အိပ်ပုတ်
14 Apr 09, 08:23
thetpaingthu: Bottom of my Heart ဆိုတော့ Heart တစ်ခုလုံးစာ မဟုတ်ဘူးပေါ့ မောင့်ကိုသနားလိုက်တာ

Monday, April 6, 2009

I came for...



ကိုယ် လာခဲ့တယ်

ဟိုး ... ခပ်ဝေးဝေး သိပ်မလင်းတဲ့ ကြယ်ကလေးဆီက

ကိုယ် လာခဲ့တယ်

ပူပြင်းတဲ့ နွေရာသီ တစ်ခုမှာ
နီးစပ်ထိတွေ့သမျှကို ကြည်လင်အေးမြစေဖို့

ကိုယ် လာခဲ့တယ်
အမှောင်တွေသာ ခင်းကျင်းတဲ့ ညယံထဲ
အလင်းတွေ သက်ဆင်းလာသလိုမျိုးနဲ့

ကိုယ် လာခဲ့တယ်
ဘာကိုယူလို့ ဘာကိုပြန်ပေးရမှန်း မသိတဲ့ လောကထဲ
ဘာမှလဲ နားမလည်ဘဲနဲ့

ကိုယ် လာခဲ့တယ်
ပူပူကျဲကျဲ အရိပ်နည်းပါးတဲ့ ကွင်းပြင်ထဲမှာ

သူရိန်နေမင်းရဲ့ ရှုသဘင် ခံယူရင်း

ကိုယ် လာခဲ့တယ်
လရိပ်ပင်လယ်ထဲက
နဂါးငွေ့တန်း လှိုင်းလုံးတွေကြား
ကြယ်စင်ငါးကလေးများနဲ့ ဆော့ကစားဖို့

ကိုယ် လာခဲ့တယ်
ဂုဏ်ယူစရာ နည်းနည်းပါးပါးထဲမှာ
မတန်တဆ ၀င့်ကြွား ပြသဖို့

ကိုယ် လာခဲ့တယ်
ဒီကမ္ဘာကြီးတစ်ခုလုံးကို လက်ဖ၀ါးထဲထည့်
သေချာစေ့စေ့ ကြည့်ချင်ခဲ့လို့။


*****

ကိုယ် လာခဲ့တယ်
လျှပ်ပြက်သလို သူ တစ်ချက် အပြုံးမှာ
တခဲနက် အရှုံးပေးချင်လို့။

(6th April 2009)

Tuesday, December 16, 2008

Birthday Song for My Dear Friend, Nyan Htun!




ချစ်သူငယ်ချင်း ဉာဏ်ထွန်းရဲ့ မွေးနေ့ အတွက် အမှတ်တရ


Happy Birthday My Friend!!!

Sweet 28!
Sweet December!

16th December 2008 (Tuesday)


စကားလုံးတွေ သိပ်မရှိပါဘူး
လခတွေ ခုထက် ပိုပို ကောင်းပါစေသောဝ်
ကြွေနေတဲ့ ကောင်မလေးလည်း မြန်မြန်ရစေသော​ဝ်
________________________________________________________________

16th Dec က ကြားရက်ကြီးမို့ ဒီ post ကို တနင်္ဂနွေ အားတုန်း နှစ်ရက် ကြို ရိုက်ရတယ်
ကျွန်မက post ရေးပေမယ့် သူက ဖတ်ချင်မှ ဖတ်နိုင်မှာ
ဒီနေ့ပဲ မနက်စောစော လေယာဉ်နဲ့ ပြည်တော်ဝင် သွားလေရဲ့
၁ လခွဲတောင် ပြန်နှပ်နေမယ် ဆိုပဲ

နက်ဖန် ရုံးတက်ရမယ်
ခု 11:48 PM

ဒါပေမယ့်
*အခက်အခဲတွေ ကူညီခဲ့

*စိတ်ညစ်ရင် အားပေးခဲ့

*မသိနားမလည်သမျှ ရှင်းပြခဲ့

*ပြဿနာတွေ (ကြားဝင်လို့ မရခဲ့လည်း) ပြေရာပြေကြောင်း ပြောပေးခဲ့

(အခွင့်အရေးရတုန်း ငါ့ကိုပဲ ဖိ အပြစ်တင်ပြီး သာသာနဲ့ နာနာနှက်ခဲ့တာတွေတော့ တမင် ချန်ထားလိုက်တယ်...ဟင်းဟင်း<< အဲဒီ ဟင်းဟင်း ဆိုတာကို သိတယ်မို့လား)

အဲဒီလို သူငယ်ချင်းအတွက် တရက်တလေ အိပ်ရေးပျက်လည်း ပျက်ပါစေတော့လေ

နင်တင်စေချင်တဲ့ post ကို နောက်တပတ် တင်ပေးမယ်

ကတိ ကတိ