Sunday, June 6, 2010

သောက်သုံးရေအခက်အခဲ ပြန်လည်ဖြစ်ပေါ်နေကြောင်း

6.6.2010 ရက်နေ့ မနက်စောစောပိုင်းတွင် တွံတေးမြို့နယ်အပိုင် ကရင်စုကျေးရွာမှ တာဝန်ရှိသူတစ်ဦးမှ သောက်သုံးရေ ပြန်လည်လိုအပ်နေကြောင်း၊ လက်ရှိ မိုးရွာသွန်းမှု အားနည်း၍ သောက်သုံးရေ အခက်အခဲ ပြန်လည်ဖြစ်ပေါ်နေကြောင်း လာရောက်လှူဒါန်းပေးနိုင်ရန်အတွက် ကျွန်တော်တို့ဆီကို အကူအညီ လှမ်းတောင်းခံခဲ့ပါတယ်။

"ရေအလှူအတွက် ရာသီဥတု အခြေအနေကို စောင့်ကြည့်နေဆဲ" မှာပဲ ခုလို ပြဿနာ ပြန်လည်ဖြစ်ပေါ်လာသောကြောင့် ကျွန်တော်တို့ RAVEN BDC အဖွဲ့အနေနဲ့ မနက်ဖြန် 7.6.2010 ရက်နေ့မှ စ၍ တွံတေးမြို့နယ်အပိုင် အတွင်းရှိ ရွာများသို့ သောက်သုံးရေ ပြတ်လပ်နေသော နေရာဒေသများတွင် ရေ စတင်လှူဒါန်းမည် ဖြစ်ပါသည်။ တခြားရေလှူဒါန်းခဲ့ကြသော အဖွဲ့အစည်းများလည်း မိမိတို့ အရင် လှူဒါန်းခဲ့သော နေရာဒေသများသို့ ရေလိုအပ်နေလား၊ မလိုအပ်သေးဘူးလား ဆိုတာကို ပြန်လည် စုံစမ်းစေချင်ပါတယ်။

မြစ်ချောင်းတွေနဲ့ နီးစပ်တဲ့ ဒေသ၊ ရွာတွေတောင် ရေ ပြန်လိုအပ်နေပြီဆိုရင် ကုန်းပေါ်ရှိ နေရာဒေသများလည်း ပြန်လည် လိုအပ်နေနိုင်ပါတယ်။ အားလုံး ပြန်လည် စုပေါင်း လှူဒါန်းနိုင်အောင် မျှဝေလိုက်ရခြင်းပါ။ အခုလိုအချိန်မှာ ရေမလှူတာ နည်းနည်း ကွာဟသွားတဲ့အတွက်ကြောင့် အားလုံး သွေးပြန်အေးနေနိုင်ပါတယ်။ အတတ်နိုင်ဆုံး အမြန်ဆုံး အကောင်အထည်ဖော်ပြီး လုပ်ဆောင်ပေးနိုင်ကြရန် တိုက်တွန်းအပ်ပါတယ်။

ရေသမ္ဗာန် ကမ်းကိုကပ်တာနဲ့ ခုလိုပဲ ရေပုန်း အကြီးကြီးတွေကို သူတို့ အရွယ်နဲ့ မလိုက်အောင် သယ်လာတာကိုကြည့်ရင် သောက်ရေ အလွန် လိုအပ်နေတာ ပေါ်လွင်ပါတယ်။

အခုလို ရေသမ္ဗာန်ပေါ်ကို ရေတင်ဆောင်ပြီး 7.6.2010 ရက်နေ့တွင် စတင်လှူဒါန်းမည် ဖြစ်ပါသည်။

အရင် သောက်သုံးရေ ပြတ်လပ်နေစဉ်ကာလ ရေလှူဒါန်းနေစဉ်။
အခုလည်း သောက်သုံးရေ ပြတ်လပ်နေသောနေရာ ပြန်ဖြစ်နေပါပြီ။

ကိုရဲဟိန်း facebook စာမျက်နှာမှ Note အား တိုက်ရိုက် ကူးယူ ပြန်လည်ဖော်ပြသည်။

*** သောက်ရေ လှူဒါန်းလိုသူများ ဆက်သွယ်ရန် ***
စင်္ကာပူ - ကိုဇူလိုင် email: julydream0707@gmail.com
ရန်ကုန် - ကိုရဲဟိန်း mobile: 09 50 43302

***
(email from one of my friends from Myanmar)

Just came back from Pyay!
The whole day 15 hrs driving :(
I've seen there were just few villages suffered for water. Most of the places still okie.
You cant help them all, (in the long run) it's not match with donation programme.
It shows that we need to care much on global warming.
Donation is not good for people every time when they get troubles, it can make them to rely on others. (Just my thoughts)
So tired, i need to take rest.
Some expert say that rain can come only after July.

(16th May '09 2:00 PM)

***
(မှတ်ချက်။ ကုသိုလ်စိတ်တွင် အကုသိုလ် အနား မကွပ်စေရန်၊ နိုင်ငံရေးဟု အမည်ခံပြီး ဂဂျိုးဂဂျောင် ရေးသားနေသော site များမှ တဆင့် ပြန်လည် ဖော်ပြပြီး credit ပေးခြင်း လုပ်ရန်မလို။

ထို့ပြင် ဤအချက်ကို ထောက်၍ ယောက်ျား အမည်ခံ မိန်းမလို မိန်းမရ ဘလော့များမှ
အားအားယားယား ဝေဖန်မှတ်ချက်ပြုရန်မလို။ ကုသိုလ်ရေးမို့ နိုင်ငံရေးဂဂျိုးဂဂျောင်ဖြစ်ဖြစ် ဘာဖြစ်ဖြစ် အတူတူ support လုပ်နိုင်ရန် လိုသည်ဟု ယူဆပါက မိန်းမလို မိန်းမရ ရေးမနေဘဲ ဝေဖန်လေကန်ချင်သူ ကာယကံရှင်ကိုယ်တိုင်၏ blog address အား credit ပေးရန် ၎င်း site များအား ခွင့်ပြုထားလိုက်နိုင်သည်။)

***