Sunday, May 30, 2010
Beauty or Old Lady ?
ပုံ (၁) - Beauty
ပုံ (၂) - Old Lady
ပုံ (၃) - Beauty or Old Lady?
ဒီပုံလေးတွေ စမြင်ဖူးတာ '93/4 လောက်က သင့်ဘဝ မဂ္ဂဇင်း ဆောင်းပါးတစ်ပုဒ်မှာပါ။
ဘယ်သူရေးသလဲ မသိတော့ပါဘူး။
ဆောင်းပါးမှာ ပြောသွားတာ တစ်ချက်ကိုတော့ မှတ်မိနေပါတယ်။
အနောက်နိုင်ငံတစ်ခုမှာ အထက်က ပုံ (၃) ပုံကို အသုံးပြုပြီး သုတေသန လုပ်ပါတယ်။
ပထမအုပ်စုကို မိန်းမငယ်လေးမှန်း သိသာစေတဲ့ ပုံ (၁) ကို ပြလို့ စေ့စေ့ကြည့်စေတယ်။
ဒုတိယအုပ်စုကိုတော့ အဘွားအိုမှန်း သိသာတဲ့ ပုံ (၂) ကို ပြလို့ စေ့စေ့ကြည့်စေတယ်။
အဲဒီ အုပ်စုနှစ်ခုလုံးအတွက် ပုံ (၃) ကို အတူတူ ပြတဲ့အခါမှာတော့ ပထမအုပ်စုက မိန်းကလေးပါ လို့ မြင်ပြီး၊ ဒုတိယအုပ်စုက အဘွားအိုမှ အဘွားအိုဆိုပြီး သူတို့ အငြင်းအခုန် ဖြစ်ကြပါသတဲ့။
***
မနေ့က ညစာစားရင်း ဉာဏ်ထွန်းက သူ့ဖုန်းထဲကနေ ပုံ (၃) ကို ထုတ်ပြပြီး၊ အဲဒါ မိန်းကလေးလား၊ အဘွားကြီးလားလို့ လာမေးပါတယ်။
ကိုယ်က ဆရာကြီးဒီဇိုင်းနဲ့ ပြန်ပြောပါတယ်။ "အဲဒါ မိန်းကလေးနဲ့ အဘွားအိုနဲ့ ပေါင်းထားတဲ့ ပုံဟေ့" လို့။
ဆရာသမား အတော် အံ့သြသွားပုံပဲ။ ကျောင်းတုန်းက သူ့ကို အမြဲ ဆရာတင်ရတဲ့သူက သူ ဘယ်လိုမှ ကြည့်လို့ မမြင်တဲ့ ပုံကို သေချာတောင် မကြည့်ဘဲ စားရင်းသောက်ရင်း မှန်အောင် ပြောနိုင်လိုက်လို့။
သူက ပြောပါတယ်။ အဲဒီပုံနဲ့ တွဲလျက်လာတဲ့ စာမှာ အဲဒီ ပုံကို ယောက်ျားလေးတွေကြည့်ရင် မိန်းကလေးပုံလို့ မြင်ပြီး၊ မိန်းကလေးတွေ ကြည့်ရင် အဘွားအိုပုံလို့ မြင်ကြတယ် လို့ ဆိုထားတယ် တဲ့။ သူကလည်း အဲဒါကို မိန်းကလေးပုံလို့ပဲ မြင်တယ် တဲ့။ နင်က မိန်းကလေးဖြစ်ပြီး ဘာလို့ နှစ်မျိုးလုံး မြင်ရတာလဲ တဲ့။
"အေး ငါက ပညာရှိမို့လို့" လို့။ သူက ပြန်ပြောတယ်။ "နင် နှစ်မျိုးလုံးရောပြီး ဟိုမရောက် ဒီမရောက် ဖြစ်နေတာရော မဖြစ်နိုင်ဘူးလား" တဲ့။ ကိုယ်က "မဖြစ်နိုင်ဘူး" လို့။ "ဘာလို့ဆို ခုနေ လက်ဆွဲပြဆို ငါက ပြနိုင်တယ်။ နင်က ပြစရာ မရှိဘူး။ အဲဒီတော့ ဟိုမရောက် ဒီမရောက်က ငါ မဟုတ်ဘူး" လို့။ ;)
အိမ်ပြန်ရောက်တော့မှ ဒါကို post တင်ဖို့ အကြံရတော့ သူ့ကို ပုံလှမ်းတောင်းရတယ်။
သူကလည်း ဖုန်းထဲက pdf file မို့ ပို့ရင် အလုပ်ရှုပ်တယ် ပြောတယ်။
ကိုယ်က သူ့ဆီမှာ ၃ ပုံစလုံး ရှိတယ် မှတ်တာ။ တကယ်က သူ့မှာ ပုံ (၃) တစ်ပုံပဲ ရှိတာပါ။
ဒါနဲ့ သူ့ကို အဲဒါ (၃) ပုံ ရှိတယ် ဆိုတာ၊ လွန်ခဲ့တဲ့ (၁၅) နှစ်လောက်က ကိုယ် တစ်ခါ တွေ့ခဲ့ဖူးတယ် ဆိုတာ ပြန်ပြောရတယ်။
သူ့အကူအညီနဲ့ပဲ သူပြောတဲ့ key words တွေနဲ့ google ကြည့်တော့ သင့်ဘဝမဂ္ဂဇင်းထဲမှာ ကိုယ်တွေ့ခဲ့ဖူးတဲ့ ပုံ (၃) ပုံလုံး ထွက်လာပါတယ်။
(နောက်ဆုံးတော့ ဆရာက ဆရာပါပဲ ဆရာရယ်)
***
မဂ္ဂဇင်းပါ ဆောင်းပါးရဲ့ ဆိုလိုရင်းနဲ့ မူရင်း သုတေသနရဲ့ result က "လူတွေဟာ သူတို့ကို ပထမဆုံး လွှမ်းမိုးလိုက်တဲ့ အချက်အလက်တွေကို ကျော်လွန်ပြီး မတွေးနိုင်ကြဘူး" ဆိုတာပါ။
***
Labels:
Friend,
remembrance,
Sharing,
Thought
Subscribe to:
Post Comments (Atom)
19 comments:
A psychological survey said most of peoples' life is determined by their perception at age before 25.
စိတ်ဝင်စားစရာပဲ။ အဲဒိသုတေသနရဲ့  methodology နောက် ယူဆချက် assumption တွေက ဘာတွေလဲ။ ဒီပုံကိုကြည့်ပြီး ဖြေတဲ့ အဖြေကနေ လူတွေဟာ သူတို့ကို ပထမဆုံး လွှမ်းမိုးလိုက်တဲ့ အချက်တွေကို ကျော်ပြီး တွေးနိုင်မတွေးနိုင် ကောက်ချက်ချနိုင်တာဟာ ဘာ့ကြောင့်လဲ။ ??
ဝတုတ်
မသိတော့ဘူး။
မှတ်မိတာ အဲဒါ အကုန်ပဲ။ အစ်ကို သိရင်ရေးပါ။
သုတေသနက ဒီတချက်တည်း မဖြစ်နိုင်ပေမယ့် ဆောင်းပါးထဲမှာတော့ အဲဒီတစ်ချက်ပဲပါတယ်။
အဲဒါကနေ ဆင့်ပွားလို့ ဆောင်းပါးက နောက်ထပ် ဆက်ပြောသွားတဲ့ အချက်တွေကို မမှတ်မိတော့ဘူး။ ဆောင်းပါးရှင်က ဒေါက်တာတင်မောင်သန်း မဟုတ်ရင်၊ ထူးဖေသစ် (မောင်သစ်ဆင်း) ဖြစ်မယ်။
:)
အိုကီ ဒိုကီ။ ကျနော်လည်း မသိဘူး။ ဒါပေမယ့် သုတေသန survey တွေက သူတို့ရဲ့  နောက်ခံ မှတ်ယူချက်တွေနဲ့ ပတ်သက်ပြီး ငြင်းကြခုံကြတာတွေ မကြခဏရှိတာလောက်ပဲ သိတော့ စိတ်ဝင်စားလို့ မေးလိုက်တာပါ။ အိုင်ကျူ တိုင်းတဲ့ မင်ဆာ စာမေးပွဲရဲ့ အခြေခံ ယူဆချက်တွေကို တချို့ က သဘောမတူကြဘူး။ သင်္ချာမေးခွန်း၊ ဘာသာစကားအခြေပြု လောဂျစ်နဲ့ဆိုင်တဲ့မေးခွန်း၊ ဒေသန္တရ ဗဟုသုတနဲ့ဆိုင်တဲ့ မေးခွန်းတွေက လူရဲ့  ဥာဏ်ရည်ကို တိုင်းရာမှာ မပါသင့်ဘူးဆိုပြီး တချို့ ကလည်း ငြင်းတယ်။ အဲဒါကြောင့် ရီတာ့ဆီ အဖြေရှိမလားလို့မေးကြည့်တာပါ။ သိုင်းကြူးပါ။
ဝတုတ်
It's Okie ! :)
(သင်္ချာမေးခွန်း၊ ဘာသာစကားအခြေပြု လောဂျစ်နဲ့ဆိုင်တဲ့မေးခွန်း၊ ဒေသန္တရ ဗဟုသုတနဲ့ဆိုင်တဲ့ မေးခွန်းတွေက လူရဲ့  ဥာဏ်ရည်ကို တိုင်းရာမှာ မပါသင့်ဘူးဆိုပြီး တချို့ ကလည်း ငြင်းတယ်။)
ဒါဆို ဘာနဲ့ တိုင်းသင့်ပါလိမ့်။
ဘာမှတော့ မဆိုင်ပေမဲ့ ခု ဖျတ်ခနဲ သတိရလိုက်မိတာ တစ်ခုရှိတယ်။ 96 batch လောက်က IM 2 မှာ သစ်လွင်တွေကို Psycho test စစ်ပြီးတော့၊ ပါမောက္ခနဲ့ ဆရာတွေက တစ်ယောက်ချင်း ခေါ်တွေ့ စကားပြောတယ်။ အဲဒီမှာ မိန်းကလေးအများစု ဆရာတွေနဲ့ စကားပြောရင်း မျက်ရည်ကျကြတယ် ဆိုတာ... (အဲဒီ batch မှာ guide တွေ ပါလို့ သိတာပါ) အများစုက နယ်ကဆိုတော့ အိမ်နဲ့ခွဲလာကာစ လွမ်းလို့ဖြစ်မှာပေါ့ လို့ တွေးပေမယ့် ခုထိ ပဟေဠိဖြစ်တုန်းပဲ။
ဘာမှမဟုတ်ပါဘူး။ ပေါ်လာတဲ့ အတွေးကို ချရေးပြီး မှတ်ထားလိုက်တာ။
၂၀၀၀-၂၀၀၁ ခုနှစ် ပတ်လည်အတွင်း သင့်ဘဝမဂ္ဂဇင်း ခေတ်တုန်းက ဒေါက်တာတင်မောင်သန်း ဘာသာပြန်ခဲ့ပါတယ် ။ နောက်ပိုင်း ဒေါက်တာ တင်မောင်သန်းရဲ. "သခင်စိတ် သခင်အကျင့်နှင့် သင်သာလျှင် သင့်ဘဝ၏ အရှင်သခင်"ဆိုတဲ့ စာအုပ်ရဲ. Cover Story အနေနဲ. ဖတ်ခဲ့ဖူးပါတယ် ။ လမ်းပြကြယ် မြန်မာစာကြည့်တိုက်မှာ အဲဒီစာအုပ်ကိုတွေ.ဖူးတယ် ။
တချို့ မေးခွန်းတွေက ဘာသာစကား ကျွမ်းကျင်မှု မရှိတဲ့လူတွေ အတွက် fair မဖြစ်ဘူးလို့ ယူဆလို့ဖြစ်မယ်။ ဥပမာ အောင်ဆန်း နတ်မောက် လို့ တွဲပြထားပြီး ရှိတ်စပီးယား အတွက် အဖြေကို တောင်းတဲ့အခါ လန်ဒန် စထရက်ဖို့ စသဖြင့်မေးတဲ့အခါ အဖြေမှားရင် ရှိတ်စပီးယား မွေးတဲ့မြို့ ကိုမေးတာကို မသိလို့မှားတာ ဖြစ်နိုင်သလို ရှိတ်စပီးယား မွေးတဲ့ မြို့ ကို မသိလို့မှားတာလဲ ဖြစ်နိုင်တယ်။ နောက် သုဒ္ဓကိန်းရွေးပါဆိုရင် သုဒ္ဓကိန်းဘာဆိုတာ မသိရင် ဘယ်ရွေးလို့ ရမလဲ။ သုဒ္ဓကိန်းဆိုတာ အားလုံးသိသင့်တယ်လို့ ယူဆရင် Macbeth ကိုထဲက tragedy နဲ့ tragic ဘယ်လိုကွာတယ်ဆိုတာကိုလဲ သိသင့်တယ်လို့ တချို့ ကယူဆစရာ ရှိတယ်။
ဆိုတော့ flexible ဖြစ်တာက cocksure ဖြစ်တာထက်တော့ အသိပညာလမ်းကြောင်းကို ပိုပွင့်စေမှာ အမှန်ပဲ။ ဘယ်လိုသဘောရလဲ။
ဟုတ်ကဲ့ ဒေါက်တာ တင်မောင်သန်း ရေးတာ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အဲဒီ ဆောင်းပါးကတော့ mid 1990s မှာပါ။ ဘာလို့ဆို 2000 အပိုင်းအခြားမှာ မဂ္ဂဇင်းတွေနဲ့ တော်တော် အဆက်ပြတ်သွားပြီ။
အဲဒီမဂ္ဂဇင်းထဲက ဆောင်းပါးတွေဟာ စိတ်ဝင်စားစရာ သိပ်ကောင်းတယ်။ ဝမ်းနည်းစရာကောင်းတာက သိပ်မမှတ်မိတော့ဘူး။ အကြောင်းတိုက်ဆိုင်မှပဲ ပေါ်လာတော့တယ်။
T2A ပြောတဲ့ စာအုပ်လည်း ကြုံရင် ဖတ်ကြည့်ပါဦးမယ်။
အဲဒီ flexible မှာ confident မပါရင်တော့ ပိုပွင့်စေဖို့ မဖြစ်နိုင်ဘူးလို့ ထင်မိပါတယ်။ ("အသိဉာဏ်ကြီးတစ်ခုလုံးမှာကိုက မေတ္တာတရားက ပါပြီးသား ဟုတ်/ မဟုတ်" ဆိုတာလို...) flexible ဖြစ်တဲ့လူမှာ confident ကိုက နဂိုပါပြီးသား ဆိုရင်တော့ တမျိုးပါ။
I don´t understand that at all..
I don´t understand if there is a way to know as to what you said is true or false. What I mean by a statement which can be subjected to true of false is something like..
A batchelor is a person who has never married before.
What is confidence? What are you cofident about? Cd you explain a bit more.
The entire knowledge and metta?
I hope I'm not annoying anyone. But I have an impression that you haven't spelt out what you want to say clearly.. That's my impression anyway. Some people may disagree.
By the way, I'm away from my flat and that means I have no access to Burmese fonts.
Watote
(flexible ဖြစ်တာက cocksure ဖြစ်တာထက်တော့ အသိပညာလမ်းကြောင်းကို ပိုပွင့်စေမှာ အမှန်ပဲ။ ဘယ်လိုသဘောရလဲ။)
အဲဒီ အပေါ်မှာ မူတည်လို့ ပြောလိုက်တာပါ။
cocksure ကို overconfident လို့ပဲ သဘောပေါက်လိုက်မိတယ်။ ဆိုတော့ အဲဒီကနေတဆင့် ဆက်ပြောလိုက်တာပါ။
("အသိဉာဏ်ကြီးတစ်ခုလုံးမှာကိုက မေတ္တာတရားက ပါပြီးသား ဟုတ်/ မဟုတ်) ဆိုတာကကျတော့ လောလောဆယ် ရိုက်တင်ထားတဲ့ မောင်သစ်ဆင်း ဝတ္ထုတိုထဲက မိုရေးဗီးယားအကြောင်း ဆွေးနွေးကြတဲ့ စကားလုံးတစ်ခုက စွဲနေတုန်းမို့ ဆက်ပြောလိုက်မိတာ။
cocksure ဆိုတာ ကိုယ့်ဘာသာ အထင်ကြီးမှု၊ ယုံကြည်မှုလွန်ကဲနေမှု (ငါသိ ငါတတ်)လို့ အဓိပ္ပါယ်ထွက်ရင်
flexible ဖြစ်တဲ့လူဟာ ဘယ်လိုမျိုး flexible ဖြစ်နေတာလဲ ဆိုတာ ပြန်မေးရဦးမယ်။ အဲဒါမှ (အသိပညာလမ်းကြောင်းကို ပိုပွင့်စေမှာ အမှန်ပဲ) ဆိုတာကို ဘယ်လိုသဘောရသလဲ မှတ်ချက်ပေးနိုင်ပါလိမ့်မယ်။
(ဒီ comment မှာ အစ်ကို ပြန်မေးခဲ့လို့ ချက်ချင်း ပြန်မဖြေခဲ့ရင်တော့ ဒီည အိပ်သွားလို့ပါ။ နောက်တနေ့မနက်မှ ပြန်ဖြေပါမယ်)
:)
Strictly speaking in the context of this conversation, flexibility means taking into account various possibilities. For example, I would say the measure of intelligence should not confine to mathematics, logic or linguistic/geographical knowledge. Some people can be described as ‘intelligent’ (whatever that word means precisely) despite not knowing contour integration or Riemann geometry or being a mathematical wizard for I know with my own experience, having spent three years studying undergrad level Maths and Physics, some I found as thick as yellow pages.
So, if one narrowly defines ‘intelligence’ as being, let’s say, able to speak several languages, it would rule anyone who’s not studied another language unintelligent. And he may miss out any new knowledge such people can offer, effectively blocking his own intellectual development.
Hope that helps…
And if you have time and will, cd you also explain ("အသိဉာဏ်ကြီးတစ်ခုလုံးမှာကိုက မေတ္တာတရားက ပါပြီးသား ဟုတ်/ မဟုတ်"? I don’t expect whether it’s true or not. I’m just interested in what that statement means, how it can be subjected to true or false.
If possible, please use examples as I don’t consider myself particularly bright.
Watote
ဘာမဆိုင် ညာမဆိုင် အုံထွန်းက လက်ဆွဲပြနိုင်လို့လား ဆိုတာနဲ့ ဆြာဂျီး အလုပ်ခံလိုက်ရဒယ်...။
ဒါဆို IQ ကို အထက်ပါနည်းတွေနဲ့ တိုင်းလို့ အမှန်မရနိုင်ဘူး ဆိုတာပေါ့။ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အဲဒီနည်းတွေနဲ့ တိုင်းတာတာက အနီးစပ်ဆုံး ခန့်မှန်းနိုင်လို့ သုံးကြတာ ဖြစ်မယ်ထင်တယ်။ ဒီနည်းတွေအားဖြင့် တိုင်းလို့ လူတစ်ယောက်ရဲ့ IQ ကို အမှန်အတိုင်း အရှိအတိုင်း မသိနိုင်ဘူး ဆိုရင်တောင် ဒီ့ထက် သိသာစေနိုင်တဲ့နည်း ခုထိ မတွေ့သေးလို့ ဖြစ်ရမယ်။
(အသိဉာဏ်ကြီးတစ်ခုလုံးမှာကိုက မေတ္တာတရားက ပါပြီးသား ဟုတ်/ မဟုတ်) အဲဒါက တကယ်တော့ ခေါင်းထဲမှာ ရှိနေတုန်းမို့ ဆက်စပ်ရေးလိုက်တာ။ ဆက်စပ်တယ် ဆိုတာလည်း အကြောင်းအရာကို မဟုတ်ဘူး။ flexible နဲ့ overcofident သမားကို ယှဉ်ပြောထားတော့ အဲဒါကို ခေါင်းထဲ ဖျတ်ဆို တွေးလိုက်မိပြီး ထည့်ပြောလိုက်တာ။
အကြောင်းအရာ မဆက်စပ်ပေမဲ့ ဆက်ပြောဖို့ စိတ်ဝင်စားလို့ ဆက်ပြောကြည့်ပါမယ်။ မောင်သစ်ဆင်း ဝတ္ထုတိုထဲမှာက မိုရေးဗီးယား အကြောင်းပြောရင်းနဲ့ အသိဉာဏ် နဲ့ မေတ္တာတရားအကြောင်း ပြောထားပါတယ်။
("ကြိုက်ပါတယ်ဗျာ၊ ဒါပေမဲ့ ကျွန်တော် အကြိုက်ဆုံးက မိုရေးဗီးယားဗျ၊ ခင်ဗျား Two Women ဖတ်ဖူးလား"
"ဖတ်ဖူးတယ် ရုပ်ရှင်လည်း ကြည့်ဖူးတယ်၊ အတော် ကောင်းတာပဲ"
"သူယုံတာ ဘာလဲ"
"လူ့အသိဉာဏ်တဲ့ဗျာ"
"ဖြစ်မှ ဖြစ်ရပလေ။ မေတ္တာ စေတနာ မပါဘဲနဲ့ လူ့အသိဉာဏ်က ဘယ်လောက် စိတ်ချရမလဲ"
"အလို ကျောင်းဆရာရဲ့၊ အသိဉာဏ်ကြီး တစ်ခုလုံးထဲမှာ မေတ္တာစေတနာဆိုတာ ပါပြီးသားပဲဗျ"
"မဖြစ်နိုင်ဘူးဗျာ၊ ဒါက သီးခြားကိစ္စတွေ"
"ဘယ့်နှယ် သီးခြားရမလဲ၊ မေတ္တာ စေတနာပေါ်မှာ အခြေခံပြီး အသိဉာဏ်ဆိုတာ ဖွံ့ဖြိုးလာခဲ့ရတာမျိုး")
ကျွန်မလဲ စိတ်ဝင်စားမိတယ်။ ဒါတွေ သက်သေပြလို့တော့ မလွယ်ဘူး။ အသိဉာဏ်ရှိတိုင်း မေတ္တာတရား မရှိနိုင်ဘူး ဆိုတာတော့ အလွယ်တကူပဲ တွေ့နိုင်မယ်ထင်တယ်။ (သူတို့အသိဉာဏ်က မရင့်သန်လို့ မေတ္တာတရား မပါတာပေါ့လို့ ကပ်ပြောရင်တော့ ပြောလို့ရပါတယ်)
ဒါဖြင့် အသိဉာဏ်မပြည့်ဝဘဲ မေတ္တာတရားရှိနိုင်သလား ဆိုတော့ ရှိနိုင်တာပေါ့။ တိရစ္ဆာန်တွေလည်း သူတို့ သားသမီးပေါ်မှာ မေတ္တာထားနိုင်ကြ၊ စောင့်ရှောက်နိုင်ကြတာပဲ။ ဒါဖြင့် အသိဉာဏ်နဲ့ မေတ္တာတရားဟာ သီးခြားကိစ္စလို့ ထင်စရာ ရှိပြန်တယ်။
နောက်ထပ် "ဖြစ်မှ ဖြစ်ရပလေ။ မေတ္တာ စေတနာ မပါဘဲနဲ့ လူ့အသိဉာဏ်က ဘယ်လောက် စိတ်ချရမလဲ" ဆိုတာ... အဲဒါကတော့ စောဒကတက်စရာ မရှိဘူး။
ဒါဖြင့် အသိဉာဏ်မပါတဲ့ မေတ္တာတရားကရော ဘယ်လောက် စိတ်ချရမလဲ။ အရူးတစ်ယောက်လည်း သူ့ကလေးအပေါ်မှာ မေတ္တာထားနိုင်တယ်။ ဒါပေမဲ့ စိတ်တချက်ဖောက်လိုက်တာနဲ့ မောင်းလာတဲ့ ရထားဆီ ကလေးကို ပစ်သွင်းလိုက်ပြီး၊ ရထားကျော်သွားမှ ယူကျုံးမရ ထိုင်ငိုနေတယ် ဆိုတာမျိုးလည်း ကြားဖူးထားသေးတယ်။
"မေတ္တာ စေတနာပေါ်မှာ အခြေခံပြီး အသိဉာဏ်ဆိုတာ ဖွံ့ဖြိုးလာခဲ့ရတာမျိုး"
အသိဉာဏ်မပြည့်ဝတဲ့ အရူးတွေမှာ ဘယ်အရာမှ မဖွံ့ဖြိုးနိုင်တော့ဘူးလို့ ယူဆတော့ အသိဉာဏ်ကမှ မူလရင်းမြစ်၊ အသိဉာဏ်ပေါ် အခြေခံလို့ မေတ္တာစိတ်က ဖွံ့ဖြိုးရတယ်လို့ ယူဆမိတယ်။
ဆရာမောင်သစ်ဆင်းပြောထားတဲ့ "မေတ္တာ စေတနာပေါ်မှာ အခြေခံပြီး အသိဉာဏ်ဆိုတာ ဖွံ့ဖြိုးလာခဲ့ရတာမျိုး" ဆိုတဲ့အချက်က ကျွန်မကို အူလည်လည် ဖြစ်သွားစေတယ်။ (အဲဒါ စာစီသမား မှားတာလည်း ဖြစ်နိုင်တယ်)
မူရင်းလမ်းကြောင်းကို ပြန်ကောက်ပြီး ပြောရရင်တော့ flexible သမားက ပြောင်းလွယ်ပြင်လွယ် တံခါးဖွင့်ထားတဲ့သူလို့ အဓိပ္ပါယ်ပေါက်မိပါတယ်။ အစ်ကိုပြောတဲ့ နောက်တမျိုး cocksure (overconfident) သမားထက် ပိုအသိပညာလမ်းကြောင်း ပွင့်စေမယ် ဆိုတာ ဖြစ်နိုင်ပါတယ် ဆိုရမယ်။ မာန်မာနက အသိပညာရယ်လို့မှ မဟုတ်ဘဲ ဘယ်အရာရှေ့မှာမဆို ပိတ်ပြီး ခံနေနိုင်တာပဲ။ (ဒီနေရာမှာ flexible သမားဆိုတာ ကောင်းဆိုးကြောင်းကျိုးကိုပါ ဆင်ခြင်နိုင်ပြီးသားသူလို့ ယူဆပြီး မှတ်ချက်ပေးပါတယ်)
fair enough.. :)
Flexibility ကို willingness to accept various possibility လို့ပြောရမှာ။ စကားပြော လောကြီးသွားတယ်။ ရီတာနဲ့စကားနိုင်လုရင်း (အဲ့သလို မြင်လိုပါ) စဉ်းစားစရာ တခုပေါ်လာတယ်။ စိတ်ဝင်စားဖို့ အရမ်းကောင်းတယ်လို့ ထင်တယ်။ ဒါပေမယ့် အချိန်ယူပြီးမှ ရေးတော့မယ်။
perhaps open-mindedness??
watote
looking forward to your post, Bro!
:)
ကိုဝတုတ် ပြောသွားတဲ့အချက်ကို တို့လည်းစိတ်ဝင်စားမိတယ်
..
ရီတာရေ ရှင်းပေတော့...
;)
;)
Post a Comment