သီးသန့် ဂျူး group ထဲမှာ ဂျူးဇာတ်ကောင်တွေ အကြောင်းပြောကြရင်း ကိုယ့်အကြိုက်ဆုံးက "ကမ္ဘာမြေရဲ့ ချစ်သူ" ဝတ္ထုတိုထဲက နုနုမေ ပါလို့ ပြောထားမိတယ်။
***
တိုက်တိုက်ဆိုင်ဆိုင် ခုတလော ဂျူး ကမ္ဘာမြေရဲ့ ချစ်သူ ကို fwd mail ကနေ share နေကြတယ်။ ညက fwd လုပ်လာတဲ့ သူငယ်ချင်းနဲ့ ပြောမိလို့... သူကပြောတယ်။ နုနုမေ က အင်မတန် ချာတဲ့မိန်းမတဲ့။ =(
ဘာမှလည်း မခံစားတတ်။ နားမလည်တတ်။ ပိုက်ဆံကြောင်းပဲတွေး။ အမြင်လည်း မကျယ်။ ရည်းစားဟောင်း ပြန်တွေ့တာ ဘယ်သူက အရင် အိမ်ထောင်ကျတာလဲ လုပ်နေသေးတယ် တဲ့။ အဲဒီ သူငယ်ချင်းက စာပေအနုပညာလည်း ဒီလောက် ဝင်စားတာမဟုတ်ဘူး။ စာရေးတဲ့သူတွေက သူတို့ တကယ်ဖြစ်နေတာ လုပ်နေတာကို ရေးတာမဟုတ်ဘူး။ သူတို့ ဖြစ်ချင်တာကို စိတ်ကူးယဉ်ပြီး ရေးကြတာများတယ်လို့ ပြောတာ သူပေါ့။
အမှန်တော့ ကိုယ့်ဆီ fwd လုပ်တာ အဲဒီဝတ္ထုဖတ်ပြီး ဒါမျိုးရေးနိုင်တဲ့အတွက် ဂျူး ကို သူ impressive ဖြစ်လို့ပါ။ သိပါတယ် အဲလောက်တော့။ (ချွင်းချက်နဲ့တော့ ပြောတယ်။ မိန်းမတွေဘက်က သိပ်ပါတာပဲ။ ယောက်ျားတွေကို သိပ်မကောင်းမြင်တာပဲ။ အဆုံးမှာ နဲနဲဖြစ်ဖြစ်တော့ မိန်းမတွေကို အသာပေးလိုက်သေးသတဲ့။ အဲဒီနေရာမှာတော့ ယောက်ျားလေးတွေဟာ တလေတည်း ထွက်တယ်။)
ကိုယ်က မိန်းမတွေကို အသာပေးတယ် မထင်ပါဘူး (တကယ်လည်း မထင်ပါဘူး) သူရေးတဲ့မိန်းမတွေက ဟုတ်မလိုလိုနဲ့ ချာတာတာပါ။ တော်တာဆိုလို့ အဲဒီထဲက နုနုမေ ပဲရှိတယ် ပြောမိလို့... "အဲဒီထဲက မိန်းမလည်း ချာတူးပဲ" ဆို ထအော်တယ်။ နောက် အပေါ်ကအကြောင်းတွေ ဆက်ပြောတယ်။
"ဘာမှလည်း မခံစားတတ်။ နားမလည်တတ်။ ပိုက်ဆံကြောင်းပဲတွေး။ အမြင်လည်း မကျယ်။ ရည်းစားဟောင်း ပြန်တွေ့တာ ဘယ်သူက အရင် အိမ်ထောင်ကျတာလဲ လုပ်နေသေးတယ်" တဲ့။
သူပြောတာလည်း ဟုတ်တုတ်တုတ်။
***
နုနုမေ တော်တယ်လို့ ထင်မိတာက...
သူ့ကိုယ်သူ သိတယ်၊ သူ့အတိုင်းအဆကို သိတယ်၊ သူနဲ့တန်ဖိုးထားရာ မတူတဲ့ လူနဲ့ တွဲလာခဲ့ပေမယ့် သူ့အတိုင်းအဆကို ပိုတွက်ပြီး (တနည်း အချစ်ကြောင့် ယောင်ဝါးပြီး) မတူတဲ့လူဘက်ကို ယိုင်မသွားဘူး။ (ဒါမျိုးက မွှန်နေတုန်း ဖြစ်တတ်တာပဲ။ သူ့အတွက်ပဲ ကိုယ်လိုချင်တာတွေ လျှော့ပေးမိတော့ မလိုလို။ တကယ်သာ အဲဒီလူနှစ်ယောက် လက်တွဲကြည့်။ မကြာခင် ကွဲရင်ကွဲ မကွဲလည်း အကြောကို တစက်မှ တည့်မှာမဟုတ်ဘူး) ထားပါတော့။
သူနဲ့ ကိုက်ညီမယ့် လမ်းကြောင်းကို ရွေးနိုင်တယ်။ သူ သာမန်လူပဲ ဖြစ်ချင်တယ်ဆိုတာကို သိပြီး သာမန်အလုပ်ကိုပဲ ရအောင်လုပ်တယ်။ သူ့လို သာမန်တွေးနဲ့ ယောက်ျားကိုပဲ ယူတယ်။ သူ့ တခြား မိန်းမဇာတ်ကောင်တွေလို အပေါ်ယံ ကျွတ်ဆတ်ဆတ် အတွင်း အိစိစိ မဟုတ်ဘူး။ အဲဒီ ကာရိုက်တာပဲ မြင်တော့ ဂျူး ဝတ္ထုတွေထဲက ကြိုက်မိတဲ့ မိန်းမဇာတ်ကောင် လို့ ခေါင်းစဉ်တပ်ပြီး ပြောကြတဲ့အခါ အဲဒီတယောက်ကို ခက်ခက်ခဲခဲ ရွေးထားရတာ။ ဒါတောင် ချက်ချင်း ရွေးနိုင်တာ မဟုတ်ဘူး။
(ကိုယ့်မှာ ဂျူး အထင်ကြီးပေမယ့် သူ့ဇာတ်ကောင်မိန်းမတွေတော့ အဲလိုမဟုတ်ဘူး။ အထင်ကြီးတဲ့ စာရေးဆရာ ရွေးပါဆိုရင်သာ သူ့ မဆိုင်းမတွ ရွေးနိုင်မှာ။ သူ့ဇာတ်ကောင်တွေထဲ ဆိုရင်တော့ အမျိုးသားဖြစ်ဖြစ် အမျိုးသမီးဖြစ်ဖြစ် အတော် စား ပြီ။)
***
ညကတော့ အဲဒီသူငယ်ချင်းနဲ့ ဖုန်းပြောအပြီး တွေးမိတယ်။
သူ့ဇာတ်ကောင်တွေထဲ နုနုမေ ကိုမှ ကြိုက်ပါတယ် လို့ သိရင် သူရည်ရွယ်တာနဲ့ တလွဲဖြစ်လို့ ဂျူး အတော်များ စိတ်ပျက်လေမလားပဲ။ သူပေးချင်တာ တမျိုး။ (သူ ပေးချင်တာကို သိသိကြီးနဲ့တောင်) ကိုယ် ယူချင်ရာ ယူပစ်လိုက်တာက တခြား ဖြစ်နေလို့။
***
ဟုတ်ပါပြီ။
နုနုမေ ကိုမှ မကြိုက်ရဘူးဆိုရင်လည်း လောလောဆယ်တော့ သူ့ဇာတ်ကောင်တွေထဲ ကိုယ် ဘယ်သူ့မှ မကြိုက်သေးဘူး။ ဒါပဲ။
***
("ဘဝက သိပ်ရှည်တာ မဟုတ်ဘူး။ အမြင်ကျယ်နေလည်း အပိုပဲ" လို့ သွားပြောမိလို့ "နင့်လို လူမျိုးကြောင့် ကမ္ဘာမြန်မြန်ပျက်တာ" လို့ အပြောခံရတဲ့အကြောင်းတော့ ထည့်မရေးဘဲ နေမလို့။
တကယ်က ဖုန်းဆက်ပြီး အင်ဒိုနီးရှားကြောင်း လှမ်းမေးတာ။ ဘယ်လိုက ဘယ်လို နုနုမေ ဖြစ်သွားတယ် မသိဘူး)
ဒါပေမဲ့ မှန်တာပြောရင် သစ္စာတဲ့။
မျက်မြင်ကိုယ်တွေ့ ဘယ်လောက်ပဲရှိရှိ ကိုယ် အမွှေးတိုင် လုပ်ငန်းနဲ့တော့ မချမ်းသာချင်ပါဘူး။
***
ကမ္ဘာမြေရဲ့ ချစ်သူ
***
Showing posts with label Nyan Htun. Show all posts
Showing posts with label Nyan Htun. Show all posts
Tuesday, March 29, 2011
Thursday, December 16, 2010
Sweet December! 16th December!

(၁)
အချိန်တချို့ကို လက်ချိုးရေမိတယ်။
'98 မှာ အသက် 18 နှစ်။ 2010 မှာ 30။
12 နှစ်ကြာတဲ့ အချိန်တွေ... ကျန်နေခဲ့ပြီဆိုတော့လည်း ဖျတ်ခနဲပဲ။
ကျောင်းတုန်းကတော့ တတွဲတွဲနေခဲ့တာ မဟုတ်ပါဘူး။ ဒီမှာလည်း တတွဲတွဲ မနေဖြစ်ပါဘူး။ ဒါပေမဲ့ စိတ်ထဲမှာ အနီးဆုံးရှိပါတယ်။ တခုခုဆို ကောင်းတာကြုံကြုံ ဆိုးတာကြုံကြုံ သတိတရတွေးမိ တိုင်ပင်မိ နားညည်းအောင်အနှောင့်အယှက်ပေးမိတတ်တယ်။
ကျောင်းတုန်းကတော့ သူက ဆရာကြီးပေါ့။ စာအမြဲ ရှင်းပြတတ်တယ်။ စာရှင်းလည်း ကောင်းပါတယ်။ (ကောင်းပင်ကောင်းသော်ငြား ဘာမှ မမှတ်မိတော့ဘူး)
ဒီရောက်ပြီး ရည်းစားနဲ့အခြေအတင်ဖြစ်တဲ့ ကိစ္စတခု ပြန်ပြောပြမိတဲ့တခါတုန်းက "နင်က မိန်းကလေးပဲ၊ အလျှော့ပေးလိုက်ပါ" လို့ နောက်သလိုလိုနဲ့ အတည်ပြောဖူးတယ်။ အဲဒီတုန်းက အူကြောင်ကြောင်ဖြစ်ပြီး "အချစ်၏နောက်ဆက်တွဲ..." ထဲက စကားတခွန်းကို ပြေးပြီး သတိရမိသေးတယ်။ အဲလိုကြီးပြောလိမ့်မယ် မထင်ထားတော့ အူတူတူ ဖြစ်သွားရာက"ငါသာ နင့်ညီမဆို နင် ဒီလို ပြောမလား" ဘာလားနဲ့ ထအော်မိတယ်။ "ငါ့ညီမသာဆို နင့်ကို ငါကိုယ်တိုင်တောင် အိမ်တိုင်ရာရောက် လိုက်ပို့လိုက်ဦးမယ်" တဲ့။
"အဲဒီလိုလူတစ်ယောက်နဲ့ ပတ်သတ်တယ်ဆိုရာမှာ တော်တော်ကို သည်းညည်းခံနိုင်မှဖြစ်မှာ .... ရဲ့" လို့ မှတ်လောက်သားလောက်တဲ့ လက်ချာပေးဖူးတယ်။
ဘုရား ဘုရား။ နောက် ဘယ်တော့မှ ယောက်ျားလေးသူငယ်ချင်းတယောက်ကို ဒီအကြောင်းတွေ မပြောတော့ဘူး တွေးမိတယ်။ (ဒါပေမဲ့ မနေနိုင်ပါဘူး)
အဲဒါတွေ ပြောခဲ့ဆိုခဲ့တုန်းက အမှတ်တမဲ့ပါပဲ။ နောက်ပိုင်း ပြန်သတိရနေတတ်တယ်။ သတိရတိုင်းလည်း ရီချင်တယ်။
မနှစ်ကတော့ သူ့မွေးနေ့အပြီးမှာ အတော်ကို စိတ်အခန့်မသင့်စရာတခု ဖြစ်ခဲ့တယ်။ သူပြောတဲ့စကားကို အတော်မကျေမနပ်ဖြစ်ပြီး "ဒီလို လူမျိုးကို ဘာလို့များ ခင်မင်သံယောဇဉ်ရှိနေတာလဲ" လို့ တွေးမိတယ်။ "ဘယ်တော့မှ ဒင်းကို ဂရုမစိုက်တော့ဘူး" တွေးမိတယ်။ ဒါပေမဲ့ ၃/၄ ရက်ရှိတော့ တော်တော် စိတ်ပြေလာပြီ။ christmas ရောက်တော့ နေ့လည်ဘက်မှာ သူများပို့ပေးတဲ့ fwd msg လေး ဖုန်းနဲ့ လှမ်းပို့မိတယ်။
အဲဒီချိန် သူ အလုပ်သစ် ပြောင်းကာစ။ အလုပ်ထဲမှာ ညလုံးပေါက် မအိပ်ရသေး၊ စားတောင် မစားရသေးဘဲ ခုမှ အိမ်ပြန်နေတယ် လို့ reply ပြန်လာတော့ ဖုန်းခေါ်ပြီး "ဘာလို့ မစားတာလဲဟဲ့။ ကေအက်ဖ်စီ မက်ဒေါ်နယ် မှာစားကြပါလား" ပြောမိတယ်။ "သင်္ဘောပေါ်ကို ဘယ် ကေအက်ဖ်စီ မက်ဒေါ်နယ်က လာပို့မှာလဲဟ" လို့ ပြန်ပြောတယ်။ (တချို့သင်္ဘောတွေ ကျွေးပေမယ့် တချို့သင်္ဘောတွေ မကျွေးဘူး။ အဲဒီနေ့ကလည်း ချော့ကလက်တွေ ဘာတွေတော့ ကျွေးထားတယ် ဆိုလား ပြောပါတယ်)။
ကြည့်စမ်း။ နိုင်ငံခြားရောက်နေပြီး၊ ဒေါ်လာတွေလည်း စားနေပြီး၊ သူများထက်လည်း လခတွေများသေး၊ အိမ်တိုင်ရာရောက် မှာစားလို့ရတဲ့ service တွေ ရှိတဲ့နိုင်ငံမှာ...
သူတော်ကောင်းကို ပစ်မှားတာများ... တယ် ကြောက်စရာကောင်း...
တော်တော့်ကို ဝမ်းသာသွားမိတယ်။ တကယ်ပြောတာ။ ငါ့ကို ပြောထားတဲ့ ဒင်း ခုတော့ ထိပြီဆိုပြီး ပျော်လိုက်တာ။ အဲဒါကိုလည်း စိတ်ထဲ မထားဘူး။ ထုတ်ပြောလိုက်သေးတယ်။ "နင် ငါ့ကို တခုခု ပြောပြီးရင် အဲလိုထိတာ ၂ ခါ ရှိပြီ" လို့။
ပထမတခါလည်း အဲလိုပဲ။ ကိုယ့်ကို ပြောချင်တာတွေပြောပြီး သိပ်မကြာဘူး။ သင်္ဘောပေါ်မှာ ညဉ့်နက်တဲ့ထိ အလုပ်ရှုပ်၊ အလုပ်ပြီးတဲ့အချိန် ကမ်းပြန်မယ့်လှေ မမီလိုက်၊ နောက်တခေါက်ကို တနာရီကြာအောင် ပြန်စောင့်ရမယ် လို့ msg ပို့တော့ ဘုရားရှိခိုးနေရက်က ဝမ်းသာအားရနဲ့ "အဲဒါ ငါက ဘာလုပ်ပေးရမှာလဲ၊ နင် မစောင့်နိုင်ရင် ရေကူးလာပေါ့" လို့ ပြန်လိုက်တယ်။ "ငါ ခုထိ ထမင်းမစားရသေးဘူး" ပြောတော့ ဖုန်းကောက်ဆက်ပြီး "ဝမ်းသာလိုက်တာ နင် ငါ့ကို ပြောလို့ ဖြစ်တာ" နဲ့ ဝါးကူထိုးလိုက်မိတယ်။
မကျေမနပ်ဖြစ်တုန်းမှာ "ဒီလို လူမျိုးကို ဘာလို့များ ခင်မင်သံယောဇဉ်ရှိနေတာလဲ" လို့ တွေးမိပေမယ့် စိတ်ပြေသွားတော့လည်း "ဒီလို သူငယ်ချင်းမျိုးကို ဘာဖြစ်လို့များ ဒေါသတကြီး စိတ်ဆိုးမိပါလိမ့်" လို့ တွေးမိတယ်။ "နောက်ဆို သူ ဘာပြောပြော စိတ်မဆိုးဘဲ နေမယ်" လို့ တွေးမိတယ်။ ဒါပေမဲ့ အဲလိုတွေးတာ ဘယ်တော့မှ နောက်ဆုံးအကြိမ်ဖြစ်မှာ မဟုတ်မှန်းလည်း သိပါတယ်။
***
Bishan အိမ်မှာနေတုန်းက အလုပ်နဲ့ အိမ်လည်းဝေး၊ ဘလော့လည်း ဒီလောက် မရေးဖြစ်သေး၊ အိမ်မှာလည်း အိမ်ရှင်ထားခဲ့တဲ့ crt desktop တလုံးရှိတာမို့ ကိုယ်ပိုင် laptop ဝယ်ဖို့ဆိုတာ မစဉ်းစားခဲ့ဘူး။ AJ ကို ပြောင်းမယ့်အချိန်ကျတော့ ဘလော့ရေးတာလည်း နည်းနည်းအရှိန်ရ၊ အိမ်မှာကလည်း အရင်အိမ်လို ကွန်ပျူတာ မရှိတာမို့ ဝယ်ချင်လာတယ်။ အဟောင်းလဲ မဝယ်ချင်၊ လက်ထဲမှာလည်း ကွန်ပျူတာတလုံး ပက်ခနဲ ဝယ်ရလောက်အောင် ပိုက်ဆံမရှိ။ အဲဒီတော့ သူ ဝယ်ပေးမယ် ပြောပြီး၊ ချက်ချင်း မှာပေးတယ်။

အိမ်မပြောင်းခင်လေးတင် laptop တလုံး လက်ထဲရောက်လာပြီး၊ ဘလော့ကို အရှိန်မပျက် ရေးနိုင်သွားတယ် (ဒင်းကြောင့် ဒင်းကြောင့်)
နောက်မှ သူ့ကို ပိုက်ဆံ ဖြည်းဖြည်း ပြန်ပေးတယ်။ တကယ်တော့ laptop ကို မကြိုက်ပါဘူး။ အိမ်ပိုင် မရှိလို့၊ ရှိရင် desktop ပဲ ဝယ်ခိုင်းတယ်။ ဘာပဲဖြစ်ဖြစ် တချိန်မှာ အသစ်လိုချင်လို့ ဝယ်မိရင်တောင် ဒီစက်ကိုတော့ ပြန်မရောင်းဘဲထားမယ်လို့ တွေးမိတယ်။

အဲဒီအချိန်က ကိုယ့်မှာ ကွန်ပျူတာ အသစ်တလုံးဝယ်ဖို့ ပိုက်ဆံ အလုံအလောက် မရှိတာကို ပြန်တွေးလိုက်တိုင်း ကျေနပ်မိတယ်။ ပိုက်ဆံသာရှိရင် သူငယ်ချင်းက ကွန်ပျူတာဝယ်ပေးတယ်ဆိုတဲ့အဖြစ်ဟာ ကိုယ့်အတွက် ရှိလာမှာမဟုတ်ဘူး။ ဒီတော့ ခုလို ကြွားလို့ရမှာ မဟုတ်ဘူး။
အခြေအနေကို စိတ်ကြိုက်ပြန်ရွေးခွင့် ရမယ်ဆိုရင်တောင် လက်ထဲမှာ လိုချင်တာ ဝယ်ဖို့ ပိုက်ဆံရှိတာနဲ့ မရှိတာမှာ အဲဒီအခိုက်အတန့်အတွက် မရှိတာကိုပဲ သေသေချာချာ မလွဲမသွေ ရွေးပါမယ်။
အဲဒီစက် ဝယ်ဖြစ်တာလည်း ဒီလိုချိန်မှာပေါ့။ ဒီဇင်ဘာလကြီး။ သူ မြန်မာပြည် မပြန်ခင်လေးမှာ မှာပေးသွားတာ။ နောက် တပတ်ဆယ်ရက်ရှိတော့ ရောက်လာတယ်။ အဲဒီတုန်းက သူ့မွေးနေ့ဆုတောင်းကို ဘလော့မှာ ဖားပြီး တင်ပေးလိုက်သေးတယ်။ အဲဒါ ပထမဦးဆုံးအကြိမ်။
ဒုတိယအကြိမ်တုန်းကတော့ သူ တင်းသွားသေးတယ်။ ဥ နဲ့ ဉ ခွဲမသိဘူး ပြောမိလို့။ အဲဒီ ပို့စ်ကို အီးမေးလ်နဲ့ ပို့ပေးတော့မှ ဖတ်ပြီး "ငါ မြန်မာစာ အရမ်းတော်တာ" ဘာညာနဲ့ လာလုပ်သွားသေးတယ်။ "နင် ကျောင်းတုန်းက ငါ့ စာအုပ်ထဲမှာ နင့်နာမည်ကို ဉ နဲ့ မပေါင်းဘဲ ဥ နဲ့ ပေါင်းထားတယ်" လို့ ပြန်ငြင်းရသေးတယ်။
ပထမအကြိမ်တုန်းက schedule နဲ့ အချိန်ကိုက်ပြီး တင်ခဲ့တာ။ ဒီနှစ်တော့ ကြိုရေးဖို့ အချိန်မရလို့၊ ရုံးမှာ မအားတဲ့ကြားက မဖြစ်မနေရေးရတယ်။
"မင်္ဂလာ မွေးနေ့ပါ သူငယ်ချင်း"
"နင် တဖြည်းဖြည်း အိုလာပြီနော်"
*********************************************
(၂)
"ရေစက်ဆိုတာ အံ့သြစရာကောင်းသလား" မေးရင် "ကောင်းတာပေါ့" လို့ပဲ မဆိုင်းမတွ ပြန်ဖြေမိမယ်။
"မမြင်ဖူး မတွေ့ဖူးတဲ့ လူတစ်ယောက်ကို သူရေးတဲ့ စာကလေးဖတ်ပြီး နှစ်လိုခင်မင်နိုင်သလား" မေးရင် "ဒါပေါ့" လို့ပဲ ပြန်ဖြေမိမယ်။
သူ ငယ်ငယ်က ရှုပ်ခဲ့တဲ့အကြောင်းလေး ရေးထားတာ ဖတ်ပြီး ကိုယ့်စိတ်ထဲ သဘောတကျနဲ့ နှစ်လိုမိတယ်ဆိုတာ ပြန်တွေးရင် ကိုယ့်ဘာသာတောင် အံ့သြမိသေးတယ်။
(ကိုယ့်အတွေ့အကြုံအရတော့ ရီးစားများတဲ့လူတွေဟာ အတော်နှစ်လိုစရာကောင်းတယ်။ ချွင်းချက်တော့ ရှိမှာပါ။ အုံ့ပုန်းရှုပ်တဲ့ မလည်ရှုပ်တွေကို ဆိုလိုတာ မဟုတ်ပါဘူး။ ပေါ်ပေါ်တင်တင် ပွင့်ပွင့်လင်းလင်းများတဲ့လူတွေကို ပြောတာပါ။ ကိုယ့်အထုပ်လည်း ကိုယ်ဖြေရဲတယ်၊ အဲဒီအတွက် ဘယ်သူ ဘာထင်ထင် (ဘာအတင်းချချ) စိတ်ထဲမထည့်ဘူးဆိုတဲ့ လူတွေက (ကိုယ့်အတွက်) ပိုလို့ နှစ်လိုစရာကောင်းတယ်)
အော့ဖ်လိုင်း နဲ့ အွန်လိုင်းက ကိုယ် ချစ်ခင်နှစ်လိုတဲ့ လူနှစ်ယောက် မွေးနေ့တူနေတာလည်း ကျေနပ်စရာပါ။ (တခါတည်း ပေါင်းရေးလိုက်လို့ ရတာပေါ့)
"မင်္ဂလာ မွေးနေ့ပါ မမ"
"တချိန်ချိန်မှာတော့ မမနဲ့ လူချင်းတွေ့မှာပဲ လို့ စိတ်ထဲ ထင်နေတယ်"
***
Labels:
Birthday Wish,
Friend,
Ma Ma KOM,
Nyan Htun
Saturday, October 24, 2009
တရားချ ခံရခြင်း
ညက သူငယ်ချင်းတစ်ယောက်က အကြာကြီး တရားချတာ ခံလိုက်ရတယ်။
ကိုယ်ရေးကိုယ်တာကိစ္စအတွက်ပါ။ virtual world ကဟာနဲ့ မဆိုင်ပါဘူး။
ပထမ gtalk ကနေ ပြောရာက နောက်တော့ ပြောမရ ဆိုမရ ဖြစ်နေတယ် ထင်လားမသိ။
ဖုန်းခေါ်ပြီး ဆက်ပြောတယ်။
ည 12 နာရီ ကျော်တဲ့ထိ။
ဒါတောင် ငါ နက်ဖန် ရုံးသွားရမယ် ဆိုပြီး ဖြတ်လိုက်လို့။
မဟုတ်ရင် ဆက်ပြောဦးမှာ။
ပြောလိုက်တာတွေကတော့ စုံနေတာပဲ။
များလွန်းတော့လည်း ဟုန်သွားပြီ။
ဘာတဲ့ လျှပ်စစ်နဲ့ ရှော့ခ် ရိုက်လို့ ရတဲ့ဟာကို လည်လှီးဖို့ ကြံစည်နေတယ် ဆိုလား။
မဟုတ်ပါဘူး။ သူ့အလိုလျောက် သက်တမ်းကုန်သွားတာကို စောင့်နေတာပါ ပြောလဲ လက်မခံဘူး။
မျက်နှာကျောက တင်း၊ စကားပြောက ပြတ်တောင်း၊
ဒီကြားထဲ စကားက တတ်တတ်နဲ့ ပြောလိုက်ရင် "တိ" ကနဲ ပြတ်တော့မယ့် အသွားတွေက သုံးတတ်ခဲ့တာ ဆိုတော့ အရေးကြုံမှ "ငါက ကြင်နာတတ်တဲ့သူပါ" သွားပြောတော့ ယုံမယ့်သူ မရှိတော့ဘူး။
(ယုံမယ့်သူ မရှိတော့ဘူး ဆိုတာ... ဘယ်သူ့မှ သွားပြောဖူးလို့ မဟုတ်ဘူး။
ဒီလူတွေကမှ မယုံတာ ကျန်တဲ့ ဘယ်သူကမှ ယုံမှာ မဟုတ်ဘူး လို့ တွက်ကြည့်မိတာ)
အော် စိတ်ထဲမှာ ဘာရှိတယ် ဆိုတာ ဘယ်သူမှ မသိပါဘူး။
"I am just a poor girl. never lucky in the affair like that..." blah blah တွေ ပြောကြည့်တော့လည်း
"လာညည်းပြမနေနဲ့။ နင့် ဘယ်သူမှ မသနားဘူး" လို့ ပြောတယ်။
ခက်တာ...
ဘယ်လိုမှလည်း ကိုယ့်အမြင်ကို အဆိုတင်သွင်းလို့ မရ။ ပယ်ချည်း ချနေတော့တာပဲ။
နင့်ဟာနင် ငဲ့တာတွေက များနေတာ... တို့
ပါးပါးလေးနဲ့ ချည်ထားတာ... တို့
အမယ်.. အနုပညာနဲ့ တော်တော် ဝေးတဲ့သူ မို့ပဲ။ မှတ်တောင်ထားရဦးမယ်။ ဝတ္ထုထဲ ပြန်သုံးဖို့။
ဘယ်တုန်းတည်းက ပြောချင်နေတယ် မသိဘူး။
ကိုယ့် Personal Affair သက်သက်ပါ။
စကားလဲ မစပ်ပါဘူး။ တကယ်တော့ စကားလဲ စပ်စရာ မလိုပါဘူး။
ကမ်းပါးပြိုတယ်ဟေ့ ပြောရာကနေ နွားမပေါင်ကျိုးတာ ရောက်ချင်ရောက်မှာပဲ။
သူ့ဘာသာ ကိုယ့် ဖြစ်စဉ်တွေကို မသင်္ကာရာကနေ ဟိုမေးဒီမေးနဲ့ နောက်ဆုံးမှာ ပြောစရာ ရသွားတော့တာပဲ။ ဘယ်လို သဘောထားလဲ ပြောရရင်တော့ သူငယ်ချင်းမို့ ချစ်တဲ့ မျက်စေ့နဲ့ ကြည့်တော့ ဘာတွေပဲ လာပြောပြော ချစ်ပါတယ်။
(အဲလိုတွေ ထည့်ထည့်ရေးနေတာ သူ့ရီးစားတော့ ကျေနပ်ရဲ့လား မသိဘူး။)
ကျေးဇူးလည်း တင်ပါတယ် လို့ ပြောချင်ပေမယ့် အဲဒီစကား သိပ်မမိုက်ပါဘူး။
ဒါပေမဲ့ "My main point is I want you to be a Straight person" လို့ ပြောတော့ အဲဒါ ကိုယ့်ကို နှက်ထားမှန်း သိရက်သားနဲ့ ကျေနပ်နေတာပါပဲ။
အမြင်မတူတာကတော့ တပိုင်းပေါ့။
You are saying, "I'm so pity the fish so I hit its head and let it die." ဆိုတာ ပါသေးတယ်။
ဗမာလိုရော၊ ဘိုလိုရော စုံနေတာပါ့ပဲ။
အရင်ကတော့ soup လုပ်ပြီးရင် အိုးလိုက်ချပြီး သောက်နေကျ။
ပန်းကန်လုံးတစ်လုံး ဆေးရသက်သာ နည်းလား ဆိုပြီ။
နောက် အဲလို အိုးစွပ်ခွက်စွပ် မစားတော့ပါဘူး။
နောက်ကျမှ အိပ်ရာဝင်ဖြစ်ပြီး တော်တော်နဲ့ အိပ်မပျော်ဘူး။
သူပြောတာတွေ ပြန်စဉ်းစားမိပြီး...
အဲလို ထင်ရင် မှားသွားမှာပေါ့။
အိပ်လိုက်တာ တချိုးတည်းပဲ။ ၇ နာရီ ခွဲခါနီးမှ နိုးတယ်။
ရုံးကို ၁ဝ မိနစ်နီးပါး နောက်ကျပြီးမှ ဝင်တယ်။
***
ကံများ ဆိုးချင်တော့ နောက်ကျကာမှ MD က အပေါက်ဝမှာ ရပ်နေတယ်။
ပိုပြီး ကံဆိုးချင်တော့ သူနဲ့ကိုယ် အင်္ကျီ အရောင်က ဆင်တူနေသေး။
ခုတလော လုပ်သမျှတွေကလည်း အဆီအငေါ်မတည့် တော်တော်ဖြစ်နေတယ်။
ကိုယ်ရေးကိုယ်တာ affair တွေက သိပ်အဆင်မပြေရတဲ့ထဲ... ရှိတဲ့ သူငယ်ချင်းလေး နှစ်ယောက်နဲ့ တပိုင်းက ကိုယ့်ဘက်က မဟုတ်ဘူး။ ငါ့ကိုများ မိစ္ဆာမကြီး ထင်နေကြလား သွားမေးရင်လဲ မေးတော့မှ ပြောစရာ စကားလုံး အသစ်ရသွားဦးမယ်။ ကိုယ့်ရှူးကိုယ်ပတ်...
ကိုယ်ရေးကိုယ်တာ အဆင်မပြေလို့ ကိုယ်မရေးကိုယ်မတာ တာတွေ မနေနိုင် မထိုင်နိုင် လုပ်တော့လည်း တရားစွဲ မခံရတာပဲ တော်ဦးမယ်။ တကယ်တော့ ကိုယ် အာရုံများလို့ ရတဲ့သူ မဟုတ်ဘူး။ အဲဒီအချိန်မျိုးမှာ အမြဲတမ်း လွဲတတ်တယ်။ ဒါပေမဲ့ ဘယ်လို အငြိမ်မနေနိုင်တဲ့ ဇာတာလဲ မသိဘူး။
ပုံမှန်အားဖြင့်တော့ ကိုယ်ရေးကိုယ်တာကို ဝေဖန်ခံရရင် မကြိုက်ပါဘူး။
ဒါပေမဲ့ ချွင်းချက်တွေတော့ ရှိပါတယ်။
နည်းနည်းပါးပါးပဲ ရှိတဲ့ ချစ်တဲ့ သူငယ်ချင်းတွေက ချွင်းချက်ပေါ့။
တကယ်ဆို အဲဒီ ညနေမှာ online ကြောင့် စိတ်အနှောက်အယှက် ဖြစ်နေခဲ့တာ။
ဒီကြားထဲ ညကျ မမျှော်လင့်ဘဲ အပြောခံလိုက်ရပေမယ့် စိတ်တော့ မဆိုးပါဘူး။
စိတ်မကောင်းတော့ ဖြစ်မိတယ်။
ငါ့ကို နားမလည်ပါလား လို့။
***
ခု Tina Arena ရဲ့ I wanna know what love is... အပြန်ပြန် နားထောင်မိတယ်။
ကြားဖူးတယ် မဟုတ်လား။
"တားဆီးလို့ မရနိုင်တာ အချစ်၊ ကစားဖူးသလား ထိုးစစ်၊ အားလုံးနဲ့ ရှင်းရန် အဆင်သင့်၊ နောက်မဆုတ်နဲ့ ဆက်ချစ်..." ဆိုတာ ဇော်ဝင်းထွဋ် ဆိုခဲ့တဲ့ သီချင်း။
***
လောကကြီးကို စိတ်ကုန်တယ်။
shopping ထွက်လိုက်ဦးမယ်။
***
သူငယ်ချင်းကိုတော့ ချစ်ပါတယ်။
ဒါပေမဲ့ သူအဲလိုပြောတော့ ဝမ်းနည်းတာပဲ။

Tuesday, December 16, 2008
Birthday Song for My Dear Friend, Nyan Htun!
ချစ်သူငယ်ချင်း ဉာဏ်ထွန်းရဲ့ မွေးနေ့ အတွက် အမှတ်တရ
Happy Birthday My Friend!!!
Sweet 28!
Sweet December!
16th December 2008 (Tuesday)
စကားလုံးတွေ သိပ်မရှိပါဘူး
လခတွေ ခုထက် ပိုပို ကောင်းပါစေသောဝ်
ကြွေနေတဲ့ ကောင်မလေးလည်း မြန်မြန်ရစေသောဝ်
________________________________________________________________
16th Dec က ကြားရက်ကြီးမို့ ဒီ post ကို တနင်္ဂနွေ အားတုန်း နှစ်ရက် ကြို ရိုက်ရတယ်
ကျွန်မက post ရေးပေမယ့် သူက ဖတ်ချင်မှ ဖတ်နိုင်မှာ
ဒီနေ့ပဲ မနက်စောစော လေယာဉ်နဲ့ ပြည်တော်ဝင် သွားလေရဲ့
၁ လခွဲတောင် ပြန်နှပ်နေမယ် ဆိုပဲ
နက်ဖန် ရုံးတက်ရမယ်
ခု 11:48 PM
ဒါပေမယ့်
*အခက်အခဲတွေ ကူညီခဲ့
*စိတ်ညစ်ရင် အားပေးခဲ့
*မသိနားမလည်သမျှ ရှင်းပြခဲ့
*ပြဿနာတွေ (ကြားဝင်လို့ မရခဲ့လည်း) ပြေရာပြေကြောင်း ပြောပေးခဲ့
(အခွင့်အရေးရတုန်း ငါ့ကိုပဲ ဖိ အပြစ်တင်ပြီး သာသာနဲ့ နာနာနှက်ခဲ့တာတွေတော့ တမင် ချန်ထားလိုက်တယ်...ဟင်းဟင်း<< အဲဒီ ဟင်းဟင်း ဆိုတာကို သိတယ်မို့လား)
အဲဒီလို သူငယ်ချင်းအတွက် တရက်တလေ အိပ်ရေးပျက်လည်း ပျက်ပါစေတော့လေ
နင်တင်စေချင်တဲ့ post ကို နောက်တပတ် တင်ပေးမယ်
ကတိ ကတိ
Labels:
Birthday Wish,
Friend,
Nyan Htun
Subscribe to:
Posts (Atom)