Sunday, August 21, 2011
စိတ်ကူးများနဲ့ ကျွန်မ
စိတ်ကူးများနဲ့ ကျွန်မ (ဆို - Sweety, ရေး - ကိုအောင်)
ကျွန်မရဲ့ ရင်ခုန်သံတွေကို ရှင်က ကြားမှ ကြားရဲ့လား
ကျွန်မ ချစ်နေတာတွေကိုလေ ရှင်က မသိသလိုပါ
ဒီ မျက်ဝန်းများနဲ့ ရှင် ပြုစားထားတော့
အို ရှက်သွေးလေးများ ဖြာ
ညအိပ်ရာဝင်ရင် ရှင် မာယာတွေနဲ့ အိပ်မက်ထဲကိုလာ
ကျွန်မ ဖြစ်ချင်တာတွေကိုလေ ရှင်က ပေးနိုင်မလား
ဒီ နှောင်ကြိုးများနဲ့ ရှင် ဖန်ဆင်းထားတဲ့
အို အိပ်မက်ထဲက ကျွန်မ
ချစ်လား ဒီလို မေးခွန်းလေးတွေ ဖြေစမ်းပါ
ချစ်လား ယုံကြည်ခြင်းနဲ့ ပန်းတွေ ပွင့်ဆဲပါ
ဒီ စိတ်ကူးများနဲ့ အတူ မျှော်လင့်ထားတဲ့
အို ရှင်နဲ့ ကျွန်မရဲ့ ဘဝ
***
Sweety (ပြန်ဆုံမယ့်ညနေ အတွဲခွေထဲက အဆိုတော်) ရဲ့ တကိုယ်တော်အခွေက သီချင်း။
series title ကလည်း အဲဒီသီချင်းပဲ။ ပြောသာပြောနေတယ်။ အဲဒီနှစ်ခွေလုံး သေချာမသိဘူး။ အဲဒီအချိန်မှာ သီချင်းတွေကို အာရုံမရောက်တော့ သေချာနားမထောင်တော့ဘူး။ ဟိုကကြား ဒီကကြားနဲ့ သိနေ ကြားဖူးနေရုံလောက်ပဲ။
အဲဒီ သီချင်းလေးတော့ သူ့တကိုယ်တော်အခွေ ထွက်စ city FM မှာ ခဏခဏ လွှင့်တာ ကြားဖူးနေတယ်၊ နောက် mrtv မှာလား mwd မှာလားလည်း လွှင့်တာ ကြုံဖူးတယ်။ လိုချင်နေတာ ကြာလှပြီ။ tv မှာတော့ တေးရေးကို ထူးအိမ်သင် လို့ ရေးထားသလားလို့ပဲ။ ခုတော့ ကိုအောင်လို့ ရေးထားတယ်။ ကြယ်တွေစုံတဲ့ ည ကို ရေးတဲ့ ကိုအောင်။ အဲဒါ ထူးအိမ်သင် ညီများလား မသိ။
အမျိုးသားတေးရေးဆရာများ မိန်းမနောက်ပိုးသီချင်းရေးရင် အတော်ပီပြင်တာပဲ။ အငဲ လည်း တူတူပဲ။
(( အေးမြတ်သူလည်း ကြည့်ရင်း ကြည့်ရင်း အတော်ကို လှလာတယ်။
သူ့မှာ လှတာအပြင် ချစ်ခင်နှစ်လိုစရာ မြူးမြူးကြွကြွနဲ့ ဆွဲဆောင်နိုင်တဲ့ ဓါတ်ခံရှိတယ်။ ခိုင်သင်းကြည် တို့လို။ အဲဒါ လှတိုင်း မိုက်တိုင်းလည်း မရှိဘူး။ နန္ဒာလှိုင်ဆို တော်တော်လှတယ် ဆိုနိုင်ပေမယ့် အဲဒီဓါတ်ခံမျိုးမရှိဘူး ထင်တာပဲ။ မကြိုက်လို့လည်း ဖြစ်နိုင်ပါတယ်။ သီချင်းကြောင်းက ဘယ်ရောက်သွားတယ်မသိ။ (ဤကား စကားချပ်) ))
***
Friday, August 19, 2011
ပန်းကြာဝတ်မှုန် - ခင်ခင်ထူး
ပန်းကြာဝတ်မှုန် - ခင်ခင်ထူး
ဆရာမရဲ့ အရင် အညာဝတ္ထုတွေကို သေချာ ဖတ်ထားဖူးပြီး၊ ဒီစာအုပ်မှာ စာရေးဆရာ နာမည်သာ ထည့်မရေးထားဘူးဆိုရင်တော့ ဆရာမရေးထားတာလို့ ထင်စရာမရှိလောက်တဲ့ ဝတ္ထုမျိုးပါပဲ။ အညာဓလေ့ ရွာဓလေ့ရေးတုန်းကနဲ့ အကြောင်းအရာရော၊ အရေးအသားပါ ကွဲပြားတယ်လို့ ခံစားမိတယ်။
'80 ပတ်ဝန်းကျင် မန္တလေးဒေသကောလိပ်ကာလတွေ အကြောင်းကတော့ (အဓိက ဇာတ်ကောင်နှစ်ယောက်ရဲ့ ပတ်သတ်မှုကိုတော့ သွယ်ဝိုက်ကွေ့ပတ်ရေးထားတဲ့တိုင်အောင်) သွက်လက်ပွင့်လင်းပြီး စွဲမက်စရာပါပဲ။ မြင်းခြံသူ မြင်းခြံသားတစ်စုကို အဓိက ထားပြီး တခြား မန်းလေးနယ်တဝိုက်က ကျောင်းသား/သူ တက္ကသိုလ်တက်ဖက်တွေအကြောင်း ရေးထားတာ တကယ်ကျင်လည်ခဲ့ရတဲ့ အညာသူ စာရေးဆရာမမျိုးသာ တတ်နိုင်မယ့် ကိစ္စပါပဲ။ အဓိကဇာတ်ကောင် သီရိမေရဲ့ စိတ်နှလုံးကို ရေးသွားတာ အထူးသဖြင့် သဘောကျမိတယ်။
'90 ပတ်ဝန်းကျင် သီရိမေ ကျောင်းပြီးလို့ ဇာတ်လမ်း တဆစ်ချိုးကတော့ အတော် လေးပင်တယ်။ ဇာတ်သိမ်းခါနီးမှာတော့ တခါပြန် ဆွဲဆောင်ပြန်တယ်။
ဒီဝတ္ထုက ဆရာမတကယ် ကျင်လည်ခဲ့ဖူးတဲ့ အညာတက္ကသိုလ်ဝန်းကျင်အကြောင်း ဆိုတာအပြင် အချစ်ဇာတ်လမ်းကလည်း တကယ့်ဇာတ်လမ်းကို အခြေခံရေးတယ်လို့ ဆိုတယ်။ လွန်ခဲ့တဲ့ 10 နှစ်ကျော်လောက်ကသာ ဖတ်ရမယ်ဆိုရင် လက်ခံဖို့ ခဲယဉ်းမယ့် အချစ်ဇာတ်လမ်းမျိုးပါပဲ။
'အောင်နဲ့ မေ' ကို အောင် ဗမာပြည်က မထွက်ခင် ပွင့်ပွင့်လင်းလင်း ဖြစ်သွားပြီး၊ နောက် အောင် ဟိုကိုရောက်မှ ဇာတ်လမ်းထဲကအတိုင်း ဆက်သွား၊ မေလည်း ဗမာပြည်မှာ ဇာတ်လမ်းထဲကအတိုင်း ဆက်ဖြစ် ပျက် ပြောင်း လဲ၊ အောင့်ဘက်က အခြေအနေတချို့ ပြောင်းလဲသွားတဲ့အခါကျမှ ဇာတ်လမ်းထဲကအတိုင်း ကျန်တဲ့အပိုင်းတွေ ဒီတိုင်းဆက်သွား။ ဒါဆိုလည်း ဖြစ်တာပဲ။ အောင်နဲ့ မေရဲ့ ပတ်သတ်မှုကို တမင်ကြီး ကွေ့ထားသလို မဖြစ်တော့ဘူးပေါ့ လို့ တွေးမိတယ်။ ကိုယ် ဖြစ်ချင်တာပါ။ "အချစ်၏နောက်ဆက်တွဲ စာမျက်နှာ" တုန်းက ဇာတ်သိမ်းပိုင်းကို ပြောင်းပစ်ချင်ခဲ့မိသလိုမျိုး။
ဖတ်နေတုန်းရော ဖတ်ပြီးသွားတဲ့ထိရော ကျေနပ်နေမိတဲ့ စာတစ်အုပ်ပါပဲ။ အဲဒီခေတ်အခါက အညာတက္ကသိုလ်တစ်ခုအကြောင်း တစိတ်တပိုင်းမှတ်တမ်းဆိုတာနဲ့တင် ဆရာမခင်ခင်ထူး ဒီဝတ္ထုကို ရေးဖြစ်တာ ကျေနပ်စရာကောင်းနေပြီ။
***
စာအုပ်ပြီးတော့ စင်ရော်မောင်မောင်ရဲ့ facebook မှာ 'ပန်းကြာ...' ရိုက်ကွင်းပုံတွေ သွားကြည့်မိတယ်။ သီရိမေ ကို သက်မွန်မြင့် မှန်းသိပေမယ့်၊ အောင် နေရာမှာ ဘယ်သူဆိုတာကို မမှတ်မိတော့ဘူး။ နိုင်းနိုင်း ဆိုတော့ နည်းနည်း စိတ်ညစ်မိတယ်။ အောင် နဲ့ နိုင်းနိုင်းနဲ့ မလိုက်ဘူး။ နန်းညီ က အောင်နဲ့ နိုင်းနိုင်း တူတာရှိတယ်။ အေးအေးသက်သာ မျက်နှာထား လို့ ဆိုပေမယ့် ကိုယ်ကျ မကြိုက်လို့လားမသိ၊ အသက်မပါတဲ့ မျက်နှာထားလို့ပဲ ထင်မိတယ်။
အောင်ရဲ့ နူးညံ့ရှင်သန်တဲ့ စိတ်နှလုံးမျိုး၊ မြန်မာစာပေနဲ့ အနုပညာကို ချစ်ခင်လိုက်စားတဲ့ ဓလေ့စရိုက်မျိုး၊ သူ့ဘဝမှန်ကို လျှို့ဝှက်လွန်းတယ် မဆိုသာပေမယ့် လှစ်ပြရခက်တဲ့ အခြေအနေမျိုးနဲ့ ကိုယ်ပိုင်ဘဝထဲက အရာတော်တော်များများကို လက်ခံသိမ်းဆည်းခဲ့ရတဲ့ မျက်နှာထားမျိုး မြန်မာပြည်က ဘယ် အမျိုးသားသရုပ်ဆောင်ဆီမှာများ ရှိနိုင်မှာပါလိမ့်။
မေ နေရာမှာ သက်မွန်မြင့် ဆိုတာတော့ သိပ် မှန်းမရဘူး။ သူ့ရုပ်ရည်သွင်ပြင်လေးကိုတော့ စပေါ်စကတည်းက ကြိုက်မိတယ်။ သရုပ်ဆောင်ပိုင်းတော့ မကြည့်မိတော့ မသိဘူး။ ရုပ်ရည်ရူပကာအတိအကျက ယေဘုယျအညာသူတွေနဲ့ မတူဘူး ဆိုရင်တောင် သူ့မျက်နှာရဲ့ သွင်ပြင်ရောင်ဝါကတော့ တည်ကြည်ငြိမ်သက်တဲ့ ပျော်ရွှင်ရဲရင့်တတ်တဲ့ မြင်းခြံသူကလေးနဲ့ ကွာခြားမယ် မထင်မိဘူး။
ရိုက်ကွင်းပုံတွေထဲမှာ ကျောင်းသူဘဝ အဝတ်အစားလေးတွေကြည့်ရတာတော့ အတော် သဘောကျမိတယ်။ ဘယ်လိုမှတော့ '80 ပတ်ဝန်းကျင် မန်းလေးမှာ ကျောင်းလာတက်တဲ့ ဆရာမခင်ခင်ထူးတို့ရဲ့ အညာတက္ကသိုလ်ကျောင်းသူ ဝတ်စားဆင်ယဉ်မှုမျိုး ထပ်တူ မဖြစ်နိုင်ပေမယ့် မြန်မာကားတွေအနေနဲ့တော့ အတော်လေး ဂရုစိုက်ဝတ်စားထားမှန်း သိသာတယ်။ အညာပုံစံ ချည်ထည်ထမီကလေးတွေနဲ့။
စင်ရော်မောင်မောင်ကိုတော့ အညာနဲ့ ရှမ်းပြည်ပတ်ဝန်းကျင် ရှုခင်းလှလှ ရိုက်ချက်ကောင်းကောင်း ကြည့်ရမယ်ဆိုတာကလွဲလို့ မလွမ်းလောက်ဘူး ထင်မိတယ်။ တော်ကြာ မဆီမဆိုင် ပေါ်လစီတွေပါ ကောက်ထည့်ချင် ထည့်နေဦးမလားတောင် စိတ်ပူမိတယ်။
***
from facebook -
Me : ညက အပြီး ဖတ်လိုက်တယ်။ အနှစ် 20 ဆိုတာတော့ ဆရာမရယ် တော်တော်ရက်စက်တယ်။ လွန်ခဲ့တဲ့ 10 နှစ်လောက်ကသာ ဖတ်ရရင် လက်ခံနိုင်မှာ မဟုတ်ဘူး။
P: ဘာစာအုပ်
Me: ခင်ခင်ထူး ပန်းကြာဝတ်မှုန် ပေါက်။ 80 ဝန်းကျင် မန်းလေးတက္ကသိုလ်နောက်ခံ ဇာတ်လမ်း။ သူရေးနေကျ အညာဝတ္ထုတွေနဲ့ အတော်ကွဲပြားတယ်။
NN: ပန်းကြာဝတ်မှုံ
Me: စကားမစပ် "လွမ်းမောခဲ့ရသော တက္ကသိုလ်နွေညများ" (THE CLASS) ဖတ်ရတာ အတော်ကြိုက်ပါတယ်။ ကောင်းလည်းကောင်းတယ်။ ဘာမှပြောစရာမရှိ။ တစ်ခုပဲ။ ဇာတ်ကောင်တွေနဲ့ တက္ကသိုလ်ကို ယှဉ်တွဲပြီး မခံစားရဘူး။ သူတို့အကြောင်းဖတ်ရတာ တက္ကသိုလ် ကပ်ပြီး ပါမလာဘူး။
နောက်ပိုင်း ငွေရတုပွဲမှာလည်း တက္ကသိုလ်ကို သူတို့နဲ့ အတူတူ လိုက်မလွမ်းဘူး။ တယောက်ချင်းစီရဲ့ ငယ်ငယ်တုန်းကအတိတ် ဆိုတာလေးတွေတော့ လိုက်လွမ်းလို့ရတယ်။ ခေါင်းစဉ်နဲ့ ဇာတ်ကို ချိတ်ဆက်လို့ကို မရတာ။
ကိုယ်နဲ့မရင်းနှီးတဲ့ တက္ကသိုလ်အသိုင်းအဝိုင်းမို့လို့ ပြောရင် ရပေမယ့်... စာရေးဆရာကလည်း တက္ကသိုလ်ဘဝကိုထက် ဇာတ်ကောင်ကျောင်းသားတွေရဲ့ ဘဝကို အထူးပြုရေးလို့လား မသိဘူး။ စိတ်ထင်တာလည်း ဖြစ်ရင်ဖြစ်မယ်။ တခေါက်လောက် ပြန်ဖတ်ဦးမယ်။ ၂ ဗားရှင်းလုံးကို။
ပန်းကြာဝတ်မှုန် ကတော့ အားလုံးပါတယ်။ တက္ကသိုလ်ရော အဆောင်ရော လူတွေရော ဘဝတွေရော။
ဆရာမခင်ခင်ထူးက သူ့ဝတ္ထုကို 'လွမ်းမောခဲ့ရသော...' လွှမ်းမိုးမှုတွေ ပါတယ် ဆိုလို့...
P: မနှစ်က ဖတ်ပြီးး..မေ့နေ.
AC: မအိမ်ကံ ကော ဘတ်ပြီးပလား ထူးခြားတာပဲ ပန်းကြာ တော့ပိုကြိုက်တယ် ဇာတ်ကတော့ အေးတယ် အောင့် ကိုလဲ အားမရဘူး မင်းသမီးကိုတော့ ပြောမနေနဲ့တော့
NN: မအိမ်ကံ ဖတ်လက်စ.. မိုက်တယ်..မသိတာတွေ များကြီး သိရ.. တော့ဓလေ့ မြန်မာဓလေ့ blah blah blah ပေါ့ဗျာ
AC: တခါတခါ တော မှာ ကလေးတွေ ကို ကျောင်းဆရာ သွားလုပ်ချင်တယ်
Me: မအိမ်ကံကို မဂ္ဂဇင်းမှာပါတုန်းက နဲနဲတော့ ဖတ်မိတယ်။ နောက်တော့ မမျှော်ချင်တာနဲ့ အခန်းဆက် မဖတ်တော့တာ။ ပန်းကြာက အဲဒီအရင်ဟာတွေနဲ့ အတော်ကိုကွဲတယ်။ ဇာတ်ကတော့ အေးသလားမမေးနဲ့ ရေခဲတုံး။ အဲလိုဇာတ်မျိုး တိုက်တိုက်ဆိုင်ဆိုင် ဖတ်ချင်နေတုန်းမှာမို့ အရသာခံလို့ရတာ။
အညာသူတွေကို အညာသူနဲ့တူအောင် ရေးနိုင်တယ်။ စိတ်မှန်းနဲ့ထင်ကြတဲ့ ခေါက်ရိုးကျိုး အညာသူဇာတ်ရုပ်မဟုတ်ဘူး။ အောင့်ကို ဟင်းရည်တိုက်ခိုင်းတဲ့ ဇာတ်ကွက်မျိုးက အဲဒါ (အဲဒီဝတ္ထုထဲက သီရိမေ လို စိတ်နှလုံးမျိုးနဲ့) တကယ့် အညာသူမှ လုပ်နိုင်မယ့် ရေးနိုင်မယ့် အကွက်ပဲ။ BRAVO!
P: ပန်းကြာ ဇာတ်လမ်း နဲနဲ စပေးကြည့်ပါ
Me: မန်းလေးတက္ကသိုလ်မှာ တွေ့ကြတဲ့ မြင်းခြံသူလေးနဲ့ ရှမ်းစော်ဘွားရဲ့ မြေး ယောက်ျားလေး ဇာတ်လမ်းလေ ပေါက်။
AC: တက္ကသိုလ်နောက်ခံ ဝတ္ထုတွေမှာတော့ ဂျီဟောသူ ကိုလဲကြိုက်တာပဲ နောက် ဇဝန ရဲ့ တက္ကသိုလ်ကျောင်းသား သူ့တော့ သိပ်ခံစားလို့ မရ ခေတ်ကွာလို့လား မသိ
AP: အောင် ဆိုတဲ့ နာမည်ဟာ သီးသန့်သူတစ်ယောက် မဟုတ်ပဲ လူတိုင်းက တစွတ်စွတ် ခေါ်နေရင် အင်မတန် မုန်းဖို့ကောင်းတဲ့ နာမည် .. ( ထုံးစံ ဘာမှတော့ မဆိုင်ပါဘူး ... )
ZMS: ဖတ်မယ်ဖတ်မယ်နဲ့ မဖတ်ရသေးတဲ့ စာတစ်အုပ်ပဲ။ ရေကန်သာ ကြာတိုင်းအေးကိုတော့ မှာဖြစ်ပြီး အဲဒါ ကျန်သွားတယ်။ တက္ကသိုလ်နောက်ခံမို့ စိတ်ဝင်စားတာလည်း ပါတယ်။ ကိုယ့်အမြင်တော့ ... “လွမ်းမောရသော....” ခေါင်းစဉ်ထက်စာရင် မူရင်း “The Class" ခေါင်းစဉ်နဲ့ ပိုချိတ်မိတယ် ထင်တာပဲ။ တက္ကသိုလ်အကြောင်းထက် The Class အောက်က ကျောင်းသားတစ်စုရဲ့ ဘ၀ဖြတ်သန်းမှုကို ရေးဖွဲ့ထားတယ်လို့ မြင်မိတယ်။ (I like this comment!)
***
Me: ချစ်သူရေးတဲ့ ကျွန်မရဲ့ ညတွေ ဖတ်တုန်းက ပန်းချီကားတွေအကြောင်း ထည့်သွားတာ ညွှတ်နူးစရာလို့ မထင်မိဘူး (ဂျူးကို အဲဒီကစလို့ ခံစားမှုနဲ့ ကြိုက်မရတော့တာ)။ ခု "ပန်းကြာဝတ်မှုံ" မှာ ကဗျာတွေ ညှပ်ထည့်သွားတော့ ညွှတ်နူးစရာပဲ။ တမူကွဲတဲ့ စာအုပ်။ ခင်ခင်ထူး နောက်တစ်ယောက်လိုလိုပဲ။
AP: ဟုတ်ပ ကြည်အေးတွေလည်း အကုန်... ။ တစ်ခုရှိတာက ပါလ်ကလီးတို့ ဖရီဒါခါလို တို့ထက်စာရင် ကြည်အေးတို့ ဇော်ဂျီတို့က ကိုယ်နဲ့ ပိုရင်းတာပါမယ် .. ၊ ဇော်ဂျီကဗျာမှာတောင် တစ်ပုဒ်ကျန်ခဲ့တယ် ဒုကြိမ်မို့ ပြန်ထည့်ရင်တော့ မသိ .. ။
Me: အဲဒါလည်းတစ်ကြောင်း။ ပြီးတော့ ဇာတ်ကောင်စရိုက်တွေပေါ် ခံစားလို့ ရတာ မရတာလည်း တစ်ကြောင်း (ထင်တယ်)။ အများအားဖြင့် ကဗျာလည်း လျှမ်းဖတ်ပစ်မိတတ်တယ်။
NN: နေသန်ကို မြင်ကပ်ကပ်နဲ့ သဘောကျပြီး.. အောင့်ကိုတော့ ချစ်တယ်
KoBoyz: ကိုယ့်အမြင်နဲ့ ဂျူးအမြင်တွေ တူနေလို့ အဲ့ဝတ္ထု (ချစ်သူရေးတဲ့ ကျွန်မရဲ့ ညတွေ) ကို သဘောကျတာ။
Me: ဝတ္ထုကို ကြိုက်တာ မကြိုက်တာ အမြင်တူတာ မတူတာနဲ့ မဆိုင်ဘူး ကိုဘ။ ဘယ်စာအုပ်မဆို ကိုယ့်အတွက် အဓိကက ဇာတ်ကောင်စရိုက်နဲ့ အဲဒါကို သရုပ်ဖော်ထားတဲ့ အရေးအသား။
KoBoyz: ဟုတ်ဖူး။ ပန်းချီအမြင်ကိုပြောတာ။ ပန်းချီကားတစ်ချပ်ခြင်းစီကို ခံစားမိတာခြင်း ထပ်တူနီးပါး ကျတယ်ပြောတာ။
Me: အင်းလေ အဲဒါကို ပြောတာပဲ။ ပန်းချီမှ၊ ပတ်ဝန်းကျင်မှ၊ တခြားအယူအဆမှမဟုတ်ဘူးလို့ ပြောတာ။ ဘယ်သူပဲ ရေးရေး စာအုပ်တစ်အုပ်ဖတ်ပြီး အဲဒီစာအုပ်ထဲ ပါတဲ့ အယူအဆ အချက်အလက်တွေနဲ့ ပတ်သတ်လို့ အမြင်တူ မတူနဲ့ အဲဒီစာအုပ်ကို စွဲလမ်းတာ မစွဲလမ်းတာနဲ့ မဆိုင်ဘူးလို့ ပြောချင်တာ။
ဇာတ်ကောင်စရိုက်ကို ခံစားလို့မရဘူးဆိုရင် အယူအဆ အချက်အလက်တွေ ကောင်းတယ်လို့ သိလည်း မစွဲတော့ဘူး။ အဲဒါကို ပြောတာ။ ဂျူး နောက်ပိုင်းစာအုပ်တွေ အချက်အလက်တွေ ကောင်းသားပဲ။ ဝတ္ထုလုပ်မရေးဘဲ ဆောင်းပါးသာဆို သိပ်ကြိုက်မှာ။
ND: မှတ်မိသလောက် အသက်ကြီးမှ ဂျူးဝတ်ထုတွေကို တစ်အုပ်မှာ မဖတ်ဖူးဘူး။ ငယ်ငယ်ကတော့ ဖတ်မိမယ်ထင်တယ်။ :D ဆရာမဟောတာတော့ နားထောင်ဖူးပါရဲ့။ ဆရာမခင်ခင်ထူးကို မအိမ်ကံ ထဲမှာ စကားပြောတွေဆိုရင် တဲ့ ဆိုတဲ့နေရာမှာ သဲ့။ ရှိတယ် ဆိုရင် ရှိသယ်။ တ အစား သ ကိုသုံးတော့ ပထမတော့ သတ်ပုံမှားတယ်ထင်နေတာ။ :D
AC: ချစ်သူရေးတဲ့ ကျမ ရဲ့ ည နဲ့ဂျူး ကို စသိတာ အရင်က ဂျူး နာမည်ကြားနေသားပဲ ကောက်ဘတ်ဖို့ ကို စိတ်မပါခဲ့ဘူး ချစ်သူရေးတဲ့ညကျမှ ပထမဆုံး ကိုယ့်ကို ဆွဲဆောင်တာ စာအုပ်အပြင်အဆင် စာရွက် အသား နောက် ပန်းချီကားတွေကိုယ်နဲ့ပိုနီးကပ်လို့လားတော့မသိ ပိုကြိုက်မိတယ် နောက် အနောက်တိုင်းဆန်လို့ကြိုက်တာလဲပါမယ် ဥပမာ အရှေ့ မြို့ ရိုး ကို ကြိုက်သလိုမျိုါ် အဲ့ီး နှစ် အုပ်ကတော့ ဘာသာပြန်မဟုတ်တဲ့ ကိုယ့် အော်တိုင်းမ်းဖေးဘရိတ်စ်တွေပဲ
ညွတ်နူးစရာ ဆိုတာ ရိုမန်တစ် တာ ကိုပြောတာလား။ ဆွတ်ပျံ့ ကြည်နူးတာနဲ့ တူလား။
Me: အဲလိုဆန်ဆန်ပေါ့။ အဓိကကတော့ အဲဒါ ဇာတ်ကောင်တွေကို ခံစားလို့ရလို့ဖြစ်တာ။ ကဗျာကြောင့် ပန်းချီကြောင့် အချက်အလက်ကြောင့်မဟုတ်ဘူး။ ကိုယ့်အတွက် ပြောတာပါ။

Friday, August 12, 2011
လင်္ကာရည်ကျော် စာအုပ်များ
၁) ကြိုးကြာတောင်ပံခတ်သံ
၂) ဒေါက်တာရွှေသွေးနဲ့ မပန်းမှုံ
၃) ချစ်စရာ့အိမ်ကလေး
၎) နေဝင်အိပ်တန်းတက်
လေးခု ဖတ်ပြီးပြီ။ နံပါတ် (၃) ချစ်စရာ့အိမ်ကလေး ကို သဘောအကျဆုံးပါပဲ။
ဝတ္ထုတိုစာအုပ်တွေမှာ "သမားလည်ပြန်" တခုပဲ ဖတ်ဖြစ်ပြီး အဲဒါကို သိပ် သဘောကျပါတယ်။
ဝတ္ထုရှည်တွေအကြောင်းကတော့ တော်တော်ရှည်ရှည်ဝေးဝေး ပြောဖို့လိုလိမ့်မယ်။
သို့သော်လည်း ပျင်းသည့်အတွက်ကြောင့် အတတ်နိုင်ဆုံး အတိုဆုံးနဲ့ လိုရင်းပြောရရင် အကြောင်းအရာတွေက အားလုံး ကောင်းပါတယ်။ ဇာတ်ကောင်တွေကတော့ စာရေးဆရာအလိုကျ ဖန်တီးခံရတယ်လို့ ခံစားရတယ်။ ဥပမာ - မပန်းမှုံ (ဒေါက်တာရွှေသွေးနဲ့ မပန်းမှုံ)။ မေကြာဖြူ (နေဝင်အိပ်တန်းတက်)။ (တချို့ဇာတ်ကောင်များလည်း ထို့အတူ)
ဝတ္ထုရှည်တွေအကြောင်း ပြောရရင် ကြိုက်တယ် မကြိုက်တယ်ကို ယတိပြတ်ပြောမရဘဲ ဘယ်နားမှာတော့ ဘယ်လို၊ (ဘယ်ဇာတ်ကောင်က၊ ဘယ်အကြောင်းအရာက၊ ဘယ်ဇာတ်ကွက်က စသဖြင့်) ခွဲခြားပြောမှသာ ဖြစ်မယ်လို့ ထင်နေမိတယ်။ ယေဘုယျသာ ပြောကြေးဆိုရင်တော့ ဆရာဝန်ဇာတ်လမ်းဝတ္ထုရှည်တွေဟာ ကောင်းပါတယ်။ ဒါပေမဲ့ ဝတ္ထုတိုတွေက ပိုပြီး လိုရင်းရောက် ရင်ထဲရောက်တယ်လို့ ခံစားမိပါတယ်။ အရှည်က တချို့ ဇာတ်ကောင်စရိုက် "သရုပ်ဖော်မှု" များ (ဇာတ်ကောင်စရိုက်သက်သက်ကို မဟုတ်ပါ) ကို ခံစားလို့မရပါ။
နေဝင်အိပ်တန်းတက် ကတော့ ဇာတ်လမ်းသက်သက်အနေနဲ့ ဆွဲဆောင်မှုအနည်းဆုံးပါပဲ။ အဲဒီထဲက အချက်အလက်တွေကိုတော့ သိပ်သဘောကျတာတွေ ရှိပါတယ်။ (ဥပမာ - ဆေးကုမ္ပဏီနဲ့ ဆရာဝန်ကြီးတွေ၊ လူနာတွေရဲ့ တောင်းဆိုမှုနဲ့ ဆရာဝန်တွေရဲ့ အခြေအနေ၊ မီဒီယာများနဲ့ ဆရာဝန်တွေရဲ့ အနေအထား၊ အရှေ့နဲ့ အနောက်ရဲ့ ကျန်းမာရေးလောက ကွာခြားမှု)။
ကိုယ်ကိုယ်တိုင်လည်း ဗမာပြည်ရဲ့ ဆရာဝန်၊ စာရေးဆရာ၊ ကျောင်းဆရာ စသဖြင့်တွေအပေါ်မှာ လူတွေဘက်က မတန်တဆတောင်းဆိုမှုတွေကို မကြိုက်နိုင်တာကြောင့် (အဲဒီအသိုင်းအဝိုင်းတွေရဲ့ လိုအပ်ချက်၊ တာဝန်ပျက်ကွက်မှုများလည်း ရှိတာကို သိသည့်တိုင်) အဲဒီအချက်အလက်တွေ သူ ရေးပြတဲ့အခါ ကြိုက်မိတာ ဖြစ်နိုင်ပါတယ်။
နောက် မီဒီယာနဲ့ ဆေးလောက ကိစ္စတွေမှာဆိုလည်း (အဲဒီ ဆေးလောကအသိုင်းအဝိုင်းတွေရဲ့ လိုအပ်ချက်၊ တာဝန်ပျက်ကွက်မှုများလည်း ရှိတာကို သိသည့်တိုင်) သူ အဲလို ရေးပြတာကို ကြိုက်ပါတယ်။ (တဘက်က ဝတ္တရားပျက်တာ တကဏ္ဍ၊ တဘက်က စည်းမထားဘဲ ဝင်ရောက် မွှေနှောက်တာက တကဏ္ဍ လို့သာ မြင်သည်။)
တခြား (၃) အုပ် နံပါတ် ၁/ ၂/ ၄ လည်း ထိုနည်းနှင်နှင် ခံစားရသည်။
ကြိုးကြာတောင်ပံခတ်သံ ကတော့ စာအုပ်ထွက်ကာစ၊ ဒီလာခါနီးလောက်မှာ ဖတ်ခဲ့ရတော့ မေ့သလောက် ဖြစ်နေပြီ။ တကယ့် အဖြစ်အပျက်ကို အခြေခံတယ်လို့ စာရေးဆရာကိုယ်တိုင်ကလည်း အမှာ မှာ ပြောထားပါတယ်။ တခြားလူများဆီကပါ ကြားဖူးပါတယ်။
အဲဒါနဲ့ ပတ်သတ်လို့ တချို့စာဖတ်သူလူငယ်တွေက စိတ်ကူးယဉ်ဇာတ်လမ်းဆန်တယ်လို့ ပြောကြတယ် ဆိုတဲ့အကြောင်း စာရေးသူရဲ့ တခြားစာအုပ် အမှာစာမှာ ဖတ်ရတယ်။ အဲဒါဟာ တကယ် အပြင်မှာရှိတဲ့ ဆရာဝန်တစ်ယောက်ကို အခြေခံပြီး ရေးထားတာပါ လို့ သူ ပြန်ရှင်းထားပါတယ်။
ဒီနေရာမှာ ကိုယ့်ခံစားမှုနဲ့ ယှဉ်ပြီး ပြောရရင် အဲဒါ အဖြစ်အပျက် အကြောင်းအရာထက် စာရေးတင်ပြပုံကြောင့် စာဖတ်သူရဲ့ ခံစားမှုမှာ အဲလို ထင်ရတာလည်း ဖြစ်နိုင်တယ်။ ဘာလို့ဆို အဲဒါ တကယ့်ဆရာဝန်ကြီးတစ်ယောက်ကို အခြေခံပြီးရေးထားတာမှန်း သိနေတာတောင် ဖတ်တဲ့အချိန်မှာ ဇာတ်ကောင်က သပ်သပ်ပဲ ဖြစ်နေတယ်။
ဒါ့ပြင် လူငယ်တွေအဖို့တော့ (အရေးအသား ဘာညာကို ဖယ်ထားလည်းဘဲ) အဲဒီဇာတ်လမ်းမျိုးက စိတ်ကူးယဉ်သူရဲကောင်းဆန်တယ်လို့ ခံစားရတယ် ဆိုတာ ဖြစ်နိုင်တာပါပဲ။ စာရေးသူတို့ခေတ်နဲ့ ဒီနေ့ခေတ်က နှစ်အားဖြင့် ဘယ်လောက်မှ မကွာလည်း gap ကတော့ တအားကွာနေပြီ။
သူရဲကောင်းတွေ ပေါ်လာတာ ကောင်းပါတယ်။ ဒါပေမဲ့ လူတိုင်းကတော့ သူရဲကောင်းမဖြစ်နိုင်ဘူး။ ကိုယ့်အတိုင်းအဆ ဘယ်လောက်ရှိလဲဆိုတာလည်း နားလည်ဖို့လိုတယ်။ ကိုယ်က သူရဲကောင်းမဖြစ်နိုင်ဘဲ မှိုင်းမိလို့ စိတ်ကူးယဉ်ပြီး လိုက်လုပ်၊ နောက်မှ မနိုင်ရင်ကာတွေဖြစ်လည်း အလကားပဲ။ ကိုယ့်အနေနဲ့တော့ (ဆရာဝန်၊ စာရေးဆရာ၊ ကျောင်းဆရာ) ဘယ်သူ့ကိုမှ သူရဲကောင်းလုပ်ဖို့၊ အနစ်နာခံဖို့ မတောင်းဆိုဘူး။ ကိုယ့်တာဝန်ကိုယ် ကျေပွန်သိတတ်ရင် ရပြီ။ နှစ်ဦးနှစ်ဘက် စည်းရှိဖို့ပဲ။ နွားလည်း ကျေးဇူးရှင်စာရင်းသွင်းပြီး ခုတုံးလုပ်တဲ့ခေတ်ကိုတော့ ချန်ခဲ့ဖို့ကောင်းပြီ။ (ဤကား စကားချပ်)
ဒေါက်တာရွှေသွေးနဲ့ မပန်းမှုံ ထဲက မပန်းမှုံ ကိုလည်း သူ့စရိုက်နဲ့ သူ့အဖြစ်အပျက်က မဆီလျော်သလို ခံစားရတယ်။ အဲဒါမျိုး အပြင်မှာ ရှိနိုင်သည့်တိုင်အောင် ဇာတ်လမ်းအနေနဲ့ကျတော့ တခုခုလိုနေသလိုပါပဲ။ ဆရာက သူ့ဇာတ်ကောင်တွေကို သိပ်အပြစ်ကင်းစေလွန်း အားကြီးတယ်။
ဒါ့ပြင် ကိုယ့်အနေနဲ့ဆို လွန်ခဲ့တဲ့ 10 နှစ်လောက်က ဖတ်ရရင် အဲဒါတွေတင်မကဘဲ ဇာတ်ကောင်နှစ်ယောက်ရဲ့ ဆုံးဖြတ်ချက်ကိုပါ လက်သင့်မခံနိုင် ဖြစ်နေမိမှာ။ ဒါပေမဲ့ ခုချိန်မှာ ဖတ်ရတော့ ဒါမျိုးတွေလည်း ရှိနိုင်တာပဲ လို့ လက်ခံလို့ ရနေပြန်တယ်။ လောကထဲက လုပ်တိုင်း မဖြစ်နိုင်တာတွေ၊ ဖြစ်တိုင်း မလုပ်နိုင်တာတွေပါပဲ။ မောင်တင်ဦး ဒဏ္ဍာရီ ဇာတ်ကားထဲက ဇာတ်ကောင်နှစ်ယောက်ကိုတောင် သတိရမိပါသေးတယ်။ လွန်ခဲ့တဲ့ 10 နှစ်လောက်ကသာ ချစ်စရာ့အိမ်ကလေး ကို ဖတ်ရရင်လည်း ခုလို သဘောကျမိမယ် မဟုတ်ပြန်ဘူး။
နေဝင်အိပ်တန်းတက် ထဲက ဇာတ်ကောင်စရိုက်ကို သရုပ်ဖော်ပုံတွေနဲ့ ဇာတ်သိမ်းခန်းကိုတော့ မကြိုက်လှပါ။ အဲဒီထဲက အပေါ်မှာပြောထားတဲ့ ကြိုက်တဲ့ အချက်အလက်တွေကိုသာ ဖယ်ပစ်လိုက်ရင် ဇာတ်လမ်းချည်းသက်သက်ကတော့ မထိတဲ့အပြင် smtz ရေးတဲ့ ဝတ္ထုတစ်ပုဒ်ကမှ ရေးတေးတေး ရှိသေးတယ်။ =D
ကိုယ့်အနေနဲ့တော့ ဝတ္ထုရှည်တွေထက် အတိုတွေက ပို ထိရောက် ခံစားရတယ်လို့ မြင်မိတယ်။
ဘာပဲဖြစ်ဖြစ် ဒီနေ့ခေတ်အခါမှာ ဆရာလင်္ကာရည်ကျော် ပေါ်လာတာ မင်္ဂလာတစ်ပါးလို့ ခံစားမိတာလည်း အမှန်ပါပဲ။
ယေဘုယျသာ ပြောကြေးဆိုရင်တော့ လင်္ကာရည်ကျော် စာအုပ်တွေကို ကြိုက်ပါတယ်။ ဒါပေမဲ့ အဲဒီစကားလုံးလောက်နဲ့တော့ မပြည့်စုံနိုင်ဘူး။

Labels:
book,
လင်္ကာရည်ကျော်
Tuesday, August 9, 2011
မြ
မြ
အခါတပါး၌
သူမ၏ လက်ဝယ်
ထက် 'မြ' သော မြားတစ်စင်းတည်၏
သို့သော် 'လေး' မရှိ...
ထိုအခါ
ငါ၏ လက်ဝယ်
ချို 'မြ' သော စောင်းတစ်အိုးတည်၏
သို့သော် 'ကြိုး' မရှိ...
(ထူးအိမ်သင်)
အခါတပါး၌
သူမ၏ လက်ဝယ်
ထက် 'မြ' သော မြားတစ်စင်းတည်၏
သို့သော် 'လေး' မရှိ...
ထိုအခါ
ငါ၏ လက်ဝယ်
ချို 'မြ' သော စောင်းတစ်အိုးတည်၏
သို့သော် 'ကြိုး' မရှိ...
(ထူးအိမ်သင်)
Labels:
Htoo Ein Thin,
Poem,
ကဗျာ
Monday, August 8, 2011
ချစ်ခြင်း၏ အနုပညာ (ထူးအိမ်သင် version)
ချစ်ခြင်း၏ အနုပညာ (ထူးအိမ်သင် version)
(နီကိုရဲ - ကျွန်တော် ဖြတ်သန်းခဲ့ဖူးသော မျဉ်းဖြောင့်တစ်ကြောင်း - ထူးအိမ်သင် အမှတ်တရ 'အစိမ်းရင့်ရောင် ရက်စွဲများ' စာအုပ်မှ)
ထိုနှစ်ပိုင်းအတွင်း သူနှင့် ကျွန်တော် ရံဖန်ရံခါဆိုသလို ခပ်စိပ်စိပ်တွေ့ဖြစ်ကြ၏။ တစ်ခါတစ်လေ ကျွန်တော့်ဇနီးကိုခေါ်ကာ သူ့အိမ်သွား တစ်နေကုန် စကားပြောဖြစ်သည်။ ထူးအိမ်သင် ဟု ဖြစ်လာသော သူ့ဘဝဇာတ်ကြောင်းကို ပြောပြတော့ တော်တော်ပင်ပန်းတာကို တွေ့ရ၏။
ငယ်စဉ်က စာဖတ်ဝါသနာပါသော၊ ကဗျာရေးဝါသနာပါသော၊ ဂီတကိုဝါသနာပါသော သူ့ကို လက်မခံဘဲ ဆုံးမထိန်းကွပ်မှုများသော သူ့ဖခင်အပေါ်တွင် သူ သိပ်ကျေနပ်ပုံမရ။ ထိုကြောင့်ပင် လွပ်လပ်မှုနှင့် ဝါသနာနောက်ကိုလိုက်ရန် သူ အိမ်ကထွက်ခွာခဲ့ခြင်း ဖြစ်မည်။
“ဆရာမကြည်အေး ပြောတဲ့စကား သိပ်မှန်တယ်ဗျာ၊ ကလေးဆိုတာ ကိုယ်ပိုင်ပစ္စည်းမဟုတ်ဘူး၊ ကိုယ်က ပြုစုစောင့်ရှောက်ပေးရမယ့် တာဝန်ပဲရှိတယ် ဆိုတာ... ကျွန်တော်တော့
မိကွန်ထောကို ဘယ်တော့မှ မချုပ်ချယ်ဘူး၊ သူလုပ်ချင်တာကို လုပ်ပဲ၊ အန္တရာယ်ရှိနိုင်တဲ့ကိစ္စ ဆိုရင်တော့ နားလည်အောင် ရှင်းပြတယ်၊ သူ လက်ခံအောင် ကြိုးစားတယ်၊ ကျွန်တော်တို့အလုပ်က ဒီလောက်ပဲဗျ”
သူသည် သူ့သမီးနှင့်ပတ်သက်၍ ကြီးမားသော မျှော်လင့်ချက်ကို မထား၊ လှပသော လွပ်လပ်သန့်ရှင်းသော အနာဂတ်ကိုသာထားသူ ဟု ကျွန်တော်ထင်သည်။ တစ်နေ့ ကျွန်တော် မိုးရွာကြီးထဲ ထီးမပါ ဘာမပါဘဲ သူ့အိမ်ကို ရောက်သွားသည်။ သူ အိပ်နေလျှင်လည်း မိုးခိုပြီး ပြန်ဖို့ ဆုံးဖြတ်ထား၏။ သို့သော် သူ အိပ်မနေပါ။ ကျွန်တော့်ပုံကိုကြည့်ကာ ဘယ်လိုဖြစ်လာတာလဲ ဟုဆိုကာ ရယ်သည်။ ကျွန်တော့် အင်္ကျီကိုချွတ်ကာ သူ့အင်္ကျီနှင့်လုံချည်ကို လဲရသည်။ ပြီးတော့ ချမ်းနေသဖြင့် သူသောက်နေသော ဘလက်ကော်ဖီကို ကောက်ကာ သောက်လိုက်သည်။ ခပ်နွေးနွေး ဘလက်ကော်ဖီသည် လည်ချောင်းထဲကို စူးရှစွာ စီးဝင်သွား၏။ ကျွန်တော် တအံ့တသြ မော့ကြည့်တော့ သူက ပြုံးပြသည်။
“ဘလက်လေဘယ်ရောထားတာ။ ချလိုက်၊ နွေးသွားတာပေါ့၊ ခင်ဗျား ဘလက်ကော်ဖီနဲ့ အရက်နဲ့ မသောက်ဖူးဘူးလား”
“ကျွန်တော်ကတော့ ရေနဲ့ပဲ တီးတာ”
“မိသွယ် ဖျော်ပေးလိုက်ပါဟာ။ ကိုရဲဝင်း အချမ်းပြေသွားအောင်”
မသွယ်က ကျွန်တော့်ကို တစ်ခွက်စပ်ကာ ဖျော်ပေးသည်။ အဲဒီနေ့က သူ ကျွန်တော့်ကို စကားအဆန်းတစ်ခု ပြောသည်။
“ကိုရဲဝင်း၊ ခင်ဗျားမှာ ဂျူဂျစ်ဆုတတ်တဲ့ ဆရာအသိတွေ ဘာတွေ မရှိဘူးလား”
“ဟာဗျာ… ကျွန်တော့်ပုံစံနဲ့ အဲဒါတွေနဲ့ ဘာဆိုင်လို့လဲဗျာ”
“မဟုတ်ဘူးလေဗျာ၊ ရုပ်ရှင်အသိုင်းအဝိုင်းနဲ့ ဘာနဲ့ ပတ်သတ်ပြီးတော့လေဗျာ”
“မရှိဘူးဗျ၊ ကိုငှက် ဘာလုပ်မလို့လဲ၊ ဒီအရွယ်ကြီးကျမှ လက်ရုံးအားကိုးစရာတွေ ရှိသေးလို့လား”
“ကျွန်တော့်အတွက်မဟုတ်ဘူး ကိုရဲဝင်းရ၊ မိကွန်ထောအတွက်”
“မိကွန်ထောအတွက်”
ကျွန်တော်သည် အနားမှာကစားနေသော မိကွန်ထောကိုကြည့်ကာ တအံ့တသြမေးမိသည်။
“ဟုတ်တယ်ဗျ၊ ဒီပညာက အနားကို ကပ်လို့မရအောင် ကာကွယ်တဲ့ပညာဗျာ၊ ကျွန်တော့်သမီး ကြီးလာရင် သူက သဘောတူလို့ကတော့ ဘာပဲဖြစ်ဖြစ်ဗျာ၊ သူ့စိတ်ထဲက သဘောမတူတဲ့၊ သူ မနှစ်သက်တဲ့လူက ယောက်ျားဗလအားကိုးနဲ့ သူ့ကို အနိုင်ကျင့်မှာ ကျွန်တော် စိုးရိမ်မိတယ်၊ သူ့ကိုယ်သူ ကာကွယ်နိုင်ဖို့အတွက် ကိုယ်ခံပညာတစ်ခုခု သူ့ကိုသင်ပေးထားချင်တယ်၊ သူ တတ်ထားစေချင်တယ်”
ကျွန်တော် အားရပါးရ အချိန်တော်တော်ကြာအောင်ကို ရယ်မိသည်။ ကျွန်တော်ရယ်သည့်အတွက် သူ ကျွန်တော့်ကို သိပ်ကျေနပ်ပုံမရ၊ ထိုအချိန်တွင် မိကွန်ထောမှာ ငါးနှစ်အရွယ်သာ ရှိသေးသည်။ အရုပ်ကလေးတွေနဲ့ ကစားကောင်းတုန်း။
“ခင်ဗျားက ဘာကိုရယ်တာလဲ”
“ကိုငှက်ရာ မိကွန်ထောက ကလေးရှိပါသေးတယ်၊ မဟုတ်သေးပါဘူးဗျာ”
“ဒီအရွယ်ကစပြီး အခြေခံသင်ထားမှဗျ”
“ကိုငှက်က ကိုယ့်သမီး ကိုယ်ကြည့်ပြီး အတွေးတွေ ဘယ်အထိရောက်သွားတယ်ဆိုတာ ကျွန်တော် နားလည်ပါတယ်၊ ဒါပေမယ့် စောပါသေးတယ်ဗျာ”
ကျွန်တော်ပြောတော့ သူက လေးလေးနက်နက် စဉ်းစားနေသည်။
“မဟုတ်ဘူးဗျာ၊ ကျွန်တော့်သမီးက မိဘတွေအပေါ်မှာပဲ အားကိုးနေတာ မလိုချင်ဘူး၊ ကျွန်တော်တို့လည်း သူ့ကို အချိန်ပြည့် နေရာတိုင်း စောင့်ရှောက်နေနိုင်မှာ မဟုတ်ဘူး။ ဒီတော့ သူ့ကိုယ်သူ ကာကွယ်နိုင်ရမယ်ဗျာ။ ကာကွယ်နိုင်တဲ့ အရည်အချင်းလည်း သူ့မှာ အပြည့်အစုံ ရှိထားရမယ်”
သူက လေးလေးနက်နက်ကို ပြောနေသည်။ ကျွန်တော် မရယ်တော့ဘဲ စဉ်းစားမိ၏။
သူ ဖခင်တစ်ယောက်အနေနှင့် သမီးဖြစ်သူကို စိုးရိမ်သည်။ သို့သော် သူစိုးရိမ်ပုံက သမီးပညာတတ် မဖြစ်မှာ (အတန်းထဲမှာ ပထမတို့ ဘာတို့ မရမှာမျိုးကို ဆိုလိုသည်)၊ သူများဝတ်သလို မဝတ်ရ မစားရမှာ၊ လောကအလယ်မှာ တင့်တင့်တယ်တယ် မနေရမှာ စသည်ဖြင့် သာမန်မိဘတွေ စိတ်ပူသလိုမျိုး ပူခြင်းမဟုတ်၊ သမီးဖြစ်သူ၏ စိတ်လွတ်လပ်ခွင့်ကို အစော်ကားခံရမှာကို ပူခြင်းဖြစ်သည်။ တော်တော်လေး ထူးဆန်းသည်ဟုလည်း ဆိုနိုင်ပါသည်။
“ကိုငှက်ရယ် မိန်းကလေးတွေမှာ ကျွန်တော်တို့သင်မပေးရဘဲ သူတို့ကိုယ်သူတို့ ကာကွယ်တဲ့နည်းတွေကို အလိုလျောက် တတ်ထားတာရှိပါတယ်၊ သိပ်စိတ်ပူမနေပါနဲ့”
ကျွန်တော် နှစ်သိမ့်သည်။ သို့သော် သူ ကျေနပ်ပုံမရ။
“မဟုတ်သေးဘူးဗျ၊ ဒီခေတ်က ဒီလိုမဟုတ်ဘူး၊ မဟုတ်ဘူးဗျာ ခင်ဗျားမှာ မရှိရင်လည်း ကျွန်တော် စုံစမ်းဦးမယ်၊ ကျွန်တော်လည်း အရင်တုန်းက သင်ဖူးတယ်၊ ကျွန်တော်သင်တာက သိုင်းပြောင်းပြန်ဗျ၊ အခုတော့ အားလုံး အဆက်အသွယ်ပြတ်ကုန်ပြီ၊ စုံစမ်းရင်တော့ ရနိုင်ပါတယ်”
ညနေ ခြောက်နာရီလောက်မှာ မိုးက စဲသွားသည်။ မသွယ် စပ်ပေးသော ဘလက်လေဘယ်နှင့် ဘလက်ကော်ဖီလည်း သုံးခွက် ကုန်သွားပြီ။ ကျွန်တော် ပြန်ရန် သူ့ကို နှုတ်ဆက်သည်။ သူက ငုတ်တုတ်ကလေးထိုင်ကာ ဆေးပေါ့လိပ်ကို မီးခိုးတထောင်းထောင်းထအောင် ဖွာရင်း တစ်ခုခုကို စဉ်းစားနေပုံပေါ်သည်။
ကျွန်တော် သူ့အင်္ကျီ သူ့ပုဆိုးကို ဝတ်ကာ ပြန်လာရင်း လမ်းမှာ စဉ်းစားမိသည်။ သူဟာ တော်တော် တစ်ဘက်စွန်းရောက်တာပဲ... ဟု ဖြစ်သည်။ နောက်တော့ ရယ်ချင်သွားသည်။ ငါကရော ဘာထူးလို့လဲ ဆိုသော အတွေးကြောင့်ဖြစ်၏။ ဒါကြောင့် သူနှင့်ကျွန်တော် ခင်နေတာလည်း ဖြစ်နိုင်ပါသည်။

(facebook, Htoo Eain Thin fan club မှ member 'Bob Dota' ကူးတင်ထားသော ပို့စ်မှ တပိုင်းတစကို copy & paste ပြန်လုပ်ထားသည်။)
***
Bob Dota အား ကျေးဇူးအထူး။ ကိုယ့်ဘာသာဆို ပြန်တင်ချင်တောင် စာအုပ်က အနားမှာ မရှိဘူး။

Juu
Sunday, August 7, 2011
နှုတ်ဆက်ခြင်း
နှုတ်ဆက်ခြင်း (ဇော်ဝင်းထွဋ်၊ တေးရေး - ရွှေဂျော်ဂျော်)
မကြာခင်လေးမှာပဲ အဝေးကို သွားတော့မယ်
ဒီအချိန် မင်းကိုကွယ် ငါ နှုတ်ဆက်ခဲ့ပါတယ်
မပြေလည်ခဲ့တာလည်း အို မင်းရင်ထဲ ရှိရင်
ကျေပါ
ကိုယ့်ကို ခွင့်လွှတ်တော့ကွယ်
မလိုချင် ငြင်းပယ်ခဲ့ ဒီမေတ္တာတရားတို့ရယ်
အို ရင်ထဲပြန်ပြီး သိမ်းဆည်းသွားပါမယ်
ငါ ရင်မှာ ကြေကွဲ
အနှောက်အယှက် ဖြစ်ရင်လည်း
ကျေပါ
ကိုယ့်ကို ခွင့်လွှတ်တော့ကွယ်
အိမ်ပြန်ချိန်လေးမှာ ဝမ်းနည်း
နှုတ်ဆက်ခဲ့တယ်
ဒီချိန်မှာ မင်းရဲ့ အပြုံးလေး
ခဏလောက် ရချင်တယ်
မပြေလည်စရာ အကြောင်းတွေ ရှိလည်း
ခဏလောက် မေ့ပစ်ခဲ့
ဟိုအရင်အတိုင်းပဲ
ဘာမှ မပြောင်းလဲ
မင်းရဲ့ အနားက အမြဲတမ်း မိတ်ဆွေကွယ်
ငါတို့ ဝေးလေတဲ့ ဘဝတာ လမ်းမရယ်
တခါတလေတော့ ပြန်ပြီး
သတိရလိုက်ပါကွယ်
ပျော်စရာတွေ ကြုံခဲ့
အတိတ်က အကြောင်းတွေနဲ့
ကျေပါ
ကိုယ့်ကို ခွင့်လွှတ်တော့ကွယ်
Friday, August 5, 2011
Yangon (29th June ~ 22nd July 2011) (Part - 3)
အဝေးက ရွာဦးဘုန်းကြီးကျောင်း
စီးတီးမတ်
ဘယ်ထဲက ဘာဆိုင်မှန်းမသိ
ရန်ကုန်မြို့ထဲ
ရန်ကုန်မြို့ထဲ
ရန်ကုန်မြို့ထဲ
ရန်ကုန်မြို့ထဲ
ရန်ကုန်မြို့ထဲ
ရန်ကုန်မြို့ထဲ
ရန်ကုန်မြို့ထဲ
ရန်ကုန်မြို့ထဲ
ရန်ကုန်မြို့ထဲ
ရန်ကုန်မြို့ထဲ
ရန်ကုန်မြို့ထဲ
ရန်ကုန်မြို့ထဲ
ရန်ကုန်မြို့ထဲ
ရန်ကုန်မြို့ထဲ

လုံးဝ မတို့ထိခဲ့ရ။ ဒီတိုင်းကြည့်ပြီး ပြန်လာရသည်။ !_!
ရန်ကုန်လေဆိပ်
ရန်ကုန်လေဆိပ်***
အမှန်တော့ ဒီနှစ် ပြည်တော်ပြန်ခရီးကို ရေးဖို့စိတ်ကူးမရှိ။ ဟိုရိုက်ဒီရိုက်များ ထုတ်ရှင်းရုံသာ။
***
Labels:
Myanmar,
remembrance,
Trip
Subscribe to:
Posts (Atom)