Friday, October 22, 2010
ဘိုဘိုလန်းစင် နှင့် စစ်ကူများ
facebook က note ကို pdf ပြောင်းထားတာ (၂)
ကိုယ့် ဦးလေးက သူ့အဒေါ်ဆိုင် စောင့်ပေးတာ ဆိုပဲ။ ဟုတ်ရင်လည်း ဟုတ်ပါလိမ့်မယ်။ ဆွေခုနစ်ဆက် မျိုးခုနစ်ဆက် လိုက်ကြည့်ရင် ပြည့်ရှင်မင်းအစ သူဖုန်းစားအဆုံးရှိနိုင်တာ ကိုယ်သိနိုင်တာ မှတ်လို့။ ကိုယ့်ဘာသာတော့ သူတို့ ကြားဖူးရုံရှိတာ... ဒီလို ဆွေကြီးမျိုးကြီးတွေနဲ့ မပတ်သတ်ဖူးပါဘူး ထင်နေမိတာ။
facebook က ကိုယ့် friend list မှာ သူ့လို ဆွေကြီးမျိုးကြီးတွေ လိုက်အဒ် ထားတာလည်း မဟုတ်တော့ မမြင်ရပါဘူး။ ဒါပေမဲ့ ဒီကနေ့ ဘလော့မှာ fb ကနေ အဝင်များနေတာ ပုံမှန်မဟုတ်ဘူးလို့တော့ သိနေတယ်။ ဒါ အသိတယောက်က မေးလ်နဲ့ ပို့ပေးလို့ ဖတ်ရတာပါ။
ကိုဝတုတ်ကိုတော့ ကြောက်လို့ ပြန်မပြောရဲဘဲ သူ့ရမ်းတယ်လို့ ဆိုပါတယ်။
ကိုဝတုတ်ဟာ တိုက်ရိုက်ပြောရမယ့်သူဖြစ်လို့ တိုက်ရိုက် မေးလ်နဲ့ပြောပြီးဆိုတာ ထည့်ရေးခဲ့ပြီးဖြစ်ပါတယ်။ သိချင်ရင် ဘာတွေပြောလဲ ကိုဝတုတ်ကိုသာ တိုက်ရိုက်မေးပေတော့...
ကြောက်မလားဆိုပြီး ဘာမှလည်း မဆိုင်ဘဲ ဆွမ်းကြီးဝင်လောင်းတဲ့ အထာနဲ့ ခြောက်ကြည့်တာ မရတော့ ရမ်းတယ်ဖြစ်ရပြန်ရော။ သူနဲ့လည်း ဖြစ်တာမဟုတ်ဘဲ မနေနိုင်မထိုင်နိုင် ဆွမ်းကြီးဝင်လောင်းတဲ့ စိတ်ဓါတ်ကို ဒီလိုအတိုင်းလေးပဲ ခေါင်းငုံ့ပြီး ခံနေမယ်လို့ ထင်တာများ အံ့တောင်သြယူတယ်။ တကယ်။
သူ့ကြောက်ရအောင် သူ့မှာ လူတွေကြောက်ရမယ့် သေနတ်ရှိလို့လား။
ဒါမှမဟုတ် လေးစားပြီး ကြောက်ရွံ့ရမယ့် ဖြောင့်မတ်တဲ့ ဂုဏ်သိက္ခာရှိလို့လား။
အဲဒါလေးပဲဖြေ။ အဲဒီနှစ်ခုထဲက တစ်ခုခု ရှိအောင်လုပ်။
ဒါမှ လူရှိန်မှာ။
အဘိုးအဘွား ကောင်းမှုနဲ့ လူထု ဆိုတဲ့ နာမည်ရှိရုံ၊ ဘိလပ်မှာ ကျောင်းတက်ရုံနဲ့တော့ (အထင်ကြီးတဲ့လူလည်း ရှိမှာပေါ့လေ) ဘယ်သူကမှ ရှိန်ပြီး ကြောက်သွားမှာ မဟုတ်ဘူး။ မယုံရင် အဲဒီလို ဆွမ်းကြီးဝင်လောင်းတဲ့ နည်းမျိုးနဲ့ ဘယ်သူ့မဆို သွားစမ်းကြည့်ပါလား။ အကုန် ပြန်ပက်တာ ခံရမှာပဲ။ သတ္တိရှိရင် လုပ်ကြည့်လိုက်။
word file နဲ့ ကူးထားတာလေး ဖတ်ပြီးတော့ ဘယ်သူက ဘယ်သူ့ကို ပြန်မပြောရဲလို့ ဘယ်သူ့ရမ်းတယ်ဆိုတာ စဉ်းစားဖို့ပါပဲ။
မှတ်တမ်း သက်သက်ပါ။ လုံးဝ (လုံးဝ) စိတ်မဆိုးပါ။
ကိုယ်ကတော့ လူတယောက်ကို မကျေနပ်တာနဲ့ သူ့အမူအကျင့်မကြိုက်တာနဲ့ အဲဒါလေးကြည့်ပြီး၊ သူနဲ့ပတ်သတ်တဲ့ ဆွေမျိုးတစ်စုလုံး တန်ဖိုးဖြတ်လိုက်တာမျိုး အဓိပ္ပါယ်ရှိတယ် မထင်ပါ။ ဒါကြောင့်မို့ ကိုယ်တောင်မသိတဲ့ ကိုယ့်ဆွေမျိုးထည့်ပြီး စော်ကားမော်ကားပြောလည်း ဘာမှ မဖြစ်။ (သူ့ဘာသာသူ လုပ်ချင်လည်း လုပ်နေမှာပေါ့။ တကယ်သာဆိုရင် အဲဒီလူကဖြင့် လူထုမှာလုပ်ရလို့ ဂုဏ်တောင်ယူနေဦးမလားမသိ။ အမှန်ကတော့ ဘာမှ ထူး ဂုဏ်ယူစရာ မရှိပါဘူး။ လူထုမျိုးဆိုတာလည်း လူပြောသူပြောနဲ့ပဲ သိတာ။ ဘာ ဆိုတာ နောက်ကြုံမှ အပျင်းပြေ စုံစမ်းကြည့်ဦးမယ်။) ဆွေ ၇ ဆက် မျိုး ၇ ဆက်မှာ မြင့်တာရော နိမ့်တာရော အုတ်အရော ကျောက်အရောရော ကိုယ်လည်း အကုန် မသိနိုင်။ ဒီထက်ဆိုးတာတွေလည်း ရှိနိုင်တာပဲ။
(Update: ကိုယ့်အမျိုးထဲက လူထုအမျိုးဆီ ဆိုင်စောင့်လုပ်တယ်ဆိုတာနဲ့ ကိုယ့်မှာ အရှက်မှရပါစေတာ့ သိက္ခာမှကျပါစေတော့လို့ စေတနာထားပုံရပါတယ်။ ဂုဏ်သိက္ခာကျရအောင် လူထုမျိုးဆိုတာ အဆင့်မရှိလို့လား၊ မဟုတ်တာလုပ်နေလို့လား၊ အဲဒီဆိုင်ဆိုတာက လူ့ကျင့်ဝတ်နဲ့ မညီတဲ့ဆိုင်မျိုးဖြစ်နေလို့လား။
သူပြောချင်တဲ့ စကားလည်း သူ့ဘာသာ ဘယ်ရောက်လို့ ရောက်မှန်းသိပုံမပေါ်ဘူး။ ဆိုင်စောင့်တာဟာ ကိုယ့်တို့မျိုးရိုးကို အိုးမဲသုတ်နေတာ မဟုတ်ဘူး။ မျိုးရိုးကို အိုးမဲသုတ်တဲ့လုပ်ရပ်ဆိုတာ ဘာလဲလို့ မသိရင် fb မှာ သူ့ဘာသာတင်ထားတဲ့ Note ကို သူ့ဘာသာပြန်ဖတ်နေဖို့ပဲ ရှိတယ်။ စိတ်ဓါတ်တင် မရှိဘူးထင်တာ။ တကယ်က ဦးနှောက်ပါ မရှိတာကို)
ဒါပေမဲ့ မဆီမဆိုင် ဂျူး ပါ ပါသွားတာတော့ စိတ်အနှောင့်အယှက်ဖြစ်မိတယ်။
သို့သော်လည်း စကားဆိုတာ ပြောတဲ့လူကိုပဲ ပြဋ္ဌာန်းလို့ရတယ်။ အပြောခံရတဲ့လူကို ပြဋ္ဌာန်းလို့မရဘူး ဆိုတာပဲ ပြန်စဉ်းစားလိုက်ပါတယ်။ ကိုယ့်ကိစ္စနဲ့ မဆီမဆိုင်ပါသွားလေတဲ့ ဂျူးအတွက် အဲလိုပဲ ဖြေလိုက်တယ်။
(သူများက သူ့ရေးပို့တဲ့ ပုံစံနဲ့ ရေးထားပေမယ့် တကယ်က သူ့ဘာသာပဲ ရေးထားတာလည်း ဖြစ်နိုင်သေးတယ်)
***
မှတ်တမ်းသက်သက်ပါ။
လူထု မျိုးဆက်ပါဆိုတဲ့ ဘိုဘိုလန်းစင်ရဲ့ ပုံကတော့ တဖြည်းဖြည်း ပေါ်သထက် ပေါ်လာတယ်။ ကိုယ်ကတော့ "နှုတ်ကြမ်းရင် ဘာ ကိုယ်ကြမ်းရင် ဘာ" ဆိုတဲ့ ဆိုရိုးတွေကို လက်ကိုင်သုံးပြီး သားသမီးမကောင်းတာ မိဘပုံချတဲ့ ဗမာတွေရဲ့အကျင့်ကို ကြိုက်သူ လက်ခံသူ မဟုတ်ဘူး။ ဒါ ဗမာတွေ အမြင်ကျဉ်းတာ ပြရာရောက်တဲ့ ဆိုရိုးတွေ လို့ ထင်တယ်။
သူ လုပ်တဲ့ကိစ္စဟာ သူ့ကိစ္စပဲ။ သူ့အမျိုးကိစ္စ မဟုတ်ဘူး။
တခုပဲ ရှိတယ်။
တမျိုးလုံးက တသက်လုံး ထူထောင်လာတဲ့ ဂုဏ်သိက္ခာအောက်မှာ နေဖို့ မထိုက်တန်တဲ့ အမူအကျင့်ရှိသူလို့ပဲ သတ်မှတ်ရမယ် ထင်တယ်။
Sunday, October 17, 2010
ဘိုဘိုလန်းစင် analysis
Nyo said...
I do not surprise his self-righteous words that often seen online in several places.
“အေး အေး ကောင်းတယ် မင်းအဲဒီလို များများပြောပေး မသာဖြစ်သွားပြီး တဲ့ မင်းအဖိုး အဖွားတွေလည်းဂုဏ်တက်တာပေါ့...”
လှိုင်ဘွားမောင် 2010-09-25 10:23
http://www.kaungkin.com/index.php?option=com_content&view=article&id=383:2010-09-23-21-51-11&catid=41:2009-04-17-01-31-28&Itemid=63
October 13, 2010 12:15 PM
***
Rita said...
ဒီနေရာမှာ ဟိုသတ္တဝါကဏ္ဍ ပါလာပြီ။
ကိုယ် လွဲတယ်ထင်ရင် သူ့အနေနဲ့ လွဲတဲ့ အချက်အလက်ကိုပဲ ကိုင်ပြီး ပြောရမယ်။
ခုဟာက ဆွမ်းကြီးဝင်လောင်းချင်တာ သက်သက်။ ဒါ ရင့်သီးတာလို့ ပြောလို့မရဘူး ယူဆမိတယ်။
* လူတယောက်က တခြားလူတယောက်ကို ရင့်သီးနေတာကို ကြားဝင် အားရတာ၊
ခံရတဲ့လူကို ခံသွားရပြီဆိုပြီး လက်ညှိုးထိုး အားရတာ။
* တပါးသူ နှိပ်ကွပ်နေတာကို သူလုပ်နေရတဲ့အတိုင်း ဘေးကနေ ဩဘာပေး အကုသိုလ်ယူတာ၊
သူတပါးနှိပ်ကွပ်ခံရတာကို သူလုပ်လို့ ခံရတဲ့အတိုင်း ဝမ်းမြောက်ဝမ်းသာဖြစ်နေတာ။
* သူ့ထိလို့ တန်ပြန်တာ မဟုတ်ဘဲ သူတပါးကို သိက္ခာမှ ကျပါစေတော့၊ လိပ်ပြာမှ ငယ်ပါစေတော့လို့ ဘေးကနေ ဟေးတိုက်လို့ မောင်းချင်တာ။ အားပေးအားမြှောက်ပြုချင်တာ။
* အဲလိုလုပ်လိုက်ရင် ခံရတဲ့လူက ကြောက်သွားမယ်ထင်ပြီး နှစ်သိမ့်အားရနေတာ။
သူတပါး အကြောက်ကို အရသာခံ ကြည့်ချင်နေတာ။
အဲဒါ ကိုယ့်တွက်တော့ မှတ်တမ်းတင်စရာ အချက်ပဲ။
October 13, 2010 12:57 PM
***
လိုအပ်လို့ comment က အချက်တွေ ပြန် ဆွဲထုတ်လိုက်မယ်။ comment မှာဆို သိပ် မလေးနက်သလိုလဲ ဖြစ်တယ်။ ခုလို post မှာတင်တော့ နောက်ပိုင်း ဖတ်မယ့်သူတွေ မြင်လွယ် တွေ့လွယ်ရှိတယ်။ ပြီးတော့ အရင် post ထဲမှာက ဘယ်သူဆိုတာ ပြောရုံလောက် ပြောမိပြီး စိတ်ဓါတ်နဲ့ သဘောထားကို ဒီလောက် ကွက်ကွက်ကွင်းကွင်း ထည့်မရေးခဲ့မိဘူး။
***
ဒီကိစ္စ ဖြစ်ပြီးပြီးချင်း အဲဒီ သတ္တဝါ ဘာ ဆိုတာကို အရေးတကြီး အတည်ပြုဖို့ လုပ်နေရလို့ ချက်ချင်း post မတင်နိုင်ဘူး။
အဲဒီအချိန် KOM cbox မှာ နဂိုအတိုင်း ဆက် စကားပြောနေတုန်းပဲဆိုတော့ အဲဒီမှာ အတူ စကားပြောတဲ့ထဲက တယောက်က စကားဝိုင်းထဲကို zizawa က link ကို ခဏခဏ လာချတယ်။ ဘာရည်ရွယ်ချက်နဲ့ ဘာဖြစ်စေချင်လို့ လာချတယ် ဆိုတာ အထူး ပြောဖို့မလိုဘူး။ စိတ်ဓါတ်နဲ့ သဘောထား ရည်ရွယ်ချက်က ဟိုသတ္တဝါနဲ့ တူတူပဲ။
ဘာကွာလဲဆိုတော့ကာ...
* အထက်တန်းမအောင်တဲ့ Singapore က work permit သမား၊ အမျိုးအမည် မထင်ရှားတာနဲ့
* ဆေးကျောင်းပြီး၊ ဘိလပ်တက္ကသိုလ်တခုမှာ သမိုင်းသင်၊ (တခုခု မဟုတ်တာ လုပ်မိတော့မယ် ဆိုတာနဲ့ ဂုဏ်သိက္ခာကို ပြန်စောင်းငဲ့ကြည့်သင့်တဲ့) ဆွေမျိုးအကြီးစားထဲက ဖြစ်တာကွာတယ်။
***
ငယ်ငယ်က မဂ္ဂဇင်းတော်တော်များများ ဖတ်ခဲ့မိတာတွေ တချို့လည်း မှတ်မိ၊ တချို့လည်း မမှတ်မိတော့... အကြောင်းတိုက်ဆိုင်မှသာ ပေါ်လာတော့တယ်။
ခုလည်း ပေါ်လာတဲ့ အကြောင်းအရာတစ်ခုပေါ့။
ကိုတာ ရေးသလား၊ မောင်သစ်ဆင်း ရေးသလားတော့ မသိ။
မောင်သစ်ဆင်း "ကလေးတို့ရဲ့ မနက်ဖန်" ဆိုတဲ့ ဆောင်းပါးစုထဲက ဖြစ်ဖို့ ပိုများပါတယ်။
နာမည်၊ နိုင်ငံစတဲ့ အသေးစိတ်တွေ မမှတ်မိတော့ပါဘူး။
ဉာဏ်ရည်ချို့တဲ့တဲ့ ကလေးတွေကို လေ့ကျင့် သင်ကြားပေးရာမှာ အင်မတန်ပါရမီထူးတဲ့ ဆရာမတစ်ယောက် ရှိတယ်။ သူ လေ့ကျင့်သင်ကြားပေးထားတဲ့ ကလေးတွေနဲ့ ပုံမှန်ကျောင်းမှာ ပုံမှန်ဉာဏ်ရည်ရှိတဲ့ ကလေးတွေ မေးခွန်းတူ စာမေးပွဲဖြေဖို့ စီစဉ်ကြတယ်။
သူ့ရဲ့ ဉာဏ်ရည်နိမ့် ကလေးတွေက ပုံမှန်ကျောင်းကို သွားပြီး ဖြေရတယ်။ ကလေးတွေရဲ့ ပြင်ပ သွင်ပြင် ပုံသဏ္ဍာန်နဲ့ အိနြေ္ဒက ပုံမှန်ကလေးတွေနဲ့ သိသာအောင် ခြားနားလွန်းတော့ ဘေးလူတွေမှာ ဒါ မိုက်မဲတဲ့ စတန့်ထွင်မှုသက်သက်လို့ ထင်တဲ့လူက ထင်တယ် ဆိုတယ်။
လိုရင်းပြောရရင်... စာမေးပွဲ စစ်လိုက်ပြီး ရလဒ်တွေ ထွက်လာတဲ့အခါမှာ ဉာဏ်ရည်နိမ့်တဲ့ ကလေးတွေက၊ ပုံမှန်ကလေးတွေကို ဘယ်နေရာမှာမှ မနိမ့်ဘဲ ယှဉ်နိုင်တယ်ဆိုတယ်။ အုပ်စု နှစ်ခုရဲ့ ရလဒ်က တန်းတူညီမျှပဲတဲ့။
ပညာရေးက လူကြီးတွေရော၊ ကလေးမိဘတွေရောက ဆရာမကို တအံ့တသြ ချီးကျူးပြီး "ဒီလို ဉာဏ်ရည်မမီတဲ့ ကလေးတွေကို ပုံမှန် ဉာဏ်ရည်ရှိတဲ့ ကလေးတွေနဲ့ တန်းတူဖြစ်အောင် ဘယ်လိုများ သင်ကြားလေ့ကျင့်ပေးထားတာလဲ" လို့ ဝိုင်းမေးကြတယ်။
အဲဒီမှာ ဆရာမက ပြန်မေးပါတယ်တဲ့။
"ဒီလို ပုံမှန်ကလေးတွေကို ကျွန်မရဲ့ ပုံမှန် မဟုတ်တဲ့ ကလေးတွေနဲ့ တန်းတူဖြစ်သွားအောင် ရှင်တို့ ဘယ်လိုများ သင်ကြားထားတာပါလဲ"
***
အကြောင်းက တိုက်ဆိုင်လွန်းလို့ ပြန်မှတ်မိလာတာကို ချရေးလိုက်တာ။
***
မှတ်ချက်။
ဒီနေရာမှာ အကြောင်းအရာနှစ်ခုကို ယှဉ်ပြောတာမို့ အဲဒီ ဆရာမရဲ့ တန်ပြန်မေးခွန်းကို အသုံးပြုလိုက်တာပါ။ အင်မတန်လည်း ဆီလျော်နေလို့။
ကလေးတွေကိစ္စ သက်သက်ကို ရည်ရွယ်ပြောရမယ်ဆိုရင်တော့ အဲဒီဆရာမရဲ့ မေးခွန်းကို ဆောင်းပါး စဖတ်မိကတည်းက ကိုယ် မနှစ်မြို့ မထောက်ခံပါဘူး။ ဒါကို post မှာ ထည့်မရေးတော့ဘူး။ ဆိုလိုရင်းနဲ့ ရှုပ်ထွေးသွားမှာစိုးလို့။ comment မှာပဲ ချလိုက်မယ်။
ဒါပေမဲ့ ခု ကိုယ် ယှဉ်ပြတဲ့ ကွာခြားတဲ့ အခြေအနေနှစ်ခုက ဆင်းသက်လာတဲ့ အဆင့်အတန်းတူတဲ့ စိတ်ဓါတ် ၂ ခုမှာတော့ သူမေးတဲ့ စကားလုံးဟာ ဆီလျော်သင့်တော်လွန်းလို့ ပြန်သတိရပြီး ချရေးလိုက်တာပါ။
"ဒီလို ပုံမှန်ကလေးတွေကို ကျွန်မရဲ့ ပုံမှန် မဟုတ်တဲ့ ကလေးတွေနဲ့ တန်းတူဖြစ်သွားအောင် ရှင်တို့ ဘယ်လိုများ သင်ကြားထားတာပါလဲ"
***
အဲဒါတွေ ချက်ချင်းရေးဖို့ပဲ။
မအားတာရယ်၊ အားတော့လည်း ပျင်းနေတာရယ်နဲ့ ခုမှ ရေးတင်ဖြစ်တယ်။
နောက် အဲဒီသတ္တဝါရဲ့ နာမည်အရင်းကို မတပ်ချင်ဘူး။ ဒါပေမဲ့ search engine မှာ ရှာရင် တွေ့လွယ်အောင်လို့ ဆိုတဲ့ စေတနာနဲ့ တပ်လိုက်တာ။
***
တွဲဖတ်ရန် post
"ဘီအို ဘီအို ဟု ခေါ်ပါသည်"
http://ritako.blogspot.com/2010/10/blog-post_10.html
***
ထပ်ဆင့်မှတ်ချက်။
သက်ရှိမှန်သမျှ သတ္တဝါ ဖြစ်သည်။
***
facebook link
Sunday, October 10, 2010
ဘီအိုဘီအို ဟု ခေါ်ပါသည်
zizawa 08/10/2010 at 11:06 Reply ကိုယ့်ညီ ပေးတဲ့ အကြံကိုတော့ ကျေးဇူးတင်ပါတယ်ဗျာ။ အိမ်က မိန်းမကလည်း အလားတူပြောဖူးတယ်။ ခုဘလော့နဲ့ ပတ်သက်လို့ မဟုတ်ပါဘူး။ တခြားဘလော့နဲ့ မဆိုင်တဲ့ အကြောင်းအရာနဲ့ပါ။ ပလာတာမစားတဲ့ နွားတွေအတွက်တော့ ဂျူံမစိုက်နဲ့တဲ့။
Bo Bo 08/10/2010 at 12:11 Reply ကျွတ်မုန်းဝင် ဖြစ်နေပါပီး) အလဲ့….. ရှာဖတ်မနေပေမဲ့ ဒီဘလော့မှာ ရေးထားတာတွေ့ရင်တော့ စိတ်ပါရင် ဝင်ပြောမိမယ့် အကြောင်းအရာပါပဲ ဆိုပါလား။
တောနမက အပီးသတ်မှာ ခင်ဗျားကပ်နှိပ်သွားသေးတယ်။ …
ဒီလိုနည်းနဲ့ တုန့်ပြန်တတ်တဲ့သူ (တကယ်ထင်တာ ကျွန်မထက်တောင် အများကြီး ပိုသေးတယ်ထင်တယ်) နောက်ထပ်ရှိသေးတယ်လို့ သိလိုက်ရလို့ ဖြစ်မယ်တဲ့။ ဟီး အဆော်ခံရတာ အနာဂါမ်တည်နေပီထင်တယ် ကျွတ်မှာတော့မဟုတ်ဘူး သရဲအရူးဆိုတာ။
သည်းခံသင့်မှ သည်းခံမည်လို့ ဘန်နာချိတ်မှဗျို့  နင့်ဖကလွှား ချာတူးတွေ ထုံးမမီစံမရတွေက အင်တာနက်ပေါ် လှိမ့်တက်လာလိုက်တာ။ ဒါပေမဲ့ သူ ခင်ဗျားတော့ ကြောက်ရှာပါတယ်။ ဒီလို တွေ့ရာလျှောက်ပွားနေတဲ့ ဈေးနွားကြီးကို ဆုံးမပေးလို့ သောက်မြင်ကပ်နေတာ ကြာပီဖြစ်သော အွန်လိုင်းသပ္ပူရိသများကိုယ်စား ရှဲရှဲပဲး)
***
ကိုယ်သိတာ မမှားဘူးဆိုရင်တော့ အဲဒါ လူထု မျိုးဆက် ပဲ။
ဘာရယ် မဟုတ်ပါဘူး။
သမိုင်းဖြတ်သန်းမှု မပြတ်တဲ့ အသိုင်းအဝိုင်းက မျိုးဆက်တစ်ယောက်ရဲ့ မျိုးရိုးဂုဏ်ကို upgrade လုပ်ထားတဲ့ စကားလုံးလေးတွေကို ကိုယ့် ဘလော့မှာ အမှတ်တရ မှတ်တမ်းတင်ထားလိုက်ချင်လို့။
=)
အလှူရေစက် လက်နဲ့မကွာတဲ့ လူမျိုးလည်း ဖြစ်နိုင်ပါတယ်။
ဆွမ်းကြီးဝင်လောင်းတာ အတော်ဝါသနာပါပုံပဲ။
(နောက်ဆုံးမင်းနေပြည်တော်သားစစ်စစ်မို့ ဘိလပ်ရောက်သည့်တိုင် မြန်မာဆန်လွန်းတာကို ဖျောက်မရတာလည်း ဖြစ်နိုင်တယ်)
သာမန်လူဆိုရင်တော့ ကိုယ်နဲ့လည်း တိုက်ရိုက်ဖြစ်တာ မဟုတ်ဘဲ သူ့ဘာသာ ဘာပြောပြော ဒီဘလော့ပေါ် တင်ချင်မှ တင်မိမယ်။ ဆွေကြီးမျိုးကြီးထဲက လာပြောတာဆိုတော့လည်း သမိုင်းမှတ်တမ်း မပြတ်ရလေအောင် မှတ်တမ်းတင်ထားလိုက်ချင်လို့ပါ။
သူတပါးကိစ္စကို ကြည့်ပြီး၊ ဝင်ပြီး နှစ်ထောင်းအားရတွေ ဖြစ်ပြီး လှိုက်လှိုက်လှဲလှဲ စကားလုံးတွေ ထွက်နေတဲ့ သူ့လိပ်ပြာထဲထိတော့ ကိုယ် ဝင်ကြည့်လို့ မရနိုင်ခဲ့ဘူး။ ဘေးကပဲ ကြည့်ခဲ့မိတယ်။
ပြီးတော့ ထုံးမမီစံမရ ချာတူးလန်သူတစ်ယောက်ကို ရက်ရက်ရောရော မှတ်ချက်ပေးရဲတဲ့ သူ့ရဲ့ ထုံးမီစံရ ဂန္ထဝင်မြောက်တဲ့ စိတ်ဓါတ်အတွက် သူနဲ့ သက်ဆိုင်သူတွေ သက်ရှိတွေရော၊ တမလွန်ကနေရော အပြတ် ဂုဏ်ယူနေမှာပဲလို့ တွေးမိပြန်ပါတယ်။ (အသက်ရှိစဉ်က ဒါမျိုးလုပ်ရပ် မကြုံလိုက်ရတာ ကံကောင်းလှပါရဲ့ဆိုပြီး...)
ဒီနေရာမှာ print screen ဖမ်းထားတဲ့ မူရင်း
***
ကြည့်ရတာတော့ သူ ဒါမျိုးစကားတွေ ပြောထွက်လိုက်တာနဲ့ ကိုယ် ကြောက်ပြီး ငြိမ်ဝပ်သွားမှာပဲလို့ တွေးပြီး ပီတိဖြစ်နေပုံရတယ်။ စကားဆိုတာ ပြောတဲ့သူကိုပဲ ပြဋ္ဌာန်းလို့ရတယ်။ အပြောခံရတဲ့သူကို ပြဋ္ဌာန်းလို့မရဘူး။ ... ဆိုတော့ သူ့ဘာသာသူတောင် မကြောက်မရွံ့ ပြဋ္ဌာန်းရဲ ပြောရဲသေးတာ ကိုယ်က အပြောခံရမှာ ဝင်ကြောက်နေလိမ့်မယ်ထင်ရင်တော့ ထင်တဲ့လူကို တခွန်းပဲ ပြောစရာရှိတယ်။
"လဲသေလိုက်"
ရန်ကို ရန်ချင်း မတုန့်နှင်းနဲ့ ဆိုတာ သဘောပေါက်ပေမယ့် သဘောပေါက်တာက တခြား လိုက်နာနိုင်တာက တခြားမို့ ဒီ post ကို ရေးတင်လိုက်တယ်။ ရေးနေတဲ့ တချိန်လုံးလည်း ပြုံး..... ပြီး ရေးခဲ့တယ်။ (ဖြစ်နေမယ့် ပုံစံကို မြင်ယောင်ပြီး ပြုံးတာ)
ချက်ချင်းလက်ငင်း အချိန်မဆိုင်းဘဲ ရေးထားတာ ဖြစ်ပေမယ့် အတည်ပြုဖို့ အချိန်တခုကို မဖြစ်မနေ စောင့်ရမှာမို့ အတော်ကိုသည်းညည်းခံ စောင့်လိုက်ရသေးလို့ ဒီနေ့မှပဲ တင်ရတယ်။
ထုံးမီစံရတဲ့ ပါးစပ်တစ်ပေါက်က စကားလုံးအကောင်းစားလေးတွေကို မှတ်တမ်းတင်လိုက်နိုင်တဲ့အတွက်တော့ ကျေနပ်စရာပဲ။ ဖြစ်နိုင်ရင် သူ့ ancestor များရှိရာ တမလွန်ထိတောင် ဒီ post ကို စာပို့ပြီး ဖတ်ခိုင်းလိုက်မိချင်သေးတယ်။
=)
***
အဲဒီ blog က အကြောင်းအရာမှာ မူရင်းရေးသူ ဘာပြောလို့ ကိုယ်ဘာပြောချင်တယ်။ ဆိုလိုရင်း ချော်တယ် မချော်တယ် ဆိုတာက ကဏ္ဍတစ်ခုပါပဲ။ အဲဒါကို ကာယကံရှင်နဲ့ ကိုယ်နဲ့ မေးလ်ကနေ ဆက်ဆွေးနွေးထားတယ်။ post က ကွန်မန့်မှာဆို ဆွမ်းကြီးဝင်လောင်းချင်တဲ့ မဟာဗမာတွေက များလွန်းလို့ ဆက်မရေးတာ။ ခုကျမှ ကောက်ကာငင်ခါဆိုသလို မူရင်းစာရေးသူရဲ့ ဆိုလိုရင်းကို အတင်းကြီးကို ဝင်ပြီး နားလည်ပါတယ်ဆိုတဲ့ လူတွေကလည်း များလာလွန်းလို့။
***
ရန်လုပ်တယ် ရမ်းတယ်လည်း မထင်ပါနဲ့။
မကျေမနပ်ဖြစ်တယ်လည်း မထင်ပါနဲ့။
သမိုင်းဖြတ်သန်းမှု မပြတ်တဲ့ အသိုင်းအဝိုင်းကဖြစ်လို့ မှတ်တမ်းတင်တာပါ။
တကယ်ကို ကျေနပ်ပါတယ်။
=)
***
Wednesday, October 6, 2010
ဆူးတွေပါတဲ့ လှည်း

ဆူးတွေပါတဲ့ လှည်း
ဆူးတွေအပြည့်ပါပြီး ခရီးထွက်လာတဲ့
လှည်းကလေး တစ်စီးပါ တဲ့
ဘယ်သူ့လမ်းကိုမှ မတောင်းဘူး
ဘေးဘီမမြင်တဲ့ အရှိန်ကောင်းနဲ့
ကိုယ့်လမ်းကြောင်းပဲ ကိုယ်မောင်းတယ်
ရှေ့တူရှုကို တည့်တည့်ကြည့်
မချိန်ညှိဘဲလည်း ပြေးချင်ပြေးတယ်
ဘယ်သူ့ကိုမှ မချည်နှောင်
သယ်ဆောင်ရာချင်း မတူရင်တော့
လာ မထိနဲ့
ကိုယ့်ပြေးလမ်းပေါ်က မလွတ်တာမှန်သမျှ
မတော်တဆ ရှမိမယ်
မရည်ရွယ်ခဲ့တဲ့အတွက် ဝမ်းနည်းပါတယ်
ကိုယ့်ဒုက္ခ ကိုယ်ရှာလာရင်တော့
သနားတယ် ဆိုတာကလွဲ
ဘာမှလည်း မတတ်နိုင်ဘူး
တခြားကို မချိန်ရွယ်တဲ့
တနိုင်သာသယ်တဲ့ ဆူး
ဒါပေမဲ့
အပိုင်နာအောင်တွယ်မယ့် ဆူး
***
တခုတော့ ရှိပါရဲ့ကွယ်
ဘေးလူကို ထိခိုက်မယ့် ဆူး
ချစ်သူကို ငြိလိုက်မယ့် ဆူး
တူတာတော့ မတူဘူးပေါ့
***
နာမည်တစ်ခု လာပေးတဲ့သူကို ကျေးဇူးပါ။
ပြောတဲ့သူက အပြစ်တင်ပြီး ပြောတာမို့ ဒီလောက် ကဗျာမဆန်ပေမယ့် ချစ်တဲ့မျက်စေ့နဲ့ (ကိုယ့်ကိုယ်ကို ချစ်တဲ့ မျက်စေ့နဲ့) ကြည့်မိတော့ ကဗျာဆန်သွားတာ။
ပြီးတော့ အဲဒီနာမည်ကို သူက ကိုယ့်လာပေးတာပေမယ့်၊ သူပေးတဲ့ နာမည်ကနေ ရေးဖြစ်တာပေမယ့်၊ ကိုယ့်ဘာသာ ပြန်မြင်ယောင်ပြီး ရေးထားတာတော့ မဟုတ်ဘူး။
Tuesday, September 14, 2010
ယဉ်ကျေးမှုဆိုတာ ???
"ကျွန်တော်၏ ဓာတ်ပုံခရီးတွင် ..."
ယခု ရက်ပိုင်းအတွင်း ကျွန်တော်ရိုက်သည့် မြန်မာမော်ဒယ်တဦး၏ ဘီကီနီဓာတ်ပုံများကြောင့် ဆူဆူညံညံ အသံတော်တော်ထွက်သည်။
မေးခွန်းများ
- မြန်မာမိန်းခလေးများ ဘီကီနီဝတ်လျှင် အရှက်မရှိဖြစ်ပြီလော။
- ထိုသို့ ဘီကီနီဝတ်ပြီး ဓာတ်ပုံအရိုက်ခံလျှင် အရှက်မရှိဖြစ်ပြီလော။
အဖြေက ရှင်းသည်။ အရှက်ဆိုသည်မှာ ကိုယ်ကျင့်သိက္ခာနှင့်သာ ဆိုင်သည်။ အဝတ်အစားနှင့် မဆိုင်။ ဆိုင်သည်ဟု ဖင်ပိတ်၍ ငြင်းချင်သူများ ကမ်းခြေတွင် မြန်မာရင်ဖုံး၊ ချိတ်ထမီနှင့်သာ သွား၍ ရေကူးကြပေရော့။
အဆိုပါ ဓာတ်ပုံများကို ကူး၍ ယူ၍ ဖြန့်ကြသည်။ အဆိုပါ ကိစ္စနှင့်ပတ်သတ်၍ မေးကြမြန်းကြသည်။ ဖြေရရှင်းရသည်။
အများစု တူညီကြသည်မှာ -
- သတင်းပေးကြခြင်းဖြစ်သည်။
ကိုဖြိုးရဲ့ဓာတ်ပုံတွေတော့ ဘယ်ဆိုဒ်တွေမှာ ရောက်ကုန်ပြီ စသည်ဖြင့် သတင်းပေးကြခြင်း ဖြစ်သည်။ ကျွန်တော် ထိုဆိုဒ်များကို သိလည်းမသိပါ။ စိတ်လည်း မဝင်စားပါ။ မြန်မာတွေ Sexy ကျသည်ဆိုသည်မှာ ကျွန်တော့်အတွက်ကတော့ မြို့သားတယောက် ရွာထဲမှ ကွမ်းတောင်ကိုင် မြို့စတိုင် ဖမ်းထားရုံလောက်သာ ခံစားရသည်။ မြန်မာလိင်ဗီဒီယို စသည့်များမှာလည်း မှုန်ဝါးဝါးနှင့် သူများအတွင်းရေးများကို အသည်းအသန်စပ်စု၍ ခိုးရိုက်ထားသည်များလောက်သာဖြစ်သည်ဟု ခံစားရသည်။ မိမိသည်လည်း ရှောင်နိုင်သည်မဟုတ်ပါဘဲ ကိုယ်ချင်းစာနာစိတ် မရှိဘဲ သူများအထုပ် လိုက်ဖြေချနေကြသည်များဟုသာ ခံစားရသည်။ ထိုကဲ့သို့ ပြုကြသူများ ကိုယ့်အလှည့် မကြုံရလေအောင်သာ ဆုတောင်းကြပါကုန်။
- သတင်းပေးပြီး သတိထပ်ပေးကြခြင်းဖြစ်သည်။
တချို့လူတွေက ကိုဖြိုးကိုယ်တိုင် ဖြန့်သည်ဟု ထင်ကြရင် မကောင်းဘူးလေဟု သတိပါထပ်ပေးသည်။ အဆိုပါ ကိစ္စမှာလည်း ရှင်းပါသည်။ ကျွန်တော်သာ ဖြန့်ချင်ပါက ထိုပျံ့နှံ့နေသော ပုံများအပြင် များစွာ ကျန်နေသေးသည်။ အဆိုပါပုံများကို ရင်းနှီးသူများပင်လျှင် မတွေ့မမြင်ဖူးကြပေ။ Fine Art Album ကို မှတ်မိကြပေဦးမည်။ အဆိုပါ မော်ဒယ် မည်သူနည်းဟု မေးသူ မနည်းပါ။ မည်သူတဦးတယောက်ကိုမျှ အရိပ်အမြွက်လောက်မျှ ကျွန်တော် မပြောခဲ့ဖူးပေ။ မေးခဲ့ကြသူများ သက်သေခံကြလိမ့်မည်။ ဒါက ကျွန်တော့်၏ ကိုယ်ကျင့်တရားဖြစ်သည်။ ကြီးကြီးကျယ်ကျယ်ပြောရလျှင် ဓာတ်ပုံဆရာ၏ ကျင့်ဝတ်ဖြစ်သည်။
- အကြံဥာဏ်များ ပေးကြသည်။
ဟိုလိုလုပ်ပါလား။ ဒီလိုလုပ်ပါလား စသည်ဖြင့် အကြံကောင်းဉာဏ်ကောင်းများ ကျွန်တော့်အား ကိုယ်ချင်းစာ၍ ပေးကြသည်။ အသုံးဝင်သည်ဖြစ်စေ၊ အသုံးမဝင်သည်ဖြစ်စေ၊ ထိုသူများအား လှိုက်လှဲစွာ ကျေးဇူးတင်ပါသည်။ သူတို့၏ စိတ်၊ အချိန် စသည်တို့အား ကျွန်တော့်အတွက် ဝေမျှပေးခြင်းဖြစ်သဖြင့် လှိုက်လှဲစွာ ကျေးဇူးတင်ပါသည်။
- အူကြောင်ကြောင် မေးခွန်းများ မေးကြသည်။
ခိုးတယ်လို့ ဘာလို့ ပြောနိုင်ရတာလဲ။ ဘယ်သူက ဘယ်လို စ ခိုးသွားတာလဲ။ ယူသွားတာ ဘယ်သူလဲ။ စသည်ဖြင့် အတော့်ကို အူတိအူကြောင်နိုင်သော မေးခွန်းများကို မေးကြသည်။ ဘယ်လိုရယူသွားသည်ဆိုသည်ကတော့ ကျွန်တော်က ပေးလိုက်ခြင်း မဟုတ်သဖြင့် ယူသွားသူအားသာ သွားမေးကြပါကုန်။
ဤနေရာတွင် ကျွန်တော် ဖေ့ဘုတ်ပေါ် ဓာတ်ပုံများတင်ရာတွင် မည်သည့် ကန့်သတ်တားမြစ်ချက်များမှ သတ်မှတ်မထားသည်ကို အသိပေးခဲ့ချင်ပါသည်။
အချို့သူများက Privacy များ ထားရှိပြီး တားမြစ်ကြသည်မှာ သူတို့၏ ခံစားချက်အရသာ ဖြစ်သည်။ ကျွန်တော်နှင့် မဆိုင်။ ကျွန်တော် မသတ်မှတ်ထားရခြင်းမှာ မြန်မာပြည်ဖွားတယောက်က ဒါမျိုးတွေ ဖန်တီးထားသည်ကို မည်သူမဆို လွတ်လပ်စွာ ခံစားနိုင်ရန်ဖြစ်ပါသည်။ ကြိုက်သလိုခံစား၍ ကြိုက်သလို ဝေဖန်နိုင်ပါသည်။ မိုက်မိုက်ရိုင်းရိုင်း ဝေဖန်သမှု ပြုသူများမှာ သူ၏ လိပ်ပြာကို သူ သိပါလိမ့်မည်။
- ရက်ရက်ရောရော မှတ်ချက်များ ပေးကြသည်။
ဟိုဆိုဒ်တွေကို ရောက်နိုင်လောက်အောင် မဝတ်စားထားရင် မရောက်ပါဘူး ဆိုတဲ့ မှတ်ချက်မျိုးကတော့ အတော့်ကို ဆန်းသည်။ ဒီမိုကရေစီ ဒီမိုကရေစီနှင့် လှိမ့်ပိန့်အော်နေကြပြီးကာမှ လူတယောက်၏ ဝတ်စားဆင်ယင်မှုကအစ လိုက်ပြောနေလျှင် ဒီလိုလူမျိုးတွေရဲ့ လက်ထဲ အနာဂတ်တိုင်းပြည် ရောက်မသွားသည်က ပိုကောင်းမည်ဟု အမုန်းခံ ပြောပါရစေ။
ဖန်တီးသူတယောက်က ဖန်တီးချင် ဖန်တီးမည်ဖြစ်ပြီး ခိုးယူသူတယောက်ကလည်း ခိုးချင်ခိုးမည်ဖြစ်သည်။ အကုန်လုံး သူ့ကိစ္စ သူလုပ်နေကြသည်။ မဆိုင်ရာဆွဲထည့်ပြီး မယောင်ရာဆီလူးသည့် မှတ်ချက်မျိုးတွေကို ဖောဖောသီသီပေးတတ်သူများကတော့ သူများအလုပ်ကို အဆင်းဘီးတပ်သူများဟုသာ ခံစားရသည်။
သားပြော၊ မယားပြော ပြောကြသည်။ နှမသားချင်း မစာနာဘဲ မှတ်ချက်ပေးကြသည်။ မအေ နှမ မရှိသူများဟုသာ ထင်မိပါသည်။ ထွေထွေထူးထူး မရှိပါ။ အသိဉာဏ်နည်း၍သော်လည်းကောင်း၊ အသိဉာဏ်လွန်လွန်းသွား၍သော်လည်းကောင်း တခုခုသာ ဖြစ်ပါလိမ့်မည်။ ကပ်သီးကပ်ဖဲ့ပြောရပါလျှင် သူတို့လည်း သူတို့ပါးစပ်နှင့်သူတို့ ငါဘာကောင်ကွဟု ဖော်ကျူးပြနေကြခြင်းလည်း ဖြစ်နိုင်ပါသည်။
- မဆိုင်သလို နေကြသည်။
သူတို့တွေ အေးချမ်းကြပါသည်။
***
ကျွန်တော် ဘာဆက်လုပ်မှာလဲ။
ထွေထွေထူးထူး လုပ်ရန် မရှိပါ။ ဘယ်ခြေဖဝါးက မြေကြီးတွင်နင်းထားလျက်၊ ညာခြေဖဝါးက လှေကားတထစ်တက်လျက် အနေအထားတွင် နောက်တထစ် ထပ်တက်မည်ဆိုပါက အဆိုပါ မြေကြီးအား စွန့်ထားခဲ့ရမည်သာ ဖြစ်သည်။ အဆိုပါ အသိကို သတိပေးခဲ့သော ကျွန်တော့်မိတ်ဆွေ ကိုဝဏ္ဏအား ကျေးဇူးစကားဆိုအပ်ပါသည်။
မှတ်ချက်။
ကျွန်တော် ရှင်သန်နေထိုင်နေပါသည်။ ကျွန်တော် အနုပညာကို ဝါသနာပါသည်။ ကြိုက်လျှင် အားပေးပါ။ မကြိုက်လျှင် အားမပေးရုံပါပဲ။ ဆရာလိုလို ကြောသလို မောသလိုနှင့် ပြောသည်များကိုလည်း ရိပ်မိပါသည်။ စေတနာအရင်းခံ၍ ထောက်ပြဝေဖန်သည်များကိုလည်း ရိပ်မိပါသည်။ လိုအပ်သည်ဟုခံစားရလျှင် ကျွန်တော် ယူသုံးပါမည်။ သုံးချင်သုံးမည် မသုံးချင်လည်း မသုံးဟူသော သဘောဖြစ်ပါသည်။ အဆိုပါအချက်အတွက် သဘောထားကြီးစွာထား၍ စိတ်မခုကြပါကုန်။ ကိုယ့်လမ်း ကိုယ်သွားနေသူများ ဖြစ်ပါသည်။ ကျွန်တော် မည်သူ့ကိုမှ ခွမစီးသလို၊ မည်သူကမျှ လာခွစီးသည်ကိုလည်း မကြိုက်နိုင်ပါ။
လက်တွဲပူးပေါင်းဆောင်ရွက်မည်ဆိုပါလျှင် ကျွန်တော်တတ်နိုင်တာ ကူညီပေးနိုင်ပါသည်။ လက်တွဲပူးပေါင်း ခေါင်းစဉ်တပ်ပြီး လစ်ရင်တွယ်မည်ဟု ကြံထားသူများလည်း သူ၏ သဘောသာရှိပါစေ။
အချုပ်အားဖြင့်ဆိုရလျှင် အဆိုပါ ကိစ္စများအပေါ်တွင် ခံစားမှုကို ကျွန်တော့်ဘက်က ပြီးပါပြီဟု စာတမ်းထိုးပါသည်။ မိတ်ကောင်းဆွေမွန်များ စိတ်ချမ်းမြေ့ကြပါကုန်။ ကိုယ့်လမ်း ကိုယ်သွားကြရုံသာ။
လေးစားစွာဖြင့်
ကိုဖြိုး
***
fb မှာတွေ့တဲ့ NOTE တစ်ခုပါ။
အသုံးပြုခွင့်ပေးလို့ မူရင်းရေးသူကို ကျေးဇူးတင်ပါတယ်။
သူ့ကို မသိပါဘူး။ သူ့ NOTE ကို မတော်တဆ သူများဆီက တဆင့် မြင်တာပါ။
ခုထိလည်း ဒီ NOTE မှာ ပါတဲ့ ဓါတ်ပုံတွေဆိုတာကို မကြည့်မိသေးပါဘူး၊ စိတ်မဝင်စားလို့။
ခဏနေရင်တော့ ကြည့်ချင်ကြည့်မယ်။
ရိုးရာယဉ်ကျေးမှုလို့ ဆိုလိုက်ရင် တော်တော်များများက အဝတ်အစားပဲ ပြေးမြင်ကြတယ် ထင်ပါတယ်။
ကိုယ့်အနေနဲ့ကတော့ မကြိုက်ရင် မလုပ်ရုံပါပဲ။ ကိုယ့်လည်း မထိခိုက်၊ သူများလည်း မထိခိုက်တဲ့ ဝတ်ချင်လို့ ဝတ်၊ ရိုက်ချင်လို့ ရိုက်တဲ့လူတွေကို ဝင်စွက်ဖက်စရာအကြောင်း မရှိပါဘူး။
ယဉ်ကျေးမှုကို အဓိပ္ပါယ်ဖွင့်မပြချင်ပါ။ (မဖွင့်တတ်လို့၊ ပြီးတော့ ပျင်းလို့)
တစ်ခုပဲ မေးစရာရှိပါတယ်။
"ကိုယ့်စံနဲ့ မကိုက်ညီတာ၊ ကိုယ်ဖြစ်စေချင်သလို မဖြစ်တာနဲ့ သူများလွတ်လပ်ခွင့်ကို ထိပါးပုတ်ခတ်တာ၊ စော်ကားမော်ကားပြောတာ၊ ထိခိုက်နစ်နာစေချင်တာဟာ ယဉ်ကျေးမှုဆိုတာပါလား"
***
Monday, September 13, 2010
ပြောချင်လို့ ပြောတာတွေ
Aung Phyoe
"ရေဆန်လမ်း" ဖတ်လို့ပြီးသွားပြီ ။ ဖတ်ရတာတော့ တော်တော်လေးတယ် ။ "နွေတစ်ည" လောက်မကြိုက်ပေမယ့် "မသိန်းရှင့်ဆီ ပို့ပေးပါ" ထက်တော့ ကြိုက်ပါတယ် ... အယူအဆ ရေးရာတွေတော့ နားရှုပ်ပေမယ့် ၊ စာရေးသူရဲ့ တိကျပြတ်သားတဲ့ ရည်ရွယ်ချက်အတွေးအခေါ် ( လုံးဝ ဥသုံ လက်မခံနိုင်သည့်တိုင်) ကို ပြီပြင်အောင်တင်ပြနိုင်တာကို နှစ်သက်မိတယ် ။
(like - me)
တော ကျောင်း ဆရာ
ခေတ်နဲ့ဆိုင်မယ်ပေါ့ဗျာ.. ဆိုကြပါစို့ သခင်ဘသောင်းရဲ့ လောကနိဗ္ဗာန် (The Fall of Titan by Igor Gouzwnk ) ပြန်ထွက်လာတော့ အခုခတ်မှာ ပြန်ဖတ်ရတာ ဖတ်မိတယ်ဆိုရုံပဲရှိတာ။ ဒီလိုပဲ ခြေလေးချောင်းတော်လှန်ရေး( Animal Farm by George Orwell) ပြန်ထွက်လာလည်း ရယ်စရာဝတ္ထုလို့တောင် သဘောထားမိမယ်လေ။
ဟိုခေတ်တုန်းကတော့ သခင်ဘသောင်းက သူ့အကြောင်းနဲ့သူ စိတ်နာ၊ နောက်တော့ ဒီစာအုပ်တွေပြန်၊ အဲ့ခေတ်က စီပီတွေက သူ့ဆိုလည်လှီးပြီး သတ်ချင်စိတ်ဖြစ်၊ အဲသလိုတွေရှိခဲ့ကြတာကိုး။ နိုင်ဝင်းဆွေလည်း အဲသလိုပဲ၊ ရေဆန်လမ်းတို့၊ မသိန်းရှင်တို့၊ နွေတညတို့၊ ဘ၀စာမျက်နှာတို့ အဲတာတာတွေကို ပြန်ထွက်လာလို့ ဒီနေ့အချိန်ခါရောက်မှ ဖတ်ဖူးမယ်ဆို၊ အဲလိုဖတ်ဖူးတဲ့သူတွေအတွက် အနည်းနဲ့အများဆိုသလို ဟာတာဖြစ်သလိုလို၊ ခုနေသလို ခံနေသလို ဖြစ်မှာအသေအချာပါပဲ။
စကားစပ်လို့ပဲဗျာ၊ မှတ်မိသေးတယ်၊ ခုလူငယ်တွေ အရမ်းကြိုက်ကြတဲ့ ဂျူးက ထက်မြက်နဲ့တွေ့တော့ .. အော် ... ရသကလောင်တစ်ချောင်းကို သတ်လိုက်တဲ့သူပါလား ဆိုတာ ပြောခဲ့ဖူးသတဲ့၊ နိုင်ဝင်းဆွေနဲ့ ပတ်သက်လို့ ဂျူးက အဲသလိုပြောခဲ့ဖူးတယ်လို့ နီးစပ်သူတွေဆီက ကြားခဲ့ဖူးတယ် ၊ ဂျူးကောင်းတယ်ဆိုတာက နိုင်ဝင်းဆွေကို မီမှမမီခဲ့တာကိုး (သူ့ခေတ်နဲ့ သူပြောပါတယ်)၊
ဂျူးက ထက်မြက်ကို ဘာလို့အဲသလိုပြောလဲဆိုတော့ နောက်ခံက ရှိပြန်တယ်၊ မိုကြိုမုန်တိုင်း ကိစ္စနဲ့ဆိုင်နေတယ်လေ၊ ဒီကိစ္စက ကံအကြောင်းမလှတဲ့ နိုင်ဝင်းဆွေအတွက် မောဟအမှားဖြစ်ခဲ့တယ်။ အမှားသိပေမယ့် အချိန်မမီလိုက်ခဲ့ဘူး။ ဒီနောက်ပိုင်းကာလတွေမှာ သူလည်း ကလောင်ရော၊ လူပါ နိဂုံးချုပ်သွားရတယ်။ နှမြောစရာပါပဲ။
ဆိုလိုချင်တာကတော့ဗျာ၊ သူ့ခေတ်ကရေးခဲ့တဲ့ နိုင်ဝင်းဆွေရဲ့ စာတွေဟာ ဒီဘက်ခေတ်မှာ ဖတ်မယ်ဆိုရင် သူ့အာဘော်ခြုံမိနိုင်ဖို အခက်အခဲရှိမယ်ဆိုတာပါ၊ ကျွန်တော်လည်း ဒီစာအုပ်တွေပြန်မထွက်ခင်တုန်းက မိတ္တူတွေဖတ်ဖူးတာ၊ နည်းနည်းတော့ အခက်အခဲတွေ့ခဲ့ဖူးတယ်၊ ပစ္စည်းမဲ့လူတန်းစားရဲ့ သရုပ်မှန်စာပေအနှစ်ကြီးတွေပဲလို့ စာဖတ်ဖူးတုန်းက သဘောထားမိတယ်၊ အခုချိန်မှာတော့ အဲ့ထက်ပိုသွားပါပြီ။ :)
(like - Aung Phyoe & Mg Yu Pie)
Aung Phyoe
နောက် တစ်ချိန်ချိန်မှာ ပြန်ဖတ်ဖို့ ကြိုးစားကြည့်မယ် ။ သခင်ဘသောင်း ရဲ့ လောကနိဗ္ဗာန် ကိုဖတ်ဖို့ ထုတ်ထားတယ် ။
နွေတစ်ည ကိုတော့ ရသမြတ်နိုးသူတိုင်း ခံစားနိုင်မယ်ထင်ပါတယ် ။ နိုင်ဝင်းဆွေဟာ နောက်ပိုင်းမှာ ဦးတည်ချက်လုံးဝပြောင်းသွား သလိုပဲ ။ လူတန်းစားအမြင် ပြင်းထန်လွန်းတယ် ။ "ဘဝစာမျက်နှာများ" မှာ 'အဆိပ်ပင်' ဆိုပြီး ခင်နှင်းယုကို တိုက်ခိုက်ထားတာ ... ၊ အဲဒါဖတ်တုန်းက တစ်မျိုးပဲ ဘာကြောင့်လည်းပေါ့ ။ ခု ရေဆန်လမ်း ကိုဖတ်မိမှ သူ့စာပေအမြင်ကို ရေးရေးသဘောပေါက်မိတယ်။
Me
ခေတ်ကွာတာနဲ့ ဖတ်တဲ့လူအတွက် အနှစ်သာရကွာတယ်ဆိုတာကိုက အနုပညာမှာ ဝါဒရေးရာသွင်းထားတာကြောင့်လို့ ထင်မိတယ်။ အနုပညာ သက်သက် မဟုတ်လို့။ ဆိုလိုတာက အနုပညာက media အဖြစ် အသုံးချခံရလို့။
ဥပမာ - မိုးမိုး (အင်းလျား) အိမ်ထောင်ရေးဝတ္ထုတွေ ဖတ်ရတဲ့အခါမှာ သူတို့ခေတ်က ကိုယ်မသိ မမီလိုက်ရတဲ့ အကြောင်းအရာတွေပါလားဆို ဖတ်တဲ့လူက စိတ်ဝင်တစား ဖတ်မိလိမ့်မယ်။
မိုးမိုး ဝတ္ထုမျိုး မကြိုက်ဘူးဆိုတဲ့သူကတော့ အိမ်ထောင်ရေး ဘဝသရုပ်ဖော်ကို ကြိုက်ကို မကြိုက်တတ်လို့ မကြိုက်တာပဲ ဖြစ်မှာပေါ့။ (ကိုယ်တိုင်လည်း သူ့ဝတ္ထုတွေ ကြိုက်လှတယ် မဟုတ်ပါဘူး)
Bo
စာဖတ်သူရဲ့ စာဖတ်အား၊ ဓာတ်ခံတိမ်းညွတ်မှုပေါ် မူတည်ပီး ခံစားချက်တွေ ကွာသွားမယ်ထင်ပါတယ်။ လူအများစုဘဝအခြေအနေကတော့ မသိန်းရှင်၊ ရေဆန်လမ်းတွေ၊ မိုးမိုးနဲ့ မစန္ဒာစာတွေခေတ်ကနဲ့ တယ်မထူးလှသေးပါဘူး။
ဂျူးကတော့ ကြည်အေးလောက် အော်သန်တစ်ဖြစ်တယ်မထင်ဘူး၊ ဖတ်ဖူးတဲ့စာတိုပေစတွေနဲ့ လေလုံးကြီးကြီးတွေ ရောမွှေထားတဲ့ ဘတ်ဆဲလားတမျိုးလို့ပဲ မြင်တယ်။ အတိုတွေကတော့ ကောင်းတယ်။
Me
ကိုယ်ပြောတာက မိုးမိုး တို့ရေးတာမှာ ဝါဒရေးရာ မပါဘူးလို့ ပြောချင်တာပါ။ သူတို့ကို အနုပညာသက်သက် တင်ပြတယ်လို့ မြင်မိတယ်။ ဒီတော့ သူတို့ကို မကြိုက်ဘူးဆိုရင် သူတို့ရေးတဲ့လိုင်းမျိုးကို မကြိုက်လို့ မကြိုက်တာ။ နိုင်ဝင်းဆွေကိုကျ ဝါဒရေးရာကို အနုပညာနဲ့ ရောပြထားလို့ကို ခေတ်ကွာလာတာနဲ့ အမျှ ဖတ်တဲ့လူနဲ့ ခံစားမှု အဟပ်က ကွာတာ။
မိုးမိုး (အင်းလျား) မှာကျတော့ ကြိုက်ပြီဆို ခေတ်ကွာတာ ဖတ်ရတာကိုက အရသာ ဖြစ်မှာ။ မကြိုက်ရင်တော့ ခေတ်ကြောင့်မဟုတ်ဘူး။ သူတို့ရေးတာမျိုးကို ဖတ်တဲ့လူက မကြိုက်လို့ပဲ။
Aung Phyoe
ဂျူးဟာ အော်ရီဂျင်နယ် မဟုတ်တာတော့ အမှန်ပဲ .. ဒါပေမယ့် မှီးတယ်လို့လဲပြောလို့ မရဘူး .. သူကကြိုက်တဲ့ ဝတ္ထုတစ်ပုဒ်ရဲ့ အီမိုးရှင်း ကိုပဲ ယူတာကို ..။
Me
ဒီလို ပြောကြေးဆိုရင်တော့ ဘယ်သူမှ မလွတ်တော့ဘူး။
=)
ဥပမာ - မီ ဟာ မေ ကနေ လာတယ်လို့ ကိုယ်က ထင်တာကိုး။
(မီ ကို မှီးတယ်ဆိုတဲ့စာအုပ်လည်း မဖတ်ဖူးပါဘူး)
Aung Phyoe
မီ က အမေရိကန် ရုပ်ရှင်ရှိတယ် ... နာမယ်မမှတ်မိလို့ ။ ဝန်ခံထားတယ် .... ။
(မှတ်ချက်။ စာအုပ်ပါရှိတယ်။ မီ အမှာစာမှာ ဒဂုန်တာရာ ထည့်ရေးထားတယ်။ ရုပ်ရှင်နဲ့ စာအုပ် နာမည်တူတူပဲ)
Bo
http://en.wikipedia.org/wiki/Dead_Reckoning_%28film%29
http://www.youtube.com/watch?v=5IznfnWzVPQ
Aung Phyoe
ကျေးဇူး ဆရာဘို ၊ မေ့နေတာ ရုပ်ရှင်နာမည်ကို
Bo
မိုးမိုးက မဆလ NLD မှာ တာဝန်ထမ်းခဲ့တဲ့ စာရေးဆရာပဲ။ အထွေထွေကျပ်တည်းမှုကို သူ့ပုံစံနဲ့သူတင်ပြတယ်ပဲမြင်တယ်။ သိပ်ဖီလင်မလာတာတော့ ရေးဟန်တွေပြောင်းတာလဲပါမယ်။ ခေတ်လူနေမှု စီးပွားရေးပုံစံကလဲ ကွာသွားပီ။
ဝါဒရေးတွေ မလည်ဝယ်တာတော့ မြန်မာပြည်မှာ နိုင်ငံရေးစိတ်ဝင်စားမှု ကျတာနဲ့လဲဆိုင်မယ်။ စာရေးဆရာက နိုင်ငံရေး၊ ဒဿန၊ သမိုင်း၊ လူမှုဗေဒ၊ စိတ္တဗေဒ သိပ္ပံ ဘက်စုံအောင် ဖတ်လေ ပိုထက်လေ ရေးကွက်များလေပဲ။ အနုပညာမြောက်တာ ဘာနဲ့တိုင်းလဲတော့မသိဘူး။
(like - Mg Yu Pie)
Me
(အနုပညာမြောက်တာ ဘာနဲ့တိုင်းလဲတော့မသိဘူး။)
ဟုတ်တယ် ကိုယ်လည်း မသိဘူး။
ဒါပေမဲ့ ဖျတ်ခနဲ ဦးသုခ ရိုက်တဲ့ အသုံးလုံးကားကို သွားသတိရတယ်။
(like - Bo)
(မှတ်ချက်။ "ဘယ်သူပြိုင်လို့ လှပါတော့နိုင်"။ တကယ်တော့ အဲဒါ မဆလခေတ်က ဝါဒဖြန့်တဲ့ကားပဲ)
Aung Phyoe
ကျတော်ကတော့ ကိုယ့်ရဲ့ ခံစားမှုနဲ့ပဲတိုင်းတယ် .. သူ့ရဲ့ ဖန်တီးမှုအပေါ် ကိုယ်ဘယ်လောက် ပူးဝင်ခံစားနိုင်သလဲပေါ့ .... ၊ နည်းလမ်းမှန်မမှန်တော့ မသိဘူး ။
Me
စိတ္တဗေဒ ဆိုလို့ အဲဒါကို စိတ်ဝင်စားတယ်။
တဆက်တည်း ပြောရရင် တက္ကသိုလ်ဘုန်းနိုင် ဝတ္ထုတွေ ကိုယ် မစွဲဘူး။ ဘာလို့ဆို ဇာတ်ကောင်စရိုက်တွေ သေ နေတယ်လို့ ထင်လို့။ စာရေးဆရာက ဝင်ပါပေးရတဲ့ စရိုက်တွေလို့ ထင်တယ်။
(like - Bo)
Me
တကယ်တော့ နိုင်ဝင်းဆွေကို တအုပ်မှ မဖတ်ဖူးဘဲနဲ့ ဝင်ပြောနေတာ အတော်တော့ ဂွကျတယ်။
Mg Yu Pie
ဆရာဘို...အဲလောက် အမှန်တိုင်းကြီးတွေပြောနဲ့လေ..း )
ဆရာမကြီးတောင် အနှီသို့ဆိုရင် ဆရာမကြီးကိုစုတုပြုပြီးထွက်လာတဲ့ နောက်ပိုင်း ဘုစုခရု (ဆေးကျောင်းတော့ရောက်ပြီ မထူးပါဘူး..ဘတ်ဆဲလာလေးဖြစ်အောင်လုပ်အုံးမှဆိုတဲ့ ရည်မှန်းချက်မျိုးရှိတဲ့) ဆရာမလေးတွေ တပြုံကြီး လှဲသေလိုက်ဖို့ပဲ ရှိတယ်။ : P
(like - Aung Phyoe & Bo)
Mg Yu Pie
အို ဘုရားရေ..မောင်တို့ယောက်ျားတွေရဲ့အတ္တကတော့ ကျွန်မသီးမခံနိုင်အောင်ပါပဲ။ မိုးမြင့်ထိပ်ခေါင် ကုမ္ပဏီမှာလုပ်နေတဲ့ ဦးထွဋ်ခေါင်အုပ်စိုးနေမင်းကျော်စွာထက်မြက်သိမ်းပိုက်ဆိုတာ ကျွန်မရဲ့ မောင်ဆိုတာ လေ။ ဟင်း ဟင်း ဒါပေမယ့် ကျွန်မကလည်း နွယ်ပင်တိမ်တိုက်လမင်းသက်တံ့ခင်ခင်ကြီးပဲလေ..ကျွန်မကိုတော့ လွယ်လွယ်သိမ်းပိုက်လို့ ရမယ်မထင်လိုက်ပါနဲ့ မောင်....စသဖြင့် စသဖြင့် ယနေ့ဘတ်ဆဲလာဘုတ်အုတ်လေးတွေမှာ လွမ်းမိုးဆဲဖြစ်သလို ဒီဘုတ်အုတ်တွေကို ဓါတ်ရှင်ဗီဒီယို ပြန်ရိုက်ကြတဲ့အခါ နဂိုကမှ စာပေ၀မ်းစာနည်းကျသည့် ယနေ့လူငယ်မျိုးဆက်အတွက် မတွေးဝံ့စရာပါလေ။
(like - Aung Phyoe & Bo)
Aung Phyoe
LOL :D
Bo
အို ဘုရားရေ လား အို ကုလားရေ လား :-)
Me
ဘက်ဆဲလားတွေ ဘာလို့ အဲလိုစာမျိုးရေးတာလဲဆိုတာ ကိုယ်နားလည်နိုင်တယ်။ နားမလည်နိုင်တာက ယောက်ျားကြီးတွေက သူတို့ကို ဘာလို့ လိုက်ဆော်နေကြတာလဲ ဆိုတာပဲ။
I think it may be Jealous!
LOL
=D
MYP ကို ပြောတာ မဟုတ်ပါဘူး။ စာနယ်ဇင်းတွေထဲ အရင်တည်းက ကြုံဖူးလို့ပါ။ လွှတ်ထားလိုက်လို့ မရဘူးလား။ ဘာမှလည်း အရေးကြီးတာမဟုတ်ဘူး။
=)
Bo
ကြီးတာပေါ့ ဗမာပြည်မှာ ဒီလိုစာဆိုးစာညံ့တွေပဲ ကျန်အောင် တုံးသထက်တုံး ချာသထက်ချာအောင် စနစ်တကျလုပ်ခဲ့တာပဲ။ သခင်ကိုယ်တော်မှိုင်း မင်းသုဝဏ် ဇေယျ ဒဂုန်တာရာ မောင်စွမ်းရည် ဒေါ်အမာ ကစပီး ခေတ်အဆက်ဆက် ဒါမျိုးတွေအန္တရာယ်ကို သတိပေးခဲ့တာပဲ။ ဘတ်ဆဲလားက တမူးတန်ခေတ်အဆက်ပဲ။ မြမျိုးလွင် တက်ထွန်း တင့်တယ် ဝင်းဦး မောင်သာရ ဘုန်းနိုင်စတဲ့ အထီးတွေ စခဲ့တာပဲ။ ဂျန်ဒါနဲ့ မဆိုင်ပါ။
(like - KTZ)
Me
ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ စနစ်တကျလုပ်ခဲ့တယ်ပဲ ထားပါဦး။
စနစ်ပြောင်းလဲ ရှိနေမှာပဲ။ အနည်းအများတော့ ကွာနိုင်တယ်။ (ကွာချင်မှလည်း ကွာမယ်) နောက် သူတို့ကို ဝေဖန်တဲ့စာတွေကိုယ်၌က ဝေဖန်တာနဲ့ မတူဘဲ ကလိသလိုလို ရိသလိုလိုဖြစ်နေတာ။ လှောင်သလိုလို ပြောင်သလိုလို လေသံ။
လူကြီးတွေပြောတာကတော့ တပိုင်းပါ။
ကိုယ်ပြောတာက စာနယ်ဇင်းမှာ တွေ့ရများတဲ့ အဲဒီစာတွေကို ဝေဖန်တဲ့ပုံစံကို အဓိက ပြောချင်တာ။
နောက်တခုက အဲဒီစာရေးသူတွေကို တားဖို့ ပိတ်ပင်ဖို့ ဆော်ဖို့ ကလော်ဖို့ထက် စာဖတ်သူကို ဖွင့်ပေးနိုင်ဖို့ပဲလိုတာလို့ ထင်တယ်။
ကိုယ့်အထင်ပါပဲ။ ကိုယ့်အတွက်တော့ မှန်တယ်။
Mg Yu Pie
ဟီးဟီး...အဲဒါ ပုရိသကြီးဘက်ကနေ လိုက်ဆော်တာဟုတ်ပါဘူး၊ ကနေ့ လူငယ်တွေလမ်းမှားသွားနိုင်တဲ့ Pop art ရဲ့အစွယ်အပွားတစ်ခုကို ထောက်ပြတာပါ၊ Jနဲ့လည်းဆိုင်ပါဘူးဂျာ..
သမိုင်းစဉ်ဆက်အမျိုးသမီးစာဆိုတွေထဲကလည်း respect ထားရတာတွေအများကြီးပါ.. ဒေါ်မိုးမိုးရဲ့အတိုပေါင်းချုပ်တွေတစ်အုပ်မကျန်ဖတ်ခဲ့သလို ဂျူးရဲ့ချစ်သူရေးသောကျွန်မညတို့ ဟို ပန်းချီကားတွေပါတဲ့အတိုပေါင်းချုပ်တို့ဆိုရင် လေ့လာတဲ့အနေနဲ့တောင်ဖတ်ရှုခဲ့ရပါတယ်ခင်ဗျာ။
အထက်မှာပြောတဲ့ မီးကျိုးမောင်းပျက်ဒတ်သနတွေ အရူးအတွေးတွေကို ရိုးအတဲ့လူငယ်မျိုးဆက်တွေ မှိုင်းမိအောင်မလုပ်ဖို့တော့ (အဲလိုပြောရတာက အဲလိုကောင်လေး ကောင်မလေးတွေ အပြင်မှာတွေ့တွေ့နေရလို့) အရေးကြီးတယ်လို့ ကျွန်တော်တော့ ထင်ပါရဲ့ခင်ဗျာ။
Me
ကိုယ်ကလဲ Gender ကို မမြင်ပါဘူး။
ဂျူးကို ယောက်ျားတွေ ဝိုင်းပြောကြသလို ဆိုတာမျိုးတောင် မမြင်ပါဘူး။
ဒါပေမဲ့ အဲဒီ ဘက်ဆဲလားဆိုတာတွေက မိန်းမတွေ အများဖြစ်ပြီး ကလိတိတိရိတိတိ ရေးတဲ့ ဆရာတွေက ယောက်ျားတွေ အများဖြစ်နေတာကို မြင်နေရလို့။ ကြည့်မကောင်းဘူး။
တကယ်တော့ မင်းခိုက်စိုးစန် ဂျွန်စတိုင်းဘက် ဝတ္ထုကိုလားမသိ ဘာမှ အညွှန်းမထည့်ဘဲ ဟိုခုတ်ဒီထစ်လုပ်ပြီး ပါးပါးလှီး ဝတ္ထုရေးသွားတာမျိုး ဝိုင်းဆော်ပါ့လား။ ကြည့်ကောင်းတာပေါ့။
=)
Bo
ကိုလိုနီခေတ်ကနေ ခုထိ အစိုးရစာပေပေါ်လစီက အပြောင်းအလဲမရှိပါဘူး။ အပြာသာသာစာတွေကို ဆော်တာတော့ ဘယ်ပုံနဲ့ဆော်တယ်ဆိုတာက အဓိကမကျပါဘူး။ ဝေဖန်ရေးဆရာတွေပြောလို့ ဖိနှိပ်တယ်လဲ မကြားမိပါဘူး။ သိသိကြီးနဲ့ လွှတ်ထားတာပဲ။ ခုဆို သရဲဝတ္ထုပါ ပြန်ခေတ်ထနေပီပဲ။ ဒီလိုစာပေဖာသည်တွေကို ဘယ်သူကမှ မနာလိုစရာမရှိပါဘူး။
Bo
သူတို့အများစုကို ရှဲဒိုးရေးပေးတာ ယောက်ျားတွေပဲ။ သူတို့ကို ဝေဖန်တာ သူတို့ ပြန်ရေးခွင့်ရှိတာပဲ။ စာမှ သေချာ မရေးတတ်တာ။
(like - me)
Me
(ဝေဖန်ရေးဆရာတွေပြောလို့ ဖိနှိပ်တယ်လဲ မကြားမိပါဘူး)
အဲဒီစာတွေ အရေးမပါတာတော့ လက်ခံပါတယ်။
ဒါပေမဲ့ ဖိနှိပ်တယ်ဆိုတာရော လိုအပ်လို့လား။
အဲဒါ ဖတ်တဲ့သူဘက်က ရွေးပါစေပေါ့။
နောက် ဆော်တယ်ဖြစ်စေ၊ ဝေဖန်တယ်ဖြစ်စေ၊ ဘယ်ပုံဘယ်နည်းဆိုတာ ကိုယ့်အတွက်တော့ လိုတယ်။
နိုင်ငံရေးနဲ့ ပတ်သတ်လို့ ကိုယ်အမြဲပြောတဲ့စကားရှိတယ်။
ဆန့်ကျင်တာခြင်းတူတာတစ်ခုတည်းနဲ့ ဘယ်တော့မှ တသားတည်းမဖြစ်နိုင်တာတွေ ရှိတယ် ဆိုတာ။
ဘယ်အရာအတွက် ဘယ်ရည်ရွယ်ချက်အတွက်ဖြစ်ဖြစ် ဘယ်ပုံဘယ်နည်းသုံးတယ်ဆိုတာ ကိုယ့်အတွက်ကတော့ အရေးကြီးတယ်။
Me
နောက်တခုက မနာလိုမှု။
တချို့ကိစ္စတွေ ကိုယ့်စိတ်နဲ့ နှိုင်းပြောလို့မရဘူး။ (ဆိုလိုတာက Bo က ဒါမျိုးတွေကို မနာလို မဖြစ်တာနဲ့ ကျန်တဲ့လူတွေကလည်း မနာလို မဖြစ်ပါဘူး လို့ ပြောမရဘူး)
ဂျူးနဲ့ နုနုရည်ကို နယ်က စာပေဟောပြောပွဲမှာ အရေခွံခွာပြီး ဟောပြောသွားကြတဲ့ ထိပ်တန်းကျောင်းထွက် ထိပ်တန်းစာရေးဆရာကြီးတွေ အလယ်တန်းတုန်းက မြင်ခဲ့ဖူးလို့။ စာပေသက်သက် ဝေဖန်တယ်ဆို မပြောလိုပါဘူး။ ကိုယ်ရေးကိုယ်တာထိ ပရိသတ်တွေရှေ့မှာ၊ ကာယကံရှင်တွေ ကွယ်ရာမှာ။ သူတို့ကတော့ စာဖတ်သူတွေကို လမ်းပြရမယ်၊ စေတနာထားရမယ်၊ ပြုပြင်ရမယ် ဘာမယ်ညာမယ်တွေ ကိုင်ပြောတာပေါ့။ ကိုယ်ကတော့ ကိုယ့်ပြုပြင်ချင်တဲ့၊ စာတအုပ်ဖတ်ပြီး လမ်းမှားလိုက်သွားမယ်အထင်ရှိတဲ့ စာရေးဆရာမျိုး မနှစ်သက်တာ အမှန်ပဲ။
(like - Bo)
(မှတ်ချက်။ လက်ရှိ တစ်လ တစ်အုပ်မက ထုတ်နေတဲ့ စာရေးဆရာမတွေကနေ ဂျူးနဲ့ နုနုရည် ဂုဏ်သရေရှိ စာရေးဆရာရင့်မကြီးများရဲ့ အဆော်ခံရတဲ့အကြောင်း ချော်ပြီး ရောက်သွားတယ်)
Bo
ဘတ်ဆဲလားပရိသတ်ကတော့ အဲဒိဝေဖန်ရေးတွေ အရေးလုပ်ဖတ် မထင်ပေါင်ဗျာ :D
Me
(ဘို Bo ဘတ်ဆဲလားပရိသတ်ကတော့ အဲဒိဝေဖန်ရေးတွေ အရေးလုပ်ဖတ် မထင်ပေါင်ဗျာ :D)
အဲဒါကြောင့် အရေးမကြီးဘူး ပြောတာပေါ့။
ဝေဖန်လည်း အဖက်မလုပ်မယ့်ဟာကို ဘာလို့ စာရွက်ကုန်အောင် ဖြုန်းတီးမလဲ။
Bo
မဂျူးကို တက်ခါစက ဝိုင်းအုပ်တာ အဲ့ဒါကြောင့် ပိုနာမည်ကြီးသွားတယ်ထင်တယ်။ သူကလဲ အရည်အချင်းရှိတာကိုး။ နောက်ပိုင်းကျမှ ရှိတာထက် ပိုမြောက်သွားတာကတပိုင်းပေါ့။
အဲလို အဘိဇ္ဈာများလို့ လုံးချင်းလောကမှာ ယောကျာ်းတွေ မအောင်မြင်တာထင်တယ်း)
အောင်ဖြိုးရေ အစွမ်းပြတော့ ဟိ
Bo
လောကနိဗ္ဗာန်က သံရုံးစာအုပ်ကြီးပဲ ဗမာ့ခေတ်ကရိုက်တာ။ ခြေလေးချောင်းကလေးကြိုက်ထက် ၁၉၈၄က ပိုမိုက်ပါတယ်။
Me
အမယ် အဲဒါ တက်ခါစတောင် မဟုတ်ဘူး။ 1994 လောက်ဆိုတော့ ပီပီပြင်ပြင် ဖြစ်နေပြီ။
လုံးချင်းလောကမှာ ယောက်ျားတွေ မအောင်မြင်တာ ဘာလို့တော့ မသိဘူး။
(မှတ်ချက်။ အမျိုးသားစာရေးဆရာများ အမျိုးသမီးစာရေးသူများလောက် စန်းမထ ခေတ်မထသည်ကို ဆိုလိုသည်)
ယောက်ျားတွေက ဇာတ်ကောင်စရိုက်ကို မိန်းမတွေလောက် မနိုင်နင်းတာတော့ အမှန်ပဲ။
Bo
မိန်းမတွေ အရက်သောက်ရင်လဲ ကျသွားမှာဗျ မဂျူးကို အပြင်းတိုက်မှး)
(like - me)
Me
အရက်ကြောင့်တခုတည်းလည်း မဟုတ်ဘူး။
နီကိုရဲ မင်းလူ ဇာတ်ကောင်စရိုက်တွေ ကောင်းပါတယ်။ ဒါပေမဲ့ တလိုင်းလောက်ပဲ ရတယ်။ ကျန်တာဆို စဉ်းစားကြည့်လို့တောင် ပေါ်မလာဘူး။
မိန်းမတွေ စဉ်းစားလိုက်ရင် ဆုံးတောင် ဆုံးမယ်မထင်ဘူး။
နိုင်ဝင်းဆွေကျတော့လည်း မဖတ်ဖြစ်သေးဘူး။
တော ကျောင်း ဆရာ
ဝေဖန်တာကို အဖက်မလုပ်လည်း ရေးသင့်ရင် ရေးရမှာပဲ၊ မှိုင်းတိုက်တာလို့ ထင်ရင် မှိုင်းတိုက်တယ်လို့ မှတ်တမ်းတင်ထားရမှာပဲ၊ ဒီမှာတော့ စုတုပြု ၀ဲဂယက်က မထွက်နိုင်သေးတော့ စာပေအကြောင်းပြောရင် ဝေဖန်တယ်ဆိုတာက အမြင့်ဆုံးလိုဖြစ်နေတယ် ၊ ဝေဖန်ရေးဆိုခေါင်းစဉ်တပ် ပုဂ္ဂိုလ်ထိုးနှက်မှု ရောထွေးမှာလည်း ရှိမှာပဲ၊ ခက်တာက မြန်မာစာပေဆိုတာက ဘယ်က ဘယ်လိုစတယ် ဘယ်လိုပြောကြမှာလဲ၊ မြုပ်ကွက်တွေက အများကြီး၊ ပျော့ကွက်တွေက အများကြီး၊ ငါတောင်မပြင်ရက်လို့ ဒီအတိုင်းထားတယ်ဆိုတဲ့ အတွေးအခေါ်က လက်တွေ့မကျဘူး၊ မှားနေတာကို ထုံးအိုးထဲ နှစ်ပြီး ခပ်ရဲရဲ ပြောရဲတဲ့သူတွေ ရှိနေရမယ်၊
စာပေအဆင့်ပိုမြင့်လာမယ်ဆိုရင်တော့ ဖန်တီးမှုက အရင်လာသလား၊ သီဝရီက အရင်လာသလား အဲတာဆက်ပြောကြမယ် ထင်တယ်၊ ခုတော့ ဘုရားပွဲက ရဟတ်ကြီးလို တကျွိကျွိမြည်သံဆွဲ လည်နေကြတုန်း၊ ဘေးကိုမကြည့်ပဲ ဟောင်းနွမ်းရဟတ်ကြီးကို ဇိမ်ခံစီးသူတွေက စီးနေကြတုန်း၊ ရိုလာကိုစတာစီးဖို့စိတ်ကူးယဉ်ပြီး ရဟတ်တစ်ပတ်နွမ်းကို သံယောဇဉ်တွယ်သူတွေက တွယ်နေကြတုန်း၊
အိုဘယ့်.. မြန်မာစာပေ၊ ဆုတ်ယုတ်တာကို ခေတ်တစ်ခုတည်းကြောင့်လို့ ပြောမရပြန်ဘူး၊ အာဖရိကက၊ တရုတ်က လူတွေတောင် ဘယ်ခရီးရောက်နေကြပြီလဲ၊ ဒါလေးတွေးမိတယ်။
(like - Bo)
Me
(ဝေဖန်တာကို အဖက်မလုပ်လည်း ရေးသင့်ရင် ရေးရမှာပဲ)
ရေးသင့်တဲ့ ပုံစံနဲ့ ရေးရင် ကောင်းပါတယ်။
(မှိုင်းတိုက်တာလို့ ထင်ရင် မှိုင်းတိုက်တယ်လို့ မှတ်တမ်းတင်ထားရမှာပဲ)
ကိုယ်ကတော့ သူတို့ မှိုင်းတိုက်တတ်တယ်လို့တောင် မထင်တာ။
အဓိကက စာဖတ်သူပဲ လို့ ထင်တယ်။ အဲဒီစာတွေကို ဖယ်လိုက်ဖို့ထက် စာဖတ်သူကို ဖယ်တတ်အောင် လုပ်ဖို့ပဲ။
ဒါပေမဲ့ အဲဒီစာတွေကို ဝေဖန်ရေးရေးတဲ့လူတွေကိုက အဲဒီစာတွေ အဆင့်လောက်ပဲ လိုက်ရေးနေတယ်။
Aung Phyoe
ယောက်ျားစာရေးဆရာတွေထဲမှာ လုံးချင်းရေးတာ ကြိုက်တာ "သိန်းဖေမြင့်" ပဲရှိတယ် .. မိန်းမစာရေးဆရာတွေကတော့ အများကြီး ၊ ခင်ခင်ထူးနဲ့ နေဝင်းမြင့်တောင် မတူဘူး ... လင်မယားချင်း ရန်တိုက်ပေးမှာပဲ .. "မအိမ်ကံ" နဲ့ "တိမ်တောင်ပျော်ပိုက်" ရွှေမှာလစဉ်ပါတာချင်းတောင် မျှော်ရတာ မတူဘူး :D
(like - Bo)
တော ကျောင်း ဆရာ
အရာအားလုံးတန်းတူညီမျှ မရှိနိုင်ဆိုတဲ့ စကားရှိတယ်၊ ခေါင်းဆောင်ကြီးက ခေါင်းဆောင်ကြီးပဲ၊ လက်အောက်သားက လက်အောက်သားပဲ၊ တန်းတူညီမျှဆိုတာ မရှိဘူး၊ မရှိတဲ့အရာကို အခြေတည်ပြီး တန်းတူညီမျှ လိုက်စဉ်းစားနေမယ်ဆိုရင် အထွက်တိုးညံ့တဲ့ စပါးခင်းလို့ မျိုးမအောင်တဲ့ အဖျင်းစားတွေနဲ့ပဲ သံသရာလည်နေမှာပေါ့၊ ခွဲခြားစဉ်းစားဖို့တော့ တွေးမိတယ်။
(like - me)
Me
မှန်တယ်။
ကိုယ့်သဘောအတိုင်းဆို ဘယ်စာပေမျိုးမှ ဘယ်အနုပညာမျိုးမှ ဖိနှိပ် ဖယ်ရှားစရာ မရှိဘူး။ စာဖတ်သူက ရွေးလိမ့်မယ်။ ဒါပေမဲ့ အဲလို ပြောရင် မြန်မာပြည် အနေအထားက ဘယ်လို ပေါ်လစီက ဘယ်လို ဆိုတာတွေ ပါလာဦးတော့မယ်။ မြန်မာပြည်က တခုခု အကြောင်းပြောရတာ အတော်လက်ဝင်တယ်။
ခုလည်း အပျော်ဖတ်စာပေ၊ အဆိပ်အတောက်စာပေလို့ ဝိုင်းတံဆိပ်ကပ်ကြတာ တကယ်တော့ ကိုယ့်အလိုသာဆို ကိုယ်မဖတ်ချင် မဖတ်ဘဲ နေဖို့ပဲ။ ဝေဖန်ချင်လား ဝေဖန်လိုက်။ ဒါပေမဲ့ ဝေဖန်တာ ပုံမကျရင်တော့ ပြန်ဝေဖန်ခံရဖို့ ပြင်ထား။
(like - me)
Me
ကိုယ့်ဘာသာ ရေးပြီး ကိုယ့်ဘာသာ ကြိုက်လိုက်တာ =)
ကိုယ့်အတွက်ကတော့ ဘယ်ပုံဘယ်နည်းသုံးတယ် ဆိုတာ သိပ်အရေးကြီးတယ်။ ခုပြောတဲ့ အပျော်ဖတ်စာပေ ဆိုတာမျိုးကို ခုအစိုးရက နှိပ်ကွပ်ပစ်တယ်၊ ဖယ်ရှားပစ်တယ် ဆိုရင်တောင် ကိုယ့်အတွက် လက်ခံနိုင်စရာ မဖြစ်ဘူး။ (ဒါပေမဲ့ မြန်မာပြည် လက်ရှိအနေအထားဆိုတာကြီးက ကန့်လန့်ဖြစ်နေတာတော့ အမှန်ပဲ။ ဘာပဲပြောပြော အဲဒါကြီးကြောင့် လက်ဝင်နေရတယ်)
Aung Phyoe
AMKK - အမ ပိုစ့်တင်လိုက်ပါ့လား အမှတ်တရ ။ နောက် ဆရာတို့လည်း ခွင့်ပြုမယ်ဆိုရင် ။
Bo
မောင်သာရကောင်းတာတွေ ရှိပါတယ် ဆာဖြိုးရယ်။ ဒေါ်ထူးကို ဒေါ်နုလောက် အားမရဘူး သူက ပုံပြောတယ် တရားပြတယ်အဆင့်မှာတင် ရပ်နေသလိုပဲ။ နတ်သမီးဖတ်စား)
Aung Phyoe
ဟုတ်တယ် သူ့ကိုမေ့နေတာ မတ်တပ်ရပ်လို့ ... ၊ "ကတ္တီပါဖိနပ်စီး ..." ပဲဖတ်ဖူးတယ် ကြိုက်တယ်... ဝတ္ထုတိုပေါင်းချုပ်စာအုပ်၂ အုပ်ကတော့ ဆက်ကိုမဖတ်ဖြစ်ဘူး .. "ညှာရွှေတစ်ခက် ကြွေရက်စော" ဆိုလား သူ့အရေးအသားက တင်စားလွန်းတာ Over ကြီးလို့ထင်လို့ ။ :D
Bo
စကားပြောဝတ္ထုတွေ ကောင်းပါတယ်
ဒေါ်ရီတာက မပြောလဲ တင်မှာပဲ ဟဲဟဲ :D
(like - me)
Me
sorry မနေ့ညက ဖုန်းထပြောပြီး ဒီ ပြန်မရောက်တော့ဘူး။
အကုန်ဝိုင်းပြောမှပဲ တင်ဖို့ သတိရတာပါ။ ကိုယ့်ဘာသာဆို စိတ်တောင်ကူးမိမှာမဟုတ်ပါဘူး တကယ်။
***
Update (1:45 PM)
Nyanthar Zaw
ကျွန်တော် အထင်တော့ အပျော်ဖတ်က နိုင်ငံတကာမှာလည်း ရှိတယ်လေ။ ဒါကို အပြစ်တင်နေလို့မဖြစ်ဘူး။ ကျွန်တော်ကိုယ်တိုင် စာစဖတ်တော့ ဒါတွေကနေ စဖတ်တာပဲလေ။ ဒါကတစ်ဆင့် ကိုယ်ဖတ်ချင်တာကို ရွေးဖတ်လာခဲ့တာပါပဲ။ အမှန်က စာဖတ်သူနဲ့လည်း ဆိုင်တယ်။ ကျွန်တော်ဆို ကျွန်တော့် သူငယ်ချင်းတွေကို ဟိုစာအုပ်လေးဖတ်ပါ။ ဒါလေးဖတ်ပါ ညွှန်းတာပဲ။ တစ်ချို့ က ဖတ်ပေမယ့် တစ်ချို့ က လေးတာတွေ မဖတ်ချင်ဘူးဆိုပြီးတော့ကို ငြင်းတယ်လေ။ အပျော်ဖတ်မကြိုက်တဲ့သူတွေက အပျော်ဖတ်တွေ ဖတ်နေရင်းနဲ့ကို မဖတ်ချင်တော့တာ။ ကျွန်တော့်တုန်းကလည်းအဲ့လိုပဲ ဖတ်ချင်စိတ်ကုန်လာတာ။ တစ်ချို့လည်း ပေါ့ပေါ့ပါးပါးပဲ ဖတ်ချင်ကြတယ်လေ
Nyanthar Zaw
ဒီတော့ အဲ့လိုဖတ်ချင်သူတွေ အတွက်လည်း အဲ့လိုစာတွေလိုတယ်လေ။ မဟုတ်ရင် သူတို့ ကဘာသွားဖတ်မလဲ။ ဒါပေမဲ့ အပျော်ဖတ်ရေးသူတွေက တော့ ကိုယ့်စာထဲမှာ အကျိုးရှိမဲ့ တစ်ခုခုကို ထည့်ပေးနိုင်မယ် ပြီးတော့ အဆိပ်အတောက် ဖြစ်အောင် မရေးသင့်ဘူးပေါ့လေ။ နိုင်ငံတကာက နာမည်ကျော်နေတဲ့ ဟယ်ရီပေါ်တာတို့ Twilight တို့၊ Da Vince Code တို့တွေကရော ဘာတွေလဲ။ သူတို့လည်း ဒါတွေပဲလေ။ ဒါပေမဲ့ အံထဲကနေ ယူစရာ ရှိအောင်ရေးထားတယ်လေ။
Nyanthar Zaw
ပြီးတော့ ကိုဘိုပြောတာကို နည်းနည်းပြောချင်ပါတယ်။ ဂျူးကတော့ ကြည်အေးလောက် အော်သန်တစ်ဖြစ်တယ်မထင်ဘူး၊ ဆိုတာကို ကျွန်တော်ကတော့ လက်မခံပါ။ ပြီးတော့ နောက်တစ်ခု နောက်ပိုင်းကျမှ ရှိတာထက် ပိုမြောက်သွားတာကတပိုင်းပေါ့။ဆိုတာလည်း မဟုတ်ဘူးထင်ပါတယ်။ ဂျူးဟာ အဲ့လို မျိုးလူမဟုတ်ဘူးထင်ပါတယ်။
ဒါဟာ Personal အရ ကိုးကွယ်မှု တစ်ခုနဲ့ပြောတယ်လို့ မထင်စေချင်ပါဘူး။ ဂျုးရေးတဲ့ထဲမှာ စာဖတ်သူကို ဆရာလုပ်ထားတာ တစ်ခုမှ မရှိပါဘူး။ ကျွန်တော်အမြင် သက်သက်ပါ။ ဒီထဲမှာ ကျွန်တော်က အငယ်ဆုံးဖြစ်နိုင်ပါတယ်။ ကျွန်တော်ရဲ့ စာဖတ်အားအရ ဝင်မပြောသင့်ဘူးလေ။ ဒါပေမဲ့ ဆွေးနွေးကြည့်တာပါ။ ရေဆန်လမ်းနဲ့ ပတ်သက်တဲ့ အမြင်ကိုတော့ ဟိုတစ်ခါ ပြောပြီးပြီဆိုတော့ မပြောတော့ပါဘူး။ :)
***
ဖြည့်စွက်
"ကိုယ့်သဘောအတိုင်းဆို ဘယ်စာပေမျိုးမှ ဘယ်အနုပညာမျိုးမှ ဖိနှိပ် ဖယ်ရှားစရာ မရှိဘူး"
ဆိုတာနဲ့ ပတ်သတ်လို့ ပြောရရင်တော့ အတော်ရှည်မှာပဲ။ ဆိုခဲ့သလို မြန်မာပြည် လက်ရှိအနေအထားအရ သိပ်လည်း ပြောရခက်တယ်။
မြင်သာအောင် ပြောရရင် ဂျောက်ဂျက်ကိစ္စပဲ။
ဂျောက်ဂျက်ကိစ္စ ကိုပေါတို့ ဖြစ်လိုက်ကြတုန်းက မသိလိုက်ဘူး။ တော်တော်ကြီးကြာမှ အဲဒါတွေကို သူငယ်ချင်းတယောက်က မေးလ်ပို့ပေးလို့ (မေးလ်ပို့ပေးပြီးတာတောင် တော်တော်ကြာမှ) ဖတ်ဖြစ်တယ်။
အဲဒီမှာ မပိတ်ပင်သင့်ပါဘူးလို့ဆိုတဲ့လူတွေ (တကယ်တော့ ကိုပေါတစ်ယောက်တည်းလား မသိ :D) ကို တန်ပြန်ပြီး ဆန့်ကျင်အငြင်းပွားကြသူတွေ အဓိက ကိုင်တဲ့အချက်က ဘာလဲဆိုတော့ အဲဒီ သီချင်းသံတွေကို မပိတ်ပင်သင့်ပါဘူးပြောတဲ့လူတွေရဲ့ သားသမီးလေးတွေ နားထောင်ပြီး လိုက်ဆိုကုန်ကြရင်၊ အကောင်းထင်ကုန်ကြရင် ဘာလုပ်မလဲ ဆိုတာပဲ။ အဲဒါက လက်ရှိ နိုင်ငံအနေအထားကြောင့် ထွက်လာတဲ့ မေးခွန်းလို့ မြင်တယ်။
မှန်တယ်။ လက်ရှိအခြေအနေမှာ ဘေးအိမ်ကနေ ကိုယ့်အိမ်ဘက်က ကြားအောင်ဖွင့်ရင်၊ အိမ်နား လက်ဘက်ရည်ဆိုင်၊ ဘီယာဆိုင်၊ ကာရာအိုကေဆိုင်များရှိလို့ ကိုယ့်အိမ်ဘက်က ကြားအောင်ဖွင့်ရင် (ဒီကိစ္စ မဖြစ်နိုင်ပါဘူးလို့ ငြင်းလို့မရတဲ့ အနေအထားပဲ)။ အဲလိုသာ ဖြစ်ခဲ့မယ်ဆို စိုးရိမ်စရာပဲ။ (နန်းညီရဲ့ ပို့စ်တစ်ခုမှာ ဖတ်လိုက်ရတာ ဘတ်စ်ကားပေါ်မှာ ဖွင့်နေဆိုလား။ မောင်စိမ်းသူ ရေးပြီး ဖြိုးကြီး ဆိုတဲ့ သီချင်း။ အဲဒါ ဟိုးအရင်ခေတ်က အပိတ်ခံရတဲ့ သီချင်းလို့ ဆိုတယ်)။
ကိုယ်တိုင်လည်း ဒါမျိုးတွေ မကြားချင်ဘူး။ ဒီတော့ မြန်မာနိုင်ငံ ဒီပုံစံတိုင်းသာ ဆက်သွားနေမယ်ဆို၊ မတော်လို့များ ကိုယ့် generation ကို အဲဒီလို ပတ်ဝန်းကျင်ထဲမှာပဲ ကြီးပြင်းစေရတော့မယ်ဆို အဲဒီလိုသီချင်းမျိုး ပိတ်ပစ်သင့်ပါတယ်လို့ ရှေ့ဆုံးကနေ ထ အော်ရမယ့် အနေအထားပဲ။
အဲဒါကြောင့် လက်ရှိအနေအထားအရ ဒီလို ကိစ္စမျိုးကို မြန်မာပြည်အတွက် ဆွေးနွေးရတာ လက်ဝင်တယ် ပြောတာ။ (လူတစ်ယောက်၊ လူတစ်စုရဲ့ လုပ်ရပ်က ကျန်တဲ့လူတွေကို မထိခိုက်စေအောင် ကာကွယ်လို့ မရတဲ့ အနေအထားမျိုးမို့)
ဆိုလိုတာက အိမ်ဘေးက သီချင်းသံ ကျယ်တာနဲ့ ကိုယ့်လွတ်လပ်ခွင့်ကို ထိပါးတာနဲ့ ဥပဒေအရ တိုင်တော အရေးယူလို့ ရတဲ့ အနေအထားမရှိလို့။ တကယ်လို့သာ ကိုယ့်လွတ်လပ်ခွင့်ကို သူတပါးက မထိခိုက်စေ၊ သူတပါးလွတ်လပ်ခွင့်ကို ကိုယ်က မထိခိုက်စေဘူး ဆိုရင်တော့ ကိုယ့်အမြင်မှာ နှိပ်ကွပ်သင့်တဲ့၊ ပိတ်ပင်သင့်တဲ့၊ ဖယ်ရှားသင့်တဲ့ ဖန်တီးမှုဆိုတာ မရှိပါဘူး။
ဒီလိုဆိုလည်း မေးစရာ ရှိချင်ရှိကြဦးမယ်။
သူများက ကိုယ့်လွတ်လပ်ခွင့်ကိုတော့ မထိပါးပါဘူး။ ဒါပေမဲ့ ကိုယ့် generation တိတ်တိတ်ကလေး ဒီလို စာပေမျိုး၊ ဒီလို ဂီတမျိုး ကိုယ်မသိအောင် ခိုးနားထောင်ခံစားနေတယ် ဆိုရင်ရော... လို့။
ဖြေစရာက တခုပဲ ရှိပါတယ်။
ကိုယ့်တာကိုယ် လုံအောင် တာဖို့ပါပဲ။
ဒီလိုမှ လုံအောင် မတာ နိုင်ခဲ့ဘူးဆိုရင်၊ တာ ထားတဲ့ ကြားကမှ ဖြစ်ခဲ့မယ်ဆိုရင်တော့ အဲဒါ သူတို့ရဲ့ လွတ်လပ်ခွင့်၊ ရွေးချယ်ခွင့်ပါပဲ။
ဒီလိုကိစ္စမျိုးကို ပိတ်ပင်ထားတာနဲ့၊ မပိတ်ပင်ဘဲ ခွင့်ပြုထားတာမှာ ပိတ်ပင်ထားတဲ့ကြားက ဖြစ်လာမယ့်အနေအထားဟာ ပို မဆိုးရွားနိုင်ပါဘူးလို့ ဘယ်သူမှ အာမမခံနိုင်ဘူး။ လုပ်ချင်တဲ့လူဟာ ဗြောင်မလုပ်ရရင် ခိုးလုပ်လိမ့်မယ်။ ဆိုတော့... မသင့်တော်ဘူးထင်ရတဲ့ ဖန်တီးမှုတွေကို ပိတ်ပစ်တယ်ဆိုတာ မှန်ကန်တဲ့ solution လို့ မယုံကြည်ဘူး။ အဲဒီ ဖန်တီးမှုတွေကို လိုက်ပိတ်နေတာထက် ခံစားသုံးစွဲမယ့်သူတွေကို သူတို့ဘာသာ ရွေးချယ်နိုင်အောင်၊ ဖယ်ရှားနိုင်အောင် လေ့ကျင့်ပေးဖို့ပဲ အဓိကလို့ ထင်တယ်။
နောက်တခုက ကိုယ့်အတွက် ကောင်းမွန်မြင့်မားမှန်ကန်တယ် ထင်တဲ့ စံ တွေက သူတပါးအတွက် အမှားကြီး ဖြစ်ချင်ဖြစ်နေမှာပဲ။ နောက်တချက်က ခေတ်။ အရင်ခေတ်က လမ်းသရဲသီချင်း ဆိုတာတွေ ခု ဂျောက်ဂျက်နဲ့ ယှဉ်တော့ ထီးသုံးနန်းသုံးလို့တောင် ပြောရနေပြီ။ တချိန်က ကိုယ် မှန်တယ်လို့ ယုံကြည်နေတဲ့အရာတွေဟာ နောင်တချိန်ကျ မှန်ချင်မှ မှန်မှာ။
ဒီနေရာမှာ တောကျောင်းဆရာလည်း စကားဝိုင်းထဲမှာ ပါနေပြန်၊ အကြောင်းကလည်း တိုက်ဆိုင်ပြန်လို့ ဂျူး အမှတ်တရ အကြောင်း ဆွဲထည့်လိုက်ဦးမယ်။ ဟိုဘက်ခေတ်မှာ အမှတ်တရ ဘယ်လို တိုက်ခိုက်ခံ၊ အရေခွံနွှာခံရလဲဆိုတာတော့ ထူး ပြောစရာ မရှိပါဘူး။ တချို့ ဂုဏ်သရေရှိ ထိပ်တန်းကျောင်းထွက် ထိပ်တန်းစာရေးဆရာကြီးများလည်း အာပေါင်အာရင်းသန်သန်နဲ့ ပရိသတ်ကို လမ်းမှားမပို့ရေး၊ လမ်းမှန်ပြရေး၊ စေတနာဆိုတာတွေ ကိုင်ပြီး ဂျူးကို နင်းတက်ခဲ့ကြသေးတာပေါ့။
နောက်ဆုံး ဂျူးက "သူမင်းကို ဘယ်တော့မှ" လို "စောင့်နေမယ်လို့ မပြောလိုက်ဘူး" လို စာမျိုးရေးလာတော့ ဒီနေ့ခေတ်လူငယ်များက လူငယ်ပြုပြင်ရေးတွေ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးတွေ၊ အကျိုးပြုလုပ်ငန်းတွေက ဘယ်သူမဆို လုပ်နိုင်ပါတယ်။ ဂျူးကိုတော့ ဂျူးမို့လို့ ပြောနေရတာပါ။ အမှတ်တရ လို ဟာမျိုးလေး လုပ်စမ်းပါဦး နဲ့ လာကြပြန်ရော။ (ဇွတ်ပဲ။ အသက် ၅၀ ကျော်ပါပြီဆိုမှ အမှတ်တရ လိုဟာ ပြန်ရေးတော့ရော ဖြစ်မလား)
ကိုယ်က ဂျူးကို ကြိုက်ပါတယ်။ အထင်လည်းကြီးပါတယ်။ ဒါပေမဲ့ သူရေးသမျှ ကြိုက်တယ်တော့ မဟုတ်ဘူး။ "ချစ်သူရေးတဲ့ ကျွန်မရဲ့ညတွေ" က စလို့ နောက်ပိုင်း ခံစားမှုနဲ့ ကြိုက်လို့ မရတော့ဘူး။ အဲဒီထဲက ရတနာ ကို ခံစားလို့ မရဘူး။ အဲဒီ စာအုပ်ထဲက စကားလုံးတွေ သိပ်ကောင်းတယ် သူများပြောလည်း ကိုယ်က ဇာတ်ကောင်စရိုက်ကို ခံစားလို့မရဘူးဆိုရင် သွားရောပဲ၊ စကာလုံး ဘာဖြစ်ဖြစ်၊ ဇာတ်လမ်း ဘာဖြစ်ဖြစ်။
နောက် "စကားတစ်ပွင့်"။ ပိုတောင် ဆိုးသေးတယ်။ ပုံပြောနေတာလိုလို၊ ဒဏ္ဍာရီလိုလိုဟာတွေ ဖတ်နေတုန်းသာ စိတ်ဝင်စားတာ။ ပြီးတော့လည်း ပြီးသွားတာပဲ။ အဲဒီ စကားတစ်ပွင့် မှာ စွဲကျန်ခဲ့တာဆိုလို့ "ကျွမ်းထိုးကောင် အိုင်ချင်း" တစ်ပုဒ်ပဲရှိတယ်။
ဒါပေမဲ့ နောက်ပိုင်းစာတွေ ကိုယ့်ခံစားမှုအရ မကြိုက်တော့ဘူး ဘယ်လိုပြောပြော၊ ဂျူးကတော့ ဂျူးပါပဲ။ ဂျူးကိုတော့ impressive ဖြစ်တုန်းပါပဲ။
အင်း ချော်သွားပြန်ပြီ။
အဆက်အစပ်မိအောင် နည်းနည်း ပြန်ကောက်လိုက်မယ်။
(နောက်ဆုံး ဂျူးက "သူမင်းကို ဘယ်တော့မှ" လို "စောင့်နေမယ်လို့ မပြောလိုက်ဘူး" လို စာမျိုးရေးလာတော့ ဒီနေ့ခေတ်လူငယ်များက လူငယ်ပြုပြင်ရေးတွေ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးတွေ၊ အကျိုးပြုလုပ်ငန်းတွေက ဘယ်သူမဆို လုပ်နိုင်ပါတယ်။ ဂျူးကိုတော့ ဂျူးမို့လို့ ပြောနေရတာပါ။ အမှတ်တရ လို ဟာမျိုးလေး လုပ်စမ်းပါဦး နဲ့ လာကြပြန်ရော။)
အနုပညာနဲ့ ယဉ်ကျေးမှုဆိုတာတွေရဲ့ စံ ဆိုတာကလည်း ပြောရရင်တော့ တရားကျစရာကြီးပါကွယ်ရို့။***
ထပ်ဆင့်ဖြည့်စွက်
နိုင်ငံရေးဝါဒတွေကို စာပေအနုပညာထဲ အတင်းသွင်းတဲ့အကြောင်းက စ ပြောခဲ့ကြပေမယ့် ထည့်ပြောဖို့ကောင်းတဲ့ စာအုပ်တစ်အုပ် မေ့ကျန်ခဲ့တယ်။
"နောက်ကြည့်မှန်"
***
Wednesday, September 8, 2010
လူ နဲ့ ပတ်ဝန်းကျင်
အဲဒီစာအုပ်က ပါးပါးကလေးပေမယ့် ဈေးကြီးတယ်။ ကိုယ့်အထင် အဲဒီအချိန်က ကွန်ပျူတာ ဂျာနယ်နဲ့ ဈေးချင်းတူတူလောက်လို့ ထင်တယ်။ နောက်ပိုင်း မထွက်ဖြစ်တော့ဘဲ ရွက်နုဝေ နာမည်နဲ့ ပြောင်းထုတ်တယ်။ မဂ္ဂဇင်း အထူလောက် ဖြစ်သွားပြီး ဈေးကလည်း ခေါင်ခိုက်သွားတာနဲ့ မဖတ်ဖြစ်တော့ဘူး။
အဲဒီစာစောင်ထဲမှာ မင်းခိုက်စိုးစန် ရဲ့ ဆောင်းပါးတွေလည်း ပါတတ်တယ်။
နောက်ပိုင်း အသက်ကြီးလာတဲ့အခါမှာ စာရေးသူတစ်ယောက်ကို ကြိုက်တယ်၊ မကြိုက်ဘူး ယတိပြတ်ပြောဖို့ ခက်လာပါတယ်။ မင်းခိုက်စိုးစန် ကိုလည်း အဲဒီသဘောအတိုင်းပါပဲ။
သူ ရေးဖူးတဲ့ ဆောင်းပါးတစ်ပုဒ်ကို ခု သတိရနေမိတယ်။
ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ပတ်သတ်ပြီး (တကယ်တော့) လူတွေရဲ့ ဗီဇအကြောင်းကို ပြောသွားတာပါ။
မော်ဒန်သမားတွေဟာ အဆိုးမြင်သမားတွေ ဟုတ်မဟုတ် သေချာ မပြောနိုင်ပါဘူး။ ဒါပေမဲ့ အပျက်ဘက် (တနည်းအားဖြင့်) အရှိ/ ပကတိတရားသက်သက်ကို သူများထက်ပိုလို့ စူးစူးရှရှ မြင်တတ်တာတော့ သေချာတယ်။ အဲဒီလို သူတို့မြင်တဲ့ အမြင်တွေဟာလည်း (ကိုယ့်အတွက်တော့) စိတ်ဝင်စားစရာကောင်းတယ်။ တခါတခါဆို ကိုယ်တိုင် ဟန်ဆောင်ပန်ဆောင် အလွှာလေးဖုံးပြီး အထဲက ဘာဆိုတာကို သေချာ မစဉ်းစားနိုင်ဘဲ ဟုတ်လှပြီ ထင်နေတာမျိုးကို သူတို့ရေးတဲ့စာ ဖတ်လိုက်မိမှ အလန့်တကြား ကွက်ကွက်ကွင်းကွင်း မြင်ရလေ့ရှိတယ်။
သူရေးတဲ့ ဆောင်းပါးတစ်ပုဒ်လုံးကို မမှတ်မိတော့ပါဘူး။
သူ့ သူငယ်ချင်း (ပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားဆိုသူ) တစ်ယောက်ကို သူ ပြန်ပြောတဲ့ ပုံစံနဲ့ ရေးထားတာပါ။ "တကယ်တော့ လူဟာ ကိုယ့်အကျိုးကို ကိုယ် ကာကွယ်တာပါပဲ" တဲ့။ "ပတ်ဝန်းကျင်ပျက်စီးတာဟာ ကိုယ့်လာထိခိုက်တဲ့အတွက်ကြောင့်မို့လို့သာ ပတ်ဝန်းကျင် ထိန်းသိမ်းဖို့ဆိုတာကို ဒီလောက်ဂရုပြုနေကြတာ၊ ကိုယ့်သာ လာမထိရင် အဲဒီ ပတ်ဝန်းကျင် ဆိုတာကြီးကိုလည်း ပစ်ထားကြဦးမှာပါပဲ" တဲ့။
နောက် သူငယ်ချင်းလုပ်သူက တိရိစ္ဆာန်တွေကို စောင့်ရှောက်ကာကွယ်ရေး တရားဟောတယ် ထင်ပါတယ်။ အဲဒီတော့ သူက "မင်းတို့တွေ ကြွက်တို့၊ ယင်ကောင်တို့၊ ပိုးဟပ်တို့ကိုရော စောင့်ရှောက်သလား။ သူတို့လည်း တိရိစ္ဆာန်တွေပဲ" လို့ မေးခဲ့တယ် တဲ့။
***
အဲဒီဆောင်းပါးမှာ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကနေ ဆွဲပြောသွားပေမယ့် တကယ်တမ်း မင်းခိုက်စိုးစန် ပြောချင်တာ အဲဒီအကြောင်းအရာလို့ မမြင်ပါဘူး။ လူတွေရဲ့ အဇ္ဈတ္တကို ဆွဲထုတ်ပြတာလို့ပဲ မြင်ပါတယ်။ "လူသားတွေအတွက်... ကမ္ဘာကြီးအတွက် ဘာဖြစ်တယ်၊ ညာဖြစ်တယ်၊ အနစ်နာခံတယ်၊ ကာကွယ်တယ်၊ ထိန်းသိမ်းတယ်၊ စောင့်ရှောက်တယ်" ဆိုတာတွေ အသံကောင်းဟစ်ပြီး အော်ပြတဲ့လူတွေနဲ့ သူ တော်တော်ကြုံခဲ့ဖူးတယ် ထင်ပါတယ်။
လူကြားကောင်းအောင်၊ လူကြည်ညိုအောင်၊ လူကြည်ဖြူအောင်၊ လူကြိုက်များတာလေး၊ လူထောက်ခံတာလေး ရွေးပြီး လုပ်တတ် ပြောတတ်တဲ့လူတွေဟာ ကျန်တဲ့လူတွေကို နင်းပြီး တက်သွားတတ်တယ်။ တချို့ဆိုရင် သူများကို နင်းတက်နေလို့ နင်းတက်မိမှန်း သူတို့ကိုယ်တိုင် သတိတောင် မထားမိကြဘူး။
အဲဒါမျိုးတွေ သိနေတာ ကြာလှပြီလို့ ကိုယ့်ဘာသာ အထင်ရောက်နေမိသေးတယ်။ တကယ်တမ်းကျ မဟုတ်ဘူး။ ကိုယ့်ကို ခုတုံးလုပ်ပြီး နင်းတက်လို့ တက်သွားမှန်းတောင် ရုတ်တရက် မသိလိုက်မိတဲ့ အဖြစ်မျိုး ရှိလိုက်သေးတယ်။ ကြာပြီလားဆိုတော့ မကြာသေးဘူး။ မကြာသေးဘူးလားဆိုတော့လည်း နည်းနည်းတော့ ကြာပါပြီ။ ချက်ချင်းထပြီး ထောပနာလိုက်တဲ့ထဲ ကိုယ်တောင် ပါလိုက်သေးတယ်။ (တုံးပုံ)
လူအများ သည်းခြေကြိုက်တာလေးတွေ ရွေးပြီး လုပ်နေတတ်တဲ့လူတွေဟာ အမြဲတမ်း ပန်းပန်လျက်ပါ ဆိုတာချည်းပဲ။
***
ဘာရယ်မဟုတ်ပါဘူး။
တိုက်ဆိုင်နေတာတွေနဲ့၊ ခုတလော သတိရနေမိတာတွေ ဆက်ကြည့်လိုက်တာ။
တချို့ ဖတ်ခဲ့ဖူးတာတွေဆိုလည်း မေ့ကုန်ပြီ။ သတိရတုန်းလေး ချရေးပြီး ခုလို မှတ်ထားလိုက်မှ။
***