Showing posts with label Shit. Show all posts
Showing posts with label Shit. Show all posts
Wednesday, October 30, 2019
ဘီအိုဘီအို ဟု ခေါ်ပါသည် in Unicode
Original Zaw Gyi Post - http://ritako.blogspot.com/2010/10/blog-post_10.html
Bo Bo 08/10/2010 at 10:44 Reply ဆရာတုတ်က နွားပလာတာကျွေးသကိုးဗျ ယောင်ယောင်အိုးတွေ အဖက်မလုပ်ပါနဲ့ဗျာ .. ကာလကုန်တယ် သွားပေါ့
zizawa 08/10/2010 at 11:06 Reply ကိုယ့်ညီ ပေးတဲ့ အကြံကိုတော့ ကျေးဇူးတင်ပါတယ်ဗျာ။ အိမ်က မိန်းမကလည်း အလားတူပြောဖူးတယ်။ ခုဘလော့နဲ့ ပတ်သက်လို့ မဟုတ်ပါဘူး။ တခြားဘလော့နဲ့ မဆိုင်တဲ့ အကြောင်းအရာနဲ့ပါ။ ပလာတာမစားတဲ့ နွားတွေအတွက်တော့ ဂျူံမစိုက်နဲ့တဲ့။
Bo Bo 08/10/2010 at 12:11 Reply ကျွတ်မုန်းဝင် ဖြစ်နေပါပီ း) အလဲ့….. ရှာဖတ်မနေပေမဲ့ ဒီဘလော့မှာ ရေးထားတာတွေ့ရင်တော့ စိတ်ပါရင် ဝင်ပြောမိမယ့် အကြောင်းအရာပါပဲ ဆိုပါလား။
တောနမက အပီးသတ်မှာ ခင်ဗျားကပ်နှိပ်သွားသေးတယ်။ …
ဒီလိုနည်းနဲ့ တုန့်ပြန်တတ်တဲ့သူ (တကယ်ထင်တာ ကျွန်မထက်တောင် အများကြီး ပိုသေးတယ်ထင်တယ်) နောက်ထပ်ရှိသေးတယ်လို့ သိလိုက်ရလို့ ဖြစ်မယ်တဲ့။ ဟီး အဆော်ခံရတာ အနာဂါမ်တည်နေပီထင်တယ် ကျွတ်မှာတော့မဟုတ်ဘူး သရဲအရူးဆိုတာ။
သည်းခံသင့်မှ သည်းခံမည်လို့ ဘန်နာချိတ်မှဗျို့ နင့်ဖကလွှား ချာတူးတွေ ထုံးမမီစံမရတွေက အင်တာနက်ပေါ် လှိမ့်တက်လာလိုက်တာ။ ဒါပေမဲ့ သူ ခင်ဗျားတော့ ကြောက်ရှာပါတယ်။ ဒီလို တွေ့ရာလျှောက်ပွားနေတဲ့ ဈေးနွားကြီးကို ဆုံးမပေးလို့ သောက်မြင်ကပ်နေတာ ကြာပီဖြစ်သော အွန်လိုင်းသပ္ပူရိသများကိုယ်စား ရှဲရှဲပဲ း)
***ကိုယ်သိတာ မမှားဘူးဆိုရင်တော့ အဲဒါ လူထု မျိုးဆက် ပဲ။
ဘာရယ် မဟုတ်ပါဘူး။သမိုင်းဖြတ်သန်းမှု မပြတ်တဲ့ အသိုင်းအဝိုင်းက မျိုးဆက်တစ်ယောက်ရဲ့ မျိုးရိုးဂုဏ်ကို upgrade လုပ်ထားတဲ့ စကားလုံးလေးတွေကို ကိုယ့် ဘလော့မှာ အမှတ်တရ မှတ်တမ်းတင်ထားလိုက်ချင်လို့။=)
အလှူရေစက် လက်နဲ့မကွာတဲ့ လူမျိုးလည်း ဖြစ်နိုင်ပါတယ်။
ဆွမ်းကြီးဝင်လောင်းတာ အတော်ဝါသနာပါပုံပဲ။
(နောက်ဆုံးမင်းနေပြည်တော်သားစစ်စစ်မို့ ဘိလပ်ရောက်သည့်တိုင် မြန်မာဆန်လွန်းတာကို ဖျောက်မရတာလည်း ဖြစ်နိုင်တယ်)
သာမန်လူဆိုရင်တော့ ကိုယ်နဲ့လည်း တိုက်ရိုက်ဖြစ်တာ မဟုတ်ဘဲ သူ့ဘာသာ ဘာပြောပြော ဒီဘလော့ပေါ် တင်ချင်မှ တင်မိမယ်။ ဆွေကြီးမျိုးကြီးထဲက လာပြောတာဆိုတော့လည်း သမိုင်းမှတ်တမ်း မပြတ်ရလေအောင် မှတ်တမ်းတင်ထားလိုက်ချင်လို့ပါ။
သူတပါးကိစ္စကို ကြည့်ပြီး၊ ဝင်ပြီး နှစ်ထောင်းအားရတွေ ဖြစ်ပြီး လှိုက်လှိုက်လှဲလှဲ စကားလုံးတွေ ထွက်နေတဲ့ သူ့လိပ်ပြာထဲထိတော့ ကိုယ် ဝင်ကြည့်လို့ မရနိုင်ခဲ့ဘူး။ ဘေးကပဲ ကြည့်ခဲ့မိတယ်။
ပြီးတော့ ထုံးမမီစံမရ ချာတူးလန်သူတစ်ယောက်ကို ရက်ရက်ရောရော မှတ်ချက်ပေးရဲတဲ့ သူ့ရဲ့ ထုံးမီစံရ ဂန္ထဝင်မြောက်တဲ့ စိတ်ဓါတ်အတွက် သူနဲ့ သက်ဆိုင်သူတွေ သက်ရှိတွေရော၊ တမလွန်ကနေရော အပြတ် ဂုဏ်ယူနေမှာပဲလို့ တွေးမိပြန်ပါတယ်။ (အသက်ရှိစဉ်က ဒါမျိုးလုပ်ရပ် မကြုံလိုက်ရတာ ကံကောင်းလှပါရဲ့ဆိုပြီး...)
ဒီနေရာမှာ print screen ဖမ်းထားတဲ့ မူရင်း
***
ကြည့်ရတာတော့ သူ ဒါမျိုးစကားတွေ ပြောထွက်လိုက်တာနဲ့ ကိုယ် ကြောက်ပြီး ငြိမ်ဝပ်သွားမှာပဲလို့ တွေးပြီး ပီတိဖြစ်နေပုံရတယ်။ စကားဆိုတာ ပြောတဲ့သူကိုပဲ ပြဋ္ဌာန်းလို့ရတယ်။ အပြောခံရတဲ့သူကို ပြဋ္ဌာန်းလို့မရဘူး။ ... ဆိုတော့ သူ့ဘာသာသူတောင် မကြောက်မရွံ့ ပြဋ္ဌာန်းရဲ ပြောရဲသေးတာ ကိုယ်က အပြောခံရမှာ ဝင်ကြောက်နေလိမ့်မယ်ထင်ရင်တော့ ထင်တဲ့လူကို တခွန်းပဲ ပြောစရာရှိတယ်။
"လဲသေလိုက်"
ရန်ကို ရန်ချင်း မတုန့်နှင်းနဲ့ ဆိုတာ သဘောပေါက်ပေမယ့် သဘောပေါက်တာက တခြား လိုက်နာနိုင်တာက တခြားမို့ ဒီ post ကို ရေးတင်လိုက်တယ်။ ရေးနေတဲ့ တချိန်လုံးလည်း ပြုံး..... ပြီး ရေးခဲ့တယ်။ (ဖြစ်နေမယ့် ပုံစံကို မြင်ယောင်ပြီး ပြုံးတာ)
ချက်ချင်းလက်ငင်း အချိန်မဆိုင်းဘဲ ရေးထားတာ ဖြစ်ပေမယ့် အတည်ပြုဖို့ အချိန်တခုကို မဖြစ်မနေ စောင့်ရမှာမို့ အတော်ကိုသည်းညည်းခံ စောင့်လိုက်ရသေးလို့ ဒီနေ့မှပဲ တင်ရတယ်။
ထုံးမီစံရတဲ့ ပါးစပ်တစ်ပေါက်က စကားလုံးအကောင်းစားလေးတွေကို မှတ်တမ်းတင်လိုက်နိုင်တဲ့အတွက်တော့ ကျေနပ်စရာပဲ။ ဖြစ်နိုင်ရင် သူ့ ancestor များရှိရာ တမလွန်ထိတောင် ဒီ post ကို စာပို့ပြီး ဖတ်ခိုင်းလိုက်မိချင်သေးတယ်။
=)
***
အဲဒီ blog က အကြောင်းအရာမှာ မူရင်းရေးသူ ဘာပြောလို့ ကိုယ်ဘာပြောချင်တယ်။ ဆိုလိုရင်း ချော်တယ် မချော်တယ် ဆိုတာက ကဏ္ဍတစ်ခုပါပဲ။ အဲဒါကို ကာယကံရှင်နဲ့ ကိုယ်နဲ့ မေးလ်ကနေ ဆက်ဆွေးနွေးထားတယ်။ post က ကွန်မန့်မှာဆို ဆွမ်းကြီးဝင်လောင်းချင်တဲ့ မဟာဗမာတွေက များလွန်းလို့ ဆက်မရေးတာ။ ခုကျမှ ကောက်ကာငင်ခါဆိုသလို မူရင်းစာရေးသူရဲ့ ဆိုလိုရင်းကို အတင်းကြီးကို ဝင်ပြီး နားလည်ပါတယ်ဆိုတဲ့ လူတွေကလည်း များလာလွန်းလို့။
***
ရန်လုပ်တယ် ရမ်းတယ်လည်း မထင်ပါနဲ့။
မကျေမနပ်ဖြစ်တယ်လည်း မထင်ပါနဲ့။
သမိုင်းဖြတ်သန်းမှု မပြတ်တဲ့ အသိုင်းအဝိုင်းကဖြစ်လို့ မှတ်တမ်းတင်တာပါ။
တကယ်ကို ကျေနပ်ပါတယ်။
=)
***
Friday, October 22, 2010
ဘိုဘိုလန်းစင် နှင့် စစ်ကူများ
printscreen ဖမ်းထားတာ (၁)
facebook က note ကို pdf ပြောင်းထားတာ (၂)
ကိုယ့် ဦးလေးက သူ့အဒေါ်ဆိုင် စောင့်ပေးတာ ဆိုပဲ။ ဟုတ်ရင်လည်း ဟုတ်ပါလိမ့်မယ်။ ဆွေခုနစ်ဆက် မျိုးခုနစ်ဆက် လိုက်ကြည့်ရင် ပြည့်ရှင်မင်းအစ သူဖုန်းစားအဆုံးရှိနိုင်တာ ကိုယ်သိနိုင်တာ မှတ်လို့။ ကိုယ့်ဘာသာတော့ သူတို့ ကြားဖူးရုံရှိတာ... ဒီလို ဆွေကြီးမျိုးကြီးတွေနဲ့ မပတ်သတ်ဖူးပါဘူး ထင်နေမိတာ။
facebook က ကိုယ့် friend list မှာ သူ့လို ဆွေကြီးမျိုးကြီးတွေ လိုက်အဒ် ထားတာလည်း မဟုတ်တော့ မမြင်ရပါဘူး။ ဒါပေမဲ့ ဒီကနေ့ ဘလော့မှာ fb ကနေ အဝင်များနေတာ ပုံမှန်မဟုတ်ဘူးလို့တော့ သိနေတယ်။ ဒါ အသိတယောက်က မေးလ်နဲ့ ပို့ပေးလို့ ဖတ်ရတာပါ။
ကိုဝတုတ်ကိုတော့ ကြောက်လို့ ပြန်မပြောရဲဘဲ သူ့ရမ်းတယ်လို့ ဆိုပါတယ်။
ကိုဝတုတ်ဟာ တိုက်ရိုက်ပြောရမယ့်သူဖြစ်လို့ တိုက်ရိုက် မေးလ်နဲ့ပြောပြီးဆိုတာ ထည့်ရေးခဲ့ပြီးဖြစ်ပါတယ်။ သိချင်ရင် ဘာတွေပြောလဲ ကိုဝတုတ်ကိုသာ တိုက်ရိုက်မေးပေတော့...
ကြောက်မလားဆိုပြီး ဘာမှလည်း မဆိုင်ဘဲ ဆွမ်းကြီးဝင်လောင်းတဲ့ အထာနဲ့ ခြောက်ကြည့်တာ မရတော့ ရမ်းတယ်ဖြစ်ရပြန်ရော။ သူနဲ့လည်း ဖြစ်တာမဟုတ်ဘဲ မနေနိုင်မထိုင်နိုင် ဆွမ်းကြီးဝင်လောင်းတဲ့ စိတ်ဓါတ်ကို ဒီလိုအတိုင်းလေးပဲ ခေါင်းငုံ့ပြီး ခံနေမယ်လို့ ထင်တာများ အံ့တောင်သြယူတယ်။ တကယ်။
သူ့ကြောက်ရအောင် သူ့မှာ လူတွေကြောက်ရမယ့် သေနတ်ရှိလို့လား။
ဒါမှမဟုတ် လေးစားပြီး ကြောက်ရွံ့ရမယ့် ဖြောင့်မတ်တဲ့ ဂုဏ်သိက္ခာရှိလို့လား။
အဲဒါလေးပဲဖြေ။ အဲဒီနှစ်ခုထဲက တစ်ခုခု ရှိအောင်လုပ်။
ဒါမှ လူရှိန်မှာ။
အဘိုးအဘွား ကောင်းမှုနဲ့ လူထု ဆိုတဲ့ နာမည်ရှိရုံ၊ ဘိလပ်မှာ ကျောင်းတက်ရုံနဲ့တော့ (အထင်ကြီးတဲ့လူလည်း ရှိမှာပေါ့လေ) ဘယ်သူကမှ ရှိန်ပြီး ကြောက်သွားမှာ မဟုတ်ဘူး။ မယုံရင် အဲဒီလို ဆွမ်းကြီးဝင်လောင်းတဲ့ နည်းမျိုးနဲ့ ဘယ်သူ့မဆို သွားစမ်းကြည့်ပါလား။ အကုန် ပြန်ပက်တာ ခံရမှာပဲ။ သတ္တိရှိရင် လုပ်ကြည့်လိုက်။
word file နဲ့ ကူးထားတာလေး ဖတ်ပြီးတော့ ဘယ်သူက ဘယ်သူ့ကို ပြန်မပြောရဲလို့ ဘယ်သူ့ရမ်းတယ်ဆိုတာ စဉ်းစားဖို့ပါပဲ။
မှတ်တမ်း သက်သက်ပါ။ လုံးဝ (လုံးဝ) စိတ်မဆိုးပါ။
ကိုယ်ကတော့ လူတယောက်ကို မကျေနပ်တာနဲ့ သူ့အမူအကျင့်မကြိုက်တာနဲ့ အဲဒါလေးကြည့်ပြီး၊ သူနဲ့ပတ်သတ်တဲ့ ဆွေမျိုးတစ်စုလုံး တန်ဖိုးဖြတ်လိုက်တာမျိုး အဓိပ္ပါယ်ရှိတယ် မထင်ပါ။ ဒါကြောင့်မို့ ကိုယ်တောင်မသိတဲ့ ကိုယ့်ဆွေမျိုးထည့်ပြီး စော်ကားမော်ကားပြောလည်း ဘာမှ မဖြစ်။ (သူ့ဘာသာသူ လုပ်ချင်လည်း လုပ်နေမှာပေါ့။ တကယ်သာဆိုရင် အဲဒီလူကဖြင့် လူထုမှာလုပ်ရလို့ ဂုဏ်တောင်ယူနေဦးမလားမသိ။ အမှန်ကတော့ ဘာမှ ထူး ဂုဏ်ယူစရာ မရှိပါဘူး။ လူထုမျိုးဆိုတာလည်း လူပြောသူပြောနဲ့ပဲ သိတာ။ ဘာ ဆိုတာ နောက်ကြုံမှ အပျင်းပြေ စုံစမ်းကြည့်ဦးမယ်။) ဆွေ ၇ ဆက် မျိုး ၇ ဆက်မှာ မြင့်တာရော နိမ့်တာရော အုတ်အရော ကျောက်အရောရော ကိုယ်လည်း အကုန် မသိနိုင်။ ဒီထက်ဆိုးတာတွေလည်း ရှိနိုင်တာပဲ။
(Update: ကိုယ့်အမျိုးထဲက လူထုအမျိုးဆီ ဆိုင်စောင့်လုပ်တယ်ဆိုတာနဲ့ ကိုယ့်မှာ အရှက်မှရပါစေတာ့ သိက္ခာမှကျပါစေတော့လို့ စေတနာထားပုံရပါတယ်။ ဂုဏ်သိက္ခာကျရအောင် လူထုမျိုးဆိုတာ အဆင့်မရှိလို့လား၊ မဟုတ်တာလုပ်နေလို့လား၊ အဲဒီဆိုင်ဆိုတာက လူ့ကျင့်ဝတ်နဲ့ မညီတဲ့ဆိုင်မျိုးဖြစ်နေလို့လား။
သူပြောချင်တဲ့ စကားလည်း သူ့ဘာသာ ဘယ်ရောက်လို့ ရောက်မှန်းသိပုံမပေါ်ဘူး။ ဆိုင်စောင့်တာဟာ ကိုယ့်တို့မျိုးရိုးကို အိုးမဲသုတ်နေတာ မဟုတ်ဘူး။ မျိုးရိုးကို အိုးမဲသုတ်တဲ့လုပ်ရပ်ဆိုတာ ဘာလဲလို့ မသိရင် fb မှာ သူ့ဘာသာတင်ထားတဲ့ Note ကို သူ့ဘာသာပြန်ဖတ်နေဖို့ပဲ ရှိတယ်။ စိတ်ဓါတ်တင် မရှိဘူးထင်တာ။ တကယ်က ဦးနှောက်ပါ မရှိတာကို)
ဒါပေမဲ့ မဆီမဆိုင် ဂျူး ပါ ပါသွားတာတော့ စိတ်အနှောင့်အယှက်ဖြစ်မိတယ်။
သို့သော်လည်း စကားဆိုတာ ပြောတဲ့လူကိုပဲ ပြဋ္ဌာန်းလို့ရတယ်။ အပြောခံရတဲ့လူကို ပြဋ္ဌာန်းလို့မရဘူး ဆိုတာပဲ ပြန်စဉ်းစားလိုက်ပါတယ်။ ကိုယ့်ကိစ္စနဲ့ မဆီမဆိုင်ပါသွားလေတဲ့ ဂျူးအတွက် အဲလိုပဲ ဖြေလိုက်တယ်။
(သူများက သူ့ရေးပို့တဲ့ ပုံစံနဲ့ ရေးထားပေမယ့် တကယ်က သူ့ဘာသာပဲ ရေးထားတာလည်း ဖြစ်နိုင်သေးတယ်)
***
မှတ်တမ်းသက်သက်ပါ။
လူထု မျိုးဆက်ပါဆိုတဲ့ ဘိုဘိုလန်းစင်ရဲ့ ပုံကတော့ တဖြည်းဖြည်း ပေါ်သထက် ပေါ်လာတယ်။ ကိုယ်ကတော့ "နှုတ်ကြမ်းရင် ဘာ ကိုယ်ကြမ်းရင် ဘာ" ဆိုတဲ့ ဆိုရိုးတွေကို လက်ကိုင်သုံးပြီး သားသမီးမကောင်းတာ မိဘပုံချတဲ့ ဗမာတွေရဲ့အကျင့်ကို ကြိုက်သူ လက်ခံသူ မဟုတ်ဘူး။ ဒါ ဗမာတွေ အမြင်ကျဉ်းတာ ပြရာရောက်တဲ့ ဆိုရိုးတွေ လို့ ထင်တယ်။
သူ လုပ်တဲ့ကိစ္စဟာ သူ့ကိစ္စပဲ။ သူ့အမျိုးကိစ္စ မဟုတ်ဘူး။
တခုပဲ ရှိတယ်။
တမျိုးလုံးက တသက်လုံး ထူထောင်လာတဲ့ ဂုဏ်သိက္ခာအောက်မှာ နေဖို့ မထိုက်တန်တဲ့ အမူအကျင့်ရှိသူလို့ပဲ သတ်မှတ်ရမယ် ထင်တယ်။
Sunday, October 17, 2010
ဘိုဘိုလန်းစင် analysis
ဘိုဘိုလန်းစင် analysis
Nyo
said...
I do not surprise his self-righteous words that often seen online in several places.
“အေး အေး ကောင်းတယ် မင်းအဲဒီလို များများပြောပေး မသာဖြစ်သွားပြီး တဲ့ မင်းအဖိုး အဖွားတွေလည်းဂုဏ်တက်တာပေါ့...”
လှိုင်ဘွားမောင် 2010-09-25 10:23
http://www.kaungkin.com/index.php?option=com_content&view=article&id=383:2010-09-23-21-51-11&catid=41:2009-04-17-01-31-28&Itemid=63
October 13, 2010 12:15 PM
***
Rita
said...
ဒီနေရာမှာ ဟိုသတ္တဝါကဏ္ဍ ပါလာပြီ။
ကိုယ် လွဲတယ်ထင်ရင် သူ့အနေနဲ့ လွဲတဲ့ အချက်အလက်ကိုပဲ ကိုင်ပြီး ပြောရမယ်။
ခုဟာက ဆွမ်းကြီးဝင်လောင်းချင်တာ သက်သက်။ ဒါ ရင့်သီးတာလို့ ပြောလို့မရဘူး ယူဆမိတယ်။
* လူတယောက်က တခြားလူတယောက်ကို ရင့်သီးနေတာကို ကြားဝင် အားရတာ၊
ခံရတဲ့လူကို ခံသွားရပြီဆိုပြီး လက်ညှိုးထိုး အားရတာ။
* တပါးသူ နှိပ်ကွပ်နေတာကို သူလုပ်နေရတဲ့အတိုင်း ဘေးကနေ ဩဘာပေး အကုသိုလ်ယူတာ၊
သူတပါးနှိပ်ကွပ်ခံရတာကို သူလုပ်လို့ ခံရတဲ့အတိုင်း ဝမ်းမြောက်ဝမ်းသာဖြစ်နေတာ။
* သူ့ထိလို့ တန်ပြန်တာ မဟုတ်ဘဲ သူတပါးကို သိက္ခာမှ ကျပါစေတော့၊ လိပ်ပြာမှ ငယ်ပါစေတော့လို့ ဘေးကနေ ဟေးတိုက်လို့ မောင်းချင်တာ။ အားပေးအားမြှောက်ပြုချင်တာ။
* အဲလိုလုပ်လိုက်ရင် ခံရတဲ့လူက ကြောက်သွားမယ်ထင်ပြီး နှစ်သိမ့်အားရနေတာ။
သူတပါး အကြောက်ကို အရသာခံ ကြည့်ချင်နေတာ။
အဲဒါ ကိုယ့်တွက်တော့ မှတ်တမ်းတင်စရာ အချက်ပဲ။
October 13, 2010 12:57 PM
***
လိုအပ်လို့ comment က အချက်တွေ ပြန် ဆွဲထုတ်လိုက်မယ်။ comment မှာဆို သိပ် မလေးနက်သလိုလဲ ဖြစ်တယ်။ ခုလို post မှာတင်တော့ နောက်ပိုင်း ဖတ်မယ့်သူတွေ မြင်လွယ် တွေ့လွယ်ရှိတယ်။ ပြီးတော့ အရင် post ထဲမှာက ဘယ်သူဆိုတာ ပြောရုံလောက် ပြောမိပြီး စိတ်ဓါတ်နဲ့ သဘောထားကို ဒီလောက် ကွက်ကွက်ကွင်းကွင်း ထည့်မရေးခဲ့မိဘူး။
***
ဒီကိစ္စ ဖြစ်ပြီးပြီးချင်း အဲဒီ သတ္တဝါ ဘာ ဆိုတာကို အရေးတကြီး အတည်ပြုဖို့ လုပ်နေရလို့ ချက်ချင်း post မတင်နိုင်ဘူး။
အဲဒီအချိန် KOM cbox မှာ နဂိုအတိုင်း ဆက် စကားပြောနေတုန်းပဲဆိုတော့ အဲဒီမှာ အတူ စကားပြောတဲ့ထဲက တယောက်က စကားဝိုင်းထဲကို zizawa က link ကို ခဏခဏ လာချတယ်။ ဘာရည်ရွယ်ချက်နဲ့ ဘာဖြစ်စေချင်လို့ လာချတယ် ဆိုတာ အထူး ပြောဖို့မလိုဘူး။ စိတ်ဓါတ်နဲ့ သဘောထား ရည်ရွယ်ချက်က ဟိုသတ္တဝါနဲ့ တူတူပဲ။
ဘာကွာလဲဆိုတော့ကာ...
* အထက်တန်းမအောင်တဲ့ Singapore က work permit သမား၊ အမျိုးအမည် မထင်ရှားတာနဲ့
* ဆေးကျောင်းပြီး၊ ဘိလပ်တက္ကသိုလ်တခုမှာ သမိုင်းသင်၊ (တခုခု မဟုတ်တာ လုပ်မိတော့မယ် ဆိုတာနဲ့ ဂုဏ်သိက္ခာကို ပြန်စောင်းငဲ့ကြည့်သင့်တဲ့) ဆွေမျိုးအကြီးစားထဲက ဖြစ်တာကွာတယ်။
***
ငယ်ငယ်က မဂ္ဂဇင်းတော်တော်များများ ဖတ်ခဲ့မိတာတွေ တချို့လည်း မှတ်မိ၊ တချို့လည်း မမှတ်မိတော့... အကြောင်းတိုက်ဆိုင်မှသာ ပေါ်လာတော့တယ်။
ခုလည်း ပေါ်လာတဲ့ အကြောင်းအရာတစ်ခုပေါ့။
ကိုတာ ရေးသလား၊ မောင်သစ်ဆင်း ရေးသလားတော့ မသိ။
မောင်သစ်ဆင်း "ကလေးတို့ရဲ့ မနက်ဖန်" ဆိုတဲ့ ဆောင်းပါးစုထဲက ဖြစ်ဖို့ ပိုများပါတယ်။
နာမည်၊ နိုင်ငံစတဲ့ အသေးစိတ်တွေ မမှတ်မိတော့ပါဘူး။
ဉာဏ်ရည်ချို့တဲ့တဲ့ ကလေးတွေကို လေ့ကျင့် သင်ကြားပေးရာမှာ အင်မတန်ပါရမီထူးတဲ့ ဆရာမတစ်ယောက် ရှိတယ်။ သူ လေ့ကျင့်သင်ကြားပေးထားတဲ့ ကလေးတွေနဲ့ ပုံမှန်ကျောင်းမှာ ပုံမှန်ဉာဏ်ရည်ရှိတဲ့ ကလေးတွေ မေးခွန်းတူ စာမေးပွဲဖြေဖို့ စီစဉ်ကြတယ်။
သူ့ရဲ့ ဉာဏ်ရည်နိမ့် ကလေးတွေက ပုံမှန်ကျောင်းကို သွားပြီး ဖြေရတယ်။ ကလေးတွေရဲ့ ပြင်ပ သွင်ပြင် ပုံသဏ္ဍာန်နဲ့ အိနြေ္ဒက ပုံမှန်ကလေးတွေနဲ့ သိသာအောင် ခြားနားလွန်းတော့ ဘေးလူတွေမှာ ဒါ မိုက်မဲတဲ့ စတန့်ထွင်မှုသက်သက်လို့ ထင်တဲ့လူက ထင်တယ် ဆိုတယ်။
လိုရင်းပြောရရင်... စာမေးပွဲ စစ်လိုက်ပြီး ရလဒ်တွေ ထွက်လာတဲ့အခါမှာ ဉာဏ်ရည်နိမ့်တဲ့ ကလေးတွေက၊ ပုံမှန်ကလေးတွေကို ဘယ်နေရာမှာမှ မနိမ့်ဘဲ ယှဉ်နိုင်တယ်ဆိုတယ်။ အုပ်စု နှစ်ခုရဲ့ ရလဒ်က တန်းတူညီမျှပဲတဲ့။
ပညာရေးက လူကြီးတွေရော၊ ကလေးမိဘတွေရောက ဆရာမကို တအံ့တသြ ချီးကျူးပြီး "ဒီလို ဉာဏ်ရည်မမီတဲ့ ကလေးတွေကို ပုံမှန် ဉာဏ်ရည်ရှိတဲ့ ကလေးတွေနဲ့ တန်းတူဖြစ်အောင် ဘယ်လိုများ သင်ကြားလေ့ကျင့်ပေးထားတာလဲ" လို့ ဝိုင်းမေးကြတယ်။
အဲဒီမှာ ဆရာမက ပြန်မေးပါတယ်တဲ့။
"ဒီလို ပုံမှန်ကလေးတွေကို ကျွန်မရဲ့ ပုံမှန် မဟုတ်တဲ့ ကလေးတွေနဲ့ တန်းတူဖြစ်သွားအောင် ရှင်တို့ ဘယ်လိုများ သင်ကြားထားတာပါလဲ"
***
အကြောင်းက တိုက်ဆိုင်လွန်းလို့ ပြန်မှတ်မိလာတာကို ချရေးလိုက်တာ။
***
မှတ်ချက်။
ဒီနေရာမှာ အကြောင်းအရာနှစ်ခုကို ယှဉ်ပြောတာမို့ အဲဒီ ဆရာမရဲ့ တန်ပြန်မေးခွန်းကို အသုံးပြုလိုက်တာပါ။ အင်မတန်လည်း ဆီလျော်နေလို့။
ကလေးတွေကိစ္စ သက်သက်ကို ရည်ရွယ်ပြောရမယ်ဆိုရင်တော့ အဲဒီဆရာမရဲ့ မေးခွန်းကို ဆောင်းပါး စဖတ်မိကတည်းက ကိုယ် မနှစ်မြို့ မထောက်ခံပါဘူး။ ဒါကို post မှာ ထည့်မရေးတော့ဘူး။ ဆိုလိုရင်းနဲ့ ရှုပ်ထွေးသွားမှာစိုးလို့။ comment မှာပဲ ချလိုက်မယ်။
ဒါပေမဲ့ ခု ကိုယ် ယှဉ်ပြတဲ့ ကွာခြားတဲ့ အခြေအနေနှစ်ခုက ဆင်းသက်လာတဲ့ အဆင့်အတန်းတူတဲ့ စိတ်ဓါတ် ၂ ခုမှာတော့ သူမေးတဲ့ စကားလုံးဟာ ဆီလျော်သင့်တော်လွန်းလို့ ပြန်သတိရပြီး ချရေးလိုက်တာပါ။
"ဒီလို ပုံမှန်ကလေးတွေကို ကျွန်မရဲ့ ပုံမှန် မဟုတ်တဲ့ ကလေးတွေနဲ့ တန်းတူဖြစ်သွားအောင် ရှင်တို့ ဘယ်လိုများ သင်ကြားထားတာပါလဲ"
***
အဲဒါတွေ ချက်ချင်းရေးဖို့ပဲ။
မအားတာရယ်၊ အားတော့လည်း ပျင်းနေတာရယ်နဲ့ ခုမှ ရေးတင်ဖြစ်တယ်။
နောက် အဲဒီသတ္တဝါရဲ့ နာမည်အရင်းကို မတပ်ချင်ဘူး။ ဒါပေမဲ့ search engine မှာ ရှာရင် တွေ့လွယ်အောင်လို့ ဆိုတဲ့ စေတနာနဲ့ တပ်လိုက်တာ။
***
တွဲဖတ်ရန် post
***
ထပ်ဆင့်မှတ်ချက်။
သက်ရှိမှန်သမျှ သတ္တဝါ ဖြစ်သည်။
***
facebook link
Sunday, October 10, 2010
***
ဘာရယ် မဟုတ်ပါဘူး။
=)
***
"လဲသေလိုက်"
=)
***
***
ကဖြစ်လို့
မှတ်တမ်းတင်တာပါ။
တကယ်ကို ကျေနပ်ပါတယ်။
=)
***
Thursday, April 29, 2010
အသုံးမကျတဲ့ စိတ်ကူး
သင်္ကြန်အပြီးမှာ ရလိုက်တဲ့ အကုသိုလ်တွေ တလှေကြီးနဲ့ ယာဉ်ပျံတစ်စီးလောက် ဆောက်ချင်တယ်။ (ကျော်သူမောင်းတဲ့ ကားပုံစံမျိုး)
လူအားလုံး ခေါင်းရှင်းဖို့ နှစ်ဘက်စလုံးကို မောင်းသွင်းပြီး ပိတ်ချင်တယ်။
အားလုံးကို ခါချဖို့ ပါပဂြိုဟ်တစ်လုံးလည်း ရှာချင်တယ်။
ပြီးသွားရင် (ခွေးချင်းကိုက်တာ ဘယ်တုန်းကမှ စိတ်မဝင်စားခဲ့ပေမယ့်) ဆတ်ဆတ်ခါ မချိနေမယ့်ဟာတွေကို နက္ခတ်တာရာကြည့် မှန်ပြောင်းနဲ့ အိမ်အပြန် ညတွေမှာ ဇိမ်ခံ ချောင်းကြည့်ရင်း ဟားချင်တယ်။
***
Friday, April 16, 2010
2nd time!
ပထမဆုံး တစ်ကြိမ် က ထူးအိမ်သင် ဆုံးပြီး ထူးအိမ်သင် အမှတ်တရ စာအုပ် ဖတ်ရတုန်းက...
အများကြီးပါပဲ။ ဝင်ရေးကြတဲ့လူတွေ။
နီကိုရဲ၊ ကြွက်နီ ခေါ်တဲ့ သိမ်းတင်သား၊ စောဝေ၊ သီဟန်သွင်၊ စိုင်းထီးဆိုင်၊ မောင်မောင်ဇော်လတ်၊ မျိုးဆွေသန်း၊ ဝဏ္ဏခွာနီး တို့ထိ...
တကယ်တော့ ကွယ်လွန်သူ အကြောင်း သိချင်လို့ ဖတ်ခဲ့တာပါ။
ဒါပေမဲ့ ဝင်ရေးကြတဲ့ လူတွေအကြောင်း တော်တော်များများ သိလိုက်ရတယ်။
***
ဒီတကြိမ်ကတော့ ဒုတိယအကြိမ် ပဲ။
***