skip to main |
skip to sidebar
အထောက်အထားတွေ ဖျောက်ဖျက်
ပညတ်မပါတဲ့ တမန်တော်
အသိအမှတ်ပြုစရာက ကျန်ရစ်
ချန်ပစ်တယ်ဆိုရင်လဲမသေချာခြင်းနဲ့ ဖုံးကွယ်
ကြည်လင်ပြတ်သားခြင်းလဲမရှိဝိုးတ၀ါး အသိနဲ့
ပဟေဠိပဲ ညှိရမလိုလိုသေချာပိုင်ခွင့်တွေ အဓမ္မ ကွပ်မျက်
သက်သေကို ထိတ်တုံးခတ်ခဲ့
ကဲ
အဲဒါ ဘာအတွက်လဲ
မျှော်လင့်ချက် အကျဉ်းချ
နောင်တချိန် ငြင်းပြမလို့ပေါ့(1997)
___________________________________________________________
Sign ထိုးဖို့ မေ့ကျန်ခဲ့တဲ့ စာတစ်စောင်ကို ဖတ်ပြီး ရေးထားတဲ့ ကဗျာ။
ရေးတဲ့သူ ဘယ်သူမှန်းလဲ သိနေတော့ မခံချင်စိတ်နဲ့ ချက်ချင်း ကဗျာကောက်ရေးပစ်တာ။
တသက်လုံး ရေးခဲ့သမျှမှာ အရသာ အရှိဆုံးပဲ။ (တမင် Sign မထိုးတာလို့ ထင်ခဲ့တာကိုး၊ ပြီးမှ သိတာ မေ့သွားလို့တဲ့)
အသက် ၁၇ နှစ်လောက်ကတော့ ရန်တွေ့တာကလဲ ကဗျာ ဖြစ်တယ်... ဆရာ။
(Valentine Day အမှတ်မရ/ တရ)
မုန်တိုင်းတစ်ခု တိုက်သလိုပ
လွင့်ထွက်သွားအောင်
စွမ်းဆောင်နိုင်လိုက်တာ
ထိတ်လန့်ဖွယ် ကောင်းလေစွနီးစပ်ခြင်းများအား အတင်းအဓမ္မ ဆွဲခွာသွားရက်တာညှို့ငင်ချက်တခုလိုပတမ်းတခြင်းများအားတားဆီးမရအောင်
ဆွဲဆောင်ပျံ့နှံ့လာစေတာသေနတ်တစ်လက်လိုပ
အရှိန်ပြင်းပြင်းစီးဆင်းလာတဲ့
ဝမ်းနည်းခြင်းများအားတာလွှတ်ပေးခဲ့တာ*ကြည့်
တိတ်ဆိတ်ခြင်းနဲ့ ခြောက်သွေ့ခြင်းတွေကို
အထီးကျန် ကမ္ဘာထဲ လာထည့်ပြပါလိမ့်မယ်
(1998)
*****
(မင်းခိုက်စိုးစန်တို့ တာရာမင်းဝေတို့ မော်ဒန်တွေ ဖတ်ပြီး အားကျ ရူးနှမ်းခဲ့တဲ့ အချိန်တုန်းက ရေးထားခဲ့တာပေါ့။ ကိုယ့်ဟာကိုယ် အနုပညာ ဇာတာ မပါမှန်းလည်း မသိခဲ့သေးတဲ့ အချိန်လေ။ သူတို့သာသိရင် တစ်သက်လုံး နောင်တရသွားနိုင်တယ်)
:D
(သူတို့ နှစ်ယောက်လုံး မရှိကြတော့ဘူး လို့ အချိန်တော်တော် ကြာကြာကတည်းက ခံစားရတယ်။)
*****
Credit for Photo : Nyan Htun
(Midway between Italy and Spain)
iphonetoolbox.com
ရင်ခုန်တစ်ချက်
ပင့်သက်တစ်ရှိုက်လေဝှေ့ခိုက်နဲ့
မိုးစက်ကျစဉ်
ခြေလှမ်းပြင်တိုင်းလှိုင်းတွေရစ်ပတ်
ပြေးမထွက်နိုင်
*တိတ်တိတ်မျှော်လင့် နားဆင်ခွင့်ကိုပြောသူမရှိလူမသိလည်း
တဖန် ပြန်ကြားနှလုံးသားမှ
ထပ်ဆင့် ရိုက်ခတ်ပဲ့တင်ထပ်သည်...
(1998)
ဗေဒင်
ယုံလားလို့ မေးတိုင်း "စိတ်မ၀င်စားပါ" လို့ ကျွန်မ အမြဲဖြေဖြစ်ပါတယ်။
ဒီကိစ္စနဲ့ ပတ်သတ်ရင် လူတိုင်းက ယုံ ၊ မယုံ ဆိုတာနဲ့ပဲ မေးခွန်းထုတ်တတ်ကြတယ်။
ကျွန်မ အထင်တော့ ဗေဒင်မေးလေ့ရှိတဲ့သူရော ၊ မေးလေ့ မရှိတဲ့သူရော ဘယ်သူမှ ရာနှုန်းပြည့် ယုံတယ် ၊ ရာနှုန်းပြည့် မယုံဘူးဆိုတာ မရှိနိုင်ပါ။
လူသာမာန်တစ်ယောက်ရဲ့ တခြားလူတစ်ယောက် အပေါ် မှန်းဆတွက်ချက်မှုဆိုတာ အခါခပ်သိမ်း မမှန်နိုင်စကောင်းတာ ဦးနှောက်နည်းနည်း ရှိရုံနဲ့ တွေးကြည့်လို့ ရနိုင်ပါတယ်။ ပညာစွမ်းပေါ် မူတည်လို့သာ မှန်နိုင်စွမ်း (probability) ဟာ ကွာသွားနိုင်တာပါပဲ။
အားလုံးမှန်တယ် ထားဦးတော့ .. ဒါမျိုး ဘယ်နှစ်ခါ ဆက်တိုက်မှန်နိုင်မလဲ။ ဒါကို လူတိုင်းတွေးနိုင်ပါတယ်။
တကယ်တော့ မှန်တယ် ဆိုလည်းပဲ သူဟောလို့ ဖြစ်တာမဟုတ်ပါ သူ မဟောလဲ ဖြစ်စရာရှိတာ ဖြစ်လာမှာပါပဲ။
ဒီတော့ ဗေဒင်ကို ဘာကြောင့် တစွဲတလမ်း မေးကြသလဲ ဆိုရင် ကျွန်မတော့ စိတ်ဝင်စားမှုကြောင့် လို့ပဲ ကောက်ချက်ချမိတယ်။ ရှေ့ကို ဘာဖြစ်မလဲ ကြိုသိချင်တဲ့ စိတ်အခံကြောင့်ပါပဲ။ ဇာတ်လမ်းတစ်ခု ကြည့်သလို၊ ၀တ္ထု တစ်ပုဒ်ဖတ်သလို.. (TV ကလွှင့်တဲ့ series တွေ ရှေ့ဘာဖြစ်မလဲ သိချင်လွန်းလို့ အခွေဝယ်ပြီး ကြိုကြည့်တဲ့လူတွေ အများကြီး ရှိတယ်။ ပြီးတော့ TV က ပြတာ ဆက်မကြည့်တော့ဘူးလား ဆိုတော့လည်း ကြည့်တာပဲ တဲ့)
ကျွန်မ အတွက်တော့ အဲဒါ ထူးထွေသည့် အံ့ရာ ပဲ။ သိပြီးသားကို ဘယ်လို စိတ်ဝင်စားမှုမျိုးနဲ့ ငုတ်တုတ် ဆက်ထိုင်နေနိုင်တာလဲ စဉ်းစားရင် ...
အင်း နောက်ဆုံးတော့ ဗေဒင်ကို လက်မလွှတ်တဲ့ လူတွေဟာ ကြည့်ပြီးသား ရုပ်ရှင်ကို နှစ်ခါပြန်ကြည့်ဖို့ ၀န်မလေးတတ်တဲ့ သူမျိုးတွေ ဖြစ်နိုင်ပါတယ်။
ကျွန်မ အတွက်တော့ ဗေဒင်ဆိုတာ သူဟောတာ မှန်ခဲ့ရင် (မှားရင် ဆိုတာ စကားထဲထည့်ပြောစရာ မလိုတော့ဘူး) ကြည့်ပြီးသား ရုပ်ရှင်ကို နှစ်ခါပြန် ကြည့်ရသလို ဖြစ်မှာကလွဲလို့ ...
ကျွန်မက စာအုပ်သာ အချိန်ပြည့်ဖတ်ချင်တာ ။ ရုပ်ရှင်ကြည့်ဖို့တော့ အင်မတန်ပျင်း။
ဒါကြောင့် ကျွန်မကို ဗေဒင်ကို ယုံသလား မေးခဲ့ရင် "စိတ်မ၀င်စားဘူး" လို့ပဲ ဖြေခဲ့ပါတယ်
ကျွန်မ တစ်ခါမှကို ဗေဒင် မမေးခဲ့ဖူးပါ။ ဖြစ်ချိန်တန်ရင် ဖြစ်လာမှာတွေအတွက် ဗေဒင်မေးတယ် ဆိုတာ ကျွန်မအတွက်တော့ အသက်ရှင်ခြင်းရဲ့ အပိုအလုပ်တစ်ခုသာပဲ။
စိတ်ဝင်စားတဲ့သူတွေ ဆက်မေးလိမ့်မည်။ စိတ်မ၀င်စားသူတွေ ဝေးဝေးနေလိမ့်မည်။
စိတ်ဝင်စားခြင်း မ၀င်စားခြင်းကို ဖက်ပြိုင် ငြင်းခုံခြင်းသည်လည်း အပို အလုပ်တစ်ခုသာ ဖြစ်လိမ့်မည်။
မှားတာတွေလည်း ပါလိမ့်မည်။ မှန်တာတွေလည်း ပါလိမ့်မည်။
သေချာတာကတော့ ဘယ်ဟာက ဘယ်လောက်ထိ မှားပြီး ၊ ဘယ်ဟာက ဘယ်လောက်ထိ မှန်နိုင်သလဲ ဘယ်သူမှ မသိတာပင်။
ဒီ့ထက်သေချာတာကတော့ သူပြောတာမှန်လည်း သူပြောလို့ ဖြစ်လာတာမဟုတ်၊ မပြောလဲ ဖြစ်လာမှာ။
သူပြောတိုင်းလဲ ဖြစ်စရာ အကြောင်းရှိမနေရင် ဖြစ်ကိုမလာ။
ရိတ်သိမ်းရမည်က ကိုယ်စိုက်ပျိုးခဲ့သမျှရယ်သာ.. (စိုက်ခဲ့သမျှ နာဂစ်ထဲပါသွားလည်း ဘယ်သူ့မှ လက်ညှိုးမထိုးပါနှင့်။ နာဂစ်ကို စိုက်ပျိုးခဲ့သူသည်လည်း မိမိကိုယ်တိုင်သာ ဖြစ်ခဲ့သည်ကို သတိရပါလေ)
(to be continue)
_____________________________________________________________
ခုတလော ခေါင်းထဲရောက်နေတာလေးတွေ။
ခဏခဏ အဲဒီ မေးခွန်းမျိုး အမေးခံခဲ့ရဖူးတော့ ခဏခဏလည်း ပြောခဲ့ရဖူးပါတယ်။
တကယ်တော့ ကျွန်မ အနေနဲ့သာဆိုရင် ယုံလား မယုံလား စဉ်းတောင်စဉ်းစားမိမှာ မဟုတ်။
စိတ်ကို မ၀င်စားလို့။
(ဒါပေမယ့် ၁၀တန်းအောင်ကာစက သူများဝယ်ထားတဲ့ ဗေဒင်စာအုပ်တွေ ကိုယ့် ရာသီခွင်နဲ့ကိုက်တာတွေ ယူဖတ်ဖူးတယ်။ ၃ခါ ၄ခါ ဖတ်တိုင်းတူနေတာကတော့ ရည်းစားဦးနဲ့ လွဲမယ် ဆိုတာချည်းပဲ။
စိတ်တောင် နည်းနည်းညစ်သွားသေးတယ်။
ဒါပေမယ့် ဘာအရေးလဲ ဒုတိယရည်းစားက စထားရုံပေါ့ လို့ တွေးပြီး နောက်တော့ မဂ္ဂဇင်းထဲကဟာတွေတောင် မဖတ်တော့ဘူး။ ခုချိန်ထိပဲ)
profile.myspace.com
တိတ်ဆိတ်ခြောက်သွေ့
အလွမ်းငွေ့နှင့်
တမ်းတနေ့ရက်
ဆက်လျက်ဖြစ်တည်ငြီးငွေ့သည်ရှင်။
__________________
(1998)
www.pacificislandtravel.com
တစ်တောင်ပေါ် တစ်တောင်ဆင့်
တောင်အမြင့် ပတ်ခြံရံ
တစ်တောင်ဆုံးပြန်တော့
တစ်လုံး ကျန်ပြန်သေးသမို့ဖန်ဖန်လေ အားအင်နှိုးလို့ရယ်ကြိုးလျှောက်ရပြန်။ခါတလေ တကယ်ပန်းတာကြောင့်
တော်ပါပြီ ဆက်မလှမ်းချင်ဘု
ရပ်တန်းက ရပ်မယ်ကြံ
အမှန်တော့ ဖြစ်နိုင်မလား။
စခဲ့မိဟာပေါ့တနေ့မှာ ဆုံးရာရောက်ပါလိမ့်
အားလျှော့ကာ ဆုတ်ချင်စမ်းပါနဲ့
စိတ်နွမ်းရယ် အသာဖြေဦးမာလာငွေ ကန်ရေအေးရယ်နှင့်
ငှက်တေးကို အာရုံဆင်လို့
မူတသွင် အားအင်သစ်လိုက်ပါ့ချစ်ဖွယ့်လူသား။(ငွေတာရီ)
_______________________________________________________
့
ဆဋ္ဌမတန်းတုန်းက သင်ခဲ့ရတဲ့ ကဗျာလေး။
တင်စရာမရှိလို့ ဆိုတာထက် တင်ဖို့ရှိတာတွေ မရေးနိုင်သေးခင်မှာ စိတ်ထဲရောက်နေမိတဲ့ ကဗျာလေး ချရေးလိုက်မိတာ။
လူ့ဘ၀မှာ မသေမချင်း တက်နေရဦးမှာပဲ။