Showing posts with label Cooking. Show all posts
Showing posts with label Cooking. Show all posts

Monday, February 23, 2009

ဝက်သားလုံးကြော် နဲ့ ၀က်သားပြားကြော်

(မကျက်ခင်)

(ရွှေအိုရောင်လေး သမ်းလာပုံ...အနံ့လေးတောင်မွှေးတယ် ကြည့်ရုံနဲ့)

တင်လက်စနဲ့မို့... :)
အပျင်းတ၀က်လျော့ပြီး 3 lines pork ကို ပြန်သိမ်းပြီး ၊ minced pork ကို အလုံးတ၀က် အပြားတ၀က်လုပ်ပြီး ညနေက ကြော်ထားတာ။
ပုံသဏ္ဌာန်ပြောင်းလိုက်တော့ အမယ်စုံသွားတာပေါ့... :D

formula လား ။ မေးမနေပါနဲ့။ ခုနက အတိုင်းပဲ။

Sunday, February 22, 2009

ပုစွန် အပျင်းကြော်

(usual formula နှင့် အနယ်ခံထားရသော ပုစွန်များ)

(တို့တော့ ဒီလိုပဲ ကြော်ထဲ့လိုက်တာပဲ)

(နည်းနည်း တူးသွားသေးတယ်၊ ဒါပေမယ့် စားကောင်းရုံလေးပါ၊ အနံ့လေးမွှေးရုံ)

(စားပါဦး) (My holiday lunch)

အော် သူများတွေ တစ်နေ့တစ်မျိုး post တွေ တင်တာကြည့်ပြီးတော့လည်း အားကျမိပါရဲ့။

လောလောဆယ် စာရေးစရာတွေ ရှိပေမယ့် ရေးချင်စိတ်ကို မရှိလို့ လုပ်ကြံပြီး post တင်လိုက်ပါတယ်။ ပြီးလွယ်စီးလွယ် လုပ်ထားတာကို တင်ရတာ အတည် ချက်ကြပြုတ်ကြတဲ့ လူတွေကို ကန့်လန့်တိုက်သလို ဖြစ်မှာကလည်း စိုးရသေးတယ်။ blog လောကကလည်း အနေအထိုင်တော်တော် ဆင်ခြင်နိုင်မှ တော်ကာကျ မဟုတ်လား။


မနေ့က တကယ်ကြီး ချက်တော့မယ်ဆိုပြီး ခရမ်းချဉ်သီးတွေပါ ၀ယ်လာပြီးကာမှ ... ဈေးသွားလည်း နောက်ကျ (ကွန်ပျူတာနဲ့ မျက်နှာချင်း ဆိုင်နေလို့) ညက ချက်တာလည်း နောက်ကျ။ ဒါနဲ့ မြန်မြန်ပြီးအောင် ဆား၊ အချိုမှုန့် ၊ ပဲငံပြာရည် (usual formula) ထည့်ပြီး ကြော်လိုက်တယ်။

အစိမ်းကြော် ကြော်ရင် ထည့်ဖို့ ခရုဆီ ၀ယ်ချင်တာတောင် ပုလင်းကကြီးပြီး လူက စိတ်ပါမှ လုပ်တာဆိုတော့ (စိတ်က ၃၆၅ ရက်မှာ ၁ ရက်လောက်ပဲပါတာ) အလကားဖြစ်ကုန်ပါမယ်လေ ဆိုပြီး ပြန်ချ ထားခဲ့တယ်။


Rice Cooker တောင် အနားပေးထားတာ ကြာပြီ။ အိမ်နားက food court နဲ့ ၊ ရုံးနားက food court တွေ လှည့်ပတ်ပြီး ကျေးဇူးပြုနေရလို့။


အဲဒီ ပုစွန်ကြော် ၁၅ မိနစ်လောက်နဲ့ ပြီးသွားလို့ ကိုယ့်ဟာကို တော်တော် သဘောကျသွားသေးတယ်။ စားတာ ၁၀မိနစ် လုပ်တာ ၁၅ မိနစ် တော်ရောပေါ့။
မနေ့က ၀ယ်လာတဲ့ minced pork နဲ့ 3 lines pork ကို နေ့လည်ကပဲ ရေခဲသေတ္တာထဲက ထုတ်ပြီး၊ ခုထိ ချက်ရသေးဘူး။ ရေခဲသေတ္တာထဲ ပြန်ထည့်လိုက်ရ ကောင်းမလား စဉ်းစားနေတယ်။

မိန်းမများ ယက်ကန်းမတတ်ရင် အကျိုးနဲ့ တူတယ် ဆိုတဲ့ ခေတ်လိုပဲ ဒီလိုမျိုး မိန်းမတွေ ဟင်းချက်မှ...ဘာညာဘာညာ ခေတ်လဲ အမြန်ဆုံး ကုန်ဆုံးပါစေလို့ ပဲ ဆန္ဒပြုနေမိတယ်။

မနေနိုင်လို့ ပေဖူးလွှာခေတ်မှာ ဖတ်ခဲ့ရတဲ့ ၀င်းငြိမ်း အင်တာဗျူးထဲက ဂျူးရဲ့ အဖြေစကားလေး ကိုးကားလိုက်ချင်ပါသေးတယ်။ "...ဒါဟာ တွက်ကပ်တာ မဟုတ်ဘူး ၊ အချိန်မပေးနိုင်မှုပဲ..." တဲ့။ ဟားဟားဟား မှန်လိုက်လေ။ ဂျူးကို ထိတာ အဲဒါတွေပဲ။
ဒါပေါ့ တစ်လ သိန်း ၃၀၀ ပဲရှာပေး။ ဘာမှ မလုပ်ဘဲ ဟင်းချည်း ထိုင်ချက်ပြမယ်။
(အဲလိုလဲ စိန်မခေါ်နိုင်ပါဘူးလေ၊ တော်ကြာ တကယ်ရှာနိုင်နေမှ ကိုယ့်ဘ၀ကြီး မီးဖိုချောင်ထဲ စတေးနေရပါဦးမယ်။ တွေးကြည့်ရုံနဲ့ ရင်နာလှပါပြီ။)

ခုထိတော့ မီးပူမတိုက်ရအောင် ပင်မင်းပေးလိုက်ပါလား။ စင်ကာပူမှာ မြန်မာစာတွေ ကြိုက်သလိုစားလို့ရတာ အပြင်မှာ သွားစားပါလားနဲ့ ။

နောက်တော့မှ မမ kom ပြောသလို မရတော့ဘူးဟေ့ ဆိုရင်ရော....

(ဟဲဟဲ ... လွန်တာရှိ ၀န္တာမိ ဦးချပါ၏ ပေါ့ ... :D)

အမြော်အမြင်နှင့် စိတ်သဘောထားကြီးမားကြသော မမ kom ၏ kmsl နှင့် မချိုသင်း၏ kkwn တို့အား ဦးညွှတ်လျက်...

Sunday, February 8, 2009

Give & Take


ကြက်သွန်ဖြူကို ဆီသတ်ပြီး Mixed vegetable ball တွေ အရင်ဆုံး ထည့်ကြော်လိုက်သည်။


(ပြီးတော့ မှိုနှင့် baby corn ထည့်၏။)


(နောက်ဆုံးကျမှ မုန်ညင်းဖြူတွေ ထည့်လိုက်သည်။)


ဆား၊ အချိုမှုန့်နှင့် ပဲငံပြာရည် အကြည် နည်းနည်းထည့်ပြီး မီးဖိုပေါ်က ချဖို့ တော်လောက်ပြီ (...ဟု ထင်ပါသည်)


(ပြီးပြီ ။ တယ်တော်တဲ့ ငါပါလား...)


(ဟင်းချက်တယ်ဆိုတာ ကျောင်းတုန်းက C program တစ်ပုဒ်ရေးရသလောက် ပညာပါလို့လား ဟင်။
ISO Drawing တစ်ပုံကို view အမျိုးမျိုးက ပြောင်းဆွဲရသလောက်... view အမျိုးမျိုးနဲ့ ပြထားတဲ့ ပုံတွေကို ISO ပြန်ထုတ်ရသလောက် ဦးနှောက်သုံးစရာ လိုလို့လားဟင်)
_______________________________________________________________

(ဒီနေ့ ၁၀နာရီခွဲ အိပ်ရာမှ ထသည်။ မနေ့ညက ၁နာရီခွဲပြီးမှ အိပ်ရာဝင်၏။ ရေချိုးပြီးတော့ မနေ့က NTUC သွားပြီး ၀ယ်လာခဲ့တာတွေနှင့် ရမ်းသမ်းပြီး အစိမ်းကြော် ကြော်သည်။

ပြီးတော့ ဒီကို လာခါနီး မျိုးကျော့မြိုင် သီချင်းတစ်ပုဒ် ခဏခဏ ညည်းခဲ့မိတာ သတိပြန်ရနေပါသည်။
"လိုတာရတဲ့ အချိန်များနဲ့ ဒီမျှော်လင့်ခြင်းကို လဲချင်တယ်" ဆိုတာ...

ခု မျှော်လင့်ချက်နောက်ကို တောက်လျှောက် လိုက်နေရချိန်မှာတော့ အဆင်သင့်ရတဲ့ ဘ၀ကို ပြန်ပြီး လိုချင်လာပါသည်။ ထမင်း လက်ဆေးစားမည်။ အသင့်ပြင်ပြီး ထမင်းဘူးကို ယူ၍ ကျောင်းတက်မည်...ရုံးသွားမည်။
ချက်ကျွေးတာ မကြိုက်ရင် ဂျီးများမည်။ အပြင်ထွက် စားချင်တာ စားမည်။

အော် ခုတော့ ကိုယ့်ဟာကိုယ်ပဲ ချော့ကျွေးနေရတဲ့ ဘ၀ပါလားနော်။

အဲဒါတွေနဲ့ အချိန်ကုန်ရမှာ သေလောက်အောင် ကြောက်သော စိတ်ရောဂါတစ်မျိုး ရှိပါသည်။ မီးဖိုထဲမှာ အချိန် နည်းနည်းလေး ကုန်သွားတာနဲ့ စိတ်ထဲမှာ အလိုလိုနေရင်း စိတ်တိုင်းမကျ ဖြစ်လာတတ်သည်။

ဒါ ငါလုပ်ရမယ့် အလုပ်တွေလား လို့ မေးခွန်းထုတ်မိတတ်သည်။

အထင်သေးလို့တော့ မဟုတ်ပါ။
အထင်လည်း မကြီးပါ။

ဒီနေ့တော့ လုပ်ချင်စိတ်ပေါက်လာတာနဲ့ ထလုပ်မိပါသည်။ အိမ်က ညီမလေးတစ်ယောက် (ဟင်းချက် အလွန်ကောင်း၊ သူ့လက်ရာတွေ ခဏခဏစားဖူး၊ အာလူးဟင်းကိုတောင် ဘာမှ မပါဘဲ ကောင်းအောင် ချက်နိုင်သူ၊ ရောက်စက အုန်းနို့ခေါက်ဆွဲ ချက်ကျွေးဖူးသူ၊ အင်ဂျင်နီယာဘွဲ့ရ၊ ခု SAT တက်နေသူ) ကို ကျွေးတော့ သူက "အစ်မ ရှယ်ပဲ" လို့ပြောတော့ ဟုတ်သော်ရှိ၊ ဟုတ်သော်ရှိ (မဟုတ်သော်ရှိ မဟုတ်...ကိုယ့် လက်ရာကိုယ်တော့ ဟုတ်ပစ်လိုက်တာ အေးတယ်) တော်တော် မြောက်သွားပါ၏။

recipe တွေ ရေးထားလို့ ဟင်းချက်နည်း ပေးသည်ဟု မထင်ပါနှင့်။ တလွဲတွေ ဖြစ်ရင် ပြင်ပေးနိုင်အောင် ရေးထားခြင်းသာ ဖြစ်ပါသည်။

ဒါပေမယ့်လည်း ဟင်းချက်တယ် ဆိုတာ Design တစ်ခု ဆွဲသလိုပဲ
မှန်တယ်၊ မှားတယ် ဆိုတာမရှိပါဘူး ... ကောင်းတယ် မကောင်းဘူးပဲ ရှိတာပါလို့ မာနလေး တလူလူနဲ့ တွေးလိုက်မိသေး။ ဟုတ် မဟုတ်ကိုတော့ Design ပညာရှင် Thet Paing Thu @ Daisy Paing သို့ သွားမေးကြပါကုန်။

အစကတော့ ဟင်းနာမည်ကို စိုးမြတ်သူဇာ ရဲ့ ၀တ္ထု တစ်ပုဒ်နာမည် တပ်ဦးမလို့ပဲ။
လူရီစရာ ဖြစ်မှာစိုးတာနဲ့....(ဘယ်သူမှ မရီခင် ကိုယ့်ဟာကိုယ် အရင်ဆုံး ရီချင်တာ)

လောကမှာက တစ်ခုရချင်ရင် တစ်ခုပြန်ပေးရတာချည်းလေ။
ဘယ်တုန်းကမှ မလုပ်ချင်ခဲ့ဖူးတာတွေကို မျှော်လင့်ချက်နောက်ကို လိုက်ချင်တော့ မဖြစ်မနေ (တခါမဟုတ် တခါတော့) လုပ်နေရတာပဲ။

မီးဖိုခန်းထဲမှာ ဟင်းဝင်ချက်တယ် ဆိုတာ ကျွန်မ အတွက်တော့ အပေးအယူကိစ္စ တစ်ခုပါပဲ။