Saturday, December 19, 2009

အဖြူရောင်များ ... သို့မဟုတ် အချစ်အကြောင်း အက်ဆေး (၃)


Pic from Here

ယခင် post မှ အဆက်...

"အချစ်" ဆိုတာ ဘယ်လို ခံစားမှုမျိုးလဲတော့ ပြောမပြတတ်ပါ...

သို့သော် သူ့အပေါ်မှာ ရှိနေသည့် ခံစားမှုတွေကိုတော့ "အချစ်" ဟု ခေါင်းစဉ်တပ်လျှင် ဆီလျော် သင့်တော်မည် ထင်ပါသည်။

* အမြဲတမ်း တွေ့နေချင်တာ...
* စကားသံတွေ နားထောင်နေချင်တာ...
* ကိုယ့်မျက်စေ့အောက်မှာပဲ သူ့ကိုထားပြီး၊ သူ့မျက်စေ့အောက်မှာ ကိုယ်ပဲ ရှိနေချင်တာ...
* စကားတစ်ခွန်းမှ မပြောရတောင် တိတ်တိတ် ဆိတ်ဆိတ် ရင်ခုန်နေရုံ သက်သက်ပဲ ဖြစ်ဖြစ် ငေးမောနေချင်တာ...
* သူ့အတွက် လိုအပ်သည့် အရာအားလုံး လိုအပ်ချိန်တိုင်း ဆောင်ကြဉ်း ပေးအပ်နိုင်ချင်တာ...
* ကိုယ်ဟာ သူ့အတွက် ချမ်းမြေ့ နှစ်သိမ့်ရာ ဖြစ်နေချင်တာ...

ထိုကဲ့သို့သော ခံစားမှုမျိုးကိုမှ အချစ်ဟု ခေါင်းစဉ် မတပ်လျှင် မည်သို့သော ခံစားမှုမျိုးကို အချစ် ဟု ခေါင်းစဉ်တပ်ပါမည်လဲ...

"အချစ်" ဆိုတာ ဘာလဲတော့ မသိပါဘူး... တကယ်ကို မသိပါဘူး...
ဒါပေမယ့် သူ့အပေါ်မှာ ရှိနေတဲ့ ခံစားမှု အားလုံးဟာ အချစ် လို့သာ ထင်ပါတယ်...

ဒီ့ထက် သေချာတာ တစ်ခုက အဲဒီ အချစ် ဆိုတဲ့ အရာကို သူ့တစ်ယောက်တည်းဆီကသာ ရချင်တယ် ဆိုတာပါပဲ...

*
(အဆုံးစွန်ထိ ပြောရရင် ... သေဆုံးပြီး တစ်နေ့မှာတောင် ကိုယ့်ရဲ့ ရုပ်ကြွင်းကို သူ့အချစ်နဲ့သာ လောင်ကျွမ်းပြာကျ စေချင်ပါတယ်)

*
to be continued...

6 comments:

Anonymous said...

မျိုးချစ်မြန်မာမှာ တင်ထားတဲ့ လားရာ ကို သွားဖတ်ကြည့်ပြီးပြီလား ရီတာရေ မဆိုးဘူး ဖတ်ပျော်တယ်။

littlebrook said...

အမရေ ရေးတာမှန်ပေမယ့် အမြီးတွေထွက်နေတယ်
ညကလေးတွေကလေ

khin oo may said...

ဒါတော့ပိုပြီ။

Aung Phyoe said...

အမရေ Bold Letter နဲ့ရေးထားတာ ကိုအကြိုက်ဆုံးပဲ :-)

Bino said...

(အဆုံးစွန်ထိ ပြောရရင် ... သေဆုံးပြီး တစ်နေ့မှာတောင် ကိုယ့်ရဲ့ ရုပ်ကြွင်းကို သူ့အချစ်နဲ့သာ လောင်ကျွမ်းပြာကျ စေချင်ပါတယ်)

Utmost good faith....

Love is a one kind of natural resources.
The nature had changed timely.
So, love will be changed when time changed.

Most of young peoples, thought same as you.

You will know what I mean when your are getting old.

တီချမ်း said...

ခံစားချက်တွေ ပျော်ကျ အရည်ပျော်နေလိုက်တာများ
လောင်စာတွေသာဆို ရှင့်ရုပ်ကြွင်းတော့ကုန်ပြီ
သူ့အချစ်တောင်မလိုဘူး
သိပ်မခံစားနဲ့ အဒေါ်ကြီး
ယောက်ျားတွေမကောင်းတာ မသိသေးဘူးထင်တယ်
မောင်ကတော့ အိတ်ဆပ်ရှင် ဖြစ်မှာပါလို့လဲ
မျက်စိမှိတ်မငြင်းချင်နဲ့
ပဲ နဲ့ ပုတ်ပဲကွာမယ်
တူတူပဲ