ရေးရင်းနဲ့ မမအကြောင်းတင်မကဘဲ ဆက်စပ်ရာတွေ တွေးမိလာတာ ချရေးထားလိုက်တယ်။ မမအကြောင်းတော့ နောက်မှ ပြန်ဆက်တော့မယ်။
***
ဖြစ်နိုင်ချေ၊ တွန်းအား၊ ပြီးမြောက်မှု
မမက ကိုယ့်မှာ ဖြစ်နိုင်စွမ်းတွေ ရှိတယ်လို့ ယူဆပုံရတယ်။ နောက် ဖြစ်အောင်လုပ်ဖို့ အခြေအနေတွေလည်း ရှိတဲ့အခါ မမတောင်မှ ဒီကျောင်းကို ရောက်သေးတာပဲ ဆိုတဲ့ စကားကို သူပြောတယ်။
တကယ်တော့ ဖြစ်တန်စွမ်းဆိုတာ တခုခုကို ရအောင်ယူဖို့ တွန်းအား မဟုတ်ဘူး။ တခုခုကိုရအောင် ကြိုးစားဖို့ ကာယကံရှင်မှာ အဲဒီအရာနဲ့ပတ်သတ်လို့ တန်ဖိုးထားစိတ်နဲ့ ယုံကြည်စိတ် ရှိဖို့လိုတယ်။
တန်ဖိုးထားစိတ် ဆိုတာကို ထပ်ရှင်းလို့ မတတ်တော့ဘူး။ ယုံကြည်စိတ် ဆိုတာတော့ သူများတွေအတွက် ဘယ်လို အဓိပ္ပါယ်သက်ရောက်မယ် မသိ။ ကိုယ့်အတွက်တော့ တစုံတရာကို ကြိုးစားပြီး ရအောင်ယူနိုင်ခဲ့ရင် ကျေနပ်နှစ်သိမ့် နေပျော်နိုင်မှာပဲလို့ သေချာယုံကြည်နိုင်တဲ့စိတ်ပဲ။ ဘယ်လိုအရာမျိုးနဲ့ပတ်သတ်သည်ဖြစ်စေ အဲဒီစိတ်နှစ်ခုရှိမှ ရအောင်ကြိုးစားလိုတဲ့ ဆန္ဒပေါ်မယ်။ ဆန္ဒရှိပြီဆိုရင် နည်းလမ်းကို သူများက လာပေးဖို့ မလိုဘူး။ ဆန္ဒရှိတဲ့သူအဖို့ သူလိုချင်တာရဖို့ နည်းလမ်းကို သူ့ဘာသာ မရ, ရအောင်ရှာတယ်။ အခြေအနေကိုလည်း သူ့ဘာသာ မရ, ရအောင်ဖန်တီးတယ်။ အဲဒီအတွက် ကိုယ့်မှာ အကောင်းဆုံးသက်သေပြစရာရှိတယ်။ အဲဒါ မမ ကိုယ်တိုင်ပဲ။
10 တန်း result ထွက်လာတော့ အကြောင်းသိ ကိုယ့်ပတ်ဝန်းကျင်ကလူတွေအတွက် မထူးဆန်းပါဘူး။ ကိုယ့်တွက်လည်း မထူးဆန်းဘူး။ (အဲဒါအတွက် ခံစားတာ ၂ ယောက်ပဲ ရှိတယ်) မမကတော့ သူရှိရက်နဲ့ အမှတ်မကောင်းရလေလို့ ဖြစ်တယ်။ ကိုယ်ကတော့ မမရှိလို့သာ ချောချောမောမောအောင်တာလို့ သိနေပါတယ်။ (မလုပ်ချင်လို့ကို မလုပ်ဘူးလို့ မျက်နှာလွှဲထားတဲ့ ဘာသာတွေ ရှိနေတာ သိကြားမင်း ဆင်းလာသင်လည်းပဲ ဒီထက်တော့ ပိုစရာမရှိဘူးထင်တယ်)
ကိုယ့်ကို အနီးကပ်စာသင်ပေးခဲ့ရတဲ့သူတွေ စိတ်ပင်ပန်းခဲ့ကြမယ်ဆိုတာ နောက်ပိုင်း ပြန်နားလည်လာတယ်။ နားလည်ပြန်တော့လည်း ဘာမှ မတတ်နိုင်တော့ဘူး။ ဘဝကို 10 တန်းကနေ နောက်တခါပြန်စလည်း ကိုယ်ကတော့ ဒီအတိုင်းပဲ ပြန်လုပ်မိမှာပဲ။
ကိုယ့်အနေနဲ့ကတော့ ကိုယ်ယုံကြည်စိတ်မထားနိုင်တဲ့အရာအတွက် အထင်ကြီးစိတ် မရှိသလို၊ အထင်သေးစိတ်လည်း မရှိ။ ဘေးပတ်ဝန်းကျင်ရဲ့ အထင်အမြင်ကောင်းဖို့ဆိုတာ ထည့်မစဉ်းစားရင်၊ လူရယ်လို့ဖြစ်လာပြီး အခြေအနေပေးရင် ဘွဲ့တစ်ခုတော့ ယူရမှာပဲလို့ သတ်မှတ်ချက်မရှိခဲ့ရင်၊ ပညာကို ဂုဏ်ပကာသနတရပ်အနေနဲ့ မမက်မောတတ်ရင် (ပညာရေးကို အသုံးချပြီး မရပ်တည်ချင်တဲ့လူတွေအတွက်) ဘွဲ့ဆိုတာ ယူစရာကိုမဟုတ်ဘူး။
သူငယ်ချင်းထဲမှာ ထိပ်ဆုံးနားက တက္ကသိုလ် ၂ ခုကို ကြိုက်တာရွေးတက်လို့ရရက်နဲ့ ဘာကျောင်းမှ ဆက်မတက်တော့တဲ့တစ်ယောက်ကို မှားလိုက်လေလို့ ခုချိန်ထိ မထင်ဘူး။ (တခုတော့ ရှိတာပေါ့လေ။ ဘွဲ့မယူဘဲ အလကားထိုင်နေတာမဟုတ်လို့ပေါ့။ သူ စွမ်းဆောင်နိုင်တာတွေ အများကြီး ရှိနေလို့ပေါ့။ ဆိုလိုတာက ကျောင်းပရဝုဏ်က မဟုတ်ဘဲ ပြင်ပကမ္ဘာကနေ သူ များစွာ သင်ယူနိုင်ခဲ့လို့ပေါ့)
ဒီလိုပြောတာ ပညာဟာ အလကားလို့ ဆိုချင်တာမဟုတ်ဘူး။
***
အဆောင်
ကျောင်းမှာ မမတို့က နောက်ဆုံး အဆောင်နေရတဲ့ batch ပေါ့။ 96 မပိတ်ခင်မှာ အဆောင်ထမင်းဆိုတာ ကြုံလိုက်ရပြီး၊ နောက်တခေါက်ပြန်ဖွင့်တော့ အဆောင်မှာ နေပဲ နေရတယ်။ ထမင်းမကျွေးတော့ဘူး။
မမပြောတဲ့ အဆောင်က အစဉ်အလာတချို့ကို မှတ်မိတယ်။ ပါလာထဲမှာ တီဗွီဆင်းကြည့်ကြပြီဆို အတန်းကြီးတွေအတွက် အငယ်တွေက အလိုက်တသိနဲ့ နေရာကောင်းချန်ထားပေးကြတာမျိုး၊ အတန်းကြီးတွေ စာမေးပွဲဖြေချိန်မှာ အငယ်တွေက ဝေယျာဝစ္စသွားလုပ်ပေးတတ်ကြသလို၊ အငယ်တွေ ဖြေချိန်မှာလည်း အတန်းကြီးသမားတွေက စာကူကျက်ပေး၊ မှတ်စုထုတ်ပေး၊ စပေါ့လိုက်ပေးတာမျိုး။ ကျောင်းဝန်းထဲ ဖြတ်သွားဖြတ်လာ တွေ့ကြရင်တောင် တယောက်နဲ့ တယောက်ကြားမှာ ပတ်သတ်မှုရှိတဲ့ သိသိမှတ်မှတ် ပုံစံတွေနဲ့။
နောက်တော့ အရောင်တွေ ပြောင်းကုန်တယ်။ လူတွေက အုပ်စုကြီးတစ်ခုဆိုတဲ့ သဘောကနေ အုပ်စုလေးတွေ ဖြစ်ကုန်တယ်။ ကိုယ့် အစုကလွဲရင် ကျန်တာတွေ စိတ်ထဲ မထည့်ကြတော့ဘူး။ ခုချိန်မှာတော့ ယှဉ်ကြည့်စရာမရှိတော့ မသိသာဘူးပေါ့။ မမတို့ batch က ရှေ့မီ နောက်မီဖြစ်ခဲ့တာဆိုတော့ အပြောင်းအလဲက သိသာခဲ့တယ်။
ဒီလိုလုပ်ရင် ဒီလိုဖြစ်မယ်ဆိုတာ သိတဲ့လူတွေက သေချာသိလိမ့်မယ်။
***
ရူးလို့မရပါ
မမ အိမ်လာအိပ်တဲ့ ရက်တွေမှာ သူ စာလုပ်နေတာ ကြည့်၊ သူ့စာအုပ်တွေကြည့်ပြီး ကိုယ်ပြောတတ်တယ်။ ကိုယ့်အတွက်တော့ သူတို့ကျောင်းသာ တက်ရရင် ရူးရင်ရူး၊ မရူးရင် ကျ ဒီ ၂ လမ်းပဲရှိတယ်လို့။ (ဘာဖြစ်လို့မှန်းမသိ အဲလောက်သာ စာလုပ်ရရင် ရူးမှာပဲချည်း ထင်နေတာ)
သူတို့ကျောင်းကို မကြာမကြာရောက်ဖြစ်ပြီးတဲ့နောက်တော့ သဘောပေါက်သွားတယ်။ စာကြောင့် စိတ်မှာ ပြဿနာဖြစ်တယ် (ပေါက်ထွက်သွားတယ်) ဆိုတာ ဖြစ်ချင်တိုင်း ဖြစ်လို့မရဘူး။ သူ့အဆင့်နဲ့သူ လိုအပ်ချက်တွေရှိတယ်။ စာကို ဖြစ်ချင်ဇောနဲ့ သည်းကြီးမည်းကြီး လုပ်ရမယ်။ အဲလို လုပ်ပြီး သူလုပ်သလောက် ရလဒ်က ပြန်မရရင် အဲဒီအပေါ်မှာ အလွန်အကျွံ ခံစားပြီးမှ စိတ်က မခံမရပ်နိုင်ဖြစ်တဲ့အခါ ဇာတ်လမ်းစတာ လို့ ထင်တယ်။ (အထူးသဖြင့်တော့ သူတို့ကျောင်းတွေမှာ စာမေးပွဲ ကျရင်ပေါ့လေ၊ တချို့လည်း ဖြေနေတုန်းတန်းလန်းမှာ ဖြစ်တတ်ကြတယ်) သိရသလောက်တော့ အဲဒီအဆင့်အတိုင်း သွားတာပဲ။
ကိုယ့်ဘာသာလည်း နားလည်သွားတယ်။ ဘယ်ကျောင်းတက်သည်ဖြစ်စေ စာကြောင့်တော့ ရူးမှာမဟုတ်ဘူး၊ ဖျာလိပ်ပြီးသာ ပြန်လာရမှာ။
***
Tuesday, November 9, 2010
Saturday, October 30, 2010
မမ
ဘဝထဲက တချို့အမှတ်တရတွေကို မေ့မေ့ပျောက်ပျောက် နေရတာ ကောင်းတယ်။
***
မမနဲ့ စတွေ့တဲ့အချိန် သူ့မျက်နှာပေါ်က အပြုံးကို မြင်တာနဲ့ သိလိုက်တယ်။ တစိတ်တည်း တဝမ်းတည်း ပေါင်းလို့ရမယ့်သူ... လို့။ ကိုယ်တိုင် ဘာသာရေးအကျင့်အကြံ ဘယ်လောက်တောင်နည်းလည်း ရေစက် ဆိုတာကိုတော့ လက်ခံမိတဲ့သူ ဖြစ်နေလို့ပါ။ (လက်ခံတာနဲ့ ယုံကြည်တာဟာ မတူဘူးလို့ ထင်တယ်။ လက်ခံတယ်ဆိုတိုင်း ယုံကြည်စိတ်ကြောင့် ဟုတ်ချင်မှဟုတ်မှာ။ ကိုယ်လို စရဏအား နည်းတဲ့သူအတွက် မဖြစ်မနေ လိုအပ်လို့ လက်ခံတာဖြစ်ဖို့ ပိုများပါတယ်)
တကယ်တမ်းကျ ကိုယ်က အပေါင်းအသင်းများများဆံ့တဲ့လူစားမျိုး မဟုတ်ပါဘူး။ ဒါပေမဲ့ ဖြစ်ချင်တော့ တနေရာတည်း နေ၊ တသမတ်တည်း လူတွေနဲ့ ပေါင်းလာခဲ့ရတာ မဟုတ်ပြန်ဘူး။ ဒီတော့ အရည်အချင်းကြောင့် မဟုတ်ဘဲ၊ အခြေအနေပေးတာကြောင့် လူ တော်တော်များများနဲ့ တွေ့သိဆက်ဆံခဲ့ရတယ်။ အဲဒီအခါမှာ ရေစက် ဆိုတာကို ပိုပိုပြီး လက်ခံမိဖို့ အကြောင်းတွေ ဖြစ်လာရပြန်တယ်။
အချိုးအကွေ့၊ အပြောင်းအလဲတွေ တွေ့တိုင်းမှာ ပထမဆုံး ရင်းနှီးသိကျွမ်းခဲ့ရသူတွေဟာ အဲဒီလို ရေစက်ရှိတဲ့သူတွေ ဖြစ်နေတတ်တာ များတယ်။
***
1996
မမနဲ့ စတွေ့ရတဲ့နှစ်က ကိုယ့်အတွက်တော့ အချိုးအကွေ့တစ်ခုမှာပေါ့။
သွားရေးလာရေးခက်တဲ့ ပြည်နယ်သူကလေး။ အသားညိုညို၊ လူမျိုးကို တန်းခနဲသိသာစေမယ့် အသံဝဲဝဲ၊ အရပ်ခပ်ပျပ်ပျပ်နဲ့ ရုတ်တရက် ကြည့်ရင် ဘာမှ မထူးခြားသလို သာမန်မိန်းကလေးတစ်ယောက်ရဲ့ အသွင်အပြင်နဲ့ပါပဲ။ သူ့မျက်လုံးတွေကို သေချာကြည့်ပြီး၊ စကား သေချာပြောဖူးရင်တော့ ရိုးသားတာ၊ အေးဆေးတာအပြင်၊ ခိုင်မာတာ ထက်မြက်တာတွေ မြင်သာမယ် ထင်တယ်။
"ရိုးသားအေးဆေး" လို့ ဝိသေသ ပြုပြီး ပြောရမယ့်သူတွေ ကိုယ်တို့ ပတ်ဝန်းကျင်မှာ အများကြီးကို ရှိပါတယ်။ ဒါပေမဲ့ အဲဒီ ဂုဏ်ပုဒ်က တချို့လူတွေအတွက် သာမန်မျှသာဆိုရမယ့် မပြောပလောက်တဲ့ စရိုက်လက္ခဏာဖြစ်ပြီးတော့၊ တချို့လူတွေနဲ့ ပေါင်းလိုက်တဲ့အခါ ထူးခြားတဲ့အရည်အသွေးတစ်ခု ဖြစ်သွားတယ်လို့ ခံစားရတယ်။ ဒါကို ဒီထက်ရှင်းသွားအောင် ပြောပြဖို့တော့ခက်တယ်။
အသက် ၂ နှစ် ပိုကြီးတာဆိုတော့ အစ်မတစ်ယောက်လို၊ စာသင် (guide) ပေးခဲ့တာဆိုတော့ ဆရာတစ်ယောက်လို၊ ၈ နှစ်နီးနီးလောက် အတူနေ အတူစား အတူသွားတွေ လုပ်ခဲ့တော့ သူငယ်ချင်းတစ်ယောက်လိုပါပဲ။
* ဘာကိုမဆို စိတ်အေးလက်အေး လုပ်တတ်ပြီး ဇွဲကောင်းတာ
* စိတ်အလိုမလိုက်ဘဲ လုပ်သင့်တာ လုပ်ဖို့၊ မလုပ်သင့်တာ မလုပ်ဖို့ သတိ အမြဲရှိတာ
* တည်တည်ကြည်ကြည် ချိုချိုသာသာရှိတာ အဲဒါတွေက စလို့...
* လမ်းလျှောက်ရင်တောင် ခြေလှမ်း ဖွဖွလှမ်းတာအဆုံး
ကိုယ် လိုက်အတုယူဖို့ ကြိုးစားခဲ့ဖူးတယ်။ ဒါပေမဲ့လည်း ဖြစ်မလာခဲ့ဘူး။ နည်းနည်းကလေးတောင် တူမလာခဲ့ဘူး။ ဘယ်တူပါ့မလဲ သူက သူပဲ။ ကိုယ်က ကိုယ်ပဲ။
(ခုလောလောဆယ် စကားလက်အိုဟာရာ အကြောင်း ဖတ်နေမိတယ်။ စကားလက်က အများအမြင်မှာ သူ့အမေလို ချိုသာသိမ်မွေ့ နူးညံ့ပြီး အစဉ်အလာတွေ ထိန်းသိမ်းတဲ့သူ၊ ကြင်နာတတ်သူ၊ ရက်ရောတဲ့သူ ဖြစ်ချင်တယ်။ တကယ်တမ်းကျ သူက အဲဒါတွေရဲ့ ဆန့်ကျင်ဘက်ပဲ။ ဒါပေမဲ့ သူ့မှာ ရှိတဲ့၊ မရှိတဲ့ ဗီဇစိတ်ကို မရိပ်မိဘဲ သူကျင်လည်ရတဲ့ ပတ်ဝန်းကျင်က စံလို့ သတ်မှတ်တဲ့ အရည်အချင်းတွေဟာ (သူ အလိုရှိရာ အားလုံးရမယ့်) တချိန်ကျရင် အလိုလို ပြည့်ဝသွားမယ်လို့ အထင်ရောက်နေရှာတယ်)
ဆက်ပြောရရင် တက္ကသိုလ်ဝင်ခွင့်တွေကျတော့ မမလျှောက်တဲ့ဆီကို အတူတူဝင်တာ တပြည်နယ်လုံးမှာမှ သူ့အပြင် တခြားမြို့က မိန်းကလေးတယောက်ပဲ ရှိတယ်။ အဲဒီတုန်းက သူတို့နှစ်ယောက် ဆက်သွယ်ပြီး ရန်ကုန်မှာ ၂ ခုတည်းသာ ရှိတဲ့ ကျောင်းထဲက မတော်လို့များ မြို့ထဲကျောင်းမှာကျခဲ့ရင် မြို့စွန်က ကျောင်းကို ပြန်ပြောင်းကြမယ် လို့ တိုင်ပင်ထားကြတယ် တဲ့။
တကယ်တော့ သူတို့ စိုးရိမ်သလိုလည်း ဖြစ်မလာခဲ့ပါဘူး။ အဲဒီ တပြည်နယ်တည်း သူ့သူငယ်ချင်းနဲ့လည်း သူတို့တက်ချင်တဲ့ ကျောင်းမှာပဲ ကျောင်းပြီးတဲ့ထိ တတန်းတည်း၊ တခန်းတည်း အတူတူနေသွားခဲ့ကြတယ်။ ကိုယ်ကသာ မမ မြို့ထဲကျောင်းကို ပြောင်းပြီး တက်ပါလားလို့ ခဏခဏ အကြံပေးမိတယ်။ (အမှန်တော့ ဘာမှမဟုတ်ဘူး။ ကိုယ့် guide က ဘယ်ကျောင်းမှာ တက်နေတာလေ လို့ ကြွားချင်တာနဲ့ ပိုကြွားလို့ကောင်းမယ့်ကျောင်း ပြောင်းခိုင်းမိတာ)
မမတို့နှစ်က 10 တန်းအောင်ပြီး ဘယ်လောက်မှ မစောင့်ရဘဲ တက္ကသိုလ် တက်ရတယ် (သူတို့ရှေ့က စီနီယာတွေနဲ့စာရင်ပေါ့လေ)။ ဒါပေမဲ့ ဘယ်လောက်မှ မတက်လိုက်ရဘဲ အကြာကြီး ပြန်ပိတ်သွားပြန်တယ်။ 2 နှစ်တိတိကြာအောင် ပိတ်လိုက်တယ်။ သူတို့ပြည်နယ်ကလဲ သွားဖို့လာဖို့ခက်၊ ကျောင်းကလဲ ခုပဲ ပြန်ဖွင့်မလို၊ တော်ကြာပဲ ပြန်ဖွင့်မလိုဖြစ်တော့ မပြန်ဖြစ်ဘဲ ရန်ကုန်မှာပဲနေပြီး စာလည်းသင်ရင်း၊ အထည်ချုပ်တစ်ခုမှာလည်း အလုပ်ဝင်လိုက်သေးတယ်။ အဲဒီ အထည်ချုပ်မှာ အတူလုပ်တဲ့ လုပ်ဖော်ကိုင်ဘက်တွေက မမ ဘယ်က ကျောင်းသူဆိုတာ အတူလုပ်နေတုန်းက လုံးဝ မသိလိုက်ကြဘူး ဆိုတယ်။
ကိုယ့် guide ဖြစ်လာချိန်မှာလည်း ရေစက်ရှိလို့သာ ဆုံရတယ်၊ စရိုက်သဘာဝချင်းက တခြားစီဖြစ်တော့ နှစ်ယောက်ကြားမှာ ချော်နေတာတွေ အများကြီးပဲ။
မမတို့မြို့မှာ အဲဒီအချိန်ထိ လျှပ်စစ်မီးမရှိဘူး။ ဒီတော့ သူ့ကျောင်းသူဘဝ တလျှောက်လုံးမှာ ညစောစောအိပ်၊ မနက်လေးနာရီလောက်ထပြီး စာကျက်လာခဲ့တာ။ ကိုယ့်ကျတော့ ညဘယ်လောက် ညဉ့်နက်နက် နေနိုင်ပြီး၊ မနက် စောစောထဖို့ဆို သေတော့မလို ကြောက်တယ်။
သူက စာတပုဒ်ကို ဘယ်လောက်ကြာကြာ ဇွဲကောင်းကောင်းနဲ့ ကျက်၊ ပြီးရင် အကုန် စာရွက်ကြမ်းပေါ် ပြန်ချရေး။ ချောချောမွေ့မွေ့ အမှားကင်းတဲ့ထိ ပြန်ချရေးပြီးမှ လက်လွှတ်တယ် ဆိုတယ်။ ကိုယ့်ကျတော့ ပါးစပ်က ဗလွတ်ဗလွတ်ရွတ်ပြီး သဘောတရားလောက်ရတယ်ဆိုရင်ပဲ ကိုယ့်ဘာသာ ဟုတ်လှပြီထင်နေတာ။
မမက သူ မလာမယ့် ၃ ရက်အတွက် စာကျက်ဖို့ အချိန်ဇယားဆွဲပေးသွားရင်၊ သူပြန်လာသင်တဲ့ရက်မှာ ကိုယ်က အဲဒီစာရင်းကနေ ကျက်ဖို့ ကျန်နေတဲ့ စာကြွေးစာရင်းကို အမြဲ ပြန်ထုတ်ပေးတတ်တယ်။ ခု အဲဒီအကြောင်းတွေ ပြန်တွေးရတာ စာရိုက်နေရင်းနဲ့တောင် မပြုံးဘဲ မနေနိုင် ဖြစ်မိတယ်။
မမက ကိုယ့်ကို သူတက်တဲ့ ကျောင်းကို တက်စေချင်တယ်။
"ညီမလေး ကျောင်းကို ရောက်လာရင် မမနဲ့ အဖော်ရမှာ" လို့ အမြဲ ပြောတတ်တယ်။ (မမက ကိုယ့် ညီမလေးလို့ မခေါ်ပါဘူး။ အမျိုးတွေနဲ့ ငယ်ငယ်က သူငယ်ချင်းတွေခေါ်တဲ့ အိမ်နာမည်ကိုပဲ ခေါ်တာပါ။ ဒါပေမဲ့ ဒီနေရာမှာ ထည့်မရေးတော့ဘူးစိတ်ကူးလို့ နာမ်စားပြောင်းလိုက်တယ်)
ကိုယ်က "10 တန်းစာလောက်တောင် မလုပ်ချင်တာ မမတို့ကျောင်းကို တက်လို့ ဘယ်လိုလုပ် ဖြစ်နိုင်မလဲ။ ရောက်မှာလည်း မဟုတ်ဘူး" လို့ ပြောရင် သူ အမြဲ ပြောတတ်တဲ့စကားရှိတယ်။
"ဘာလို့ မရောက်ရမှာလဲ။ မမတောင် ရောက်သေးတာပဲ"
"မမလိုလူမျိုးတောင် ရောက်သေးတာပဲ"
အဲဒီခါတိုင်း ကိုယ်က မမပြောစကားကို မလုံမလဲစိတ်ဖြစ်ပြီး၊ ကိုယ့်ကိုယ်ကိုယ် လှောင်တဲ့အနေနဲ့ အော်ရယ်တတ်တယ်။ အဲဒီတုန်းကတော့ ကိုယ့်ဘာသာ ရယ်ချင်လို့ ရယ်လိုက်တာပဲလို့သာ သိတာပါ။ ခုတော့ သဘောပေါက်လာတယ်။ အော်ရယ်မိတာက မမပြောစကားပေါ်မှာ သေချာစိတ်နဲ့ နားမထောင်နိုင်ခဲ့လို့ ဆိုတာကို။ ကိုယ့် ကြိုးစားလိုစိတ်၊ ပညာရေးကို တန်ဖိုးထားစိတ်အကြောင်း ကိုယ့်ဘာသာ သိနေတာကိုး။
***
2008 ဘလော့စကာစမှာ ကိုယ်နဲ့ ရင်းနှီးသူတွေ အကြောင်းကို ရေးမယ်ဆိုပြီး စ ခြစ်ထားခဲ့တာ။ 2 နှစ်လောက်တောင် ရှိပြီ။ မိုင်သီ့ အကြောင်းကလွဲလို့ ဘယ်သူ့အကြောင်းမှ ဘလော့ပေါ်ရောက်မလာသေးဘူး။ မရယ်ကြေး မလွမ်းကြေး ကျတော့ အကြောင်းအရာလေးတစ်ခုကို ချဲ့ရေးမိတဲ့ ပို့စ်မျိုးဖြစ်နေတယ်။
2008 လောက်ကသာ အပြီး ရေးဖြစ်ခဲ့ရင်တော့ ဒီပို့စ်ရဲ့ တင်ပြပုံက တမျိုးဖြစ်လိမ့်မယ်။ ခုရေးမိတော့ တပုံစံ ဖြစ်နေတယ်။ လတ်တလော တိမ်းညွှတ်ဝင်စားရာတွေက စာထဲမှာ အရိပ်လာထင်နေလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် မမအတွက် အမှတ်တရဖြစ်လိုစိတ်နဲ့ ရေးပါတယ်။
ရေးမယ် ဆိုတော့လည်း မမအကြောင်းမှာ ဘာကို ဆွဲထုတ်ရေးရမယ် ဆိုတာ မသိပါဘူး။ ခုနေ ဂျူး ရဲ့ အမှတ်တရ အကြောင်း ရီဗျူး ရေးပါဆိုရင်လည်း ဘာကို ဆွဲထုတ် ရေးရမှန်း သိမှာ မဟုတ်ဘူး၊ အဲဒီလိုပဲ။ စိတ်ထဲ ပေါ်လာတာတွေ ချရေးလိုက်တာ အတော်ကို ရှည်လျားသွားလို့ နောက်တပိုင်း နောက်မှပဲ ဆက်တော့မယ်။ စိတ်တိုင်းလည်း မကျ ဘာလိုနေမှန်းလည်း မသိဘူး။
to be continued
အဲဒီအဖြစ်အပျက်တွေကို ထားခဲ့ရပြီဆိုရင်၊ မှတ်မှတ်ထင်ထင် ရှိခဲ့တဲ့ လူတွေနဲ့ ဝေးနေခဲ့ပြီဆိုရင်...(တနည်းအားဖြင့်) ပစ္စုပ္ပန်နဲ့ အတိတ်က အဟပ်ကွာသွားပြီ ဆိုရင်ပေါ့။
အဲဒီအမှတ်တရတွေကို ချရေးထားမယ်လို့ စိတ်ကူးပြီး ပြန်စဉ်းစားရတာ ချိုမြိန်သလောက် လစ်ဟာတယ်။ အိပ်မက်ကောင်းတခုကို မက်လိုက်ရသလိုပါပဲ။ မက်နေချိန်မှာ မသိတတ်တဲ့စိတ်နဲ့ ပေါ့လွင့်ပျော်ပါး၊ နိုးလာတော့ တမ်းတစိတ်ကလွဲလို့ ဘာမှ မကျန်ခဲ့ဘူး။
***
မမအကြောင်း ဆက်ရေးမယ်လို့ ပြန်စဉ်းစားချိန်မှာ ခုတလောလေးမှာ ဖတ်ခဲ့ရတဲ့ ကြည်အေး စာသားတချို့ ခေါင်းထဲဝင်လာတယ်။
"ကျွန်မကတော့ အဲဒီသာယာလှတဲ့ ဂီတတမြုံကို ကြုံရင် သီတို့ ခရစ်ယာန်တွေ ဘုရားသခင်ကို ကျေးဇူးတင်တာ နားလည်မိတယ်။ ဂီတပေးတဲ့ ပျော်ရွှင်မှုကို ကိုယ်နဲ့ မတန်တဆ ရလေတော့ ဘုရားသခင်ရဲ့ ဆုလာဘ်ပဲလို့သာ ဆိုချင်တာ အံ့ဩစရာ မဟုတ်ဘူးလေ"
(သီတို့ ရွာ - ကြည်အေး)
ကိုယ့်ကိုယ်ကိုယ် လူကောင်းလို့ မသတ်မှတ်တော့ တခါတလေ ကိုယ်နဲ့ မထိုက်တန်လောက်အောင် ကောင်းမွန်တဲ့လူတွေနဲ့ ကြုံကြိုက်တဲ့အခါ ဘဝမှာ မတန်တဆရတဲ့ ဆုလာဘ်လို့သာ ကိုယ်လည်းပဲ ထင်ချင်တတ်တယ်။ ဒါပေမဲ့ ဗုဒ္ဓဘာသာဖြစ်လေတော့ တခုခု ကြုံရပြီဆို (ပညာသိနဲ့ မဟုတ်တောင်၊ သညာသိနဲ့ ဖြစ်ဖြစ်) ကံ ကံ၏အကျိုးကိုပဲ တွေးမိလာတတ်တယ်။
ဒီတော့ ကျေးဇူးတင်စရာရှိ လက်တွေ့ ဆက်စပ် ပတ်သက်ရာတွေကိုသာ ကျေးဇူးတင်ရတယ်၊ ပြီးရင် ကိုယ့်ဘာသာ မပျက်မကွက် ကျေးဇူးတင်တယ်။ ဒီလို လူတွေနဲ့ ဆုံဖို့ အကြောင်းတရားတွေကို အဓိက ဖန်တီးခဲ့တာ (ဗုဒ္ဓဘာသာအလိုအရ) ကိုယ် ကိုယ်တိုင်ပဲ မဟုတ်လား။ (အဲဒီလို အကောင်းအမွန်တွေရဲ့ ဆန့်ကျင်ဘက်တွေနဲ့ ကြုံရတာတွေတော့ ချန်ထားလိုက်တယ်။ ထည့်မပြောတော့ဘူး။ အတိတ်နဲ့ ခု ကိုယ် မကောင်းခဲ့တာတွေ ပေါ်ကုန်မှာစိုးလို့)
အဲဒီအမှတ်တရတွေကို ချရေးထားမယ်လို့ စိတ်ကူးပြီး ပြန်စဉ်းစားရတာ ချိုမြိန်သလောက် လစ်ဟာတယ်။ အိပ်မက်ကောင်းတခုကို မက်လိုက်ရသလိုပါပဲ။ မက်နေချိန်မှာ မသိတတ်တဲ့စိတ်နဲ့ ပေါ့လွင့်ပျော်ပါး၊ နိုးလာတော့ တမ်းတစိတ်ကလွဲလို့ ဘာမှ မကျန်ခဲ့ဘူး။
***
မမအကြောင်း ဆက်ရေးမယ်လို့ ပြန်စဉ်းစားချိန်မှာ ခုတလောလေးမှာ ဖတ်ခဲ့ရတဲ့ ကြည်အေး စာသားတချို့ ခေါင်းထဲဝင်လာတယ်။
"ကျွန်မကတော့ အဲဒီသာယာလှတဲ့ ဂီတတမြုံကို ကြုံရင် သီတို့ ခရစ်ယာန်တွေ ဘုရားသခင်ကို ကျေးဇူးတင်တာ နားလည်မိတယ်။ ဂီတပေးတဲ့ ပျော်ရွှင်မှုကို ကိုယ်နဲ့ မတန်တဆ ရလေတော့ ဘုရားသခင်ရဲ့ ဆုလာဘ်ပဲလို့သာ ဆိုချင်တာ အံ့ဩစရာ မဟုတ်ဘူးလေ"
(သီတို့ ရွာ - ကြည်အေး)
ကိုယ့်ကိုယ်ကိုယ် လူကောင်းလို့ မသတ်မှတ်တော့ တခါတလေ ကိုယ်နဲ့ မထိုက်တန်လောက်အောင် ကောင်းမွန်တဲ့လူတွေနဲ့ ကြုံကြိုက်တဲ့အခါ ဘဝမှာ မတန်တဆရတဲ့ ဆုလာဘ်လို့သာ ကိုယ်လည်းပဲ ထင်ချင်တတ်တယ်။ ဒါပေမဲ့ ဗုဒ္ဓဘာသာဖြစ်လေတော့ တခုခု ကြုံရပြီဆို (ပညာသိနဲ့ မဟုတ်တောင်၊ သညာသိနဲ့ ဖြစ်ဖြစ်) ကံ ကံ၏အကျိုးကိုပဲ တွေးမိလာတတ်တယ်။
ဒီတော့ ကျေးဇူးတင်စရာရှိ လက်တွေ့ ဆက်စပ် ပတ်သက်ရာတွေကိုသာ ကျေးဇူးတင်ရတယ်၊ ပြီးရင် ကိုယ့်ဘာသာ မပျက်မကွက် ကျေးဇူးတင်တယ်။ ဒီလို လူတွေနဲ့ ဆုံဖို့ အကြောင်းတရားတွေကို အဓိက ဖန်တီးခဲ့တာ (ဗုဒ္ဓဘာသာအလိုအရ) ကိုယ် ကိုယ်တိုင်ပဲ မဟုတ်လား။ (အဲဒီလို အကောင်းအမွန်တွေရဲ့ ဆန့်ကျင်ဘက်တွေနဲ့ ကြုံရတာတွေတော့ ချန်ထားလိုက်တယ်။ ထည့်မပြောတော့ဘူး။ အတိတ်နဲ့ ခု ကိုယ် မကောင်းခဲ့တာတွေ ပေါ်ကုန်မှာစိုးလို့)
***
မမနဲ့ စတွေ့တဲ့အချိန် သူ့မျက်နှာပေါ်က အပြုံးကို မြင်တာနဲ့ သိလိုက်တယ်။ တစိတ်တည်း တဝမ်းတည်း ပေါင်းလို့ရမယ့်သူ... လို့။ ကိုယ်တိုင် ဘာသာရေးအကျင့်အကြံ ဘယ်လောက်တောင်နည်းလည်း ရေစက် ဆိုတာကိုတော့ လက်ခံမိတဲ့သူ ဖြစ်နေလို့ပါ။ (လက်ခံတာနဲ့ ယုံကြည်တာဟာ မတူဘူးလို့ ထင်တယ်။ လက်ခံတယ်ဆိုတိုင်း ယုံကြည်စိတ်ကြောင့် ဟုတ်ချင်မှဟုတ်မှာ။ ကိုယ်လို စရဏအား နည်းတဲ့သူအတွက် မဖြစ်မနေ လိုအပ်လို့ လက်ခံတာဖြစ်ဖို့ ပိုများပါတယ်)
တကယ်တမ်းကျ ကိုယ်က အပေါင်းအသင်းများများဆံ့တဲ့လူစာ
အချိုးအကွေ့၊ အပြောင်းအလဲတွေ တွေ့တိုင်းမှာ ပထမဆုံး ရင်းနှီးသိကျွမ်းခဲ့ရသူတွေဟာ အဲဒီလို ရေစက်ရှိတဲ့သူတွေ ဖြစ်နေတတ်တာ များတယ်။
***
1996
မမနဲ့ စတွေ့ရတဲ့နှစ်က ကိုယ့်အတွက်တော့ အချိုးအကွေ့တစ်ခုမှာပေါ့။
သွားရေးလာရေးခက်တဲ့ ပြည်နယ်သူကလေး။ အသားညိုညို၊ လူမျိုးကို တန်းခနဲသိသာစေမယ့် အသံဝဲဝဲ၊ အရပ်ခပ်ပျပ်ပျပ်နဲ့ ရုတ်တရက် ကြည့်ရင် ဘာမှ မထူးခြားသလို သာမန်မိန်းကလေးတစ်ယောက်ရဲ့ အသွင်အပြင်နဲ့ပါပဲ။ သူ့မျက်လုံးတွေကို သေချာကြည့်ပြီး၊ စကား သေချာပြောဖူးရင်တော့ ရိုးသားတာ၊ အေးဆေးတာအပြင်၊ ခိုင်မာတာ ထက်မြက်တာတွေ မြင်သာမယ် ထင်တယ်။
"ရိုးသားအေးဆေး" လို့ ဝိသေသ ပြုပြီး ပြောရမယ့်သူတွေ ကိုယ်တို့ ပတ်ဝန်းကျင်မှာ အများကြီးကို ရှိပါတယ်။ ဒါပေမဲ့ အဲဒီ ဂုဏ်ပုဒ်က တချို့လူတွေအတွက် သာမန်မျှသာဆိုရမယ့် မပြောပလောက်တဲ့ စရိုက်လက္ခဏာဖြစ်ပြီးတော့၊ တချို့လူတွေနဲ့ ပေါင်းလိုက်တဲ့အခါ ထူးခြားတဲ့အရည်အသွေးတစ်ခု ဖြစ်သွားတယ်လို့ ခံစားရတယ်။ ဒါကို ဒီထက်ရှင်းသွားအောင် ပြောပြဖို့တော့ခက်တယ်။
အသက် ၂ နှစ် ပိုကြီးတာဆိုတော့ အစ်မတစ်ယောက်လို၊ စာသင် (guide) ပေးခဲ့တာဆိုတော့ ဆရာတစ်ယောက်လို၊ ၈ နှစ်နီးနီးလောက် အတူနေ အတူစား အတူသွားတွေ လုပ်ခဲ့တော့ သူငယ်ချင်းတစ်ယောက်လိုပါပဲ။
* ဘာကိုမဆို စိတ်အေးလက်အေး လုပ်တတ်ပြီး ဇွဲကောင်းတာ
* စိတ်အလိုမလိုက်ဘဲ လုပ်သင့်တာ လုပ်ဖို့၊ မလုပ်သင့်တာ မလုပ်ဖို့ သတိ အမြဲရှိတာ
* တည်တည်ကြည်ကြည် ချိုချိုသာသာရှိတာ အဲဒါတွေက စလို့...
* လမ်းလျှောက်ရင်တောင် ခြေလှမ်း ဖွဖွလှမ်းတာအဆုံး
ကိုယ် လိုက်အတုယူဖို့ ကြိုးစားခဲ့ဖူးတယ်။ ဒါပေမဲ့လည်း ဖြစ်မလာခဲ့ဘူး။ နည်းနည်းကလေးတောင် တူမလာခဲ့ဘူး။ ဘယ်တူပါ့မလဲ သူက သူပဲ။ ကိုယ်က ကိုယ်ပဲ။
(ခုလောလောဆယ် စကားလက်အိုဟာရာ အကြောင်း ဖတ်နေမိတယ်။ စကားလက်က အများအမြင်မှာ သူ့အမေလို ချိုသာသိမ်မွေ့ နူးညံ့ပြီး အစဉ်အလာတွေ ထိန်းသိမ်းတဲ့သူ၊ ကြင်နာတတ်သူ၊ ရက်ရောတဲ့သူ ဖြစ်ချင်တယ်။ တကယ်တမ်းကျ သူက အဲဒါတွေရဲ့ ဆန့်ကျင်ဘက်ပဲ။ ဒါပေမဲ့ သူ့မှာ ရှိတဲ့၊ မရှိတဲ့ ဗီဇစိတ်ကို မရိပ်မိဘဲ သူကျင်လည်ရတဲ့ ပတ်ဝန်းကျင်က စံလို့ သတ်မှတ်တဲ့ အရည်အချင်းတွေဟာ (သူ အလိုရှိရာ အားလုံးရမယ့်) တချိန်ကျရင် အလိုလို ပြည့်ဝသွားမယ်လို့ အထင်ရောက်နေရှာတယ်)
ဆက်ပြောရရင် တက္ကသိုလ်ဝင်ခွင့်တွေကျတော့ မမလျှောက်တဲ့ဆီကို အတူတူဝင်တာ တပြည်နယ်လုံးမှာမှ သူ့အပြင် တခြားမြို့က မိန်းကလေးတယောက်ပဲ ရှိတယ်။ အဲဒီတုန်းက သူတို့နှစ်ယောက် ဆက်သွယ်ပြီး ရန်ကုန်မှာ ၂ ခုတည်းသာ ရှိတဲ့ ကျောင်းထဲက မတော်လို့များ မြို့ထဲကျောင်းမှာကျခဲ့ရင် မြို့စွန်က ကျောင်းကို ပြန်ပြောင်းကြမယ် လို့ တိုင်ပင်ထားကြတယ် တဲ့။
တကယ်တော့ သူတို့ စိုးရိမ်သလိုလည်း ဖြစ်မလာခဲ့ပါဘူး။ အဲဒီ တပြည်နယ်တည်း သူ့သူငယ်ချင်းနဲ့လည်း သူတို့တက်ချင်တဲ့ ကျောင်းမှာပဲ ကျောင်းပြီးတဲ့ထိ တတန်းတည်း၊ တခန်းတည်း အတူတူနေသွားခဲ့ကြတယ်။ ကိုယ်ကသာ မမ မြို့ထဲကျောင်းကို ပြောင်းပြီး တက်ပါလားလို့ ခဏခဏ အကြံပေးမိတယ်။ (အမှန်တော့ ဘာမှမဟုတ်ဘူး။ ကိုယ့် guide က ဘယ်ကျောင်းမှာ တက်နေတာလေ လို့ ကြွားချင်တာနဲ့ ပိုကြွားလို့ကောင်းမယ့်ကျောင်း ပြောင်းခိုင်းမိတာ)
မမတို့နှစ်က 10 တန်းအောင်ပြီး ဘယ်လောက်မှ မစောင့်ရဘဲ တက္ကသိုလ် တက်ရတယ် (သူတို့ရှေ့က စီနီယာတွေနဲ့စာရင်ပေါ့လေ)။ ဒါပေမဲ့ ဘယ်လောက်မှ မတက်လိုက်ရဘဲ အကြာကြီး ပြန်ပိတ်သွားပြန်တယ်။ 2 နှစ်တိတိကြာအောင် ပိတ်လိုက်တယ်။ သူတို့ပြည်နယ်ကလဲ သွားဖို့လာဖို့ခက်၊ ကျောင်းကလဲ ခုပဲ ပြန်ဖွင့်မလို၊ တော်ကြာပဲ ပြန်ဖွင့်မလိုဖြစ်တော့ မပြန်ဖြစ်ဘဲ ရန်ကုန်မှာပဲနေပြီး စာလည်းသင်ရင်း၊ အထည်ချုပ်တစ်ခုမှာလည်း အလုပ်ဝင်လိုက်သေးတယ်။ အဲဒီ အထည်ချုပ်မှာ အတူလုပ်တဲ့ လုပ်ဖော်ကိုင်ဘက်တွေက မမ ဘယ်က ကျောင်းသူဆိုတာ အတူလုပ်နေတုန်းက လုံးဝ မသိလိုက်ကြဘူး ဆိုတယ်။
ကိုယ့် guide ဖြစ်လာချိန်မှာလည်း ရေစက်ရှိလို့သာ ဆုံရတယ်၊ စရိုက်သဘာဝချင်းက တခြားစီဖြစ်တော့ နှစ်ယောက်ကြားမှာ ချော်နေတာတွေ အများကြီးပဲ။
မမတို့မြို့မှာ အဲဒီအချိန်ထိ လျှပ်စစ်မီးမရှိဘူး။ ဒီတော့ သူ့ကျောင်းသူဘဝ တလျှောက်လုံးမှာ ညစောစောအိပ်၊ မနက်လေးနာရီလောက်ထပြီး စာကျက်လာခဲ့တာ။ ကိုယ့်ကျတော့ ညဘယ်လောက် ညဉ့်နက်နက် နေနိုင်ပြီး၊ မနက် စောစောထဖို့ဆို သေတော့မလို ကြောက်တယ်။
သူက စာတပုဒ်ကို ဘယ်လောက်ကြာကြာ ဇွဲကောင်းကောင်းနဲ့ ကျက်၊ ပြီးရင် အကုန် စာရွက်ကြမ်းပေါ် ပြန်ချရေး။ ချောချောမွေ့မွေ့ အမှားကင်းတဲ့ထိ ပြန်ချရေးပြီးမှ လက်လွှတ်တယ် ဆိုတယ်။ ကိုယ့်ကျတော့ ပါးစပ်က ဗလွတ်ဗလွတ်ရွတ်ပြီး သဘောတရားလောက်ရတယ်ဆိုရင်ပဲ ကိုယ့်ဘာသာ ဟုတ်လှပြီထင်နေတာ။
မမက သူ မလာမယ့် ၃ ရက်အတွက် စာကျက်ဖို့ အချိန်ဇယားဆွဲပေးသွားရင်၊ သူပြန်လာသင်တဲ့ရက်မှာ ကိုယ်က အဲဒီစာရင်းကနေ ကျက်ဖို့ ကျန်နေတဲ့ စာကြွေးစာရင်းကို အမြဲ ပြန်ထုတ်ပေးတတ်တယ်။ ခု အဲဒီအကြောင်းတွေ ပြန်တွေးရတာ စာရိုက်နေရင်းနဲ့တောင် မပြုံးဘဲ မနေနိုင် ဖြစ်မိတယ်။
မမက ကိုယ့်ကို သူတက်တဲ့ ကျောင်းကို တက်စေချင်တယ်။
"ညီမလေး ကျောင်းကို ရောက်လာရင် မမနဲ့ အဖော်ရမှာ" လို့ အမြဲ ပြောတတ်တယ်။ (မမက ကိုယ့် ညီမလေးလို့ မခေါ်ပါဘူး။ အမျိုးတွေနဲ့ ငယ်ငယ်က သူငယ်ချင်းတွေခေါ်တဲ့ အိမ်နာမည်ကိုပဲ ခေါ်တာပါ။ ဒါပေမဲ့ ဒီနေရာမှာ ထည့်မရေးတော့ဘူးစိတ်ကူးလို့ နာမ်စားပြောင်းလိုက်တယ်)
ကိုယ်က "10 တန်းစာလောက်တောင် မလုပ်ချင်တာ မမတို့ကျောင်းကို တက်လို့ ဘယ်လိုလုပ် ဖြစ်နိုင်မလဲ။ ရောက်မှာလည်း မဟုတ်ဘူး" လို့ ပြောရင် သူ အမြဲ ပြောတတ်တဲ့စကားရှိတယ်။
"ဘာလို့ မရောက်ရမှာလဲ။ မမတောင် ရောက်သေးတာပဲ"
"မမလိုလူမျိုးတောင် ရောက်သေးတာပဲ"
အဲဒီခါတိုင်း ကိုယ်က မမပြောစကားကို မလုံမလဲစိတ်ဖြစ်ပြီး၊ ကိုယ့်ကိုယ်ကိုယ် လှောင်တဲ့အနေနဲ့ အော်ရယ်တတ်တယ်။ အဲဒီတုန်းကတော့ ကိုယ့်ဘာသာ ရယ်ချင်လို့ ရယ်လိုက်တာပဲလို့သာ သိတာပါ။ ခုတော့ သဘောပေါက်လာတယ်။ အော်ရယ်မိတာက မမပြောစကားပေါ်မှာ သေချာစိတ်နဲ့ နားမထောင်နိုင်ခဲ့လို့ ဆိုတာကို။ ကိုယ့် ကြိုးစားလိုစိတ်၊ ပညာရေးကို တန်ဖိုးထားစိတ်အကြောင်း ကိုယ့်ဘာသာ သိနေတာကိုး။
***
2008 ဘလော့စကာစမှာ ကိုယ်နဲ့ ရင်းနှီးသူတွေ အကြောင်းကို ရေးမယ်ဆိုပြီး စ ခြစ်ထားခဲ့တာ။ 2 နှစ်လောက်တောင် ရှိပြီ။ မိုင်သီ့ အကြောင်းကလွဲလို့ ဘယ်သူ့အကြောင်းမှ ဘလော့ပေါ်ရောက်မလာသေးဘူး။ မရယ်ကြေး မလွမ်းကြေး ကျတော့ အကြောင်းအရာလေးတစ်ခုကို ချဲ့ရေးမိတဲ့ ပို့စ်မျိုးဖြစ်နေတယ်။
2008 လောက်ကသာ အပြီး ရေးဖြစ်ခဲ့ရင်တော့ ဒီပို့စ်ရဲ့ တင်ပြပုံက တမျိုးဖြစ်လိမ့်မယ်။ ခုရေးမိတော့ တပုံစံ ဖြစ်နေတယ်။ လတ်တလော တိမ်းညွှတ်ဝင်စားရာတွေက စာထဲမှာ အရိပ်လာထင်နေလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် မမအတွက် အမှတ်တရဖြစ်လိုစိတ်နဲ့ ရေးပါတယ်။
ရေးမယ် ဆိုတော့လည်း မမအကြောင်းမှာ ဘာကို ဆွဲထုတ်ရေးရမယ် ဆိုတာ မသိပါဘူး။ ခုနေ ဂျူး ရဲ့ အမှတ်တရ အကြောင်း ရီဗျူး ရေးပါဆိုရင်လည်း ဘာကို ဆွဲထုတ် ရေးရမှန်း သိမှာ မဟုတ်ဘူး၊ အဲဒီလိုပဲ။ စိတ်ထဲ ပေါ်လာတာတွေ ချရေးလိုက်တာ အတော်ကို ရှည်လျားသွားလို့ နောက်တပိုင်း နောက်မှပဲ ဆက်တော့မယ်။ စိတ်တိုင်းလည်း မကျ ဘာလိုနေမှန်းလည်း မသိဘူး။
to be continued
***
(ချစ်သောမမ သို့)
pic from google
Labels:
remembrance,
Younghood,
မမ
Friday, October 22, 2010
ဘိုဘိုလန်းစင် နှင့် စစ်ကူများ
printscreen ဖမ်းထားတာ (၁)
facebook က note ကို pdf ပြောင်းထားတာ (၂)
ကိုယ့် ဦးလေးက သူ့အဒေါ်ဆိုင် စောင့်ပေးတာ ဆိုပဲ။ ဟုတ်ရင်လည်း ဟုတ်ပါလိမ့်မယ်။ ဆွေခုနစ်ဆက် မျိုးခုနစ်ဆက် လိုက်ကြည့်ရင် ပြည့်ရှင်မင်းအစ သူဖုန်းစားအဆုံးရှိနိုင်တာ ကိုယ်သိနိုင်တာ မှတ်လို့။ ကိုယ့်ဘာသာတော့ သူတို့ ကြားဖူးရုံရှိတာ... ဒီလို ဆွေကြီးမျိုးကြီးတွေနဲ့ မပတ်သတ်ဖူးပါဘူး ထင်နေမိတာ။
facebook က ကိုယ့် friend list မှာ သူ့လို ဆွေကြီးမျိုးကြီးတွေ လိုက်အဒ် ထားတာလည်း မဟုတ်တော့ မမြင်ရပါဘူး။ ဒါပေမဲ့ ဒီကနေ့ ဘလော့မှာ fb ကနေ အဝင်များနေတာ ပုံမှန်မဟုတ်ဘူးလို့တော့ သိနေတယ်။ ဒါ အသိတယောက်က မေးလ်နဲ့ ပို့ပေးလို့ ဖတ်ရတာပါ။
ကိုဝတုတ်ကိုတော့ ကြောက်လို့ ပြန်မပြောရဲဘဲ သူ့ရမ်းတယ်လို့ ဆိုပါတယ်။
ကိုဝတုတ်ဟာ တိုက်ရိုက်ပြောရမယ့်သူဖြစ်လို့ တိုက်ရိုက် မေးလ်နဲ့ပြောပြီးဆိုတာ ထည့်ရေးခဲ့ပြီးဖြစ်ပါတယ်။ သိချင်ရင် ဘာတွေပြောလဲ ကိုဝတုတ်ကိုသာ တိုက်ရိုက်မေးပေတော့...
ကြောက်မလားဆိုပြီး ဘာမှလည်း မဆိုင်ဘဲ ဆွမ်းကြီးဝင်လောင်းတဲ့ အထာနဲ့ ခြောက်ကြည့်တာ မရတော့ ရမ်းတယ်ဖြစ်ရပြန်ရော။ သူနဲ့လည်း ဖြစ်တာမဟုတ်ဘဲ မနေနိုင်မထိုင်နိုင် ဆွမ်းကြီးဝင်လောင်းတဲ့ စိတ်ဓါတ်ကို ဒီလိုအတိုင်းလေးပဲ ခေါင်းငုံ့ပြီး ခံနေမယ်လို့ ထင်တာများ အံ့တောင်သြယူတယ်။ တကယ်။
သူ့ကြောက်ရအောင် သူ့မှာ လူတွေကြောက်ရမယ့် သေနတ်ရှိလို့လား။
ဒါမှမဟုတ် လေးစားပြီး ကြောက်ရွံ့ရမယ့် ဖြောင့်မတ်တဲ့ ဂုဏ်သိက္ခာရှိလို့လား။
အဲဒါလေးပဲဖြေ။ အဲဒီနှစ်ခုထဲက တစ်ခုခု ရှိအောင်လုပ်။
ဒါမှ လူရှိန်မှာ။
အဘိုးအဘွား ကောင်းမှုနဲ့ လူထု ဆိုတဲ့ နာမည်ရှိရုံ၊ ဘိလပ်မှာ ကျောင်းတက်ရုံနဲ့တော့ (အထင်ကြီးတဲ့လူလည်း ရှိမှာပေါ့လေ) ဘယ်သူကမှ ရှိန်ပြီး ကြောက်သွားမှာ မဟုတ်ဘူး။ မယုံရင် အဲဒီလို ဆွမ်းကြီးဝင်လောင်းတဲ့ နည်းမျိုးနဲ့ ဘယ်သူ့မဆို သွားစမ်းကြည့်ပါလား။ အကုန် ပြန်ပက်တာ ခံရမှာပဲ။ သတ္တိရှိရင် လုပ်ကြည့်လိုက်။
word file နဲ့ ကူးထားတာလေး ဖတ်ပြီးတော့ ဘယ်သူက ဘယ်သူ့ကို ပြန်မပြောရဲလို့ ဘယ်သူ့ရမ်းတယ်ဆိုတာ စဉ်းစားဖို့ပါပဲ။
မှတ်တမ်း သက်သက်ပါ။ လုံးဝ (လုံးဝ) စိတ်မဆိုးပါ။
ကိုယ်ကတော့ လူတယောက်ကို မကျေနပ်တာနဲ့ သူ့အမူအကျင့်မကြိုက်တာနဲ့ အဲဒါလေးကြည့်ပြီး၊ သူနဲ့ပတ်သတ်တဲ့ ဆွေမျိုးတစ်စုလုံး တန်ဖိုးဖြတ်လိုက်တာမျိုး အဓိပ္ပါယ်ရှိတယ် မထင်ပါ။ ဒါကြောင့်မို့ ကိုယ်တောင်မသိတဲ့ ကိုယ့်ဆွေမျိုးထည့်ပြီး စော်ကားမော်ကားပြောလည်း ဘာမှ မဖြစ်။ (သူ့ဘာသာသူ လုပ်ချင်လည်း လုပ်နေမှာပေါ့။ တကယ်သာဆိုရင် အဲဒီလူကဖြင့် လူထုမှာလုပ်ရလို့ ဂုဏ်တောင်ယူနေဦးမလားမသိ။ အမှန်ကတော့ ဘာမှ ထူး ဂုဏ်ယူစရာ မရှိပါဘူး။ လူထုမျိုးဆိုတာလည်း လူပြောသူပြောနဲ့ပဲ သိတာ။ ဘာ ဆိုတာ နောက်ကြုံမှ အပျင်းပြေ စုံစမ်းကြည့်ဦးမယ်။) ဆွေ ၇ ဆက် မျိုး ၇ ဆက်မှာ မြင့်တာရော နိမ့်တာရော အုတ်အရော ကျောက်အရောရော ကိုယ်လည်း အကုန် မသိနိုင်။ ဒီထက်ဆိုးတာတွေလည်း ရှိနိုင်တာပဲ။
(Update: ကိုယ့်အမျိုးထဲက လူထုအမျိုးဆီ ဆိုင်စောင့်လုပ်တယ်ဆိုတာနဲ့ ကိုယ့်မှာ အရှက်မှရပါစေတာ့ သိက္ခာမှကျပါစေတော့လို့ စေတနာထားပုံရပါတယ်။ ဂုဏ်သိက္ခာကျရအောင် လူထုမျိုးဆိုတာ အဆင့်မရှိလို့လား၊ မဟုတ်တာလုပ်နေလို့လား၊ အဲဒီဆိုင်ဆိုတာက လူ့ကျင့်ဝတ်နဲ့ မညီတဲ့ဆိုင်မျိုးဖြစ်နေလို့လား။
သူပြောချင်တဲ့ စကားလည်း သူ့ဘာသာ ဘယ်ရောက်လို့ ရောက်မှန်းသိပုံမပေါ်ဘူး။ ဆိုင်စောင့်တာဟာ ကိုယ့်တို့မျိုးရိုးကို အိုးမဲသုတ်နေတာ မဟုတ်ဘူး။ မျိုးရိုးကို အိုးမဲသုတ်တဲ့လုပ်ရပ်ဆိုတာ ဘာလဲလို့ မသိရင် fb မှာ သူ့ဘာသာတင်ထားတဲ့ Note ကို သူ့ဘာသာပြန်ဖတ်နေဖို့ပဲ ရှိတယ်။ စိတ်ဓါတ်တင် မရှိဘူးထင်တာ။ တကယ်က ဦးနှောက်ပါ မရှိတာကို)
ဒါပေမဲ့ မဆီမဆိုင် ဂျူး ပါ ပါသွားတာတော့ စိတ်အနှောင့်အယှက်ဖြစ်မိတယ်။
သို့သော်လည်း စကားဆိုတာ ပြောတဲ့လူကိုပဲ ပြဋ္ဌာန်းလို့ရတယ်။ အပြောခံရတဲ့လူကို ပြဋ္ဌာန်းလို့မရဘူး ဆိုတာပဲ ပြန်စဉ်းစားလိုက်ပါတယ်။ ကိုယ့်ကိစ္စနဲ့ မဆီမဆိုင်ပါသွားလေတဲ့ ဂျူးအတွက် အဲလိုပဲ ဖြေလိုက်တယ်။
(သူများက သူ့ရေးပို့တဲ့ ပုံစံနဲ့ ရေးထားပေမယ့် တကယ်က သူ့ဘာသာပဲ ရေးထားတာလည်း ဖြစ်နိုင်သေးတယ်)
***
မှတ်တမ်းသက်သက်ပါ။
လူထု မျိုးဆက်ပါဆိုတဲ့ ဘိုဘိုလန်းစင်ရဲ့ ပုံကတော့ တဖြည်းဖြည်း ပေါ်သထက် ပေါ်လာတယ်။ ကိုယ်ကတော့ "နှုတ်ကြမ်းရင် ဘာ ကိုယ်ကြမ်းရင် ဘာ" ဆိုတဲ့ ဆိုရိုးတွေကို လက်ကိုင်သုံးပြီး သားသမီးမကောင်းတာ မိဘပုံချတဲ့ ဗမာတွေရဲ့အကျင့်ကို ကြိုက်သူ လက်ခံသူ မဟုတ်ဘူး။ ဒါ ဗမာတွေ အမြင်ကျဉ်းတာ ပြရာရောက်တဲ့ ဆိုရိုးတွေ လို့ ထင်တယ်။
သူ လုပ်တဲ့ကိစ္စဟာ သူ့ကိစ္စပဲ။ သူ့အမျိုးကိစ္စ မဟုတ်ဘူး။
တခုပဲ ရှိတယ်။
တမျိုးလုံးက တသက်လုံး ထူထောင်လာတဲ့ ဂုဏ်သိက္ခာအောက်မှာ နေဖို့ မထိုက်တန်တဲ့ အမူအကျင့်ရှိသူလို့ပဲ သတ်မှတ်ရမယ် ထင်တယ်။

Shit,
ဘိုဘိုလန်းစင် (ငယောက်ပြား),
ယောက်ပြား
Sunday, October 17, 2010
ဘိုဘိုလန်းစင် analysis
ဘိုဘိုလန်းစင် analysis
Nyo said...
I do not surprise his self-righteous words that often seen online in several places.
“အေး အေး ကောင်းတယ် မင်းအဲဒီလို များများပြောပေး မသာဖြစ်သွားပြီး တဲ့ မင်းအဖိုး အဖွားတွေလည်းဂုဏ်တက်တာပေါ့...”
လှိုင်ဘွားမောင် 2010-09-25 10:23
http://www.kaungkin.com/index.php?option=com_content&view=article&id=383:2010-09-23-21-51-11&catid=41:2009-04-17-01-31-28&Itemid=63
October 13, 2010 12:15 PM
***
Rita said...
ဒီနေရာမှာ ဟိုသတ္တဝါကဏ္ဍ ပါလာပြီ။
ကိုယ် လွဲတယ်ထင်ရင် သူ့အနေနဲ့ လွဲတဲ့ အချက်အလက်ကိုပဲ ကိုင်ပြီး ပြောရမယ်။
ခုဟာက ဆွမ်းကြီးဝင်လောင်းချင်တာ သက်သက်။ ဒါ ရင့်သီးတာလို့ ပြောလို့မရဘူး ယူဆမိတယ်။
* လူတယောက်က တခြားလူတယောက်ကို ရင့်သီးနေတာကို ကြားဝင် အားရတာ၊
ခံရတဲ့လူကို ခံသွားရပြီဆိုပြီး လက်ညှိုးထိုး အားရတာ။
* တပါးသူ နှိပ်ကွပ်နေတာကို သူလုပ်နေရတဲ့အတိုင်း ဘေးကနေ ဩဘာပေး အကုသိုလ်ယူတာ၊
သူတပါးနှိပ်ကွပ်ခံရတာကို သူလုပ်လို့ ခံရတဲ့အတိုင်း ဝမ်းမြောက်ဝမ်းသာဖြစ်နေတာ။
* သူ့ထိလို့ တန်ပြန်တာ မဟုတ်ဘဲ သူတပါးကို သိက္ခာမှ ကျပါစေတော့၊ လိပ်ပြာမှ ငယ်ပါစေတော့လို့ ဘေးကနေ ဟေးတိုက်လို့ မောင်းချင်တာ။ အားပေးအားမြှောက်ပြုချင်တာ။
* အဲလိုလုပ်လိုက်ရင် ခံရတဲ့လူက ကြောက်သွားမယ်ထင်ပြီး နှစ်သိမ့်အားရနေတာ။
သူတပါး အကြောက်ကို အရသာခံ ကြည့်ချင်နေတာ။
အဲဒါ ကိုယ့်တွက်တော့ မှတ်တမ်းတင်စရာ အချက်ပဲ။
October 13, 2010 12:57 PM
***
လိုအပ်လို့ comment က အချက်တွေ ပြန် ဆွဲထုတ်လိုက်မယ်။ comment မှာဆို သိပ် မလေးနက်သလိုလဲ ဖြစ်တယ်။ ခုလို post မှာတင်တော့ နောက်ပိုင်း ဖတ်မယ့်သူတွေ မြင်လွယ် တွေ့လွယ်ရှိတယ်။ ပြီးတော့ အရင် post ထဲမှာက ဘယ်သူဆိုတာ ပြောရုံလောက် ပြောမိပြီး စိတ်ဓါတ်နဲ့ သဘောထားကို ဒီလောက် ကွက်ကွက်ကွင်းကွင်း ထည့်မရေးခဲ့မိဘူး။
***
ဒီကိစ္စ ဖြစ်ပြီးပြီးချင်း အဲဒီ သတ္တဝါ ဘာ ဆိုတာကို အရေးတကြီး အတည်ပြုဖို့ လုပ်နေရလို့ ချက်ချင်း post မတင်နိုင်ဘူး။
အဲဒီအချိန် KOM cbox မှာ နဂိုအတိုင်း ဆက် စကားပြောနေတုန်းပဲဆိုတော့ အဲဒီမှာ အတူ စကားပြောတဲ့ထဲက တယောက်က စကားဝိုင်းထဲကို zizawa က link ကို ခဏခဏ လာချတယ်။ ဘာရည်ရွယ်ချက်နဲ့ ဘာဖြစ်စေချင်လို့ လာချတယ် ဆိုတာ အထူး ပြောဖို့မလိုဘူး။ စိတ်ဓါတ်နဲ့ သဘောထား ရည်ရွယ်ချက်က ဟိုသတ္တဝါနဲ့ တူတူပဲ။
ဘာကွာလဲဆိုတော့ကာ...
* အထက်တန်းမအောင်တဲ့ Singapore က work permit သမား၊ အမျိုးအမည် မထင်ရှားတာနဲ့
* ဆေးကျောင်းပြီး၊ ဘိလပ်တက္ကသိုလ်တခုမှာ သမိုင်းသင်၊ (တခုခု မဟုတ်တာ လုပ်မိတော့မယ် ဆိုတာနဲ့ ဂုဏ်သိက္ခာကို ပြန်စောင်းငဲ့ကြည့်သင့်တဲ့) ဆွေမျိုးအကြီးစားထဲက ဖြစ်တာကွာတယ်။
***
ငယ်ငယ်က မဂ္ဂဇင်းတော်တော်များများ ဖတ်ခဲ့မိတာတွေ တချို့လည်း မှတ်မိ၊ တချို့လည်း မမှတ်မိတော့... အကြောင်းတိုက်ဆိုင်မှသာ ပေါ်လာတော့တယ်။
ခုလည်း ပေါ်လာတဲ့ အကြောင်းအရာတစ်ခုပေါ့။
ကိုတာ ရေးသလား၊ မောင်သစ်ဆင်း ရေးသလားတော့ မသိ။
မောင်သစ်ဆင်း "ကလေးတို့ရဲ့ မနက်ဖန်" ဆိုတဲ့ ဆောင်းပါးစုထဲက ဖြစ်ဖို့ ပိုများပါတယ်။
နာမည်၊ နိုင်ငံစတဲ့ အသေးစိတ်တွေ မမှတ်မိတော့ပါဘူး။
ဉာဏ်ရည်ချို့တဲ့တဲ့ ကလေးတွေကို လေ့ကျင့် သင်ကြားပေးရာမှာ အင်မတန်ပါရမီထူးတဲ့ ဆရာမတစ်ယောက် ရှိတယ်။ သူ လေ့ကျင့်သင်ကြားပေးထားတဲ့ ကလေးတွေနဲ့ ပုံမှန်ကျောင်းမှာ ပုံမှန်ဉာဏ်ရည်ရှိတဲ့ ကလေးတွေ မေးခွန်းတူ စာမေးပွဲဖြေဖို့ စီစဉ်ကြတယ်။
သူ့ရဲ့ ဉာဏ်ရည်နိမ့် ကလေးတွေက ပုံမှန်ကျောင်းကို သွားပြီး ဖြေရတယ်။ ကလေးတွေရဲ့ ပြင်ပ သွင်ပြင် ပုံသဏ္ဍာန်နဲ့ အိနြေ္ဒက ပုံမှန်ကလေးတွေနဲ့ သိသာအောင် ခြားနားလွန်းတော့ ဘေးလူတွေမှာ ဒါ မိုက်မဲတဲ့ စတန့်ထွင်မှုသက်သက်လို့ ထင်တဲ့လူက ထင်တယ် ဆိုတယ်။
လိုရင်းပြောရရင်... စာမေးပွဲ စစ်လိုက်ပြီး ရလဒ်တွေ ထွက်လာတဲ့အခါမှာ ဉာဏ်ရည်နိမ့်တဲ့ ကလေးတွေက၊ ပုံမှန်ကလေးတွေကို ဘယ်နေရာမှာမှ မနိမ့်ဘဲ ယှဉ်နိုင်တယ်ဆိုတယ်။ အုပ်စု နှစ်ခုရဲ့ ရလဒ်က တန်းတူညီမျှပဲတဲ့။
ပညာရေးက လူကြီးတွေရော၊ ကလေးမိဘတွေရောက ဆရာမကို တအံ့တသြ ချီးကျူးပြီး "ဒီလို ဉာဏ်ရည်မမီတဲ့ ကလေးတွေကို ပုံမှန် ဉာဏ်ရည်ရှိတဲ့ ကလေးတွေနဲ့ တန်းတူဖြစ်အောင် ဘယ်လိုများ သင်ကြားလေ့ကျင့်ပေးထားတာလဲ" လို့ ဝိုင်းမေးကြတယ်။
အဲဒီမှာ ဆရာမက ပြန်မေးပါတယ်တဲ့။
"ဒီလို ပုံမှန်ကလေးတွေကို ကျွန်မရဲ့ ပုံမှန် မဟုတ်တဲ့ ကလေးတွေနဲ့ တန်းတူဖြစ်သွားအောင် ရှင်တို့ ဘယ်လိုများ သင်ကြားထားတာပါလဲ"
***
အကြောင်းက တိုက်ဆိုင်လွန်းလို့ ပြန်မှတ်မိလာတာကို ချရေးလိုက်တာ။
***
မှတ်ချက်။
ဒီနေရာမှာ အကြောင်းအရာနှစ်ခုကို ယှဉ်ပြောတာမို့ အဲဒီ ဆရာမရဲ့ တန်ပြန်မေးခွန်းကို အသုံးပြုလိုက်တာပါ။ အင်မတန်လည်း ဆီလျော်နေလို့။
ကလေးတွေကိစ္စ သက်သက်ကို ရည်ရွယ်ပြောရမယ်ဆိုရင်တော့ အဲဒီဆရာမရဲ့ မေးခွန်းကို ဆောင်းပါး စဖတ်မိကတည်းက ကိုယ် မနှစ်မြို့ မထောက်ခံပါဘူး။ ဒါကို post မှာ ထည့်မရေးတော့ဘူး။ ဆိုလိုရင်းနဲ့ ရှုပ်ထွေးသွားမှာစိုးလို့။ comment မှာပဲ ချလိုက်မယ်။
ဒါပေမဲ့ ခု ကိုယ် ယှဉ်ပြတဲ့ ကွာခြားတဲ့ အခြေအနေနှစ်ခုက ဆင်းသက်လာတဲ့ အဆင့်အတန်းတူတဲ့ စိတ်ဓါတ် ၂ ခုမှာတော့ သူမေးတဲ့ စကားလုံးဟာ ဆီလျော်သင့်တော်လွန်းလို့ ပြန်သတိရပြီး ချရေးလိုက်တာပါ။

အဲဒါတွေ ချက်ချင်းရေးဖို့ပဲ။
မအားတာရယ်၊ အားတော့လည်း ပျင်းနေတာရယ်နဲ့ ခုမှ ရေးတင်ဖြစ်တယ်။
နောက် အဲဒီသတ္တဝါရဲ့ နာမည်အရင်းကို မတပ်ချင်ဘူး။ ဒါပေမဲ့ search engine မှာ ရှာရင် တွေ့လွယ်အောင်လို့ ဆိုတဲ့ စေတနာနဲ့ တပ်လိုက်တာ။
***
တွဲဖတ်ရန် post
"ဘီအို ဘီအို ဟု ခေါ်ပါသည်"
http://ritako.blogspot.com/2010/10/blog-post_10.html
***
ထပ်ဆင့်မှတ်ချက်။
သက်ရှိမှန်သမျှ သတ္တဝါ ဖြစ်သည်။
***
facebook link

Sunday, October 10, 2010
ဘီအိုဘီအို ဟု ခေါ်ပါသည်
Bo Bo 08/10/2010 at 10:44 Reply ဆရာတုတ်က နွားပလာတာကျွေးသကိုးဗျ ယောင်ယောင်အိုးတွေ အဖက်မလုပ်ပါနဲ့ဗျာ .. ကာလကုန်တယ် သွားပေါ့
zizawa 08/10/2010 at 11:06 Reply ကိုယ့်ညီ ပေးတဲ့ အကြံကိုတော့ ကျေးဇူးတင်ပါတယ်ဗျာ။ အိမ်က မိန်းမကလည်း အလားတူပြောဖူးတယ်။ ခုဘလော့နဲ့ ပတ်သက်လို့ မဟုတ်ပါဘူး။ တခြားဘလော့နဲ့ မဆိုင်တဲ့ အကြောင်းအရာနဲ့ပါ။ ပလာတာမစားတဲ့ နွားတွေအတွက်တော့ ဂျူံမစိုက်နဲ့တဲ့။
Bo Bo 08/10/2010 at 12:11 Reply ကျွတ်မုန်းဝင် ဖြစ်နေပါပီး) အလဲ့….. ရှာဖတ်မနေပေမဲ့ ဒီဘလော့မှာ ရေးထားတာတွေ့ရင်တော့ စိတ်ပါရင် ဝင်ပြောမိမယ့် အကြောင်းအရာပါပဲ ဆိုပါလား။
တောနမက အပီးသတ်မှာ ခင်ဗျားကပ်နှိပ်သွားသေးတယ်။ …
ဒီလိုနည်းနဲ့ တုန့်ပြန်တတ်တဲ့သူ (တကယ်ထင်တာ ကျွန်မထက်တောင် အများကြီး ပိုသေးတယ်ထင်တယ်) နောက်ထပ်ရှိသေးတယ်လို့ သိလိုက်ရလို့ ဖြစ်မယ်တဲ့။ ဟီး အဆော်ခံရတာ အနာဂါမ်တည်နေပီထင်တယ် ကျွတ်မှာတော့မဟုတ်ဘူး သရဲအရူးဆိုတာ။
သည်းခံသင့်မှ သည်းခံမည်လို့ ဘန်နာချိတ်မှဗျို့  နင့်ဖကလွှား ချာတူးတွေ ထုံးမမီစံမရတွေက အင်တာနက်ပေါ် လှိမ့်တက်လာလိုက်တာ။ ဒါပေမဲ့ သူ ခင်ဗျားတော့ ကြောက်ရှာပါတယ်။ ဒီလို တွေ့ရာလျှောက်ပွားနေတဲ့ ဈေးနွားကြီးကို ဆုံးမပေးလို့ သောက်မြင်ကပ်နေတာ ကြာပီဖြစ်သော အွန်လိုင်းသပ္ပူရိသများကိုယ်စား ရှဲရှဲပဲး)
***
ကိုယ်သိတာ မမှားဘူးဆိုရင်တော့ အဲဒါ လူထု မျိုးဆက် ပဲ။
ဘာရယ် မဟုတ်ပါဘူး။
သမိုင်းဖြတ်သန်းမှု မပြတ်တဲ့ အသိုင်းအဝိုင်းက မျိုးဆက်တစ်ယောက်ရဲ့ မျိုးရိုးဂုဏ်ကို upgrade လုပ်ထားတဲ့ စကားလုံးလေးတွေကို ကိုယ့် ဘလော့မှာ အမှတ်တရ မှတ်တမ်းတင်ထားလိုက်ချင်လို့။
=)
အလှူရေစက် လက်နဲ့မကွာတဲ့ လူမျိုးလည်း ဖြစ်နိုင်ပါတယ်။
ဆွမ်းကြီးဝင်လောင်းတာ အတော်ဝါသနာပါပုံပဲ။
(နောက်ဆုံးမင်းနေပြည်တော်သားစစ်စစ်မို့ ဘိလပ်ရောက်သည့်တိုင် မြန်မာဆန်လွန်းတာကို ဖျောက်မရတာလည်း ဖြစ်နိုင်တယ်)
သာမန်လူဆိုရင်တော့ ကိုယ်နဲ့လည်း တိုက်ရိုက်ဖြစ်တာ မဟုတ်ဘဲ သူ့ဘာသာ ဘာပြောပြော ဒီဘလော့ပေါ် တင်ချင်မှ တင်မိမယ်။ ဆွေကြီးမျိုးကြီးထဲက လာပြောတာဆိုတော့လည်း သမိုင်းမှတ်တမ်း မပြတ်ရလေအောင် မှတ်တမ်းတင်ထားလိုက်ချင်လို့ပါ။
သူတပါးကိစ္စကို ကြည့်ပြီး၊ ဝင်ပြီး နှစ်ထောင်းအားရတွေ ဖြစ်ပြီး လှိုက်လှိုက်လှဲလှဲ စကားလုံးတွေ ထွက်နေတဲ့ သူ့လိပ်ပြာထဲထိတော့ ကိုယ် ဝင်ကြည့်လို့ မရနိုင်ခဲ့ဘူး။ ဘေးကပဲ ကြည့်ခဲ့မိတယ်။
ပြီးတော့ ထုံးမမီစံမရ ချာတူးလန်သူတစ်ယောက်ကို ရက်ရက်ရောရော မှတ်ချက်ပေးရဲတဲ့ သူ့ရဲ့ ထုံးမီစံရ ဂန္ထဝင်မြောက်တဲ့ စိတ်ဓါတ်အတွက် သူနဲ့ သက်ဆိုင်သူတွေ သက်ရှိတွေရော၊ တမလွန်ကနေရော အပြတ် ဂုဏ်ယူနေမှာပဲလို့ တွေးမိပြန်ပါတယ်။ (အသက်ရှိစဉ်က ဒါမျိုးလုပ်ရပ် မကြုံလိုက်ရတာ ကံကောင်းလှပါရဲ့ဆိုပြီး...)
ဒီနေရာမှာ print screen ဖမ်းထားတဲ့ မူရင်း
***
ကြည့်ရတာတော့ သူ ဒါမျိုးစကားတွေ ပြောထွက်လိုက်တာနဲ့ ကိုယ် ကြောက်ပြီး ငြိမ်ဝပ်သွားမှာပဲလို့ တွေးပြီး ပီတိဖြစ်နေပုံရတယ်။ စကားဆိုတာ ပြောတဲ့သူကိုပဲ ပြဋ္ဌာန်းလို့ရတယ်။ အပြောခံရတဲ့သူကို ပြဋ္ဌာန်းလို့မရဘူး။ ... ဆိုတော့ သူ့ဘာသာသူတောင် မကြောက်မရွံ့ ပြဋ္ဌာန်းရဲ ပြောရဲသေးတာ ကိုယ်က အပြောခံရမှာ ဝင်ကြောက်နေလိမ့်မယ်ထင်ရင်တော့ ထင်တဲ့လူကို တခွန်းပဲ ပြောစရာရှိတယ်။
"လဲသေလိုက်"
ရန်ကို ရန်ချင်း မတုန့်နှင်းနဲ့ ဆိုတာ သဘောပေါက်ပေမယ့် သဘောပေါက်တာက တခြား လိုက်နာနိုင်တာက တခြားမို့ ဒီ post ကို ရေးတင်လိုက်တယ်။ ရေးနေတဲ့ တချိန်လုံးလည်း ပြုံး..... ပြီး ရေးခဲ့တယ်။ (ဖြစ်နေမယ့် ပုံစံကို မြင်ယောင်ပြီး ပြုံးတာ)
ချက်ချင်းလက်ငင်း အချိန်မဆိုင်းဘဲ ရေးထားတာ ဖြစ်ပေမယ့် အတည်ပြုဖို့ အချိန်တခုကို မဖြစ်မနေ စောင့်ရမှာမို့ အတော်ကိုသည်းညည်းခံ စောင့်လိုက်ရသေးလို့ ဒီနေ့မှပဲ တင်ရတယ်။
ထုံးမီစံရတဲ့ ပါးစပ်တစ်ပေါက်က စကားလုံးအကောင်းစားလေးတွေကို မှတ်တမ်းတင်လိုက်နိုင်တဲ့အတွက်တော့ ကျေနပ်စရာပဲ။ ဖြစ်နိုင်ရင် သူ့ ancestor များရှိရာ တမလွန်ထိတောင် ဒီ post ကို စာပို့ပြီး ဖတ်ခိုင်းလိုက်မိချင်သေးတယ်။
=)
***
အဲဒီ blog က အကြောင်းအရာမှာ မူရင်းရေးသူ ဘာပြောလို့ ကိုယ်ဘာပြောချင်တယ်။ ဆိုလိုရင်း ချော်တယ် မချော်တယ် ဆိုတာက ကဏ္ဍတစ်ခုပါပဲ။ အဲဒါကို ကာယကံရှင်နဲ့ ကိုယ်နဲ့ မေးလ်ကနေ ဆက်ဆွေးနွေးထားတယ်။ post က ကွန်မန့်မှာဆို ဆွမ်းကြီးဝင်လောင်းချင်တဲ့ မဟာဗမာတွေက များလွန်းလို့ ဆက်မရေးတာ။ ခုကျမှ ကောက်ကာငင်ခါဆိုသလို မူရင်းစာရေးသူရဲ့ ဆိုလိုရင်းကို အတင်းကြီးကို ဝင်ပြီး နားလည်ပါတယ်ဆိုတဲ့ လူတွေကလည်း များလာလွန်းလို့။
***
ရန်လုပ်တယ် ရမ်းတယ်လည်း မထင်ပါနဲ့။
မကျေမနပ်ဖြစ်တယ်လည်း မထင်ပါနဲ့။
သမိုင်းဖြတ်သန်းမှု မပြတ်တဲ့ အသိုင်းအဝိုင်းကဖြစ်လို့ မှတ်တမ်းတင်တာပါ။
တကယ်ကို ကျေနပ်ပါတယ်။

Wednesday, October 6, 2010
ဆူးတွေပါတဲ့ လှည်း

ဆူးတွေပါတဲ့ လှည်း
ဆူးတွေအပြည့်ပါပြီး ခရီးထွက်လာတဲ့
လှည်းကလေး တစ်စီးပါ တဲ့
ဘယ်သူ့လမ်းကိုမှ မတောင်းဘူး
ဘေးဘီမမြင်တဲ့ အရှိန်ကောင်းနဲ့
ကိုယ့်လမ်းကြောင်းပဲ ကိုယ်မောင်းတယ်
ရှေ့တူရှုကို တည့်တည့်ကြည့်
မချိန်ညှိဘဲလည်း ပြေးချင်ပြေးတယ်
ဘယ်သူ့ကိုမှ မချည်နှောင်
သယ်ဆောင်ရာချင်း မတူရင်တော့
လာ မထိနဲ့
ကိုယ့်ပြေးလမ်းပေါ်က မလွတ်တာမှန်သမျှ
မတော်တဆ ရှမိမယ်
မရည်ရွယ်ခဲ့တဲ့အတွက် ဝမ်းနည်းပါတယ်
ကိုယ့်ဒုက္ခ ကိုယ်ရှာလာရင်တော့
သနားတယ် ဆိုတာကလွဲ
ဘာမှလည်း မတတ်နိုင်ဘူး
တခြားကို မချိန်ရွယ်တဲ့
တနိုင်သာသယ်တဲ့ ဆူး
ဒါပေမဲ့
အပိုင်နာအောင်တွယ်မယ့် ဆူး
***
တခုတော့ ရှိပါရဲ့ကွယ်
ဘေးလူကို ထိခိုက်မယ့် ဆူး
ချစ်သူကို ငြိလိုက်မယ့် ဆူး
တူတာတော့ မတူဘူးပေါ့
***
နာမည်တစ်ခု လာပေးတဲ့သူကို ကျေးဇူးပါ။
ပြောတဲ့သူက အပြစ်တင်ပြီး ပြောတာမို့ ဒီလောက် ကဗျာမဆန်ပေမယ့် ချစ်တဲ့မျက်စေ့နဲ့ (ကိုယ့်ကိုယ်ကို ချစ်တဲ့ မျက်စေ့နဲ့) ကြည့်မိတော့ ကဗျာဆန်သွားတာ။
ပြီးတော့ အဲဒီနာမည်ကို သူက ကိုယ့်လာပေးတာပေမယ့်၊ သူပေးတဲ့ နာမည်ကနေ ရေးဖြစ်တာပေမယ့်၊ ကိုယ့်ဘာသာ ပြန်မြင်ယောင်ပြီး ရေးထားတာတော့ မဟုတ်ဘူး။
Tuesday, September 14, 2010
ယဉ်ကျေးမှုဆိုတာ ???
from Ko Phyoe L'Etranger
"ကျွန်တော်၏ ဓာတ်ပုံခရီးတွင် ..."
ယခု ရက်ပိုင်းအတွင်း ကျွန်တော်ရိုက်သည့် မြန်မာမော်ဒယ်တဦး၏ ဘီကီနီဓာတ်ပုံများကြောင့် ဆူဆူညံညံ အသံတော်တော်ထွက်သည်။
မေးခွန်းများ
- မြန်မာမိန်းခလေးများ ဘီကီနီဝတ်လျှင် အရှက်မရှိဖြစ်ပြီလော။
- ထိုသို့ ဘီကီနီဝတ်ပြီး ဓာတ်ပုံအရိုက်ခံလျှင် အရှက်မရှိဖြစ်ပြီလော။
အဖြေက ရှင်းသည်။ အရှက်ဆိုသည်မှာ ကိုယ်ကျင့်သိက္ခာနှင့်သာ ဆိုင်သည်။ အဝတ်အစားနှင့် မဆိုင်။ ဆိုင်သည်ဟု ဖင်ပိတ်၍ ငြင်းချင်သူများ ကမ်းခြေတွင် မြန်မာရင်ဖုံး၊ ချိတ်ထမီနှင့်သာ သွား၍ ရေကူးကြပေရော့။
အဆိုပါ ဓာတ်ပုံများကို ကူး၍ ယူ၍ ဖြန့်ကြသည်။ အဆိုပါ ကိစ္စနှင့်ပတ်သတ်၍ မေးကြမြန်းကြသည်။ ဖြေရရှင်းရသည်။
အများစု တူညီကြသည်မှာ -
- သတင်းပေးကြခြင်းဖြစ်သည်။
ကိုဖြိုးရဲ့ဓာတ်ပုံတွေတော့ ဘယ်ဆိုဒ်တွေမှာ ရောက်ကုန်ပြီ စသည်ဖြင့် သတင်းပေးကြခြင်း ဖြစ်သည်။ ကျွန်တော် ထိုဆိုဒ်များကို သိလည်းမသိပါ။ စိတ်လည်း မဝင်စားပါ။ မြန်မာတွေ Sexy ကျသည်ဆိုသည်မှာ ကျွန်တော့်အတွက်ကတော့ မြို့သားတယောက် ရွာထဲမှ ကွမ်းတောင်ကိုင် မြို့စတိုင် ဖမ်းထားရုံလောက်သာ ခံစားရသည်။ မြန်မာလိင်ဗီဒီယို စသည့်များမှာလည်း မှုန်ဝါးဝါးနှင့် သူများအတွင်းရေးများကို အသည်းအသန်စပ်စု၍ ခိုးရိုက်ထားသည်များလောက်သာဖြစ်သည်ဟု ခံစားရသည်။ မိမိသည်လည်း ရှောင်နိုင်သည်မဟုတ်ပါဘဲ ကိုယ်ချင်းစာနာစိတ် မရှိဘဲ သူများအထုပ် လိုက်ဖြေချနေကြသည်များဟုသာ ခံစားရသည်။ ထိုကဲ့သို့ ပြုကြသူများ ကိုယ့်အလှည့် မကြုံရလေအောင်သာ ဆုတောင်းကြပါကုန်။
- သတင်းပေးပြီး သတိထပ်ပေးကြခြင်းဖြစ်သည်။
တချို့လူတွေက ကိုဖြိုးကိုယ်တိုင် ဖြန့်သည်ဟု ထင်ကြရင် မကောင်းဘူးလေဟု သတိပါထပ်ပေးသည်။ အဆိုပါ ကိစ္စမှာလည်း ရှင်းပါသည်။ ကျွန်တော်သာ ဖြန့်ချင်ပါက ထိုပျံ့နှံ့နေသော ပုံများအပြင် များစွာ ကျန်နေသေးသည်။ အဆိုပါပုံများကို ရင်းနှီးသူများပင်လျှင် မတွေ့မမြင်ဖူးကြပေ။ Fine Art Album ကို မှတ်မိကြပေဦးမည်။ အဆိုပါ မော်ဒယ် မည်သူနည်းဟု မေးသူ မနည်းပါ။ မည်သူတဦးတယောက်ကိုမျှ အရိပ်အမြွက်လောက်မျှ ကျွန်တော် မပြောခဲ့ဖူးပေ။ မေးခဲ့ကြသူများ သက်သေခံကြလိမ့်မည်။ ဒါက ကျွန်တော့်၏ ကိုယ်ကျင့်တရားဖြစ်သည်။ ကြီးကြီးကျယ်ကျယ်ပြောရလျှင် ဓာတ်ပုံဆရာ၏ ကျင့်ဝတ်ဖြစ်သည်။
- အကြံဥာဏ်များ ပေးကြသည်။
ဟိုလိုလုပ်ပါလား။ ဒီလိုလုပ်ပါလား စသည်ဖြင့် အကြံကောင်းဉာဏ်ကောင်းများ ကျွန်တော့်အား ကိုယ်ချင်းစာ၍ ပေးကြသည်။ အသုံးဝင်သည်ဖြစ်စေ၊ အသုံးမဝင်သည်ဖြစ်စေ၊ ထိုသူများအား လှိုက်လှဲစွာ ကျေးဇူးတင်ပါသည်။ သူတို့၏ စိတ်၊ အချိန် စသည်တို့အား ကျွန်တော့်အတွက် ဝေမျှပေးခြင်းဖြစ်သဖြင့် လှိုက်လှဲစွာ ကျေးဇူးတင်ပါသည်။
- အူကြောင်ကြောင် မေးခွန်းများ မေးကြသည်။
ခိုးတယ်လို့ ဘာလို့ ပြောနိုင်ရတာလဲ။ ဘယ်သူက ဘယ်လို စ ခိုးသွားတာလဲ။ ယူသွားတာ ဘယ်သူလဲ။ စသည်ဖြင့် အတော့်ကို အူတိအူကြောင်နိုင်သော မေးခွန်းများကို မေးကြသည်။ ဘယ်လိုရယူသွားသည်ဆိုသည်ကတော့ ကျွန်တော်က ပေးလိုက်ခြင်း မဟုတ်သဖြင့် ယူသွားသူအားသာ သွားမေးကြပါကုန်။
ဤနေရာတွင် ကျွန်တော် ဖေ့ဘုတ်ပေါ် ဓာတ်ပုံများတင်ရာတွင် မည်သည့် ကန့်သတ်တားမြစ်ချက်များမှ သတ်မှတ်မထားသည်ကို အသိပေးခဲ့ချင်ပါသည်။
အချို့သူများက Privacy များ ထားရှိပြီး တားမြစ်ကြသည်မှာ သူတို့၏ ခံစားချက်အရသာ ဖြစ်သည်။ ကျွန်တော်နှင့် မဆိုင်။ ကျွန်တော် မသတ်မှတ်ထားရခြင်းမှာ မြန်မာပြည်ဖွားတယောက်က ဒါမျိုးတွေ ဖန်တီးထားသည်ကို မည်သူမဆို လွတ်လပ်စွာ ခံစားနိုင်ရန်ဖြစ်ပါသည်။ ကြိုက်သလိုခံစား၍ ကြိုက်သလို ဝေဖန်နိုင်ပါသည်။ မိုက်မိုက်ရိုင်းရိုင်း ဝေဖန်သမှု ပြုသူများမှာ သူ၏ လိပ်ပြာကို သူ သိပါလိမ့်မည်။
- ရက်ရက်ရောရော မှတ်ချက်များ ပေးကြသည်။
ဟိုဆိုဒ်တွေကို ရောက်နိုင်လောက်အောင် မဝတ်စားထားရင် မရောက်ပါဘူး ဆိုတဲ့ မှတ်ချက်မျိုးကတော့ အတော့်ကို ဆန်းသည်။ ဒီမိုကရေစီ ဒီမိုကရေစီနှင့် လှိမ့်ပိန့်အော်နေကြပြီးကာမှ လူတယောက်၏ ဝတ်စားဆင်ယင်မှုကအစ လိုက်ပြောနေလျှင် ဒီလိုလူမျိုးတွေရဲ့ လက်ထဲ အနာဂတ်တိုင်းပြည် ရောက်မသွားသည်က ပိုကောင်းမည်ဟု အမုန်းခံ ပြောပါရစေ။
ဖန်တီးသူတယောက်က ဖန်တီးချင် ဖန်တီးမည်ဖြစ်ပြီး ခိုးယူသူတယောက်ကလည်း ခိုးချင်ခိုးမည်ဖြစ်သည်။ အကုန်လုံး သူ့ကိစ္စ သူလုပ်နေကြသည်။ မဆိုင်ရာဆွဲထည့်ပြီး မယောင်ရာဆီလူးသည့် မှတ်ချက်မျိုးတွေကို ဖောဖောသီသီပေးတတ်သူများကတော့ သူများအလုပ်ကို အဆင်းဘီးတပ်သူများဟုသာ ခံစားရသည်။
သားပြော၊ မယားပြော ပြောကြသည်။ နှမသားချင်း မစာနာဘဲ မှတ်ချက်ပေးကြသည်။ မအေ နှမ မရှိသူများဟုသာ ထင်မိပါသည်။ ထွေထွေထူးထူး မရှိပါ။ အသိဉာဏ်နည်း၍သော်လည်းကောင်း၊ အသိဉာဏ်လွန်လွန်းသွား၍သော်လည်းကောင်း တခုခုသာ ဖြစ်ပါလိမ့်မည်။ ကပ်သီးကပ်ဖဲ့ပြောရပါလျှင် သူတို့လည်း သူတို့ပါးစပ်နှင့်သူတို့ ငါဘာကောင်ကွဟု ဖော်ကျူးပြနေကြခြင်းလည်း ဖြစ်နိုင်ပါသည်။
- မဆိုင်သလို နေကြသည်။
သူတို့တွေ အေးချမ်းကြပါသည်။
***
ကျွန်တော် ဘာဆက်လုပ်မှာလဲ။
ထွေထွေထူးထူး လုပ်ရန် မရှိပါ။ ဘယ်ခြေဖဝါးက မြေကြီးတွင်နင်းထားလျက်၊ ညာခြေဖဝါးက လှေကားတထစ်တက်လျက် အနေအထားတွင် နောက်တထစ် ထပ်တက်မည်ဆိုပါက အဆိုပါ မြေကြီးအား စွန့်ထားခဲ့ရမည်သာ ဖြစ်သည်။ အဆိုပါ အသိကို သတိပေးခဲ့သော ကျွန်တော့်မိတ်ဆွေ ကိုဝဏ္ဏအား ကျေးဇူးစကားဆိုအပ်ပါသည်။
မှတ်ချက်။
ကျွန်တော် ရှင်သန်နေထိုင်နေပါသည်။ ကျွန်တော် အနုပညာကို ဝါသနာပါသည်။ ကြိုက်လျှင် အားပေးပါ။ မကြိုက်လျှင် အားမပေးရုံပါပဲ။ ဆရာလိုလို ကြောသလို မောသလိုနှင့် ပြောသည်များကိုလည်း ရိပ်မိပါသည်။ စေတနာအရင်းခံ၍ ထောက်ပြဝေဖန်သည်များကိုလည်း ရိပ်မိပါသည်။ လိုအပ်သည်ဟုခံစားရလျှင် ကျွန်တော် ယူသုံးပါမည်။ သုံးချင်သုံးမည် မသုံးချင်လည်း မသုံးဟူသော သဘောဖြစ်ပါသည်။ အဆိုပါအချက်အတွက် သဘောထားကြီးစွာထား၍ စိတ်မခုကြပါကုန်။ ကိုယ့်လမ်း ကိုယ်သွားနေသူများ ဖြစ်ပါသည်။ ကျွန်တော် မည်သူ့ကိုမှ ခွမစီးသလို၊ မည်သူကမျှ လာခွစီးသည်ကိုလည်း မကြိုက်နိုင်ပါ။
လက်တွဲပူးပေါင်းဆောင်ရွက်မည်ဆိုပါလျှင် ကျွန်တော်တတ်နိုင်တာ ကူညီပေးနိုင်ပါသည်။ လက်တွဲပူးပေါင်း ခေါင်းစဉ်တပ်ပြီး လစ်ရင်တွယ်မည်ဟု ကြံထားသူများလည်း သူ၏ သဘောသာရှိပါစေ။
အချုပ်အားဖြင့်ဆိုရလျှင် အဆိုပါ ကိစ္စများအပေါ်တွင် ခံစားမှုကို ကျွန်တော့်ဘက်က ပြီးပါပြီဟု စာတမ်းထိုးပါသည်။ မိတ်ကောင်းဆွေမွန်များ စိတ်ချမ်းမြေ့ကြပါကုန်။ ကိုယ့်လမ်း ကိုယ်သွားကြရုံသာ။
လေးစားစွာဖြင့်
ကိုဖြိုး
***
fb မှာတွေ့တဲ့ NOTE တစ်ခုပါ။
အသုံးပြုခွင့်ပေးလို့ မူရင်းရေးသူကို ကျေးဇူးတင်ပါတယ်။
သူ့ကို မသိပါဘူး။ သူ့ NOTE ကို မတော်တဆ သူများဆီက တဆင့် မြင်တာပါ။
ခုထိလည်း ဒီ NOTE မှာ ပါတဲ့ ဓါတ်ပုံတွေဆိုတာကို မကြည့်မိသေးပါဘူး၊ စိတ်မဝင်စားလို့။
ခဏနေရင်တော့ ကြည့်ချင်ကြည့်မယ်။
ရိုးရာယဉ်ကျေးမှုလို့ ဆိုလိုက်ရင် တော်တော်များများက အဝတ်အစားပဲ ပြေးမြင်ကြတယ် ထင်ပါတယ်။
ကိုယ့်အနေနဲ့ကတော့ မကြိုက်ရင် မလုပ်ရုံပါပဲ။ ကိုယ့်လည်း မထိခိုက်၊ သူများလည်း မထိခိုက်တဲ့ ဝတ်ချင်လို့ ဝတ်၊ ရိုက်ချင်လို့ ရိုက်တဲ့လူတွေကို ဝင်စွက်ဖက်စရာအကြောင်း မရှိပါဘူး။
ယဉ်ကျေးမှုကို အဓိပ္ပါယ်ဖွင့်မပြချင်ပါ။ (မဖွင့်တတ်လို့၊ ပြီးတော့ ပျင်းလို့)
တစ်ခုပဲ မေးစရာရှိပါတယ်။
"ကိုယ့်စံနဲ့ မကိုက်ညီတာ၊ ကိုယ်ဖြစ်စေချင်သလို မဖြစ်တာနဲ့ သူများလွတ်လပ်ခွင့်ကို ထိပါးပုတ်ခတ်တာ၊ စော်ကားမော်ကားပြောတာ၊ ထိခိုက်နစ်နာစေချင်တာဟာ ယဉ်ကျေးမှုဆိုတာပါလား"

Subscribe to:
Posts (Atom)