Showing posts with label ရှုပ်ရှုပ်ယှက်ယှက်. Show all posts
Showing posts with label ရှုပ်ရှုပ်ယှက်ယှက်. Show all posts

Saturday, May 22, 2010

'အ' သုံးလုံး (သို့မဟုတ်) ထမီ

တခါတခါကျ နိုင်ငံခြားမှာ လာနေလို့ ဗမာစာကို နားမလည်နိုင်ကြတာလား။
ဗမာပြည်မှာတည်းက ဗမာစာနားလည်နိုင်စွမ်း နည်းနေကြတာလား ဆိုတာ ကိုယ်လည်း ဉာဏ်မမီလို့ မသိဘူး။

ရေ post က ဓါတ်ပုံမှာ ဓါတ်ပုံယူမသုံးနဲ့ လို့ ပြောထားတာလား။ ဓါတ်ပုံဟာ ဒီ blog က မဟုတ်လို့ ဓါတ်ပုံပိုင်ရှင်နဲ့ ညှိလို့ ပြောထားတာလား ဆိုတာတောင် နားလည်နိုင်စွမ်း မရှိတာ အံ့သြမိတယ်။ ဓါတ်ပုံပိုင်ရှင်နဲ့ ညှိ ဟူသော စာကြောင်း အတိအကျ ပါသည်။
(ဒီ blog က ကိုယ်ပိုင် ပုံတွေ၊ စာတွေကိုတော့ နိုင်ငံရေးအမည်ခံ blog တွေကို လုံးဝ ယူသုံးခွင့် ပြုမှာမဟုတ်ဘူး။ ယူစရာအကြောင်းလဲ မရှိဘူး။)

အဲဒါကို အတောင် ၃ဝ ဝတ် ယောက်ျားကြီး ဆိုသူများ နှုတ်သီးကောင်းလျှာပါးနဲ့ စာ သေချာမဖတ်ဘဲ ကွန်မန့်လာရေးလိုရေး၊ ဘလော့ပေါ်တင်လိုတင် (အမှန်တော့ အဲဒီဘလော့ သိတောင်မသိဘူး။ ရင်းနှီးနေတဲ့ မမ KOM က email ကနေ link လာပေးလို့ ဖတ်လိုက်ရတယ်)။

စိတ်ဝင်စားလျှင် ဖတ်နိုင်သည်။

ယောက်ျားတန်မဲ့ သူကတော့ cbox တွေ comment တွေ ဖွင့်တယ်လို့ ဂုဏ်လုပ် ပြောလိုပြော။

ဒုက္ခ

ဗမာစာကျေအောင် 'အ' သုံးလုံးသင်တန်းပေးပြီး၊ ထမီဝတ်ထားစေချင်မိတယ်။

***
မှတ်ချက်။ ဒီ blog အား ပြည်ပရောက် နိုင်ငံရေးသမား ဆိုသူ၏ နာမည်နှင့် ပြုလုပ်ထားသော site မှာ credit ပေးခြင်းအတွက်၊ ပြန်ဖြုတ်ခိုင်းသော post တခု တင်ဖူးသည်။ ၄င်း post အား blog တွင် မထားလိုသဖြင့် ဖြုတ်ပစ်ပြီး ဖြစ်သည်။

ထို post ကို ဖြုတ်ပစ်ရကောင်းလား ဟု ရေးလာသော comment တစ်ခုလဲ လာသည်။ တင်ပေးလိုက်သည်။
တစ်နာရီကြာလျှင် ပြန်ဖြုတ်မည်ဟု ကြေညာပြီး တစ်နာရီနောက်ပိုင်း ပြန်ဖြုတ်လိုက်သည်။ ထို comment တွင်လည်း ဓါတ်ပုံကိစ္စ ဘာလို့ တွန့်တိုရသလဲ မေးထားပြန်သည်။ ဖြုတ်ပစ်လိုက်သည့် post ကို print screen ဖမ်းထားသည် ဟုလည်း ခြိမ်းခြောက်လိုက်သေးသည်။

ဓါတ်ပုံကို မသုံးခိုင်းတာ မဟုတ်ဘူး။ ဓါတ်ပုံပိုင်ရှင်နှင့် ညှိလို့ ဗမာလို ရေးထားတာ print screen လုပ်ထားတာရှိရင် ပြန်ဖတ်ဟု ပြောလိုက်သည်။

အမှန်တော့ ထို comment တင်ထားလိုက်လျှင် သူ ဦးနှောက်မရှိတာ၊ လက်ထဲမှာ ဘာလက်နက်မှ ကိုင်မထားနိုင်ဘဲနဲ့တောင် print screen ဖမ်းထားလိုက်နိုင်ရုံလေးနဲ့ ကိုင်ပြီး ခြိမ်း၂ခြောက်၂ လုပ်ချင်တာကို သိသာစေနိုင်သည်။ သို့သော် မြင်ကို မမြင်ချင်သဖြင့် ဖျက်လိုက်သည်။ ဖတ်ချင်သေးလျှင် comment ကနေ ဝင်လာသော email တော့ ရှိ၏။ နာမည်ကတော့ ကျော်ထင် ဆိုလား...

ဒါမျိုး စာမကျေတာ တစ်ယောက်ပဲ ရှိမည်ဟုသာ မှတ်၏။ သို့သော် တစ်ယောက်မက။

ယောက်ျားကြီးတွေ ဖြစ်ပြီး အားနေလဲ အကျိုးရှိရာ ရှိကြောင်း လုပ်နေကြပါလား။ ဘာလို့ မသိနားမလည်၊ ဉာဏ်နည်းသည်ဟု ကိုယ်သတ်မှတ်ယူဆသော မိန်းမ တစ်ယောက်နှင့် ယှဉ်ပြီး စကားပြောနေချင်သနည်း။ ဒီလို ယောက်ပြားတွေ မြင်ရတာ ဗိုလ်ချုပ် ပြောမသွားလိုက်ရတဲ့ စကားတစ်ခွန်း ကိုယ်က ပြောချင်တယ်။ ယောက်ပြားတွေဟာ ဘာလို့ မဟုတ်တဲ့နေရာမှာ တလွဲဆံပင်ကောင်းနေကြတာလဲ။

(မှတ်ချက်။ တိုတိုညီလင်းဆက်ကိုကျတော့ တအား ချီးကျူးထားတယ်။ သူပြောချင်တဲ့ထဲမှာ တိုတိုညီလင်းဆက်တော့ မပါဘူးပေါ့လေ။ ထည့်မရေးရင် အထင်လွဲသွားမှာ စိုးလို့ ပေါ့လေ။ ပြောချင်တာက တိုတိုမဟုတ်ပါဘူး။ သူ့ဓါတ်ပုံမဟုတ်ဘဲ တွန့်တိုနေတဲ့ မိန်းမတစ်ယောက်ကိုပါပေါ့လေ)

အဲဒါကြောင့် ကိုယ်ကလည်း ခု post ကို သူသိပ်ကြိုက်တဲ့ တိုတို၊ သူသိပ်ချီးကျူးတဲ့ တိုတို ရေးထားဖူးတဲ့ "တခါလေး တင်မိပါတယ်" ဆိုတဲ့ post က စတိုင်လေး အတိုင်း သူအကြိုက်တွေ့အောင် ရေးလိုက်ရပါတယ်။

ယောက်ျားကြီးတွေ ဖြစ်ပြီး အားနေလဲ ကိုယ်မကျေညက်သည့် အသုံးလုံး ကျေအောင်ကျက်နေပါလား။ ဒါမှမဟုတ် ထမီ ပို့လိုက်ရမလား။ ထိုသို့ အပြောခံရပါက ယောက်ပြားပီပီ မိန်းမလို မိန်းမရ ဆတ်ဆတ်ခါအောင် နာဦးမည်။ ယောက်ျားဖြစ်ပြီး ယောက်ျားပီပီ တည်တည်တံ့တံ့ မနေနိုင်တာ၊ ရေးထားတဲ့စာ အဓိပ္ပါယ်ပေါက်အောင် မဖတ်နိုင်တာ၊ ကိုယ့်ကိစ္စ ကိုယ်မလုပ်တာကျ မြင်မည်မဟုတ်။

***
ဒီ post အားလည်း ကြာကြာမမြင်ချင်လို့ သိပ်မကြာခင် ဖျက်မည်။ အချိန်တော့ သိပ်မသေချာ။ Print Screen ဖမ်းထားလိုသူများ မဖျက်ခင် ဖမ်းထားကြရန် သတိပေးလိုသည်။

အော် ဟိုရက်က ဖြုတ်ပစ်လိုက်သော post ကို Print Screen မဖမ်းလိုက်ရသေးသော ပြည်ပရောက် နိုင်ငံရေးသမားဆိုသူများ၊ နိုင်ငံရေးသမားဟု အတိအလင်း အမည်မခံသော်လည်း၊ နိုင်ငံရေးလိုလို ဘာလိုလို ဟိုလိုလို ဒီလိုလို ဖြစ်နေသူများ လိုချင်ပါက email address ကို comment တွင် ရေးခဲ့ပြီး တောင်းပါ။

***
မဖျက်ခင်မှာ အောက်က label ဘယ်လို တပ်ထားသလဲဆိုတာပါ မြင်အောင် ကြည့်သွားပါရန်။

Update:
Gay လို့ တပ်ထားကို ဖျက်ပစ်လိုက်ပြီ။ Gay တွေရဲ့ စိတ်ဓါတ်အဆင့်အတန်းကို စော်ကားသလို ဖြစ်မှာစိုးလို့။

***