Sunday, March 7, 2010

ရွှေအဆင်း နေပွင့်တဲ့ အရပ်ဒေသ (၅)

နောက်ဆက်တွဲ ဖြည့်စွက်

ဖုန်းပြန်ရပြီး ၁ဝ မိနစ်လောက်နေတော့မှ ဖုန်းဝင်လာတယ်။ လက်မတင်ခင်ကလေးပဲ။

ဒါပေမဲ့ ကိုယ့်ဘာသာ ဇာတ်ကြောင်းစုံ အကုန် ခင်းပြလိုက်တယ်။
ကိုယ်တိုင်ကိုက အပြောအဆိုမခံရရင် မနေတတ်တော့ဘူး။


:zyi:

စိတ်မှာလဲ အင်နားရှားရှိတယ်။ ;)

***
ရန်ကုန်မှာ ၁ဝ ရက်လောက် နေပြီးတော့ 9th Feb မှာ အိမ်ကို ပြန်ခဲ့တယ်။

ကိုယ်ပြန်လာပြီ...



လှည်းကူး လမ်းခွဲနားမှာ...




ခေတ်မီဖွံ့ဖြိုးတိုးတက် (မနောက်ဘူးနော် အတည်)

***

နော်ပြည်ဒေ


ညဘက်ကြီး ကားမောင်းနေတုန်း ဖုန်းကင်မရာနဲ့ ရိုက်လိုက်မိတာ


***

နောက်တနေ့မနက်


အညာမှာတော့ ကောင်းကောင်းအေးနေတုန်းပဲ။
တစ်နှစ်တစ်ခေါက် မှန်မှန်နီးပါး ပြန်ခဲ့ပေမယ့် အမြဲ နွေရာသီပဲ ဖြစ်ခဲ့တော့ ဒီနှစ်တော့ ဆောင်းတွင်းကို တမင်ရွေးခဲ့တယ်။ ဆောင်းတွင်းစစ်စစ်ကိုလည်း မရွေးရဲဘူး။
ဒါကြောင့် ဖေဖော်ဝါရီ ပြန်တာ...
ဒါတောင်မှ အအေးဒဏ်ကို တော်တော် ခံရတယ်။



အညာဆောင်းတွင်းကို မမြင်ဖူးတာ ကြာလှပြီ။ အနှစ် ၂ဝ လောက်...



ဧရာဝတီ တံတား (ရတနာပုံ)




ဇေယျာကမ်း



စစ်ကိုင်းတောင်











ဒီမြင်ကွင်းမျိုးတွေ မမြင်ရတာ ကြာလှပြီ။


***

ကောင်းမှုတော်



ရှင်းရှင်းလင်းလင်း မြင်ရတဲ့ မြင်ကွင်းကနေ ကင်မရာကို ချိန်ခဲ့တာပါပဲ။

ကားမောင်းနေတုန်းဆိုတော့ ရိုက်မိတဲ့အချိန်မှာ ဒီလို ဖြစ်သွားတယ်။


***

မြင်းမူ






ကျော်စွာထက်
ရဲ့ မြို့။
နောက်ပိုင်းတော့ သူ စာ သိပ်မရေးတော့ဘူး။
ဂျူးတို့နဲ့ ခေတ်ပြိုင်၊ မန္တလေး ဆေးတက္ကသိုလ်ဆင်း စာရေးဆရာ။
စာပေနယ်မှာတော့ သူတို့နှစ်ယောက်ကို မြန်မာပြည်ရဲ့ Sartre နဲ့ Beauvoir လို့ သတ်မှတ်ကြတယ် ကြားဖူးတယ်။ :)

ထီးပေါင်းကား စာအုပ်တိုက်က ထုတ်တဲ့ သူ့ ဝတ္ထုတို ပေါင်းချုပ် ၁, ၂, ၃ ကို ဟိုးတုန်းက ဖတ်ခဲ့ဖူးတယ်။ နောက်တော့ ဂျူးက ဆရာဝန် ပီပီပြင်ပြင် မလုပ်ဘဲ၊ စာရေးဆရာပဲ လုပ်ပြီး၊ သူကတော့ စာသိပ်မရေးတော့ဘဲ မန္တလေးမှာ ဆရာဝန်ပဲ ပီပီပြင်ပြင် လုပ်ခဲ့တယ်။

နောက်ပိုင်း သူ့ဝတ္ထုရှည် တစ်ပုဒ် ကလျာမှာ ဖတ်ခဲ့ရသေးတယ်။
အရင်လို မဟုတ်တော့ဘူး။ ကိုယ် မကြိုက်တော့ဘူး။

သူ့ကို သတိရတာနဲ့ သူ့မြို့ကို ကားရပ်တုန်း ရိုက်လာတာ


Update: http://www.yamc.info/forum/thread-434.html

***
ချောင်းဦး








RIT ဆင်း minister တစ်ယောက်ရဲ့ RIT ဆင်း မစ္စစ္စ ငယ်ငယ်က နေခဲ့ဖူးတဲ့ မြို့လို့ ဆိုတယ်။
(native ဟုတ် မဟုတ်တော့ မသိပါ)

***




မုံရွာ အထွက်လို့ ထင်တယ်။ သိပ် မသေချာတော့ဘူး ဦးနှောက်က...။

သေချာတာကတော့ အညာပဲ...


***
ဆင်ဖြူရှင် တံတား






***


လမ်းတနေရာ...

***

မုံရွာထိ GSM ရတယ်။ ကိုယ့်ဆီကိုရောက်တော့ CDMA ပဲ ရတော့တယ်။

ကားပေါ်မှာ အေသင်ချိုဆွေ ဖွင့်လိုက်၊ ဗွီဒီယိုတွေ ပြလိုက်နဲ့ နည်းနည်းတော့ ကသိကအောက် ဖြစ်မိတယ်။ နားထဲ နားကြပ်ထည့်ပြီး သီချင်းနားထောင်ရတာကို entertain ဖြစ်တယ် မထင်တော့ ကိုယ့်ဘာသာလည်း နားထောင်ချင်တဲ့သီချင်း သယ်မလာခဲ့မိ။

တကယ်တော့ အညာကို ခရီးထွက်တဲ့အခါ "ကိုယ်ပြန်လာပြီ" တို့ ဘာတို့ပဲ နားထောင်ချင်မိတယ်။
ဒါမှမဟုတ်လည်း မြန်မာသံတခုခုပေါ့။ စောင်းလှိုင်ဝင်းမောင် ရဲ့ ကျူးဧငြိမ့်ငြိမ့် လိုမျိုး။
လက်ရည်တပြင်တည်း တို့ ဘာတို့ဆိုလည်း ကောင်းမှာပဲ။
ယူလာခဲ့ပြီး နားထောင်ရရင် ကောင်းမှာလို့ တွေးမိတယ်။

***

Saturday, March 6, 2010

ရွှေအဆင်း နေပွင့်တဲ့ အရပ်ဒေသ (၄)

နေရာဟောင်း

နေရာဟောင်းကို ပြန်သွားခဲ့တယ်။



စီနီယာ အစ်မတွေနဲ့... သူတို့ အလုပ်လုပ်နေတုန်း ဝင်ရှုပ်လာတာ...

တွေ့တွေ့ချင်း "ဝလာတယ်" ဝိုင်းပြောကြတယ်။
တကယ္က အက်ႌေၾကာင့္ပါ။
body weight က ဘယ်တော့မှ အတက်အကျ မရှိပါဘူး။ အမြဲတမ်း ကိန်းသေ။


အဲဒီမှာ လုပ်တုန်းက skirt တောင် မဝတ်ခဲ့ဘူး။ Jeans ဆိုလည်း ကြိုက်ပေမယ့် ကိုယ်ပေါ်ကို မတင်တာ။ အဲဒါ ကိုယ့် 10 တန်းတုန်းက guide တွေရဲ့ influence တွေ။ (စင်ကာပူမှာတော့ တပတ်လုံး Jeans နဲ့ပဲ ရုံးတက်ရင် တက်နေမိတယ်။)

ရန်ကုန်မှာ အတူနေတဲ့ အဒေါ်က ဇာတိမြို့နဲ့ နီးတဲ့နေရာကို
ကိုယ် မပြန်ခင်လကတင် ရွှေ့ရတယ်။ ကိုယ့် ကျန်ခဲ့တဲ့ အဝတ်အစားတွေ အားလုံးပါ သယ်သွားတော့ ရန်ကုန်မှာ ထမီကို ဝတ်စရာမရှိတော့ဘူး။ (အစစ်တွေတော့ မဟုတ်ဘူး။ ချိတ်နဲ့ချုပ်ထားတဲ့ ထမီ အတုတွေချည်းပဲ)။

အဲဒီနေ့ကတော့ အဲဒီအင်္ကျီနဲ့ အောက်ကတော့ skirt နဲ့...
ကိုယ့် ဒါရိုက်တာတစ်ယောက်က တွေ့တွေ့ချင်း "ဒါဘယ်သူလဲ။ ဒီမှာတုန်းက ဒီပုံစံ မဟုတ်ပါဘူး" လို့ ပြောတယ်။ ရုံးမှာလုပ်တုန်းက ကိုယ် အငယ်ဆုံးပဲ။ ဒါပေမဲ့ ကလေးပုံဖမ်းနေလို့တော့ မရဘူး။ အားတဲ့အချိန်မှာ ဟီးဟီးဟားဟား လုပ်တာက တပိုင်းပဲ။



အတူ အလုပ်လုပ်တုန်းက အချင်းချင်းတင် မကဘဲ အချင်းချင်းနဲ့ သိတဲ့ လူတွေကိုပါ လိုက်သိရင်းနှီးခဲ့ကြတယ်။ ဘယ်ချိန်ပြန်တွေ့လိုက်လဲပဲ စိတ်ထဲမှာ ရင်းနှီးကျွမ်းဝင်ရှိနေတုန်းပဲ။

ဒီထဲက အစ်မတစ်ယောက်က မကြာခင် သူ့အမျိုးသားရှိတဲ့ US ကို လိုက်သွားတော့မယ်။ နောက်တစ်ခေါက်ဆိုရင် သူ့ကို တွေ့ရတော့မှာ မဟုတ်ဘူး။

နောက်အစ်မနှစ်ယောက်က မကြာသေးခင်က Bangkok ကို သွားလည်တာ ကိုယ့်ကို လှမ်းတော့မခေါ်ဘူး။ ဘာဘူးနဲ့ လျှောက်ပြောခဲ့သေးတယ်။ ခေါ်လည်း သွားနိုင်မှာ မဟုတ်ဘဲနဲ့။

ဒါနဲ့ "ဒါကြောင့် အဲဒီရက်ပိုင်းက ဘန်ကောက်က ပင်လယ်ရေမျက်နှာပြင် ၃ လက်မလောက် မြင့်တက်လာတယ် ကြားတာကိုး" လို့ ပြောပြီး ဟားဟားဟား လုပ်နေကြသေးတယ်။ ပြန်ဆုံဆည်းခြင်း ဆိုတာ ဘာမဟုတ်တဲ့ တိမ်တဲ့ ပျက်လုံးတွေကိုတောင် လှိုက်လှိုက်လှဲလှဲ ရယ်မောမိစေတယ်။

skirt ဝတ်လာမိလို့ ဦးကြီး(MD) ဆီ သွားတွေ့ရမှာ
ရှက်လိုက်တာ လို့ အစ်မတွေကို ပြောမိတော့ "ဘယ်သူက ဘာပြောမှာလဲ။ သွားသာသွား" လို့ ဝိုင်းပြောကြတယ်။

ဦးကြီးကို ခဏ နှုတ်ဆက်စကားပြောပြီး၊ ကန်တော့တော့ "ဘုရား တရား မမေ့နဲ့။ မိဘကို မမေ့နဲ့။ ဒါတွေကပဲ ကယ်သွားမှာ။" လို့ ပြောတယ်။ တရားစာအုပ်တစ်အုပ် ပေးလိုက်သေးတယ်။

ကိုယ့်ကို တိုက်ရိုက် အလုပ်ခန့်ခဲ့တဲ့ ဒါရိုက်တာ ဆရာတစ်ယောက်နဲ့ မတွေ့ခဲ့ရ၊ မကန်တော့ခဲ့ရဘူး။ အဲဒီအခေါက်က နယ်ခရီးထွက်နေလို့။ နောက်တစ်ခေါက်ကျ site ထဲ ရောက်နေလို့။

ကိုယ့်တွေ့ကြုံ ပတ်သတ်လာရသမျှတွေကို ပြန်စဉ်းစားကြည့်ရင် "လူ(ကိုယ်တိုင်)ထက် ကံက ပိုကောင်းတယ်" လို့ အမြဲ ကောက်ချက်ချမိပါတယ်။

***
ကိုယ် အလုပ်မထွက်ခင် တလအလို (နိုင်ငံခြားထွက်ဖို့ တလအလို) မှာတော့ Junior လေး နှစ်ယောက် ထပ်ခန့်တယ်။ ဒီတခေါက်ပြန်တော့ တစ်ယောက် အလုပ်ထွက်သွားပြီ။

ကိုယ်က စနေနေ့ ရုံးဆင်းခါနီးအချိန်ကြီး ရောက်သွားတယ်။ ရုံးဆင်းတာနဲ့ အပြင်မှာ သွားစားကြဖို့ပါ။ အငယ်တွေကတော့ အားနာလို့ ထင်တယ်။ ပြန်နှင့်ကြတယ်။

ကိုယ်ထွက်သွားပြီးမှ ဝင်တဲ့ Junior လေး တစ်ယောက်က ပြန်ခါနီး ကိုယ့်နာမည်ခေါ်ပြီး နှုတ်ဆက်သွားတော့ အံ့သြနေတုန်း အစ်မ တစ်ယောက်က ဝင်ပြောတယ်။

"ငါတို့ ပြောထားလို့ သူတို့က နင့်ကို အကုန်အလွတ်ရနေတာ" တဲ့။




သူ့ကိုလည်း အချိန်တွေ အကြာကြီး ရင်းနှီးခဲ့ဖူးတယ်။



ဘဝမှာ ဈေးသည်လုပ်ရတာ အပျော်ဆုံးပဲ (လို့ထင်တယ်)။

***

Happy!



အင်းလျားလမ်း၊ Happy မှာ...
ဟိုသွားမယ် ဒီသွားမယ်နဲ့ ဘရုတ်သုတ်ခ အမျိုးမျိုးဖြစ်ပြီးမှ အဲဒီကို ရောက်တယ်။ နိုင်ဂျံဂါးပျံကြီး ဆိုတော့လည်း လမ်းဘေးဆိုင်တော့ ခေါ်မသွားကြဘူးပေါ့ :(

(အဲဒီတခေါက်ကတော့ ကိုယ်ကျွေးတာပါ။)





အစ်မ တစ်ယောက်က ရှာရှာဖွေဖွေ ကောက်ဝယ်လာတဲ့ လမ်းဘေး အကြော်။
အားမနာပါးမနာ ဆိုင်မှာတင် ချစားကြသေးတယ်။









ဖုန်းပျောက်ခြင်း

အဲဒီလို ဟိုဟာလေး
ဓါတ်ပုံရိုက် ဒီဟာလေး ဓါတ်ပုံရိုက်၊ ဟိုအတင်းလေးပြော၊ ဒီသတင်းလေးပြောနဲ့ လုပ်ပြီး ထလည်း ပြန်လာရော ဖုန်းပါမလာတော့ဘူး။

အိမ်ပြန်ရောက်တော့ ညဉ့်နက်နေပြီ။ အိပ်ခါနီး သတိရလို့ ရှိသမျှ အိတ်တွေ အကုန်သွန်မှောက်ရှာလည်းပဲ ဘာဖုန်းမှ မတွေ့တော့ဘူး။ ဖုန်းပျောက်လို့ စိတ်ညစ်တာထက် အပြောခံရမှာကို ပိုစိတ်ညစ်တာ...

ဖုန်းကတော့ အဲဒီဆိုင်မှာ ကျန်ခဲ့တာပဲလို့ သေချာနေတော့ ပြန်ရမှာလို့ မျှော်လင့်မိသေးတယ်။ သန်းခေါင်ကျော်မှ သိတော့ ဖုန်းဆက်မနေတော့ဘဲ အိပ်ရာဝင်လိုက်တယ်။

ဖြစ်ချင်တော့ ဖုန်းအိတ်ထဲမှာ ရတနာပုံက ညီမလေးရဲ့ ဖုန်းနံပါတ် ရေးမှတ်ထားတဲ့ စာရွက်ပါသွားတယ်။ ဆိုင်ရှင်က မနက်စောစော ညီမလေးဆီ ဖုန်းလှမ်းဆက်။ ညီမလေးက မေမေ့ဆီ လှမ်းဆက်တယ်၊ မေမေက ကိုယ်မနိုးခင် ကိုယ့်ဆီပြန်ဆက်... ပတ်ချာကိုလည်လို့။

ဒါနဲ့ပဲ မနက်ဘက်ကြီး အဲဒီဆိုင်ကို ဒုတိယအကြိမ် ပြန်ရောက်ရပြန်တယ်။
မှတ်မိနေတဲ့ ဆိုင်ကတစ်ယောက်က ပြောတယ်။ "အဲဒီဖုန်းကို အစ်မတို့နောက်မှ လာထိုင်တဲ့ နောက်တစ်ဝိုင်းပြီးမှ ကျွန်တော်ကောက်ခဲ့တာ" တဲ့။ သူက ကိုယ့်ဖုန်းလို့တောင် မထင်ဘူး။ နောက်တဝိုင်းကလူ ကျန်ခဲ့တယ် ထင်လို့။ ကံ ကောင်း လို့ !

(ဖုန်းပြန်ရခဲ့တာ အတွက် အင်းလျားလမ်းက Happy စားသောက်ဆိုင်ကို ကျေးဇူးတင် မှတ်တမ်းတင်မိပါတယ်။)

ကိုယ့်ပစ္စည်းပြန်ရပြီးတော့ အစ်မတွေကို ပြန်ပြောပြီး ဟား စရာကြီး ဖြစ်သွားပြန်ရော။

တကယ်ပဲ အဲဒီမှာ အလုပ်လုပ်ခဲ့တဲ့ အချိန်တွေကို သတိရမိတယ်။
အလုပ်ဟာ ကိုယ့်အတွက်တော့ နောက်ထပ် အိမ်တအိမ်လိုပါပဲ။

***

လျှောက်လာခဲ့တဲ့ လမ်းကြောင်းတွေကို နောက်ပြန်ကြည့်မိတော့ သံယောဇဉ်တွေကို တွေ့ရတယ်။ ရှေ့ဆက်လျှောက်မယ့် ခြေလှမ်းတွေကို မေးခွန်းထုတ်မိတယ်။

"ဘာအတွက် ဆက်သွားနေတာလဲ။ ရှေ့မှာရော ဘာတွေရှိသလဲ။ နောက်မှာချန်ထားခဲ့ရတဲ့ အရာတွေနဲ့ ရှေ့မှာ ရမယ် မရမယ် မကျိန်းသေတဲ့ အရာတွေကို လဲပစ်ဖို့ တန်လို့လား"

"ဘဝမှာ နှစ်သက်ကြည်မွေ့မိတဲ့ အရာတွေနဲ့ တန်ဖိုးထားပြီး နောက်ကလိုက်မိတဲ့ အရာတွေဟာ ဘာကြောင့် မတူညီနိုင်ရတာလဲ"


ချစ်ခင်နှစ်သက်တဲ့သူတွေနဲ့ အတူတကွ အမြဲရှိဖို့ ဘာဖြစ်လို့များ မဖြစ်နိုင်ရတာလဲ။


***

Generation




၉ မိုင်က အဘိုးလေးနဲ့ အဘွားလေး နေတဲ့ဆီကို သွားလည်ဖြစ်တယ်။
သူတို့မှာ ကလေးမရှိဘူး။ အသက် ၆ဝ ကျော်ကြပြီ။
အိမ်ထောင်ပြုပြီး ကလေးမရနိုင်ဘူး ဆိုတာ သိတော့
အဘွားက ငိုတယ် လို့ ကြားဖူးတယ်။
သူတို့ဘဝကို သူတို့ ကျေနပ်နေမှာ ဖြစ်ကောင်း ဖြစ်ပေမယ့် လူကြီးနှစ်ယောက်ကို ကြည့်ရတာ ကိုယ် စိတ်မကောင်းဘူး။

ငယ်တုန်းမှာ မသိသာပေမယ့် အသက်ကြီးလာရင်တော့ ကိုယ့်မျိုးဆက် တစ်ယောက်ယောက်လောက်ရှိနေမှ မျှော်လင့်ချက်နဲ့ အားနဲ့ မာန်နဲ့ နေပျော်နိုင်လိမ့်မယ် ဆိုတဲ့ အတွေးကို ပထမဆုံး တွေးမိတယ်။

***
အဲဒီအတွေးကိုတော့ ပြောမပြဖြစ်ခဲ့ပါဘူး။

***

Friday, March 5, 2010

ရွှေအဆင်း နေပွင့်တဲ့ အရပ်ဒေသ (၃)

စာအုပ်



ရန်ကုန်မှာ အရောက်ဖြစ်ဆုံး စာအုပ်ဆိုင်ဆိုရင် လှည်းတန်း က "စာပေလောက"
ကျောင်းတုန်းတည်းက စလို့ ကျောင်းပြီးတဲ့ထိ၊ အလုပ်ထဲဝင်တဲ့ထိ၊ ခုထိ။ ဘယ်လောက်တောင်လဲ ဆိုရင် အဲဒီဆိုင်ထဲ ဘယ်စာအုပ်ကို
ဘယ်နားမှာ ရှာရမယ်ကစ သိခဲ့တယ်။

* ဂျူး ရဲ့ အမှတ်တရ ဒုတိယအကြိမ် ပြန်ထွက်တယ်။
စီစစ်ရေးက ပြန်ချပေးတာ အံ့သြစရာ...

* ဇွန်မိုးစက်
ညွှန်းပေးတဲ့ ရဲမြလွင် ဘာသာပြန် ခြေမစုံ လက်မစုံ ကျွန်တော့်ဘဝ အတွေ့အကြုံ (အိုးတိုးထာကဲ)


* ပလုံ နဲ့ပြောဖြစ်တဲ့ သိန်းဖေမြင့် - ကျော်ငြိမ်း

နောက်ထပ် တော်တော်များများပဲ။ ဝယ်လာတာရော၊ အဟောင်းတွေကို သယ်လာတာရော။ စာအုပ်ဝယ်ဖြစ်တာ ၂ ရက်။ ပထမတစ်ရက် စာပေလောက (လှည်းတန်း)၊ ဒုတိယရက် စာပေလောက နဲ့ ရာပြည့်။ တကယ်က စာအုပ်ဝယ်မယ်ဆိုတဲ့ စိတ်ကူး မရှိပါဘူး။ ဒီလိုပဲ ဝယ်ဖြစ်သွားတယ်။ ဥဒ္ဓိစ္စတွေ များလိုက်တာ ဆိုတာ...

ပန်းဆိုးတန်းစာအုပ်တန်းတော့ မရောက်ခဲ့နိုင်ဘူး။ အဲဒီနား ခဏခဏ ရောက်ပေမယ့်...

* ကြည်အေး ရဲ့ မြနန္ဒာ လည်း ပြန်သယ်လာခဲ့တယ်။

* နောက် မောင်သစ်ဆင်း ရဲ့ ဝတ္ထုတိုများ

(အဲဒါကို တကယ်တော့ ပြန်တင်ပေးချင်တာ။ ပြန်တင်လို့ ကောင်းပါ့မလားလဲ စဉ်းစားနေမိတယ်။ ကလေးတို့ရဲ့ မနက်ဖန် ပါယူခဲ့ဦးမလို့။ သိပ်များနေတာနဲ့...)

* ရင်မောင် ဝတ္ထုတိုများ သယ်ချင်တာလည်း ချန်ခဲ့ရတယ်။

* အောင်သင်း ရဲ့ ကန့်ကူလက်လှည့် ကတော့ ဝယ်လာခဲ့တာ။ ကန့်ကူလက်လှည့် တစ်ပုဒ်ကိုတော့ ဘယ်မဂ္ဂဇင်းထဲမှန်း မသိဘူး။ ဖတ်ခဲ့ဖူးတယ်။ ထူးခြားတဲ့ ဆောင်းပါးပဲ။

ကလေးတွေကို စိတ်ဝင်စားတော့ ကလေးတွေရဲ့ ပညာရေးကိုလည်း စိတ်ဝင်စားပါတယ်။
ကျောင်းပြီးကာစက cousin တစ်ယောက်ရဲ့ ၈ တန်းလား၊ ၇ တန်းလားမသိ... သမိုင်းစာအုပ် လှန်ဖတ်မိတာ (ယိုးဒယားအကြောင်း) တခါတည်း စာအုပ်ကို လွှင့်ပစ်ချင်စိတ် ပေါက်သွားတာပဲ။ ကလေးတွေကို ဒါမျိုးသင် ဒီစိတ်မျိုးသွင်းပေးတယ် ဆိုတာများ ဘယ်လို အံ့သြမိမှန်းကို မသိဘူး။

အမယ် ဒါကလည်း သေချာစဉ်းစားကြည့်တော့ အမျိုးမို့လို့နေမှာ။
ကိုယ့်အမျိုးတွေ အကုန် ကျောင်းပြီးလို့ သူများကလေးတွေ ဒါမျိုးသင်နေရတယ် ကြားကြည့်ပါလား စိတ်ကုန်လိုက်တာနော် ဆိုတာလောက်ပဲ ဖြစ်မိမယ်။ စာအုပ်လွှင့်ပစ်ချင်လိုက်တာထိတော့ ဖြစ်မယ် မထင်ဘူး။

"အမျိုးထိတော့ မချိအောင်နာ" ဆိုတာ ကိုယ်လိုလူမျိုး ဖြစ်မယ်ထင်တယ်။





လူထု
ဂါဒီယန်း ဦးစိန်ဝင်း ရဲ့ အကွဲအပြဲဇာတ်လမ်း စာအုပ်ပါတယ်။ (Guardian ဦးစိန်ဝင်း လို့ ပြောပြတဲ့ Tar ကို ကျေးဇူးတင်ပါတယ်) အဲဒီစာအုပ်က အိမ်က အဟောင်းပဲ။ ဒါပေမဲ့ တခါမှ မဖတ်ဖူးသေးဘူး။
ခဏလှန်ကြည့်တော့ "ကျော်ငြိမ်း" နဲ့ တွဲဖတ်ရမယ့် စာအုပ်လို့ အာရုံရနေလို့။


ဒါပေမယ့် ကိုယ့်လိုလူ (နိုင်ငံရေးဒိဋ္ဌိ ပြောရမလား၊ Sick in Politics ပြောရမလား) တစ်ယောက်က ဒီလိုစာအုပ် သွားဖတ်ရင် "စကတည်းက ယဉ်သကို" ဆိုတာလို "ဟင်သော၊ ပို၍ ဟင်သော" တွေ ဖြစ်လာနိုင်တယ်လို့လဲ sense ရနေပြန်တယ်။ ဒါပေမဲ့ ဖတ်ချင်နေတော့ ဖတ်ရမှာပဲ။

အစပိုင်းကို ဖတ်ခဲ့တယ်။ ဦးနုကို ပြောထားတဲ့ စကားလုံး တော်တော် စိတ်ဝင်စားစရာကောင်းတယ်။ "ရာဇပလ္လင် ဖင်ကပ်ပါလာသူ" တဲ့။ တချို့ အဖြစ်အပျက်တွေဟာ အတော်ဆန်းကြယ်တယ်။ ပြီးတော့ ဗမာ့သမိုင်းကြောင်းမှာ ဒါမျိုးတွေ အများကြီးရှိမှာပဲ လို့လည်း ခံစားမိတယ်။ ခုလည်းရှိတယ်။ နောင်လဲရှိဦးမှာ။

Somerset Maugham ဝတ္ထုတို (၃) ပုဒ်နဲ့ စာပေဗိမာန် ဘာသာပြန်ဆုရတဲ့ စာအုပ်တစ်အုပ်လည်း သယ်လာတယ်။ (Maugham ကို အတော်သဘောကျတယ်။ သူ့ဝတ္ထုတို/ရှည်တွေ အကုန်ကြိုက်တယ်။ Paul Gauguin အကြောင်းရေးထားတယ် ဆိုတဲ့ The Moon & Sixpence တော့ လုံးဝ မကြိုက်ဘူး။ တခါဖတ်ပြီး နောက် ဘယ်တော့မှ ပြန်မဖတ်ဖြစ်တော့ဘူး။

အဲဒီလို တခါဖတ်ပြီး နောက် ဘယ်တော့မှ ပြန်မဖတ်ဖြစ်တဲ့ စာအုပ် ၃/၄ အုပ် ရှိတယ်။

* Ward Six ရယ်
* The Pheasant ရယ်
* သူလိုလူ ရယ်
* မင်းခိုက်စိုးစန် ဘာသာပြန်တဲ့ သရဲ ဝတ္ထုတိုတွေရယ် (သတိုးတေဇ မဟုတ်သေး))

စာအုပ်တွေ သယ်လာရတာနဲ့ အပြန်ကျ 4 kg ပိုနေတယ်။

American Mosaic အဟောင်းတစ်အုပ်ကို ပြန်လှန်ဖတ်ရင်း Building Design အကြောင်း ဖတ်လက်စ ဖြစ်နေတာနဲ့ သယ်လာခဲ့သေးတယ်။ စာအုပ်ဟောင်းကြီးပေမယ့် ကောက်ဖတ်လိုက်တော့ အသစ်ဖြစ်နေတာ... ဟိုတုန်းက သေချာမဖတ်ခဲ့တာလား... ဦးနှောက်ကပဲ သုံးမရတော့တာလား။ နှစ်ခုလုံးပဲထင်ပါတယ်။ ဒီပြန်ရောက်တော့ ဆက်မဖတ်ဖြစ်တော့ပြန်ဘူး။

"sustainable"
စကားလုံးကို စိတ်ဝင်စားနေမိတာ ကြာပြီ။ ဖတ်ဖြစ်အောင်တော့ ပြန်ဖတ်ဦးမှပါ။

***
စိန်ဂေဟာ @ လှည်းတန်း


ထုံးစံအတိုင်းပဲ ဘာမှ မဝယ်ဘူး။ လျှောက်ကြည့်တာ။


အဆိုပြိုင်ပွဲလား၊ သက်သက်ဖျော်ဖြေနေတာလားတော့ မသိဘူး။ အောက်ထပ်မှာ...




Zoop က ပလုံ့ ဆိုင်ဆိုရင် TZAR ဆိုတာ TZA ရဲ့ ဆိုင်လား မသိ။




I hate you again! again and again!!!:vvx:

***

Thursday, March 4, 2010

ပထမဆုံး မြန်မာအမျိုးသမီး သံအမတ်
















သင့်ဘဝ မဂ္ဂဇင်း၊ June 1960

***


စိတ်ပါလျှင် တင်ရန် ဤပို့စ်၏ နောက်ဆက်တွဲ အသင့်ရေးပြီး ဖြစ်သည်။
အကြောင်းမရှိပါက တင်ဖြစ်မည် မဟုတ်ပါ။

***